ဒီလို အဖြစ်မျိုး ခင်ဗျားတို့ရဲ့ အိမ်မှာ ဖြစ်ဖူးပါသလား

Mr WorldWideJune 24, 20131min27626

ပန်းသီး ( ဒါမှမဟုတ် ) ပေါင်မုန့် ၊ ကိတ်မုန့် တွေကို စားဖို့ စားပွဲပေါ်မှာ တင်ထားတယ်။ လူတွေကလည်း စားပွဲနားမှာ ထိုင်နေကြတယ်။ သိပ်မကြာဘူး စားပွဲပေါ်က တင်ထားတဲ့ ဟာတွေ အကုန်ကုန်သွားလေရော။ ဒါဟာ ဘာဖြစ်လို့လဲ။ ဘယ်သူမှ မဆာကြပေမယ့် သူတို့အားလုံး စားပစ်လိုက်ကြတယ်။ ပန်းသီး ( သို့မဟုတ် ) ကိတ်မုန့်က စားပွဲပေါ်မှာ ရှိနေတာကိုး။

နောက်ထပ် အဖြစ်မျိုး ခင်ဗျား ဒီလို ဖြစ်ဖူးပါသလား

လစာငွေထုတ်လာတယ်။ သိပ်မကြာလိုက်ဘူး ပိုက်ဆံတွေ ပြောင်ပါလေရော။ တကယ် သုံးစရာ မလိုပေမယ့်လည်း သုံးလိုက်မိတယ်။ ဒါလည်း ဘာကြောင့်လည်း ဆိုတော့ ပိုက်ဆံက ကိုယ့်လက်ထဲမှာ ရှိနေတာကိုး။

တကယ်လို့များ ခင်ဗျားဟာ ကိတ်မုန့်ကို မနက်ဖြန်အတွက် ချန်ထားချင်တယ်ဆိုရင် စားပွဲပေါ် မတင်ခင် ပထမဆုံး တချို့တဝက် လှီးထားပြီး ဘယ်သူမှ လက်နဲ့ မတို့နိင်ခင် ရေခဲသေတ္တာထဲ သိမ်းထားခဲ့မယ် ဆိုရင် ၊ လခထုတ်လာတဲ့ ပိုက်ဆံ အားလုံးကို ပိုက်ဆံအိတ်ထဲ မထည့်ထားပဲ စုထား ၊ သိမ်းထားခဲ့မယ် ဆိုရင်။

ဒါဟာ လွယ်ကူတဲ့ နည်းဗျုဟာ တစ်ခုပါ

ကျွန်တော် ဝင်ငွေနည်းနည်းပဲ ရတယ်လို့ ဆင်ခြေမပေးပါနဲ့ ။ နည်းနည်းစရ နည်းနည်း စစု။ နောက်တော့ များများ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ လူတော်တော် များများ ပိုက်ဆံတွေ အများကြီး ရှာနိင်ကြပါတယ်။ ဒါပေမယ့် လူတစ်ချို့သာ ပိုက်ဆံ အများကြီး စုနိင်တယ်။ “ ပိုက်ဆံတွေ အများကြီး ရတဲ့ အခါစုမယ် ” လို့ သင်က ပြောရင် စုဖြစ်ချင်မှ စုဖြစ်တော့မယ်။ ငွေစုတဲ့ အကျင့်ကို အခုချိန်ကစပါ။

“ ချမ်းသာတဲ့ လူနဲ့ ဆင်းရဲ့တဲ့လူ ကွာခြားတာက ဆင်းရဲ့တဲ့လူတွေက သုံးပြီးမှ ကျန်တာကို စုကြတယ်။ ချမ်းသာတဲ့ လူတွေက ဦးစွာ စုဆောင်းပြီးမှ သုံးကြတယ် ”
Author – Andrew Matthews

26 comments

  • ဦး ကြိမ်

    June 24, 2013 at 10:06 am

    ကျွန်တော်တို့ နိူင်ငံသားအများစုအတွက် အင်မတန် အသုံးတဲ့ မဲ့နည်းတွေပါပဲ
    ဒါမျိုးတွေ များများရေးပေးပါ မောင်ခိုင်မာရေ
    ကျေးဇူးအရမ်း တင်ပါတယ်………။

  • ဟဲဟဲ ..
    မန်းကီးကတော့ ထုတ်ပြီး ရက်ပိုင်းအတွင်း ပြောင်တာပဲ …
    ဒီစကားတွေ မှတ်ထားလိုက်တယ်ဗျာ …
    သစ်ပင်ဖြောင့်တော့ တက်ရတော့ အခက်သား ….
    ကြိုးစားပြီး တက်ရမှာပါ့ …

  • Ma Ei

    June 24, 2013 at 10:36 am

    ကျမ တို့ GM က မင်းတို့ ငွေစုချင်ရင်
    Want ….လိုချင်တာတွေ မဝယ်ပါနဲ့…
    Need…..လိုအပ်တာတွေကိုသာ ဝယ်ပါတဲ့ လေ…
    ဆရာပြောတဲ့… စုဆောင်းပြီးမှ သုံးကြတယ်… ဆိုတာလေး ကြိုက်တယ် …

  • မောင် ပေ

    June 24, 2013 at 11:47 am

    ချွေတာစုဆောင်းသူဌေးလောင်း
    သုံးဖြုန်းသောက်စားလူမင်းသား

  • အလင်း ဆက်

    June 24, 2013 at 11:57 am

    စု မယ် ။
    စုထားတာ များရင် မုန် ့တွေ ဝယ်စား မယ်
    ဒါပဲ
    😆

  • ဦးဦးပါလေရာ

    June 24, 2013 at 12:05 pm

    အင်မတန်မှန်တယ်-

    ကျုပ်သူငယ်ချင်းတစ်ယောက် နယ်ကလာပြီး ရန်ကုန်တက္ကသိုလ်မှာတက်တော့ အဆောင်သားတွေထဲမှာ မိဘကလစဉ်ပေးတဲ့ထဲမှာ အနည်းဆုံး..။
    ဒါပေမယ့် – အဆောင်သားတွေထဲမှာ လက်ထဲ ငွေအရှိဆုံး၊ အရေးပေါ်သုံးဖို့ အမြဲအသင့်အရှိဆုံး..။
    ဘာကြောင့်လဲဆိုတော့ အဆောင်ကြေး+ကျောင်းလခ သွင်းပြီးရင် ကျန်တဲ့ငွေကို ခွဲတမ်းချပြီး
    အိပ်ကပ်ထဲမှာ သုံးရက်တစ်ခါ သုံးရက်စာပဲထည့်ထားတယ်။
    အချိန်မတိုင်ခင်ကုန်ရင် ထပ်မထုတ်ပဲ တစ်ပြားမှမသုံးပဲနေတယ်…။

    စည်းကမ်းပေါ့
    လူတော်တွေကို သူများက စည်းကမ်းချပေးစရာကိုမလိုဘူး…
    လူတော်တွေက သူ့စည်းကမ်း သူချ တာ။

  • KZ

    June 24, 2013 at 12:05 pm

    ကန့်လန့်ပြောတာဟုတ်ဘူးနော်။

    ကျနော်က ကိုယ်သုံးရတဲ့ ပိုက်ဆံကမှ ကိုယ့်ပိုက်ဆံပဲ။

    စုပြီး မသုံးလိုက်ရတဲ့ ပိုက်ဆံက မတန်ဘူးးးးး :mrgreen:

    အဲဒီတော့ ကျနော့ အတွေး ကတော့…..
    ကိုယ်သုံးသလောက် ကိုယ်ရှာနိုင်သင့်ပြီးးးးး
    ကိုယ်ရှာနိုင်သလောက်ပဲ ကိုယ်သုံးသင့်တယ်လို့ ထင်တာပါပဲ။
    သမာအာဇီဝ ဖြစ်နသ၍ပေါ့ဗျာ။ :mrgreen:

    မိုက်မိုက်မဲမဲကို မစုဖြစ်ဘူးဗျ။

  • ခင် ခ

    June 24, 2013 at 1:03 pm

    ဒီပိုစ့်ဖတ်ပြီး ဒါလေးကို သတိရသွားတယ်။
    “ စု နိုင် မှ ချမ်း သာ မယ် ´´

    • ကောင်း ကို

      June 24, 2013 at 4:57 pm

      မှန်တယ်ဗျာ…။

  • kyeemite

    June 24, 2013 at 1:31 pm

    လက်ထဲလွယ်လွယ်ရှိ သုံးမိကြတာမှန်ပါတယ်
    ဒါပေမဲ့ သူဋ္ဌေးတွေတော်တော်များများကတော့
    စုလို့မဟုတ် ၊ ဝင်ငွေကောင်းအောင် ဝိရိယစိုက်အလုပ်လုပ်လို့ဟုမြင်ဂျောင်း… 😆

  • သခင် mobile

    June 24, 2013 at 1:36 pm

    ကောင်းမွန်လှတဲ့ ပို့စ်တစ်ပုဒ်ပါပေပဲဗျားးးးးးးးးးးးး
    ဒီနည်းလေးတွေကို လက်တွေ့အသုံးချနိုင်ဖို့ နီးစပ်ရာကို ပြန်ပွားရမယ်……
    လက်ရှိ ကျုပ်ပိုက်ဆံ စုတဲ့နည်းကတော့ တစ်ရက် ၁ ဂျပ်ဗျာ…….
    ရက်တစ်သိန်း ငွေ တစ်သိန်း ရမယ်…..
    ရက်ပေါင်း သိန်း ၁၀ဝ ငွေပေါင်း သိန်း ၁၀ဝ …. ဘယ်လောက်လွယ်ကူလဲ…
    တစ်ရက် ဒဂျပ် လူဒိုင်း စုနိုင်တယ်……………….

  • kai

    June 24, 2013 at 2:43 pm

    ပိုက်ဆံဆိုတာ.. သုံးဖို့..
    သုံးသာသုံး…
    မရှိရင်.. ရှာ… ထိုင်မနေနဲ့..။
    :mrgreen:

  • cobra

    June 24, 2013 at 4:31 pm

    အကြံပေးတာကောင်းချက်
    လက်ခံကျင့်သုံးဖို့တော့ အခက်သား

  • TNA

    June 24, 2013 at 4:52 pm

    ဖတ်ပီးမှရင်ထဲတောင်မကောင်းဘူး။ မစုမိပဲသုံးဖြစ်တာတွေအတွက်နောင်တရလို့မဆုံးပါဘူး။ စိတ်ခိုင်ခိုင် ထိန်းဖို့ကြိုးစားရအုံးမယ်။

  • ကောင်း ကို

    June 24, 2013 at 5:01 pm

    ကြီးမားတဲ့အပြောင်းအလဲ…ဒါမှမဟုတ်…အသုံးမဝင်တာတွေကို လျှောက်လုပ်မိတဲ့အတွက်…နောင်တအကြီးအကျယ်ရပြီဆိုရင်တော့…ဒီလိုကိစ္စလောက်က ထိန်းသိမ်းနိုင်ဖို့ရာ ဘာမှမခက်တော့ပါဘူး…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 24, 2013 at 6:27 pm

    ကျုပ်ရဲ့ ဂျီးတော်ကြီးတစ်ယောက်ကျုပ်ကိုဆုံးမခဲ့ဘူးတာလေး အမှတ်ရမိပါရဲ့
    ငွေရှာတဲ့အချိန်မှာ ငွေကို မန်ကျီးပင်တစ်ပင်စိုက်သလိုသဘောထားရမယ် လို့ဆိုသဗျ
    သူပြောတဲ့သဘောက
    မန်ကျီးပင်ကိုအရွယ်ရောက်အောင်စိုက်ပြီးရင် အသီးကိုလည်း ရာသီတိုင်းစားရမယ်
    အရွက်ကိုလည်း တော်ယုံခူးစားလို့မကုန်ဘူးဆိုတဲ့သဘောလေးပါ
    ကျုပ်ကတော့ အမြဲမှတ်ထားပါတယ်
    လက်ရှိတော့ အရက်ကြွေးနည်းနည်းပါးပါးနဲ့ ဘဝကိုရုန်းကန်နေဘါဂျောင်း :mrgreen:

  • Don Juan Ronald

    June 24, 2013 at 7:46 pm

    တရုတ် လို ရှာ ၊
    ကု လား လို စု ၊
    ဗမာ လို မ ဖြုန်း နဲ့ ဆို ပါ ကလား ~~~

  • uncle gyi

    June 24, 2013 at 11:58 pm

    မှန်လိုက်လေကိုခိုင်ရယ်
    အခုခေတ်လူတွေကစုဆိုသိတာတမျိုး
    ရသမျှသုံးချေးလို့ရသမျှသုံး သုံးသုံးသုံး
    ဘီစကွက်ကြေငြာမဟုတ်ပါ

  • e tone

    June 25, 2013 at 12:00 pm

    သများတော့ ငွေစုတာရော ရွှေစုတာပါ ဝါသနာပါမလာခဲ့ဘူး ။
    ရရ စားစားပဲ …. ရှာတာနဲ့ သုံးတာ ဆတူပဲ … ။ စိတ်ကြီးချုပ်တီးပြီး ဒုက္ခခံငွေစုတာ .. ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး ။ စိတ်ထဲရှိသလို သုံးတာပဲ … ။ အဓိကက စိတ်ချမ်းသာတယ် ။
    အရေးတကြီး ပိုက်ဆံ လိုရင်တော့ … အဟဲ .. ထီဆိုင်တွေမှာ ရေးထားသလိုပဲ .. အမေရှိလျှင် ငွေရှိသည်ပေါ့ .. :mrgreen:

  • Khaing Khaing

    June 25, 2013 at 12:49 pm

    ဒီပို့စ်လေးက စာသားတွေက မှန်ပါတယ် …. လခထုတ်ပြီးရင် ငွေတွေလက်ထဲထားတော့ သုံးရင်းကုန်သွားတယ် …. ဒီဒေါ့ ကျွန်မက စုဗူးတစ်ခုထားတယ် …. တစ်လမှာ စုသင့်သလောက်စုတယ် … မထင်မှတ်ပဲ အပိုရလာတဲ့ငွေကို ထပ်စုတယ် …. မစုပဲ လက်ထဲများထားရင်ကုန်သွားရော … စုတော့လည်း ကုန်တာပဲ ပြီးခဲ့တဲ့လက စုဗူးထဲထည့်တာလွန်သွားတယ် ဒါနဲ့ ကိုယ်လည်း လခတွေဘယ်များရောက်ကုန်လဲ ငါဘာတွေများသုံးမိလဲ နောက်တော့မှ သတိပြန်ရတယ် စုဗူးထဲရောက်နေတော့ စိတ်ချမ်းသာတယ်လေ …. ကျွန်မကစုထားတဲ့ငွေတွေကို တစ်နှစ်တစ်ခါ သမီးလေးမွေးနေ့ကျရင် စုဗူးဖောက်တယ် အဲကငွေကို ရွှေဝယ်တယ် …. ဒါက ကျွန်မရဲ့ရည်မှန်းချက်တစ်ခု သမီးလေးကြီးလာရင် သူ့အတွက်ရွှေတွေ အများကြီးစုပြီးသားဖြစ်မယ် ….. ကိုယ်ကသူတို့ကို တကူးတက အမွေပေးစရာမလိုတော့ဘူး …. အခုတော့ နှစ်ယောက်ဖြစ်တော့ နှစ်ယောက်စာ ပိုစုရတော့မှာပေ့ါ …….

    • e tone

      June 25, 2013 at 3:02 pm

      အိုက်ဒါတွေကြောင့်ပျော့စ်တာလေ .. အမေရှိလျှင် ငွေရှိပါတယ်ဆိုတာ.. ခွိခွိ … 😉
      ဂလိုချိုဒေါ့ယဲ … စကားပုံပြင်ပေးမယ်နော် … ယောက္ခမရှိလျှင်လည်း ငွေရှိပါတယ်လို့ …. အာပွားမာမီ … :mrgreen:

  • မောင်ခိုင်မာ (စမ်းချောင်း)

    June 25, 2013 at 1:30 pm

    ကွန်မန့်တွေအတွက် ကျေးဇူးတင်ပါတယ်။ ယခုကွန်မန့်တွေကိုကြည့်ပြီး ဘယ်သူဟာ သူဌေးဖြစ်နိုင်သလဲ၊ ဘယ်သူဟာ ဒီဘဝ ဒီဘဝပဲဖြစ်နိုင်တယ်ဆိုတာတော့ အကြမ်းဖျဉ်းတော့ ခန့်မှန်းလို့ရပါတယ်။
    ပိုက်ဆံမစုပေမယ့် ထီပေါက်လို့ချမ်းသာလာရင်တော့ ကံအကျိုးပေါ့ဗျာ။ (ကျနော်မဟုတ်) စာရေး သူပြောချင်တာကစုဖို့ချည်းပဲလည်းမဟုတ်ပါဘူး။ သုံးပါ။ စုတဲ့ပိုက်ဆံဟာ များလာရင် နောက်အလုပ်တစ်ခုမှာ အရင်းအနှီးထည့်ပါ။ ဒါဆို ပိုပွားလာမယ်။ ပိုစုလာနိုင်သလို..နောက်အလုပ်တွေအလုပ်တွေ ပေါ်လာရင်လည်း ပိုထည့်ပီး ပိုပွားလာနိုင်တယ်။

    ရတနာရှိရာ ရတနာလာပေ့ါဗျာ။ လူမိုက်နဲ့ငွေ အတူမနေ လို့လည်းဆိုကြတယ် မဟုတ်လား။
    ကျနော့်ဆရာသမား ယောက္ခမ။ လူက စည်းကမ်းရှိတော့ ချစ်တီးလို့ခေါ်ကြတယ်။ အခု နှလုံးသွေးကြောတွေ ပိတ်တယ်။ ပိုက်ဆံမရှိရင်သေပီလေ။ ဟော..စုထား ဆောင်းထားတယ်…
    ပွားထားတော့ နိုင်ငံခြားမှာ ထွက်ကုလိုက်တယ်။ သိန်း ၁၀၀ဝ လောက်ကုန်သွားတယ်။ ခုနေကောင်းနေပီ။
    မစုထားလို့ကတော့ အခုဆို ဘယ်ဘဝရောက်နေမှန်းတောင် မသိတော့ဘူး။ ဒီလိုပဲ အသက်ကို ငွေနဲ့ဝယ်လိုက်ရတာ။ ဘယ်သူမှတော့ အသက်လောက် ငွေကိုမချစ်ဘူး။ ကျနော်ကတော့ သေလည်းအေးတာပဲ..ငွေမရှိလည်းဘာမှမဖြစ်ဘူးလို့ ပြန်မပြောပါနဲ့။ အရူးတောင်မတွေးပါဘူး။ 🙂

    • e tone

      June 25, 2013 at 3:11 pm

      ကိုခိုင်မာရေ ….. ကော့မန့်တွေ ဖတ်ပြီး … အနာဂတ်ကို အကြမ်းဖျဉ်း ခန့်မှန်းတတ်တယ်ဆိုလို့ … တကယ်ပဲ အံ့အားသင့်မိပါတယ်ရှင် ။
      လူသားတွေရဲ့ စိတ်သဘောအရကိုက … ပြောတာလွယ်ပြီး လက်တွေ ့လိုက်ကျင့်သုံးဖြစ်မဖြစ် ဆိုတာ ….. တဦးတယောက်ချင်းစီအလိုက် ကွဲပြားမှုရှိပါတယ် ။ ကော့မန့်တွေကို အမှန်ရေးပြီး ၊ ရေးတဲ့အတိုင်းသာ တကယ်ကျင့်သုံးသူတွေများလျှင် သိပ်မဝေးတဲ့အနာဂတ်ထဲ…. မြန်မာသူဌေးတွေ မှိုလိုပေါက်လာမယ်ထင်ပါတယ် ။ :mrgreen:

  • အာဂ

    June 25, 2013 at 5:53 pm

    ငယ်ငယ်ကတော့ ဆရာဖေမြင့်ရဲ့ ဘေဘီလုံကအချမ်းသာဆုံး ပုဂ္ဂိုလ် ဆိုတဲ့ စာအုပ်ထဲ စာသားတွေကို သွားသတိရမိတယ်။ ဘာလဲ ဝင်ငွေရဲ့ ဆယ်ပုံပုံ တစ်ပုံကို ဆုထားပါဆိုလားပဲ…။

  • intro

    June 26, 2013 at 1:48 pm

    ဆရာတစ်ယောက် ဆုံးမတာ ကြားခဲ့ဖူးတယ်…
    စုဆောင်းခြင်းသည် ချမ်းသာခြင်းအတွက် အခြေခံလမ်းစ
    ချမ်းသာခြင်း အတွက် စုဆောင်းခြင်းသည် အမှန်တကယ်ပင် လိုအပ်သည် တဲ့…

    စုဆောင်းရုံနဲ့ တော့ ချမ်းသာလာနိုင်မှာ ဟုတ်ချင်မှ ဟုတ်နိုင်ပေမယ့် သာမာန်ဘဝကနေပြီး ချမ်းသာချင်ယင်တော့ စုဆောင်းဖို့က မရှိမဖြစ်ကို လိုအပ်ပါတယ်..

Leave a Reply