မရေးရရင်မနေနိုင်တာကလွဲလို့ …. (အဖြေမှန်ထွက်ပါစေ)

 

 

 

 

 

 

 

 

 

 

အင်မတန်ရေးချင်လွန်း ပြောချင်လွန်းတဲ့အကြောင်းလေးနဲနဲကြောင့် ဒီစာစုလေးကို ရေးမိပါတယ်။

ဒီစာမရေးမီမှာ သရဏဂုံသုံးပါးနဲ့တစ်ကွ ငါးပါးသီလကိုဆောက်တည်ပြီးမှ စိတ်ကို တည်ငြိမ်သန့်စင်အောင် ကြိုးစားပြီးမှ ရေးပါတယ်…။

ဒါတွေရေးလို့ ဘာမှမထူးမှန်းသိပေမယ့် ကိုယ်လုပ်စရာကို လုပ်တဲ့သဘောပါပဲ။

 

အမျိုးစောင့်ဥပဒေ

အဲဒါနဲ့ပတ်သက်ရင် တကယ်တော့ ကျုပ်အဖို့ ကြိုက်တော့မကြိုက်ပေမယ့် သိပ်အသဲအသန်ကြီးမဟုတ်ပါဘူး..။

အဲဒါကြီးက ခေတ်နဲ့မဆီလျှော်ဘူး။ လူ့အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ရာရောက်တယ်။ ဒီတိုင်းပြည်နဲ့လဲ မသင့်လျှော်ဘူး။ အဲဒါလောက်ပါပဲ…။ (တကယ်တော့ အဲဒီဥပဒေမရှိလဲ ကျုပ်သမီးကို ဖြစ်နိုင်ရင်တော့ ဗုဒ္ဓဘာသာဝင်နဲ့သာ အိမ်ထောင်ပြုစေချင်တာပါ။ သူ့အကျိုးအတွက်ပါ။)

ပြဿနာက

၁။ အဲဒါကြီးကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံတာ

၂။ အဲဒါကြီးကို ဘုန်းကြီးတွေက ဦးဆောင်လုပ်တာ

ဒီနေရာမှာ ဖြတ်ပြောရရင် အဲဒီဥပဒေကြီးဟာ အရမ်းကောင်းတဲ့ဥပဒေပဲ ဖြစ်စေဦး – အဲဒီဥပဒေကို ဒေါ်စုနဲ့ လဲ ရမယ်ဆိုရင်- အဲဒီဥပဒေအတွက် ဒေါ်စုကို ပြည်သူ့ထောက်ခံမှု့ ပျက်ပြားရမယ်ဆိုရင် အဲဒီဥပဒေမျိုး တစ်ရာနဲ့သော်လည်း ဒေါ်စုနဲ့ လဲ ဖို့ မတန်ပါဘူး..။ ဘာကြောင့်လဲဆိုတော့ ဒေါ်စုလို ခေါင်းဆောင်မျိုးက တသက်မှာ တခေတ်မှာ တစ်ခါပဲ ရှိတာ….

နောက်ထပ်မရနိုင်တော့ပါဘူး။ လုံးဝ လုံးဝ မရနိုင်တော့ပါဘူး……။

အခုကိုပဲ အဲဒီဥပဒေအတွက် ဒေါ်စုကို NLD ကို မွတ်ဒေါင်း ဆိုပြီး တိုက်ခိုက်နေကြပါပြီ……။

အရင်ကနဲ့မတူတာက အခုတိုက်ခိုက်မှု့က အောင်မြင်ပါတယ်…။

ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်သူတွေက ပြည်သူမုန်းတဲ့ချဉ်ဖတ်တွေမဟုတ်ပဲ- ပြည်သူအများစုရဲ့ လူထုခေါင်းဆောင် ဘုန်းကြီးတွေဖြစ်နေလို့ပါပဲ…။

 

အဲဒါကြောင့် ဘုန်းကြီးတွေ နိုင်ငံရေး လူမှု့ရေး လုပ်တာကို ကျုပ်ကလုံးဝ သဘောမကျတာပါ။

တစ်ချို့ကပြောမယ်-

ကိုလိုနီခေတ်က ဦးဥတ္တမ တို့ ဦးဝိစာရတို့ ဗြိတိသျှကို ဆန့်ကျင်ခဲ့တာတော့ ဘာပြောမလဲ လို့ပေါ့ ….။

သူတို့ အဲသလိုလုပ်ခဲ့တာရဲ့ ဆင့်ပွားအကျိုးဆက်ကို အခုမြင်ရတာပါ…။

(ဘုရားရှင်ကတော့ သံဃာတွေကို ဆေးတောင်မကုခိုင်းပါဘူး။ ဝိနည်းနဲ့ ရှင်းရှင်းလင်းလင်းတားမြစ်ထားပါတယ်…)

ဘုန်းကြီးတွေ နိုင်ငံ့အကျိုး၊ အမျိုးသားအကျိုးကို လုပ်သင့်တယ်လို့ လူတွေက ခိုင်ခိုင်မာမာယုံကြည်သွားခဲ့ခြင်းကြောင့် ဘုန်းကြီးတွေက လူထုခေါင်းဆောင်တွေ ဖြစ်လာတာပါ။

အဲဒီတော့ နိုင်ငံရေးသမားတွေအဖို့ ဘုန်းကြီးတွေဟာ အင်မတန်အသုံးချချင်စရာ ကောင်းသွားတော့တာပေါ့…

အသုံးချချင်စရာကောင်းတော့ အသုံးချ တော့တာပေါ့….

အရင်ကလဲ ခေတ်အဆက်ဆက် အသုံးချခဲ့တယ်

အခုလဲ အောင်မြင်စွာ အသုံးချနေတယ်

ဒီလောက်သုံးလို့ကောင်းမှတော့ နောင်လဲ ဆထက်ထမ်းပိုး အသုံးချခံနေရတော့မှာပဲ ဖြစ်ပါတယ်။

ဒီတော့ ဘုန်းကြီးတွေကပြောမယ်-

သူတို့ကို ဘယ်သူမှလခပေးမထားဘူး။ ဘယ်သူ့အထောက်အပံ့မှမယူဘူး။ ဘယ်သူ့ ကျေးဇူးခံကျေးဇူးစားမှ မဟုတ်ဘူး။ ကိုယ်လုပ်သင့်တာကိုယ်လုပ်တာ- အစရှိသဖြင့်ပေါ့လေ….

နိုင်ငံရေးအရအသုံးချတယ် ကစားတယ်ဆိုတာက အလုပ်သမားငှားခိုင်းသလို လခပေးပြီးခိုင်းတာမဟုတ်ပါဘူးနော….။

လုပ်စေချင်တာကို ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်စိတ်နဲ့ကိုယ် လုပ်အောင် အကွက်ချ ဖန်တီးတာပါ။

အဲဒါတွေရဲ့ အကျိုးဆက်ကတော့ သတ္တဝါတွေချမ်းသာဖို့ အကျိုးများဖို့ ဟောကြားထားရစ်တဲ့ ဘုရားအဆုံးအမ ဘုရားသာသနာဟာ

လူလည် လူညစ် လူနပ်တွေချမ်းသာအကျိုးများဖို့ နဲ့ အခြားသတ္တဝါများ ဆင်းရဲဒုက္ခခံစားရဖို့ လွဲမှားစွာအသုံးချခံရတော့တာပါ။

 

ဘုရားရှင်ရဲ့အဆုံးအမသာသနာ အထွန်းလင်းဆုံးဖြစ်တဲ့ ဘုရားရှင်ရှိစဉ်ကာလမှာတောင် လုံးဝမရှိခဲ့တာတွေ

အခု ကျုပ်တို့မြန်မာနိုင်ငံမှာ ရှိနေပါတယ်……။

ဥပမာနဲနဲပြရရင်-

၁- ဘုန်းကြီးတွေဟာ လူ့ကိစ္စတွေမှာ မရှိမဖြစ် ဖြစ်နေပါတယ်။ မွေးစက သေပြီးနှစ်လည်သည်အထိ ဘယ်ကိစ္စမှာမဆို ဘုန်းကြီးနဲ့ ကင်းတယ်ရယ်လို့ မရှိတော့ပါဘူး…။

အဲဒါကို အပြစ်တင်တာ မကောင်းပြောတာမဟုတ်ဘူးနော်- ဘုန်းကြီးတွေက လူတွေကြားမှာ ဩဇာကြီးမားလာတာကို ပြောတာ….။

၂- ဘုန်းကြီးတွေဟာ ရပ်ရွာကိစ္စ လူမှု့ရေးကိစ္စတွေမှာ ဦးဆောင်နေပါတယ်။နယ်တွေမှာဆို ကလေးမွေးစားတာ၊ လင်မယားပေါင်းတာကွဲတာ၊ အမွေခွဲတာကစလို့ လမ်းပြင်၊ ရေကန်တူး၊ တံတားဆောက်အထိ၊ အခုခေတ်ဆို စာသင်ကျောင်းတွေဖွင့် လူမှု့ကူညီရေးအသင်းတွေဖွဲ့ပေါ့။ သဘောက တဖြေးဖြေးနဲ့ ဘုန်းကြီးတွေဟာ လူထုခေါင်းဆောင်တွေ ဖြစ်လာတော့တာပါ။

အဲဒါကို အပြစ်တင်တာ မကောင်းပြောတာမဟုတ်ဘူးနော်- ဘုန်းကြီးဆိုတာခေါင်းဆောင်၊ ဘုန်းကြီးပြောရင် ခေါင်းညိတ်ရမယ်ဆိုတာမျိုး တမျိုးသားလုံးရဲ့ သွေးထဲသားထဲ စိမ့်ဝင်သွားတာကို ပြောတာ…။

၃- ဘုန်းကြီးတွေကို အလွန်အမင်းရိုသေကြဖို့ ခေတ်အဆက်ဆက် အကြောက်တရားအမြှောက်တရားတွေနဲ့ ရိုက်သွင်းထားခဲ့တာ။ ဥပမာ-ဘုန်းကြီးအရိပ်မနင်းကောင်းဘူး ခြေဖဝါးဓါးခွဲခံရမယ်ဆိုတာမျိုး။ ဘုရားအရိပ်ကျတော့ နင်းကောင်းတယ်လေ – ဒါကြောင့် ဘုရားဖူးတော့ နေ့လည်မွန်းတည့်မှာ နေပူထဲထိုင်ပြီး မဖူးကြဘူးမဟုတ်လား။ နေစောင်းမှ ဘုရားအရိပ်ကိုနင်းပြီး ဖူးကြတာ။ ပြီးတော့ ဘာတဲ့ – ဒုဿီလ (အကျင့်ပျက်) ဘုန်းကြီးကိုတောင် လူကမပြစ်မှားရဘူး။ ဘုရင့်သားလေး ဆိုးတယ်မိုက်တယ်ဆိုပြီး ပုတ်ခတ်ရင် လက်ကျူးလက်ဖြတ်ခံရ ခြေကျူးခြေဖြတ်ခံရသလိုပဲ- ရဟန်းဆိုတာဘုရားသားမို့ သူ့ဟာသူူဘယ်လောက်ဆိုးဆိုး မထိပါးရဘူးဆိုတာမျိုး…။ သင်္ကန်းဆိုတာ သာသနာရဲ့ တံခွန်မို့ သင်္ကန်းကို တောင်ရိုသေရမယ် ဆိုတာမျိုး။ ( တကယ်တော့ ဘုရားခေတ်ကသင်္ကန်းနဲ့ အခုခေတ်သင်္ကန်း??????)

အဲဒါကို အပြစ်တင်တာ မကောင်းပြောတာမဟုတ်ဘူးနော်- ဘုန်းကြီးဆိုတာ မထိကောင်း မငြင်းကောင်းတဲ့ အရာတစ်မျိုးအဖြစ် အရာအားလုံးရဲ့ အပေါ်မှာ ရောက်ရှိသွားတာကို ပြောတာပါ…။

ဒီဥပမာသုံးခုဆိုရင် တော်လောက်ပါပြီ…..

(ထပ်ပြောရင် မြေမြိုနေဦးမယ်။ အခုတောင်မိုးတွေချုန်းနေတာ…။ :P)

ဒီသုံးမျိုးဟာ ဘုရားရှင်ရှိစဉ်တုန်းကတောင်မှ လုံးဝလုံးဝ မရှိခဲ့လေပါ…..။

ပြောချင်တာက သာသနာက ဘုန်းဘုန်းတို့သာသနာ

ခေတ်က ဘုန်းဘုန်းတို့ခေတ်ဖြစ်သွားပါပြီ…..။

 

အခုလက်ရှိဘုန်းတော်ကြီးများ ဆရာတော်ကြီးများ ကြောင့်ကျစိုက် ပင်ပန်ုးခံပြီး လူထုကောင်းကျိုးတွေလုပ်နေတာကို အပြစ်မဆိုပါ။

အလွန်ပင် ကျေးဇူးတင်ထိုက်ပါတယ်။ ကျေးဇူးများပါတယ်။

တစ်ခုလေးပဲ စောဒက တက်ချင်တာပါ-

အဲ… နှစ်ခု…. နှစ်ခု….

ပထမတစ်ခုက-

လူထုကောင်းကျိုးတွေကို လူတွေကပဲ လုပ်တာပိုကောင်းပါတယ်။ သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်ခဲ့ရတယ်ဆိုရင်လဲ သစ်ရအောင်ကြိုးစားပြီး သစ်ရလျှင်ရချင်း သစ်နဲ့သာ အစားထိုးသင့်ပါတယ်။

ဒုတိယတစ်ခုက-

ဘုရားရှင်ရဲ့အဆုံးအမ သာသနာကို ဘုရားရှင်ရဲ့ တပြည့်သားအဖြစ်ခံယူထားတဲ့ ဘုန်းတော်ကြီးများကသာ လူတွေထက်ဆထက်ထမ်းပိုး ပိုပြီး စောင့်ရှောက်သင့်ပါတယ်။

အဲဒီနှစ်ခုပေါင်းပြောရရင် ကိုယ့်အလုပ်ကိုယ်လုပ်တာက ပိုကောင်း ပိုကျေးဇူးများပါတယ်။

 

ဒါပေသိ- ပြောသာပြောတာ အခုလက်ရှိမတော့

သာသနာက ဘုန်းဘုန်းတို့သာသနာ

ခေတ်က ဘုန်းဘုန်းတို့ခေတ်ဖြစ်သွားပါပြီ…..။

ဖြစ်ပစေပေါ့နော့ ….။ သူ့အိုးနဲ့သူ့ဆန်…။

အဲ……ပြဿနာက အဲဒီအိုးထဲမှာ ကျုပ်တို့လို အကုသိုလ်တုံးများလဲ ရောပါနေတော့

ပြီးတော့ ကျုပ်တို့သားသမီးများလဲ ရောပါနေတော့

ကျုပ်တို့ရဲ့ ခေတ်မီဖွံ့ဖြိုးလူတန်းစေ့ချင်တဲ့ရောဂါ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရောဂါက ကိုးပါးဆေးနဲ့ မတည့်တာ ကိုယ့်အပြစ်နဲ့ကိုယ်ပါ….။

အဆိုးဆုံးက အန်တီစု

စိတ်ပျက်စရာကောင်းလောက်အောင်ကို အဖေနဲ့တူတဲ့ အဖေတူသမီး…….

ပရိယာယ်တွေ ကစားကွက်တွေကို နားလည်လျှက်နဲ့ အမှန်ကိုပဲလက်ခံမယ်။ အမှန်ကိုပဲပြောမယ်ဆိုပြီး ခေါင်းမာလွန်းတဲ့သူ……။

(စကားစပ်လို့ပြောရရင် သူ့အဖေကလဲ ငတုံးမဟုတ်ဘူး။ အသက်နှစ်ဆယ်ကျော်အရွယ်မှာကို လုံးလုံးမှ မျက်နှာချင်းဆိုင်လို့မရတဲ့ နိုင်ငံရေးအဖွဲ့ကြီးသုံးခုကိုဆွဲစေ့ပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ထောင်၊ အတွင်းရေးမှုးလုပ်ပြီး ကစားသွားခဲ့တာ။ ခေါင်းမာပြီဆိုတဲ့အခါကျတော့- ဖြေရှင်းစရာရှိတာတွေကို သိသိကြီးနဲ့ မဖြေရှင်းခဲ့လို့၊ နိုင်ငံရေးသီလစောင့်ခဲ့လို့ အသက်ပေးသွားရတာ)

 

ငယ်ငယ်တုန်းက သချင်္ာဆရာတစ်ယောက်ကို မေးဖူးတယ်…။

ဆရာ…. ပုစ္ဆာကို ဆက်တွက်လို့မရတော့ရင် ဘာလုပ်ရမလဲ… လို့ ။

အလုပ်ရှုပ်ပြီး စိတ်တိုနေတဲ့ ဆရာက မျက်စောင်းထိုးပြီး လှမ်းငေါက်တယ်-

တွက်လို့မရင် နာဖို့သာ ပြင်ထား….. တဲ့

 

အခုတော့ ကျုပ်က သင်္ချာမတွက်တော့တာ ကြာပါပြီ…။

သူများတွက်တာကိုပဲ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေမိတယ်………

အဖြေမှန်ထွက်ပါစေ…….

အဖြေမှန်ထွက်ပါစေ……………

 

 

မေတ္တာဖြင့်-

ဦးဦးပါလေရာ

 

 

 

 

 

105 comments

  • โทรศัพท์มือถือ

    June 24, 2013 at 11:52 pm

    ဘာမှတော့ အထွေအထူး မပြောတတ်ဘူးဗျာ………..
    ဦးဦးပါလေရာ ရေးသွားတာတွေ အကုန်လုံးကို သဘောကျတယ်……..
    ဆိုင်လားမဆိုင်လားတော့ မသိ ဝင်ပွားကြည့်ရရင်………
    အသဲစွဲအောင်ရိုက်မှ အရိုးကွဲးအောင် ချစ်တယ်ဆိုဒေါ့ဂါ………
    အသဲစွဲအောင်ရိုက်ထားပီးပြီ ဖြစ်တဲ့အတွက် ……………..

    • ဦးဦးပါလေရာ

      June 25, 2013 at 11:43 am

      သခင်(…)ရေ
      ကျုပ်ကိုယ်တိုင်လဲ ကိုယ့်အမျိုးနဲ့ ကိုယ့်ဘာသာကို အသဲစွဲအောင်ချစ်ပါတယ်
      🙂

  • ဦး ကြိမ်

    June 25, 2013 at 4:49 am

    သမာသမတ်ကျ……အစွန်းမထွက်…..တဲ့ စကားတွေပါ……ကျွန်တော့် အဖြေက ဦးပါလေရာနဲ့တူတူပါပဲ…။

    • ဦးဦးပါလေရာ

      June 25, 2013 at 11:44 am

      ကျေးဇူးပါ ဦးကြိမ် ရေ
      ဒီရက်ပိုင်းအတွင်း win win ဖြစ်မယ့် အဖြေလေး ထွက်စေချင်တာပါ…

  • kai

    June 25, 2013 at 5:47 am

    သခင်မျိုးဟေ့ ဒို့ ဘားမန်းင်.. (Burman)
    .. မြန်မာသည် မည်သည့်လူသားကိုမှ ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းမပြုရ…
    =
    အခုကနေ.. အသည်းအသန်ပြင်ယူရင်.. နောက်နှစ်အစိတ်(၂၅နှစ်ကြာ)ရင် အကျိုးရလဒ်ကောင်းစမြင်ရမယ်..။

  • Ma Ma

    June 25, 2013 at 6:54 am

    ၁၀၀% အပြည့်အဝ ထောက်ခံပါတယ်။
    ကိုယ်ပြောချင်တဲ့ မပြောတတ်တဲ့ အရာတွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောသွားပေးလို့….
    ဗရာဗိုပါ 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂

    • ဦးဦးပါလေရာ

      June 25, 2013 at 11:50 am

      နောက်ရက်တွေမှာ ရှေ့မျက်နှာစာမှာ ဒီပိုစ့်ဆက်ရှိနေသေးရင် အဆဲခံရတော့မှာဆိုတော့..
      မမလို ထောက်ခံနှင့်တာလေးနဲ့ အရင် အားတင်းထားရမယ်…
      ဒီပိုစ့် နောက်မျက်နှာ မြန်မြန်ရောက်ပါစေ…
      :harr:

      • kai

        June 25, 2013 at 12:09 pm

        စတစ်ကီမလို့.. ချောင်းနေတာကို….။

        ဆိုတော့…
        ဦးဝီရသူပုံနဲ့.. အခုထွက်သွားတဲ့တိုင်မ်းမဂ္ဂဇင်းက.. ယူအက်စ်မှာမထုတ်ပါဘူး..။
        သဘောက.. ယူအက်စ်က.. မြန်မာပြည်နောက်မှာ ဘက်ကပ်ပေးထားသေးတယ်လို့.. ထင်မိတယ်..။

        ဒါပေမယ့်.. ဒေါ်အောင်ဆန်းစုကြည်ကိုတော့.. သွားမထိလေနဲ့..
        သူ့ကိုူ ပုဂ္ဂိုလ်ရေးအရကို.. အကူအညီအကာအကွယ်ပေးမယ့် အမေရိကန်နိုင်ငံရေးသမားတွေ.. တပုံကြီး..
        အိုဘားမားလည်းပါတယ်လို့ထင်မိတယ်..။

        ထိတော့ဘာဖြစ်သလဲ..ဆိုပါစို့..။
        မလိုချင်တာတွေအကုန်လာလိမ့်မယ်…။ :mrgreen:

        • ဦးဦးပါလေရာ

          June 25, 2013 at 12:13 pm

          အဲသည် မလိုချင်တာတွေကို ကြောက်တာ….

  • ကြက်အူလှည့်

    June 25, 2013 at 7:46 am

    အနှစ် ၃ဝ လောက် ရှိသမျှ လွှတ်ချထားပြီး ကိုယ့် တိုင်းပြည်အတွက် (လူမျိုးဟု မသုံးပါ)
    ပေးဆပ်နေတဲ့ တခေတ်မှာ တခါထွန်းတဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား အလွန်မြင့်မားတဲ့
    ပညာရှိ မုဆိုးမ အဘွားအို တယောက် နဲ့ ကိုယ်နဲ့ အမျိုးမတူ အယူအဆ ကိုးကွယ်မှုမတူရင်
    စားစရာမရှိအောင်လုပ်မယ် နေစရာမရှိအောင်လုပ်မယ် ပြောသူနဲ့ … လဲနိုင်ရင်လဲကြပေါ့ဗျာ။
    မစိုးရိမ် တပ်မဟာ-၁ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ဆန်းသူရိယ ဘဒ္ဒန ္တ ကိုကိုဝီအား အလေးဟေးဟေး…ပြု။

    • ဦးဦးပါလေရာ

      June 25, 2013 at 11:55 am

      လဲနိုင်မလဲနိုင်ဆိုတာက
      တန်ဖိုးဖြတ်တဲ့အပေါ်မူတည်တယ်…။
      တန်ဖိုးဖြတ်တယ်ဆိုတာက တန်ဖိုးသိတဲ့အပေါ်မူတည်ပြန်တယ်။

  • kyeemite

    June 25, 2013 at 8:33 am

    လေးစားပါတယ်ဦးပါခင်ဗျား…
    အမြင်မှန် အသိမှန်စေဖို့ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်စေတဲ့ပို့စ်လို့ပဲ ပြောပါရစေ..

    • ဦးဦးပါလေရာ

      June 25, 2013 at 11:56 am

      ကျေးဇူးပါ ကိမိုက်ရေ-
      ရေးချင်လွန်းတော့လဲ ရေးလိုက်မိပြန်ရော
      🙂

  • ဦး ကျောက်ခဲ

    June 25, 2013 at 8:50 am

    ဘန်ကောက်ပို့စ်ကတော့ ခပ်ပြေပြေရေးသွားတာပဲ.. ဖတ်သာ ကြည့်ကြပါတော့ ခင်ဗျာ…
    http://www.bangkokpost.com/breakingnews/356671/myanmar-slams-time-magazine-buddhist-terror-cover
    ဦးပါရေ ဘေးကမြင်နေရတာတော့ “ဘာသာရေးမိုင်း”ကို အာရှမှာလာခွဲချင်ပုံရတယ်…
    ဒီကြားထဲ ဘိလပ်ကအစွန်းရောက်များက လက်ခုပ်တီးလေတော့ အန္တရာယ်ကို လက်ယပ်ခေါ်သလိုဖြစ်နေပြီ…
    ကိုယ့်အချင်းချင်းတောင် “ရွှေကျင်”နဲ့ “သုဓမ္မာ”ဖြစ်နေတာကို… ခက်ပါ့
    အိုဘယ့် “သံဃံသရဏံ ဝီ စာမိ”…

    • ဦးဦးပါလေရာ

      June 25, 2013 at 12:01 pm

      ကာတွန်းတစ်ခုထဲမှာ
      တစ်ယောက်က တစ်ယောက်ကို အသုံးချ
      အခြားတစ်ယောက်က အဲဒီတစ်ယောက်ကို ပြန်အသုံးချနဲ့
      အဆင့်ဆင့် အသုံးချသွားတာလေး သဘောကျမိတယ်..။
      ကျုပ်တို့နိုင်ငံက သယံဇာတင်မက အခြားအရာတွေလဲ ထွက်သေးတယ် ကိုကျောက်ရဲ့..။
      :harr:

      မီးရှို့ချင်ရင် ဘယ်လိုရှို့ရမလဲဆိုတော့
      မီးလောင်လွယ်တဲ့အရာကို အရင်ရှို့ရတယ်….
      အင်မတန် အခြေခံကျတဲ့ သဘောတစ်ရားပေါ့ ကိုကျောက်ရေ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 25, 2013 at 8:54 am

    လူတွေကအဂတိမကင်းဘူးလို့ပြောရရင်လည်း ကိုယ်ကအဂတိကင်းသလိုလိုဘာလိုလို
    ကိုယ်လိုရင်တော့ ဂွတ်တယ် မလိုရင်တော့မဂွတ်ဘူးပေါ့
    လက်ရှိမှာ သံဃာပျိုသမ္မဂဘာညာကွိကွဆိုပြီး အဖွဲ့တွေကိုကြတော့ ဒီမို ဘုန်းဘုန်းဆိုပြီး သဘောတွေကျတယ် ခုလို မျိုးစောင့်ဥပဒေဆိုပြီးလုပ်တော့ ဘုန်းကြီးနဲ့ apmufzkwf ဘာဆိုင်သလဲလုပ်ကြပြန်ရော
    ဒီနေရာမှာတွေးတတ်ရမှာက လက်ရှိအာဏာကိုဆက်ပြီးလိုခြင်နေတဲ့ ခွေးမသားတွေက
    ပြဿနာလုပ်ဘို့ဆို ဘယ်သူဘါဖြစ်ဖြစ် ဘာကိုစတေးရစတေးရဝန်မလေးဘူးဆိုတာ မြင်တတ်ကြဘို့ပါ
    ဆိုလိုတာက
    လက်ရှိပြဿနာတွေက ဘယ်သူလုပ်တယ်ဆိုတာသိသာနေပြီဆိုရမှာဘဲ
    မယုံနိုင်လောက်အောင်ကိုကောက်ကျစ်နေကြတာကိုမြင်ရတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး
    ဘုန်းဘုန်းတွေကိုပေါက်ကရလိုက်ပြောနေ
    ဒယ်အိုး ဒယ်အိုး 👿

    • ဦးဦးပါလေရာ

      June 25, 2013 at 12:04 pm

      မတော်မတည့်တွေရေးမိတာနဲ့
      မြေမြိုမှာစိုးလို့ လမ်းမထွက်ရဲရတဲ့အထဲ
      ဒယ်အိုးနဲ့လာခြောက်နေပြန်ပြီ…….
      :kwi:

  • ဆူး

    June 25, 2013 at 9:45 am

    Dhamma Ganga
    ထမင်းစောင့်ဥပဒေ
    ==========
    ဘုန်းဘုန်း…
    သမီးတို့အတွက် ထမင်းစောင့်ဥပဒေလေး စီစဉ်ပေးနိုင်ရင်တော့ အမျိုးစောင့်ဖို့ ရဲရဲကြီးအာမခံပါတယ် ဆိုပဲ..။
    ဘုန်းဘုန်း အမျိုးချစ်သလို
    သမီးတို့လည်း ချစ်တာပါပဲ…။
    ထမင်းက နပ်မမှန်…
    အနေက ဆင်းရဲ
    ပညာက မတတ်တော့ တောင့်မခံနိုင်ကြတာတွေက များပါတယ်..ဘုန်းဘုန်းရယ်…။
    အားအားယားယားဆိုတာတွေက (တကယ့်ကို) နည်းပါတယ်…။
    ထမင်းနပ်မှန်အောင် ကြွေးနိုင်တဲ့
    ပညာတတ်အောင် သင်ပေးနိုင်တဲ့
    လူမှုဘဝလုံခြုံမှုပေးနိုင်တဲ့ အစိုးရတစ်ရပ်ပေါ်လာအောင်
    ထမင်းစောင့်ဥပဒေရေးဆွဲနိုင်ဖို့လည်း စောင့်ရှောက်တော်မူကြပါဦး..တဲ့..။
    (ဒီရက်ပိုင်းကြားရတဲ့ အတွေးပွားစေသော စကား…)..
    (၂၇-၆-၂၀၁၃ အင်းစိန်သံဃာ့ညီလာခံကြီးကို ကြိုဆိုဂုဏ်ပြုလိုက်ပါသည်..။

    ဖဘ မှ ဘုန်းဘုန်း တပါး ရေးထားတဲ့ စတေးတပ်..

    • ဦးဦးပါလေရာ

      June 25, 2013 at 12:12 pm

      တကယ်တော့
      မျိုးစောင့်ဥပဒေကရည်ရွယ်တဲ့ အကျိုးကျေးဇူးတွေကို
      အခြားပိုသင့်တော်တဲ့ ပုံစံမျိုးနဲ့ အခြားဥပဒေပြဌာန်းပြီး ရယူသင့်တယ်လို့ ယူဆပါတယ်။
      ဥပမာ-
      မြန်မာနိုင်ငံတွင်းနေသူအားလုံး လူမျိုးဘာသာမရွေးလိုက်နာရမယ့်
      တစ်လင်တစ်မယားဥပဒေ လိုမျိုး….
      တိတိကျကျ တင်းတင်းရင်းရင်းရှိတဲ့ အမွေခွဲဝေမှု့ ဥပဒေမျိုး
      စတာ… စတာ… တွေပေါ့

      အချို့မြန်မာ အမျိုးသမီးလေးတွေအတွက်
      ဥပဒေရဲ့အကာအကွယ်လိုအပ်နေတာ ဦးပါ ကိုယ်တိုင်သိပါတယ်။
      ကိုယ်တိုင်မြင်တွေ့နေရပြီး ကိုယ်တိုင်လဲ မေးမြန်းစကားပြောဖူးပါတယ်။

      • kai

        June 25, 2013 at 1:21 pm

        ဦးပါမှတ်မိမလားမသိ…
        မြန်မာပြည်ရဲ့.. ယောကျာ်းကသာ.. မယားပြိုင်ယူလို့ရတဲ့ဥပဒေဟာ.. အမျိုးသမီးတွေအခွင့်အရေးချိုးဖေါက်နေသမို့.. ပြင်ကြဖို့…တိုက်တွန်း.. ပြောခဲ့ဖူးတယ်..။
        အမျိုးသမီးတွေ.. ရဟန်းခံခွင့်မရှိတာ..
        အထက်ပစ္စယံလိုနေရာတက်ခွင့်မရှိတာ…
        ထမီအောက်ကမွေးလာသူချည်းပေမယ့်.. ထမီအောက်ဖက်ရောက်ရင်ပဲ.. ဘုန်းနိမ့်ပါတယ်ဖြစ်ကြတာ..
        ဓလေ့လိုလိုနဲ့.. နှိမ်ချစိတ်ဝင်.. စွဲနေကြတာတွေအများးးးး ကြီး..။

        ယောကျာ်းတွေဟာ.. ဘုန်းကြီးဝတ်ပြီး. နေနို်င်သူကြီးလုပ်နိုင်ကြလို့.. တိုင်းပြည်အတွက်..ကုန်ထုတ်လုပ်မှုဆုံးရှုံး.. လုပ်အားမထွက်.. လူဦးရေသိန်းချီ အဝါဝတ်ကြနေကြတာမို့.. သူတို့စားဝတ်နေရေး.. ဘယ်သူတွေက..အပိုဖြည့်လုပ်ပေးကြရသလည်း.. သိတောင်မသိ.. တွေးတောင်ကြည့်ဖူးရဲ့လားမသိ..။

        ရဟန်းစားတဲ့.. ဆွမ်း/ထမင်းတနပ် ၁ဒေါ်လာနဲ့တွက်ရင်.. လူတယောက်ထမင်း၂နပ်စာ.. တရက်..၂ဒေါ်လာ…။
        တနှစ် (အနည်းဆုံး) တယောက် ဒေါ်လာ ၇၀၀
        ဘုန်းကြီးနဲ့.. ကပ္ပိယကိုရင်.. ဘုန်းကြီးကျောင်းမှီခိုစားသူ လူ၁သန်းနဲ့ပဲတွက်..
        စားစရိပ်ချည်း.. လူထု.. (အဓိကအားဖြင့် မိန်းမထု).. အပိုပိနေတာ… ဒေါ်လာငွေ တနှစ်သန်း၇၀၀…။
        ဝတ်ရေး.. နေရေးသာထည့်တွက်.. ကမ္ဘာအမွဲဆုံးနိုင်ငံရဲ့ ဘက်ဂျက်… ပက်လက်လန်ကျမယ်..။

        ဒါတွေဒါတွေနဲ့.. . . မြန်မာအမျိုးသမီးတွေဟာ..(ကမ္ဘာတန်းနဲ့ယှဉ်ရင်) အမျိုးသမီးအခွင့်အရေး တန်းတူမရဘူးလို့ပြောတာကို.. ရွာထဲက..အမျိုးသမီးထုကိုယ်နှိုက်ကိုက… လက်မခံနိုင်ဘူးလေ..

        ဒါကဒီလိုဖြစ်နေတာကို… ဒီလိုကျေးဇူးရှင်တွေကို. သိတတ်မှု..အပြန်အလှန်လေးစားမှုမရှိ… နှိမ်ချတားဆီးခွဲခြားတဲ့ဥပဒေတွေထုတ်ခိုင်း..

        ဆိုတော့.. ဒီယောနိစောင့်ဥပဒေက.. လက်တွေ့ ဖြစ်သာမလာမှာ..
        အဲဒါရဲ့.. သက်ရောက်မှုက.. လူငယ်တွေကြားထဲ.. စွဲသွားမှာမို့.. ငုတ်ကောင်အဖြစ်ဝင်သွားတာ.. သိတောင်သိလိုက်ကြတာမဟုတ်..
        ငုတ်ကောင်ဟာ.. ပြန်ပေါ်လာပါလေဦးမယ်.. တချိန်တခါ…။
        အဲဒါကြောင့်မှတ်လောက်အောင်.. ယုတ်ယုတ်ကြမ်းကြမ်းစကားကို သုံးတယ်..
        ယောနိစောင့်ဥပဒေ…။ :mrgreen:

        • nicolus agral

          June 25, 2013 at 8:25 pm

          စောက်
          သဂျီး
          အဲဒါဆိုပြီးရော
          ဝေ့နေသေးတယ်

        • ဦးဦးပါလေရာ

          June 25, 2013 at 11:23 pm

          မြန်မာအမျိုးသမီးတွေဟာ..(ကမ္ဘာတန်းနဲ့ယှဉ်ရင်) အမျိုးသမီးအခွင့်အရေး တန်းတူမရဘူးလို့ပြောတာကို.. ရွာထဲက..အမျိုးသမီးထုကိုယ်နှိုက်ကိုက… လက်မခံနိုင်ဘူးလေ..

          ရွာထဲက အမျိုးသမီးထုမှမဟုတ်
          မြန်မာတနိုင်ငံလုံးက အမျိုးသမီးထု အများစုကြီးကိုက လက်မခံပါဘူးဗျာ….
          ရေရေလည်လည် သမိုင်းနဲ့ချီပြီး ရိုက်သွင်းခံထားရတာ
          ခဲဖျက်တစ်တုံးလောက်နဲ့တော့ ဘယ်ပျက်ပါ့မလဲ….

          မနှစ်က ကျိုက်ထီးရိုးကို (ဓါတ်ပုံရိုက်ဖို့) သွားတော့ စေတီကျောက်တုံးရှိရာ တံတားလေး အဝင်ဝမှာ အမျိုးသမီးတွေ မဝင်ရဘူးလို့တားထားတာတွေ့တယ်
          ဒါနဲ့ ကျုပ်လဲ မဝင်တော့ဘူး……..
          ဒီလိုခွဲခြားဆက်ဆံတာကို လူမှန်းသိကတည်းက မတရားမှု့အဖြစ် ဆန့်ကျင်တယ် …..
          ခက်တာက –
          ကျုပ်တသက်လုံးမှာတော့ ကျုပ်လို အမျိုးသမီးများအပေါ်ခွဲခြားနှိမ်ချမှု့ကို ဆန့်ကျင်တဲ့မိန်းကလေးမျိုး အင်မတန်ကိုတွေ့ရခဲပါတယ် သူကြီးရေ…။
          (ဘုရားသာ မိန်းမ အနီးကပ်မဖူးရတာ- အလှူခံပုံးကျတော့ မိန်းမမလှူရလို့မရှိဘူး… 🙁 )

  • မင်းမင်း

    June 25, 2013 at 9:50 am

    ပြဿနာက

    ၁။ အဲဒါကြီးကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံတာ

    ၂။ အဲဒါကြီးကို ဘုန်းကြီးတွေက ဦးဆောင်လုပ်တာ

    ဒီနေရာမှာ ဖြတ်ပြောရရင် အဲဒီဥပဒေကြီးဟာ အရမ်းကောင်းတဲ့ဥပဒေပဲ ဖြစ်စေဦး – အဲဒီဥပဒေကို ဒေါ်စုနဲ့ လဲ ရမယ်ဆိုရင်-
    ဒါလေးတော့ဆွေးနွေးကြည့်ချင်ပါတယ်။
    ဒေါ်စုက ဒါကိုမထောက်ခံရင် သူ့မှာဘာအစီအစဉ်ရှိသလဲ။
    သူတယောက်တည်းလုပ်မှတိုင်းပြည်အေးချမ်းမှာလား?
    ဒါဆိုလုပ်လေ။ကျနော်တို့မြန်မာပြည်ထဲကလူတွေက
    ဒေါ်စုကိုအများကြီးမျော်လင့်နေတာ။
    လုပ်လေ။လုပ်ပါ။ ပါတီးတွင်း မှာတဦးတည်းဝါဒသုံးလို့
    ရချင်ရမယ်။တိုင်းပြည်မှာတော့မရတော့ဘူး။
    အသက်ကကြီးပြီ။ဘယ်မလဲနောက်မျိုးဆက်။နောက်မျိုးဆက်
    အတွက်ပါတီမှာနေရာရှိပါသလား။
    ငါပြောရင်ပြီးဖြစ်လေသလားပဲ။
    ဒီတော့ အဓိက ကအလုပ်လုပ်ပြဖို့ပဲ။
    ခွတ်ဒေါင်းရဲ့ အေးချမ်းမူ့အစီအစဉ်ကဘာလဲ?
    သူများက သမ္မတ ဖြစ်ချင်လို့လုပ်ပြနေတာမဟုတ်ဘူး။
    အေးရာအေးကြောင်းရပါစေဆိုပြီးဥဏ်မှီသလောက်စဉ်းစား
    လုပ်ပေးနေတာ?
    ကျနော်လဲဒါကိုကြိုက်လှချေရဲ့ထင်နေလား?
    ဘယ်သူမှ မစရဲ မစနိုင် တဲ့အလုပ်တခုကို
    ရဲရဲတင်းတင်းစပြနေတာ။
    လုပ်ကြပါ။နောက်ထပ် ကျမတို့ကတော့ဒီလိုလေးလုပ်မှ
    ရမယ်။အေးချမ်းမယ်ဆိုပြီး။
    လုပ်ကြပါ။ပရော်ဖက်ရှင်နယ်တွေလုပ်ရင်
    ဝေဖန်ကွက်တောင်ရှိမယ်မထင်ပါဘူး။
    အဓိက ကတော့လုပ်ပြပါ။
    ကိုယ်လည်းမလုပ်နိုင်
    လုပ်နေတဲ့သူကိုလည်း အားမပေး။
    လုပ်ကြပါ။လုပ်ပြပါ။
    ဒါဆိုကျုပ်ရှေ့ကနေပြီး ထောက်ခံပါ့မယ်။

    • ဦးဦးပါလေရာ

      June 25, 2013 at 12:27 pm

      ဆွေးနွေးပေးတဲ့ ကိုမင်းမင်းကို ကျေးဇူးတင်ပါတယ်..။
      ဒေါ်စု နဲ့ပတ်သက်ရင်တော့ ကျုပ်အနေနဲ့ စိတ်ရှင်းရှင်းနဲ့ ဆွေးနွေးနိုင်ပါတယ်…
      ဘာကြောင့်လဲဆိုတော့ သူ အချုပ်က ထွက်မလာခင်အထိ သူ့ကို လေးစားတာပဲရှိပါတယ်။
      သူ့အရည်အချင်းကို မယုံ သေးပါဘူး…။
      သူထွက်လာတဲ့အခါ ကျိန်းသေ ထောင်ချောက်ဆင်ခံရပြီး ဇတ်သိမ်းမယ်လို့ပဲထင်ထားပါတယ်…။
      ဒါပေမယ့် – သူတကယ်လဲ ထွက်လာရော
      သူ့အပေါ်လျှော့တွက်ထားမိတာတွေအတွက် အားတောင့်အားနာတောင်ဖြစ်မိပါတယ်။
      စစ်အုပ်စုကို သူမှအပ ဘယ်သူမှ ဘယ်ပါတီမှ ဒီလို မကိုင်တွယ်နိုင်ပါဘူး…
      အခုထိရလာတဲ့ ရလာဒ်တွေဟာ သူတော်လွန်းလို့ရတာပါ..
      စစ်အုပ်စုက ဒီအခြေအနေမျိုးအတွက် ၂၀၀၈ ဥပဒေဆွဲပြီး ဒီမိုကရေစီအတုပေးခဲ့တာမဟုတ်ပါဘူး..။
      ၂၀၀၈ ဥပဒေကို လေ့လာကြည့်ရင်ကို ရည်ရွယ်ချက်ကို ရိပ်စားမိနိုင်ပါတယ်။

      အခုဆိုရင် (အကယ်၍နောက်ကြောင်းမလှည့်ခဲ့ရင်) သူဟာ နောင်လာမယ့်ဒီမိုကရေစီအုပ်ချုပ်ရေးကာလမှာ စစ်ခေါင်းဆောင်ဟောင်းများအတွက် အလွန်အရေးပါတဲ့ အကာအကွယ်ဒိုင်းကြီးပါ…။
      မယုံနိုင်လောက်အောင် သည်းခံနိုင်လွန်းလို့ ရလာတဲ့ အကျိုးကျေးဇူးပါ..။

      ဒီလို ချီးကျူးလို့ သူ့ကို ကိုုးကွယ်တဲ့လူလို့တော့ ကျုပ်ကိုမထင်စေလိုပါ..။
      သူမှားတယ်ထင်ရင် မှားတယ်ထင်ကြောင်း ဝေဖန်မှာဖြစ်ပါတယ်။

      သူသာ ဆက်ရှိသေးရင် ၊ အနည်းဆုံး ဇာတ်ခုံပေါ်မှာ ဆက်ရှိသေးရင်
      အနှေးနဲ့အမြန် မြန်မာပြည်ကို တရားဥပဒေစိုးမိုးအောင် လုပ်ကောင်းလုပ်နို်င်ပါလိမ့်မယ်။
      ဒါကြောင့် တကယ်တရားမျှတတဲ့ တရားဥပဒေစိုးမိုးမှာကို စိုးရိမ်သူများကတော့
      သူမကို ဖယ်ရှားဖို့ ကြိုးစားကြမှာပဲဖြစ်ပါတယ်…

  • lele kyi

    June 25, 2013 at 10:59 am

    ဒေါ်စုကိုမျော်လင့်နေကြတယ်ဆိုတဲ့စကားကိုသိပ်သဘောမကျပါဘူး။ သူမ ကဦးဆောင်လမ်းပြတယ်။ ဒါပေမဲ့ ပရိတ်သတ်ကြီးက နေရာကမရွေ့ပဲမျော်လင့်နေတာလား။ ကျမတို့လိုချင်တတ်မက်တဲ့တန်ဖိုးကြီးလွန်းတဲ့အရာတွေကိုလွယ်လွယ်ကူကူမျော်လင့်နေယုံနဲ့ရဖူးရဲ့လား။ အားစိုက်ထုတ်မှုတစုံတရာမရှိပဲနဲ့လေ။ ကျမတို့ရဲ့အနာဂတ်မျော်လင့်ချက်တွေကို လူတွေရဲ့ပါးစပ်ဖြားမှာပဲလမ်းဆုံးတော့မှာလား။ ကိုယ်ယုံကြည်တဲ့သူရဲ့ဦးဆောင်မှုနောက်ကိုတက်တက်ကြွကြွမလိုက်ရဲအောင်ဘယ်လိုအရာတွေက ကျမတို့ရဲ့စိတ်ဓာတ်တွေကိုအင်းအားချည့်နဲ့စေခဲ့သလဲ။
    နိုင်ငံတိုးတက်ဖို့အရေးထက် လူမျိုးရေး ဘာသာရေးကပိုပြီးကျမတို့အတွက်အရေးကြီးနေခဲ့လို့လား။ အဲဒီ ဥပဒေ မရှိလဲကိုယ်ယုံကြည်ချက်ကို ဘာအရာနဲ့မှမလဲတဲ့သူတွေလဲအများကြီးပါ။

    • ဦးဦးပါလေရာ

      June 25, 2013 at 12:34 pm

      အဲဒီ ဥပဒေရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်
      အဲဒီဥပဒေအစား ပိုခေတ်မီပြီး၊ ကိုယ့်နိုင်ငံနဲ့ ပိုဆီလျှော်တဲ့ဥပဒေမျိုးနဲ့ အစားထိုးစေချင်တာပါပဲ..။
      ကျုပ်တို့နိုင်ငံမှာ လူမျိုးစု တစ်ရာကျော်နဲ့ ကိုးကွယ်ယုံကြည်မှု့အမျိုးမျိုး ရှိနေတာမို့
      အားလုံးစည်းလုံးစေချင်ရင်
      ဘယ်သူ့ဘယ်သူမှ မထိခို်က်မိဖို့ အရေးကြီးလှပါတယ်။

  • lele kyi

    June 25, 2013 at 11:05 am

    ပြီးတော့ ဒေါ်စုက သူ့ကိုထောက်ခံသူတွေရဲ့စကားမှာပျော်မွေ့နေမဲ့သူမဟုတ်ပါဘူး။ သူမ ကို မထောက်ခံလဲ လုပ်သင့်လုပ်ထိုက်တာတွေကို ဉာဏ်ပညာနဲ့ချင့်ချိန်လုပ်ဆောင်သွားမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ယုံကြည်ပါတယ်။

    • KZ

      June 25, 2013 at 11:13 am

      Le Le ပြောတာကို လည်း သဘောတူ၏။ 🙂

  • KZ

    June 25, 2013 at 11:11 am

    ဒီအမေစု ကိုပဲ .
    “ဘာလုပ်ပြမတုန်း”
    “လုပ်ပြလေ”
    “ကြည့်မယ်”
    ဆိုတာမျိုးနဲ့ လူပါးဝ ဝ စောင့်ကြည့်မဲ့ ပြည်သူမျိုးကို တိုင်းပြည်ကလည်း လိုအပ်မယ်မထင်။
    ကိုယ်တိုင် တစ်ဦးချင်းက ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်ပြီး (စိတ်ဓာတ်၊ ဉာဏ်ရည်) မြင့်မားအောင် ကိုယ့်ပတ်ဝန်းကျင်တစ်ဝိုက်ကောင်းအောင် ကြိုးစားထားတာ မရှိပဲ ဒေါ်စု ချည်း မျက်စိဒေါက်ထောက်ကြည့်ပြီး ပြောနေလို့လည်း မရဘူး ထင်ပါရဲ့။

    ဒီ ပေကပ်ကပ်၊
    နောက်ပြန်လှည့်ချင်ချင်၊
    မှိုင်းမိလွယ်လွယ်၊
    ၂ ကိုယ်ခွဲ ကြိုက်ကြိုက်
    အများစုကြီးနဲ့တော့ မလွယ်ဘူးထင်ပါရဲ့ ဦးပါ ရယ်။
    အဖြေလည်း မထုတ်ရဲတော့ပါဘူးးးးး
    ထွက်လာတဲ့ အဖြေကလည်း ကျနော်တို့ ဉာဏ်နည်းပြီး အမြော်အမြင်မရှိလှပါလား ဆိုတဲ့ အဖြေမျိုးလည်း မထုတ်ချင်တော့တာ အမှန်ပါ။
    ဟီးးးးးး :mrgreen:
    မပါတော့ပါဘူး ဆုံးဖြတ်ပြီး ရေးမိပြန်ပြီ။
    စကားမစပ် ဦးပါ မရေးမနေနိုင်ရေးထားတာတွေကို Totally, Definitely, Absolutely သဘောတူ ထောက်ခံပါကြောင်းးးးးး 🙂

    • စနေ

      June 25, 2013 at 12:16 pm

      အမ KZ နဲ့ lele kyi ပြောတာတွေကို ထောက်ခံသွားပါကြောင်း …….
      ဦးပါလိုပဲ အဖြေမှန်ထွက်ပါစေလို့ ……….

  • ခင် ခ

    June 25, 2013 at 11:35 am

    “အများနဲ့တစ်ယောက် တုဖက်ပြောရင် အားနည်းတဲ့ တစ်ယောက်ကအရှုံးပေါ့´´ ဆိုရိုးလေးရှိပါတယ် ဦးပါရေ၊ ဒါပေမယ့် “အားမတန်လို့မန်လျော့´´ ဆိုသလို အရှုံးဖြစ်တဲ့တစ်ယောက် က ပြန်လည်ပြီး နှစ်ပေါင်းများစွာမှာတောင် ထပ်မရနိုင်တဲ့သူဖြစ်ခဲ့မယ်ဆိုရင် တမ်းတကာ လွမ်းရပါ့မယ် ပြည်မြန်မာရယ်။

    • ဦးဦးပါလေရာ

      June 25, 2013 at 12:45 pm

      ကိုခင်ခရေ
      ကျုပ်တို့ငယ်ငယ်တုန်းက သချင်္ာတွက်တဲ့အခါ
      လိုအပ်ရင် အဖြေရဖို့ မသိကိန်းတစ်လုံးထည့်ပြီး တွက်ခဲ့ကြတယ်မဟုတ်လား…
      အက္ခရာသချင်္ာ ဆိုလား… နော်

      အခု အင်မတန်အရေးကြီးတဲ့အချိန်ရောက်နေပါပြီ
      ပေးထားချက်နဲ့မလောက်ရင်
      အချိန်မီ တွက်နည်းလေးပြောင်းကြဖို့
      အဓိက က တွက်နည်းမဟုတ်ပဲ
      အဖြေသာဖြစ်ကြောင်း သဘောထားကြီးကြီးနဲ့ သဘောပေါက်ကြဖို့ ဆုတောင်းမိတယ်…။

  • အလင်း ဆက်

    June 25, 2013 at 12:19 pm

    လူထု ကောင်းကျိုးအတွက်
    လူတွေ ဦးဆောင် ထမ်းရွက်တာ
    ပို ဖြစ်သင့်တာပေါ့

    • ဦးဦးပါလေရာ

      June 25, 2013 at 12:50 pm

      တကယ်တော့ ရဟန်းတော်တွေရဲ့ စိတ်စေတနာကိုလဲ အလွန်လေးစားမိပါတယ် အလင်းဆက်ရေ။
      ဦးပါက ရဟန်းတော်တွေနဲ့လဲ နီးနီးစပ်စပ်ရှိတဲ့သူပါ။
      ဒါကြောင့်လဲ – အတိုက်အခံ အငြင်းအခုံ လုပ်ပြီးမှ အဖြေထုတ်ရတဲ့
      ဥပဒေပြုရေး လိုကိစ္စမျိုးတွေမှာ ရဟန်းတော်တွေ လက်ရှောင်စေချင်မိတာပါပဲ…။

  • ကြက်အူလှည့်

    June 25, 2013 at 12:31 pm

    သွယ့်ကိုပိုချစ်ရမလား ဝီ့ကို ပိုချစ်ရမလား ဝေခွဲမရတော့ဘူးကွယ် စီလုပ်နဲ့ ကီလားကို မတော်လှန်သူတွေဆို သားသိပ်မုန်းဒါဗျဲ မေမေ

    • ကြက်အူလှည့်

      June 25, 2013 at 12:35 pm

      မြဝဒီက ရှဲလာလို့ပါဗျာ..

      သိထားဖို့လိုတယ်
      ။။။။။။။။။။။။။။။။။။။။။။။။။။။
      ဒုဋ္ဌဂါမဏိမင်းဟာ သာသနာဖျက် မိစာ္ဆဒိဋ္ဌိ ကျေးလူမျိုးတွေကို နှစ်နှစ်ကျော်တိုက်ခိုက်ခဲ့ရပါတယ်..။တိုက်ပွဲတွေပြီးလို ့ ထီးနန်း ဥကင်ထဖွင့်တဲ့အခါ တိုက်ရင်းခိုက်ရင်း လူတွေ သတ်ခဲ့ရတာကို တွေးပြီး…….. သာသနာပြုချင်လို ့လုပ်ရပေမယ့် အပါယ်လားမယ့် အလုပ်တွေများဖြစ်နေမလား…..ဆိုပြီး အိပ်မပျော်ဖြစ်နေပါတယ်..။ ဒီအကြောင်းကို အဘိညာဉ်ရ ရဟနာ္တ မထေရ်ကြီးတွေ သိတော့ ဒုဋ္ဌဂါမဏိမင်းဆီကို တရားပြဖို ့ ရဟနာ္တ မထေရ် ရှစ်ပါးကို လွှတ်လိုက်ပါတယ်..။

      ဒုဋ္ဌဂါမဏိမင်းကလည်း ခံစားနေရတဲ့ သောကကို ပြောပြပါတယ် ။ ဒီတော့ ရဟန္တာ မထေရ်များက ….”…..ဒကာတော်မင်းကြီး ဤကျေးစစ်သည်တို ့ကို သတ်ဖြတ်ခြင်းတည်းဟူသောကံဖြင့် နတ်ပြည်သို ့လားခြင်းကိုလည်း မတားမြစ်နိုင်..။အက္ခောဘိဏီ ( ၂၁၈၇၀၀ဝ ) မကများစွာသော ကျေးလူမျိုးတို ့ကို သတ်ခြင်းကြောင့် သဂ္ဂန ္တရယ်…မဂ္ဂန ္တရယ်..မဖြစ်…။ သေလေသောစစ်သည်တို ့တွင်…လူတစ်ယောက်နှင့်တစ်ပိုင်းကိုသာ သတ်မိ၏ .။ ( လူတစ်ယောက်နှင့် တစ်ပိုင်းဆိုတာ…ငါးပါးသီလ တည်သူတစ်ဦးနှင့် သရဏဂုံ တည်သူတစ်ဦး ကို ဆိုလိုသည်..။)

      ဤမှ တစ်ပါးသောသူကား မိစာ္ဆ အယူလည်း ရှိ၏ ။ ထိုသူတို ့ကား သားနွားတိရစာ္ဆန်နှင့် တူ၏ ။ သားနွားကို သတ်သော အပြစ်မျှသာရှိ၏..။ ဒကာတော်မင်းကြီး…..သင်သည် ဘုရားရှင် သာသနာတော်ကို စ်ငကြယ်စွာ ထွန်းပစေလတ္တံ ့သောသူတည်း ။ ထိုသို ့ သာသနာတော်ကို ချီးမြှောက်သော ကုသိုလ်ကံသည် အန္တရယ်ကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်..။ ထို ့ကြောင့် နှလုံး မသာ မယာ မရှိပါလင့် ၊ ရှေးဦးစွာ ကြံစည်ထားသည့်အတိုင်း ကျွန်းသူ ကျွန်းသား အများစုတို ့ ဘုရားရှင် သာသနာတော်ကို ကောင်းစွာ သက်ဝင်အောင် ဆောင်ရွက်တော်မူပါလော့…”…ဟု ဟောပြောပေးကြပါတယ်…။ ဒီစကားကို ကြားမှ ဒုဋ္ဌဂါမဏိ မင်းကြီး စိတ်သက်သာရာရပါတော့တယ် .။ဒုဋ္ဌ ဂွမဏိမင်းကြီး နတ်ရွာစံတဲ့အခါမှာ တုသိတာ နတ်ပြည်ကို ရောက်သွားတယ်လို ့ဆိုပါတယ်…..။
      ( ရဝေနွယ်- အင်းမ )

      ဟီဟိ

      • ဦးဦးပါလေရာ

        June 25, 2013 at 12:41 pm

        ဟီဟိ…
        မိုးတွေချုန်းနေလို့
        ပြောရဲတော့ဘူး…..

        တဖက်က ဘုရားစကား…
        တဖက်က ရဟန္တာစကား….
        ဘယ်ဘက်လိုက်ရပါ့ ….

        :mrgreen:

      • kai

        June 25, 2013 at 12:57 pm

        ဟေ…ဟေ့…
        ဒါကို.. အရောင်ရင့်မှတ်တမ်းထဲ..ထည့်မဟေ့… :mrgreen:

        • ကြက်အူလှည့်

          June 25, 2013 at 1:10 pm

          တက်တဲ့ အကုသိုလ် အာတား-အာတားနော်…

  • မင်းမင်း

    June 25, 2013 at 2:53 pm

    ဒေါ်စုအနီးဝန်ရံနေသူများမှာ
    နုတ်ကြမ်း လျှာကြမ်းရှိလှသူတွေ
    လူမိုက်တွေကို မြင်ဘူးပါတယ်။
    ဒါပေမဲ့ ဒီထဲမှာ နုတ် လျှာ လူလိမ်မာ
    များလည်းရှိကြောင်းတော့သိရပါပြီ။
    စမ်းတောင်မကြည့်ရသေးဘူး။ဇာတိကပြလာတော့တာပဲ။
    စာမဖတ်ဘူးပြောရတာနဲ့။ ထိုင်ရာကမရွေ့ပြောရတာနဲ့။
    လူပါးဝတယ်ပြောရတာနဲ့။ ဟီးခဗျားတို့လိုကျုပ်မရိုင်းတတ်တော့
    ခင်ဗျားတို့စိတ်ထဲပေါ့သွားတာပေါ့လေ။

    ဒီတော့ နိုင်ငံရေးမှာဘယ်အရာကိုမှ တင်းပြည့်ထောက်ခံတာ
    မရှိပါဘူး။ဒီသဘောလေးကိုချပ်ပြီး မထောက်ခံသူကို
    ထောက်ခံလာအောင်လုပ်ရမှာမဟုတ်လား။ ခဗျားတို့က
    စလုံရေတောင်မစရသေးဘူး ။ခြိမ်းခြောက်ရတာနဲ့ စကားကြမ်း
    ရတာနဲ့။ ဒီလိုတွေကလဲဒေါ်စုကို ခပ်တန်းတန်းဖြစ်ကုန်ကြတာ။
    ရှေ့ဆောင်လမ်းပြက ရွာသားတွေကို ဥပဒေနဲ့အညီ ခွင့်ပြုချက်ရ
    ရင်အိမ်ရှေ့လာ ဆန္ဒာလာပြလည့် လို့ပြောခဲ့သေးတာပဲ။
    ဒီတော့နောက်လိုက်တွေကလဲ ဒို့ကိုလာမထိနဲ့ ဘာမှတ်နေလဲ
    ဆိုတဲ့အပေါက်မျိုးဖြစ်ကုန်ရော။
    သိပါတယ်ဗျာဒေါ်စုကို မျော်လင့်လို့မရဘူးဆိုတာ။
    ပညာမဲ့ ငမွဲတွေ ဘာကိုဘာမှ မသိတဲ့လူတန်းစားတွေက
    လောလောဆယ် အလုပ်ရဖို့ စားဖို့နေဖို့ တွေနဲ့ ဒီကြားထဲ
    မတည်ငြိမ်မူ့တွေ ခြိမ်ခြောက်မူ့တွေ ကြားက နေရာရွေ့
    လိုက်နိုင်ပါ့မလားဆိုတာလဲထည့်တွက်ရမှာပါ။
    နို့စို့ကလေးကို လာ ထမင်းလာစားလှဲ့ ကျွေးလို့မရပါဘူး။
    မစားနိုင်ဘူးလေ။ နားလည်ပါ့မလားပဲ ဟီးးး။
    ဒီတော့ ပြည်သူတွေရဲ့လိုအပ်ချက်ကို မသိနားမလည်းဖြစ်နေရင်
    ပြည်သူကြားထဲနေကြည့်စေချင်တယ်။ ခင်ဗျားတို့ကိုပြောဒါ။
    ဒေါ်စုကိုပြောဒါမဟုတ်ဘူး။ ဒေါ်စုကခင်ဗျားတို့ပြောတာကြားလိမ့်
    မယ်။
    ဒီတော့ ထောက်ခံသူရှိသလို မထောက်ခံသူရှိတာမို့ ဘယ်အရာ
    ကိုမှ မာန်တတ်ဖို့မလိုဘူး။ဒီလိုမထောက်ခံသူတွေကို မိမိရဲ့အား
    ဖြစ်အောင် ပြောင်းလဲတတ်ဖို့လိုလိမ့်မယ်။

    ဒီလိုအားအဖြစ်ပီပီပြင်ပြင်ပြောင်းနိုင်သူတွေထဲမှာ ၂ယောက်ပဲ
    တွေ့သေးတယ်။
    ဦးဦးပါလေရာ နဲ့ အရီးခင်လတ်
    ကျန်တဲ့သူကတော့ ကျုပ်စမ်းအုံးမယ်။
    သူကြီးလဲမပါသေးဘူး။

  • kai

    June 25, 2013 at 2:55 pm

    ဖေ့စ်ဘုတ်မှကူးယူပါသည်။

    Ven Ravika
    ဘာသာရေးခုတုံး

    မြန်မာနိုင်ငံမြေပုံကို ကြည့်တဲ့အခါ ဗဂိုးရိုးမနဲ့ ရှမ်းရိုးမကြားရှိ လွင်ပြင်ကြီးကို တွေ့ရမှာပါ။ မြန်မာတွေက ဒီဒေသမှာ အင်အားမွေးပြီး နယ်ချဲ့လေ့ ရှိပါတယ်။

    ပထမမြန်မာနိုင်ငံကို လယ်တွင်းကိုးခရိုင်းကို အခြေပြုပါတယ်။ ဒါဟာ ကျောက်ဆည်ကနေ ရမည်းသင်းအထိပေါ့။ မြန်မာတွေအင်အားကောင်းလာတော့ ပျူတို့ ပျောက်ကွယ်ရခြင်းအကြောင်း ဖြစ်ခဲ့တယ်။ ပုဂံဒေသကို သိမ်းပိုက်နိုင်တဲ့အခါ အခါအခွင့်ကောင်းကို စောင့်နေခဲ့တယ်။ မွန်တွေကို ဟိန္ဒူဝါဒီခမာလူမျိုးများက တိုက်ခိုက်တဲ့အခါ ဗုဒ္ဓဘာသာကို ကယ်တင်မယ်ဆိုတဲ့အကြောင်းပြုချက်၊ ပိဋကတ်တော်ဆိုတဲ့အကြောင်းပြချက်နဲ့ သထုံကို သိမ်းပိုက်ခဲ့ပါတယ်။ အမှန်တကယ်လည်း ဗုဒ္ဓဘာသာနိုင်ငံတော်တစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။

    ဒုတိယမြန်မာနိုင်ငံကို ထူထောင်တဲ့အခါမှာလည်း ဘုရင့်နောင်ကျော်ထင်နော်ရထာတို့က ရှမ်းပြည်မှာ ရှိတဲ့ ယွမ်းဂိုဏ်းဝင်များကို ပစ်မှတ်ထားသတဲ့။ မွန်တို့ရဲ့ ဗုဒ္ဓုဘာသာဓမ္မသတ်ကျမ်းကို ထိုင်းတို့အား လိုက်နာစေလိုသတဲ့။ ဒီနည်းနဲ့ပဲ မွန်တို့ကို စည်းရုံးပြီး နယ်ချဲ့ပြန်ပါတော့တယ်။ မမေ့ဖို့က တောင်ငူဆိုတာ ဗဂိုးရိုးမနဲ့ ရှမ်းရိုးရာကြားက ဒေသတစ်ခုပါ။

    တတိယမြန်မာနိုင်ငံကို ထူထောင်တဲ့အခါ ဦးအောင်ဇေယျက သာကီဝင်မျိုးဖြစ်ကြောင်း ကျေညာပါတယ်။ ဒီတစ်ခါ ပစ်မှတ်က မွန်ဖြစ်လို့ ဗုဒ္ဓဘာသာကို အသေအလဲ ကိုးကွယ်တဲ့ မွန်များကို မြန်မာများက ဦးချိုးထားလိုက်ခြင်းပဲ ဖြစ်တယ်။ ရွှေဘိုနယ်က အတုလယသမထေရ်က မွန်ဘုန်းကြီးများဟာ ဘုန်းကြီးမစစ်ကြောင်း ယုံအောင် ပြောပြီး ဘုန်းကြီးသတ်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီတခါမှာလည်း ကျောက်ဆည်၊ တောင်ငူ၊ ပုဂံမြောက်ဘက်စူးစူးမှာ ရှိတဲ့ ရွှေဘိုကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။

    ယခုအခါမှာ မြန်မာအစိုးရဟာ စတုတ္ထမြန်မာနိုင်ငံကို ထူထောင်ဖို့ ကြိုးစားနေပါတယ်။ ဒီတံခါးမှာလည်း ဗဂိုးရိုးမနဲ့ ရှမ်းမကြားရှိ ပျဉ်းမနားဒေသကို ဗဟိုပြုသလို ဗုဒ္ဓဘာသာကို အခြေခံပြီး motivation လုပ်လို့ကောင်းအောင် မြန်မာမူစလင်များကို ဓားစာခံအဖြစ် အသုံးချပါတယ်။ ဒါဟာ ရှေးရှေးနည်းနာနိဿယများကို အခြေခံပြီး သူတို့တွေးခေါ်ခြင်းသာ ဖြစ်ပါတယ်။ ဒီတစ်ခါ သူတို့အဓိကထားမှာက တိုင်းရင်းသားလူမျိုးများ ဖြစ်ကြောင်း ထိုးစစ်ဆင်နေမှုများကို ကြည့်ရင် သိနိုင်ပါတယ်။ မျိုးစောင့်ဥပဒေကို မြန်မာဘုန်းတော်ကြီးများအားလုံး ထောက်ခံခဲ့ရင်လည်း အံ့ဩစရာမဟုတ်ပါ။ ဒါဟာ အသစ်အဆန်းမဟုတ်လို့ပါပဲ။

    ဒါကြောင့် မျိုးစောင့်ဥပဒေဟာ ရိုးသားမှုမရှိကြောင်း သိနိုင်သလို မျိုးစောင့်ဥပဒေ ထောက်ခံသူများကလည်း အမှန်တကယ်မှာတော့ ဗုဒ္ဓဘာသာများ ဖြစ်ကြတဲ့ တိုင်းရင်းသားလူမျိုးများကိုတောင် ချမ်းသာပေးကြမှာမဟုတ်ဘူးဆိုတာ သမိုင်းက အဆုံးအဖြတ် ပေးခဲ့ပြီသားဖြစ်တယ်။

    ဗုဒ္ဓဘာသာကို အမှန်တကယ် မြတ်နိုးပါရင်၊ ထွန်းကားပြန့်ပွားစေလိုရင်…

    ၁။ သာသနာရေးဝန်ကြီးဌာနက ဘာသာပြန်အသင်းတစ်ခု ထူထောင်ပြီး ပိဋကမြန်မာပြန်ရှိသလို ပိဋကကချင်ပြန်၊ ပိဋကကယားပြန်၊ ပိဋကကရင်ပြန်၊ ပိဋကချင်းပြန်၊ ပိဋကမွန်ပြန်၊ ပိဋကရခိုင်ပြန်၊ ပိဋကရှမ်းပြန် (ရှမ်းကျတော့ သူ့ဟာသူ ပြန်သွားပြီ) ပေါ်ပေါက်လာအောင် ကမ္မကထပြုပြီး ကူညီပေးရမှာဖြစ်တယ်။

    ၂။ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုကာ တိုင်းရင်းသားဘာသာစကားများနဲ့ သာသနာပြုနိုင်စေရမှာဖြစ်တယ်။

    ၃။ ပြည်နယ်ရှိသံဃာ့နာယကအဖွဲ့သည် ပြည်နယ်သံဃာကို ကိုယ်စားပြုရသလို ပြည်ထောင်စုသံဃာ့မဟာနာယကမထေရ်များဟာလည်းပဲ ပြည်နယ်သံဃာများ သဘောတူညီမှု ရယူရမှာဖြစ်တယ်။

    ဒီအခြေခံအုတ်မြစ်များကို မချမှတ်နိုင်ပါက ဗုဒ္ဓဘာသာအမည်ကို ခံယူပြီး အမြတ်ထုတ်နေခြင်းမျှသာ ဖြစ်ကြောင်း ယူဆမှာဖြစ်တယ်။

    (မိမိအတွေးမျှသာ)
    https://www.facebook.com/ven.ravika?hc_location=stream

  • မင်းမင်း

    June 25, 2013 at 3:45 pm

    ဦးပါရေ
    ဖတ်လို့ကောင်းပါတယ်။
    မှတ်လို့လဲထားပါတယ်။
    ထောက်ခံသူများထဲက မထောက်ခံသူ
    ဆိုတော့ ဟီးမျက်နှာတော့ပူသဗျာ ။

    • ဦးဦးပါလေရာ

      June 25, 2013 at 11:25 pm

      ကိုမင်းမင်းရေ-
      ထောက်ခံဆွေးနွေးသည်ပဲဖြစ်စေ၊ ကန့်ကွက်ဆွေးနွေးသည်ပဲဖြစ်စေ
      ဝင်ရောက်ဆွေးနွေးတာကိုက ကျေးဇူးတင်စရာဖြစ်ပါတယ်။

      ဒါကြောင့် ဦးပါကျေးဇူးစကားဆိုခဲ့တာဟာ
      စကားလှရုံ၊ ကြားကောင်းရုံ သက်သက်မဟုတ်ပဲ တကယ့်စိတ်ရင်းနဲ့ပြောခဲ့တာဖြစ်ပါတယ်။

      ဒီလိုဆိုက်တွေမှာ ပြောဆိုဆွေးနွေးကြရာမှာ
      အကျိုးသင့်အကြောင်းသင့် ကန့်ကွက်ငြင်းခုံတာတွေဟာ
      မတူတဲ့အတွေးအမြင်အမျိုးမျိုး ထွက်ပေါ်စေပါတယ်။ အင်မတန်အကျိုးရှိပါတယ်..။

      အဲဒါကြောင့် ဦးပါကိုယ်တိုင်လဲ ငြင်းလို့ကောင်းမယ့် ပိုစ့်တွေကွန်မင့်တွေတွေ့ရင်
      ဝင်ရောက်ငြင်းခုံဆွေးနွေးလေ့ရှိပါတယ်။
      ဦးပါရဲ့ ပိုစ့်တွေ ကွန်မင့်တွေကိုလဲ
      ကိုမင်းမင်းအပါအဝင် မည်သူမဆို
      အားမနာတမ်း ကန့်ကွက်ငြင်းခုံဆွေးနွေးဖို့ လေးလေးစားစားဖိတ်ခေါ်ပါတယ်နော…။

  • မင်းမင်း

    June 25, 2013 at 4:05 pm

    တခုပြောချင်သေးလို့ပါ။
    ကျနော်တို့ အလုပ်ထဲမှာ
    အလုပ်အရမ်းလုပ်တဲ့သူဆို
    အချင်းချင်းက မကြည်ကြဘူးခဗျ။
    လက်တွေ့ပါ။
    အလုပ်လုပ်သူရဲ့ရှေ့မှာအလုပ်မလုပ်တာက
    ပေါ်လွင်တာကိုး။
    ဒါနဲ့ မှားကွက်ရှာတယ်။
    အလုပ်ကလုပ်ရင်အမှားပါစမြဲပဲလေ။
    ဒီတော့မှားကွက်ကိုထောက်ပြီးအလုပ်ရှင်နဲ့ရန်တိုက်ပေး
    တယ်။အလုပ်ရှင်ကလူပါး။မှားတဲ့သူကို အရေးယူတယ်။
    ဒါပေမဲ့ ပေါ့ပေါ့လေးနဲ့ အရေးယူတယ်။
    မှားလုပ်ထားတဲ့အလုပ်တွေကို တိုင်တဲ့သူကို
    လုပ်ခိုင်းတယ်။ ကြာတော့ တိုက်တဲ့သူတွေ မတိုင်အားတော့
    ဘူး။မှားတဲ့အလုပ်တွေချည်းလုပ်နေရလို့။
    ဆိုင်မဆိုင်တော့မသိပါဘူး ဦးပါ ရယ်။
    မရေးရင်မနေနိုင်တာမို့ပါ။

  • ဇွဲမာန်(အင်းဝ)

    June 25, 2013 at 4:58 pm

    ကဲ…ဦပါရေ…..
    မနေနိူင်လို့ရေးခဲ့အုံးမယ်ဗျာ၊
    ကျုပ် ဒေါ်စုကိုလည်းထောက်ခံခဲ့၏၊ အမျိုးစောင့်ဥပဒေကိုလည်းထောက်ခံခဲ့၏၊ ဘုန်ကြီးရဟန်း သံဃာတွေကိုလည်းလေးစားရိုသေခဲ့၏၊ အားလုံးကိုထောက်ခံ၏၊ ကြိုက်၏။ ဒါပေမယ့် မကြိုက်တာတစ်ခုတော့ရှိတယ်ဗျာ၊ ဟိုအော် ဒီအော် ဟိုဟောင် ဒီဟောင် လုပ်နေသူတွေကိုတော့ မကြိုက်ဘူးဗျာ၊ အဲဒါကို အပြစ်တင်တာ မကောင်းပြောတာမဟုတ်ဘူးနော်

  • အာဂ

    June 25, 2013 at 6:15 pm

    တကယ် အနှစ်တွေချည်းပါလားဗျာ..။ အချိန်မရလို့ နောက်တစ်ခါ လာပြီးတော့ ထပ်မန့်ပါဦးမယ်။

  • အရီးခင်လတ်

    June 25, 2013 at 7:21 pm

    ကိုပါ့ POst ကောင်းကောင်း လေးမှာ လဲ ထပ်နှောက်ပါရစေဦး။
    ဘာသာမဲ့ ဆိုတာ မပြောခင် “ဘာသာရေး ” ဆိုတာလေးကို ရိုးရိုး လေးဘဲ တွေးပြီး အရင် ပြောရအောင်။

    ကိုယ့်ဟာကိုယ် မေးခွန်း ပြန်မေးကြည့်ကြပါလား။
    (၁) ဘာသာရေး ဆိုတာဘာလဲ?
    (နေထိုင်ရာ ဝန်းကျင်၊ ဖြစ်ပျက်တဲ့ အလေ့အကျင့် တွေ ကိုလိုက်ပြီး လူတွေကို ထိန်းတဲ့ မိရိုးဖလာ ကစလို့ ကိုယ်တိုင် ယုံကြည်သက်ဝင်မှု မှာ အဆုံးပေါ့)
    (၂) ဘာကြောင့် လူတွေ ဘာသာရေး လုပ်ကြတာလဲ?
    (သေချာတာပေါ့။ ဒီမှာတော့ လူပေါ်မူတည်ပြီး ကွာပါတယ်။ တစ်ချို့ က သူများ လုပ်လို့ ဓလေ့ဖြစ်ပြီး လုပ်တာ၊ တစ်ချို့ ကလဲ နောင်ဘဝ တွေ အတွက် လုပ်တာ၊ တစ်ချို့ကလဲ စီးပွါးတက်မလား/ ရာထူးတိုးမလား လောဘကြောင့် လုပ်တာ၊ တစ်ချို့ က လဲ စိတ်အေးချမ်းမှု ရချင်လို့ လုပ်တာ စသဖြင့်ပေါ့)

    တကယ်တော့ ဘာသာရေး ရဲ့ အဓိပ္ပါယ်မှာ ယုံကြည် သက်ဝင်မှု ပါလာပါတယ်။

    ခရစ်ယာန်၊ အစ္စလာမ် နဲ့ ဟိန္ဒူ ဘာသာ တွေ က ဘုရားသခင် လို့ခေါ်တဲ့ ဖန်ဆင်းရှင် ကို ယုံကြည် သက်ဝင်တာ။
    ဘုရားသခင် ကသာ အရာရာဖန်ဆင်း တယ် လို့ ယုံကြည်တာ။
    ဒီတော့ အရာရာ ဘုရားသခင် ကိုသာ ပုံထားသင့်တယ်ပေါ့။

    ဗုဒ္ဓ ဘာသာက ကံ ကို ယုံတာ။
    ကံ ကံ ၏ အကျိုး ကြောင့် လူတွေဘဝ တွေ၊ နောင်ဘဝ လားရာ တွေ ကွဲပြားခြားနား နေတာပေါ့။

    ဒီမှာတင် ရပ်ပြီး ကိုယ် ယုံကြည်ရာ ကို သူများကို မထိခိုက် ဘဲ စိတ်ကြိုက် သက်ဝင်လိုက်စား ကျင့်ကြံ နိုင်ပါတယ်။
    ဝမ်းနည်းဖို့ကောင်းတာက သက်ဆိုင်ရာဘာသာဝင် တွေ ဟာ
    ဒီမှာ တင် ရပ်မနေတာဘဲ။
    ကိုယ့်ဘာသာ မှန်တာ/ ကောင်း တာဖြစ်စေဖို့ အကြောင်းတွေ ဖန်တီး လာတာဘဲ။
    ဘုရားသခင် ယုံကြည်သူ တွေ က ဘုရားသခင်ကိုမှ မယုံကြည်ရင်/ မကိုးကွယ်ရင် ဘယ်တော့မှ မကျွတ်တဲ့ ငရဲမှာ ကျမတဲ့။
    ကံ အကျိုးအကြောင်း ယုံကြည်သူ တွေ ကလဲ ဒီ လို အမှန်အကြောင်းတရား ကိုမှ မသိရင် အပါယ် ငရဲ ရောက်မှာ တဲ့။
    ဘုရားသခင် ယုံကြည်ရင် နောင်ဘဝ နိဗ္ဗါန်သွားရမတဲ့။
    ကံအကျိုး ယုံလို့ ကောင်းတာတွေ လုပ် ရင် အနဲဆုံး ဘဝ ကူးချိန် နတ်ပြည်တက်မတဲ့။

    မယုံရင်ကြည့်။
    ဘာသာရေး ရဲ့ အဆုံးမှာ အခု လက်ရှိ လက်တွေ့မြင်နေရ တဲ့ ပစ္စုပါန်ဘဝ ထက် ကိုယ် ဘာမှ အတိအကျ မမြင်နိုင်၊ မတွေ့နိုင်၊ မသိနိုင် တဲ့ အနာဂါတ်ဘဝ အတွက် တွေချည်းဘဲ။
    ဒီ လက်တွေ့ ဘဝ ရဲ့ ဘာသာရေး ယုံကြည်မှုပေါ်မှာ ဘယ်သူမှ တပ်အပ် စွပ်စွဲ လို့ မရ။
    ဘာလို့လဲ ဆိုတော့ ဘာသာရေး မလုပ်လဲ ချမ်းသာသူရှိ၊ ဘုရားမယုံလဲ ချမ်းသာသူရှိ၊ ကံတရား မယုံလဲ ချမ်းသာသူ ရှိ နေတာကိုး။
    ဒီတော့ ဘယ်သူမှ သက်သေပြမရ တဲ့ နံရံရဲ့ တစ်ဖက် (စီအာ – ဂျူး) ကို ဘဲ အတင်း ဆွဲယူကြတော့တာပါဘဲ။

    ဒီမှာတင် ဘဲ ကလေး တွေ လို ဖြစ်ကုန်ကြသလားဘဲ။
    ကိုယ်ငရဲ မရောက်ဖို့ ကိုယ့် ယုံကြည်ရာဘာသာ ဟာ မှန်ရတော့ မှာပေါ့။
    မဟုတ်ရင် ရှုပ်ကုန်တော့ မှာ ကိုး။

    ဒီမှာတင်ဘဲ သူများ ဘာသာ ကို လေးစား သင့်တာတွေ ပျောက်ပြီး သူများ ယုံကြည်မှု ကို မှားကြောင်း ပြောဖို့တွေ က ရှေ့ရောက်ကုန် တာပါဘဲ။
    ပိုကြမ်းတဲ့ သူတွေ ကတော့ ကိုယ့်ဘာသာကြီးစိုး ရေးအတွက် အခြားမယုံကြည် သူတွေ ကို သတ်ဖြတ်ဖို့ အထိ စိတ်ရိုင်း ဝင်ကြသပေါ့။

    ဒီမှာတင်ဘဲ ကိုယ့်ဟာကိုယ် မှန်တယ် ဆိုတာဘဲ စိတ်ထဲ စွဲပြီး သူများလဲ မှန်နိုင်သလား လို့ တောင် တွေးဖို့ သတိတောင် မဝင်ကြတော့ ဘူး။

    ဒီမှာတင်ဘဲ ဘာသာရေး ကို အင်မတန် ကာကွယ် လိုသူတွေ ဟာ “ငါ” ဆိုတဲ့ အတ္တနောက် ကို လိုက်မှန်းမသိ လိုက် ကုန်ကြတာပါဘဲ။

    ဘုရား သခင် ဖန်ဆင်းရှင် ယုံကြည်သူတွေ က ” ငါ” နောက် လိုက်တာ မှား တယ် ပြောဖို့ ခက်သား။
    သူတို့ က ငါ့ဘုရား ဆိုတာ က ငါ့ ကို ဖန်ဆင်းထားတာ မို့ ငါ ရှိတာ အပြစ် ဆိုမရ သလို ဖြစ်သပေါ့။

    ပြသနာ က ဒီမှာ။ ဗုဒ္ဓဘာသာမှာ။
    “ငါ” ဖြုတ် မှ “ငါ” မရှိမှ သံသရာက ကျွတ် မယ် လို့ ကိုယ်တိုင်ကျင့်ကြံပြီး နည်းပြ ဟောကြား ခဲ့ တဲ့ ဗုဒ္ဓ ကို မှ အားမနာ။
    “မေတ္တာတရား” လက်ကိုင်ထား ရမယ် လို့ ကိုယ်တိုင်ကျင့်ကြံပြီး နည်းပြ ဟောကြား ခဲ့ တဲ့ ဗုဒ္ဓ ကို မှ အားမနာ။
    “ငါ” စွဲ နေကြီး နေတဲ့ သူတွေ၊ “မေတ္တာတရား” ပျောက်နေသူတွေ ကို တွေ့ရတာ စိတ်မချမ်းသာပါ။
    မြန်မာပြည်တွင်း “ငါ” ဖြုတ်ဖို့ တရားပြ နေတဲ့ ကျောင်းအချို့ တောင် မှ “ငါ့” နည်း မှ အမှန်၊ သူများ နည်း ဆို အမှား တလွဲ တွေ တွေး နေမှတော့ ဘယ်လိုဖြစ်ပြီး ဒါဟာ “ဗုဒ္ဓဘာသာ” တနည်း “ဗုဒ္ဓ ဟောကြားချက် ကို လိုက်နာ” တာ ဖြစ်နိုင်ပါတော့ မလဲ။

    ဒီတော့
    ပရိတ်သတ်ကြီးရေ
    ဒီလို “ငါ မှငါသာ အမှန်” တရား တွေ ၊ “မေတ္တာပျက်” တရား တွေ ကို မှ မနာရင် သစ္စာဖောက် ၊ တစ်ခြား ဘာသာ တွေ ကို လေးစားရင် သစ္စာဖောက်၊
    ကိုယ့်လူမျိုး မဟုတ် တဲ့ လူလူချင်း ကို စာနာ သနား မိရင် သစ္စာဖောက် လို့ ခေါ်ချင် လဲ ခေါ်ကြပါတော့။
    ကိုယ်က သစ္စာဖောက်နေပြီကိုး။
    ဒီ မတရား တာ ဟောနေတဲ့ တရား တွေ ကို ပယ်စွန့် ပါတယ်။
    “ငါ” စွဲ နေကြီး နေတဲ့ သူတွေ၊ “မေတ္တာတရား” ပျောက်နေသူတွေ နဲ့ ဝေးရာ ဘာသာမဲ့ ခံယူထားတာ ကမှ စိတ်ချမ်းသာ အေးချမ်း မှု ရပါတယ်။

    မှားပြောတယ် တွေးလဲ တွေးကြပါ။
    ကိုယ့် ဘာသာ ကို စော်ကားတယ် ပြောလဲ ခွင့်လွှတ် ရန်မလိုပါ။
    ကျွန်မ ကတော့ “ငါ” ဖြုတ် ရမယ်၊ မေတ္တာ နဲ့ လူ အချင်းချင်း စာနာ ရမယ် ဆိုတဲ့ ဗုဒ္ဓရဲ့ ဟောပြောချက် ကိုဘဲ ယုံကြည်လိုက်နာပါတယ်။
    ဒီတော့ ကျန်တာ တွေ ကို ဘာမှ အဆန်းလုပ်ပြီး မြင်မနေတော့ပါဘူး။
    လက်ရှိ ဘဝ ကို ရိုးရိုးရှင်းရှင်း အေးအေး ဘဲ ဖြတ်ချင်ပါတယ်။
    မမြင်ရတဲ့ နောင်ဘဝ အတွက် ဘယ်သူ နဲ့မှ အငြင်းပွါးမနေလိုပါဘူး။

    ကျွန်မ သိတဲ့ ဗုဒ္ဓ ဟောပြော ခဲ့တာ နဲ့ လွဲ နေ တဲ့ ဘာသာ ဖြစ်ဖို့ ဝိုင်းဝန်းကြိုးပမ်း နေကြ တဲ့ သူများ ကို သာ ရည်ရွယ်ပါသည်။

    မှန်ကန်တဲ့လမ်း မှာ ရပ်တည်နေတဲ့ ရဟန်း ရှင် လူ များ ကို တော့ ဂါရဝ တရား အပြည့် နဲ့ ဦးညွှတ် ကန်တော့ ပါတယ်။

    ကိုပါ
    ဒီရက် မှာ ညီမျှခြင်း တစ်ခု ကို ကျွန်မ လဲ တွေး နေမိတယ်။
    A=B ; B=C;
    So …. A=C
    ဒါဟာ တကယ်တော့ လောဂျစ် ပေမဲ့ Basic poor လောဂျစ် လို့ ဆိုပါတယ်။
    မြန်မာပြည်ထဲ က တစ်ချို့ လူများ က ဒီ Poor အဆင့် ကို တောင် မတွေးမိတာလား။
    ဒါမှ မဟုတ် ပိုပြီး အဆင့်မြင့်လွန်း တာ ကို တွေး နေကြသလား လို့။

    နောက်ဆုံးမတော့
    အဲဒီ အင်မတန် အခြေခံ ဖြစ်လွန်းတဲ့ ညီမျှခြင်း ကို ချတွေး လိုက် မိတဲ့ ကျွန်မ ညံ့ လွန်းတာဘဲ ဖြစ်မှာပါ။

    မေးခွန်း တစ်ခု တော့ ချန်ထားပါရစေ။
    ကိုယ့်ဟာ ကို ပြန်မေး ကြည့်ပါလား။
    ငါဘာလို့ “ဘာသာရေး” လုပ်နေတာလဲ လို့။
    ကိုပါ့ ခေါင်းစဉ်ကို ဘဲ ယူသုံးမယ်။
    “အဖြေမှန်ထွက်ပါစေ”

    ၃၁ ဘုံကျင်လည် ကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါ များ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
    ဥပါဒ် ရန်ဘေး ကင်းရှင်းဝေး ငြိမ်းအေးကြပါစေ။
    (မှတ်ချက် – ဟို လူ မပါ၊ ဒီ လူမပါ)
    😆

    • ဦးဦးပါလေရာ

      June 25, 2013 at 11:52 pm

      အင်မတန် ရှင်းလင်းသပ်ရပ်တဲ့ ကွန်မင့်လေးပါ မခင်လတ်ရေ-

      ဘယ်ဘာသာလို့ နာမည်ခံသည်ဖြစ်စေ ဘယ်ဘာသာလို့မှ နာမည်မခံပဲ နေသည်ဖြစ်စေ
      ကိုယ့်စိတ်သဏ္ဍန်မှာရှိနေတဲ့ ကိုယ့်ယုံကြည်ချက်ကသာ အဓိက ဖြစ်ပါတယ်…။

      ကျုပ်ငယ်ငယ်ကစလို့ ဗုဒ္ဓဘာသာ ကို လေ့လာတယ်။
      တက္ကသိုလ်ရောက်တော့ ရှစ်မိုင်က ဧဝံဂေလိအသင်းတော်နဲ့ဆက်သွယ်ပြီး ခရစ်ယာန်ဘာသာကိုလေ့လာတယ်…
      ပြီးတော့ နောက်ထပ် ….
      ပြီးတော့ နောက်ထပ် …………

      အခုတော့ ကျုပ်လေ့လာခဲ့တဲ့ အကြောင်းအရာတွေကို မေ့သွားပါပြီ ။
      အသက်လဲ ကြီးပြီလေ…
      ဒါပေမယ့် အဲသည် အခြားဘာသာဝင်တွေထဲက ကျုပ်တွေ့ခဲ့ ဆုံခဲ့ဖူးတဲ့ လူ ကောင်းကောင်း တွေကိုတော့ အခုထိမမေ့နိုင်သေးဘူး……။
      အဲသည် ဘာသာမတူတဲ့ လူကောင်းကောင်းတွေကြားမှာ ဘာကွာခြားသလဲ…. သိလား…
      “ ခေါင်းစဉ်တပ်ထားတာ ” ပဲ ကွာတယ်…။

  • အရီးခင်လတ်

    June 25, 2013 at 7:29 pm

    ပြောရရင် ဒီ တစ်ချက် နဲ့ ဘဲ ဒီရွာ နဲ့ ဒီရွာ သူကြီး ကို လေးစားပါတယ်။

    မသိသူများ ရှိပါက ဖတ်နိုင်စေရန် A Guide to Using Mandalay Gazette ( Must Read!!) မှ ကူးချ ပါသည်။
    http://myanmargazette.net/writing-guidelines

    ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

    ကာလာမမင်းတို့ …
    သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
    မယူကုန်လင့်ဦး။
    ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
    (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
    နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
    (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

    ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

    ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

    ၅ – ကေသမုတ္တိသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်။


    “Do not believe in anything simply because you have heard it. Do not believe in anything simply because it is spoken and rumored by many. Do not believe in anything simply because it is found written in your religious books. Do not believe in anything merely on the authority of your teachers and elders. Do not believe in traditions because they have been handed down for many generations. But after observation and analysis, when you find that anything agrees with reason and is conducive to the good and benefit of one and all, then accept it and live up to it.”

    Buddha (Hindu Prince Gautama Siddharta, the founder of Buddhism, 563-483 B.C.)

    • San Hla Gyi

      June 25, 2013 at 8:48 pm

      အရမ်းလည်း လေးစားမနေနဲ့ဦး အမကြီး။ ကျနော့်အမြင် သူက ကာလာမသုတ်ကို လိုရာဆွဲသုံးနေတာ။ သူ့ကို သူများက ပြောရင် မိုးပြားဝါဒတွေကို ဝေဖန်ရင် ပြောသံကြားကာမျှဖြင့် ဟုတ်ပြီ မှန်ပြီလို့ အတည်မယူနဲ့အုံးလို့ စွပ်အော်တာ။ သူက မြန်မာတွေ အောက်တန်းကျကြောင်း သမိုင်းအစဉ်အလာလည်း မရှိကြောင်း ဘာညာနဲ့ နှိမ်ပြောချင်ရင် ဒေါက်တာသန်းထွန်းစာအုပ် တအုပ်လောက်နဲ့လည်း ဘုရားဗျာဒိတ်တော်လိုလို ဘာလိုလို ပြောနေတတ်တာ။ အဲဒီအချိန် ကျရင်တော့ ပြောသံကြားရုံမျှနဲ့ အတည်ယူတတ်တာ သူ့အပြင် နှစ်ယောက်မရှိဘူး။

      • အရီးခင်လတ်

        June 26, 2013 at 3:14 pm

        ကစံလှကြီး မှတ်ချက် ကို အားပေးထားတာ အပေါင်း ကိုး တောင်မှ။
        တို့ သူကြီး မင်း ကို ဒီလို ချစ် ကြတယ်လား။ အဟိ။ 😆

  • San Hla Gyi

    June 25, 2013 at 8:39 pm

    ကဲ ဦးဦးပါလေရာရေ
    တခြားပို့စ်ဆို ဝင်ပြောဖြစ်မယ် မထင်ပေမယ့် ဦးဦးပါလေရာရဲ့ ပို့စ်ကိုတော့ ဝင်ပြောလိုက်ဦးမယ်။ ပထမအချက်က ဦးဇင်းဝီရသူကို ဝေဖန်နေတာတွေ နည်းနည်းရပ်ဖို့ကောင်းပြီ။ လိုတာထက် ပိုနေတယ် ထင်လို့ပါ။ ပြင်းပြင်းထန်ထန် ဝေဖန်နေသူ တွေဟာလဲ တကယ့်ကို ဒေါင်ဒေါင်မြည် လူအခွင့်အရေးသမား လူသားချင်း စာနာတတ်သူတွေဆိုတာ ကျနော်က သံသယကို မရှိတာပါ။ လေးစားလွန်းလို့ မလေးစားပဲကို မနေနိုင်တော့ဘူး ဟဲ ဟဲ။
    အမှန်တော့ ကျနော်လည်း ဒီလိုမျိုး ကိစ္စကို ဥပဒေနဲ့ လုပ်ဖို့ တင်သွင်းတာကို မကြိုက်ပါ။ အခု ဖြစ်တာက ဒီဦးဇင်းက လူရှေ့ သူရှေ့မှာ စကားပြောမှားတဲ့ ဒဏ်ကို ခံရတာပါ။ လူတွေ အများကြီးကို ပြောနိုင်လောက်အောင် နာမည်ရှိတဲ့ လူတွေဟာ စကားလုံး ပြောတာ ရေးတာ သိပ်ဆင်ခြင်ရပါတယ်။ လူတွေ အများကြီးက ဝိုင်းကြည့်နေလို့ တချက်မှားတာနဲ့ အဖတ်ဆယ်လို့ မရအောင် ဒုက္ခရောက်တတ်ပါတယ်။
    ဥပမာ ဒီလိုမျိုး အမျိုး ဘာသာကို စောင့်စည်းဖို့ ဘာဖို့တို့က ကိုယ့်ဘာသာ တရားဟောတာ ဘာညာက သိပ်ပြဿနာ မဖြစ်သေးဘူး။ အဲဒါကို ခုနပြောသလို ဥပဒေလုပ်ဖို့ ပြောလိုက်တာနဲ့ တဖက်စွန်း ရောက်သွားပြန်ရော။ နောက်ပြီး လူဆိုတဲ့ သဘောက အတင်းအကျပ် လုပ်ခိုင်းရင် ကောင်းတဲ့ ကိစ္စသည်ပင်လျှင် ဆန့်ကျင်တတ်တဲ့ သဘောရှိတယ်။ အဲဒါ လူ့သဘာဝပဲ။
    ဆရာ ဦးအောင်သင်း ပြောဖူးသလို သူလူပျိုပေါက် ဘဝတုန်းက ဝိဇယပြဇတ်ကို ကြိုက်လွန်းလို့ ဖတ်လိုက်တာ စာပိုဒ်တွေတောင် အလွတ်ရတယ်။ နောက်သူ တကယ်လည်း အရွယ်ရောက်ရော အစိုးရက အဲဒီပြဇတ်ကို မြန်မာစာမှာ ပြဌာန်းလိုက်တော့ သူ့မှာ အဲဒီစာအုပ်ကို ကိုင်တောင် မကြည့်ချင်တော့ဘူး ဆိုသလိုပေါ့။ တချို့ ကိစ္စက ဒီလိုပဲဗျ အတင်းအကျပ် လုပ်ခိုင်းရင် ပြောင်းပြန် သက်ရောက်မှု ဖြစ်တတ်တယ်။
    ဦးဇင်းက သူ့ဘာသာသူ တရားဟောတာ စာအုပ်စာတမ်းကို ဘောင်ထဲက ရေးရင်တော့ ဘာမှမဖြစ်ပါဘူး။ တကယ်တော့ ဒီလို ကိစ္စမျိုးက ကိုယ်ပိုင် အသိတရားနဲ့ ဆင်ခြင်တာက ကောင်းတယ်။ ဥပဒေနဲ့ဆိုရင် ကျိန်းသေတယ် ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်လိမ့်မယ်။ ဦးဇင်းဝီရသူ ဒီတချက်တော့ တော့်တော့်ကို လွဲသွားတယ်။
    တကယ်တော့ ဒီဥပဒေက ဖြစ်လည်း ဖြစ်မှာမဟုတ်ပါဘူး။ ဒီတော့ ဝေဖန်နေတဲ့ လူ့အခွင့်အရေးသမား မေတ္တာရှင် တပွင့်ပန်းတွေလည်း ကျေနပ်ကြရောပေါ့။ တတ်နိုင်ရင်တော့ အိမ်ထောင်ပြုတာက ဘာသာတူချင်းက ပိုကောင်းပါတယ်။ ဘေးထွက် ဆိုးကျိုးကင်းတယ်။
    နောက်တခုက ရဟန်းဆိုတာ နိုင်ငံရေး မလုပ်သင့်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ထဲမှာလည်း အချို့ အနည်းစုကတော့ လုပ်ချင်တာ ရှိမှာပေါ့လေ။ နောက်ပြီး ကျနော်တို့ တိုင်းပြည်မှာက သံဃာနဲ့ ပြည်သူ ဆက်ဆံရေးက သိပ်ပြီးဆန်းတယ်ဗျ။ ဦးဝိစာရတို့ ဘာတို့ကြောင့်တော့ မဟုတ်လောက်ဖူး။ အင်္ဂလိပ် ဝင်လာကတည်းက သံဃာဟာ မြန်မာ့လူအဖွဲ့အစည်းမှာ အလွန်တန်ခိုးကြီးတယ် ဆိုတာ အင်္ဂလိပ်က ကောင်းကောင်း သတိပြုမိတယ်။ ခေတ်အဆက်ဆက်လည်း ဒီအတိုင်းပဲ။ သံဃာကို မလေးမစား လုပ်ဝံ့တဲ့ဘုရင်ဆိုတာ မြန်မာ့သမိုင်းမှာ ရှားတယ်။ လက်ချိုးရေရင် အလွန်ဆုံး နှစ်ယောက် သုံးယောက်ပဲ။ လက်ငါးချောင်း မပြည့်လောက်ဘူး။ ဆိုးပါတယ်ဆိုတဲ့ ဘုရင်တွေတောင် ဗုဒ္ဓဘာသာနဲ့ သံဃာကို မခန့်လေးစား မလုပ်ဝံ့ခဲ့ဘူး။ အဲဒီ အခြေအနေကတော့ ခံယူတဲ့ လူရဲ့ စိတ်အခြေခံပေါ်တည်ပြီး ကြည်ညိုရင်လည်း ကြည်ညို မကြည်ညိုတတ်ရင်လည်း စိတ်မချမ်းသာ စိတ်ဆင်းရဲ ဖြစ်ပေါ့။
    အခု ဒီဘက်ခေတ် နောက်ပိုင်းတော့ မြို့ပေါ်တွေမှာ လူနေမှုပုံစံ ပြောင်းလာလို့ သံဃာတွေက အရင်ခေတ်တွေကလိုနဲ့ ကျေးလက်ဒေသတွေလောက် ကြီးစိုးမှု မလုပ်တော့ပါဘူး။ ဒါပေမယ့် မြန်မာ့ လူ့အဖွဲ့အစည်းမှာတော့ ဩဇာကြီးမြဲပါပဲ။ ကျနော်တို့ ဘာသာအရလည်း သူက ရတနာသုံးပါးမှာ သံဃာရတနာကိုဗျ။ အဲဒါလည်း ခံယူသူ အပေါ်မှာ မူတည်ပြီး စိတ်ဆင်းရဲတာ စိတ်ချမ်းသာတာ ကွာနိုင်တာပေါ့ဗျာ။
    ဦးဦးပါလေရာ ပြောတဲ့ နံပါသုံးအချက်ကတော့ ဆရာတော်ကြီး ဦးသီလပြောခဲ့တာဗျ။ ကျနော်တော့ မဝေဖန်ရဲဘူး။ ကျုပ်က သတ္တိမကောင်းဘူး။ ကြောက်တတ်တယ်။ အဲဒီ နံပါတ် ၁ ၂ ၃ ထဲက အချို့ကိစ္စတွေဟာ ဘုရားလက်ထက်ကတည်းက ရှိတာတွေလည်း ရှိပါတယ်။ ဥပမာ သံဃာကို အလေးအမြတ် ပြုဖို့ကို ဘုရားကိုယ်တိုင် မှာခဲ့တာတွေ ရှိပါတယ်။ နာမကျန်း ဖြစ်နေတဲ့ ဂီလာန ရဟန်းတပါးကို ဘုရားက ပြုစုပြီး ငါဘုရားကို ပြုစုလုပ်ကျွေးလိုတဲ့ လူဟာ သံဃာကိုသာ လုပ်ကျွေးလော့ သံဃာကို ပြုစုခြင်းဟာ ငါဘုရားကို ပြုစုခြင်းပဲလို့ မှာခဲ့တာမျိုးပေါ့။ အဲ အဲဒီလို မြတ်စွာဘုရား ပြောတာ ဟုတ်ပါ့မလား နောက်ကျမှ ဘုန်းဘုန်းတွေက ရေးထားတာများလားလို့ မေးရင်တော့ အဲဒီလို မေးခဲ့လူကလည်း ဘုရားရဲ့ ၄၅ဝါဟောထားတဲ့ တရားတွေကို အသံသွင်းထားသလားလို့ မေးလိုက်ရုံပါပဲ။ အဲဒီကျရင်တော့ သူလည်း ဒီလို ထင်မြင်မိပါတယ် ဆိုပြီး စိတ်ထင်တာတွေ လျှောက်ပြောရတော့မှာပါ။
    အဲဒီတော့ ရဟန်းသံဃာလည်း လူပဲမို့ လူလူချင်း ကန်တော့ခြင်း မပြုရ ဆိုရင်တော့ အကောင်းဆုံးက ဘာသာပြောင်းလိုက်ပါ။ ဗုဒ္ဓဘာသာတွေနဲ့လည်း ဆွေးနွေးစရာ မလိုတော့ပါဘူး။ ဘာလို့လည်း ဆိုတော့ ဗုဒ္ဓမြတ်စွာဘုရားကိုလည်း အရိုအသေ ပေးစရာ ကန်တော့စရာ မလိုတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဘာသာကြီးလေးခုထဲမှာ ဗုဒ္ဓဘာသာ တခုသာလျှင် လူသားစင်စစ်ကနေ အရဟံဂုဏ်တော်နဲ့ ပြည့်စုံတဲ့ ဘုရားဖြစ်ခဲ့လို့ပါ။ ကျန်တဲ့ လူတွေက ကောင်းကင်ဘုံက ဖန်ဆင်းတော်မူတဲ့ အရှင်ဆိုတာကို ကိုးကွယ်တာပါ။ လူသားအချင်းချင်း ကန်တော့တယ်လို့တော့ ကိုယ်နဲ့ အယူမတူရင် ပြောလို့မရတော့ပါဘူး။ ဥပမာပေါ့ဗျာ ကျနော်က တခြား ဘာသာဝင်တဦးကို တို့က တကယ့်ကို သက်ရှိထင်ရှား ရှိခဲ့ဖူးတဲ့ လူကိုကန်တော့တာ မင်းတို့ကမှ မင်းတို့ ကျမ်းတော်မြတ်ထဲမှာပါတဲ့ ဖူးတွေ့နိုင်ခြင်း မရှိသောဂုဏ်တော် ဆိုပြီး ရေးထားတဲ့ မင်းတို့လည်း မမြင်ဖူးတဲ့ မြင်ဖူးတဲ့လူလည်း တယောက်မှ မရှိတဲ့ ဖန်ဆင်းတော်မူသော အရှင်ဆိုတာကို ကိုးကွယ်နေတာလို့ ကဲ့ရဲ့ရင် ကျနော်က မကောင်းတဲ့လူ ဖြစ်သွားမှာပေါ့။ ဘာသာအယူမှ မတူတာကိုးဗျ။ ဒါကတော့ ဦးဦးပါလေရာကို ပြောတာ မဟုတ်ပါဘူး။ ဥပမာပေးတာ ဥပမာ ဥပမာ။

    • ဦးဦးပါလေရာ

      June 26, 2013 at 12:23 am

      ကနဦးပြောချင်တာကတော့ ကိုစံလှကြီးဝင်ဆွေးနွေးတာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်ဗျာ…။

      ဦးဝီရသူကို ကျုပ်စသတိထားမိတာက လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက တကိုယ်တော်သာသနာ သန့်ရှင်းရေးလုပ်နေတာဗျ..။
      အဲဒီတုန်းက မူးတဲ့ရမ်းတဲ့ ကသောင်းကနင်းဖြစ်တဲ့ ဘုန်းကြီးဆိုးတွေကို သွားသွားဖမ်းပြီး သံဃာ့နာယကလက်အပ်တာ…။
      မန္တလေးက SB တွေ ဘုန်းကြီးရမ်းတာတွေ့ရင် သူ့သွားသွားခေါ်ရတာ…။
      မန္တလေး လေ..။
      ဘုန်းကြီးကိုလူကဖမ်းလို့ကတော့ ဆွမ်းကြီးဝိုင်းလောင်းကြမှာကိုး…။
      ပြီးတော့ ဘာသာခြားတွေကြောင့်နစ်နာရသူတွေအရေးတွေမှာ ဝင်ပြီး ဆောင်ရွက်ပေးတယ်။ ဘာသာခြားတွေရဲ့ ကျူးကျော်မှု့၊ မတရားပြုမှု့၊ အာဏာပိုင်တစ်ချိုု့နဲ့ပေါင်းပြီး မမှန်မကန်လုပ်မှု့တွေကိုလဲ ကန့်ကွက်တာတို့ ဖေါ်ထုတ်တာတို့ လုပ်တယ်။
      အဲသည်တော့ သူ့မှာ နောက်လိုက်တွေ ရှိလာတယ်…။
      အသေးစိတ်မပြောတော့ပါဘူး..။ ဝီရသူ ကြော်ငြာထိုးတယ်ဖြစ်နေဦးမယ်။
      သူထောင်ထဲဝင်သွားတဲ့အချိန်နဲ့ မန္တလေးမှာ လူမျိုးခြားတွေ ပိုသောင်းကျန်းလာတဲ့အချိန် တို်က်ဆိုင်ကြည့်ရင် သူ့ဩဇာကို မြင်နိုင်ပါတယ်။
      အဲသည်အရှိန်ဩဇာကြောင့် သူစကားမှား အလုပ်အကိုင်မှားတာတွေဖြစ်လာတော့တာ-
      တကယ်တော့ သူက မျိုးချစ်စိတ်၊ ဘာသာချစ်စိတ် အင်မတန်ပြင်းထန်သူပါ။
      သူစကားမှားတော့ အဲဒါကြီးကိုင်ပြီး ဗုဒ္ဓဘာသာ ကို စွပ်စွဲရှုတ်ချစရာတွေဖြစ်လာတာပေါ့..။
      အဲသည်တော့ ဗုဒ္ဓဘာသာ နာမည်ပျက်ရာမှာ သူက တရားခံဖြစ်တော့တာပေါ့….။
      (သူမဟုတ်လဲ တခြားတရားခံကို ရှာမှာပါ။ ဒီကိစ္စတွေက ကမ္ဘာနဲ့ချီတဲ့ နည်းဗျူဟာအခင်းအကျင်းတွေထဲက တစ်စိတ်တစ်ပိုင်းပါ)
      ကျုပ်ကတော့ ဦးဝီရသူနဲ့ သဘောချင်းမတိုက်ဆိုင်ပါဘူး။ ဒါပေမယ့် သူ့ကို လေးစားပါတယ်။ သူထောင်မကျခင်ကတည်းက လေးစားတာပါ။

      ဟို ဥပဒေရဲ့ ရည်ရွယ်ချက်ကလဲ အင်မတန်ကောင်းပါတယ်-
      ရည်ရွယ်ချက်ကကောင်းပြီး ဥပဒေက မသင့်တော်တာပါ။
      ဘာကြောင့်လဲ ဆိုတော့ ကျုပ်အမြင်တော့ အဲဒါ ဘုန်းကြီးတွေက လုပ်လို့ပေါ့။
      လူ ကသာလုပ်ရင် အဲသည်ရည်ရွယ်ချက်ကို ပြည့်ဝဖို့ အခြား မျက်မှောက်ခေတ်နဲ့ ဆီလျှော်တဲ့ ဥပဒေပုံစံကို စဉ်းစားလိမ့်မပေါ့..။

      ကိုစံလှကြီးရေ-
      နံပတ်သုံးအချက်က (ရဟန္တာလို့ ကျော်ကြားတဲ့၊ အင်မတန် ကြည်ညိုဖွယ်လဲကောင်းတဲ့) ဘုန်းတော်ကြီးဦးသီလ လိုမျိုး-
      ပြီးတော့ မျက်မှောက်ခေတ် သာသနာ့ရှေ့ဆောင်ပုဂ္ဂိုလ်ကျော်ကြီးတစ်ပါးဖြစ်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး လိုမျိုး
      တကယ့်ထိတ်ထိတ်ကျဲတွေက ပြောခဲ့တာမို့ ပိုဆိုးတော့တာပေါ့……
      အငြင်းအကွယ်မရှိပဲ တစ်ခါထဲ သံမှိုနှက်သလို စွဲ သွားတော့တာ…..

      • San Hla Gyi

        June 26, 2013 at 9:09 pm

        ဦးဦးပါလေရာရေ
        ကျနော်တော့ ဒီပို့စ်မှာ အများကြီး ပြောလိုက်ရပြီ ထင်တယ်။ သိပ်တော့ တွက်ခြေမကိုက်တော့ဘူး။ ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစကတော့ ဦးဦးပါလေရာ ပြောတဲ့ တဘက်က ဘုရားစကား တဘက်က ရဟန္တာစကား ဘယ်ဘက်လိုက်ရပါ့ ဆိုတာနဲ့ ပက်သက်ပြီး မပြောတော့ဘူး မရှင်းပြတော့ဘူးလို့ တကယ်ကို စဉ်းစားထားတယ်။ အခုတော့ ဘယ်သူမှ ဝင်မပြောသွားရင် ဒီဟာကလည်း သို့လော သို့လောနဲ့ တချို့ဖတ်သူတွေရဲ့ စိတ်ထဲမှာ သံသယ ဖြစ်နိုင်တယ်ထင်လို့ ကိုကြောင်ကြီးကို ပြောရင်းနဲ့ ဖြေသွားလိုက်မယ်။

    • kai

      June 26, 2013 at 12:29 am

      သမိုင်းအရတော့.. ဂေါတမဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က.. ထိခြင်းငါးဖြာနဲ့ကန်တော့တာမရှိဘူးဆိုတာပါပဲ..။ အဲ.. ဩကာသလည်းမရှိဘူးဗျ..။
      ထိခြင်းငါးဖြာနဲ့ကန်တော့ခန်းက.. ရန်သူကိုအရှုံးပေးမာန်ချလိုက်ရတာကနေ လာတယ်လို့ယူဆမိတယ်..။ လက်/ဒူး/တထောင်/နှဖူးအကုန်ချုပ်လိုက်တာပဲ..။
      လူသားတယောက်အတွက်.. လူသားတယောက်က (ဘုမသိ..ဘမသိ)အဲလောက်ကြီးလုပ်ပေးနေရတာ… (တဆိတ်) မလွန်လွန်းဘူးလား..။ :mrgreen:
      ကျုပ်သာဘုန်းကြီးဝတ်ရင်.. ကိုရင်စံလှကြီးကျုပ်ကိုလာမကန်တော့နဲ့လို့ ပြောမှာပဲ..။ :mrgreen:

      ဆိုတော့..
      .. မြန်မာ့သမိုင်းကျုပ်ကူးရေးတာ.. ဒေါက်တာသန်းထွန်းတယောက်ထဲဆီကမဟုတ်ရပါဘူး.. ကိုရင်စံလှကြီးရယ်..။
      .. နို်င်ငံတော်ဆိုတာကြီးက ထုတ်တဲ့စာအုပ်တွေလည်းပါပါတယ်..။
      ဘာပဲပြောပြော..
      သမိုင်းကို.. သမိုင်းပါမောက္ခရေးပြောတာက.. ဘုန်းဘုန်းတွေရေးပြောတာထက်တော့ ပိတိကျမှန်မယ်ထင်မိတယ်..

      • San Hla Gyi

        June 26, 2013 at 6:52 pm

        စိတ်ချပါ သဂျီးရေ
        သဂျီးဘုန်းကြီး ဝတ်ရင်လည်း ကျနော်က ကန်တော့ဖို့ မပြောနဲ့ မတွေ့အောင်တောင် မနည်းရှောင်ရမယ် ထင်တယ်။ တွေ့ဖို့လည်း မရှိပါဘူးလေ။ တော်ကြာ သံဃာ အပေါ်မှာ ကြည်ညိုတာတွေ လျော့သွားမှာစိုးလို့။ တောင်းပန်ပါတယ် ခင်ဗျာ အဲဒီလို မလုပ်ပါနဲ့။ သာသနာတော်ကို အတွင်းလှိုက်ပြီး ဖျက်ဆီးခံရမှာ စိုးလို့ပါ။ ဩကာသကတော့ ဘုရားလက်ထက်က ဘယ်ရှိမလဲဗျာ။ အဓိကက ကြည်ညိုစိတ် ဖြစ်အောင် ရှေးဆရာတော်ကြီးတွေက စီကုံးပြီး ရေးခဲ့တာ။ အဓိကက ကြည်ညိုစိတ် ဖြစ်စေဖို့က အဓိကပါ။ ကျနော်ဆို ဘုရားရှိခိုးရင် ပါဠိလိုထက် မြန်မာလို ရှိခိုးရတာ ပိုအားရတယ်။
        ဘယ်သူက ရန်သူကို အရှုံးပေးတာက လာတယ်လို့ ပြောလဲ။ ဒါလဲ သဂျီးရဲ့ စဉ်းစားမှုတွေပဲ မဟုတ်လား။ မြတ်စွာဘုရားက ကပိလဝတ်ပြည်ကို ကြွတော့ ခမည်းတော်မင်းကြီးက ရှိခိုးရာမှာ သားဘုရားရဲ့ ခြေတော်အစုံကို ရှိခိုးပါတယ် ဆိုပြီး ရှိခိုးခဲ့တာလေဗျာ။ နောက်ပြီး ရဟန္တာဖြစ်သွားတဲ့ ဥရုဝေလကဿပ မထေရ်ကရော မြတ်စွာဘုရားရဲ့ ခြေဖမိုးကို နဖူးနဲ့ထိပြီးမှ အရှင်ဘုရားက ဆရာ အကျွန်ုပ်က တပည့်ပါလို့ လျှောက်ခဲ့တာလည်း ထိခြင်းငါးပါးပဲ ဖြစ်လိမ့်မယ်ဗျ။ သဂျီးဆိုရင်တော့ အဲဒီနေရာမှာ ဝမ်းလျားမှောက်ပြီး ရှိခိုးပေါ့။
        သမိုင်းကို သမိုင်းပါမောက္ခ ရေးတာကတော့ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ဆိုရတာပေါ့ဗျာ။ ဒါပေမယ့် သူတို့ချင်းကို ရေးတာမှာ တယောက်နဲ့ တယောက် မတူကြဘူးဗျ။ ဒေါက်တာသန်းထွန်းထက် ဝါရင့်တဲ့ လူတွေ ရေးတာ ဒေါက်တာသန်းထွန်းနဲ့ မတူတာတွေ အများကြီးပဲ။ ဆိုလိုတာက မျှဖတ်ရမယ်လို့ ဆိုလိုတာပါ။ ကျနော် သတိထားမိသလောက် ဒေါက်တာသန်းထွန်းက မြန်မာတွေကို ချီးမွမ်းရမယ့် ကိစ္စမျိုး မြန်မာတွေ အသာရခဲ့တဲ့ ကိစ္စမျိုးတွေကို သိပ်ရေးလေ့ မရှိဘူးဗျ။ ဒါကတော့ ကျနော့်အထင်သာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့စာတွေကို ပစ်ပယ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

  • ရွှေ ကြည်

    June 25, 2013 at 10:21 pm

    အများကြီးလည်းလေ့လာမထားဘူးဗျ အများကြီးလည်းမသိဘူးဗျာ။
    ဆိုင်ဆိုင်မဆိုင်ဆိုင်မကျေနပ်တာဝင်ပြောမယ်
    တရားတော်ဆိုတာ နာပြီးသွားရင်
    ဒင်းတို့တွေ့လို့ကတော့ သေဖို့သာပြင်ထား
    လာစမ်းကြည့်စမ်းပါ မျိုးဖြုတ်ပစ်မယ်လို့များ
    ခံစားစေအောင် ဘုရားရှင်ဟောကြားခဲ့သလားဗျသိချင်တယ်။
    ဒီနေရာမှားနေတယ်ဆိုရင် အမှန်ကိုပြပြီး
    အမှန်တရားကိုလိုက်ကြဖို့ပဲ သင်ကြားပေးတာမကောင်းဘူးလား
    သူများက ဒီလိုလုပ်လို့ လိုက်လုပ်ရမယ်ဆိုတာ
    မဟုတ်သေးဘူးထင်တယ်။
    သူများနံပါတ် ကိုသင်္ကေတလုပ်တိုင်း ကိုယ်ကလိုက်လုပ်ရသတဲ့
    သူများက ဥပဒေနဲ့ထိန်းချုပ်လို့ ဥပဒေလိုက်လုပ်ရမတဲ့
    သူများက ခေါင်းဖြတ်အပြစ်ပေးတာရောလိုက်လုပ်မလား
    သူများက ခေါင်းပဲဖေါ် ခဲထုသတ်သလိုရော လိုက်လုပ်မှာလား
    နောက် သူများဘာသာက အမျိုးသမီးအခွင့်အရေးကို ဖိနှိပ်ထားတယ် လူမဆန်ဘူးအော်နေပြီး
    ကိုယ့်ဘာသာကရော အမျိုးသမီးတွေကိုသူတို့လိုကိုင်တွယ်ဖို့ကြိုးစားနေတာလား။
    နောက် အမျိုးမြင့်မြတ်လှပါသော ဘာသာဝင်တို့ သင်တို့တွေကိုယ်တိုင်ရော
    အိမ်ထောင်ရေးဖေါက်ပြန်မှုကင်းရဲ့လား သူများသမီးကိုယူထားပြီး
    သားမှတ်မှတ်မယားမှတ်မှတ် ဝမ်းဝ ခါးလှအောင်ဆင်ရဲ့လား။
    နှိပ်စက်မှုကင်းရဲ့လား။
    ငါးပါးသီလမှာ သုံးပါးတောင်လုံကြရဲ့လား။
    အရည်အချင်းနဲ့ အရည်အတွက်ရဲ့ကွဲပြားမှုကိုသိကြလား။
    မှတ်ပုံတင်မှာ ဗုဒ္ဓဘာသာ လို့ရေးပြီးယုတ်မာနေမယ်ဆိုရင် ဘာသာထဲရှိမနေတာအကောင်းဆုံး။
    သတ်ကြ သေကြ ဆိုတာက ဖြေရှင်းနည်းလား။
    ပြောနေကြတယ် အကြမ်းမဖက်ဘူး အကြမ်းဖက်ဖို့မဟောဘူး
    ဒါဆို တရားနာပြီး မုန်းတီးစက်ဆုတ်သွားတာက မတရားမှုပြုလုပ်ရမှာကိုလား
    လူမျိုးတမျိုးကိုလား။
    အမှားကိုမြင်ရင် အမှန်ကိုလည်းမြင်ရမယ်။
    မြင်ရင်လည်း သူများမှားသလို လိုက်မမှားဖို့လိုမယ်။
    ဒီလောက်ပညာဉာဏ်ကြီးရင်တဲ့
    ဘာသာတရားမှာ နာမည်ကြီးတဲ့ တိုင်းပြည်က ပြသနာဖြေရှင်းနည်းက
    သူများလုပ်တိုင်းလိုက်လုပ်ရတာဆိုရင် ရှက်စရာကောင်းတယ်။
    နှစ်ပေါင်းဒီလောက်ကြာအောင် စာတက်လာတာ ဒီနည်းလမ်းပဲစဉ်းစားမိတယ်ဆိုရင်……..
    အချိန်တွေ ခွန်အားတွေနှမြောစရာကောင်းရဲ့
    ကဲ ကော်ပီ ခိုးကူး ခေတ်စားတဲ့ကာလမှာ
    ကောင်းကောင်းသာကော်ပီကြကွာ
    တခုခု ဆို ဟိုနိုင်ငံမှာတောင်လုပ်တာပဲ ဟို တိုင်းပြည်မှာတောင်လုပ်သေးတာပဲ ဆိုတာထက် ပေးစရာအကြောင်းပြချက်ရှာမရရင်…..။
    အပေါ်ကရေးတဲ့ ကွန်မန့်ထဲမှာ ဘုရင်ကြီးက လူသတ်ပြီးနောင်တတွေရနေသတဲ့
    ဒီမှာကတော့ သေတာတောင်နည်းသေးဆိုပဲ။
    ဖြစ်နေတုန်းလည်း သူ့အသက်ဆိုတာကိုမတွေးဘူး ဖြစ်ပြီးသွားလည်းမတွေးဘူး
    ဘုရင်ကြီးဟာ နောင်တနဲ့ သောကပွေနေတယ်ဆိုကတည်းက သူက သူတော်ကောင်းစိတ်ဓါတ်ရှိတဲ့သူ။
    ဦးပါရေ ခွင့်လွှတ်ပါဗျာ မိရွှေကြည်အမိုက်မကို

    • ဦးဦးပါလေရာ

      June 26, 2013 at 12:30 am

      ဒီလောက်ပညာဉာဏ်ကြီးရင်တဲ့
      ဘာသာတရားမှာ နာမည်ကြီးတဲ့ တိုင်းပြည်က ပြသနာဖြေရှင်းနည်းက
      သူများလုပ်တိုင်းလိုက်လုပ်ရတာဆိုရင် ရှက်စရာကောင်းတယ်။

      လေးစားပါတယ် ရွှေကြည်ရေ….

      • ရွှေ ကြည်

        June 26, 2013 at 6:35 pm

        ဦးပါရေ လေးစားတယ်တော့မလုပ်ပါနဲ့ဗျာ နည်းနည်းလည်းစိတ်ကပေါက်နေတဲ့အချိန်လည်းဖြစ်နေလို့
        ပြောချင်လောကြီးပြီး ရေးတာနည်းနည်းလေးများကြမ်းသွားလားလို့ ဦးပါကိုအားနာနေတာ

  • kotun winlatt

    June 25, 2013 at 10:33 pm

    ဦးပါရေ..ဖတ်ရုံလေးဖတ်ပီးးး တစ်ယောက်တည်းးးတွေးးနေလိုက်ပါတယ်…
    တကယ်က ရင်ဖွင့်ပီးးးးပြောပစ်လိုက်ချင်ပါရဲ့…သို့သော်……..$$$$$$$$$

    • ဦးဦးပါလေရာ

      June 26, 2013 at 12:39 am

      ကိုထွန်းဝင်းလတ်ရေ-
      ဒီ အငြင်းအခုံဖြစ်စရာပိုစ့်လေးရေးမိတာ နဲနဲတော့ မှားသွားပေမယ့်
      ကိုယ်ပြောချင်တာလေး ပြောလိုက်ရတော့ ရင်ချောင်သွားသလိုတော့ရှိသား…
      😀

  • Silver Twig

    June 26, 2013 at 12:13 am

    When my friend posted on her fb to sign up the campaign against the article of Time Magazine, I asked her to give me one good reason why I should against Time. I told her that I believe that the outcome is in accordance with one’s action. The reason and the response I get from her is to block her and tell me she doesn’t want a stupid friend like me.
    If Buddhism is famous for its pacifism and tolerance, why Buddhist are cursing at others, I feel bad in this regard. If U Wirathu as saying, “Now is the time to rise up, to make your blood boil.” and representing himself like Bin laden, then it is worth to be named the title as “The face of Buddhist terror”, that’s a outcome of his action, I believe.
    The truth is out there, so are lies. I wonder which lie to believe.

    • ဦးဦးပါလေရာ

      June 26, 2013 at 12:42 am

      ဗုဒ္ဓဘာသာဝင်အဖြစ် အမည်ခံသူတွေ သတိပြုစရာ ဖြစ်ပါတယ်။

      ကျေးဇူးတင်ပါတယ်ဗျာ….

  • kai

    June 26, 2013 at 2:03 am


    Astronomers discover new planets, 3 are habitable
    Fox News – ‎2 hours ago‎

    Astronomers discovered a solar system packed with planets three of which are habitable — meaning in the zone around the star where liquid water could exist, making them possible candidates for the presence of life..

  • ကထူးဆန်း

    June 26, 2013 at 4:50 am

    ဦးသန်းရွှေ ကတော့ စဉ်းစားမှာဘဲနော်..
    ငါ ဦးဝိသူရ ကို ထောင်ချမိတာ မှားတာဘဲလို့ …
    :mrgreen:

  • မင်းမင်း

    June 26, 2013 at 8:50 am

    San Hla Gyi (U)
    ဆွေးနွေးချက်ကို အားရပါတယ်ဗျာ။
    စောစောကမန့်ခဲ့ ရင် ကျုပ် လူဆိုးစာရင်း
    မဝင်လောက်ဘူးဗျ။
    ဟီးဟီးဟီး နောက်တာ

  • မင်းမင်း

    June 26, 2013 at 9:15 am

    မနေ့က လွတ်တော်မှာ သတင်းထောက်ကို
    အမေစု မျိုးစောင့်ဥပဒေ နဲ့ပါတ်သတ်ပြီးပြော
    သွားတာ ပညာပါတယ်ဗျာ။ ကျနော်တော့
    သူပြောတာလက်ခံတယ်။သဘောတူတယ်။
    ဒီပြသနာ အရေးနဲ့ပါတ်သတ်ပြီးအစိုးရကလဲ
    ထိထိရောက်ရောက်ကိုင်တွယ်ဖို့ အဖွဲ့ဖွဲ့ပြီး
    စတင်လာသလို အမေစုကလည်း ပြည်သူတွေရဲ့
    လိုအပ်ချက်(လိုလားချက်မဟုတ်ပါ)တွေနဲ့ပါတ်သတ်
    ပြီးစတင်ဆောင်ရွက်ဖို့ ပြင်ဆင်နေတဲ့ သဘောရှိလာ
    တယ်လို့ ယူဆမိပါတယ် ဦးပါရေ။

  • weiwei

    June 26, 2013 at 9:36 am

    ဦးပါ ပို့စ်ကို မဖတ်ရရင် မနေနိုင်တာကလွဲလို့ .. ဝင်ဖတ်လိုက် ပြန်ထွက်လိုက်နဲ့ အကြိမ်ကြိမ် လုပ်သွားပါတယ် ..
    ဟိုတွေး ဒီတွေး အမျိုးမျိုး တွေးခဲ့မိပါတယ် ..
    နောက်ဆုံးတော့ လူဆိုတာ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ်မှန်တယ်ထင်ရာ ကိုယ်လုပ်တတ် တွေးတတ်တဲ့အမျိုးပါလားလို့ပဲ ကောက်ချက်ချမိတယ် …
    အနတ္တ .. အနတ္တ …

  • ဦးကြောင်ကြီး

    June 26, 2013 at 10:04 am

    “””” ဦးဦးပါလေရာ says: ဟီဟိ… မိုးတွေချုန်းနေလို့ ပြောရဲတော့ဘူး….. တဖက်က ဘုရားစကား… တဖက်က ရဟန္တာစကား…. ဘယ်ဘက်လိုက်ရပါ့ ….”””””
    ဒါလေးတော့ ဆွေးနွေးချင်သဗျ… သံဃာကို ဘုရားနဲ့ တတန်းထဲလို့ မြတ်ဗုဒ္ဓက သတ်မှတ်ပေးခဲ့တယ်။ အရိယာသံဃာများကို ရည်ရွယ်ဟန်ရှိပြီး သူတို့မရှိရင်တော့ ဓမ္မဆောင်တဲ့ သမုတိသံဃာများပါ…။ ရှုပ်ထွေးမှု ရှိလာတာ ဘယ်အရာကို အရိယာ သတ်မှတ်သလဲ။ မေးဖို့ ဘုရားနဲ့ သာဝကကြီးများလည်း မရှိတော့ဘူး..။ ကိုယ်တိုင်နဲ့ ညဏ်ဖြစ်သူများပဲ သိကောင်းမယ်၊ ကျန်သူများက သဒ္ဓါသက်သက် ပုံအောကြည်ညိုကြရတယ်။
    အရိယာ ပုဂ္ဂိုလ်ကြီးများက လောကီ၊လောကုတ် အကျိုးအလို့ငှာ နည်းအဖုံဖုံနဲ့ သန်ရာသန်ရာ ပညတ်ဆုံးမချက်တွေ အမွေထားရစ်တယ်။ ကိလေသာ ကုန်ခမ်းပြီးသူ စကားဆိုရင် ရတနာသုံးပါးဝင်မို့ သုံးတတ်ရင် ဘုရားအဆုံးအမနဲ့ အတူတူပဲ။ လွဲမှာကတော့ မူရင်းဘုရားဟော ဆိုတာတွေလည်း တလွဲကောက် အဓိပါယ်ဖွင့်နေကြတာ တပုံကြီး။ အဲဒီမှာ လောက ဓမ္မတာ အတုအယောင် ဝင်လာတယ်၊ ဒါလည်း ပြောရင် ဘုရားစကား တခုထဲဆိုပြီး တင်းကြပ်ထားလည်း မလွတ်နိုင်ဘူး.. အစ္စလာမ်ဘာသာလို တင်းကြပ်တဲ့ ဘာသာမှာတောင် အငြင်းပွားမှုတွေ ရှိနေ၊ ဂိုဏ်းခွဲတွေ ရှိနေတာ တွေ့ရမယ်။ ဒီတော့ ညဏ်ရှိသူများအတွက် ဘုရားစကားလည်း မမှားဘူး၊ ရဟနာ္တမထေရ်များ စကားလည်း မမှားဘူး..။ လူမိုက်များအဖို့ (ဥပမာ လျှာပွတ်ဦးခိုမ်) ဘုရားစကားလည်း မှားမယ်၊ ရဟနာ္တစကားလည်း မှားပါမယ်။။

    • kai

      June 26, 2013 at 1:06 pm

      ကာလာမသုတ်မှာက…

      ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး..

      ဆိုတော့…

      ဂွမဏိမင်းကြီး နတ်ရွာစံတဲ့အခါမှာ တုသိတာ နတ်ပြည်ကို ရောက်သွားတယ်လို ့ဆိုပါတယ်…..။
      ( ရဝေနွယ်- အင်းမ )

      ပါတဲ့..
      သူက.. ဒီလိုပါလို့.. တဆင့်ပြန်ဟောရေးတာနဲ့တင်… အဲဒါကြီးက. တကယ်… ဟုတ်ပြီ မှန်ပြီဟု အတည် ယူလိုက်ကြရောလား… ဟင်င်င်…

      ♫♫ ဘယ်သူမဆို.. ကိုယ်တန်ရာပဲရမယ်..
      ♫♫
      ♫ တူနှယ်…တူနယ်..။♫♫♫♫

    • San Hla Gyi

      June 26, 2013 at 10:09 pm

      ကိုကြောင်ကြီးရေ
      ဒီကိစ္စနဲ့ ပက်သက်ပြီး နည်းနည်းလောက် ပြောကြတာပေါ့ဗျာ။ မူလကတော့ ပို့စ်နဲ့ တိုက်ရိုက်မဆိုင်ဘူးလို့ ထင်လို့ ကျော်သွားဖို့ပဲ။ ဒါပေမယ့် ဒုဠဂါမဏိမင်းကြီး အကြောင်းကို ကူးတင်တဲ့လူက တင်ပြီး သဂျီးက သူ့ဝသီအတိုင်း လိုရာကဆွဲပြီး ပုတ်ခတ်ပြောနေလို့ ဒွိဟ ဖြစ်မှာစိုးလို့ ဖြေသွားခဲ့မယ်။ ကူးတင်တဲ့ လူကလည်း အပြည့်အစုံ မတင်ပဲ တစိတ်တပိုင်းပဲ တင်သွားတာကိုး။ အဲဒီတော့ ဟိုလိုလို ဒီလိုလို ဖြစ်သွားတော့ သဂျီးအကြိုက် ဖြစ်လာရော။ ကိုကြောင်ကြီးပြောတဲ့ လူမိုက်လျှာပွတ်ဦးခိုင်မ်ပေါ့။ ဖြေတာကတော့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအတွက် ထေရဝါဒ နည်းအတိုင်းပေါ့။
      ကံတရားအကြောင်း အရင်ပြောရင် ကံမှာက လေးမျိုးရှိတယ်။ ပါဠိတွေ မထည့်တော့ဘူး။ အဲဒီလေးမျိုးက
      ဂရုကံ(အကုသိုလ်ပဲ ဖြစ်ဖြစ် ကုသိုလ်ပဲဖြစ်ဖြစ် အရမ်းကြီးလေးတဲ့ကံတွေ ဥပမာ-အကုသိုလ်ထဲက မိဘကို သတ်တဲ့ကံ ကုသိုလ်ထဲကဆို ဈာန်တွေ ဘာတွေရတာမျိုး)
      အာသန္နကံ(သေခါနီးမှာ ကပ်လုပ်တဲ့ကံ)
      အာစိဏ္ဏကံ(အသက်ရှင်တုန်းက နေ့တိုင်း လုပ်ထားတဲ့ကံတွေ)
      နောက်ပြီးတော့ သာမညကံလေးတွေ(ဒါကတော့ သူတောင်းစားကို စိတ်မပါ လက်မပါနဲ့ ပိုက်ဆံနည်းနည်း ပေးလိုက်တာမျိုး သူငယ်ချင်းကို ဝတ်တရားအရ ထမင်းကျွေးတာမျိုးတွေ)
      ပထမဆုံး အကျိုးပေးတာက ဂရုကံတွေ(ဒါကလည်း လူတိုင်း ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် ဂရုကံ ရှိတဲ့လူမျိုးက ရှားပါတယ်) ဥပမာဗျာ ဥပမာနော် အကုသိုလ် ဂရုကံတွေ ရှိတဲ့ လျှာပွတ်ဦးခိုင်မ် ဆိုပါတော့။ သေရင် ကျိန်းသေ အပါယ်လားမယ်ပေါ့။ ကုသိုလ် ဂရုကံ ရှိတဲလူလည်း ထိုနည်းလည်းကောင်းပေါ့။
      ဂရုကံ မရှိရင် ဒုတိယ အကျိုးပေးတာက သေခါနီးမှာ ကပ်လုပ်တဲ့ကံနဲ့ နေ့တိုင်းလုပ်လာခဲ့တဲ့ ကံတွေပဲ။ အမှန်တော့ နေ့တိုင်းလုပ်လာခဲ့တဲ့ကံက သေခါနီး ကပ်လုပ်တာထက် ပိုပြီး အင်အားကြီးတယ်။ ဒါပေမယ့် တခါတလေ ချော်သွားရင် သေခါနီး ကပ်လုပ်တဲ့ကံက ပိုပြီး အကျိုးပေးခွင့် ရသွားတတ်တယ်။ နွားခြံတခုထဲမှာ နွားတွေ အများကြီး ရှိပေမယ့် တံခါးဖွင့်ခါနီးမှာ တံခါးနားမှာ ကပ်နေတဲ့ နွားအိုကြီးက နွားပျိုတွေထက် အရင်ဆုံး ထွက်ခွင့်ရတဲ့ သဘောပါ။
      အပြည့်အစုံ မတင်လို့ပါ။ ထေရဝါဒဘက်က မှတ်တမ်းအရ ဒုဠဂါမဏိမင်းကြီးဟာ အဲဒီလို ဘုရင်ဖြစ်လို့ စစ်တိုက်ခဲ့တဲ့ အကုသိုလ် ရှိသော်လည်း ကုသိုလ်တွေလည်း အများကြီး ရှိခဲ့တယ်။ အရွယ်ရောက်ကတည်းက အဦးအဖျားကို သံဃာကို လှူပြီးမှ စားခဲ့တာတို့ တောထဲမှာ ရန်သူ့လက်ထဲက လွတ်အောင် ပြေးရတုန်း ပါလာတဲ့ တနပ်စာပဲရှိတဲ့ ထမင်းလေးကို ဆွမ်းခံကြွလာတဲ့ ရဟန္တာတပါးကို ကိုယ်တိုင်မစားရက်ပဲ လှူခဲ့တာတို့ ဘုရင်ဖြစ်ပြီးမှ လမ်းဖောက် တံတားဆောက်ပြီး လှူခဲ့တာတွေရောပေါ့။
      အဲဒါ သူနတ်ရွာစံခါနီးတော့ တခြားမကောင်းတဲ့ အာရုံတွေ ဝင်မလာအောင် အဘယမထေရ်က မှူးမတ်တွေကို ဘုရင်ကြီး အသက်ရှင်စဉ်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်စာရင်းတွေကို မှတ်တမ်းလုပ်ပြီး အနားမှာ ဖတ်ပြခိုင်းရတယ်။ အဲဒါ ဘုရင်ကြီးက အကြီးစား ကုသိုလ်တော်တွေ ဖြစ်တဲ့ ဘုရင်ဖြစ်ပြီးမှ လှူခဲ့တဲ့ အလှူတွေကို သိပ်ဝမ်းမသာပဲ တောထဲမှာ ထွက်ပြေးရတုန်းက ပါလာတဲ့ ထမင်းလေးကို ရဟန္တာတပါးကို လှူလိုက်ရတဲ့ ကုသိုလ်လေးလဲ ရောက်ရော အရမ်းဝမ်းသာတယ်ဆိုပဲ။ အဲဒီမှာ စိတ်ကြည်လင်ပြီး ကုသိုလ်စိတ်တွေပဲ နတ်ရွာစံခါနီးမှာ အာရုံရလာတော့တာပေါ့။
      အများကြီးလှူခဲ့တဲ့ ဘုရင်ကြီးကို အသာထားစမ်းပါ။ ဘုရားလက်ထက်ကတည်းက ရှိပါတယ်။ ဘုရင့် ပါးကွက်အာဏာသားကြီး အနှစ်ငါးဆယ်လုံး လူတွေ သတ်ပေးလာတာ သေတော့မယ့် မနက်ကျတော့ ရှင်သာရိပုတ္တရာနဲ့ တွေ့တော့ မထေရ်က သူဒီအတိုင်းဆို ငရဲရောက်တော့မယ် ဆိုတာသိလို့ သူ့ဆီကြွသွားပြီး တရားဟောတော့ တရားမနာနိုင်ဘူးတဲ့။ သူလုပ်ခဲ့တဲ့ အကုသိုလ်တွေကို စိတ်ရောက်နေတယ်လေ။ အဲဒါနဲ့ မထေရ်က ဥပါတံမျဉ်နဲ့ သင်လူသတ်ပေးခဲ့တာ သင့်ဘာသာ သင်သတ်တာလား။ ဘုရင်က လုပ်ခိုင်းတာလားလို့ မေးတော့ ဘုရင်က ခိုင်းလို့ပါလို့ ပြောတော့ မထေရ်က ဥပါယ်တံမျဉ်နဲ့ ဒါဆို သင့်မှာ အကုသိုလ် ဖြစ်ပါ့မလားလို့ ပြောတော့(အမှန်က ဖြစ်တယ် သူတရားနာတာ စိတ်မဖြောင့်မှာစိုးလို့ ခက်တင်မောင်းနင်းနည်းနဲ့ သူ့ကို ပြန်မေးလိုက်တာ) အဲဒါကို သူက မထေရ်ကြီးက အကုသိုလ် မဖြစ်ဘူးပြောတယ် ဆိုပြီး သူ့အတွေးနဲ့သူ ဝမ်းသာပြီး အဲဒီတော့မှ စိတ်ဖြောင့်ဖြောင့်နဲ့ တရားနာတော့ တရားလဲပြီးလို့ ရှင်သာရိပုတ္တရာ လိုက်ပို့အပြီး လမ်းမှာ နွားဝှေ့ပြီးသေတော့ လောလောလတ်လတ် စိတ်ထဲမှာ ကြည်နူးနေတဲ့ ကုသိုလ်လေးက အကျိုးပေးလို့ နတ်ပြည်ရောက်သွားတယ်။ ဟာ ဒါဆို သူတို့ လုပ်ခဲ့တဲ့ အကုသိုလ်တွေရောလို့ မေးရင် မပူပါနဲ့ ကိုယ်နဲ့က အနေသာကြီးပါ အဲဒါတွေကလည်း အလကား မဖြစ်ဘူး အဲဒီကုသိုလ်ကံ ကုန်သွားတာနဲ့ နိဗ္ဗာန်မရခင် စပ်ကြား ပြန်အကျိုးပေးမှာပါ။
      ကုသိုလ်ကံထဲမှာလည်း ဒီလိုပဲဗျ။ မလ္လိကာ မိဖုရားကြီးဟာ ဘုရားနဲ့ ရဟန္တာတွေကို အမြဲတမ်း ဆွမ်းလှူခဲ့တာ သတိမရပဲ သေခါနီးကျမှ သူ့လင်မင်းကြီးကို တခါတုန်းက လိမ်ပြောဖူးတာလေးကို အာရုံရပြီး သေတော့ ရရက်လောက် ငရဲကျသွားတယ်။ အဲဒါ ကောသလမင်းကြီးက သူ့မိဖုရားကြီး လားရာဂတိကို ဘုရားရှင်ကို မေးမယ်ဆိုပြီး လာတိုင်း ဘုရားရှင်က မင်းကြီးအယူမှားမှာစိုးလို့ တန်ခိုးတော်နဲ့ ကျောင်းတော်ရောက်ရင် မေးဖို့ကိစ္စကို သတိမရတော့အောင် တားထားရတယ်။ မင်းကြီးက သဒ္ဓါများပြီး ပညာနည်းပုံရတယ်။ ရရက်ကျော်မှ တန်ခိုးတော်ကို ပြန်သိမ်းလိုက်လို့ မင်းကြီးက သတိရပြီး မေးတော့ ဘုရားရှင်က မင်းကြီး သင့်မိဖုရားကြီး အခုနတ်ပြည်မှာလို့ ပြောတော့ မင်းကြီးက သိပ်ကျေနပ်သွားသတဲ့။
      ဟာ ဒါဆို အယူမှားတဲ့လူက ငါသေခါနီးကျမှ ကောင်းတာတွေလုပ်မယ်။ အခုတော့ မကောင်းတာတွေပဲ လုပ်မယ် ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့။ ဘာလို့လည်းဆိုတော့ အခုပြောခဲ့တာတွေက ချွင်းချက်ဖြစ်ပြီး သေခါနီးမှာ အဲဒီလို ကလျာဏမိတ္တ(ဥပမာ ရဟန္တာပုဂ္ဂိုလ်ကို လှူရတာမျိုးက) ရဖို့မလွယ်လို့ပဲ။ ကောင်းတာကတော့ တတ်နိုင်သမျှ ကောင်းမှုကုသိုလ်ကို အာစိဏ္ဏကံ လုပ်ပြီး သေခါနီးမှာ မသင့်တဲ့ အတွေးတွေ ဝင်မလာအောင် ကုသိုလ်ကောင်းမှုကို အာရုံပြုဖို့ပဲ။ ဒါကတော့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ အတွက်ပါ။ အခြားဘာသာတွေ မပါပါဘူး။
      အပေါ်က ပြောတဲ့ ကံတွေ မရှိဘူးဆိုမှ အမှတ်တမဲ့ လုပ်တဲ့ကံလေးတွေက ဝင်အကျိုးပေးတာ။ သူတို့ကတော့ လုပ်တုန်းက ထက်ထက်သန်သန် မဟုတ်လို့ အကျိုးပေးတော့လည်း ထက်ထက်သန်သန် မဟုတ်ဘူးပေါ့။
      ကဲ မင်းကြီး နတ်ပြည်ရောက်သွာတာနဲ့ သူလုပ်ခဲ့တဲ့ အကုသိုလ်တွေ ပျောက်သွားတာ မဟုတ်ဘူးဆိုတာ အဲဒါပါပဲနော်။ နောက်ဆိုရင် ကိုယ်လိုရာ ဖြတ်ဖြတ်မတင်ကြပါနဲ့ဗျာ။ မောလိုက်တာ။

      • ရွှေ ကြည်

        June 26, 2013 at 10:42 pm

        ဗရာကြော်ပါ ကိုစံလှကြီးရေ စိမ်းပေးရုံအားမရလို့ မန့်ပြီးပြောပါတယ် ဗရာဗိုပါ

      • kai

        June 27, 2013 at 8:38 am

        ဆိုတော့…
        သည်းခံသည်းခံဆိုပြီး.. အရှုံးပေး.. ခံမနေနဲ့..
        နိုင်အောင်လုပ်…

        ကုသိုလ်တွေ..အကုသိုလ်တွေ.. ရှေ့ဘဝ..နောက်ဘဝ..နတ်ပြည်တွေ.. ငရဲပြည်တွေ ဘေးချိပ်..
        ရောက်ချင်ရောက်မယ်..
        မရောက်ချင်မရောက်ဖူး…

        ဒန်တန်တန်… :mrgreen:

        • San Hla Gyi

          June 27, 2013 at 8:03 pm

          အော် အာဂသဂျီးပဲ ဒီလောက် ခြေခြေမြစ်မြစ် ပြောပြတာတောင် အတင်းဝင်ပြီး ဒန်တန်တန် ရအောင် ပြောသေးတာကိုး။ ကိုယ့်အလှည့်ကျတော့ ဇတ်လမ်းတခုလုံး မပြောပဲနဲ့ အစနဲ့ အဆုံးပဲ ဖြတ်တင်ပြိးတော့။ တတ်လဲ တတ်နိုင်ပါပေတယ်။

  • cobra

    June 26, 2013 at 1:46 pm

    ကိုယ်တောင်ဝင်ပြောစရာမလိုဘူး
    ဦးပါရေးထားတာတွေရော အောက်ကမန်းထားတာတွေရောက
    ကျွန်တော့်လို ကလေးတစ်ယောက်အတွက်
    ပညာတော်တော်လေးရသွားပါတယ်။
    အကုန်လုံးကလည်း ပညာသားပါပါထောက်ပြ ဆွေးနွေးပြသွားတာ ကောင်းပါတယ်။

  • intro

    June 26, 2013 at 3:04 pm

    တလေးတစားပင် ပိုစ့်ရော… ကွန်းမန့်တွေပါ အကုန် ဖတ်ရှုသွားပါတယ်…

    နားလည်လိုက်တာ တစ်ခုက…
    မိမိလုပ်ရပ်တွေ ပိုပြီး မှန်ကန်လာအောင်၊ အတွေးအခေါ်တွေ အဆင့်အတန်း ပိုပြီး ရှိလာအောင်
    ကြုံလာခဲ့တဲ့ကိစ္စတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေကို ပိုပြီး နည်းမှန်လမ်းမှန် ရှင်းတတ်လာအောင်

    မိမိကိုယ်တိုင်ကစပြီး ကြိုးစား၊ သင်ယူ၊ လေ့လာ၊ ချင့်ချိန်၊ လုပ်ဆောင်ရမယ် ဆိုတာ သိလာကြောင်းပါ…

  • ဦး ကြိမ်

    June 26, 2013 at 4:38 pm

    ကျွန်တော်မသိသော
    ကျွန်တော်မမြင်သော
    ကျွန်တော်မတွေးမိသော….အကြောင်းအရာများကို ရေးဖေါ်ညွန်ပြဆွေးနွေးပေးသူများအားလုံးကို
    ကျေးဇူးအထူးတင်မိပါကြောင်း……

  • ဒီပို့စ်ကို ဖတ်ပီးတွားဒါဒေါ့
    ကျာလှဘီဂျ ..
    ကွန်မန့်ဒွေနဲ့ဆို အတော် ကောင်းဒဲ့ ပို့စ်ဘဲ ..
    ဗဟုသုတတွေ၊ အမြင်ဒွေ ရလိုက်ဒယ် …
    ကျုပ်လည်း အမြင်တစ်မျိုးနဲ့ ပျောကျိမို့ စဉ်းစားလိုက်ဒေးဒယ် ….
    ဒါမယ့် .. ညက်လုံး တစ်ဖက်မှိတ်ပီး ကျိဒါဒေါင် အားမရဘူးဖစ်နေလို့ …
    ပေါဒေါ့ဝူးးနော့ …
    (ဆင်ခြေ .. မြင်းခြေ) :mrgreen:

  • uncle gyi

    June 26, 2013 at 10:41 pm

    ပုံလေးတပုဒ်ကြားဖူးတာ
    ခွေးကခွေးအလုပ်မလုပ်ပဲအိပ်နေတာ
    မြင်းကမနေနိုင်တော့ဝင်အော်လိုက်တာ
    အိမ်ရှင်အရိုက်ခံရရော

    လုပ်ရမယ့်သူတွေကမလုပ်လို့မနေနိုင်တဲ့ဘုန်းကြီးကဝင်ပြောတာ
    ဘုန်းကြီးအဆိုးဖြစ်ရော

Leave a Reply