ဖေ့ဘွက်မှာ Report တင်မယ်….

တိမ္မည္းJune 21, 20132min19414

အခုတလော စိုးရိမ်စရာလေးတွေမြင်လို ့ တချို  ့လည်း သိပီးတော့ ဖြစ်မှာပါ… သို ့ပေသိ မသိသေးတဲ့ သူတွေ သိစေလို ့တဲ့ ရည်ရွယ်ချက်နဲ ့ အောက်ပါ Guide line တချို ့ကို ရေးပါတာပါ… ဘယ်မှာ သုံးလို ့တော့ မပြောချင်ပါဖူး… အဆင်ပြေသလို သုံးကြပေါ့နော်….. အထူးသဖြင့် ကိုယ့်က မကြည့်ခြင်မမြင်ချင်ဖြစ်လောက်အောင် ဖလန်းဖလန်းထနေတဲ့သူတွေ ကိုယ့်ကို ဘလိုင်းကြီး စော်ကားနေတဲ့သူတွေ မမြင်အောင် လုပ်တာပါပဲ….. ဘယ်လို လုပ်သလဲဆိုတော့……

 

ရိုးရိုး ဘလော့ လုပ်ခြင်း….

(ဒါလေးက ရိုးရိုးပေါ့နော်…)

၁. 1-1 ဖေ့ဘွက် ကော်မန် ့ပိုင်ရှင်ရဲ့ ညာဘက် အပေါ်ထောင့်လေးမှာ မော့စ်လေးရွေ ့ပီး တင်လိုက်ရင် ကြက်ခြေခက် အပြာရောင်လေးနဲ ့စာတန်း Hide ဆိုတာလေးပေါ်လာပါလိမ့်မယ်… အဲ့ဒါလေးကို နှိပ်ပါ….

၂. 1-2အဲ့အမှားလေးကို နှိပ်လိုက်ရင် The comment has hidden ဆိုပီး Unhide ရယ် Report ရယ် Block (username) ပီးတော့ တချို ့ feedback to (username) ဆိုပီး ပေါ်လာပါတယ်… (username) ဆိုတဲ့နေရာမှာက ကော်မန် ့ပိုင်ရှင်နာမည်ပေါ့နော်…  အဲ့မှာ Block ဆိုတာ နှိပ်လိုက်ပါ….

၃. 1-3Confirm Block ဆိုပီး Dialog Box လေး တခုပေါ်လာပါလိမ့်မယ်… အဲ့မှာ ကော်မန် ့ပိုင်ရှင် ကို တကယ်ဘလော့မှာလား ဘလော့လိုက်ရင် ကော်မန် ့ပိုင်ရှင်ရဲ့ ကော်မန် ့တွေ တင်တဲ့ပို ့စ်တွေ မမြင်ရသလို သူကလည်း ကိုယ့်ကို Tag လုပ်တာတို ့ ပို ့စ်လာတင်တာတို ့ လုပ်လို ့မရသလို သူငယ်ချင်းဖြစ်နေရင် Unfriend ဖြစ်သွားမယ် စသဖြင့် အကျယ်တဝင် ့ရှင်းပြထားပါတယ်… အဲ့နေရာမှာ Confirm ကို နှိပ်လိုက်ရင် Block ဖြစ်သွားပါပီ… သင်စဉ်းစားချင်သေးတယ်ဆိုရင်တော့ Cancel နှိပ်လိုက်ပါ ဒါဆို ဘလော့ဖြစ်မှာမဟုတ်ပါဖူး……..

 

 

ဖေ့ဘွက်သို ့ ရီပို ့တင်ပီး ဘလော့ လုပ်ခြင်း…

 

(ဒါလေးကတော့ အကြောင်းအရာတခုခုနဲ ့ ဆက်သွယ်ပီး ရီပို ့ပါတွဲတင်တာ… မြင်အောင် ပြောရရင်ဖြင့်… သူငယ်ချင်း ဘဝက အဆက်ဖြတ်တာတင်မကဖူး… ကျောင်းအုပ်ကြီး အခန်းထိ အရောက်ပို ့တာ…. 😀 )

 

၁. 2-1 ဖေ့ဘွက် ကော်မန် ့ပိုင်ရှင်ရဲ့ ညာဘက် အပေါ်ထောင့်လေးမှာ မော့စ်လေးရွေ ့ပီး တင်လိုက်ရင် ကြက်ခြေခက် အပြာရောင်လေးနဲ ့စာတန်း Hide ဆိုတာလေးပေါ်လာပါလိမ့်မယ်… အဲ့ဒါလေးကို နှိပ်ပါ….

၂. 2-2အဲ့အမှားလေးကို နှိပ်လိုက်ရင် The comment has hidden ဆိုပီး Unhide ရယ် Report ရယ် Block (username) ပီးတော့ တချို ့ feedback to (username) ဆိုပီး ပေါ်လာပါတယ်… (username) ဆိုတဲ့နေရာမှာက ကော်မန် ့ပိုင်ရှင်နာမည်ပေါ့နော်…  အဲ့မှာ Report ဆိုတာ နှိပ်လိုက်ပါ….

၃. 2-3အဲ့မှာ Is this comment about you or a friend? ဆိုတဲ့ Dialog Box လေးတခုပေါ်လာပါမယ်… ဥပမာ ကော်မန် ့ပိုင်ရှင်က လူမျိုးရေး မုန်းတီးရေး ကိစ္စပြောတယ်ဆိုပါစို ့… ဒါဆို Hate Speech ရွေ းလိုက်ပါ… ဘေးနားမှာ Drop Down Box လေးပေါ်လာပါမယ်…. အဲ့မှာ Target to ဘလာဘလာ ဆိုပီး လေး ခုလောက်ဆိုပါတယ်… ဘာသာရေးဆို ဘာသာရေး လူမျိုးရေးဆို လူမျိုးရေးပေါ့…. ရွေးလိုက်ပါ ပီးတော့ Contonue ကိုနှိပ်ပါ….

၄.  2-4အဲ့ဒီမှာ ရွေးချယ်စရာ နှစ်ခု ပေါ်လာပါလိမ့်မယ်… တခုက ကော်မန် ့ပိုင်ရှင် ကို မက်စေ့ ပို ့ပီး ဒီကော်မန် ့ကို ဆန် ့ကျင့်တဲ့အကြောင်းနဲ ့ ဖြုတ်ချပေးဖို ့ တောင်းဆိုတာရယ်… နောက်တခုက ကော်မန် ့ပိုင်ရှင် ဘလော့လုပ်ဖို ့ရယ်…. သင်ကြိုက်တာ တခုရွေးလိုက်ပါ… ကျွန်တော်ကတော့ ဘလော့ပေါ့နော်…. ပီးတော့ အောက်နားမှာ Report to Facebook ဆိုတဲ့ Check box လေးကို အမှတ်ခြစ်ပေးပါ (အဲ့ဒါက ကျောင်အုပ်ကြီး အခန်းထဲပို ့တာ… ဟီး) … ဒါဆို ဖေ့ဘွက်ကို ရီပို ့တက်သွားပါတယ်…. အခုတလော ဖေ့ဘွက်လည်း လူမျိုးရေး ဘာသာရေး နဲ ့ မုန်းတီးရေး ဝါဒီတွေကို ဖယ်ရှားပေးဖို ့ ကြိုးစားနေပါတယ်… ကျွန်တော်တို ့ ဒီလို လုပ်ခြင်းအားဖြင့် တဖက်တလမ်းကနေ ကူညီရာရောက်တယ်လို ့မြင်ပါတယ်… ပီးရင် Continue လေး နှိပ်ပေါ့နော်….. Cancel ကို နှိပ်ရင်တော့ နောက်ပြန် ဆုတ်နိုင်ပါသေးတယ်… အဲ့ဒါဆို Comment Hidden လေးပဲဖြစ်သွားမှာပါ…..

၅. 2-5အဲ့မှာ ဖေ့ဘွက်က Report ကို လက်ခံရရှိကြောင်း… တကယ်လို ့ report ကို နှိပ်ခဲ့ရင်ပေါ့…. အဲ့လိုကိစ္စမျိုးတွေ ဖြစ်တဲ့အတွက် စိတ်မကောင်းကြောင်း… ကော်မန် ့ပိုင်ရှင်ကို ဘလော့ လိုက်ပီဖြစ်တဲ့အတွက်ကြောင့် သူနဲ ့မည်သည့်အဆက်အသွယ်မှ မရှိတော့ကြောင်း အကြောင်းကြားတဲ့ Dialog Box လေးတွေ ့မှာပါ… Okay ကိုနှိပ်လိုက်ရင် ရပါပီ…..

 

လိုအပ်နေတာလေးတွေ…. သိချင်တာလေးတွေရှိရင်… ထောက်ပြပါနော်… ကျွန်တော့် တက်နိုင်သမျှ ဖြေပေးသွားပါ့မယ်……. မှတ်သားထားပါ့မယ်….

ခင်လျက်

တိမ်မည်း

14 comments

  • မင်းမင်း

    June 21, 2013 at 10:58 am

    ကျနော်ကတော့

    ရီးစားစကားလာပြောတဲ့

    ကောင်မလေးတွေကို

    ကျောင်းအုပ်ကြီးဆီပို့ဖို့

    ဖတ်သွား မှတ်သွားပါတယ်။

    ဟီးးးးးးးး

  • အလင်း ဆက်

    June 21, 2013 at 11:37 am

    ဖတ် မှတ် လေ့လာ သင့်တာ လေး မို ့

    သိမ်းဆည်း မိပါတယ်။

  • Ma Ei

    June 21, 2013 at 12:48 pm

    လိုအပ်ရင်သုံးလို့ ရအောင်
    သိမ်းထားလိုက်ပါမယ်….
    ကျေးဇူးတင်ပါတယ်နော်…

  • ကောင်း ကို

    June 21, 2013 at 2:12 pm

    ဟိုတစ်လောက ဖေ့ဘုတ်မှာကောင်မလေးတစ်ယောက်က သူ့အစ်မပုံတွေကို တင်ပြီး စော်ကားနေတဲ့ အကောင့်တစ်ခုကို report လုပ်ပေးဖို့တောင်းဆိုလာတယ်…။ အဲဒါနဲ့ ကျွန်တော်တို့ဝိုင်းပြီး ရီပို့ လုပ်ကြတာ အဲဒီအကောင့်ပျက်သွားတယ်ထင်တာပဲ…။

  • KZ

    June 21, 2013 at 2:37 pm

    ဘလော့ တဲ့ အကြောင်းတွေ လာလာမပြောကြပါနဲ့။
    အော် ငို ချင် လာ လို့ ပါ။
    :'(

    တော်သေး:::
    ခုထိ ရီပို့ အလုပ်မခံရသေးလို့။ :mrgreen:

  • တိမ်မည်း

    June 21, 2013 at 3:23 pm

    မင်းမင်း >> အဲ့ဒါမျိုးက ပို ့သာပို ့ပစ်…. ဒါက ယောကျာင်္းထုကြီးကို စော်ကားတာ…. ချ….

    အလင်း ဆက် >> သိမ်းပါဂျာ…

    Ma Ei >> သုံးလိုက်လို ့ ရလာတဲ့ result လေးတွေကို share ပေးပါလားဟင်… ဗဟုသုတရတာပေါ့… ဟီး

    ကောင်းကို >> သူငယ်ချင်း ကောင်မလေး တယောက်က သူမျက်နှာကို Profile တင်ပီး ပေါက်ကရတွေ ထိုင်ပြောနေလို ့ အဲ့လို တခါ လုပ်ရဖူးပါတယ်… အကောင့်တော့ မပျက်ပေမယ့် Profile ပြုတ်သွားတယ်… Report လုပ်လည်း ကြည့်လုပ်ပေါ့ကွယ်… တချို ့က ဖေ့ဘွက်ကို အသက်လို ချစ်ကြတာ…..

    KZ >> ဘာတွေ သွားလုပ်ထားလို ့ အော်ငိုချင်နေတာလဲ… Report အလုပ်ခါရနီးအောင်လည်း ဘာတွေ လုပ်ထားလဲ မသိ… စင်ကာပူလေ ဝအောင်ရှူနော်… ရှူရခဲတယ်…. 😀

  • သခင် mobile

    June 21, 2013 at 3:47 pm

    ကျုပ်ကတော့ လူတိုင်းအပေါ် အပြစ်မမြင် ချစ်ခင် စေတနာထားသူဆိုတော့ဂါ…
    ဒါတွေမလိုပါဘူး သို့ပေသော်ငြား အခြားတစ်ပါးသူများ လိုအပ်ပါက
    အသုံးပြုနိုင်စေရန်ဆိုပြီး စေတနာ မေတ္တာ ဂရုနာ တရားရှေ့မှာထားပြီးးး
    ကူးယူသိမ်းဆည်းထားလိုက်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးး

  • e tone

    June 21, 2013 at 3:58 pm

    အဟီး… အစကတော့ ကိုယ်လည်း မလုပ်တတ်ပါဘူး …
    ဖွဘုတ်သုံးရင်း အတုယူပြီး တက်လာတဲ့ ပညာဆိုလို့ အိုက်ဒါဗြဲ ချိတယ် … ။ :mrgreen:

  • Wow

    June 21, 2013 at 7:39 pm

    တောက်ညစ်ကပ်တဲ့သူတွေ အကုန် Report တင်ပစ်မယ်… :mrgreen:

    • e tone

      June 22, 2013 at 11:23 am

      မမ wow .. တမီးအောက်မှာ ဂလိုရေးဒါချိုတော့… တမီးကိုပျော့စ်ဒါယာာားးးး 👿
      😆

  • ဦးကြောင်ကြီး

    June 22, 2013 at 9:40 am

    ဘလော့ခ်လုပ်
    ကတော့မြှုပ်
    ဆားပေါ့အုပ်
    လမျှော့သုပ်..

  • မောင် ပေ

    June 22, 2013 at 8:05 pm

    ရီပို ့လုပ်တဲ့အခါ
    တစ်ခါတစ်လေ တန်းမပေးတာကို
    နားမလည်ချင်ဘူးဗျာ

  • awra-cho

    June 24, 2013 at 11:06 am

    ကူးထားလိုက်ပြီဗျ ကျေးဇူးပါပဲဗျာ

Leave a Reply