အဝေးးကို ထွက်သွားတဲ့သူလေးရေ.... အခုတောင်... လွမ်းတယ် ။

အဝေးးကို ထွက်သွားတဲ့သူလေးရေ….
အခုတောင်…
လွမ်းတယ် ။

ဟောဒီ တန်ခူးလေမြူးမြူး နဲ့အတူ ပိတောက်တွေ ပွင့် ဝေကြတဲ့ အချိန်တိုင်း  . . . . သီတာ ရယ် . . . . ငါ  နင့်ကိုလွမ်းတယ် ။

နင့်ကို လွမ်းဆွတ် သတိရ တိုင်းလည်းးပိတောက်ပန်းး ဝါဝါလွင် လွင် ကို ငေးးးပြီးးး ငါ့အလွမ်းတွေ  အရှိန် တက် လွန်း မကက  တက်လာတတ်တယ်။ မနက်ခင်း  စောစော ထပြီး  ငါ  လမ်းလျှောက်ထွက်တိုင်းမှာ  ငါ့ အ နောက်ကနေများ နင် လှမ်းခေါ်လိုက်လေမလား ဆိုတဲ့မျှော်လင့်ချက် နဲ့ ။

( ပြန် မလာနိုင်တော့တဲ့ တစ်နေရာရာမှာ  ငြိမ်သက်တိတ်ဆိတ်  နေမှာ သေချာနေပြီမှန်း အ မေ့မေ့  အ လျော့လျော့ )  တကယ်ပါ ။ နင် ပြန် လာမယ့် နေ့ က လေး တွေကို ငါ မျှော်နေ မိ တယ်။

ကံကြမ္မာကိုပဲ  ရိုးမယ် ဖွဲ့နေကျ ငါတို့ ဘဝတွေ ထဲမှာ  ဝေးကွာခြင်းဆိုတာက  ခါးမြဲ ခါးဆဲ ပါပဲ သီတာ ရယ်။ငါ ဗမာပြည် ကြီးထဲမှာ  ရှိနေသမျှ / ငါ  ဗမာ့မြေမကို နနင်း လျှောက် နေ သမျှ    နင့်ကို လွမ်းတိုင်း ငို နေ မိဦးမှာပဲ ။  ငါက ထုံးတမ်းစဉ်လာ ဗမာ ယောကျာ်းတစ်ယောက်ပါ သီတာ ။ နင် မကြိုက်တဲ့ ခပ်ညံ့ညံ့ ငါ့ စရိုက် ကို က  ဗမာ ပီသ နေဆဲပါပဲ ။

အားနာတတ်ဆဲပဲ ။ လောကွတ်တွေ လုပ်ပြီး  အရေမရ အဖတ်မရ စိတ်ဓါတ် တွေကို ဂုဏ်ယူ နေတတ်ဆဲ ။

အကြောင်း အကျိုး မကွဲပြားသေးခင်မှာ  ခပ်မြန်မြန် ဆုံးဖြတ်တတ်ဆဲ ။ ကိုယ် လိုချင်တာ ကိုယ် ရသင့်တာတွေကို ရဲရဲဝံ့ဝံ့  မတောင်းဆိုရဲ သေးတာလည်း  ပုံမှန် ပါပဲလေ ။

ရောင့်ရဲပါတယ် လို့ ခံယူဆဲပါပဲ ။ဝဋ်ကြွေး ပေါ့ ကံတရားပဲ ပေါ့ ဆိုတဲ့ စကားလုံးတွေကို ပြဌာန်းပြီး အနိုင်ကျင့်လာသမျှကို သသည်းခံတတ်ဆဲပါပဲ ။ဟုတ်ပါတယ် ။ ငါက ခပ်ညံ့ညံ့ လူတစ်ယောက်ပါပဲ ။

သီတာ ရယ်   နင် နင့်ဘဝကို အဆုံးသတ် လုလု  အချိန်ကလေးမှာ  ငါ  ငိုနေတော့  နင်ပြောခဲ့တယ်လေ ။

ယောကျာ်းဆိုတာ  မငို ရဘူး လေ ဟယ်    တဲ့ ။  ဒါပေမယ့်  ငါ  ငိုခဲ့တယ် ။ အခုထိလည်းး  ငိုချင်စရာ တွေ့ ရင်  ငိုချင်မြဲ ပါပဲ ။ ဟုတ်တယ် ။ ငါက ခပ်ညံ့ညံ့ ယောကျာ်းတစ်ယောက်ပါ ဆို ။

ယောကျာ်းတိုင်း  ငိုတတ်  မငိုတတ် တော့  ငါ မသိဘူး ။ ငါကတော့  ငိုတတ်တယ်။

ကိုယ်အချစ်ရဆုံး  မိန်းကလေး  သေဆုံးသွားတာကို ကြုံရတဲ့ ယောက်ျားတော်တော်များများတော့.. ငိုမိကြမယ် ထင်ပါတယ် ။

ဘာပဲဖြစ်ဖြစ်….. ငါကတော့.. ငိုတတ်ပါတယ် ။

ကျကျနနငိုတတ်ဖို့တောင်… သင်ယူတတ်မြောက်ခဲ့ပြီင်္ကွယ်.. ။

ခေါင်းငုံ့ ချ တတ်တဲ့  အလေ့အထရော… လက်ကိုင် ပ၀ါ ဆောင်းထားတဲ့အလေ့အထပါ..  ငါ..ပိုင်ပါတယ် ။

—————–

င်္ဒီလောကမှာ.. ငါ့ကိုယ်ငါတောင်… မပိုင်ဘူး..ဆိုပေမယ့်….

ငါ ဟာ..ဘာတစ်ခုမှ မပိုင် ပါဘူး..ဆိုပေမယ့်… တစ်ခုတော့..ငါ ပိုင်ဆိုင်ချင်ပါသေးတယ် ။

အဲဒီ တစ်ခုက… ဘာလဲ….

နင် သိလား… သီတာ…။

နင့်ကို လွမ်းဆွတ် တမ်းတ ခွင့်လေး ပါ..သီတာ….။

အရာ အား………လုံး…..    ပျောက်ပျက်သွားတဲ့  အချိန် တစ်ခုခု  ရောက်ရင်တောင်….

နင့်ကို ချစ်တဲ့ငါ့အချစ်တွေ…. ရယ်……

နင့်ကို…လွမ်းတတ်တဲ့ ငါ့ စိတ်တွေ ရယ်…. ကျန်နေခဲ့ချင်သေးတယ်…….။

သီတာရယ်……

ငါ..လေ…..

ငါ…………

ငါ………..

——————————-

နင် လူ့ လောကထဲက.. ထွက်ခွါ သွားတာ…

အခု ဆိုရင်..လေးနှစ်တောင် ပြည့်ပြီနော်…။

ဒီ တန်ခူးလေတွေ ဝေ့ဝေ့ ၀ဲဝဲ..တိုက်ခတ်လာတိုင်းးးးးးး

နင့်ကို လွမ်းတဲ့ . စိတ်က… အရူးအမူး…နဲ့ ..စုးစူးဝါးဝါး…နာကျင်လာတတ်ဆဲပါပဲ….။

ငါ…. ဆိုနေကျ သီချင်းလေး….ကိုလည်း…တိုးတိုးလေး….ဆိုညည်းပြချင်သေးတယ်…..သီတာရယ်… ။

 

——————————–

နင်…

မကြားနိုင်မှန်း… သိတယ် ။

နင်..မကြားနိုင်ဘူး.ဆိုတဲ့  ..ဒီနေရာမှာ…

ငါ်…..

နင့်ကို…….

ဆိုပြနေကျ….. သီချင်းလေး…..

ဆိုပြချင်နေတုန်း…သီချင်းလေး…..

ဆိုနေပါရစေဦး…….

သီ….

တာ….

ရယ်….

…..

…..

….

====================

ဝေးခဲ့သူ

 

 

 

======================

 

တာရာမင်းဝေ ရဲ့ စာသားလိုပါပဲ။နေ၀င်ချိန်ကိုက စောသွားတာ...။

တာရာမင်းဝေ ရဲ့ စာသားလိုပါပဲ။နေ၀င်ချိန်ကိုက စောသွားတာ…။

ဘာရယ် မဟုတ်. ..စိတ်ကူးယဉ်ရေးထားသော..

စာပိုဒ်ကလေးမျှသာ……..

 

လေးစားစွာ့ဖြင့်..

အလင်းဆက်

alinsett

About alinsett

alinsett has written 615 post in this Website..

. . .