ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၀)

စာပေ

“စာပေသက်သက် ထက်လက်တွေ့ဘဝက ပိ ုအရေးကြီ းတယ်” ဟုနွ ားကျောင် းသားလေးတစ်ဦးက ပြော၏ ။

(သူ့ စကားမဟု တ်ချေ)

“အေး…အဲဒီအကြောင် းကို စာတွေပေတွေ ထဲမှာ  ငါ ဖတ် ဖူ းတယ်” ဟုပါမောက္ခ ကြီ းက ပြန်ဖြေသည်။

တာရာမင်းဝေ

===========================================

 

စာအုပ်များနှင့် ကျွန်တော်..

စာအုပ်များနှင့် ကျွန်တော်..

စာတွေ ့ထက် လက်တွေ ့က ပို အရေးကြီးတယ်ဆိုပြီး  စာ သမား ကို သရော်လှောင်ပြောင် /  ထိုးနှက်တိုက်ခိုက်တတ်တဲ့ လူတွေ အများကြီး တွေ ့ဖူးပါရဲ့ ။

လက်တွေ ့ဘဝမှာ   စာဖတ်ခြင်းက ရတဲ့ အတွေး အမြင်တွေ ဗဟုသုတတွေ ဟာ ဘယ်လောက်ထိ  အရေးပါတယ်ဆိုတာကို  မသိနိုင်တဲ့ လူတွေက ပြောကြတယ် ။

စာ တွေ ့ထက် လက်တွေ ့က ပိုအရေးကြီးတယ် တဲ့။ 

တကယ်တော့  စာဖတ်ခြင်းက ရမယ့် အကျိုးကျေးဇူးတွေ ကို သူတို ့မသိနိုင်ဘူး ။

စာဖတ်ခြင်းဟာ ဗဟုသုတနဲ့ အတွေး အမြင်တွေ / သင်ခန်းစာတွေ ရနိုင်တယ် ။

ဒါ့အပြင်  ကြည်နူးစွာ ခံစား သိ နိုင်တဲ့ရသ (ရသကိုးပါးပေါ့) ရနိုင်သေးတယ် ။

မြန်မာ ဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ် ။

တခြား ဘာမှ မရဘူးဆိုရင်တောင်  မြန်မာစာ အရေးအသားတွေ တိုးတက်လာနိုင်မယ်။

ပြီးတော့ မြန်မာစကားကို  ပိုင်ပိုင်နိုင်နိုင် ချက်ကျလက်ကျ ပြောတတ်လာမယ် ။

ဒီထက်မကတဲ့  အကျိုးကျေးဇူးတွေလည်း စာအုပ်ထဲက ရနိုင်ပါသေးတယ်။

=========================================

စာအုပ်ထဲက ဘာကို ယူသင့်သလဲ ။ ဘာကို မယူသင့်ဘူးလဲ ဆိုတာတော့ ကိုယ့်အသိဉာဏ် ကို အားကိုးပြီး ရွေးရမှာ။

(ဒါကလည်း  စာတွေ ဖတ်ရင်းနဲ့ကိုပဲ တဆင့်ပြီး တဆင့်မြင့်လာပြီး  ဖတ်သင့်တဲ့စာအုပ်ကို ဖတ်လာမယ်။ ယူသင့်တဲ့ အချက်ကို ရွေးယူတတ်လာမယ်လေ။)

မဖတ်သင့်တဲ့ စာအုပ်ထဲက မယူသင့်တဲ့အရာကို ယူတာကတော့ ကိုယ့် ဗီဇနဲ့ကိုယ်/ ကိုယ့်မိုက်မဲမှုနဲ့ ကိုယ်ပေါ့။

ကောင်းပြီ ။

စာဖတ်ပါ ။

ဖတ်ပြီး  ဖတ်သမျှထဲက မှတ်သားသင့်တာ မှတ်သား ။

လိုက်နာ ကျင့်သုံးသင့်တာကို ကျင့်သုံး ။

အဲဒါလည်း  ကိုယ့်တာဝန်ပဲ ။

ဖတ်သင့်တဲ့ စာအုပ်ထဲက ယူသင့်လို့ ့ယူလိုက်တဲ့ အရာကို သုံးသင့်တဲ ့ နေရာမှာ  ထုတ်သုံးတတ်ဖို ့တော့ လိုပါတယ် ။့

( ၁ ) စာလည်း ဖတ်တယ် ။ ဖတ်သမျှ ထဲက ယူသင့်တဲ့ ဗဟုသုတနဲ့ အတွေး အမြင်တွေကို လက်တွေ ့ ဘဝ မှာလည်း စနစ်တကျ ထုတ်သုံးတတ်တဲ့ သူ 

( ၂ )  စာတွေ ့ထက် လက်တွေ ့က ပို အရေးကြီးတယ် ဆိုပြီး  စာ လုံးဝ မဖတ်ပဲ လက်တွေ ့ဘဝ ကို ဖြတ်သန်းတဲ့ လူ ။

( ၃ )   စာဖတ် စာရေးခြင်းကိုပဲ စိတ်ဝင်စားပြီး လက်တွေ ့ဘဝ ထဲမှာ  စာပေသမားအဖြစ်ပဲ  သီးသန် ့နေထိုင်တဲ့ စာသမား မှ စာသမားတွေလည်း ရှိတယ် ။

စာသမားဟာ တခြား အပိုင်းမှာ အားနည်းချင်နည်းနေမယ်။ အတွေးအခေါ်နဲ ့ရသ ခံစားမှုပိုင်းမှာတော့  …..သူများထက် သာပါတယ်။

—————————————

ကျွန်တော် နံပါတ် တစ် ဖြစ်ချင်တယ် ။

======================

ကျွန်တော် ကိုယ်တိုင်ကတော့ စာပေက ရတဲ့ အကျိုး  ရလဒ်တွေကို ပိုးစိုးပက်စက်  ယုံကြည်ပါတယ်။

ကျွန်တော်  ကားမောင်းသင်တုန်းက  လက်တွေ့ ့မသင်ခင်မှာ ကားမောင်းနှင်နည်း နဲ့  ကားစက်ပိုင်း ဆိုင်ရာ အလုပ်လုပ်ပုံ အဆင့်ဆင့် ရေးထားတဲ့  စာအုပ်တွေကို

ရှာ ဖတ်ပါတယ် ။

ကားမောင်း သင်တန်း   တွေမှာ သင်တန်းသားတွေကို ပေးတဲ့  သင်ရိုးစာအုပ် သဘောမျိုးတွေကို  အရင်က တတ်ဖူးတဲ့ မိတ်ဆွေ တွေဆီက တောင်း ဖတ် တယ်။

ကညန ကသတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ စာအုပ်တွေကိုလည်း  ရှာဖွေ ဖတ်ရှု လိုက်ပါတယ်။

စာတွေ ့အနေနဲ ့ ဂီယာ ဘယ်လို ထိုးရတယ် ၊   ဘရိတ် ဘယ်လို နင်းရတယ်  ၊  လီဗာ ဘယ်လို နင်း ရတယ် ….စသည်ဖြင့်  သိ ထားပြီးမှ  ကားမောင်း လက်တွေ ့ သင်ခဲ့တယ်  ။

ကျွန်တော် ဖတ်မှတ် လေ့လာပြီး မှ လက်တွေ ့သင်တဲ့အခါ မှာ…….

ဖတ် မှတ်ထားတဲ့  အသိ အမြင်တွေ ကြောင့်  လွယ်လွယ်ကူကူနဲ ့ခဏလေးနဲ ့မောင်းတတ်သွားပါတယ်။

ကားကို တည်ငြိမ်အောင်နိုင်နိုင်နင်းနင်းမောင်းနိုင်ချိန်မှာပဲ မြို့ ထဲ လမ်းတွေ ဘက်အထိ အမောင်း ထွက်သင်ခဲ့နိုင်ပါတယ်။

ရန်ကင်းစင်တာ ဘေး တွေ အောက်တွေ ဟိုဝင် ဒီထွက် လုပ် လိုက် …

လမ်းဘေးဈေးကလေး ထဲ မောင်းဝင်သွားလိုက်…..

အဲဒီ အထိ မောင်းနိုင်သွားပါတယ်။

အသက်တော့ မရှုရဲဘူးပေါ့…။  :mrgreen: :mrgreen:

ဘေးက သင်ပေးတဲ့ဆရာကတောင် အံ့ဩ နေပါတယ်။

ကလပ် / ဘရိတ် / လီဗာ တွေ …..ဂီယာ တွေ  ဘယ်လို ချိတ်ဆက် အလုပ် လုပ်တယ်ဆိုတာ ကျွန်တော် သိနေလို ့။

ကား မောင်းတတ်ရဲ့ သားနဲ့လာသင်တယ် လို ့တောင်  ထင်သွားတယ် ။

————————————

တာရာမင်းဝေ အလွမ်းပြေ

တာရာမင်းဝေ အလွမ်းပြေ

====================

တကယ်တော့ စာပေ ဆိုတာ………….

ကြည်နူးနှစ်သက် စရာ အနုပညာရပ်တစ်ခုလည်း ဖြစ်သလို………….

ဘဝ ခရီးလမ်းအတွက် လိုအပ်တဲ့ အလင်းရောင်လည်း  ဖြစ်ပါတယ် ။

စာပေနဲ့ဝေးတဲ ့ လူရဲ့ ဘဝ ဟာ…….

မှောင်မှောင်မည်းမည်း  ခရီးထဲ  အလင်းရောင်ကင်းမဲ့ ပြီး ခလုပ်တသင်းတွေကြောင့် လဲ ကျ ဖို့ ့အလားအလာ ရှိပါတယ် ။

========================

စာပေဟာ  နိုင်ငံ့ ယဉ်ကျေးမှု …

စာပေဟာ  နိုင်ငံ့ သမိုင်း ………

စာပေဟာ  နိုင်ငံ့ အနုပညာ …..

စာပေ ဟာ နိုင်ငံ့  အဆင့်အတန်း …

စာပေဟာ   နိုင်ငံ့ အလင်းရောင် …

စာပေဟာ   နိုင်ငံ့ အသိပညာ …

စာပေ ဟာ  နိုင်ငံ့ အတွေးအခေါ်မြော်မြင်နိုင်စွမ်းး …

စာပေဟာ  အနာဂတ်ရဲ့ လမ်းပြသူ …

စာပေဟာ ပစ္စုပ္ပန် ရဲ ့တန်ဖိုး  …..

စာပေဟာ   အတိတ်ရဲ့ သမိုင်းအစဉ်အလာ မှတ်တမ်းမှတ်ရာ ….

ခပ်ပြတ်ပြတ်ပြော ရရင်တော့ စာပေ မြ ှင့်မှ လူမျိုး တင့်မယ် ။

(ဒါကြောင့် စာပေ ကို မြှင့် ရ မယ် ။ )

========-=========

ဒါတွေကို …

စာဖတ်ခြင်းကို သရော် လှောင်ပြောင်တတ်တဲ့  ထိုးနှက် တိုက်ခိုက် ချင်တတ်တဲ့ ပုဂိ္ဂုလ်တွေ ( လက်တွေ ့သမား ဆိုသူတွေ ) ကို သိစေချင်တာပါ ။

စာတွေ ့က်ို အထင်သေး ရှုတ်ချ တတ်သူတွေ ကို သိစေချင်လို့ပါ ။

================

================

 

လက်တွေ ့ဘဝမှာ  စာပေဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ ကို ဆက်တွေးစေခဲ့တဲ့….

တာရာမင်းဝေရဲ့ စာပေဆိုတဲ့ ဝတ္ထု တိုလေး ဖတ်ပြီးတဲ့အချိန်မှာ  …..

ကျွန်တော် ဆက်တွေးမိတဲ့ အတွေးတွေပါ ။

လေးစားစွာဖြင့်

 

အလင်းဆက်

alinsett.art@gmail.com

————–

စာပေ ကို ချစ်မြတ်နိုးခြင်း

စာပေ ကို ချစ်မြတ်နိုးခြင်း

==============

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉ရ / နိုဝင်ဘာလထုတ်

 

===============================

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…

အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

 

 

 

 

About alinsett

alinsett has written 615 post in this Website..

. . .