>>> စင်ကာပူတွင် မီးခိုးများ ဖုံးလွှမ်းမှုကြောင့် အသက်ရှုကြပ်သော အခြေအနေသည် မြန်မာပြည်တွင် ဖြစ်ခဲ့သော် <<<

ムラカミJune 24, 20131min27019

“လူနည်းစုကို ညှာတာပြီး လူများစုက လေသန့်ကို တအားမရှုပဲ အသက်အောင့်ထားပေးပါ”
(ဒေါ်အောင်ဆန်းစုကြည်)

“ပြည်သူများခင်ဗျား အားလုံးဝိုင်းဝန်းပြီး အသက်ရှုတာလျှော့ရင် ပြေလည်သွားမှာပါ။ မီးခိုးများ ဖုံးလွမ်းမှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ ရန် ဆုံးဖြတ်လိုက်သည်။”
(ဘစိန်)

” နောက်ကွယ်က ကြိုးကိုင်နေသူများရှိကြောင်း”
(ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း)

“ကျနော်လည်း အောက်ဆီဂျင်ထိန်းအဖွဲ့မှာ သမ္မတဖြစ်ချင်ပါတယ်။ အီး ၉၆၉ လုံးပေါက်သူတွေကို အရေးယူမှာပါ”
(ဦးရွှေမန်း)

“မြန်မာတွေ အသက်ရှုကြပ်တာကို အထူးစိုးရိမ်မိပါတယ်”
(ဘန်ကီမွန်)

“ဒီဓာတ်ပုံကို ကြည့်ပါ သမ္မတကြီးလည်း ပြည်သူတွေလို အသက်ရှုကြပ်ပါတယ်”
(ဦးရဲထွဋ်)

“အောက်ဆီဂျင်တွေပိုနေလို့ ဈေးကွက်သဘောတရားအရ ရောင်းစားရတာပါ”
(ဦးဇော်မင်း)

“တစ်ကယ်လို ့များပြည်သူတွေက ကိုယ့်အိမ်ထဲမှာပဲ ယပ်ခပ်ပြီးနေလိုက်ရင်အခြေအနေကောင်းသွားမှာပါ။
(ဦးကိုကိုလွင် – နိုင်ငံတော်အကြံပေးအရာရှိ)

လက် ရှိ အ ခြေ အ နေ အရ အသက် ရှူလို ့ရ သေး ကြောင်း””
( မြန်မာ့အလင်း သတင်းစာ)

” မြန်မာနိုင်ငံအတွက် သီးသန့်အောက်စီဂျင် ဘူးတွေထုတ်လုပ်နေပါပြီ မကြာမီတင်ပို့ရောင်းချပါတော့မယ်”
(တရုတ်)

“မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုတွေလေ့လာဖို့ ခရီးစဉ်ထွက်ပြီး ကိုယ်တိုင်လာရှုကြည့်ပါမယ်”
(အိုဘားမား)

“မြန်မာ့စစ်တပ်က စစ်သားတွေ ဒီမီးခိုးတွေကုန်အောင်ဝိုင်းရှုပေးမှာပါ”
(OE)

“အမေ သမ္မတဖြစ်ရင် မီးခိုးတွေ မလာရဲတော့ဘူး”
(NLD supporters)

“အမျိုးသားတွေအောက်စီဂျင်ကို အမျိုးသမီးတွေထက်လျော့ရှုပေးပါ အမျိုးသမီးတွေကိုဦးစားပေးကြပါ”
(အမျိုးသမီးရေးရာ)

“အခုလက်ရှိ အသက်ရှုကြပ်တဲ့ အခြေအနေကို အများကြီး စိုးရိမ်မိပါတယ်”
(၈၈ မျိုးဆက် ကျောင်းသားအိုများ)

“တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်လေရှုစံနစ် လုပ်ပေးပါ”
(ဂွမ်မော်)

“လေသန့်စောင့်ဥပဒေအရ မြန်မာမလေးတွေ အိမ်ထောင်ပြုရင် အီးမပေါက်ရပါဘူး”
(ဦးဝီရသူ)

“Indonesia က မွတ်ဆလင် တွေ က Singapore က မြန်မာတွေကို မီးခိုးမှိူင်းတိုက်နေပါပြီ။ ချကွ ဖြဲကွ”
(၉၆၉ supporters)

“ဒီလို အသက်ရှုကြပ်တာ စစ်အစိုးရကြောင့် မလို့ ဆန်ဒပြ ရတာပါ”
(ဒေါ်နော်အုန်းလှ)

” #@$ရဲ မီးခိုးထဲမှာ မင်းအမေကို @#%#% ခိုင်းရင် လုပ်မလား ? ”
(နေမျိုးဇင်)

“အောက်ဆီဂျင် ငတ်နေတဲ့ လူတွေဖက်က ငါနေမယ်ကွ။ တဝကြီး လုရှူနေတဲ့ အောက်ဆီခရိုနီတွေကို တရားစွဲမယ်။”
(နေမျိုးဝေ)

“အို့….. ကြည့်ကြပါ အမေ Mask ဝတ်ထားတဲ့ ပုံလေးက ချစ်ဖို့ကောင်းလွန့်လွန်းလို့ ဆီဗူးတုန်မိပါတယ်”
(ခွန်ဒီးယမ်)

“ဒီလို အသက်ရှုကြပ်တဲ့ပြသနာဖြေရှင်းဖို့ NLD မှာ လေမှုတ်နိုင်တဲ့လူ မရှိသေးပါဘူး”
(ဘွရှင်)

“လူတွေ အသက်ရှုကြပ်တာတင်မဟုတ် ခွေး၊ကြောင်၊ ပိုးဟပ်တွေ အတွက်ပါ လေသန့် စဉ်းစားသင့်ပါတယ်”
(လစ်ဘရယ်များ)

“မီးခိုးတွေက လဲ လဲ လဲ လဲ”
(နစ်ကီ)

“သမီး ဆင်းရဲလွန်းလို့ ရောင်းစားဖို့ အကြော်ကြော်တာက ထွက်လာတဲ့ မီးခိုးတွေကို ခွင့်လွှတ်ကြပါ”
(နန်းမီမီ)

“၁၅၀ဝ တန် sim card နဲ့တူတူ လေသင့်ဘူးဖောက်ပေးပါမယ်
(မြန်မာ့ ဆက်သွယ်ရေး)

“ကျနော်သေ ရင် ကျနော်ပိုင် တဲ့ အောက်ဆီဂျင်ဗူး တွေအကုန်လှုဒါန်းခဲ့ပါမယ်”
( ဦးဇော်ဇော်)

” စလုံးက မြန်မာတွေ အသက်ရှူကြပ်တာကို ဝမ်းနည်းကြောင်း ဦးချိန်တီပုလင်းပုံများ profile pic တင်ကြပါ”
(facebooker များ)

“ဒါတွေကို ငါသိလို့ နေပူတော်ကို ရွှေ့သွားတာ။ ငါ့ကို မှီချင်ရင် ~ငှဲငှဲ”
(စာဖတ်နေသူကြီး)

(နောက်ပြီးရေးထားတာ။ ဟာသကို ဟာသလို ဖတ်။ လာဆဲရင် ပြန်ဆဲမယ်။ မနိုင်ရင် ဘလော့မယ်… ~ဟိ)

(လာရောက်ပေးသော comment များမှ အချို့ကို ထပ်မံ ဖြည့်စွပ်ခြင်းကို ခွင့်ပြုစေလိုကြောင်း)

ကျေးဇူး။

 

 

ကြိုက်လွန်းလို့ ခွင့်တောင်းပြီး မ-လာတာ ဖြစ်ပါဂျောင်း

 

မူရင်းက ဒီမှာဖြစ်ပါဂျောင်း

 

https://www.facebook.com/wunna.swe/posts/10151692155316210

 

19 comments

  • โทรศัพท์มือถือ

    June 24, 2013 at 3:47 pm

    စင်ကာပူတွင် မီးခိုးများ ဖုံးလွှမ်းမှုကြောင့် အသက်ရှုကြပ်သော အခြေအနေသည် မြန်မာပြည်တွင် ဖြစ်ခဲ့သော်
    ဂေါင်းစဉ်ကြည့်ပီး ကျေားချမ်းသလိုလိုဒေါင် ဖစ်လာဒယ်………….
    အောက်စီဂျင် ဗူးတွေဝယ်ပီးလှောင်ထားအုံးမှပဲ……………….
    သို့မှသာ တစ်နိုင်ဂံလုံး ဒုက္ခရောက်နေချိန် ကိုယ်က ပြုံးနေနိုင်အောင်…………

  • Myo Thant

    June 24, 2013 at 4:07 pm

    အဲသလိုဖြစ်လာရင် သဂျီးဆီမှာ ခိုလှုံခွင့်သွားတောင်းမှာ 🙂

  • ညလေး

    June 24, 2013 at 4:36 pm

    အခိုးထွက်စရာဆိုလို့ရှိသေးရဲ့လားးးဗျာာာ
    အဲ ဘီယာချက်စက်ရုံ က ထွက်တဲ့ အခိုးးအ ငွေ့ ဆိုရင် တော့ ဖြစ်နိုင်ခြေရှိပါတယ်လေ ့အဲ့လောက်ကြီးးလဲ မစိုးရိမ် ရပါဝူးးးးး အဲ့လိုတွေ ဖြစ်မှာဆိုးးလို့
    ရှိသမျှသစ်တွေ အကုန်ခုတ် ရောင်းးလိုက်ပြီ့ မြန်မာပြည် မှာနေတတ်ရင်ပျော် စရာကြီးပါ့

    • โทรศัพท์มือถือ

      June 24, 2013 at 8:10 pm

      ညလေးဂ ဒီပို့စ်ထဲ ရောက်တေးဖူးထင်တယ်……..
      ကျုပ်လည်း ခြေမနေနိုင် လက်မနေနိုင် သူဂျီး ရဲ့ကွန်မန်းလေးကို
      ကော်ပီရိုက်လုပ်ရသောဝ်
      +++++++++++++++++++
      ထုံးစံအရတော့.. အိနိ္ဒယတောင်ပိုင်းဒေသ. စက်မှုတိုးတက်လာရင်.. အဲဒီကစက်ရုံက အဆိပ်မီးခိုးငွေ့တွေ.. မြန်မာပြည်အပေါ်ရောက်ပါမယ်…။
      မြန်မာပြည်က.. စက်မှုနိုင်ငံဖြစ်.. စက်ရုံတွေ.. မီးခိုးထုတ်ရင်.. ထိုင်းအပေါ်ရောက်ပါမယ်..

      ကမ္ဘာအပေါ်လေထုမှာ ဂျက်လေစီးကြောင်းရှိတယ်..
      အဲဒါကနေ.. ဖန်တီးသတဲ့…
      နှူယိုစိမ့်မှုဖြစ်ရင်လည်း.. ဒီအတိုင်းတွက်ရမှာပဲ..။
      တောမီးလောင်မီးခိုးငွေလည်း.. ဒီအတိုင်းတွက်ရမှာပါပဲ..။

      သူများဖြစ်တာကြည့်.. သတိမူ.. အတွေးနက်နက် ချကြည့်ဖို့ပါ..။

  • TNA

    June 24, 2013 at 4:47 pm

    လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကားစုတ်တွေကနေထွက်လာတဲ့မီးခိုးရှုနေကျပဲဟာ ဒီလောက်တော့ ဒို့ညန်မာဒွေမှု့ဘူးတော်ရေ။ အထုမှ ကားသစ် ( သူများအကျ ) သွင်းခွင့်ရတာ နှစ်နှစ်ပဲရှိသေးမင့်ဟာ။ ကားမီးခိုးပေါင်းများစွာရှုဖူးပီးသား။ ကြောက်ဝူး

  • nature

    June 25, 2013 at 10:06 am

    တခုထပ်ဖြည့်ချင်တယ်။
    မန်းဂေဇက်သူကြီးခိုင်။ ။ဒါနှစ်တစ်ထောင်ကျိမ်စာ။ ပြောဖို့စောင့်နေတာကြာပြီ ။ ဟီဟိ…

  • KZ

    June 25, 2013 at 11:28 am

    ချဉ်ဇယာ
    (ဖားသက်ပြင်း)

    :mrgreen:

  • kyeemite

    June 25, 2013 at 2:20 pm

    အသက်ရှုကျပ်မှာပေါ့ ဘင်ဂါလီတွေ မွေးနှုံးများလို့မလောက်တော့တာ..နှစ်ယောက်နှုံးသတ်မှတ်ကွာ
    (ရခိုင်ပါတီ)
    :mrgreen:
    မီးခိုးဘယ်ကလာလဲစစ်တော့ သဂျီးခိုင် နွားမီးဖုတ်ရာကလာတာကိုး..မာမွတ်ခိုင်ကို ဖြဲဂျကွာ..
    (အောင်ကြူး)
    :mrgreen:

    • ကြက်အူလှည့်

      June 25, 2013 at 2:39 pm

      ဒီလောက် မီးခိုးတွေအူနေရင် ကျမ ဘာသာမဲ့ပဲ လုပ်တော့မယ်
      အရီးလတ်

      မီးခိုးအူရတာမှာ လစ်ဗင်းတူဂဲသားကို အဓိပ္ပါယ် ဖွင့် လွဲတာနဲ့ ဆိုင်မယ် ထင်ပါတယ်။
      ဆြာမမျှစ်ကြော်ပြုံး

      သားမသိဘူး ကလေးက ကလေးလိုပဲနေတာကောင်းပါတယ်လေ
      ရွှေတိုက်စိုး

      အတွေးလေးကို လက်မထောင်ပြီး အားပေးသွားပါတယ်ဗျာ..
      ဘဘဘလက်

      အားလုံး &&#&$##%& ပဲကွာ
      ကဘုန်းကျော်

      ရသမြောက်တဲ့ အနုပညာတရပ်လို့ပဲ မြင်ပါတယ်ဗျာ
      အလက်ဆင်း

      ဘယ်နားသွား ဒါ့ပုံရိုက်ရင်လှမလဲမသိဘူး
      ဆြာအုပ်

      မိန်းမမရသေးဘူး သေရတော့မယ်ထင်ပါတယ်ရယ်လေ။
      ကမတ်

      မက်ဘုတ်ပရိုတွေ ဒစ်စကောင့်ချမလားမသိဘူး
      ကြောင်အဆီပိတ်

      မီးခိုးတွေကြောင့် ကလေးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မိပါတယ်
      မိုးဇက်

      မီးခိုးဟာ သစ်မွှေးပင်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။
      ကိုဝေအောင်

      ဂလောက်မီးခိုးမွှန်မှတော့ စိုးတယ် စိုးမိတယ် စိုးထိတ်မိတော့တယ်
      ကိုရင်စည်သွပ်

      ကတောက် မိန်းမယူခါနီးမှကွာ
      အန်ကယ်ကျောက်

      ဟုတ်ကဲ့ ..ကျနော်တို့ ပေါ့နော် ..မီးခိုးရဲ့ ငယ်ဘဝဖြတ်သန်းပုံကလေးကိုပေါ့နော် ပြောပြပေးပါပေါ့နော်
      ဓါးအာဂ

      သောက်မီးခိုးတွေကလည်း ဆပ်စလူး နတ်ပူးနေသလားမသိဘူး
      အီးတုံး

      ငါ့ဟင်းတွေတော့ မီးခိုးနံ့ စွဲကုန်ပါပြီ
      မဝေဝေ

      ဘုရားတရား ကို မမေ့ကြနဲ့
      အာတီဒုံ

      အဆုတ်အတွက် ဆောင်ထားသင့်တဲ့ အိမ်သုံးဆေးဝါးတွေကတော့ ….
      ကိုခင်ခ

      မီးရယ် မီးကိုကြိုက်ပေမယ့် မီးခိုးကိုတော့ မခံစားနိုင်ဘူးကွယ်
      ဦးကြီးမိုက်

      အယူးဂီမဲ ဘာတွေလျှောက်ရေးနေတာတုံး
      ချွေအိ

      သခင်မျိုးဟေ့ ဒို့ဘာမန် ..အဟွတ် အဟွတ်
      ဦးခိုမ်

      မီးခိုးကို စာလုံးပေါင်း မတတ်ရင် သင်ပေးပါ့မယ်
      မာမား

      ဘာလီနဲ့ သုကြိတ်တို့ သွားလက်ကမြင်းတုန်းက ဘီလူးတွေလည်း ဂလိုပဲခံစားခဲ့ရမှာပါ
      မိုက်ကယ်ဂျော်နီအောင်ဘု

    • lele kyi

      June 25, 2013 at 3:43 pm

      ကိုကြီးမိုက်-bravo!! ဦးကြောင်ကြီးရဲ့အတွေးကိုကွက်တိသိသားပဲ။ 🙂

  • Moe Z

    June 25, 2013 at 4:03 pm

    လေကိုချွေတာရမယ် ၁ရက်ကို ၁၂နာရီပဲရှု ၁၂နာရီအသက်အောင့်
    ပုံ
    စိုက်ပျိုးရေးဝံဂျီး

    • ကြက်အူလှည့်

      June 25, 2013 at 4:15 pm

      သားရီးတို့ရေ မအကြနဲ့ ကွယ့် အဟွတ် အဟွတ်
      (ဖေကြီးသိတယ်)

      မားသံကတော့လေ. မီးချုးတွေကို အရမ်းချော်တကစ် တာပါပဲကွယ်
      (မာမီသံ)

  • nature

    June 25, 2013 at 4:06 pm

    FR။ ။ မီးခိုးတွေ ဘာကြောင့်ဖြစ်လဲ ဘယ်လိုဖြစ်လာလဲ စဉ်းစားကြစေလိုပါတယ်။ 😛
    ပဒုမ္မာ။ ။ ပဒုမ္မာရဲ့နိုင်ငံကို တကယ်မချစ်လို့စွန့်ရစ်လေသလားဆိုတာကြားသွား လို့တကယ်ချစ်လို့ ပြန်လာကြတာ ဖြစ်ပါလိမ့်မယ်။ 😛

    • ကြက်အူလှည့်

      June 25, 2013 at 5:20 pm

      ရရင်ရ မရရင်ချကွာ
      (ကိုမိုးသီး)

      ငါ့ညီမိုးသီး အဲ့လိုဖစ်ရင်မင့်နဲ့ငါ နျူးယောက်မြို့ မြစ်ထဲက ဟိုကျွန်းလေးပေါ်သွားနေကြရအောင်
      (အောင်ဝေး)

  • Mr. MarGa

    June 25, 2013 at 9:02 pm

    နတ်ပြည်မှာလဲ တိမ်မီးခိုး မွှန်နေပါတယ်
    ဦးမာဃ :mrgreen:

  • kyeemite

    June 26, 2013 at 10:56 am

    သည်းခံကြပါလေ..ကျုပ်တို့အညာမှာဆို နွားတွေခြင်မကိုက်အောင် တမင်ဂလာမီးခိုးမှိုင်းတောင်တိုက်ရတာ
    (အံဇာဒုံး) :mrgreen:
    မီးခိုးမွှန်လို့တဲ့ဂျာ…ဘီအီးတောင်ဇေးတက်သွားဘီ..ဘွတ် ဘလွတ်ဘွတ်
    (ဗိုက်ကလေး) :mrgreen:

  • ဦး ကျောက်ခဲ

    June 26, 2013 at 11:29 am

    အူးလေးရာ ဒီတစ်ခါတကယ်ဗျ… မီးခိုးမွှန်လို့ ညက်လုံးကန်းပါစေ တို့မှာပဲ တို့မှာပဲ..
    ကန္နားစီးမိဂီ :mrgreen:

  • အလင်း ဆက်

    July 3, 2013 at 9:33 pm

    စင်ကာပူတွင် မီးခိုးများ ဖုံးလွှမ်းမှုကြောင့် အသက်ရှုကြပ်သော အခြေအနေသည် မြန်မာပြည်တွင် ဖြစ်ခဲ့သော်………………………………………………

    ဗမာပီပီ…..
    သူတို့ကြောင့်လို ့.. လက်ညိုးထိုးပစ်တင်ဖို ့…..
    အပြစ်တင်ခံမည့်သူ အရင်လိုက်ရှာပါမည် ။
    ပြီးလျှင် အပြစ်တင်ပါမည် ။

    အပြစ်တင်လို ့ဝလျှင်… ဗမာပီပီ..
    အားနာလိုက်တာ…ဟုပြောပါမည် ။

    ပြီးလျှင်..ဗမာပီပီ…..
    မသိချင်ယောင် ဆောင်နေပါတော့မည် ။

    ဟီဟီ

Leave a Reply