သန်းခေါင်ညတွင်မကောက်ဖြစ်သော သန်းခေါင်စာရင်း(အမေရိကန်ပြည်ထောင်စု)

kaiFebruary 27, 20101min1063

လာမည့်မတ်လတွင် စတင်ပေးပို ့တော့မည် သန်းခေါင်စာရင်းအတွက် လှုပ်ရှားမှုတချို ့မှဓါတ်ပုံကို တင်ပေးလိုက်ပါသည်။
ပုံမှာ BASES (Burmese Engineering) မှ ထမနဲပွဲ ဇန်နဝါရီ ၃၁ က အယ်လ်အေ။ လပွန်းတီဘုန်းကြီးကျောင်းတွင် ပြုလုပ်စဉ် ရိုက်ကူးထားသော ပုံဖြစ်ပါသည်။

သန်းခေါင်စာရင်းဆိုသည်မှ ညနက် သန်းခေါင်အိမ်ထောင်စုဝင်အားလုံးအိမ်တွင်ရှိနေချိန် လိုက်လံကောက်ယူစာရင်းပြုလုပ်သဖြင့် သန်းခေါင်းစာရင်းခေါ်သည်ဟုမှတ်ဖူးပါသည်။
ယခု အမေရိက၏ သန်းခေါင်စာရင်းမှာမူ အလွန်လွယ်ကူသော ဖေါင်ပုံစံဖြည့်ယူရုံသာဖြစ်သည်။ အဆိုပါဖေါင် ပုံစံကို အိမ်ထောင်စုတိုင်း။ လိပ်စာတိုင်းသို့ အစိုးရမှ လာမည့်မတ်လမှစတင်ကာ ပို ့မည်ဆိုပါသည်။
အချို ့သော မြန်မာတိုင်းရင်းသားများမှာ မိမိတို့တိုင်းရင်းသား အမည်ကိုသာ ဖြည့်စွက်ရန်လှုပ်ရှားမှုများပြုလုပ်နေကြောင်းကြားသိရပါသော်လည်း အဆိုပါဖေါင်တွင် BURMESE ဟုသာဖြည့်ကြပါရန် မန္တလေးဂေဇက်မှ တိုက်တွန်းမည်ဖြစ်ပြီး ယခုလထုတ်သတင်းစာတွင်လည်း တိုက်တွန်းဖေါ်ပြမည်ဖြစ်ပါသည်။

အမေရိက၏ သန်းခေါင်စာရင်းမှာ ၁ဝ နှစ်၁ကြိမ်ကောက်ခံနေရာ ပြီးခဲ့သည့် ၂၀၀ဝ ပြည့်နှစ်က တကြိမ်ကောက်ခဲ့ပြီးဖြစ်သည်။ ထိုစဉ်က မြန်မာဇာတိနွယ်များမှာ လေဆိပ်အဝင် လူဝင်မှုကြီးကြပ်ရေးစာရင်းအရ နေထိုင်သူ ၅သောင်းနီးပါးမျှရှိသော်လည်း သန်းခေါင်စာရင်းအရမူ ၂သောင်းနီးပါးသာ ဖြည့်စွက်ကြကြောင်းသိရှိရသည်။ယခုနှစ်တွင် နယ်စပ်ဒေသများမှ ပြောင်းခိုသူများRefugee ၆သောင်းခန် ့ရှိနေပြီး လူဝင်မှုစာရင်းမျးအရ ၂သိန်းနီးပါးမျှသော မြန်မာများ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသည် ခန် ့မှန်းရပါသည်။

အောက်တွင် ဂျပန်နိုင်ငံနေ မြန်မာစာရင်းကို မိုးသောက်ကြယ်စာစောင်မှ ဘာသာပြန်စုဆောင်းထားရာ ၎င်းကို ကော်ပီကူးဖေါ်ပြလိုက်ပါသည်။
အထက်ပါသတင်းနှင့်မည်သို့မျှမသက်ဆိုင်ပါသော်လည်း သိသာစေရန်သာဖြစ်သည်။

===

ဂျပန်တွင် မြန်မာနိုင်ငံသား ၇,၇၈၉ ဦးရှိကြောင်း တရားရေးဌာနမှစာရင်းထုတ်ပြန်

မိမိတို့ရရှိထားသည့် နေထိုင်ခွင့် ဗီဇာအမျိုးအစားအလိုက် နိုင် ငံခြားမှတ်ပုံတင်ပြီး ဂျပန်နိုင်ငံနေရာအနှံ့တွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား ၇,၇၈၉ ဦး ရှိကြောင်း ဂျပန်တရားရေးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရသိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်စာရင်းများအရ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား ၂,၂၁၇,၄၂၆ ရှိပြီး၊ အဆိုပါအရေအတွက်မှာ ယမန်နှစ်စာရင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၆၆,၄၅၃ ဦး များပြားလာခဲ့ကြောင်း သိရှိရသည်။(မြန်မာလူမျိုးမှာလည်း ယမန်နှစ်ထက် ၁,ဝ၅၄ ဦး တိုးပွားလာခဲ့သည်။
အာရှနိုင်ငံသားမှာ ၁,၆၇ဝ,၁၅ဝ ဦးရှိ ၍ ဥရောပနိုင်ငံများမှ ၆၁,၈၇၅ ဦး၊ အာဖရိကနိုင်ငံများမှ ၁၂,ဝ၃၉ ဦး၊ မြောက်အမေရိကားတိုက် နိုင်ငံများမှ ၆၇,၇၂၉ ဦး၊ တောင် အမေရိကားတိုက်နိုင်ငံများမှ ၃၈၉,၃၉၉ ဦး၊ ဩစတြေးလျ တိုက်နိုင်ငံများမှ ၁၄,၇ဝ၉ ဦးနှင့် နိုင်ငံမဲ့အဖြစ် ဂျပန်နိုင်ငံတွင်နေ ထိုင်နေသူ ၁,၅၂၅ ဦးတို့ဖြစ် သည်။
မြန်မာလူမျိုး ၇,၇၈၉ ဦးထဲတွင် အမျိုးသား ၄,၄၄၁ ဦး၊ နှင့် အမျိုးသမီး ၃,၃၄၈ ဦးဖြစ်သည်။ မွေးကင်းစမှ အသက် ၈ဝ ကျော်အရွယ်အထိ ယောကျာင်္း-မိန်းမ ဦးရေကို အသက်အရွယ် အလိုက်ဖော်ပြထားပြီး နေထိုင်ခွင့်ဗီဇာအမျိုးအစားအလိုက် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြုလုပ်ပြီး ရောက်ရှိနေထိုင်သူစာရင်းအလိုက် ခွဲခြားသတ်မှတ်ဖော်ပြထားသေးသည်။
ထူးခြားချက်မှာ ဒုက္ခသည်လျှောက်ထားသူ မြန်မာလူမျိုးများကို တိုင်းပြည်အခြေအနေတည်ငြိမ်မှုမရှိသဖြင့် အထူးနေထိုင်ခွင့်(Designated Activities Visa)ဂျပန်ရောက် မြန်မာများအခေါ် `တော့ခုတေးခဆုဒိုးဗီဇာ`ရရှိထားသူ ၁၃၀ရ ဦးရှိကြောင်း သိရပြီး အဆိုပါအရေအတွက်မှာ ယမန်နှစ်ထက် ထက်ဝက်ကျော်များလာခြင်းပင်ဖြစ်သည်။
http://www.moethaukkye.co.cc/2010/02/blog-post_26.html

===

3 comments

  • မောင်မိုးညို

    March 2, 2010 at 8:39 pm

    သမိုင်းနှင့်ချီ၍ရှိခဲ့သောလူမျိုးရေးအမြင်မကြည်လင်မှုကိုအဆုံးသတ်ရန်ယနေ့အထိမည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်တို့ကကြိုးစားခဲ့ခြင်းမရှိပါ။ ပို၍ဝမ်းနဲဘွယ်ကောင်းသည်မှာ၊ ရင်ကြားစေ့ပေးရန်နည်းလမ်းရှာရမည့်အစား သပ်လျှိုသင်းခွဲမှုများသာရှင်သန်နေဆဲဖြစ်သည်။ ကြားဝင်ဖြေရှင်းသူတို့သာနောက်ဆုံးလက်မြှောက်ကြရသည်။ ကိုယ်တရားခံမဖြစ်အောင်ပင် ရှောင်းကွင်းပေးရသည်။ “ပြည်ထောင်စုစိတ်ဓါတ်” ဟူသောဝေါဟာရသည်ကျွန်ုပ်တို့မြန်မာအားလုံး၏အားနဲချက်ကိုအမှန်တကယ်ပင်စိမ်ခေါ်နေပါသည်။ ကျဉ်းမြောင်းသောလူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်သည်ဟူသောစကားကိုလက်ကိုင်ပြုကြသူတိုင်းကိုယ်ရောတကယ်အပြောနဲ့အလုပ်ကိုက်ရဲ့လားဟုဆန်းစစ်ကြပါ။ နှစ်ယောက်ရှိလျင်အဖွဲ့သုံးဖွဲ့ထောင်သောဒီမိုကရေစီခေတ်ကိုပြီးခဲ့သော ၁၉၉ဝ ရွေးကောက်ပွဲကာလကသက်သေပြနေသည်မဟုတ်ပါလား။
    လာမည့် CENSUS 2010 ကားကျွန်ုပ်တို့ မြန်မာအားလုံးအတွက်မရမနေအခွင့်ရေးယူရမည့်ကာလဖြစ်သည်။ တွေးကြည့်ကြပါ – federal နှင့် state အစိုးရနှင့်အဖွဲ့အစည်းများကထုတ်ပြန်သော စာရွက်စာတမ်းပုံစံများတွင် ‘မြန်မာ’စကားလုံးများတွေ့လာကြမည်။ အရေးပါသောနိုင်ငံသားပြုမှုမှအစဆေးရုံ၊ကျောင်း၊ဌာနများတွင်မြန်မာစကားပြန်များအဆင်သင့်ရလာနိုင်မည်။ နောင်ရောက်ရှီလာမည့်မြန်မာနိုင်ငံသားများအပါအဝင် Burmese community အတွက်ဘတ်ဂျက်ခွဲဝေသတ်မှတ်မှုနှင့်အတူအထောက်အပံ့များသီးသန့်ရှီလာနိုင်မည်။ အဆုံးဆိုရလျင်ကိုယ့်တိုင်းပြည်ကလည်းတန်ဘိုးမထား၊ပြည်ပရောက်ပြန်တော့လည်းနေရမရသော’မိအေးနှစ်ခါနာ’ဘဝကိုအဆုံးသတ်ကြဘို့လိုပါသည်။
    ကိုယ်ကဗမာ၊သူကကရင်၊တို့ကတော့ချင်းတွေဆိုသော’ပညတ်’များနှင့်ကျောင်းတော်ကရန်စများကိုအတိတ်မှာထားခဲ့ကြပါစိုဟုနှိုးဆော်လိုက်ရပါသည်။

  • Bo Htake

    March 29, 2010 at 6:26 am

    သန်းခေါင်စာရင်းနဲ့ပတ်သက်လို့ အမေရိကားက လုပ်ပုံကတော့ အတုယူ ထိုက်ပါပေတယ်။ သူတို့က ဒီမိုကရေစီအစိုးရဆိုတော့ ပြည့်သူ့အခွင့်အရေးကို ကြည့်မှာပေါ့။ မြန်မာပြည်မှာတော့ ပြည်သူတွေ အိပ်စက်အနားယူအကောင်းဆုံး အချိန်ကို ဖျက်ပြီး စစ်ဆေးရတာကို အလုပ်ကြီးတခုလိုသဘာထားပြီးလုပ်နေကြ တယ်။ အိပ်စက်အနားယူခြင်းဆိုတာ သဘာဝကပေးထားတဲ့ လူ့အခွင့်အရေး ဆိုတာတောင် နားမလည်ကြတဲ့ လူ့wd&pämef တွေ။
    နောက်တခု ဝေဖန်ချင်တာက အခု Comment ကဏ္ဍမှာ မောင်မိုးညို ပေးထားတဲ့ Comment က သန်းခေါင်စာရင်းကိစ နဲ့လည်းမပသတ်သူး။ ရွေးကောက်ပွဲကို ဇွတ်ရော၊ အတင်းရော လက်ခံခိုင်းသလိုဖြစ်နေပြီ။ သူက ၉ဝ ခုနှစ် ရွေးကောက်ပွဲ ကိုလည်းထည့်ပြောသေးတယ်။ ၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်လျက်သားနဲ့ မပေးတာဘယ်သူလဲ။ အဲ့ဒါကိုလည်းထည့် ပြောဦးလေ။ နှစ်ယောက်ရှိရင် သုံးဖွဲ့ထောင်ချင်တယ်လို့လည်းပြောတယ်။ အဲ့ဒီလိုဖြစ်အောင်ကို သပ်လျှိုနည်းတမျိုး၊ ခြိမ်းခြောက်နည်းတမျိုး၊ လာဘ်ပေးနည်းတမျိုးနဲ့ စစ်အစိုးရက လုပ်နေတာလည်းကြည့်လေ။ နောက်တခု သူပြောတာက မြန်မာအားလုံးအတွက် မရမနေ အခွင့်အရေး ရယူရမည့်ကာလတဲ့။ ဘာအခွင့်အရေးလဲ။ စာချုပ်စာတမ်းနဲ့ကျွန်ဖြစ်ရမယ့် အခွင့်အရေးလား။
    ရွေးကောက်ပွဲကောင်းကြောင်းရေးချင်ရင်လည်း၊ ဆိုင်တဲ့နေရာတွေ့မှ ရေးပါလား။ အခု ဘာမှမဆိုင်တဲ့ အမေရိကားကသန်းခေါင်စာရင်း ဆောင်းပါး ရဲ့ Comment နေရာမှာလာရေးတာကတော့ လွန်လွန်းပါတယ်။ ကြည့်ကြပ်လည်းလုပါဦး။ ကိုမိုးညိုရယ် . . . . . . . .

  • susunosuki

    April 19, 2010 at 9:50 am

    ကျွန်တော်တို့ဆီမှာလည်း နှစ်ဦးပိုင်းလောက်က နယ်ဘက်တွေ ကို ကောက်ယူတယ်ပြောတယ်
    အိမ်တိုင်ရာရောက်တော့မဟုတ်ဘူး
    သူကြီး ဒါမှမဟုတ် ရပ်ကွက်လူကြီး အိမ်မှာ လူတွေ စုပြီးကောက်တာ…

Leave a Reply