မင်းရာမ နှင့် ဒဿဂီရိ တို့၏အနိုင်အရှုံးကို သုံးသပ်ရာဝယ်

`ဒီနေ့က စပြီး ကျနော့်နာမည်ကို ဒဿဗိန်ဂျို့ လို့ နာမည်ပြောင်းလိုက်ပြီဗျာ’
`ဟေ !!!!!!! ဘယ်လို .. ကွ ???!!!”
`  ဇော်ဂျီလည်းသူ့နာမည်ကို စောခက်သူ လို့ပြောင်းတယ် ကျနော်လည်း ကျနော့်နာမည်ကို ဒဿဗိန်ဂျို့ လို့ပြောင်းတယ်ဗျာ”
`ဟကောင် ဗိန်ဂျို့ မင်းကို မတ်တတ်မတ်တတ်အရွယ်ကတည်းက ဗိန်ဂျို့ ဘဲခေါ်လာတာ ခုမှ ဘယ်လိုဖြစ်လို့ ဒဿဗိန်ဂျို့ ဖြစ်သွားရတာတုန်းကွ ဟေ? “
နေရာကား ဦးစံကျော် ၏ ထန်းဝိုင်းထဲတွင်ဖြစ်လေသည်။
ဦးစံကျော်၊ ဇော်ဂျီ၊ ဗိန်ဂျို့ အမည်ရသော လူသုံးဦးသည် ထန်းရည်သောက်လျှက်ရှိကြလေကုန်ပြီး ၎င်းတို့ နှင့်မနီးမဝေးတွင်
ထန်းလှီးဆရာကြီးဦးခြောက်ပြားသည် ထန်းလှီးဓါးကို သွေးလျှက်ရှိနေသည်တော့၏။
ထန်းဝိုင်းဟု ဆိုသော်ငြား ထို ထန်းဝိုင်းမှထွက်သော ထန်းရည်များကို အများအားဖြင့် ထန်းလျှက်များသာချက်လုပ်သည့်အတွက်
ထန်းရည်အဖြစ်ရောင်းချလေ့မရှိဘဲ ထန်းဝိုင်းပိုင်ရှင်မှလွဲလျှင် အခြားသူများမှ ရံခါမှသာရရှိနိုင်ကြလေတော့သည်။
ဗိန်ဂျို့ ဆိုသူမှာ ထန်းလှီးဆရာကြီး ဦးခြောက်ပြား ၏ သမီးကို ကြိုက်နေသူဖြစ်ပြီး ဦးခြောက်ပြားသမီးမှ သူ့ကို ပြန်မကြိုက်သဖြင့်
အသဲကွဲနေသူလည်းဖြစ်ရလေကာ ဦးခြောက်ပြားလှီးသော ထန်းရည်ကိုသောက်ပြီး အနည်းငယ်လည်း မူးလာပြီဖြစ်သည့်အခိုက်
ဇော်ဂျီ မှ ထန်းရည်မူးမူးဖြင့် ဝေဘန်သုံးသပ်ပြသော မင်းရာမနှင့် ဒဿဂီရိဇာတ်တော်ကြီး အဆုံးဝယ် ဘာကိုသဘောကျသွားသည်မသိ
သူ့နာမည်ကိုပြောင်းလိုက်သည့်အထိပင်ဖြစ်သွားရလေတော့သည်။
အမှန်စင်စစ် ဇော်ဂျီပေါက်ကရပြောသည်မှာ ဗိန်ဂျို့ နာမည်ပြောင်းလိုက်ရလောက်သော ခိုင်မာသည့်အချက်အလက်များ မတွေ့ရှိရသည်ကို
ထောက်ရှု့ခြင်းအားဖြင့် ၎င်းတို့သောက်သော ထန်းရည်မှာ အလွန်ကောင်းသည်ဟူ၍ပင်ဆိုလိုက်ရပါလေတော့၏။
ဒရန်တန်တန်
……………………………………………….
………………………………………………………………………………………………………………………………………
…………………………………..

မင်းရာမ နှင့် ဒဿဂီရိ တို့ လေးခင်းယှဉ်ပြိုင်ကြသောအခါ မင်းရာမသည် အနိုင်ရခဲ့လေ၏ ဟု ဆိုပါ၏။
မင်းရာမ နိုင်ပြီး ဒဿဂီရိရှုံးသည်ဟု ဆိုလိုခြင်းပင်။
မင်းရာမ ဘာ့ကြောင့်နိုင်ပြီး ဒဿဂီရိ ဘာ့ကြောင့်ရှုံးသနည်း??
ဒဿဂီရိက လေးကို မ ယုံလေးဘဲ မ နိုင်ပြီး မင်းရာမက လေးကိုင်းကိုပါ တင်နိုင်ခဲ့လို့ ဆိုပြီး အလွယ်ပြောမှာမဟုတ်ဘဲ
ပညာရှင်အဆင့် ဒဿန ဖီလိုဆော်ဘါ အတွေးခေါ်တွေနဲ့ သုံးသပ်တွေးတောရမှာဖြစ်ဘါဒယ်။
အကြောင်းအရာကို ထုတ်နှုတ်တွေးတောကြံဆရလေသောဝ်……..!!!!!!!!
မင်းရာမ သည် လေးခင်းကိုတင်အံ့ဟု လေးခင်းရှိရာနေရာသို့ချဉ်းကပ်စဉ် ( ဝါ ) လေးခင်းကိုတင်အံဟု အားထုတ်လုလုတွင်
မယ်သီတာဖက်သို့ စောင့်ငဲ့ကြည့်၍သော်လည်းကောင်း ဖျတ်ကနဲ့ ( ဂလန့်န်စ် ) သော်လည်းကောင်း ကြည့်ခဲ့ပုံရပါသည်။
ထိုသောအခါ မယ်သီတာသည်လည်း မင်းရာမအား စပ်ဖျဲဖျဲလုပ်ပြပေလိမ့်မည် စာစကားဖြင့်ပြောရပါမူ ပြုံးပြပေလိမ့်မည်
ထို့ကြောင့် မင်းရာမသည် မယ်သီတာ၏ အပြုံး သို့မဟုတ် စပ်ဖျဲဖျဲ လုပ်ပြခြင်းကို မြင်ရပေလိမ့်မည်။
ထိုသောအကြောင်းသည် မင်းရာမအား လေးခင်းကို တင်နိုင်ရန် အားကိုဖြစ်စေသလော?!!! ဟု
မေးခွန်းသည် ရှိလာလတ္တံ့ရသောအခါ
ဒဿနသဘောအရ ဒဿဂီရိဖက်မှလည်းတွေးရပေလိမ့်မည်ထင့်
ဒဿဂီရိသည် ဘီလူးပါဆိုမှ ခေါင်းကလည်း ဒါဇင်ဝက်ကျော်နေသောအခါ မယ်သီတာသည် ကြိုက်ခဲ့ဟန်မရှိ
အကယ်၍ ဒဿဂီရိတွင် သူလိုကိုယ်လို မျက်နှာမျိုး ဒါဇင်ဝက်ကျော်ပါလာခဲ့လေလျှင် မယ်သီတာ အသို့ရှိမည်နည်း?!!!
ဘယ်လိုပင်ဆိုသော်ငြား ဇာတ်ထဲတွင် မယ်သီတာသည် ဒဿဂိရိ အား မမုန်းသည့်တိုင် ချစ်ခင်စုံမက်လိုခြင်းစိတ်ရှိပုံမရ
တစ်နည်း မချစ် မကြိုက် ဟုဆိုနိုင်ပါသေးသည်။ ထိုအချိန်တွင် မုန်းသည်ဟူ၍လည်းတစ်ထစ်ချ မဆိုနိုင်ပြန်။
( မယ်သီတာသည် ဒဿဂီရိ မှ သူမအား အလိုမတူဘဲ အတင်းခေါ်ဆောင်သွားချိန်မှသာလျှင် မုန်းကောင်းမုန်းပေလိမ့်မည်
သို့သော် ဒဿ ဂီရိမှ သူမ ( မယ်သီတာ ) အား ဘာမျှ မလုပ်ခြင်းအတွက်  မုန်းခြင်မှမုန်းပေလိမ့်မည် ( စာထဲမှာတော့ ဘါမှမလုပ်ဘူးပြောတာဘဲ )
( ရံခါ မိမိကို အခြားသူက ရေလာမြောင်းပေးလာကျွေးခြင်သော်လည်း မိမိမှာ အာရုံမလာသောကြောင့် ဖါသိဖါသာနေသည့်သဘော )
သို့သော်
ဒဿဂီရိသည် လေးကို မတင်နိုင်ခဲ့ခြင်းမှာ အားမရှိ ( မတတ်နိုင် ) ၍ လော ( ဝါ ) မယ်သီတာ၏ အလိုတူခြင်းကိုမတွေ့ရ၍လော?!!!!!
ဆိုလိုသည်မှာ
ဒဿဂီရိသည်လည်း လေးကိုတင်အံ့ဟု လေးခင်းရှိရာချဉ်းကပ်စဉ် ( ဝါ ) လေးကိုတင်အံ့ဟုပြုမည်တွင် မယ်သီတာကို စောင်းငဲ့ကြည့်ခဲ့ပုံပေါ်ပေလိမ့်မည်သာတည်း။
သူ ( ဒဿဂီရိ ) မှ သူမ ( မယ်သီတာ ) ကို စောင့်ငဲ့ကြည့်လိုက်စဉ်တွင် သူမ ( မယ်သီတာ ) ၏ မျက်နှာရိပ်မျက်နှာကဲသည် အသို့ရှိပေလိမ့်မည်နည်းး?..!!!!
ပြုံးနေခြင်း ( စပ်ဖျဲဖျဲ ) ရှိနေပုံမပေါ်သည့်တိုင် မဲ့နေခြင်း မဖြစ်သော်ငြား အလိုတူဟန်ပြမည်ဟု လုံးဝဖြစ်နိုင်ခြေမရှိပေ။
သဘောအရ သူမအလိုမတူသည့်အတွက် သူ့ ( ဒဿဂီရိအား ) ရှုံးစေလိုသည့်စိတ်ထားရှိစေပါလိမ့်မည်။
ထိုအကြောင်းကို ကီး ( ဝါ ) ဆို့စ် ဟု အမှတ်ထားရပေလိမ့်မည်။
မိမိချစ်ခင်နှစ်သက်သူ၏ အသိမှတ်ပြုခြင်းကိုမခံရသော သူတစ်ဦးသည် စိတ်ဓာတ်ရေးရာကျရှုံးခြင်းမှသည် ကိုယ်စွမ်းအားပါ
လျှော့နည်းတတ်ရလေတော့၏။ ( ထိုနေရာတွင် ( ဖြစ်သည် ) ဟု မသုံးနှုံးဘဲ ( ဖြစ်တတ်သည် ) ဟု အခြေခံသဘောရိုးကိုပြထားပါသှ် )
အကြောင်းမှာ လိုခြင်မှု့၏ ပြည့်စုံခြင်းကို ရသည်မရသည်ပေါ်တွင် စိတ်ကြေနပ်ခြင်းမကျေနပ်ခြင်းအပိုင်းကို ဆင်ခြင်ရာ၌ တစ်ဦးခြင်းစီ၏
စိတ်အကြောင်းများသည် ကွာခြားခြင်းကြောင့်ဖြစ်ပါသည်။
သိပ္ပံသဘောအရ ဦးနှောက်၏ ခိုင်းစေမှု့ကြောင့် ခန္ဓာတွင်းအာရုံကြောများအလုပ်လုပ်ခြင်းဟု ဆိုကြသကဲ့သို့
စိတ် ( ဆန္ဒ ) ၏ အလိုကြောင့် ခန္ဓာသည် လှုပ်ရှားခြင်းဟူသောသဘောပင် ( ထိုတွင် ပြုသမျှသည် ခန္ဓ၏ ကျမ္မာရေးနှင့်လည်းအကြုံးဝင်ပါ၏ )
ဤကား ဇာတ်တော်ပါ အကြောင်းတစ်ခုတွင်းမှ ရာမမင်းသားနှင့် ဒဿဂီရိ တို့ မင်းသမီး မယ်သီတာကို လုကြရာ
သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြချိန်တွင် သက်ဆိုင်သူတို့၏ စိတ်အစဉ်များကို ဒဿနဖက်မှ တွေးခေါ်ကြည့်နေခြင်းလျှင်ပင်။
……………………………………..
ဟုတ်တယ်ဗျ အဲ့သည်အချိန်မှာမယ်သီတာသာ စပ်ဖျဲဖျဲလုပ်ပြကြည့် ဒဿဂီရိ ရဲ့အက်ရှင်ကတစ်မျိုးပြောင်းသွားနိုင်တယ်
ဗိန်ဂျို့မှပြောလိုက်ခြင်းဖြစ်သည်။
တကယ်လို့ မင်းရာမသာမရှိခဲ့ဘူးဆိုရင် မယ်သီတာဟာ ဒဿဂီရိကို မချစ်ဘူးလို့ဘယ်သူပြောနိုင်မလဲ ?!!!!!
အခြေအနေအရ ဗိန်ဂျို့မှာအလွန်အားတက်သရောရှိနေရလေတော့၏။
အဲ့သည်အကြောင်းတွေလည်း တစ်ကယ်မရှိခဲ့ဘူးဆိုရင် ငါလည်းမူးလို့ကောင်းနေတုန်းဒီလိုနားငြီးမှာမဟုတ်ဘူးထင်တယ်
ငါလိုးမသားနှစ်ကောင်ရဲ့
ထိုစကားကိုပြောလိုက်သူမှာကား ဦးစံကျော်ပင်ဖြစ်လေသည်။
……………………………………………………………………………………………
ထို့နေ့မှ တစ်နှစ်ခန့်ကြာလတ်သော် ဒဿဗိန်ဂျို့သည် ဦးခြောက်ပြား၏သမီးနှင့်ညားလေပြီးနောက် ဆယ့်ငါးနှစ်မျှအကြာတွင်
သမီးနှစ်ယောက်နှင့် သားသုံးယောက်တို့၏ ဖခင်ဖြစ်သွားပါတော့ပြီး
ငါ့သားသုံးယောက်ကို ဘုန်းကြီးဘစံကျော် နဲ့ ဘုန်းကြီးဘခြောက်ပြား သတင်းသုံးတဲ့တောင်ပေါ်ကျောင်းမှာ ရှင်ပြုပေးရမယ်
ဟု ပြောလျှက် ပြောလျှက် ရှိကာ ဘစံကျော်အမွေပေးခဲ့သောထန်းတောနှင့် လယ်ကွင်းထဲတွင်း မအားလပ်ရအောင်အလုပ်ရှုပ်နေရပါတော့သတည်း။

…………………………

တစ်ကယ်ချစ်ခင်ခဲ့ဘူးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကိုသတိရလို့ရေးလိုက်တဲ့အတွက် စာဖတ်သူများအတွက် အနှောင့်အယှက်ဖြစ်သွားရင်

တစ်ဆိတ်ခွင့်လွှတ်ပေးလိုက်ကြစေလိုပါတယ်။

11 comments

  • ဦး ကျောက်ခဲ

    June 24, 2013 at 6:09 pm

    မယ်သီတာကို ဆွဲရမ်းမိလို့ ရဲဖမ်းတဲ့ ယောက်ပြား…
    စာနာပါသည် ယောက်ဖကြီးရဲ့ ကမြင်းကြောထချက်အား…
    အလစ်ကြုံးသမား ဒဿဗိန်ဂျို့…. ဂိ ဂိ
    :mrgreen:

  • โทรศัพท์มือถือ

    June 24, 2013 at 7:05 pm

    ( မယ်သီတာသည် ဒဿဂီရိ မှ သူမအား အလိုမတူဘဲ အတင်းခေါ်ဆောင်သွားချိန်မှသာလျှင် မုန်းကောင်းမုန်းပေလိမ့်မည်
    သို့သော် ဒဿ ဂီရိမှ သူမ ( မယ်သီတာ ) အား ဘာမျှ မလုပ်ခြင်းအတွက် မုန်းခြင်မှမုန်းပေလိမ့်မည် ( စာထဲမှာတော့ ဘါမှမလုပ်ဘူးပြောတာဘဲ )
    ———————————-
    စာထဲတော့ ဘါမှမလုပ်ဘူးပြောတာဘဲ
    အဲ့ဂါကို ရာမလက်ခနပြန်လက်ခံရင် အများပြောဖွယ် ဖြစ်နေမယ်ဆိုပီးးး မယ်သီတာက မီးပုံထဲခုန်ဆင်းပြ
    မီးပုံက မီးငြိမ်းသွားတဲ့အတွက် ရာမလက်ခနက မယ်သီတာကို လက်ခံခဲ့တယ်လို့
    မြက်မြင်ကိုယ်တွေ့မှီလိုက်တဲ့ ကျုပ်တို့ ဘဂျီးးး ဦးခိုင် က ကျုပ်ကို ၃ သုံးနှစ်သား
    အရွယ်လောက်တုံးက ပြောပြဖူးတယ်……………..
    ကျုပ်တို့ရွာက ဦးကျောက်ပျား ဆိုတဲ့လူဂျီးကပြောတာတော့ မီးရှို့တဲ့အသားတွေက
    ရေစိမ်ထားတာဖြစ်ပြီး ဓါတ်ဆီအနည်းငယ် လောင်းပီး မီးရှို့ခဲ့လို့….
    ဓါတ်ဆီငွေ့ကုန်တဲ့အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ဆိုတယ်………..
    …………………………
    ဆိုတော့ မယ်သီတာရဲ့ သစ်စာပြုမှုကို အခြေခံပီးး ခုခေတ်မိန်းကလေးများကိုလည်း
    သစ်စာ ပြုခိုင်းရရင် မီးပုံထဲခုန်ဆင်းခိုင်းရင်တော့ အမှုပတ်နေမယ်…..
    ဆေးလိပ်မီးနဲ့ပဲ တို့ကြည့်ချင်တယ်… အကယ်၍များသာ မပူဘူးဆိုလို့ဂဒေါ့…..
    အသင်ယျောက်ကျား ထိုးမိန်းမအားးးး အသက်ထက်ဆုံးးးးး ရိုသေစွာ ပေါင်းသင်းပါလေ……

  • မောင် ပေ

    June 24, 2013 at 7:45 pm

    အချစ်ရှုံးသမား ဒဿအောင်ပု က ခင်ဗျားမဖြစ်ခဲ့ပါစေနဲ ့ဗျာ

  • TNA

    June 24, 2013 at 8:24 pm

    မသောက်ပဲမူးတွားဘီ။ စာတွေကို ဖတ်လိုက် နားမလည်လိုက် အပေါ်ပြန်တက်ဖတ်လိုက် အောက်ဆက်ဖတ် လိုက် အပေါ်ပြန်တက်ဖတ်လိုက်နဲ့။ နောက်ဆုံးတော့ ညားတွားဒါပဲသိလိုက်တယ်။ မယ်သီတာပြုံးပြရင် ဒသဂီရိလေးတင်နိုင်မယ်ဆိုတော့ ဒသဗိန်ဂျို့ကို ဘခြောက်ပြားသမီးကပြုံးပြလိုက်တယ်ပေါ့အဲလိုလား။

  • kyeemite

    June 25, 2013 at 9:03 am

    ဘာပြောရမှန်းတောင်မသိအောင်ဖြစ်ရပါတယ် ဇတ်ဆရာကိုအောင်ပုရယ်… 😆

  • Myo Thant

    June 25, 2013 at 9:25 am

    ( မိမိချစ်ခင်နှစ်သက်သူ၏ အသိမှတ်ပြုခြင်းကိုမခံရသော သူတစ်ဦးသည် စိတ်ဓာတ်ရေးရာကျရှုံးခြင်းမှသည် ကိုယ်စွမ်းအားပါ
    လျှော့နည်းတတ်ရလေတော့၏။ ( ထိုနေရာတွင် ( ဖြစ်သည် ) ဟု မသုံးနှုံးဘဲ ( ဖြစ်တတ်သည် ) ဟု အခြေခံသဘောရိုးကိုပြထားပါသှ် ) )

    လွှတ် ကြိုက်ဗျာ

  • ရှေ့တစ်ကွက်မှာ မင်းရာမ လေးမတင်ခင် မယ်သီတာကို ကြည့်မိတော့ …
    မယ်သီတာက စပ်ဖြဲဖြဲ လုပ်ပြတယ် …
    ဒါကို ဒဿ က မြင်လိုက်မယ် ထင်တယ် …
    “သောက်ကောင်မ သူ့လင်ကျ ဖြဲပြလိုက်တာ ပြဲနေဒါဘဲ” (ဒဿ စိတ်ထဲက ဇဂါး) :mrgreen:
    သူ့ အလှည့်ကျ မဲ့ပြဒယ် …
    ဒီအခါ ဒဿ စိတ်ထဲမှာ …
    “ကောင်မ မျက်နှာက ငါ့ကို မဲ့ပြနေလိုက်တာ ဒန်အိုးဖင်ကြီးလား ကျနေဒါဘဲ” :mrgreen:
    “တော်ဘီကွာ …။ ဒီကောင်မမျိုး ငါ့အချစ်မျိုးနဲ့ မတန်ဘူး။”
    ဆိုပြီး .. ဆိုပြီး .. ခပ်တင်းတင်းနဲ့ လျှော့ပလိုက်ဒါ ဖစ်မယ် ထင်ဘာဒယ် …
    (အထင်)

  • KZ

    June 25, 2013 at 11:24 am

    မင်းးးးးးရာ မ
    လေးခင်းးး ကို အမ မယ်
    မယ်သီတာ အပြုံးလေးးးး တွေ့ပါတယ်။

    :mrgreen:

  • အရီးခင်လတ်

    June 25, 2013 at 7:38 pm

    လက္ခဏ ကို မေ့နေကြသလားဗျို့။
    လက္ခဏ လဲ လေးတင်ခဲ့ပါတယ် တဲ့။
    ဆရာချစ် ပုံပြင် ထဲ မတော့ သူကလဲ လေးတင်ခါ နီး “မသီတာ” ကို ကြည့်လိုက် သတဲ့။
    အဲ့အချိန် မသီတာ က လေးတင်မဲ့ သူ့ကို မကြည့်ဘဲ ကိုရာမ ကို စူးစူးကြီး အငမ်းမရ ကြည့် နေ တာ ကို တွေ့ဆိုဘဲ။
    ဒါနဲ့ဘဲ သူ လဲ မတင်နိုင်တော့ဘဲ ……. “အစ်ကို့” အတွက် ဖြစ်သွားတာတဲ့။ 😆

  • ဦးကြောင်ကြီး

    June 26, 2013 at 9:01 am

    ကပုပေါဂျင်ဒါ… သူရယ်၊ သူ့ဘော်ဘော်ရယ်၊ ကောင်မလေး အဖေရယ် သုံးယောက် ထရည်ဝိုင်း အမှတ်တရကို… ကပုက ရာမမင်းသားလို ဝင်မပြိုင်ဘဲ အသာရှောင်ထွက်လာလို့ ဟိုနှစ်ယောက် ညားသွားတယ် ဆိုဂျင်ဒါ… ကပု မရှိတော့တဲ့ အချိန်ကစပီး ဦးစံကျော်နဲ့ ဦးခြောက်ပြားလည်း သောက်ဖော်မဲ့ပြီး အကျွတ်တရား သံဝေဂရ ဘုန်းကြီးဝတ်သွားဟန် တူရဲ့… သာဓုပါဗျာ.. 😆

Leave a Reply