ဟောဒီရွာမှာ မှတ်ပုံတင်ရတာ

၅လ ရှိလာ ဒီနေ့မှာ ၊

မကြာသေးဘူးဆိုပေမယ့်

တွေ့ခဲ့ကြတဲ့သူတိုင်းဟာ

ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ပါ၏ ၊

ထိမိလှသော စတိုင်ယာများ

ဖတ်သွားရတာ ကျေနပ်သလို

ပိုမိုလှပ ရိုက်ချက်ပြသော

ဓါတ်ပုံတောထဲ ငါခိုဝင်

လက်ဆော့ချင်လာ ကိုပေါက်ပမာ

ကဗျာတွေကလည်းဆန်းသစ်လွင်

ပြခန်းစဉ်လည်း လှပါရဲ့

မသိခဲ့ရတဲ့ နည်းပညာ

ကိုခိုင်မာရေ ကျေးဇူးပါ ၊

ထိုမှတစ်ခွင် ရသလွင်ပြင်

ကိုသော်ဇင်နဲ့အောင်မိုးသူ

သူတို့ရေးတာ ရင်လာမှန်၏၊

ကြက်အူလှည့်သည့် ဟိုဆရာ

ရေးတတ်လိုက်တာ လွန်ပါလေရော

ဆေးသဘောမှာတော့ ဆရာခ

ရှင်းပြခဲ့တာ ကျေးဇူးပါ ၊

ထိုမှတစ်ခါ လူ့ရွာလောက

ဖြစ်တတ်သမျှ ရေးခဲ့ပါသော

တောကမဟုတ်သည့် လုံမမေ

တီအမ်အေ နှင့် မဝေဝေ

ရင်ငြိမ်းနွေနှင့် ကိုမောင်ပေ

သူတို့တွေ၏ အားထုတ်မှု

ဗဟုသုတတွေ ရပါသလေ

ကေဇက်နဲ့ အံဇာ အလင်းဆက်လည်းပါသော

ကဗျာတောမှာ ရနံ့စုံလှတာ

ချီးကျူးထိုက်စွာ မဟုတ်ပါလား ၊

သဂျားအမည်ရ မောင်မာဃ

ရွာရေးတွက်တာ တီပဒုမ္မာနှင့်

သိုင်းကာဝိုင်းကာ ရှိနေသည်ကို

ကျေးဇူးထိုထို ထပ်တင်ပါ၏ ၊

ထိုမျှမက ရွာထဲမှာ

တတ်သည့်ပညာ မနေသာ

အများတကာ သိပါစေကြောင်း

ကောင်း၏စိတ်ထား ရင်တွင်ပွား၍

နေ့စဉ်အမျှ တင်ပြကာနေ

ရွာသားများနှင့် ရွာသူတွေ

စိတ်ချမ်းသာစေ ဆုပန်ချွေလျက်

သက်ဆုံးတိုင်စွာ လန်းစေရာ ။

( ရွာသားဘဝ ၅ လပြည့် အမှတ်တရ ) ၂၂ – ၆ – ၁၃

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..