အချိန် ကို သတိထားကြ …။

ムラカミJune 24, 20131min17012

ဟာ ..အချိန် ကွာ ကထှောက်ခ်….။

ဝုန်း… အိမ်တံခါးကို ခြေနှင့်ဆောင့်ကန်ပြီး စပ်စလူးမိဂီ အိမ်ပြန်လာသည်။

ဦးလေးဖြစ်သူ တောင်လှေကားဦးကြီးမိုက် သဒင်းစာ ဖတ်ရင်း မျက်မှောင် ဝင့်ပြီးကြည့်သည်။

 

မိုက် ။ ဟဲ့ မိဂီ ညည်းဘာဖြစ်လာတာတုန်း။

ဂီ။ ဒါ ကျမတို့ရဲ့ အမျိုးဘာသာ သာသနာ တခုလုံးကို စော်ကားလိုက်တာပဲ။

မိုက်။ စိတ်ထိန်းပါဦး မိဂီမရယ်… သူရို့လည်း သူရို့မှန်မယ်ထင်တာ လုပ်တာပဲဟာ။

ဂီ။ အူးလေး မသိပါဘူးဗျာ။ ဒါ ကျုပ်တို့ကို လူမထင်တာဗျ။ ဆန့်ကျင်ရမယ်။

မိုက်။ ဒါတော့ဒါပေါ့ အေ။ သံဃာတော် ကို စော်ကားရာရောက်တာပေါ့ ..။

ဂီ။ ဟုတ်ပါ့ အူးလေးရာ ..။

မိုက်။ မှားမှားမှန်မှန်လေသင်္ကန်း ရုံထားသမျှတော့ သံဃာ ဟာ သံဃာပါပဲ ကွယ်။

ဂီ။ အူးလေးရာ လူတွေက ဘုန်းကြီးတွေ မဟုတ်တာလုပ်ရင်သာ လက်ညှိုးငေါက်ငေါက်ထိုးကြတာ

သူရို့ကျ ဘယ်လောက် ဟုတ်တာလုပ်လို့တုန်း။

မိုက်။ အေး .ညည်းပြောလည်း ပြောချင်စရာပဲ။ ဟုတ်သကွဲ့…။ ဘာပဲပြောပြော ဒီကိစ္စမှာ ယထှာဘူတကျကျ

စဉ်းစားဆုံးဖြတ်နိုင်တဲ့ ငါ့တူမကြီးကို ချီးကျူးရမယ်။

ဂီ။ မတရားတာတော့ သည်းမခံနိုင်ဘူး အူးလေးရေ…။

မိုက်။ အေးကွယ့် ဒါပေသိ စိတ်တော့ မကြီးနဲ့နော.. ဒေါသနဲ့ဆို အမှားပါတတ်တယ်။

ဂီ။ စိတ်ချပါ အူးလေးရာ ကျုပ် က တရားမျှမျှတတ ဖြေရှင်းတတ်ပါတယ်။

မိုက်။ ဒါဆိုလည်း စိတ်ချရသာပါ ငါ့တူမကြီးရယ်။

















 

ဂီ။ ဈေးဂေါင်း နဲ့ကို တိုင်ပစ်လိုက်ပြီး သက်သေပါ အပ်ခဲ့တယ် အေးရော။ နောက်တခါ မလုပ်ရဲလောက်တော့ဘူး

မိုက်။ ဟမ်… ညီး ဘာပြောနေတာတုန်း …. ဟိုကိစ္စမဟုတ်ဘူးလား ဝီ လေဝီ။

ဂီ။ အူးလေး …ဘယ်ကဝီတုန်း ဝီစကီလား …အူးလေးရာ မိုးတောင်မလင်းသေးဘူး အူးလေးဟာအူးလေး သောက်ချင် သွားသောက်

ဒီမှာ ဆွမ်းတောင် မချက်ရသေးဘူး..။ အမြည်း မလုပ်ပေးနိုင်ဘူး ဒါဗျဲ။

မိုက်။ ဟင်င်င်င်င်။

 

ဂီ။ ဒကဒဲ ဝက်သားအချိုလေးချက်ပြီး သံဃာဆွမ်းလောင်းချင်လို့ပါ ဆိုပြီး ဝယ်ပါတယ်…. အလေးခိုးလို့ ရုံးရောက်ဘာရောက်

ဖြစ်လားဖြစ်ရရဲ့ … သေဂျင်းဇိမ်း ဝက်သားသည် အချိန်…။

 

12 comments

  • KZ

    June 24, 2013 at 12:40 pm

    အဟမ်းးးးးး
    အချိန် ကို မပြောနဲ့နော်။
    အချိန်ကို မလွန်ဆန်နိုင်ဘူး အားကိုးနေရတာလို့ တရားဝင်ပြောသွားတဲ့ တို့ လူဂျီးများကို အားမနာ။
    ဒီမှာ အချိန် ဘက် အာရုံရောက်မစိုးလို့ ဒီဘက်မှာ အားကျိုးမာန်တက်ဖွထားရတဲ့ သူတွေကိုမှ အားမနာ။

    သူရို့ဟာသူရို့ အဖွလွန်ပြီး ကဘာကျော်သွားတာတော့ မတတ်နိုင်။ :mrgreen:

    • ကြက်အူလှည့်

      June 24, 2013 at 12:49 pm

      ဝီ-မချစ်ခိုင်းလည်း မုန်းလို့ မဖြစ်နိုင်
      အချစ်က အမုန်းမဟုတ်ဘဲ နော် ..
      အသက်သွေးနဲ့ဘဝ..

      မျှော်လင့်ခြင်းအချစ်ရေ မျှော်လင့်ခြင်း မင်းလေး…
      အိုး-သိရဲ့လား ရှေ့ဆက်လို့ရမလား…မျှော်လင့်ခြင်းလေး…

      :mrgreen:

  • ဦး ကျောက်ခဲ

    June 24, 2013 at 12:56 pm

    ဂီရယ် ဝီရယ် တောင်လှေကားဦးကြီးမိုက်ရယ်… ဟီ ဟိ ထိုတစ်ည အမှတ်ရမိသေး…
    အင်တာလာဗျူးတိုင်း လက်ခံပြောတော့… အမှားပါတာပေါ့…
    လူကြီးတွေ စကားကို လက်ခံပြီး အချိန်နဲ့ သင့်မြတ်အောင်နေပါကွီ… :mrgreen:

    • ကြက်အူလှည့်

      June 24, 2013 at 1:10 pm

      ရင်ခုန်သံ ချုပ်ထိန်းမရ သူသိအောင် ကိုယ်ပြောမည်…
      ကိုယ့်ဘက်ကအကြင်နာတွေ မင်းသိဖို့လိုပြီ
      ဒို့ ဆုံတွေ့ခြင်း မှားလည်း ယုံလိုက်မည်
      ဝီ သိအောင်ကိုယ် ပြောတော့မည်။

  • kyeemite

    June 24, 2013 at 1:26 pm

    ဂွီ..တောင်လှေကားကြီးမိုက်ကို တော်တော်မျက်စိလယ်အောင်လုပ်တဲ့ မိဂီမပဲ…
    အူးလေးက အချိန်ပြည့်ဝီအကြောင်းပဲစဉ်းစားနေမိတာ(ဝီစကီ)..
    မြောက်ကျွန်းက မြေတူးဝိဇ္ဖာ ကိုကျောက်ဖျာ လာရင်လည်း ဝီရသူဖြစ်အုံးမယ်
    (ဝီစကီလက်ဆောင်ရသူကိုပြောတာ)ေွိ ေွိ

    • ကြက်အူလှည့်

      June 24, 2013 at 2:13 pm

      Sha .. La La La La La.. ဝီ for today..
      hey hey …hey..
      Sha .. La La La La La.. ဝီ for today..
      don’t worry…

  • TNA

    June 24, 2013 at 1:42 pm

    အင်း ဝီရေ ဝီ မှမရှင်းရင်တော့ ဒို့သာသနာ အကြီးအကျယ်နာမည်ပျက်တော့မှာပဲ။ ဂီကလဲ ဝီ နဲ့ရန်ဖြစ်လို့ အချိန်နဲ့ရန်ဖြစ်လိုက်နဲ့အေ။ အချိန်တို့အမျိုးတွေက ကျုပ်တို့ကျေးဇူးရှင်ပါတော်။ သစ်တွေဝယ်လယ်။ မြစ်တွေ ဝယ်လယ်။ တောင်တွေအီလုံးလိုက်ဝယ်လယ်။ လေ။ ဒို့များကို ပိုက်ချံတွေလာပေးနေတာဟာကို။ သီးခံပါကွယ်။

    • ကြက်အူလှည့်

      June 24, 2013 at 2:12 pm

      တကယ်ဆို ..ဒို့ ၂ဦး ဝေးလို့ တော့ မဖြစ်နိုင်ဘူး …
      ဝီ ရှိတဲ့ ကမာ္ဘ စွန့်ခွာ မယ်လေ… ဟို အဝေး…

      :mrgreen:

  • သခင် mobile

    June 24, 2013 at 2:35 pm

    ကြက်အူလှည့် ဝက်အူလှည့် ပြောမှပဲ အချိန်ကို သတိထားဖို့ သတိရတယ်……..
    ပို့စ်ထဲမှာ ပါတဲ့အချိန်ဆိုဒါဂ… အလေးချိန်ကို ပြောတာဂိုးးးးးးး

  • cobra

    June 24, 2013 at 4:20 pm

    အချိန်ဆိုလို့ ဘာများလဲမှတ်တယ်
    တရုတ်ကြီး အချိန်ကိုပြောတာကိုး
    မှတ်သားလောက်ပါတယ်
    ဂီဂီရယ်……

  • ကောင်း ကို

    June 24, 2013 at 5:06 pm

    အော်….တကယ့်ဆုံးမစာလား..တက်ကျမ်းလား…အတွေးအခေါ်လားဆိုပြီး..အားရပါးရဖတ်လိုက်တာ…ပက်လက်ကိုလန်သွားတာပဲ…။

Leave a Reply