စိတ်ရှည်ပါ

Mr WorldWideJune 21, 20131min13310

တယောပညာရှင်ကြီး ဖရစ်ဇ် ခရစ်စလာရဲ့ ဖျော်ဖြေတင်ဆက်မှု ပြီးတဲ့အခါ အမျိုးသမီးတစ်ဦးက သူ့ဆီ ချဉ်းကပ်ပြီး “ မစ္စတာ ခရစ်စလာ ၊ ရှင်တယော ထိုးတက်သလို ကျွန်မထိုးတက်မယ် ဆိုရင် ကျွန်မရဲ့ ဘဝကို ပေးဆပ်ပ့ါမယ် ” လို့ ပြောလိုက်တဲ့အခါ တယောပညာရှင်ကြီးက လှည့်ပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်ပုံက

“ ဟုတ်တယ် ၊ ကျွန်တော့်ဘဝကိုလည်း ပေးဆပ်ခဲ့ရတယ် ” တဲ့။

 

the0002

ကျွန်တော်တို့ တခုခုမှာ တော်ချင်တယ် ဆိုရင် ဘဝတလျှောက်လုံး လေ့ကျင့်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒါမှ မဟုတ် ဆယ်နှစ် ၊ ဒါမှ မဟုတ် အနည်းဆုံး ၆ လပေ့ါ။ ဒါကို လူတော်တော် များများ ကလည်း သိပြီးသား ဖြစ်မှာပါ။ ဘယ်အရာမဆို အောင်မြင်ဖို့အတွက် ကျွန်တော်တို့ အချိန်ပေးဖို့ လိုအပ်တယ် မဟုတ်လား။ ဒါပေမယ့် လူတော်တော် များများကတော့ ဥုံဖွ ချက်ချက်း ဖြစ်ချင်ကြတယ်။ ကိုယ်ဘာလုပ်ချင်သလဲ ၊ ဘာဖြစ်ချင်သလဲ ။ ဖြစ်ချင်တာကိုပဲဖြစ်ဖြစ် ၊ လုပ်ချင်တာကိုပဲ ဖြစ်ဖြစ် အောင်မြင်ဖို့အတွက် ၊ ကျွမ်းကျင်ဖို့ အတွက် ရည်ရွယ်ရင် သူ့အတွက် နေ့စဉ် အချိန်ပေးပါ။ ဒါပေမယ့် နေ့တိုင်း တိုးတက်မှု ရှိလိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။

– ကိုယ်လုံးပိန်အောင်
– ဘာသာစကားတစ်ခု တက်မြောက်အောင်
– ဂစ်တာတီးပိုကျွမ်းကျင်အောင်

အစရှိသည်ဖြင့်ပေ့ါ။ အသက်မွေးဝမ်းကျောင်းတစ်ခု စတယ်ဆိုရင် အချိန်လုံလောက်စွာ ပေးပါ။ နေ့စဉ်လုပ်မယ့် အစီအစဉ် ဇယားဆွဲပြီး တိုးတက်အောင် အချိန်ပေး လေ့ကျင့်ပါ။ ဒါပေမယ့် နောက်ဆုံး

“ လူတော်တော် များများက စိတ်မရှည်ပဲ စောစောစီးစီး ရပ်ပစ်တက်ကြတယ် ”

Author – Andrew Matthews

10 comments

  • KZ

    June 21, 2013 at 2:32 pm

    အွန်။

    တည့်တည့် မှန်ပြန်ပြီ။ :mrgreen:

    “ လူတော်တော် များများက စိတ်မရှည်ပဲ စောစောစီးစီး ရပ်ပစ်တက်ကြတယ် ” ဆိုပဲ .. :mrgreen:

  • သခင် mobile

    June 21, 2013 at 3:10 pm

    ကောင်းလွန်းလှသဗျာ………………..
    ဖတ်ပြီးသည့် သကာလ မိမိကိုယ်ကိုယ်လ် အရင်ဆင်ခြင်သုံးသပ်လိုက်ဦးမှပဲ…….

  • အလင်း ဆက်

    June 21, 2013 at 6:26 pm

    ကောင်းလိုက်ထှာ ဗျာာာ

    စိတ် ရှည် သည်း ခံ လမ်း ကြောင်း မှန်
    မောင်းရန်မော်တော်ကားးးတဲ့

    ဘာမှတော့ ဆိုင်ဘူးပေါ့ ။

    😆

    စိတ် မရှည် တဲ ့ရွှေတူးအဖွဲ ့ ရွှေ မ တွေ့ ဘူးဆိုပြီး စိတ် မရှည် ပဲ ရပ် လိုက်တယ်။

    နောက် ထပ် ရွှေတူးတဲ့ အဖွဲ ့က တူးလက် စ ကို ဆက်တူး တဲ့အခါ
    ပထမ အဖွဲ ရပ်သွားတဲ့နေရာက နေ နောက်ထပ် တစ်မီတာ လောက် ပဲ တူးလိုက် ရုံနဲ့
    ရွှေ ကြော ကြီးကို တွေ ့သွားတယ် တဲ့
    စိတ် မရှည် တဲ့ ပထမ အဖွဲ ့ အရမ်း နစ်နာ သွားတာပေါ့

    အဲဒိ အဖြစ်လေးကို ဖတ်ဖူးတယ်

  • Ma Ma

    June 22, 2013 at 6:22 am

    မှန်ပါ့။ စိတ်ရှည်ဖို့လိုတာပေ့ါ။
    အောင်မြင်မှုရနေတဲ့သူကို ကြည့်ပြီး အားကျပြီး သူ့လိုအောင်မြင်မှုရချင်ပေမယ့်….
    သူလျှောက်လှမ်းခဲ့ရတဲ့လမ်းကိုတော့ အားမကျတတ်ကြတာ သဘာဝပါပဲ။
    အောင်မြင်ခြင်းဆိုတာ အားထုတ်မှုမရှိပဲ အလကားတော့ မရဘူး။ 🙂

  • ညလေး

    June 22, 2013 at 4:20 pm

    စိတ်ကပဲရှည်လွန်းးနေသလားး့အချိန်တွေကပဲ သွားးနေတာမြန်လွန်းးသလားးးတောင် မတိတော့ပါဝူးးးးးး
    (လမ်းခုလဒ် ရောက်နေတဲ့ ထဲက တစ်ယောက် )

  • ခန္ဓီစ .. သည်းခံခြင်းသည် မြတ်၏ ……… တဲ့ …
    မြတ်စွာဘုရား ဟောကြားတော် မူခဲ့တာပါ …
    သည်းခံခြင်းမှာ စိတ်ရှည်ခြင်း ပါပါတယ် ….
    တကယ်တော့ ….
    မြတ်စွာဘုရားရှင်ဟာ ကမ္ဘာ့ အကြီးကျယ်ဆုံး ဖီလိုဆိုဖာကြီးပါ …..။

  • Thein Zaw

    June 24, 2013 at 2:48 pm

    စိ တ် ရှ ည် ရ င် နိ ဗိာ န ေ ရာ က် သ တဲ့ ၊

  • ကောင်း ကို

    June 24, 2013 at 5:12 pm

    စိတ်ရှည်ဖို့ဆိုတာက…..ရှည်ချင်သလိုရှည်လို့မရပါဘူး…အရှေ့မှာဘာထပ်ဖြစ်နိုင်လဲ…ကောင်းမယ်ဆိုတာသေချာလား….သေချာတယ်…လုံးဝကိုသေချာတယ်…အဲဒီသေချာမှုအပေါ်မှာ..ယုံကြည်ချက်ရှိသွားတယ်…အဲဒီယုံကြည်ချက်ကပဲ..စိတ်ရှည်စေတယ်လို့ကျွန်တော်ထင်တယ်..။

  • uncle gyi

    June 24, 2013 at 11:45 pm

    လွယ်လွယ်နဲ့စပယ်တွေပွင့်ကုန်ရင်
    လူတွေဘယ်တန်ဖိုးထားကြပါတော့မလဲကိုခု်ိင်ရယ်

Leave a Reply