၅လမျှ ကြာသောအခါ

ဟောဒီရွာမှာ မှတ်ပုံတင်ရတာ

၅လ ရှိလာ ဒီနေ့မှာ ၊

မကြာသေးဘူးဆိုပေမယ့်

တွေ့ခဲ့ကြတဲ့သူတိုင်းဟာ

ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ပါ၏ ၊

ထိမိလှသော စတိုင်ယာများ

ဖတ်သွားရတာ ကျေနပ်သလို

ပိုမိုလှပ ရိုက်ချက်ပြသော

ဓါတ်ပုံတောထဲ ငါခိုဝင်

လက်ဆော့ချင်လာ ကိုပေါက်ပမာ

ကဗျာတွေကလည်းဆန်းသစ်လွင်

ပြခန်းစဉ်လည်း လှပါရဲ့

မသိခဲ့ရတဲ့ နည်းပညာ

ကိုခိုင်မာရေ ကျေးဇူးပါ ၊

ထိုမှတစ်ခွင် ရသလွင်ပြင်

ကိုသော်ဇင်နဲ့အောင်မိုးသူ

သူတို့ရေးတာ ရင်လာမှန်၏၊

ကြက်အူလှည့်သည့် ဟိုဆရာ

ရေးတတ်လိုက်တာ လွန်ပါလေရော

ဆေးသဘောမှာတော့ ဆရာခ

ရှင်းပြခဲ့တာ ကျေးဇူးပါ ၊

ထိုမှတစ်ခါ လူ့ရွာလောက

ဖြစ်တတ်သမျှ ရေးခဲ့ပါသော

တောကမဟုတ်သည့် လုံမမေ

တီအမ်အေ နှင့် မဝေဝေ

ရင်ငြိမ်းနွေနှင့် ကိုမောင်ပေ

သူတို့တွေ၏ အားထုတ်မှု

ဗဟုသုတတွေ ရပါသလေ

ကေဇက်နဲ့ အံဇာ အလင်းဆက်လည်းပါသော

ကဗျာတောမှာ ရနံ့စုံလှတာ

ချီးကျူးထိုက်စွာ မဟုတ်ပါလား ၊

သဂျားအမည်ရ မောင်မာဃ

ရွာရေးတွက်တာ တီပဒုမ္မာနှင့်

သိုင်းကာဝိုင်းကာ ရှိနေသည်ကို

ကျေးဇူးထိုထို ထပ်တင်ပါ၏ ၊

ထိုမျှမက ရွာထဲမှာ

တတ်သည့်ပညာ မနေသာ

အများတကာ သိပါစေကြောင်း

ကောင်း၏စိတ်ထား ရင်တွင်ပွား၍

နေ့စဉ်အမျှ တင်ပြကာနေ

ရွာသားများနှင့် ရွာသူတွေ

စိတ်ချမ်းသာစေ ဆုပန်ချွေလျက်

သက်ဆုံးတိုင်စွာ လန်းစေရာ ။

( ရွာသားဘဝ ၅ လပြည့် အမှတ်တရ ) ၂၂ – ၆ – ၁၃

16 comments

  • ဦးကြောင်ကြီး

    June 22, 2013 at 10:17 am

    ငါးလပြည့်
    နွားမခွေ့
    ယားပါ့အေ့
    စားရပေ့
    ငှားခမေ့
    ခါးလှစေ့
    ညားကတေ့
    အားစဖြည့်..။

  • may july

    June 22, 2013 at 10:37 am

    ဒီလို ရွာသူရွာသားတွေ စည်းလုံးမှုရအောင် ပျော်ရွှင်မှုတွေရအောင် ဖန်တီး ဆောင်ရွက်ပေးသော ..
    ရွာသူကြီး ဦးခိုင် ကို ကျေးဇူးတင်ရှိပါကြောင်းးးးလေး အဲဒါ… အဲဒါ … :hee:

  • kyeemite

    June 22, 2013 at 11:38 am

    ငါးလဆိုအာထရာဆောင်းရိုက်ကြည့်လို့ရပီဗျ…ေွိ 😆

    • Myo Thant

      June 22, 2013 at 12:07 pm

      ကိုကြီးမိုက်တို့ကတော့လုပ်ပြီ

      စကားမစပ် လဆန်းရက်လောက်တွေ့ရအောင်ဗျာ
      ဘာရယ်မဟုတ် ရောက်တတ်ရာရာပေါ့
      ဟိုတလောက ကိုဘလက်နဲ့ ရုံးဝင်းထဲမှာ ဆုံသေးတယ်
      သွေးတိုးနေလို့တဲ့ ၊ မေးလိုက်ပါဦး ကိုမိုက်ရေ ။

  • အလင်း ဆက်

    June 22, 2013 at 6:22 pm

    အဟိ ။
    ပျော် လိုက်တာ
    ကျွန်တော် တို ့ပြခန်းလေး အကြောင်း လည်း ပါ တာ ကိုးးး

    လေးလေးရေ

    တကယ် ကြည် နူးစရာ စာပဒေသာ လေး
    ဖတ် မှတ် သွား တယ် ဗျို ့

  • သခင် mobile

    June 22, 2013 at 6:49 pm

    ဂဗျာစပ်ထားတာ အိုက်ဒီယာ လန်းလှချည်လားဗျ…
    ယောက္ခဖ (အူးပဇင်းစဂါးဆိုလား) ဂျီးတော်လိုက်တာဗျာ…..
    ++++++++++++++++++
    ငါးလရှိပီဆိုရင် အထိုင်အထ အသွားအလာ ဆင်ခြင်သင့်ပီ……

  • KZ

    June 22, 2013 at 7:20 pm

    မမေ့မလျော့ သတိတရ ပြောသွားလို့ ကျေးဇူးပါနော့။
    ကိုမျိုးသန့်ရဲ့ ရေးလက်ကိုလည်း အားကျမိပါတယ်။ 🙂

  • TNA

    June 24, 2013 at 8:02 am

    မီးမီးနာမည်ပါတယ်တော့။ သတိထားမိလို့ ကျေးဇူးပါ။ တရပ်ကွက်သားချင်းမို့ ဒို့ရပ်ကွက်သားတွေစုပီး ပါတီထောင်ရင်ကောင်းမယ်လားလို့။ အိအိဟားးးးးးးးးးးးးးးးး။

  • Ma Ei

    June 24, 2013 at 11:05 am

    ရွာသားသက် ၅ လမှာ
    ပို့စ်တွေအများကြီးတင်နိုင်တာ
    ချီးကျူးပါတယ်နော်….

  • e tone

    June 24, 2013 at 11:24 am

    ငါးလပြည့်တဲ့ အထိမ်းမှတ် သားလေးပေးပါလားဟင် …. 😳

    • Myo Thant

      June 24, 2013 at 11:26 am

      သားရှင် ဘဝက တယ်မျက်နှာကြီးပါလားကွယ် 🙂

  • ဪ ..
    ဘာလိုလိုနဲ့ ငါးလတောင် ပြည့်ခဲ့ဘီဂိုးးး
    အချိန်တွေ အကုန်မြန်လိုက်တာ …
    ဂလောက် မြန်တာတောင်
    ကြိုက်နေတဲ့ တောင်မလေးဂ အဖြေ မပေးဒေးဝူးကွာ …
    ဒီကောင်မှာ ဘာအပြစ်တွေများ ရှိလို့ဒုန်းကွာ … :mrgreen:

    • KZ

      June 24, 2013 at 11:47 am

      သွားတစ်ချောင်းကျိုးနေတာကိုးးးးးး :mrgreen:

      • တိန် !!!
        ဒါဆို မဖြစ်ချေဘူး …
        ဘဘအံ သွားစိုက်ဆြာဝံဆီ သွားဒေါ့မယ် ..
        စပါယ်ချယ် စိန်သွား တပ်ပလိုက်မယ် …. :mrgreen:

  • ကြက်အူလှည့်

    June 24, 2013 at 11:51 am

    တားတားကို တခုတ်တရ ထည့်သွင်းဖော်ပြထားလို့ ကျေးကျေးပါ ဘဘ…
    တားတား ဘောဆောင်းပါးရေးဖစ်တဲ့အခါ ဘဘဒို့ ဂျာနယ်ကို ပို့ပယဇီ ခည…။
    ဟိုအိုင်ခူး ဆိုသူယီးက Sports ဆိုတဲ့ ကတ်တစ်ဂိုရီတောင် လုပ်ပေးတာမှုတ်ဖူး
    သူ့ဆီဒေါ့မတင်ချင်ဘူး (အဟိ.. အကွက်ဝင်တုန်း)
    တားတား …ကာတီနာချို အကြောင်း ပဲဖစ်ဖစ် သွားလေသူ ဒေးဗစ်ကြက်ကန်းအကြောင်းပဲ ဖစ်ဖစ် ရေးပို့ဘာ့မယ်ခည..
    အူးလေး ဆာလုံးဗောင်းတော့ စစ်ရမယ် …
    ကွိကွိ

    :mrgreen:

    • Myo Thant

      June 24, 2013 at 12:51 pm

      နာ့ကိုများ ဘဘ တဲ့ ၊
      သူကလေး ( အဲ အဲ ရွာထဲက သူကလေးဟုတ်ဖူးနော် ) ကတောင် ဦး လို့ပဲခေါ်တာ 🙂

      ပြီးတော့ နာက ဂျာနယ်ကဟုတ်ဘူး

      http://www.myanmargoal.com
      http://www.yatanarpon.com.mm/sports/
      အဲဒီဝက်ဘ်ဆိုက်တွေရဲ့ အယ်ဒီတာ

      တိပြီနော် ( ကြုံတုန်းကြော်ငြာတာ ) 🙂 🙂 🙂

Leave a Reply