အရှင်ဘုရားသို့ အိတ်ဖွင့်ပေးစာ

ဒို့ဘုရားဟောတာက
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ
မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ
အနတ္တကိုမြင်
နိဗ္ဗာန် ဝင်မှာမို့
အရှင်ဘုရားးးး ….. သတိထားတော်မူပါ
ရုပ်နာမ် ဓမ္မ သခါင်္ရတွေကို
မြဲ ချင်နေသလား ဘုရာ့
လိုရာစေစား
စိုးမိုးထား ချင်တာလား ဘုရာ ့
သူဌေး ၊အနူ ၊ သမတ
ဘုန်းကြီး ကုလား
ရုပ်၊ နာမ် တွေဘဲမဟုတ်လားဘုရာ့
ကုလားကြိုက်လို့
ကောက်ကောက်ပါအောင်လိုက်လည်း
သူ့ထိုက်သူ့ကံ
အတ္တာဟိ အတ္တရော နာထော
ဘုရားက ပြောပြီးသားပါ
အနေသာကြီးပါဘုရာ့
အရှင်ဘုရားတို့လုပ်ကာမှ
မြန်မာမတွေလည်း
ကုလားမှ ကြိုက်သလိုလို
ကုလားပဲ ရွေးယူသလိုလို
ကုလားကိုမှ ဖြတ်မရသလိုလို
ရှေ့နေကယ်ကာမှ
ထောင်ကျကိန်း မြင်ပါတယ်ဘုရာ့
သူ့သဘောသူဆောင်
သဗ္ဗေသတ္တာ ကံစီမံရာပေါ့
အပ္ပမာဒေန သမ္ဗာဒေဌ
မမေ့ မေလျော့ မပေါ့မဆ
ကျင့်စရာတရားကိုသာ
အားထုတ်ပွားများပါဘုရာ့
လူ့ဘောင်အတွင်း
နောက်ဆံမတင်းပါနဲ့ ဘုရာ့
သာသနာတည်ဖို့အရေး
မနှေးကျင့်ကြံလို့
ဝိနည်းကံဆောင်
နိုင်ငံရေးကိုရှောင်ပါ ဘုရာ့
အထူးသဖြင့်
မာတုဂါမများဆိုတာ
ဘုန်းကြီးနဲ့ အကျင့်စရိုက်နဲ့
နဲနဲ လေးမျှမထိုက်သမို့
သူတို့အရေး
လက်ရှောင်ပေးလိုက်ပါဘုရာ့
သာသနာဆိုတာ
အဆုံးအမ မည်သမို့
အရှင်ဘုရားတို့လည်း
သတိထားတော်မူပါ ဘုရာ့
ဘုရားရှင်သက်တော်ထင်ရှား
ရှိတယ်လို့သဘောထားပြီး
အားနာတော်မူပါ ဘုရာ့
မာတုဂါမအရေး ဆိုတာ
သာသနာအရေးလောက်
မပြောပ လောက်လို့
သာသနာအရေးသာ
ဆောင်ရွက်တော်မူပါ ဘုရာ့
တပည့်တော်တို ့လည်း
သံဃာစစ်စစ်
သာသနာစစ်စစ်
ကြည်ညို နှစ်သက်လို့
သာသနာပြု ဒကာဒကာမ
ဖြစ်ပါရစေဘုရား ….
သာသနာဖျက် ဒကာဒကာမ
မဖြစ်ပါရစေနဲ့ ဘုရား ……
မေတ္တာတော်ရှေ့ထား
ရွှေဉာဏ်တော်အားနဲ့
ဆင်ခြင် တော်မူပါ ဘရာ့ ….ဘုရား းးးးး …။

24 comments

  • သခင် mobile

    June 21, 2013 at 4:41 pm

    ခရီးသည်ကြီးရဲ့ လွယ်အိတ်ထဲက မှတ်တမ်းများကို ကူးယူပြီး
    ကျုပ်ရဲ့ ကျောပိုးအိတ်ထဲ ထည့်ထားလိုက်ပါသဗျားးးးးးးးးးးးးးးးး

  • အလင်း ဆက်

    June 21, 2013 at 5:24 pm

    ကျွန်တော်က တော့ ခရီးသည်ကြီးရဲ့ လွယ်အိတ်ထဲက မှတ်တမ်းများကို
    စာအုပ် ထဲ ထည့် သိမ်းလိုက်ပါတယ် ။

  • Ma Ma

    June 21, 2013 at 5:37 pm

    ခရီသည်ကြီးရဲ့ မှတ်တမ်းကို သိနိုင် ဖတ်နိုင် မှတ်နိုင် ဆင်ခြင်နိုင်ကြအောင်လို့ စာမျက်ခွက်မှာ ရှဲလိုက်ပြီ။ 🙂

    • TNA

      June 21, 2013 at 10:34 pm

      မီးမီးလဲ မမလိုပဲ စာမျက်ခွက်ကြီးတွင်ရှဲလိုက်ပါကြောင်း။

      • ခရီးသည်ကြီး

        June 22, 2013 at 9:40 am

        မင်္ဂလာပါဗျာ
        သခင်​မိုဘိုင်​း ၊ ကိုအလင်​းဆက်​၊ ​အစ်​မကြီး ​ဒေါ်မမ နဲ့ TNA ခင်​ဗျ
        လာ​ရောက်​ဖတ်​​ပေးတာ​ရော သိမ်​း​ပေးတာ​ရော ရှယ်​​ပေးတာ​တွေအတွက်​ပါ ​ကျေးဇူးအနန္ဒပါဗျ ။
        စိတ်​တူ သ​ဘောတူ သူများလို့ထင်​မိပါတယ်​။

  • အရီးခင်လတ်

    June 21, 2013 at 5:54 pm

    သတိတရ နဲ့ ဝင်လာတဲ့ ခရီးသည်ကြီးရေ။
    အဖိုးတန်မှန်ကန်တဲ့ စာသားလေးတွေ ရဲ့ အနှစ် ကို ဖတ်ရင်း သာဓု၊ သာဓု၊သာဓု ခေါ်ပါတယ်ရှင်။

    ဒါထက်
    သူ့ထိုက်သူ့ကံ – “သဗ္ဗေသတ္တာ ကာမသကာ” မဟုတ်ဘူးလား ဖျာ့၊
    “အတ္တာဟိ အတ္တရော နာထော” – မိမိ ကိုယ်သာကိုးကွယ်ရာ လို့ ကိုအံ့ကြီး သီချင်းမှာ ပါတယ်။
    😛

    • ခရီးသည်ကြီး

      June 22, 2013 at 9:54 am

      အရီးခင်​​ ​ရေ
      အိုက်​​​ဒါ ကျွန်​​တော်​စာရိုက်​မကျွမ်​းလို့ဗျ :mrgreen:
      ​ကောက်​​ကောက်​ပါ​အောင်​လိုက်​လည်​း
      သူ့ထိုက်​သူ့ကံ ……..
      လို့ ဆိုပြီး စာ​​ကြောင်​းသပ်​သပ်​ ခွဲခဲ့ရမှာဗျ
      မခွဲ​တော့ ​အောက်​ကစာရဲ့အဓိပ္ပာယ်​လိုထင်​မိတာပါ
      ​ဆောရီးပါ အရီးခင်​​ရေ
      အား​ပေး​ထောက်​ပြတာလည်​း ဝမ်​းသာတယ်​ဗျ ။ 🙂

  • Wow

    June 21, 2013 at 7:30 pm

    ဘူဘာပြောပြော တို့အူးဇင်းကတော့ တိုင်းမဂ္ဂဇင်းမှာ မှတ်တမ်းဝင်ဖစ်သွားဘီ… :mrgreen:

  • ညလေး

    June 21, 2013 at 8:26 pm

    ခရီးသည်ကြီးး ရယ်
    ဖတ်ယူ မှတ်သား သွားပါတယ် ရှင် ့

    • ခရီးသည်ကြီး

      June 22, 2013 at 10:01 am

      မင်္ဂလာပါ WOW နဲ့ ည​လေး ခင်​ဗျ
      ဖတ်​ရင်​းနဲ့ပဲ ပြုံးပြုံး
      ရီလိုပဲဖြစ်​ဖြစ်​
      သ​ဘောတူမျှတယ်​လိုမှတ်​ယူပါတယ်​ဗျ
      ​ကျေးဇူးပါဗျ

  • ဦး ကြိမ်

    June 22, 2013 at 6:47 am

    အော်…ခုတလောကြားနေ မြင်နေရ တွေ့နေဖတ်နေရ သူတို့အကြောင်း တွေကြီးပါပဲ..ကမာ္ဘမှာရော.မြန်မာမှာရော..အလှည့်ကျလာလို့လားမှ မသိ
    ရှေးလူကြီးတွေစကား…..ဘာနဲ့…ဘာကိုအရုပ်ရေး ရမယ်ဆိုပဲ……….။
    ခရီးသည်ကြီးရေ.အရာအားလုံးဟာ ဆုတ်နေတာပါ အနှေးနဲ့ အမြန်ပါပဲ….လူတွေလုပ်ရမဲ့ အလုပ်ကို ဘုန်းကြီးတွေ ကဝင်ကူနေတာ
    လူတွေနဲ့ တင် မပြီး လို့ ဘုန်းကြီးတွေ ဝင်ပါနေရတာ….ကျွန်တော် တို့သာသနာ အဆင်းမှာအရှိန်လျော့အောင်ဆွဲပေးနေတာလားလို့…။
    ကျွန်တော်တွေးကြည့်မိတယ်…မှားသွားရင် ပြင်ပေးဗျာ

    • ခရီးသည်ကြီး

      June 22, 2013 at 10:24 am

      ဆုပ်​ကပ်​လို့ ဆို​သော်​လည်​း ​စော​နေ​သေးလားလို့ဗျာ
      ဘာည ဘာညာ လွှဲမချချင်​ဘူး
      တကယ်​ဆိုရင်​ ဘုရားသာသနာကို​စောင်​့​ရှောက်​တယ်​ဆိုတာ
      ပရိယတ်​ ပတိပတ္တိ နှစ်​မျိုးသာ ​ဆောင်​ရွက်​သင်​့ပါတယ်​
      ဗုဓ္ဒ ဘာသာဟာ မြန်​မာလူမျိုးကို ကိုယ်​စားပြုတာမှမဟုတ်​ပဲ
      မည်​သည်​့လူမျိုးမဆိုကိုးကွယ်​နိုင်​သလို ဘယ်​သို့​သော လူမျိုး​​ရေးနဲ့မှ မ​ရော​ထွေးသင်​့ဘူး​လေ
      လူ​တွေမလုပ်​နိုင်​လို့ ဘုန်​းကြီးဝင်​လုပ်​တယ်​ဆိုတာ နား​ထောင်​လို့​ကောင်​း​ပေမယ်​့ ဘုရားအလိုနဲ့​တော့ညီမယ်​မထင်​ဘူး
      သာသနာဆိုတာ လိုက်​နာကျင်​့သုံးသူမရှိရင်​ကွယ်​မှာပဲ
      မြန်​မာပြည်​မှာမကွယ်​ချင်​ရင်​ ဒီက သံဃာ​တော်​​တွေမှာ တာဝန်​ရှိတယ်​
      သာသနာမညှိုးနွမ်​းဖို့ အရင်​လုပ်​ရမှာပါ
      နိုင်​ငံသားစိတ်​ကို မလု့​ံ​ဆော်​ပဲ ၊ လူမျိုး​ရေးစိတ်​ကို လှုံ့​ဆော်​​နေသ၍
      ကျုပ်​တို့နိုင်​ငံ ​နောက်​က​ရေရင်​ ၁ ဘဲဖြစ်​​နေမှာ
      လူမျိုး​ရေးခွဲခြားမှုကို နိုင်​ငံအသီးသီးကလည်​း အမြင်​ကျဉ်​းတယ်​လို့သ​ဘောထားကြပြီ​လေ

  • kyeemite

    June 22, 2013 at 9:14 am

    “သဗ္ဗေသတ္တာ ကမ္မသကာ” 😆

    “ရုပ်နာမ် ဓမ္မ သခါင်္ရတွေကို
    မြဲ ချင်နေသလား ဘုရာ့
    လိုရာစေစား
    စိုးမိုးထား ချင်တာလား ဘုရာ ့” ကြိုက်တယ်ဗျာ 😆
    ဘယ်အရာမှမမြဲပါဘူးဆိုဗျာ…
    “အတ္တာဟိ အတ္တနော နာထော” ကွိကွိ

  • မင်းမင်း

    June 22, 2013 at 9:52 am

    ‘ဒီနှစ်တန်ခူးအတာကူးပြီးလို့ နှစ်သစ်ရောက်ရင် ဒို့တိုုင်းပြည်ကြီး တိုးတက်တော့ မယ်’ လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားထားတာကြောင့် နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ယုံကြည်စွာ စောင့်မျှော်နေမိပါတယ်။ နှစ်ဟောင်းကုန်ခါနီး မှာတော့ မိတ္ထီလာအရေးအခင်းက စခဲ့တဲ့ မြန်မာပြည် အလယ်ပိုင်းနဲ့ ပဲခူးတစ်ဝိုက်က အရေးအခင်းတွေကြောင့် ကမ္ဘာ့အလယ်မှာ ကဲ့ရဲ့စရာ အဖြစ်မျိုးတွေတော့ ကြုံခဲ့ရတာပေါ့ဗျာ။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းကြဖို့ ဝိုင်းဝန်းတိုက်တွန်းကြတာကြောင့် ”တကယ်ပဲ လက်ရှိဥပဒေတွေ အတိုင်းဖြေရှင်းရင် လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေအားလုံးပြေလည် သွားမလား၊ လက်ရှိဥပဒေတွေက ကိုယ့်တိုင်းရင်းသူတွေကို တကယ်ပဲ ထိထိရောက်ရောက်ကာကွယ် နိုင်သလား၊ မွတ်တွေရဲ့ လူမျိုတိုက်စစ်ကြီးကို ကာကွယ်နိုင်ရဲ့လား” လို့ စဉ်းစားမိပါတယ်။ တကယ်လို့ လူမျိုတိုက်စစ်ကြီးကို မကာကွယ်နိုင်ဘူးဆိုရင်တော့ လိုအပ်တဲ့ ဥပဒေအသစ်တွေကို အခြေခံ ဥပဒေတွေပြင်ဆင်ရေးဆွဲခြင်း နှင့် အတူ ပြင်သင့်တာပြင်၊ အသစ်ရေး သင့်တာကိုရေးပြီး ပြဋ္ဌာန်းကြဖို့ လိုအပ်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော် တို့လို ပဲ မွတ်စလင်တွေနဲ့ အတူနေရပါလျက်နဲ့ မွတ်တွေဝါးမျိုတာကို မခံရတဲ့ စင်ကာပူဟာ ဘယ်လိုအစီအမံတွေကြောင့်လဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။

    တကယ်တော့ စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။
    (၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM) http://app.rom.gov.sg/index.asp

    (၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/index.asp
    ဆိိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

    ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း … ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။

    Women’s Charter http://www.scwo.org.sg/index.php/resources အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ် ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ မွတ်အဝင် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံး ကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြား ဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ (ဒီလင့်မှာလည်း http://en.wikipedia.org/wiki/Matrimonial_law_of_Singapore လေ့လာနိုင်ပါတယ်။)

    ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ .. ?
    အဖြေက ‘လက်ထပ်ခွင့် မရှိ’တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။

    (၁) မွတ်က ဗုဒု္ဓဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်)

    (၂) ဗုဒု္ဓဘာသာအမျိုးသမီးက မွတ်ဘာသာကို ဝင်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။

    .. ဟာ … ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒု္ဓဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ဝင်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ”လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်” ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ဝင်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် … ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား …။

    တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘဝကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ… သူတို့ဘာသာထဲပဲ ဝင်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။

    ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ ယူခွင့်ပြုပါတယ်။ … မယူခင်ဘာသာပြောင်းခိုင်းဖို့ ဆိုတာကြတော့ မွတ်အိမ်ထဲရောက်မှ ဘာသာပြောင်းခိုင်းရတာလောက် မလွယ်တော့ဘူးဗျ။ မိန်းကလေးဘက်က အလိုလိုနေရင်းစဉ်းစားစရာပို များသွားစေပါတယ်။
    လူလည်းယူရမယ်? ..
    ဘာသာလည်းပြောင်းရမယ်? ။
    ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအဝိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ဝင်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗျာ။

    ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မဝင်ဝင်အောင်ရိုက်နှက်ရတာတို့၊ ဘုရားပုံတော်ကို နင်းပြီး ပြောင်းခိုင်းရတာတို့ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ စင်ကာပူ မှာ မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကို စွန့်ခွာပြီး မွတ်ဘာသာကို ပြောင်းကာ မွတ်ကုလားနဲ့ သွားလက်ထပ်တယ်ဆိုတဲ့ စင်ကာပူ ဗုဒု္ဓဘာသာ အမျိုးသမီး အရေအတွက်ဟာ အင်မတန်နည်းပါတယ်။ ဒီနေရာမှာတော့ ဥပဒေကြောင့် အပြင် နဂိုကတည်းက လူမျိုး၊ ဘာသာချစ်စိတ် အခြေခံကောင်း တဲ့ စင်ကာပူ တရုတ်အမျိုးသမီးတွေကိုလည်း ချီးကျူးရမှာပေါ့ဗျာ။

    မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ဝင်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ဝင်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။

    ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကို MUSLIM LAW ACT နဲ့ အုပ်ချုပ်ပါတယ်။ မွတ်တွေကို ၄ ယောက်ယူခွင့်ပေးတယ်ပေါ့ဗျာ … ဒါပေမယ့် တကယ်ယူဖို့ မလွယ်ဘူး။ နောက်တစ်ယောက်ယူချင်တယ်ဆိုတာနဲ့ နောက် တစ်ယောက်ကို ကျွေးနိုင်လောက်အောင်ချမ်းသာကြောင်း ပိုင်ဆိုင်မှုတွေ အကုန်ပြရပါတယ်။ ဒါဟာ ဘာကို တားလိုက်တာလည်း ဆိုတော့ သာမာန် လူတန်းစားနဲ့ ဆင်းရဲသားမွတ်တွေ နောက်မိန်းမယူခွင့် မရှိဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ တားလိုက်တာပါ။ ယူခွင့်ရှိတဲ့ မွတ်အရေအတွက် အလိုအလျောက်နည်းသွားတာပေါ့ဗျာ။

    ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း … ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့ တရားရုံးမှာ လျှောက်ရပါတယ်။ ဒီအခါမှာ တရားရုံးက ဘာလုပ်သလဲဆိုတော့.. Kadi လို့ ခေါ်တဲ့ အရာရှိက .. ပထမ မိန်းမရော၊ နောက်ယူမယ့် မိန်းမကော နှစ်ယောက်စလုံးကို သီးခြားစီခေါ်ယူတွေ့ဆုံပြီး အသေးစိတ် အင်တာဗျုးပါတယ်။

    လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား?

    နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား?

    ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး … ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား? ကျွန်မယောက်ျား နောက်မိန်းမတစ်ယောက်ထပ်ယူမှာကို သိပ်ပျော်တာပဲလို့ ဖြေမယ်ထင်သလား? …

    အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ဝန်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါ ဆိုတာဟာ ‘မယူနဲ့’ လို့ ပညာသားပါပါ တားထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

    အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။

    ၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇ဝ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင် ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

    နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလို့ စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း သမ္မတကြီး လီကွမ်ယုက ၁၉၇ဝ ခုနှစ်မှာ ‘Stop at Two’ ဆိုတဲ့ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ မွတ်အပါအဝင် မိသားစု အားလုံး ကလေး ၂ယောက်ထက်ပို မွေးခွင့်မရှိဘူးပေါ့ဗျာ။

    ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းပေါ့ဗျာ။ [ယခုအချိန်မှာတော့ စင်ကာပူဟာ ချမ်းသာနေပြီမို့ Stop at two ပေါ်လစီကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ကလေးပြန်မွေးခိုင်းပါပြီ။ ဒါပေမယ့် လူဦးရေအချိုးကိုတော့ သေသေချာချာ စောင့်ကြည့်နေပါတယ်။] ကျွန်တော့်တို့မြန်မာတော်တော်များများက မွတ်ဆိုရင် ကလေးယူနှုန်းတားခွင့်မရှိလို့ ပဲ သိကြတဲ့သူများပါတယ်။

    တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။

    ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။

    ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် …. စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။

    လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်ပါတယ်။ တကယ်တော့ ဒီအမျိုးသားရေး ဝါဒဟာ ၁၉ ရာစုနဲ့ ၂ဝ ရာစုမှာ အကြီးအကျယ်ထင်ရှားခဲ့ပါတယ်။ ဒီမျိုးချစ် စိတ်တွေပြင်းထန်ခဲ့တဲ့အတွက် ဥရောပသားတွေဟာ သူတို့လူမျိုးကောင်းစား ဖို့အတွက် ကမ္ဘာကို ကျွန်ပြုခဲ့တယ်ဆိုပါတော့။

    ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတော့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး ပြာကျခဲ့ကြပါတယ်။ စစ်ကြီးတွေပြီးတော့မှ ပြန်စဉ်းစားကျတော့ .. အော် မျိုးချစ်စိတ်တွေကြောင့် ငါတို့တွေ စစ်ဖြစ်ခဲ့ကြတာလို့ တွေးမိပြီး မျိုးချစ်စိတ်တွေ ကို အပြစ်မြင်ကာ ပြန်လျှော့ချကြတယ်ပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေ သံယောင်မလိုက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ သူတို့နဲ့က သမိုင်းကြောင်းချင်း မတူပါဘူး။

    မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆ဝ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအဝင် မိန်းမ ၁၀ဝ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။

    လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အဝစိတ်ဝင်စားပြီး အသေအချာ ဉာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို့ နယ်ချဲ့တွေဖြစ်ခဲ့ချိန်မှာ ကျွန်တော်တို့က အမျိုးသားရေးပေါ့ပေါ့တွေးခဲ့ကြလို့ သူ့ကျွန်ဖြစ်ခဲ့ကြပါတယ်။ ဗိုလ်မင်းရောင်တို့၊ ဝန်းသိုစော်ဘွားကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေသာ ‘မဟာလူသားဆန်ဝါဒ’ ကျင့်သုံးပြီး British လည်းလူပဲ၊ မြန်မာလည်းလူပဲ .. လူ လူချင်းအုပ်ချုပ်တာ အရေးမကြီးဘူးလို့ တွေးခဲ့ကြရင် ကျွန်တော်တို့ အခုထိတောင် လွတ်လပ်ရေး ရဦးမှာ မဟုတ်သေးပါဘူး။

    ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ ဖြစ်ပြီး၊ ကျွန်တော်တို့တတွေက နည်းလွန်းနေတာပါ။ ဒီနေရာမှာ ဆရာတော်များက အမျိုုးသားရေးစိတ်ဓါတ်များ မွေးကြဖို့၊ ကိုယ့်လူမျိုး၊ ဘာသာဝင်အချင်းချင်းချစ်ကြဖို့ ဆုံးမတာကို ခါးခါးသီးသီး ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့လို့ အံ့အားသင့်မိပါတယ်။

    ဆန့်ကျင်ပြောဆိုသူတွေကိုချည်းပဲ အံ့ဩတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ နားမှာ မျိုးချစ်စိတ်ဆိုတာကို အင်မတန်စိမ်းနေကြတာကို တွေ့မိလို့ပါ။ (အစွန်းရောက် မျက်ကန်းမျိုးချစ်မျိုးကို အားမပေးသလို ကောက်ရိုးမီး မျိုးချစ်စိတ်မျိုုးကိုလည်း အားမပေးပါ။) မျိုးချစ်စိတ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းများ ကွက်ပြီး ပျောက်ဆုံးနေသလားလို့တောင် စဉ်းစားမိပါတယ်။ တကယ်တော့ ဘာသာခြား၊ လူမျိုးခြား တော်တော်များများ ဟာ ကလေးဘဝကတည်းက ကိုယ့်လူမျိုးကို ချစ်ကြဖို့၊ စည်းလုံးကြဖို့ သွန်သင်ခံခဲ့ကြရပါတယ်။ သူတို့လူမျိုးသူတို့ ချစ်ရမယ်ဆိုတာကို ဘယ်သူကမှ ကြီးလာမှ တစ်ကူးတစ်က ထပ်ပြီးသင်နေစရာ မလိုအောင်ကို သိကြပါတယ်။ စင်ကာပူမှာလည်း ဒီအတိုင်းပါပဲ။ စင်ကာပူ တရုတ်အမျိုးသမီးတွေဟာ သူတို့ နဲ့လူမျိုးတူ၊ ဘာသာတူတွေကို ပဲ ယူကြတာများပါတယ်။

    သေသေချာချာပြန်စဉ်းစားကြည့်ရင် စင်ကာပူဆိုတာ မြို့သေးသေးလေးပါဗျာ။ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံကြီး ၂ နိုင်ငံရဲ့ အလယ်နားမှာ နေရတဲ့ မြို့လေးတစ်မြို့ပါ။ ‘မွတ်စလင်ပတ်လည် ဝန်းရံနေသောမြို့ကို စင်ကာပူဟုခေါ်သည်’ လို့တောင် ပြောလို့ ရပါတယ်။ တကယ်လို့များ …
    – စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် …
    – စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေကို ပညာသားပါပါ မပြဋ္ဌာန်းထားခဲ့ရင် …

    – စင်ကာပူတရုတ်အမျိုးသမီးတွေသာ လင်ယူပက်စက်ခဲ့ကြရင် …
    ……. ”Islamic Republic of Singapore” ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပါပြီ။ စင်ကာပူမှာ လက်ရှိမွတ်စလင် ၁၅ % ရှိပါတယ်။ ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူဟာ လွတ်လပ်ရေးရခါစတုန်းကလည်း မွတ်စလင် ၁၅% ၊ အခုလည်း ၁၅% ပါ။ မွတ်ရာခိုင်နှုန်းတွေလုံးဝ တိုးမလာပါဘူး။

    စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ဝါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

    ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေအသစ်တွေ ပြဌာန်းပေးနိုင်ပါစေလို့ နှစ်သစ်ဦးမှာ ဆုမွန်ကောင်းတောင်းလုိုက်ရပါတယ်။

  • ခင် ခ

    June 22, 2013 at 9:53 am

    ဇာတ်ပွဲတစ်ခုသွားကြည့်တာ ဇာတ်ကလည်းကောင်းမှကောင်း မင်းသားမင်းသမီးအရံ အို အစုံအလင်ကလည်း အချိတ်အဆက်မိမိနဲ့ ဇာတ်ရှိန်ကတဖြေးဖြေးမြင့်သည်ထက်မြင့်လာလို့ ဇာတ်ရုံထဲကကြည့်တဲ့သူတွေ ပတ်ဝန်းကျင်တောင်မေ့လောက်အောင် ဖြစ်လောက်တဲ့ထိ ဇာတ်ကကောင်းခဲ့တာလေ။ အဲလိုနဲ့ ဇာတ်သိမ်းခန်းပြီး ဇာတ်ပွဲပြီးတော့ မနက် ၅ နာရီပေါ့။
    ဒါနဲ့ဘဲ အိမ်ပြန်ကြဖို့ ဇာတ်ရုံထဲက အပြင်ထွက်မယ်လဲဆိုရော ထွက်ခွင့်မပေးသေးဘူး ဆိုပြီး စစ်သားတွေက သေနတ်တွေနဲ့တားသဗျ၊ ဒါနဲ့မေးကြည့်လိုက်တယ် “ဘာလို့လဲ´´ဆိုတော့ “စစ်အာဏာသိမ်းပြီး ည ၆ နာရီ မှ မနက် ၆ နာရီ ညမထွက်ရ အမိန့်ထုတ်ထားလို့´´တဲ့ “ခင်ဗျားတို့တော့ ဘယ်သိလိမ့်မလဲ ဇာတ်ရှိန်ကောင်းနေတာကိုး´´တဲ့။
    ကဲ ကောင်းရော ခရီးသည်ကြီးရေ။ ( ဟိုး တုန်းကအဖြစ်လေးပါ သတိရလို့ပြန်ရေးတာနော်)

    • ခရီးသည်ကြီး

      June 22, 2013 at 10:31 am

      ဦးကြီးမိုက်​ ၊ ဦးခင်​ခ မင်္ဂလာပါဗျ

      ဝင်​ရခက်​တဲ့ရွာထဲ လာဖတ်​​ပေးတာ ​ကျေးဇူးပါဗျ
      ဦးခင်​ခ​ပြောတဲ့ ဇတ်​လမ်​း​လေးကို ပုံ​ဖော်​ပြီး တခုခု နားလည်​လိုက်​ပါတယ်​
      ဟုတ်​တယ်​
      ကျုပ်​တို့က​တော့ က လို့​ကောင်​းတုန်​း ….
      ​နောက်​ပိုင်​းမှာ …….
      .
      .
      .
      .
      .
      .
      .
      သွား​လေဦး​တော့ တစ်​သက်​စာ ……

  • အိတ်ဖွင့်ပေးစာ ဆိုဒေါ့ …
    အိတ်ပိတ် ပေးစာ မဟုတ်ဘူးပေါ့ …. :mrgreen:
    မင်္ဂလာပါဗျာ ….
    ခုလို ပြန်လည် ဆုံတွေ့ရတာ မင်္ဂလာပါ ….
    ခရီးသည်ကြီး စီးသွားတဲ့ ရထားက မြို့ပတ်ရထားပဲ ဖြစ်ရမယ်လို့ အစတည်းက ထင်ခဲ့တာ … :mrgreen:
    လဂါး နောက်တာ ….
    ကဗျာဒေါ့ ဖတ်တွားဘာဒယ် .. ဘာမွှဒေါ့ မပေါဒေါ့ဘာဘူးရယ် …

    • ခရီးသည်ကြီး

      June 22, 2013 at 11:48 pm

      ရထား ဘီး​ပေါက်​သွား လို့ပါကိုရင်​အံစာဒုံးရယ်​ 🙂
      အချိန်​တန်​ရင်​ ပြန်​ရမှာကွဲ့

  • အာဂ

    June 22, 2013 at 5:14 pm

    When Buddhist Gone Bad
    By Hannah Beech (Monday, July 1, 2013)

    ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသော အခါ
    (တိုက်ရိုက် ဘာသာပြန်ဆိုသည်)

    hb2-june22

    Hannah Beech

    မြန်မာနိုင်ငံရဲ့ ဘင်လာဒင်လို့ သမုတ်ခံရတဲ့ ဘုန်းတော်ကြီးရဲ့ မျက်နှာဟာ ရုပ်ပွားတော်တစ်ခုကဲ့သို့ တည်ကြည် ငြိမ်သက်လျက်စွာနဲ့ တရားကို စတင်ဟောကြားပါတယ်။ သူ့ရဲ့ ရှေ့မှောက်မှာ ကိုးကွယ်သူ ရာပေါင်းများစွာဟာ လက်အုပ်ချီပြီး ထိုင်နေကြပါတယ်။ သူတို့တွေရဲ့ကျောပြင်မှာတော့ ချွေးတွေစီးကျနေပါတယ်။ တရားနာ ပရိတ်သတ်ကြီးက သင်္ဃန်းဝတ်ရဟန်းနဲ့အတူ ရွတ်ဖတ်သံတွေဟာ မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းအတွင်းကနေ လွင့်ပျံ့နေပါတယ်။ မန္တလေးဟာ ရန်ကုန်မြို့ပြီးရင် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ဖြစ်ပါတယ်။ အဆိုပါ မြင်ကွင်းကတော့ စိတ်ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်းပေမယ့် ဦးဝီရသူရဲ့တရားတွေကတော့ မုန်းတီးမှုတွေ ရောယှက်နေပါတယ်။ ”ခုချိန်ဟာ ငြိမ်သက်နေရမယ့် အချိန်မဟုတ်ပါဘူး။”ဟု သက်တော် ၄၆နှစ် အရွယ်ရှိ အဆိုပါဘုန်းတော်ကြီးက မြွက်ကြားပါတယ်။ မိနစ် ၉ဝ လုံးလုံး တရားဟောကြားတဲ့အထဲမှာ ဗုဒ္ဓဘာသာလူများစုရှိတဲ့နိုင်ငံမှာ လူနည်းစုမွတ်စလင်တွေကို မုန်းတီးဖို့ ထည့်သွင်းဟောကြားနေပါတယ်။ ”အခုအချိန်မှာ အားလုံး နိုးကြားနေဖို့၊ သတိရှိဖို့ လိုပါတယ်။”

    မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သွေးပူနေကြပါတယ်။ ဒါ့အပြင် များစွာသော မွတ်စလင်သွေးတွေလည်း မြေခခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်းက ဗုဒ္ဓဘာသာဝင် လူရမ်းကား အုပ်စုတွေဟာ လူနည်းစုဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ မူဆလင်တွေ ဆယ်ဂဏန်းလောက် သေဆုံးခဲ့ရတယ်လို့ ပြောသော်လည်း နိုင်ငံတကာလူ့အခွင့်အရေး လုပ်ဆောင်သူတွေကတော့ သေဆုံးခဲ့တဲ့ အရေအတွက် ရာဂဏန်းအထိရှိတယ်လို့ သတ်မှတ်ခဲ့ ကြပါတယ်။ အဆိုပါ အကြမ်းဖက်မှုအများစုဟာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားခဲ့တာပါ။ ရိုဟင်ဂျာဆိုတာကတော့ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်း အစွန်အဖျားမှာ နေထိုင်တဲ့ နိုင်ငံမဲ့မွတ်စလင်လူမျိုးစု ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂကနေ ယုံကြည်မှုအရ နှိပ်စက်ခံရဆုံး လူမျိုးစုအဖြစ် သတ်မှတ်ခံထားရသူတွေပါ။ ထိုကဲ့သို့ သွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ ဦးဝီရသူ နေထိုင်ပြီး သွေးထိုးလှုံ့ဆော်တဲ့ တရားတွေဟောကြားနေခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းအထိ ပျံ့နှံ့လာခဲ့ပါတယ်။ အစွန်းရောက် ဘုန်းကြီးတွေဟာ သန်း ၆ဝ သော မြန်မာပြည်သူရဲ့ ၅ ရာခိုင်နှုန်းရှိတဲ့ မွတ်စလင်တွေကို နိုင်ငံနဲ့ယဉ်ကျေးမှုကို ခြိမ်းခြောက်နေသူအဖြစ် ရှုမြင်ကြပါတယ်။ ”မွတ်စလင်တွေရဲ့ မွေးဖွားနှုန်းဟာ အရမ်းကိုလျင်မြန်ပြီး ကျွန်ုပ်တို့ရဲ့ သမီးပျိုတွေကို ခိုးယူနေကြပါတယ်။ အဓမ္မကျင့်ကြံနေကြပါတယ်။” ဟု ဦးဝီရသူက စာရေးသူကို ပြောပြပါတယ်။ ”သူတို့တွေက ကျွန်ုပ်တို့ရဲ့ နိုင်ငံကို သိမ်းပိုက်ဖို့ ကြံရွယ်နေကြပါတယ်။ ဒါကို လက်သင့်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းထားရမှာပါ။”

    ဒီလိုအမုန်းစကားတွေဟာ လူမျိုးစု ၁၃၅ ခုကျော်နေထိုင်နေပြီး ရာစုနှစ်ဝက်ခန့် အာဏာရှင်စနစ်ရဲ့ ချုပ်ကိုင်မှုကနေ မကြာသေးမီကမှ လွတ်မြောက်လာတဲ့ နိုင်ငံတစ်ခုရဲ့ ထိရှလွယ်တဲ့ နိုင်ငံရေးစနစ်ကို ခြိမ်းခြောက်နေပါတယ်။ အာဏာရှင် လက်ထက်တုန်းကပင် ပြဋ္ဌာန်းမှုမရှိခဲ့တဲ့ တစ်မိသားစုကို ကလေး ၂ ယောက်သာ ယူခွင့်ရှိသည်ဆိုသည့် ပိတ်ပင်မှုကို အချို့သော အစိုးရအရာရှိတွေက ရိုဟင်ဂျာမိသားစုတွေအပေါ် ပြဋ္ဌာန်းဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံရဲ့ မြောက်ဖျားပိုင်းမှာနေထိုင်တဲ့ ခရစ်ယာန်လူမျိုးစုတွေရဲ့အဆိုအရ အစိုးရစစ်တပ်နဲ့ ခရစ်ယာန်အများစုပါဝင်တဲ့ ကချင်လက်နက်ကိုင်တွေကြားက တိုက်ပွဲတွေဟာ ဘာသာရေးမတူညီမှုကနေ ပေါက်ဖွားလာတယ်လို့ သိရပါတယ်။

    အစွန်းရောက်ဗုဒ္ဓဝါဒဟာ အာရှရဲ့ ဒေသအများစုမှာ ပေါ်ထွက်လာနေပါတယ်။ ယခုနှစ် သီရီလင်္ကာမှာ ထိပ်တန်း အစိုးရ အရာရှိတွေနဲ့နီးစပ်တဲ့ အမျိုးသားရေး ဗုဒ္ဓဝါဒီအုပ်စုတွေဟာ ဩဇာကြီးမားလာပြီး ဘုန်းတော်ကြီးတွေကနေ မွတ်စလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးဖို့ လှုံ့ဆော်လာကြပါတယ်။ ၂၀၀၄ ခုနှစ်ကစလို့ လူပေါင်း ၅၀၀ဝ လောက် သေဆုံးခဲ့ရတဲ့ မွတ်စလင် သောင်းကျန်းမှုတွေရှိတဲ့ ထိုင်းနိုင်ငံတောင်ဘက်ဖျားမှာလည်း ထိုင်းစစ်တပ်က အရပ်သားတွေကို ပြည်သူ့စစ်အဖြစ် သင်တန်းပေးခဲ့ပြီး ဘုန်းကြီးတွေ ဆွမ်းခံထွက်တဲ့အချိန်မှာ ဘေးကနေ ဝန်းရံ ပေးကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ယုံကြည်မှုက တောင်းဆိုနေပါတယ်။ အဆိုပါ စစ်သားတွေနဲ့ (လက်နက်သယ်ဆောင်တဲ့) အချို့ဘုန်းကြီးတွေဟာ ထိုင်းနိုင်ငံရှိ လူနည်းစု မွတ်စလင်တွေကို ဖယ်ကျဉ်ထားသလို ပိုမို ခံစားရစေပါတယ်။

    အဲဒီ့နိုင်ငံတွေမှာ အစွန်းရောက် ဗုဒ္ဓဝါဒ ပေါ်ထွက်လာတဲ့ သမိုင်းကြောင်း သီးခြားစီရှိသော်လည်း များပြားလာတဲ့ အင်တာနက် အသုံးပြုမှုတွေကြောင့် ဖေ့ဘုတ်နဲ့ တွစ်တာမှတစ်ဆင့် တဖက်သတ် အမုန်းပွားမှုတွေနဲ့ ကောလဟာလတွေ ပိုမိုလျင်မြန်စွာ ပျံ့နှံ့လာပါတယ်။ အကြမ်းဖက်မှုတွေဟာ အလွယ်တကူပင် တစ်နိုင်ငံမှတစ်နိုင်ငံသို့ ကူးစက်လာပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဇွန်လအတွင်းက ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အချို့ အသတ်ခံရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အသတ်ခံရတဲ့အတွက် လက်စားချေမှုလည်း ဖြစ်နိုင်ပါတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

    ဘာသာရေး အစွန်းရောက်မှုတွေ စတင်ပေါ်ထွက်လာခဲ့တဲ့ ကာလတုန်းက ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ မွတ်စလင် စစ်သွေးကြွတွေ၊ အစွန်းရောက် ခရစ်ယာန်တွေနဲ့ ရှေးရိုးစွဲ ဂျူးတွေ ထွန်းကားခဲ့တဲ့အချိန်မှာ ဗုဒ္ဓဘာသာဟာ အဆိုပါစက်ကွင်းကနေ လွတ်မြောက်နေခဲ့ပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်း အတွက်တော့ အကြမ်းမဖက်ရေး၊ မေတ္တာထားရေးတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ လောက်က ပွင့်ထွန်းခဲ့တဲ့ ဂေါတမ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကနေ ပေါ်ထွက်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ အဓိပ္ပာယ် တစ်ထပ်တည်း ကျခဲ့ပါတယ်။ ဒါပေမယ့် အခြားဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းကြီးတွေဟာလည်း နိုင်ငံရေးနဲ့ ဂိုဏ်ဂဏစွဲ အချောင်သမား ဝါဒရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့ပါဘူး။

    အာရှဟာ နယ်ချဲ့တွေနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ခဲ့တဲ့ အချိန်တုန်းက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ သူတို့ရဲ့ ဩဇာနဲ့ များပြားတဲ့ အရေအတွက်ကို အသုံးပြုပြီး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြဖူးပါတယ်။ အချို့သော ဘုန်းကြီးတွေဟာ နယ်ချဲ့ဆန့်ကျင်ရေးအတွက် အသားအရေ ချုံးချုံးကျတဲ့အထိ အစာငတ်ခံကာ အသက်စတေးခဲ့ကြ ဖူးပါတယ်။ အထင်ရှားဆုံးလို့ ခေါ်ဆိုနိုင်တဲ့ လုပ်ဆောင်မှု တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၅ဝ က တောင်ဗီယက်နမ် အစိုးရရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဆေးဂုံမြို့မှာ ဘုန်းတော်ကြီ Thich Quang Duc ရဲ့ တပလ္လင်ခွေထိုင်ပြီး မိမိကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ကာ အသေခံ ဆန္ဒပြမှုပဲ ဖြစ်ပါတယ်။ ၂၀၀ရ ခုမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ခဲ့ကြပါတယ်။ အဆိုပါ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်သားတွေကလွဲလို့ အဲဒီ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သပိတ်မှောက် ဆန္ဒပြမှုကို ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စာနာမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် လူမှုလှုပ်ရှားမှုတွေ အဆုံးသတ်ချိန်မှာ နိုင်ငံရေး စစ်သွေးကြွမှုတွေ ပေါ်ထွက်လာပါသလား။ ဘယ်ဘာသာရေးမဆို ၎င်းရဲ့အခြေခံ မူဝါဒတွေနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှု ခံသွားရရင် အဖျက်အင်အားတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အခုအချိန်ဟာ ဗုဒ္ဓဘာသာရဲ့အလှည့် ရောက်လာပါပြီ။

    အမုန်းမန္တန်
    မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်တွင် တပလ္လင်ခွေချိတ်ထိုင်လျက် လူအရွယ် ၎င်း၏ဓာတ်ပုံများ ချိတ်ထားသော နံရံရှေ့ စင်မြင့်ပေါ်မှ ဦးဝီရသူက သူ၏ကမ္ဘာ့အမြင်ကို ပြောပြခဲ့ပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အနက်ရောင် မွတ်စလင်သွေး စွန်းနေတဲ့သူ ဖြစ်ပါတယ်။ ကုလသမဂ္ဂကို အာရပ်တွေက လွှမ်းမိုးထားတယ်လို့ သူယုံကြည်ပါတယ်။ ဒါပေမယ့်လည်း အာရပ် အကြမ်းဖက် သမားတွေနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ပြတာကိုတော့ အပြစ်မမြင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မွတ်စလင် ၉ဝ ရာခိုင်နှုန်းလောက်ဟာ အစွန်းရောက် လူဆိုးတွေ ဖြစ်တယ်လို့ ဦးဝီရသူက ပြောပါတယ်။ ၎င်းဟာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့လို့ ၂၀၀၃ ခုနှစ်က ထောင်ဒဏ် ချခံရဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အခုအချိန်မှာ ဗုဒ္ဓရဲ့ ဂုဏ်ရည်တွေကို ဖော်ညွှန်းတဲ့ သင်္ကေတဖြစ်တဲ့ ၉၆၉ ဆိုတဲ့ နံပါတ်ကို အသုံးပြုပြီး လှုပ်ရှားမှု တစ်ခုကို ခုချိန်မှာ ဦးဆောင်လုပ်ကိုင် နေပါတယ်။ အဲဒီ့လှုပ်ရှားမှုဟာ ဗုဒ္ဓဘာသာဝင်အားလုံး သွေးစည်းညီညွတ်ဖို့ လှုံ့ဆော်နေပါတယ်။ ”အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရေးဟာ ဒီမိုကရေစီရေးထက် ပိုပြီးအရေးကြီးတယ်လို့” သူက ပြောပါတယ်။

    ဦးဝီရသူကို သာမန် ပညာမတတ်ဘဲ မွေးချင်း ၈ ယောက်မှာ မိဘက ငွေကြေးမတတ်နိုင်လို့ ဘုန်းကြီးကျောင်းမှာ ကြီးပြင်ခဲ့ရသူ တစ်ယောက်အနေနဲ့ သတ်မှတ်လို့ ရပါတယ်။ ဒါပေမယ့် ဦးဝီရသူဟာ ဩဇာကြီးမားပြီး သူ့ရဲ့ဟောကြားချက်တွေဟာ လူအများကြား ပျံ့နှံ့နေပါတယ်။ နိုင်ငံရဲ့ လူများစု ဗမာလူမျိုးတွေနဲ့ ဗုဒ္ဓဘာသာဝင် အာရှနိုင်ငံတွေကြားမှာ ၎င်းတို့ရဲ့ ဘာသာကို အခြားဘာသာတွေက တိုက်ခိုက်နေတယ်ဆိုတဲ့ ခံစားချက်လေးတစ်ခု ရှိနေပါတယ်။ ယခင် ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ဟာ အခုအချိန်မှာ အစ္စလာမ်နိုင်ငံတွေ ဖြစ်နေကြပါပြီ။ ဒါ့ကြောင့် တခြား ဗုဒ္ဓဘာသာ နိုင်ငံတွေလည်း အလားတူ ကြုံတွေ့ရမယ်လို့ ထင်မြင်နေကြပါတယ်။ သက်သေ အထောက်အထား မရှိသည့်တိုင်အောင် အမျိုးသားရေး ဗုဒ္ဓဝါဒီတွေဟာ ဒေသခံ မွတ်စလင်တွေရဲ့ လူဦးရေ တိုးပွားနှုန်းဟာ ၎င်းတို့ရဲ့ မွေးဖွားနှုန်းထက် အဆမတန် များပြားမြန်ဆန်နေပြီး အရှေ့အလယ်ပိုင်း ဒေသက ပိုက်ဆံ အထောက်အပံ့တွေက ဗလီသစ်တွေ တည်ဆောက်ဖို့ ပံ့ပိုးနေတယ် ဆိုတာတွေကို စိုးရိမ်နေကြပါတယ်။

    ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး စစ်အာဏာရှင်က စစ်တပ်တစ်မတ်သား အစိုးရ စနစ်ကို တည်ထောက်ပေးခဲ့ချိန်ကစလို့ ပြည်သူအနည်းစုသာ စစ်တပ်ရဲ့ ဖိနှိပ်ခဲ့မှုတွေအတွက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်သည်းခံမှုကို ပြသနေတာပါပဲ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို ဖြစ်ပေါ်စေမယ့် အစွန်းရောက် ဝါဒတွေကို ပျိုးထောင်ပေးမိပါတယ်။ ဒီပြဿနာဟာ ယခင်နှစ်က မြန်မာနိုင်ငံ အနောက်ဘက် အစွန်းကနေ စတင်ခဲ့တာပါ။ အဲဒီ့မှာ ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်တွေနဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကြားက အကြမ်းဖက်မှုတွေကြောင့် မွတ်စလင် အများစုနဲ့ ဗုဒ္ဓဘာသာဝင် အနည်းငယ်ရဲ့ အသက်အိုးအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာအရ ဓားကိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ရိုဟင်ဂျာ ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျေးရွာတစ်ခုတွင် မွတ်စလင် အယောက် ၇ဝ ကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဒီသွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိမ်းအကွပ်မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ခဲ့ပါတယ်။ မတ်လအတွင်းမှာ ဆယ်ဂဏန်းထက် မနည်းတဲ့လူတွေ အသတ်ခံရပြီး ထောင်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို ဗလီတွေလည်း မီးရှို့ခံခဲ့ရပါတယ်။ ကလေးတွေကို ခုတ်ထစ်သတ်ဖြတ်တာတွေ အမျိုးသမီးတွေကို မီးရှို့သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ကြပါတယ်။ အချို့ကိစ္စတွေမှာ ဘန်းကြီးတွေကိုယ်တိုင် သွေးဆူနေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်နေတာ တွေ့ခဲ့ကြရပါတယ်။

    မတ်လကုန်လောက်မှာ မိထ္ထီလာမြို့ရဲ့ အဝေးပြေး ကားဝင်းအနီးမှာ နေ့ပေါင်းများစွာကြာအောင် မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဘုန်းတော်ကြီးတစ်ပါး အသတ်ခံရပြီးတဲ့နောက်မှာ မွတ်စလင် ရပ်ကွက်တွေကို ဗုဒ္ဓဘာသာဝင် လူအုပ်တွေက ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ (တရားဝင် ထုတ်ပြန်ချက်များအရ ဗုဒ္ဓဘာသာဝင် နှစ်ဦးနဲ့ မွတ်စလင် အယောက် ၄ဝ အသတ်ခံရတယ်လို့ သိရပါတယ်။) မွတ်စလင် ထောင်ပေါင်းများစွာကိုတော့ ဒုက္ခသည် စခန်းတွေအတွင်း ထားရှိခဲ့ပြီး သတင်းထောက်တွေ ဝင်ခွင့်မရရှိခဲ့ပါဘူး။ ကျွန်မက ၁၅ နှစ်အရွယ် Abdul Razak Shahban ရဲ့ မိသားစုနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ အဆိုပါ ၁၅ နှစ်သားဟာ အသတ်ခံရတဲ့ ဒေသခံကျောင်းသား အယောက် ၂ဝ ထဲက တစ်ဦးဖြစ်ပါတယ်။ ရာဇတ်ကိုယ်တိုင်လည်း သူ့ရဲ့ခေါင်းကို သံချွန်နဲ့ အရိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ”ကျွန်မသားဟာ မွတ်စလင်ဖြစ်လို့ အသတ်ခံရတာပါ။ တခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။” ဟု ရာဇတ်ရဲ့ မိခင်က ဗလီတစ်ခုရဲ့ ပြာပုံဘေးမှာ ပြောကြားခဲ့ပါတယ်။

    ဘုန်းကြီးကျောင်းနဲ့ နိုင်ငံတော်အစိုးရ
    အစ္စလာမ်ကို လက်စားချေလိုစိတ်နဲ့ ဗုဒ္ဓဘာသာ လွှမ်းမိုလိုမှုတို့ကြောင့် Bodu Bala Sena (BBS) ဆိုတဲ့ အဖွဲ့အစည်းကို သီရိလင်္ကာမှာ ထူထောင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာအင်အားစု တပ်မတော်လို့ အဓိပ္ပာယ်ရတဲ့ အဆိုပါ အဖွဲ့ဟာ သီရိလင်္ကာမှာ အင်အားအကြီးဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ အဆိုပါ အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကို မြို့တော် ကိုလမ်ဘိုအနီးမှာ ကျင်းပခဲ့ပြီး ဘုန်းကြီးအပါး ၁၀ဝ ကျော်ကနေ ဦးဆောင်ပြီး မြို့ကိုလှည့်ပတ်ခဲ့ပါတယ်။ အခြားကိုးကွယ်သူတွေကလည်း သာသနာ့အလံတွေ ကိုင်ဆောင်ပြီး ညာလက်တွေကို ရင်ဖက်မှာကပ်ပြီး သာနာကို ကာကွယ်ဖို့ သစ္စာဆိုကြပါတယ်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကမှ တည်ထောင်ခဲ့သည့် ယင်းအဖွဲ့က ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာ အမြစ်တွယ်ဖို့ လိုအပ်တယ်လို့ ခံယူထားပါတယ်။ ဒါ့အပြင် အစိုးရကျောင်းတွေမှာ ဘုန်းကြီးတွေကို သမိုင်းဘာသာရပ် သင်ကြားစေပြီး ဆာရီဝတ်ဆင်မှုကို ဥပဒေအရ ပိတ်ပင်ဖို့ တောင်းဆိုကြပါတယ်။ တကယ်တော့ သီရိလင်္ကာ လူဦးရေရဲ့ ၉ ရာခိုင်နှုန်းဟာ မွတ်စလင်တွေ ဖြစ်ပါတယ်။ BBS ရဲ့ အထွေအထွေ အတွင်းရေးမှူးနဲ့ ဘုန်းကြီးဖြစ်သူ Galaboda Aththe Gnanasara Thero က နှစ်ပတ်လည် ညီလာခံတွင် ”ဒါဟာ ဗုဒ္ဓဘာသာ အစိုးရ၊ ဒါဟာ ဗုဒ္ဓဘာသာ နိုင်ငံတော်။” ဟု ပြောကြားခဲ့ပါတယ်။

    BBS အဖွဲ့ဝင်တွေလို သဘောထား တင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီးလ် အီလန် ဟိန္ဒူ ကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်းပြီးတဲ့နောက်မှာ လူနည်းစု မွတ်စလင်နဲ့ ခရစ်ယာန်တွေဘက်ကို များဦးလှည့်လာပါတယ်။ ရှေးရိုးစွဲ သမ္မတ Mahinda Rajapaksa ကို ၂၀၀၅ ခုနှစ်က ရွေးကောက်ခံရပြီးတဲ့အချိန်မှာ အစွန်းရောက် ဗုဒ္ဓဝါဒီ အုပ်စုတွေဟာ ပိုမိုအင်အား ကြီးမားလာခဲ့ပါတယ်။ မကြာသေးမီ လများအတွင်းက သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ မွတ်စလင်ပိုင် အထည်ဆိုင်၊ ခရစ်ယာန် သင်းအုပ်ဆရာပိုင်အိမ်နဲ့ မွတ်စလင် သားသတ်ရုံတစ်ခုကို ဝင်ရောက်စီးနင်းမှုများ ပါဝင်ပါတယ်။ ဘုန်းကြီးတွေကိုယ်တိုင် ဒီဖြစ်စဉ်တွေမှာ ပါဝင်ကြောင်း ရုပ်သံမှတ်တမ်းတွေ တွေ့ရှိသည့်တိုင်အောင် မည်သူ့ကိုမျှ အရေးယူခြင်း မရှိခဲ့ပါ။ တကယ်တော့ ဘုန်းကြီးကျောင်းတွေနဲ့ နိုင်ငံတော် အစိုးရဟာ သီရိလင်္ကာမှာ တစ်နေ့တစ်ခြား ပိုပြီးနီးကပ် လာနေပါတယ်။ ဘုန်းကြီးတွေ ကြီးစိုးတဲ့ ပါတီကိုယ်တိုင်က ညွန့်ပေါင်းအစိုးရတွင်းမှာ ပါဝင်နေပါတယ်။ မတ်လတွင်းက BBS က တည်ထောင်ထားတဲ့ Buddhist Leadership Academy ရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသူဟာ ကာကွယ်ရေးဝန်ကြီး Gotabhaya Rajapaksa ဖြစ်နေပါတယ်။ သူက လက်ရှိသမ္မတနဲ့ ညီအစ်ကိုတော်စပ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဖွင့်ပွဲမှာ ”ဘုန်းကြီးတွေက အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက် နေတာပါ” လို့ ပြောကြားခဲ့ပါတယ်။

    ဆွမ်းနဲ့သေနတ်
    ထိုင်းနိုင်ငံရဲ့ တောင်ဘက်အစွန်းပိုင်းက ဘုန်းကြီးတွေဟာ အကူအညီ လိုအပ်နေပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကြောင့် အချို့ဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးတရားနဲ့ ဆန့်ကျင်လုပ်ဆောင် လာကြပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ် အစောပိုင်းက ထိုင်းနိုင်ငံကနေ မသိမ်းပိုက်ခင် အချိန်အထိ Pattani, Yala နဲ့ Narathiwat ဒေသတွေဟာ ယခင်က မလေးရှားနိုင်ငံရဲ့ လက်အောက်ခံ ဆူလတန်အဖြစ် ရှိနေခဲ့ပါတယ်။ အဲဒီ့ ဒေသတွေရဲ့ လူဦးရေ ၈ဝ ရာခိုင်နှုန်းဟာ မွတ်စလင်တွေ ဖြစ်ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ အင်အားကြီးမား လာချိန်မှာတော့ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိလာပါတယ်။ သူတို့တွေဟာလည်း အစိုးရနဲ့ ပတ်သက်တဲ့ ကျောင်းဆရာတွေ၊ စစ်သားတွေနဲ့ အခြားပြည်သူ့ ဝန်ထမ်းတွေ ဖြစ်နေလို့ပါပဲ။ ဘုန်းကြီးတွေကိုလည်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အခုချိန်မှာ ထိုင်းစစ်တပ်နဲ့ အခြားလုံခြုံရေး အင်အားစုတွေဟာ ဘုန်းကြီးကျောင်းတွေထဲကို ဝင်ရောက်နေရာ ယူထားကြပါတယ်။ ထို့အပြင် မနက်ပိုင်း ဆွမ်းခံထွက်ချိန်မှာ စစ်သားတွေက ဘုန်းတော်ကြီးတွေ ဘေးကနေ ခြံရံလိုက်ပါ ပေးကြပါတယ်။ ”ကျွန်တော်တို့မှာ ရွေးစရာ မရှိပါဘူး။ ဗုဒ္ဓဘာသာကို လက်နက်နဲ့ ခွဲခြားလို့ မရတော့ပါဘူး” လို့ စစ်ဗိုလ်ဖြစ်သူ Sawai Kongsit က ပြောပါတယ်။

    Pattani မြို့ရှိ Lak Muang ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီး ၁၁ ပါးရှိပြီး စခန်းချ နေထိုင်တဲ့စစ်သား အယောက် ၁၀ဝ လောက် ရှိပါတယ်။ ဘုန်းကြီးကျောင်းတွင်းရှိ ဘုရားစေတီမှာ ထိုင်းခြေလျင်တပ်ခွဲ အမှတ် ၂၃ အတွက် ယာယီစစ်စခန်းတစ်ခု ချထားပြီး စေတီရဲ့ ပတ်လည်မှာ ရွက်ဖျင်တဲတွေ ထိုးထားကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာဟာ အဆိုပါ ဘုန်းကြီးကျောင်းမှာ ပြည်သူ့စစ်သင်တန်း တက်ရောက်ကြပါတယ်။ အဆိုပါ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဝါတော် ၁၆ ဝါရ Prapaladsuthipong Purassaro က သင်္ဃန်းစစည်းတဲ့ အချိန်ကစလို့ ပစ္စတိုသုံးလက် ပိုင်ဆိုင်ကြောင်း ပြောပါတယ်။ ”ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့တော့ အပြစ်မကင်းဘူးလို့ ခံစားမိပါတယ်။ ဒါပေမယ့် ဦးဇင်းတို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုပါတယ်။” လို့ ပြောပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ စစ်သားတွေ ဘုန်းကြီးကျောင်းတွင်းမှာရှိမှ လုံခြုံတယ်လို့ ခံစားရမယ်ဆိုရင် မွတ်စလင် လူထုအတွက်တော့ တခြားအဓိပ္ပာယ် သက်ရောက်နေပါတယ်။ ”စစ်သားတွေ ဘုန်းကြီးကျောင်းထဲကို ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲ။” လို့ အိုင်ဟိုင်းရိုး တက္ကသိုလ်မှ လက်ထောက်ကထိကနဲ့ ထိုင်းတောင်ပိုင်း ဘာသာရေး ပဋိပက္ခအကြောင်း စာအုပ်ရေးသားသူ Michael Jerryson က ပြောပါတယ်။ ”ဗုဒ္ဓဘာသာဝင်တွေက ကျွန်မတို့ ထိုင်းလူမျိုး ဖြစ်တယ်လို့ ဘယ်တော့မှ သတ်မှတ်မှာ မဟုတ်ဘူး။ ဒါကျွန်မတို့ရဲ့ နိုင်ငံပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လူစိမ်းတွေကို ဆက်ဆံနေကြပါတယ်။” လို့ အခြားအကြမ်းဖက်မှုဖြင့် သံသယရှိသူ ၁၅ ဦးနှင့်အတူ ထိုင်းနိုင်ငံ ရေတပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ်က အသတ်ခံရသူ၏ မိခင်ဖြစ်သူ Sumoh Maken က ပြောပါတယ်။ နောက်ဆုံးမှာတော့ မွတ်စလင်တွေလည်း တောင်ပိုင်းမှာ ကြောက်ရွံ့နေကြပါတယ်။ သူတို့တွေဟာ အကြမ်းဖက် ခံရမှုတွေမှာ ဗုဒ္ဓဘာသာဝင်တွေထက် ပိုပြီးသေဆုံးကြပါတယ်။ ဗုံးခွဲမှုတွေနဲ့ အစိုးရနဲ့ ပတ်သက်တယ်ဆိုတဲ့ ကောလဟာလတွေကြောင့် အသတ်ခံနေကြရပါတယ်။ (လူဦးရေ အချိုးအရ ပြန်ကြည့်ရင်တော့ သေဆုံးတဲ့ ဗုဒ္ဓဘာသာဝင် အရေအတွက်က ပိုများပါတယ်။) ဒါပေမယ့် ဘုန်းကြီးတိုင်း ဘုန်းကြီးတိုင်းက ဗလီတွေမှာ လက်နက်တွေ ဖွက်ထားတယ် ဒါမှမဟုတ် ဗလီဆရာတိုင်း သေနတ်ကိုင်ဆောင်ကြတယ်လို့ ပြောပါတယ်။ ”အစ္စလာမ်ဟာ အကြမ်းဖက်မှုကို အားပေးတဲ့ ဘာသာတစ်ခု ဖြစ်တယ်။ ဒါကို လူတိုင်းသိပါတယ်။” လို့ စစ်သားလူထွက် ဘုန်းကြီးဖြစ်သူ Phratong Jiratamo က ပြောပါတယ်။

    ဒီလိုသဘောထားဟာ မြန်မာဘင်လာဒင် ထောက်ခံမယ့် ရပ်တည်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုကို သူ့ရဲ့ ငြိမ်းချမ်းတဲ့ ဘာသာရေး နည်းလမ်းအရ ဘယ်လို လက်ခံနိုင်သလဲဆိုတာ စဉ်းစားမိပါတယ်။ ”ဗုဒ္ဓဘာသာမှာ ဦးဇင်းတို့ကနေ အကြမ်းဖက်လို့တော့ မရပါဘူး။ ဒါပေမယ့် ကိုယ့်အသိုင်းအဝိုင်းကို ကာကွယ်ပိုင်ခွင့် ရှိပါတယ်။” လို့ ဦးဇင်းက ပြောပါတယ်။ ညနေပိုင်းတွင် ဦးဝီရသူက တရားနာ ပရိသတ်တွေကို ဟောကြားရာတွင် ပြုံးရွှင်နေတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ အဖွားအိုတွေနဲ့ အခြားတရားနာ ပရိသတ်တွေကို သူ့နောက်ကနေ ရွတ်ဆိုခိုင်းတာကတော့ ”ဗမာလူမျိုးစုအတွက် အသက်ပေး စွန့်လွှတ်ပါမည်။” ပဲ ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှု စိတ်ဓာတ်ဟာ လူနည်းစုမှာသာ ကျန်ရှိနေပါတော့တယ်။ ၂၀၁၁ ခုနှစ်တုန်းက Lak Muang ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီး Watcharapong Suttha ဟာ စစ်သားတွေ ခြံရံပြီး မနက်ဆွမ်းခံ ကြွချိန်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ဘုန်းကြီးရဲ့ ခန္ဓာကိုယ် အောက်ပိုင်းဟာ ဗုံးဆံတွေကြောင့် အမာရွတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အခု အသက် ၂၉ နှစ်ရှိပြီး လူထွက်လိုက်တဲ့ အချိန်ထိတိုင်အောင် ကျီးကန်းတောင်းမှောက် မျက်လုံးတွေ၊ ချုပ်ရာအပြည့်နဲ့ ခန္ဓာကိုယ်တွေကြောင့် စိတ်ဖိစီးမှု ခံစားနေရပါတယ်။ ဒါပေမယ့် သူဒီလို တိုက်ခိုက်ခံရတဲ့အတွက် အစ္စလာမ်ဘာသာ တစ်ခုလုံးကို အပြစ်မတင်ပါဘူး။ ”အစ္စလာမ်ဆိုတာ ငြိမ်းချမ်းတဲ့ ဘာသာတစ်ခုပါ။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေ လိုပါပဲ။ မွတ်စလင်တွေကို အပြစ်တင်နေရင် သူတို့ကလည်း ကျွန်တော်တို့ကို အပြစ်ပြန်တင်မှာပဲ။ ဒီလိုဆိုရင် အကြမ်းဖက်မှု သံသရာ ဘယ်တော့မှ ဆုံးမှာမဟုတ်တော့ပါဘူး။” လို့ ပြောခဲ့ပါတယ်။

    • အာဂ

      June 22, 2013 at 5:17 pm

      ပြောဖို့မေ့သွားလို့ Eleven Media က ပိုစ်ဖြစ်ပါတယ်။

      • ခရီးသည်ကြီး

        June 22, 2013 at 11:51 pm

        ကိုအာဂ​ရေ
        ရှာ​ဖွေ ထုတ်​​ဖော်​​ပေးတာ ​ကျေးဇူးပါဗျ
        ​တွေး​တောနိုင်​ကြပါ​စေဗျာ

  • Mr. MarGa

    June 23, 2013 at 1:24 pm

    ခရီးသည်ကြီးရေ
    ဘယ်လိုပြောရပါ့
    အားလုံး ကောင်းပါသည်ခင်ဗျား ပေါ့ဗျာ

  • ကြက်အူလှည့်

    June 24, 2013 at 7:26 am

    ဂလိုနဲ့ပဲ ကျုပ်နဲ့ ထွီဇာလေး ဝေးဂျရဒေါ့မှာလားဗျာ..

  • KZ

    June 24, 2013 at 7:45 am

    ဒီ အိတ်ဖွင့်ပေးစာကို အရှင်ဘုရားမပြောနဲ့။
    သူ့ ဒကာ ဒကာမတွေ ကိုသွားပေးရင်တောင် ဆဲ လွှတ်ကိန်းမြင်ပါတယ်၊ ခရီးသည်ကြီးရယ်။ 🙁

    ကဗျာကတော့ အတော့ကို ကောင်းပါသည်။

Leave a Reply