Samsung Galaxy S4 အား ယခင်ကထက် ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်တော့မည်

Mr WorldWideJune 24, 20131min1317

 

 

တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီဆမ်ဆောင်းမှ Samsung Galaxy S4 အား ပိုမိုလျင်မြန်လာအောင် အဆင့်မြှင့်တင်မည်ဖြစ်ပြီး ယခင်ကထက် ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ  J.K.Shin က ပြောကြားခဲ့ပါသည်။ ထိုသို့အဆင့်မြှင့်တင်ပြီးနောက် တောင်ကိုရီးယားနိုင်ငံတွင်ပင် ထုတ်လုပ်ရောင်းချသွားမည်ဟုလည်း Reuters သတင်းဌာနသို့ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
စမတ်ဖုန်းတွင် LTE (Long Term Evolution) ဟုခေါ်သည့် အဆင့်မြင့်နည်းပညာအသုံးပြုထားသော Qualcomm Processorအသစ်ကို အသုံးပြုမည်ဖြစ်ကာ ယခုခေတ်စားနေသော 4G LTE  ဖြင့် သတင်းအချက်အလက်များ ပေးပို့ခြင်းထက် ၂ ဆ ပိုမိုလျင်မြန်စွာ ပေးပို့လုပ်ဆောင်နိုင်တော့မည်ဖြစ်ပါသည်။

s444

 

Download ပြုလုပ်ရာတွင်လည်း ပိုမိုလျင်မြန်စွာ Download  ချနိုင်တော့မည်ဖြစ်ပြီး ယခင် Samsung Galaxy S4    ဖြင့် ဗွီဒီယိုဖိုင်တစ်ဖိုင်ကို Download ချရာ၌ သုံးမိနစ်ကြာမြင့်မည်ဆိုပါက ယခုအဆင့်မြှင့်တင်ထားသော Samsung Galaxy S4  ဖြင့် Samsung Galaxy S4  ချလျင် တစ်မိနစ်သာကြာမြင့်မည်ဖြစ်ကြောင်း ဆမ်ဆောင်းမှ ပြောကြားခဲ့ပါသည်။
Samsung Galaxy S4 သည် ဆမ်ဆောင်းကုမ္ပဏီ၏ အကျော်ကြားဆုံးသော စမတ်ဖုန်းဖြစ်ပြီး Samsung Galaxy S3  နေရာတွင် အစားထိုးဝင်ရောက်လာသော ၎င်းစမတ်ဖုန်းအနေဖြင့် ပထမလအတွင်းတွင်ပင် အလုံးရေ ၁ဝ သန်းကျော် ရောင်းချခဲ့ရကာ i Phone  ထက် ပိုမိုအောင်မြင်သောAndroid စနစ်တစ်ခု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီကာလများက ဆမ်ဆောင်းနှင့် Apple စမတ်ဖုန်းတို့၏ ရောင်းအားအခြေအနေသည် မတိမ်းမယိမ်းတွင်ရှိနေသော်လည်း ယခုအဆင့်မြှင့်တင်လိုက်သည့် Galaxy S4  အသစ်ကြောင့် ဆမ်ဆောင်းကုမ္ပဏီအနေဖြင့် ဝယ်ယူသူများအား ပိုမိုဆွဲဆောင်နိုင်တော့မည်ဖြစ်ကာ အခြားစမတ်ဖုန်းများထက် ရောင်းအားလည်း ပိုမိုသာလွန်လာတော့မည်ဖြစ်သည်။
အဆင်မြှင့်ထားသော Galaxy S4 သည် မူလ Galaxy S4 ထက် အမေရိကန်ဒေါ်လာ ၁၉၉ ဒေါ်လာခန့် ဈေးပိုပေးရမည်ဖြစ်ပြီး လာမည့်လအတွင်းတွင် အဆင့်မြှင့်တင်မှုများ အပြီးသတ်ပြုလုပ်သွားမည်ဖြစ်ကာ ဈေးကွက်အတွင်း ဝင်ရောက်လာမည်ဟု Mr. Shin က ပြောကြားခဲ့ပါသည်။

Source:http://edition.cnn.com/

7 comments

  • သခင် mobile

    June 24, 2013 at 2:17 pm

    ခုတစ်မျိုး … တော်ကြာတစ်မျိုး…. အမျိုးမျိုးးးဘဲ…. စိတ်ကုန်ဇာ…..
    အဲ့ဒါကြောင့်…. အဲ့ဂလို ဖုန်းတွေဝယ်မကိုင်တာ…. ဝယ်မကိုင်နိုင်လို့ဟုက်ဖူးးး…….

  • ကောင်း ကို

    June 24, 2013 at 4:52 pm

    ဆမ်ဆောင်းကတော့ တော်တော်အပြေးမြန်တဲ့မြင်းပဲ….။ကျွန်တော်တိုကနိုင်ငံမှာလည်း…ဒီလိုကမ္ဘာ့ထိပ်တန်း…စူပါနည်းပညာ ကုမ္မဏီမျိုးရှိစေချင်လိုက်တာဗျာ…။

    • โทรศัพท์มือถือ

      June 24, 2013 at 7:22 pm

      ခညားဘဂျီးတွေကို အခွန်အခလေးဘာလေး နည်းနည်းပါးပါး လျော့ကောက်ပါလို့….
      ပြောပေးပါလားးးးး အဲ့ဒါဆို အဲ့ဒီလို ကုန်ပနီတွေ ရှိလာနိုင်တယ်……….
      :harr:

  • ညလေး

    June 24, 2013 at 4:57 pm

    စုလိုက်ပါအုံးးးးမယ် ့လို့
    ရိုးရိုးးဂလက်ဇီ ထွက်ထဲက ခုချိန်ထိပဲပေါ့ခုချိန်ထိပဲပေါ့
    ခုလဲ ဆက်စုလိုက်ပါအုံးးးမယ် ့ဒီပုံစံ မကြိုက်သေးးလို့
    :hee:

    • โทรศัพท์มือถือ

      June 24, 2013 at 7:29 pm

      ညလေးရေ……
      ဟိုးးးးးး အရင်ဒုံးဂ နိုကလီယာ ဘလု့တု ပါတဲ့ဖုန်းတစ်လုံးလောက် ဝယ်ဂျင်ရင်…
      ရွှေ ၂ ိ သားလောက်ရောင်းရတယ်………………..
      ခုနေခါမတော့ ဘာပြောကောင်းမလဲ…. ရွှေ ၁ဲ သားလောက်ဆိုရင်ဂို…
      နိုကလီယာ အတော်အတန်သင့် ဖုန်းတစ်လုံးရနေပီ……..
      ဘလောက်ကွာသွားပီလဲဆိုဒေါ့ဂါ…. ၃၂/၁ ရွှေဈေးနဲ့ယှဉ်ရင်ပြောပါတယ်…..
      ထိုနည်း၎င်းပဲ ခုနေခါမယ် ဖုန်းဝယ်မယ့် ပိုက်ဆံလေးကို ရွှေဝယ်ထားပီးးးးး
      ဆယ်စုနှစ် တစ်ခုဝန်းကျင်လောက် စောင့်နိုင်မယ်ဆိုရင်…..
      အဲ့ဒီခေတ်မှာ ဖလန်းဖလန်းထနေတဲ့ ဖုန်းများကို လွယ်လွယ်ကူကူ ဝယ်နိုင်ပါလိမ့်မယ်……
      ++++++++++++++
      ကျုပ်လည်းအားနေတာနဲ့ ရွာထဲဝင်ပီးးးး တွေ့ဂရာအိမ်မှာ ငပွားဂျီး လုပ်နေဗာဂျောင်းးးးးးးးးးးးး

  • မောင် ပေ

    June 24, 2013 at 8:28 pm

    အဲဒါဆိုရင်
    အခုထွက်တဲ့ အက်စ်4 ကိုတော့ မြန်တဲ့ဗားရှင်း ပြောင်းလို ့ရမှာ မဟုတ်ဘူးပေါ့

  • ဦး ကြိမ်

    June 25, 2013 at 5:13 am

    ပိုက်ဆံကို ပုတ်နဲ့သာဆောင်ထားကြဗျို ့…….။

Leave a Reply