ပိန္နဲသီးစားပြီးသူများပါးလက်သုပ်နေသောသံတွဲမြို့စည်ပင်သာယာရေးအဖွဲ့ ဈေးကော်မတီနှင့် ဈေးကန်ထရိုက်များ

ပိန္နဲသီးစားပြီးသူများပါးလက်သုပ်နေသောသံတွဲမြို့စည်ပင်သာယာရေးအဖွဲ့
ဈေးကော်မတီနှင့် ဈေးကန်ထရိုက်များ

သံတွဲမြို့ဈေးမီးလောင်သွားပြီးအသစ်ပြန်လည်ဆောက်လုပ်သည့်အခါ ဈေးသူဈေးသားများမှ ထိုက်သင့်သည့်ငွေကြေးများကိုအပြည့်အဝပေးဆောင်
ရသော်လည်းဈေးဆိုင်ခန်းများကို ပေ ခိုးပြီးအခန်းများစွာပိုထွက်အောင်
ဆောက်လုပ်ပြီးသံတွဲစည်ပင်၊ဈေးအကျိုးဆောင်များ
နှင့်ဈေးကန်ထရိုက်တို့အတွက်ကိုယ်ကျိုးရှားပြီးလွန်စွာစီးပွားဖြစ်ခဲ့ကြသော်လည်း
ဈေးဆိုင်ခန်းများကိုပြီးစလွယ်ဆောက်လုပ်ထားပြီး ၊ရေထုတ်မြောင်းများမပါဘဲ
ဆောက်လုပ်ထားပါသည် ။ အိမ်သာမှရေဆိုးထုတ်ရန်အတွက်လည်းရေဆိုးကန်
တစ်ခုမှဆောက်လုပ်ထားခြင်းမရှိဘဲ အိမ်သာကိုလမ်းမကြီးရှေ့တွင်ဆောက်
လုပ်ထားပြီး အိမ်သာမှထွက်ပေါက်မရှိသောရေဆိုးများကို ယခုအခါရေမြောင်းတစ်ခု
ပြီးစလွယ်အနက်တူးပြီးအများပြည်သူသွားရာလမ်းမပေါ်တွင်မည်သည့်နေရာကို
စီးဆင်းစရာမရှိဘဲ လမ်းဘေး၊စာသင်ကျောင်းဘေးရေဆိုးထုတ်ချထားပါသည်။
ရေဆိုးများနံစော်လျှံထွက်နေပါသည်။
ဈေးတစ်ဈေးဆောက်လုပ်ရာတွင်သင့်တော်သည့် ရေထုတ်မြောင်းများ၊
ရေဆိုးကန်များရေစီဆင်းရာရေထုတ်ပေါက်များထားရှိဆောက်လုပ်ရမည်ဖြစ်သော်
လည် (၃)ယောက်ပေါင်း(၄)တန်မအောင်သူများဦးဆောင်ပြီး(ငါတို့ပင်ပန်းလို့သိန်း(၁၅၀)တန်တစ်ယောက်တစ်ခန်းအလကားယူတယ် တိုင်ချင်ရာတိုင်ဆိုသူများ)
သက်ဆိုင်ရာအင်ဂျင်နီများမှဈေးဆောက်လုပ်ထားမှုသည်အဆောက်အဦးစည်းကမ်း
နည်းလမ်းနှင့်မညီသောကြောင့် ခွင့်ပြုချက်လက်မှတ်မထိုး
သော်လည်းငါတို့ဖွင့်ချင်တိုင်းဖွင့်လို့တယ်ဆိုသော ငါမိုကရေစီများ။အားထိရောက်
စွာအရေးယူဆောင်ရွက်ပေးရန်နှင့်
သံတွဲမြို့နယ်အတွင်း ကြီးလေးသောအိမ်ခွန်၊အမှိုက် မသိမ်းဘဲပေး
နေရသောအမှိုက်ခွန်၊ ရေမလာဘဲပေးနေရသောရေခွန်နှင့်မီးခွန်နှင့်
မည်သည့်ဘေးကိုဖြစ်စေသည်မသိဘဲမိမိအိမ်တွင်မိမိဈေးရောင်း
နေသော်လည်းစည်ပင်အားပေးနေရသောဘေးအန္တရယ်အခွန်များ ကိုကြီးလေးစွာမှာ
ကောက်ခံပြီး စည်ပင်အားပေးနေရသော်လည်းယခုအခါ လူထုနှင့်မသက်ဆိုင်ဘဲစည်ပင်မှတာဝန်ရှိသည့်
ရေမြောင်းကိုအတင်းအားဓမ္မပြည်သူလူထုအားလုပ်ပေး ခိုင်စေကာ ရေမြောင်း
ပေါက်ခိုင်းနေပါသည်။
ဈေးရေမြောင်းကိုကိုစနစ်တကျမပြုလုပ်ဘဲရေဆိုးများအပြင်သို့ထွက်ကာ
လမ်းဘေးနှင့်ဆိုင်များနံစော်နေပါသည်၊ဈေးမှရေဆိုးစနစ်ကိုစနစ်တကျမပြုလုပ်ဘဲ ကန်ထရိုက်နှင့်ဈေးကော်မီတီပေါင်းကာမိမိတို့လုပ်ချင်သလိုလုပ်ဆောင်နေပါသည်၊ ကန်ထရိုက်ပြောသောအခါစည်ပင်ခိုင်သောအတိုင်းပြုလုပ်ရသည်ဆိုသည်၊စည်ပင်ပြောသောအခါဈေးကော်မှတီနှင့်သာဆိုင်သည်ဆိုကာ့အပြန်အလှန်ထိုးချကာလုပ်စားနေကြပါသည်။သို့ဖြစ်ပါသောကြောင့်လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ပါရန်အသိပေး တိုင် ကြားအပ်ပါသည်။

One comment

  • သခင် mobile

    June 23, 2013 at 5:19 pm

    ကိုနိုင်မင်းသူရေ မင်္ဂလာပါခင်ဗျားးးးးးးးးးးးး
    ရွာသားအသစ်လေး ဖြစ်ဟန်တူပါရဲ့…………..
    ဒီလိုပြဿနာမျိုးတွေကလည်း ဒီနိုင်ငံမှာ မကြားချင်အဆုံး ကြားနာနေရတော့
    ကြာလာတော့ ရိုးနေသလိုတောင်ဖြစ်လာပါပြီ………
    နေနှင့်ကြအုံးပေါ့ကွာ………. အသက် ၄၅ နှစ်ပြည့်မှ သမဒ ဝင်ပြိုင်ရသေးတာပေါ့…
    ကျုပ်သာ သမဒ ဖြစ်ရင်ဒီလို ဟိုလူက လာဘ်စား ဒီလူကလာဘ်စား လုံးဝမရှိစေရဘူးးးး
    ကျုပ်တစ်ယောက်တည်းပဲ အပီပြင်ထိုင်စားပစ်မယ်…………………
    လူဆိုတာ ကာလကရေကြည် သန္ဓေတည်ပြီး ပထမဆုံးအနေနဲ့ လောဘစိတ်နဲ့ ဘဝစပြီး
    အရင်ဆုံးဖြစ်လာတာဆိုဒေါ့ဂါ………

Leave a Reply