ဒို့ဘုရားဟောတာက
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ
မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ
အနတ္တကိုမြင်
နိဗ္ဗာန် ဝင်မှာမို့
အရှင်ဘုရားးးး ….. သတိထားတော်မူပါ
ရုပ်နာမ် ဓမ္မ သခါင်္ရတွေကို
မြဲ ချင်နေသလား ဘုရာ့
လိုရာစေစား
စိုးမိုးထား ချင်တာလား ဘုရာ့ 
သူဌေး ၊အနူ ၊ သမတ
ဘုန်းကြီး ကုလား
ရုပ်၊ နာမ် တွေဘဲမဟုတ်လားဘုရာ့
ကုလားကြိုက်လို့
ကောက်ကောက်ပါအောင်လိုက်လည်း
သူ့ထိုက်သူ့ကံ
အတ္တာဟိ အတ္တရော နာထော
ဘုရားက ပြောပြီးသားပါ
အနေသာကြီးပါဘုရာ့
အရှင်ဘုရားတို့လုပ်ကာမှ
မြန်မာမတွေလည်း
ကုလားမှ ကြိုက်သလိုလို
ကုလားပဲ ရွေးယူသလိုလို
ကုလားကိုမှ ဖြတ်မရသလိုလို
ရှေ့နေကယ်ကာမှ
ထောင်ကျကိန်း မြင်ပါတယ်ဘုရာ့
သူ့သဘောသူဆောင်
သဗ္ဗေသတ္တာ ကံစီမံရာပေါ့
အပ္ပမာဒေန သမ္ဗာဒေဌ
မမေ့ မလျော့ မပေါ့မဆ
ကျင့်စရာတရားကိုသာ
အားထုတ်ပွားများပါဘုရာ့
လူ့ဘောင်အတွင်း
နောက်ဆံမတင်းပါနဲ့ ဘုရာ့
သာသနာတည်ဖို့အရေး
မနှေးကျင့်ကြံလို့
ဝိနည်းကံဆောင်
နိုင်ငံရေးကိုရှောင်ပါ ဘုရာ့
အထူးသဖြင့်
မာတုဂါမများဆိုတာ
ဘုန်းကြီးနဲ့ အကျင့်စရိုက်နဲ့
နဲနဲ လေးမျှမထိုက်သမို့
သူတို့အရေး
လက်ရှောင်ပေးလိုက်ပါဘုရာ့
သာသနာဆိုတာ
အဆုံးအမ မည်သမို့
အရှင်ဘုရားတို့လည်း
သတိထားတော်မူပါ ဘုရာ့
ဘုရားရှင်သက်တော်ထင်ရှား
ရှိတယ်လို့သဘောထားပြီး
အားနာတော်မူပါ ဘုရာ့
မာတုဂါမအရေး ဆိုတာ
သာသနာအရေးလောက်
မပြောပ လောက်လို့
သာသနာအရေးသာ
ဆောင်ရွက်တော်မူပါ ဘုရာ့
တပည့်တော်တို့ လည်း
သံဃာစစ်စစ်
သာသနာစစ်စစ်
ကြည်ညို နှစ်သက်လို့
သာသနာပြု ဒကာဒကာမ
ဖြစ်ပါရစေဘုရား ….
သာသနာဖျက် ဒကာဒကာမ
မဖြစ်ပါရစေနဲ့ ဘုရား ……
မေတ္တာတော်ရှေ့ထား
ရွှေဥာဏ်တော်အားနဲ့
ဆင်ခြင် တော်မူပါ ဘရာ့ ….ဘုရားးးးးး …။

About ခရီးသည်ကြီး

has written 12 post in this Website..