သိပ်သိပ်ချစ်ရတဲ့………….. သူ……………

Relink ရယ်….
ဖြစ်လိုက်ရင် သောကြာနေ့ချည်းပဲနော်
တိုက်ဆိုင်လွန်းလိုက်တာ ကွာ
အရင်တစ်ခါ ဖြစ်တုန်းကလဲ သောကြာနေ့
အဲဒီ အဲဒါ(error) ကလဲ တိတိပပ တိတိကျကျ မဆိုနိုင်ခဲ့ဘူးနော်
ဒီကြားထဲ ဟိုဟာလုပ်ပါဦး ဒီဟာလေး လုပ်ကြည့်ပါဦး ဆိုပီး လုပ်ခိုင်းသေးတယ်နော်
ဒီလိုနဲ့ သုံးလေးရက် ကြာသွားခဲ့တယ်နော် စနေက နေ့တပိုင်း မို့လို့ ဒီလိုဖြစ်သွားရတာပါတဲ့
နောက်ဆုံးတော့လဲ ကျေးဇူးတင်ပါတယ်ဆိုပီး သွားဖြီးလေးနဲ့ အနော်တို့သုံးသူ customer ကပဲ
ဒီလိုလာလုပ်ပေးတာကို ကျေးဇူးအထူးအထူး တင်လိုက်ရတာပေါ့ Redlinkရယ်
အင်း …ဒီအဲဒါ(error)က los မီးမလင်းတဲ့ ကြိုးပျက်တဲ့ error ပါတဲ့ကွယ်
ဘယ်လိုကြောင့်လဲ ဆိုတော့ ရှဥ့်ငပေါက ဖိုင်ဘာကြိုးဆို သိပ်သိပ်ကြိုက်လို့တဲ့ကွယ်
Redlinkရယ်…..
နောက်တစ်ခါ ထပ်ဖြစ်လိုက်တာကလဲ သောကြာနေ့ပဲနော်
ဒီတစ်ခါ အဲဒါ(error)က ဘေလ်(bill)မဆောင်လို့တဲကွယ်
အဲဒီမှာ ဘေလ်မဆောင်လို့ လိုင်းပိတ်လိုက်တဲ့ အကြောင်း
ဖုန်းဆက်အကြောင်းကြား အသိပေးပီဖြစ်ကြောင်း ပြောပါတယ်
အဲမှာ အပြန်အလှန် ဖုန်းပြောရပါသေးတယ်နော် မှတ်မိသေးရဲ့လား Redlink ရယ်
နောက်ဆုံးတော့ Relink ကပဲ မှားပီးဖြတ်မိတာကို ၀န်ခံသလိုလို တစ်ခုခုမှားသလိုနဲ့
လိုင်းကနှစ်ရက် သုံးရက်ကြာမှ ပြန်ရတာနော်
အော် ကျေးဇူးတင်ပါတယ် Redlinkရယ်….ဘယ်လိုလို ဖြစ်ဖြစ် အင်တာနက်လိုင်းကို
ရအောင် လုပ်ပေးတဲ့အတွက်ရယ် အလုပ်ရှုပ်ခံ ခေါင်းအစားခံတဲ့ အတွက်ကောနော် Redlink……

ဒီတစ်ခါ ထပ်ဖြစ်တာကလဲ အဲဒါ(error)က pon မီးမလင်းခြင်း(သို့)အင်တာနက်လိုင်းပြတ်တောက်ခြင်းပါ
သို့ပေမယ်လဲ Redlinkကြီးက တော်တယ်နော် မသေချာမှာစိုးလို့တဲ့ ဟိုဟာလေးလုပ်လိုက်ပါဦး ဒီဟာလေးလုပ်လိုက်ပါဦး အနော်တို့လိုဘာမှ မတတ် မသိတဲ့သူကို လုပ်ခိုင်းကြည့်သေးတယ်နော်
ဒါပေမယ့်လဲ ဖြစ်ရပ်ကဒါပါပဲ နောက်ပီးဖုန်းတတီတီ ဆက်ပြီး site code ဘယ်လောက်လဲ
နာမည်ပေါက်က ဘယ်သူလဲ ……….လဲလဲပေါင်းများစွာကိုလဲ အထပ်ထပ်ဖြေပေးရသေးတယ်နော် Redlink ရယ်….

သုံးစွဲသူကို ဂရုတစိုက်ရှိလွန်းတဲ့ Redlink ကြီးကို ကျေးဇူးအထူးတင်ရပါတယ်…. Redlinkကြီးရဲ့ service ဆရာများကလဲ အလုပ်သိပ်ရှုတ်လွန်းလှတယ်နော် ဘယ်ချိန် ဘယ်နေ့ ဆိုတဲ့ ရက်ချိန်းလေးတောင် မပေးနိုင်ရှာဘူးနော် အင်းသူတို့ကပြောရှာပါသေးတယ် ဆားဗစ်ချပ်က တစ်သောင်းကျပ် ကြိုးတစ်ဆက်ကို ငါးထောင်ကျပ်တဲ့ သူတို့လာရင် တစ်သောင်း အသားတင်ပေးရမှာ ဖြစ်ကြောင်း ရှင်းပြပြောပြပါတယ် လာခဲ့ပါ ကျေးဇူးရှင် Redlink မှ ဆရာသမားအပေါင်းတို့ရယ် ပေးပါ့ဆိုတော့လဲ အရှေ့က booking callsများရှိနေသေးတဲ့အတွက်
လာမည့်အချိန်ကို မခန့်မှန်းနိုင်သေးကြောင်း လာမယ်ဆိုတဲ့အကြောင်းကို ပြောသွားတယ်နော်

အင်း……. အလုပ်များတဲ့သူမို့လားတော့မသိတတ်ပါဘူးကွယ် နောက်နေ့ကျတော့ ပြောထားတဲ့စကားလေးတွေ မေ့သွားရော်နော် Redlink….. လာနိုးလာနိုး နဲ့ မျှော်လိုက်ရပီး ဖုန်းကိုထပ်ဆက်လိုက်မှ ညနေကျအမောတကော အပြေးအလွှားလေး ရောက်လာကြတယ်နော် Redlink……
အော် ……ခုလို သုံးစွဲသူ ကိုစိတ်ကျေနပ်အောင် မအားတဲ့ကြားထဲမှ အပြေးအလွှားလေးလာလုပ်ပေးတဲ့ ဆရာသမားအပေါင်းတို့ ကျေးဇူးလဲတင် ၀မ်းလဲသာ ရပါတယ် Redlink ကြီးရယ်………..
ဒါတောင် ဆရာသမားအပေါင်းတို့က သုံးစွဲသူကို ဦးစားပေးလာရကြောင်း ကုသိုလ်ထူးကြောင်းများကို ရွှန်းရွှန်းဝေေ၀ ပြောသွားကြသေးတယ်နော် ……………………..(တကယ်တော့ တစ်ခါအဲဒါ(error) ဖြစ်ရင် နှစ်ရက်သုံးရက်တော့ ကြာတတ်စမြဲလေ)
ကျေးဇူးတင်ပါတယ် Redlinkရယ်……………

About မောင် ဆင်ကြီး

မောင် ဆင်ကြီး has written 7 post in this Website..