မရေးရရင်မနေနိုင်တာကလွဲလို့ …. (အဖြေမှန်ထွက်ပါစေ)

 

 

 

 

 

 

 

 

 

 

အင်မတန်ရေးချင်လွန်း ပြောချင်လွန်းတဲ့အကြောင်းလေးနဲနဲကြောင့် ဒီစာစုလေးကို ရေးမိပါတယ်။

ဒီစာမရေးမီမှာ သရဏဂုံသုံးပါးနဲ့တစ်ကွ ငါးပါးသီလကိုဆောက်တည်ပြီးမှ စိတ်ကို တည်ငြိမ်သန့်စင်အောင် ကြိုးစားပြီးမှ ရေးပါတယ်…။

ဒါတွေရေးလို့ ဘာမှမထူးမှန်းသိပေမယ့် ကိုယ်လုပ်စရာကို လုပ်တဲ့သဘောပါပဲ။

 

အမျိုးစောင့်ဥပဒေ

အဲဒါနဲ့ပတ်သက်ရင် တကယ်တော့ ကျုပ်အဖို့ ကြိုက်တော့မကြိုက်ပေမယ့် သိပ်အသဲအသန်ကြီးမဟုတ်ပါဘူး..။

အဲဒါကြီးက ခေတ်နဲ့မဆီလျှော်ဘူး။ လူ့အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ရာရောက်တယ်။ ဒီတိုင်းပြည်နဲ့လဲ မသင့်လျှော်ဘူး။ အဲဒါလောက်ပါပဲ…။ (တကယ်တော့ အဲဒီဥပဒေမရှိလဲ ကျုပ်သမီးကို ဖြစ်နိုင်ရင်တော့ ဗုဒ္ဓဘာသာဝင်နဲ့သာ အိမ်ထောင်ပြုစေချင်တာပါ။ သူ့အကျိုးအတွက်ပါ။)

ပြဿနာက

၁။ အဲဒါကြီးကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံတာ

၂။ အဲဒါကြီးကို ဘုန်းကြီးတွေက ဦးဆောင်လုပ်တာ

ဒီနေရာမှာ ဖြတ်ပြောရရင် အဲဒီဥပဒေကြီးဟာ အရမ်းကောင်းတဲ့ဥပဒေပဲ ဖြစ်စေဦး – အဲဒီဥပဒေကို ဒေါ်စုနဲ့ လဲ ရမယ်ဆိုရင်- အဲဒီဥပဒေအတွက် ဒေါ်စုကို ပြည်သူ့ထောက်ခံမှု့ ပျက်ပြားရမယ်ဆိုရင် အဲဒီဥပဒေမျိုး တစ်ရာနဲ့သော်လည်း ဒေါ်စုနဲ့ လဲ ဖို့ မတန်ပါဘူး..။ ဘာကြောင့်လဲဆိုတော့ ဒေါ်စုလို ခေါင်းဆောင်မျိုးက တသက်မှာ တခေတ်မှာ တစ်ခါပဲ ရှိတာ….

နောက်ထပ်မရနိုင်တော့ပါဘူး။ လုံးဝ လုံးဝ မရနိုင်တော့ပါဘူး……။

အခုကိုပဲ အဲဒီဥပဒေအတွက် ဒေါ်စုကို NLD ကို မွတ်ဒေါင်း ဆိုပြီး တိုက်ခိုက်နေကြပါပြီ……။

အရင်ကနဲ့မတူတာက အခုတိုက်ခိုက်မှု့က အောင်မြင်ပါတယ်…။

ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်သူတွေက ပြည်သူမုန်းတဲ့ချဉ်ဖတ်တွေမဟုတ်ပဲ- ပြည်သူအများစုရဲ့ လူထုခေါင်းဆောင် ဘုန်းကြီးတွေဖြစ်နေလို့ပါပဲ…။

 

အဲဒါကြောင့် ဘုန်းကြီးတွေ နိုင်ငံရေး လူမှု့ရေး လုပ်တာကို ကျုပ်ကလုံးဝ သဘောမကျတာပါ။

တစ်ချို့ကပြောမယ်-

ကိုလိုနီခေတ်က ဦးဥတ္တမ တို့ ဦးဝိစာရတို့ ဗြိတိသျှကို ဆန့်ကျင်ခဲ့တာတော့ ဘာပြောမလဲ လို့ပေါ့ ….။

သူတို့ အဲသလိုလုပ်ခဲ့တာရဲ့ ဆင့်ပွားအကျိုးဆက်ကို အခုမြင်ရတာပါ…။

(ဘုရားရှင်ကတော့ သံဃာတွေကို ဆေးတောင်မကုခိုင်းပါဘူး။ ဝိနည်းနဲ့ ရှင်းရှင်းလင်းလင်းတားမြစ်ထားပါတယ်…)

ဘုန်းကြီးတွေ နိုင်ငံ့အကျိုး၊ အမျိုးသားအကျိုးကို လုပ်သင့်တယ်လို့ လူတွေက ခိုင်ခိုင်မာမာယုံကြည်သွားခဲ့ခြင်းကြောင့် ဘုန်းကြီးတွေက လူထုခေါင်းဆောင်တွေ ဖြစ်လာတာပါ။

အဲဒီတော့ နိုင်ငံရေးသမားတွေအဖို့ ဘုန်းကြီးတွေဟာ အင်မတန်အသုံးချချင်စရာ ကောင်းသွားတော့တာပေါ့…

အသုံးချချင်စရာကောင်းတော့ အသုံးချ တော့တာပေါ့….

အရင်ကလဲ ခေတ်အဆက်ဆက် အသုံးချခဲ့တယ်

အခုလဲ အောင်မြင်စွာ အသုံးချနေတယ်

ဒီလောက်သုံးလို့ကောင်းမှတော့ နောင်လဲ ဆထက်ထမ်းပိုး အသုံးချခံနေရတော့မှာပဲ ဖြစ်ပါတယ်။

ဒီတော့ ဘုန်းကြီးတွေကပြောမယ်-

သူတို့ကို ဘယ်သူမှလခပေးမထားဘူး။ ဘယ်သူ့အထောက်အပံ့မှမယူဘူး။ ဘယ်သူ့ ကျေးဇူးခံကျေးဇူးစားမှ မဟုတ်ဘူး။ ကိုယ်လုပ်သင့်တာကိုယ်လုပ်တာ- အစရှိသဖြင့်ပေါ့လေ….

နိုင်ငံရေးအရအသုံးချတယ် ကစားတယ်ဆိုတာက အလုပ်သမားငှားခိုင်းသလို လခပေးပြီးခိုင်းတာမဟုတ်ပါဘူးနော….။

လုပ်စေချင်တာကို ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်စိတ်နဲ့ကိုယ် လုပ်အောင် အကွက်ချ ဖန်တီးတာပါ။

အဲဒါတွေရဲ့ အကျိုးဆက်ကတော့ သတ္တဝါတွေချမ်းသာဖို့ အကျိုးများဖို့ ဟောကြားထားရစ်တဲ့ ဘုရားအဆုံးအမ ဘုရားသာသနာဟာ

လူလည် လူညစ် လူနပ်တွေချမ်းသာအကျိုးများဖို့ နဲ့ အခြားသတ္တဝါများ ဆင်းရဲဒုက္ခခံစားရဖို့ လွဲမှားစွာအသုံးချခံရတော့တာပါ။

 

ဘုရားရှင်ရဲ့အဆုံးအမသာသနာ အထွန်းလင်းဆုံးဖြစ်တဲ့ ဘုရားရှင်ရှိစဉ်ကာလမှာတောင် လုံးဝမရှိခဲ့တာတွေ

အခု ကျုပ်တို့မြန်မာနိုင်ငံမှာ ရှိနေပါတယ်……။

ဥပမာနဲနဲပြရရင်-

၁- ဘုန်းကြီးတွေဟာ လူ့ကိစ္စတွေမှာ မရှိမဖြစ် ဖြစ်နေပါတယ်။ မွေးစက သေပြီးနှစ်လည်သည်အထိ ဘယ်ကိစ္စမှာမဆို ဘုန်းကြီးနဲ့ ကင်းတယ်ရယ်လို့ မရှိတော့ပါဘူး…။

အဲဒါကို အပြစ်တင်တာ မကောင်းပြောတာမဟုတ်ဘူးနော်- ဘုန်းကြီးတွေက လူတွေကြားမှာ ဩဇာကြီးမားလာတာကို ပြောတာ….။

၂- ဘုန်းကြီးတွေဟာ ရပ်ရွာကိစ္စ လူမှု့ရေးကိစ္စတွေမှာ ဦးဆောင်နေပါတယ်။နယ်တွေမှာဆို ကလေးမွေးစားတာ၊ လင်မယားပေါင်းတာကွဲတာ၊ အမွေခွဲတာကစလို့ လမ်းပြင်၊ ရေကန်တူး၊ တံတားဆောက်အထိ၊ အခုခေတ်ဆို စာသင်ကျောင်းတွေဖွင့် လူမှု့ကူညီရေးအသင်းတွေဖွဲ့ပေါ့။ သဘောက တဖြေးဖြေးနဲ့ ဘုန်းကြီးတွေဟာ လူထုခေါင်းဆောင်တွေ ဖြစ်လာတော့တာပါ။

အဲဒါကို အပြစ်တင်တာ မကောင်းပြောတာမဟုတ်ဘူးနော်- ဘုန်းကြီးဆိုတာခေါင်းဆောင်၊ ဘုန်းကြီးပြောရင် ခေါင်းညိတ်ရမယ်ဆိုတာမျိုး တမျိုးသားလုံးရဲ့ သွေးထဲသားထဲ စိမ့်ဝင်သွားတာကို ပြောတာ…။

၃- ဘုန်းကြီးတွေကို အလွန်အမင်းရိုသေကြဖို့ ခေတ်အဆက်ဆက် အကြောက်တရားအမြှောက်တရားတွေနဲ့ ရိုက်သွင်းထားခဲ့တာ။ ဥပမာ-ဘုန်းကြီးအရိပ်မနင်းကောင်းဘူး ခြေဖဝါးဓါးခွဲခံရမယ်ဆိုတာမျိုး။ ဘုရားအရိပ်ကျတော့ နင်းကောင်းတယ်လေ – ဒါကြောင့် ဘုရားဖူးတော့ နေ့လည်မွန်းတည့်မှာ နေပူထဲထိုင်ပြီး မဖူးကြဘူးမဟုတ်လား။ နေစောင်းမှ ဘုရားအရိပ်ကိုနင်းပြီး ဖူးကြတာ။ ပြီးတော့ ဘာတဲ့ – ဒုဿီလ (အကျင့်ပျက်) ဘုန်းကြီးကိုတောင် လူကမပြစ်မှားရဘူး။ ဘုရင့်သားလေး ဆိုးတယ်မိုက်တယ်ဆိုပြီး ပုတ်ခတ်ရင် လက်ကျူးလက်ဖြတ်ခံရ ခြေကျူးခြေဖြတ်ခံရသလိုပဲ- ရဟန်းဆိုတာဘုရားသားမို့ သူ့ဟာသူူဘယ်လောက်ဆိုးဆိုး မထိပါးရဘူးဆိုတာမျိုး…။ သင်္ကန်းဆိုတာ သာသနာရဲ့ တံခွန်မို့ သင်္ကန်းကို တောင်ရိုသေရမယ် ဆိုတာမျိုး။ ( တကယ်တော့ ဘုရားခေတ်ကသင်္ကန်းနဲ့ အခုခေတ်သင်္ကန်း??????)

အဲဒါကို အပြစ်တင်တာ မကောင်းပြောတာမဟုတ်ဘူးနော်- ဘုန်းကြီးဆိုတာ မထိကောင်း မငြင်းကောင်းတဲ့ အရာတစ်မျိုးအဖြစ် အရာအားလုံးရဲ့ အပေါ်မှာ ရောက်ရှိသွားတာကို ပြောတာပါ…။

ဒီဥပမာသုံးခုဆိုရင် တော်လောက်ပါပြီ…..

(ထပ်ပြောရင် မြေမြိုနေဦးမယ်။ အခုတောင်မိုးတွေချုန်းနေတာ…။ :P)

ဒီသုံးမျိုးဟာ ဘုရားရှင်ရှိစဉ်တုန်းကတောင်မှ လုံးဝလုံးဝ မရှိခဲ့လေပါ…..။

ပြောချင်တာက သာသနာက ဘုန်းဘုန်းတို့သာသနာ

ခေတ်က ဘုန်းဘုန်းတို့ခေတ်ဖြစ်သွားပါပြီ…..။

 

အခုလက်ရှိဘုန်းတော်ကြီးများ ဆရာတော်ကြီးများ ကြောင့်ကျစိုက် ပင်ပန်ုးခံပြီး လူထုကောင်းကျိုးတွေလုပ်နေတာကို အပြစ်မဆိုပါ။

အလွန်ပင် ကျေးဇူးတင်ထိုက်ပါတယ်။ ကျေးဇူးများပါတယ်။

တစ်ခုလေးပဲ စောဒက တက်ချင်တာပါ-

အဲ… နှစ်ခု…. နှစ်ခု….

ပထမတစ်ခုက-

လူထုကောင်းကျိုးတွေကို လူတွေကပဲ လုပ်တာပိုကောင်းပါတယ်။ သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်ခဲ့ရတယ်ဆိုရင်လဲ သစ်ရအောင်ကြိုးစားပြီး သစ်ရလျှင်ရချင်း သစ်နဲ့သာ အစားထိုးသင့်ပါတယ်။

ဒုတိယတစ်ခုက-

ဘုရားရှင်ရဲ့အဆုံးအမ သာသနာကို ဘုရားရှင်ရဲ့ တပြည့်သားအဖြစ်ခံယူထားတဲ့ ဘုန်းတော်ကြီးများကသာ လူတွေထက်ဆထက်ထမ်းပိုး ပိုပြီး စောင့်ရှောက်သင့်ပါတယ်။

အဲဒီနှစ်ခုပေါင်းပြောရရင် ကိုယ့်အလုပ်ကိုယ်လုပ်တာက ပိုကောင်း ပိုကျေးဇူးများပါတယ်။

 

ဒါပေသိ- ပြောသာပြောတာ အခုလက်ရှိမတော့

သာသနာက ဘုန်းဘုန်းတို့သာသနာ

ခေတ်က ဘုန်းဘုန်းတို့ခေတ်ဖြစ်သွားပါပြီ…..။

ဖြစ်ပစေပေါ့နော့ ….။ သူ့အိုးနဲ့သူ့ဆန်…။

အဲ……ပြဿနာက အဲဒီအိုးထဲမှာ ကျုပ်တို့လို အကုသိုလ်တုံးများလဲ ရောပါနေတော့

ပြီးတော့ ကျုပ်တို့သားသမီးများလဲ ရောပါနေတော့

ကျုပ်တို့ရဲ့ ခေတ်မီဖွံ့ဖြိုးလူတန်းစေ့ချင်တဲ့ရောဂါ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရောဂါက ကိုးပါးဆေးနဲ့ မတည့်တာ ကိုယ့်အပြစ်နဲ့ကိုယ်ပါ….။

အဆိုးဆုံးက အန်တီစု

စိတ်ပျက်စရာကောင်းလောက်အောင်ကို အဖေနဲ့တူတဲ့ အဖေတူသမီး…….

ပရိယာယ်တွေ ကစားကွက်တွေကို နားလည်လျှက်နဲ့ အမှန်ကိုပဲလက်ခံမယ်။ အမှန်ကိုပဲပြောမယ်ဆိုပြီး ခေါင်းမာလွန်းတဲ့သူ……။

(စကားစပ်လို့ပြောရရင် သူ့အဖေကလဲ ငတုံးမဟုတ်ဘူး။ အသက်နှစ်ဆယ်ကျော်အရွယ်မှာကို လုံးလုံးမှ မျက်နှာချင်းဆိုင်လို့မရတဲ့ နိုင်ငံရေးအဖွဲ့ကြီးသုံးခုကိုဆွဲစေ့ပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ထောင်၊ အတွင်းရေးမှုးလုပ်ပြီး ကစားသွားခဲ့တာ။ ခေါင်းမာပြီဆိုတဲ့အခါကျတော့- ဖြေရှင်းစရာရှိတာတွေကို သိသိကြီးနဲ့ မဖြေရှင်းခဲ့လို့၊ နိုင်ငံရေးသီလစောင့်ခဲ့လို့ အသက်ပေးသွားရတာ)

 

ငယ်ငယ်တုန်းက သချင်္ာဆရာတစ်ယောက်ကို မေးဖူးတယ်…။

ဆရာ…. ပုစ္ဆာကို ဆက်တွက်လို့မရတော့ရင် ဘာလုပ်ရမလဲ… လို့ ။

အလုပ်ရှုပ်ပြီး စိတ်တိုနေတဲ့ ဆရာက မျက်စောင်းထိုးပြီး လှမ်းငေါက်တယ်-

တွက်လို့မရင် နာဖို့သာ ပြင်ထား….. တဲ့

 

အခုတော့ ကျုပ်က သင်္ချာမတွက်တော့တာ ကြာပါပြီ…။

သူများတွက်တာကိုပဲ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေမိတယ်………

အဖြေမှန်ထွက်ပါစေ…….

အဖြေမှန်ထွက်ပါစေ……………

 

 

မေတ္တာဖြင့်-

ဦးဦးပါလေရာ

 

 

 

 

 

105 comments

  • kyeemite

    June 27, 2013 at 9:52 am

    ဒီမိုရွာဆိုတာ ဒါပဲ..
    မိမိအတွေးနဲ့မိမိခံယူချက်ကို အခြေခံပြီးဆွေးနွေးကြတာပဲ
    အတွေးအမြင်မျိုးစုံဖတ်ရလို့ ကြေနပ်တယ်ဗျာ..

  • ဦးဦးပါလေရာ

    June 27, 2013 at 12:33 pm

    နောက်ထပ်ကွန်မင့်များကို ဆက်လက် ဆွေးနွေးချင်ပေမယ့်
    ဟိုဘက်မျက်နှာက ရှုပ်ရှက်ခတ်ပြီး သိပ်အဆင်မပြေတော့ပါဘူး..။
    ကွန်မင့်တစ်ခုချင်းစီ ထပ်မံမဆွေးနွေးဖြစ်တော့တာကို ခွင့်လွှတ်ကြပါဗျာ..။
    ဖတ်သူ မန့်သူ အားလုံးကို ကျေးဇူးတင်ပါတယ်…။

    အပေါ်မှာ-
    ကိုကြောင်ကြီးရဲ့ထောက်ပြချက်ကလေးကို ကိုစံလှကြီးက ပြည့်ပြည့်စုံစုံ ဆက်လက်ဆွေးနွေးပေးသွားတာလေး အင်မတန်ကောင်းပါတယ်။
    ကျေးဇူးပါဗျာ…။

    ကျုပ်ဘက်က အမြင်လေးလဲ ထပ်ပြောရရင်
    အဲသည် ဇာတက ၊ နိပါတ်၊ ပုံဝတ္ထု ကြောင်းတွေကို
    ဘုန်းကြီးများ တရားထဲ ဇောင်းပေးဟောလွန်းတာ အရေးလုပ်လွန်းတာ ကိုလဲ လျှော့စေချင်မိတယ်..
    ဘာကြောင့်လဲ …. ဆိုတော့
    အဲသည် အကြောင်းအရာတွေက ထေရဝါဒဗုဒ္ဓဘာသာရဲ့-
    ဖြတ်ထုံး တွေ စီရင်ထုံး တွေ စံ တွေ ဖြစ်သွားမှာ စိုးလို့ပါ…။

    အဲသည် ဇတ်တော်တွေ နိပါတ်တော်တွေ ပုံဝတ္ထုတွေ က
    သူ့မူရင်း ဟုတ်ချင်လဲဟုတ်မယ်- ဟုတ်ချင်မှလဲဟုတ်မယ်….
    သဘာဝ ကျချင်လဲကျမယ်- ကျချင်မှလဲကျမယ်….
    အသင့်ယုတ္တိ ရှိချင်လဲရှိမယ်- ရှိချင်မှလဲရှိမယ်….
    လက်တွေ့နဲ့ နီးစပ်တာရှိမယ်- ကင်းကွာတာလဲရှိမယ်….
    အရေးအကြီးဆုံးက …
    အရေးအကြီးဆုံးက ………
    ထေရဝါဗုဒ္ဓဘာသာအယူရဲ့ တကယ့် စံ အစစ် နဲ့
    ကိုက်ညီတာလဲရှိမှာဖြစ်သလို…
    မကိုက်ညီတာတွေ၊ အမြီးအမောက်မတည့်တာတွေ လဲ အများအပြားရှိနေလို့ပါပဲ…။
    ထေရဝါဗုဒ္ဓဘာသာအယူရဲ့ တကယ့် စံ အစစ် ကတော့
    သစ္စါလေးပါး၊ မဂ္ဂင်ရှစ်ပါး ပါ..။
    အဲဒါနဲ့လွဲရင် ဗုဒ္ဓအယူမဟုတ်ပါဘူး…
    အဲဒါနဲ့ ကိုက်မှ ဗုဒ္ဓအယူပါ…….။

    ဒီတော့ ဘုန်းကြီးအချို့ကပြောမယ်…..
    အဲဒါတွေက စာအုပ်ထဲ ပါတာ…။ အဲဒါတွေမဟောလို့ ဘာဟောရမလဲ…. လို့….။

    ဟောစရာတွေ ရှိပါတယ်…
    တပြည့်တော်တို့ကို သင်ကြားပေးစရာတွေ ရှိပါတယ်…
    မကုန်မခန်းနိုင်အောင်ကို ရှိပါတယ် ….

    လယ်တီဆရာတော်ဘုရားကြီး
    ဝေဘူဆရာတော်ဘုရားကြီး
    စွန်းလွန်း ဆရာတော်ဘုရားကြီး
    သဲအင်းဂူဆရာတော်ဘုရားကြီး
    မိုးကုတ်ဆရာတော်ဘုရားကြီး
    မဟာစည်ဆရာတော်ဘုရားကြီး
    တော်ကူးဆရာတော်ဘုရားကြီး
    ဖါးအောက်ဆရာတော်ဘုရားကြီး တို့နဲ့တကွ
    အခြား အခြားသော ထင်ရှားတဲ့ဆရာတော်ကြီးများ
    ဘာတွေ အဓိကဟောခဲ့ပါသလဲ……………….?????????????

    အဲ… အဲဒါတွေကတော့ နောက်နောင် အကြောင်းတိုက်ဆိုင်ရင်ဖြင့်
    ပျော်ပျော်ပါးပါး ငြင်းခုံကြသေးတာပေါ့နော….

    လောလောဆယ်တော့-
    မနေ့က လဲ ဒေါ်စုက အဖြေတစ်ခြမ်းထုတ်ပေးခဲ့ပါပြီ….
    (သူ့ကိုယုံရတာ အလကားကို မဖြစ်ဘူး…)
    ကျုပ်က (တပြည့်တော်က) သီတဂူဆရာတော်ဘုရားကြီးရဲ့ ဉာဏ်ပညာအမျှော်အမြင်ကို လေးစားရိုသေပြီးသားပါ…။
    နောက်အဖြေမှန်တစ်ခြမ်းကိုလဲ ပြည့်ပြည့်စုံစုံသပ်သပ်ရပ်ရပ်ထုတ်ပေးနိုင်ဘို့
    ရဲရဲကြီး မျှော်လင့်မိပါကြောင်း………..။

    နဲ့………….
    အခုဆိုရင် ဒီပိုစ့်လဲ ဒိတ်အောက်သွားပြီဆိုတော့
    နောက်ဖက်ပို့လိုက်ရင် မကောင်းလား သူကြီးရေ…….။

    အားလုံးကို လေးစားစွာဖြင့်-
    ဦးဦးပါလေရာ

    • San Hla Gyi

      June 27, 2013 at 9:04 pm

      ဦးဦးပါလေရာရေ
      ကျနော့်အမြင်လေးလဲ ပြောသွားပါရစေ။ အဲဒီအကြောင်းအရာတွေကို ဆရာတော်တွေ ထည့်ဟောတာလည်း အပြစ်မတင်ပါနဲ့ဗျာ။ တပည့်တော်တို့ကို နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းတွေ အဓိက သင်ကြားပေးပါလို့ တောင်းဆိုချင်တာကို သိပါတယ်။ တရားဟောတဲ့ ပုဂ္ဂိုလ်ကလဲ တရားနာတဲ့ လူရဲ့ အခြေခံ ဘယ်လောက်ရှိသလဲ လိုက်နိုင်ပါ့မလား ဆိုတာကို မူတည်ပြီး ဟောရတာ ဖြစ်ပါလိမ့်မယ်။ သစ္စါလေးပါး မဂ္ဂင်ရှစ်ပါးတရား ဆိုရင် နားလည်တဲ့လူက အနည်းစု ဖြစ်သွားပြီး လာကိုမလာတော့မယ့် လူများပါတယ်။ ဒီသဘောတရားမျိုးကို ကျနော် ဒေါက်တာပဒုမ္မာရဲ့ ဆောင်းပါးထဲမှာလည်း ရေးခဲ့ဖူးပါတယ်။ ဒီအကြောင်းအရာလေးတွေပဲလို့လည်း အထင်မသေးပါနဲ့။ အဲဒါလေးတွေကို ခြေခြေမြစ်မြစ် နားလည်ရင်ကိုပဲ လူပုဂ္ဂိုလ် ထေရဝါဒီတယောက်က တော်တော်ကို ဟုတ်နေပါပြီ။
      စကားကြုံလို့ ပြောပါရစေ။ ကျနော် ရေးခါစက ဒီဆိုက်ဒ်ထဲမှာ မိုးပြာဆရာတော်တွေ အတော်လေးကို ကြီးစိုးခဲ့တယ်လို့ ထင်ပါတယ်။ မှတ်မိသလောက် သူတို့က ရဲရဲဝံ့ဝံ့လည်း စိမ်ခေါ်ပါတယ်။ အဲဒီလို ဖြစ်လာတိုင်း ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေဘက်က သိပ်ပြီး ချက်ကျလက်ကျ မတုံ့ပြန်နိုင်တာ ဝိုင်းပြီးရှုတ်ချတာလောက်နဲ့ ပြီးသွားတာ ကျနော်က တော်တော့်ကို အားမရခဲ့ဘူး။ ကျနော့် အမြင်အရ အဲဒီလိုဖြစ်တာ သိသင့်တာလေးတွေကို စုံစုံစေ့စေ့ မသိခဲ့လို့လို့ ထင်ပါတယ်။ သိတော့သိတယ် မပြောချင်လို့ ဆိုတဲ့ ပုဂ္ဂိုလ်များကိုတော့ ချွင်းချက်ပါ။
      မှတ်မိသလောက် ဦးဦးပါလေရာတောင် သူတို့ကို သွားပြောသေးတယ်ထင်တယ်။ ကျနော် အတိအကျတော့ မမှတ်မိတော့ဘူး။ ဦးဦးပါလေရာ ပြောတဲ့သဘောက ထေရဝါဒ တရားတော်ထဲမှာ ဘုရားရှင် မဟောတာ အများကြီးပါတယ် ဆိုရင်တောင်မှ ပါတဲ့ နည်းနည်းလေးကို စွန့်ပစ်စရာ မလိုဘူးဆိုတဲ့ သဘောမျိုးပါ။ အမှန်တော့ ကျနော်က ထေရဝါဒဘက်က တယောက်က သူတို့ကို အဲဒီလို သွားပြောတာကို မကြိုက်ဘူး။ ကိုယ့်ဘက်က စကတည်းက ယုံကြည်မှုမရှိသလိုပဲလို့ ထင်တယ်။ မှတ်မိသလောက် ဟိုဘက်ကလည်း နွားနို့ထဲမှာ အဆိပ်နည်းနည်း ပါရင်ရော သောက်မှာလားလို့ မေးလိုက်တယ် ထင်တယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ အဲဒီသဘောမျိုးပဲ။
      ကျနော့်အမြင်အရ သူတို့က အဲဒီလို ပြောရအောင် သူတို့ရော ဘုရားတရားဟောတာကို ကိုယ်တိုင်နာလိုက်ရလို့လား။ ပြောခွင့်ရလို့ ကျေးဇူးပါ။

  • kyeemite

    June 27, 2013 at 1:21 pm

    အဲဒါနဲ့ပတ်သက်ရင် တကယ်တော့ ကျုပ်အဖို့ ကြိုက်တော့မကြိုက်ပေမယ့် သိပ်အသဲအသန်ကြီးမဟုတ်ပါဘူး..။
    အဲဒါကြီးက ခေတ်နဲ့မဆီလျှော်ဘူး။ လူ့အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ရာရောက်တယ်။ ဒီတိုင်းပြည်နဲ့လဲ မသင့်လျှော်ဘူး။
    ဦးပါရေ..ဒီအကြောင်းလေးဆွေးနွေးထားတာတော်တော်ကောင်းလို့ပါ…
    http://burma.irrawaddy.org/archives/42675

    • kai

      June 27, 2013 at 2:44 pm

      ၂။ ဒီအဆိုဟာ ယခုဖြစ်နေသော နိုင်ငံရေးဖြစ်စဉ်များကို လမ်းလွှဲရန် ရည်စူးသည်ဟု မြင်သည်။ မြန်မာနိုင်ငံကို ဂုတ်ခွစီးပြီး အမြတ်ထုတ်နေတာ မြန်မာနိုင်ငံသား မွတ်စလင်များမဟုတ်ပါ။ ဦးပိုင်နှင့် ပေါင်းစားနေသော တရုတ်ကုမ္ပဏီများသာ ဖြစ်သည်ကို မမေ့သင့်။ စစ်တပ်လူတန်းစားနှင့် တရုတ်တို့သာ အမြတ်ထွက်နေသည်ကို ဘာကြောင့် မေ့ထားကြသနည်း။ ဥပမာတခုပြောမည်ဆိုလျှင် ယခုအချိန် မန္တလေးကို စီးပွားရေး လူမျိုးရေးအရ စီးထားသည်မှာ နောက်ဝင်လာသော မြန်မာစကား မတတ်သည့် တရုတ်များသာဖြစ်သည်။ မြန်မာနိုင်ငံသား မဟုတ်တဲ့ တရုတ်တွေ ငွေပေး၍ မြန်မာမှတ်ပုံ တင်ကိုင်ထားသည့် ကိစ္စကိုတော့ ဘာကြောင့် အခုအထိ မပြောကြသေးသနည်း။ အခုတော့ မှတ်ပုံတင်ကို ကိုင်ရုံမဟုတ် မြေတွေယာတွေပါ တစတစ သူတို့ဝယ်ယူပိုင်ဆိုင် ထားသည်မှာ မနည်းတော့။

      အဲဒီအပေါ်ကအချက်ကို ရေးထားတာကြောင့်သဘောမတူပါဘူး..
      လူကိုလူလို့မြင်ပြီး.. လူမျိုးတိုင်းပြည်နဲ့.. နို်င်ငံသားတွေလည်း.. အစွန်းရောက်သူနဲ့..အစွန်းမရောက်သူ.. စသဖြင့် ခွဲမြင်ကြဖို့လိုတယ်ထင်မိတယ်…။
      တရုတ်..ကုလား.. ဗမာ..ကချင်..ကရင်.. မိန်းမ..ယောက်ျား..ဘုန်းကြီး.. သူတောင်းစား.. စစ်သား.. စဖြင့်ခွဲခြားတဲ့… . ဥပဒေ..လုံးဝမလုပ်သင့်ကြောင်း….

      မြန်မာပြည်အတွက်..လောလောဆယ်အချိန်ခေတ်ကာလမှာ.. အင်မတန်အရေးကြီးတာက.. ရှိသမျှစစ်မျက်နှာ.. မဖွင့်သင့်ကြောင်း…။
      ====
      အပေါ်က..ဦးပါပြောတာ အင်မတန်လက်ခံပါကြောင်း…
      မြန်မာပြည်ဟာ.. ထေရာကြီးတွေပြောတဲ့.. ပုံတိုပတ်စထဲနစ်ပြီးနေသွားကြတယ်ထင်ပါကြောင်း….
      အဓိကပြသနာအစဟာ..
      ဘုရားဟောတွေကို.. ကိုယ့်သဘောနဲ့မွှန်းထုံးဖွင့်ဆိုတဲ့.. အရိယာမဟုတ်ဖူးလို့ကိုယ်တိုင်ဝန်ခံထားသူ ရှင်ဗုဒ္ဓဃောသရဲ့.. အဌကထာလို့ထင်ပါကြောင်း..

      အဲဒါကို.. ခေတ်နဲ့ညှိသင့်လှပါကြောင်း…..။
      အောက်ကဆောင်းပါးတပုဒ်ကို … အသိသညာဖွင့်နိုင်ကြဖို့.. ဖတ်နိုင်ရန်ကူးတင်ပါကြောင်း.. :mrgreen:

      • San Hla Gyi

        June 27, 2013 at 9:30 pm

        သဂျီးမင်းခင်ဗျာ
        အောက်က ဆောင်းပါးတပုဒ်ကို အသိပညာဖွင့်နိုင်ကြဖို့ ဖတ်နိုင်ရန် ကူးတင်ပါကြောင်း ရုပ်ပြောင် စပ်ဖြဲဖြဲလေးနဲ့ လုပ်ထားတာတော့ ဟုတ်ပါပြီ။ ကူးတင်တယ်ဆိုတော့ သဂျီးရဲ့ ကိုယ်တိုင်ရေး မဟုတ်ပါဘူး။ ကူးတင်တယ် ဆိုရင်တော့ ယေဘူယျအားဖြင့် ကြိုက်လို့လို့ ပြောလို့ရပါတယ်။ အဲဒီတော့ အဲဒီ ဦးအေးမောင်ရဲ့ ဆောင်းပါးကို သဂျီးရဲ့ အမြင်လေး အရင်ပြောပြပါ။ လက်ခံသလား လက်မခံဘူးလား။ လက်မခံဘူး ဒါမှမဟုတ် ထူးခြားတဲ့ မှတ်ချက်မရှိပါဘူး သိစေချင်ရုံသက်သက် ကူးတင်တာပါနော့ ဆိုရင်တော့ ကျနော်က ကျန်တဲ့ ရွာသူရွာသားတွေကို ဒီဆောင်းပါးကို အရေးလုပ်ပြီး စဉ်းစားမနေနဲ့။ မှားနေတာတွေ အများကြီးပဲ သဂျီးကိုယ်တိုင်လဲ မကြိုက်ဘူး ဖတ်ကြည့်ရုံသက်သက် ဆိုပြီး ဘယ်ကကူးလာမှန်း မသိဘူးလို့ ပြောလိုက်ရုံပဲ။ အဲ ကျုပ်က ကြိုက်လို့ပါနော့ ဆိုရင်တော့ ဘယ်အချက်တွေကို လက်ခံပြီး ဘယ်အချက်တွေကို လက်မခံဘူးလည်း ဆိုတာလေး သဂျီးအမြင်လေးကို ပြောပြပါ။
        အဲ မေ့လို့ ဒီလိုမေးခွန်းမျိုးကို ကျနော် သဂျီးရဲ့ ဂိုဏ်းတူညီအကိုတွေ အဲ မှားလို့ မိုးပြာဆရာတွေကို ခဏ ခဏမေးဖူးတယ်။ အဲဒီဆရာတွေလဲ အဲဒီလိုပဲ ကူးတင်ပါသည် ကိုယ်တိုင်ရေး မဟုတ်ပါ ဆိုပြီး အလွတ်ရုန်းပြီး ရောချတာချည်းပဲ။

        • kai

          June 28, 2013 at 3:37 am

          ကိုရင်စံလှကြီးခင်ဗျာ…
          နောင်ဆို စာတင်ရင်.. ကိုရင့်ဆီကခွင့်ပြုချက် ကြိုတင်အရင်ယူရမှာလားဟင်င်…
          အဲဒီဦးအေးမောင်ဆိုတာ ဘယ်သူလည်းရောသိပါရဲ့လား..။
          အငြင်းပွားစရာရှိရင်.. သူ့ကိုပြန်သွားနှိုးပြီး..(ကိုရင့်ခွင့်ပြုချက်ယူပြီးမှ…) မေးရငြင်းရမှာလားဟင်င်င်…
          နောက်တာပါ..
          သိမှာပါ… :mrgreen:

          ဆိုတော့…
          အဲဒီဦးအေးမောင်ရဲ့ ဆောင်းပါးမှာ လုံးဝမကြိုက်တာလေးတွေအများကြီးရှိသဗျ… တခြားတော့ မဟုတ်ပါဘူး..။
          အောက်ကမြင် ကိုရေးပုံရေးနည်းပါ..။ စာရိုက်တဲ့သူအမှားလား.. မြန်မာစာဖွန့်ကိုယ်နှိုက်ရဲ့.. ပြသနာလားတော့ မသိ..။

          ကွိ…

        • San Hla Gyi

          June 28, 2013 at 8:50 pm

          သဂျီးမင်းခင်ဗျာ
          ကျနော့်ကွန်မန့်ကို ရှင်းအောင် ဖတ်စေလိုပါတယ်။ ကျနော်က ကျနော့်ဆီက ခွင့်ပြုချက်ယူဖို့ ပြောတာမဟုတ်ပါဘူး။ စာတခုကို ကူးယူလာတယ် ကာယကံရှင်က မရှိဘူးဆိုရင် အဲဒီစာနဲ့ ပက်သက်လို့ ကိုယ့်သဘောထားကို မပြောခင် အရင်ဆုံးဖတ်ပြီး ကူးလာတဲ့လူရဲ့ အမြင်ကို အရင်ဆုံး မေးတာ အလွန်သဘာဝ ကျပါတယ်။ ဒါမှလည်း ဆွေးနွေးလို့ ဖြစ်မှာကိုး။ အဲဒီအတွက် ကူးလာတဲ့ သဂျီးရဲ့ အမြင်ကို အရင်ဆုံး မေးရတာ ဖြစ်ပါတယ်။ ကျနော် ပြောတဲ့ ဒီအချက်ဟာ သဘာဝ မကျဘူးလို့ ထင်တဲ့ စာဖတ်သူတွေ ရှိရင်လည်း မေးနိုင်ပါတယ်။ သဂျီးနဲ့ စာရေးရင် သတိထားပါ။ သူက စကားအရမ်းလှည့်တတ်ပါတယ် ဟီး တကယ်နောက်တာ။
          ဦးအေးမောင် ဆိုတာ ဘယ်သူလဲ သိပါရဲ့လား ဆိုတဲ့ စကားကတော့ နောက်ကွယ်က အဓိပ္ပါယ်ဟာ “ဦးအေးမောင်ဟာ စာရေးဆရာကြီး အလွန်ကျော်စောသူ ဗဟုသုတလဲ ရှိတယ်” ဆိုတဲ့ ဟာတွေကို ပြောချင်နေတယ်လို့ ထင်ပါတယ်။ ကျနော် သူ့စာအုပ်တွေကို အများကြီး မဖတ်ဖူးပေမယ့် မြည်းစမ်းတဲ့ အနေနဲ့တော့ ဖတ်ဖူးပါတယ်။ ထားပါ။ ဦးအေးမောင်ဟာ စာရေးဆရာကြီး အလွန်ကျော်စောသူ ဆိုတာနဲ့ သူ့စာတွေက အမှားမပါနိုင်ဘူး ဝေဖန်လို့ မရဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ သဂျီးပဲ လောလောလတ်လတ် ဒီပို့စ်မှာပဲ ကာလာမသုတ်မှာကလို့ အစချီပြီး “ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း(ဟုတ်ပြီ မှန်ပြီဟု) အတည်မယူကုန်လင့်ဦး ဆိုပြီး ကောက်နုတ်ချက် ရေးပြီးမှ ဆရာတော်(ရဝေနွယ်-အင်းမ) ရေးတဲ့ ဂွမဏိမင်းကြီး(မှတ်ချက် သဂျီးစာလုံးပေါင်းအတိုင်း) နတ်ရွာစံတဲ့အခါ တုသိတာနတ်ပြည် ရောက်သွားတယ်လို့ ဆိုပါတယ် ဆိုတာကို ပြန်ရေးပါတယ်။ နောက်ပြီး သဂျီးကိုယ်တိုင်ပဲ “သူက ဒီလိုပါလို့ တဆင့်ပြန်ဟောရေးတာနဲ့တင် အဲဒါကြီးက တကယ် ဟုတ်ပြီ မှန်ပြီဟု အတည်ယူလိုက်ကြရောလားဟင်င်င် တူနယ် တူနယ်” ဆိုပြီး ရေးသွားပါတယ်။ အဲဒီကွန်မန့်ကို မဖတ်ရသေးသူတွေကို older comment ကိုကလစ်နှိပ်ပြီး ပြန်ဖတ်ကြည့်ပါ။ ဒီပို့စ်မှာပဲ သဂျီးကိုယ်တိုင် ပြောတာဖြစ်ပါတယ်။
          အဲဒီတော့ သဂျီးစကားအတိုင်း သဂျီးကိုပဲ ပြန်ပြောမယ်။ စာရေးဆရာကြီး ဦးအေးမောင်က ဒီလို တဆင့်ပြန်ရေးတာနဲ့တင်(တကယ်လည်း နိုင်ငံခြားသားတွေရဲ့ အမြင်တွေကို ကိုးကားပြီး တဆင့်ပြန်ရေးတာပါ) သူပြောတာတွေက တကယ် ဟုတ်နေပြီ မှန်နေပြီလို့ လက်ခံလိုက်ရတော့ မလားဟင်။
          ဦးအေးမောင်ကိုလည်း သေရာကနေ မနှိုးခိုင်းပါဘူး။ သူ့စာကို ကူးလာတဲ့ သဂျီးရဲ့ စာအပေါ် အမြင်လေးကိုပဲ မေးတာပါ။ ကျနော် မသိလို့ မဟုတ်ပါဘူး။ သဂျီးပို့စ်တခုထဲမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီးဦးအေးမောင်လို့တောင် သုံးသွားတယ် တွေ့ဖူးသလိုပဲ။ ဆူးကို ပြောတာနဲ့ တူပါတယ်။ စာအရေးအသားကလည်း သဂျီးရဲ့ သည်းခြေကြိုက်ကိုး။
          ဆောင်းပါးထဲမှာ ဘာမှ ပြောစရာ မရှိဘူး။ စာလုံးပေါင်း နည်းနည်းပါးပါးပဲ ပြောစရာရှိတယ် ဆိုရင်တော့ ပြောမနေပါနဲ့ဗျာ။ အဓိကက အတွေးအခေါ်ပိုင်းကို ပြောရအောင်။ စာအရေးအသားကတော့ တခါတခါ ပမာဒလေခ ဖြစ်တတ်တယ်ဗျ။ ပညာရှိ သတိဖြစ်ခဲပေါ့ဗျာ။ ကျနော်ဆို ခဏ ခဏဖြစ်တယ်။ ဟီး ဒါလဲနောက်တာ။

  • kai

    June 27, 2013 at 2:46 pm

    Tuesday, October 6, 2009
    ဦးအေးမောင်၊ ဗုဒ္ဓ နဲ့ ဗုဒ္ဓဝါဒ၊အခန်းနှစ်၊ပါဠိ ပိဋကတ်စာတမ်း
    အခန်း(၂)
    ပါဠိပိဋကတ်စစ်တမ်း

    မြန်မာနိုင်ငံ ရှိပါဠိပိဋကတ်သည် သီဟိုဠ်ကျွန်းမှ ရရှိခဲ.သော ပိဋကတ်ဖြစ်၏။ သီဟိုလ်သားတို.၏ မဟာဝင်ကျမ်းအလိုအားဖြင်. ဗုဒ္ဓသာသနာသည် ဘီစီသုံးရာစု (ဝါ) ခရစ်တော်မပေါ်မှီ တတိယရာစုလောက်က အိန္ဒိယပြည်မြောက်ပိုင်းမှ သီဟိုဠ်ကျွန်းသို. ရောက်ရှိလာ၏။ သီဟိုဠ် ရဟန်းတို.သည် လက်ဦးပထမ၌ ပိဋကတ်ကို နှုတ်ဖြင်.ဆောင်ကြ၍ ဘီစီပထမရာစု ကုန်ခါနီးလောက်၌ ပေထက်အက္ခရာ တင်ကြ၏။ သို.ဖြင်. သီဟိုဠ်ကျွန်းသည် အိနိ္ဒယပြည်မှ အပ ပထမဦးစွာ ဗုဒ္ဓဝါဒ အခြေစိုက်မိသော နိုင်ငံဖြစ်၍ ပိဋကတ်စာပေသည် သီဟိုဠ်ကျွန်းမှ အခြားအာရှတောင်ပိုင်းနိုင်ငံများသို. ပျံ.နှံ.သွားခဲ.ဟန်ရှိ၏။

    သီဟိုဠ်သားတို.သည် ပိဋကတ်သုံးပုံ၏ အဖွင်.ဖြစ်သော အဌကထာ ကျမ်းများကို ရေးသားခဲ.ကြ၏။ အချို.သော ပိဋကတ်ကျမ်းများသည် လည်း သီဟိုဠ်ကျွန်း၌ စတင်ပေါ်ပေါက်သော ကျမ်းများဖြစ်ကောင်းဖြစ်ပေမည်။ သို.ရာတွင် ထိုကျမ်းများမှာ အနည်းငယ်သာဖြစ်၍ ဗုဒ္ဓဝါဒအတွက် အရေးကြီးသော ကျမ်းများလည်း မဟုတ်ချေ။ ထိုကျမ်းများမှအပ အခြားပိဋကတ် စာပေ၌ ဟိမဝန္တာ၊ ဂင်္ဂါ၊ ယမုံနာ စသော အိနိ္ဒယတောင်များ၊ မြစ်များကို ဖော်ပြထား၏။ သီဟိုဠ်ကျွန်း၏ ပထဝီအမည်များကို လုံးဝမတွေ.ရချေ။ ပိဋကတ်စာပေသည် ဘီစီ ၆ ရာစုခေတ် အိန္ဒိယပြည်မြောက်ပိုင်း၏ အခြေအနေကို ဖော်ပြ၍ ရှေးသီဟိုဠ်သားတို.၏ အကြောင်းကို အလျှင်းမဖော်ပြချေ။ ဘီစီသုံးရာစုအတွင်းက အိန္ဒိယပြည်ဆန်ချီနှင်. ဘာရပ်ဒေသ၌ ထူပါရုံစေတီတော်ကြီးများ၏ မုခ်ဦးနှင်. နံရံများတွင် ‘ဓမ္မကထိက’ ပေဋကိန’ (ပိဋကတ်အာဂုံဆောင်သူ ) ‘ သုတ္တန္တ ကိနီ’ (သုတ္တန်များကို အာဂုံဆောင်သော မိန်းမ) စသည်ဖြင်. ရဟန်းယောက်ျား၊ မိန်းမများအား ပေးထားသော ဘွဲ.အမည်များကို ဖော်ပြထား၏။ ပိဋကတ်၌ပါရှိသော ဝတ္ထုများနှင်. ၅၅ဝ ဇာတ်ဝတ္တုများကို လည်း စေတီနံရံ များ၌ ရုပ်လုံးကလေးများ ဖြင်.ထုထွင်းခြယ်လှယ် ထား၏။

    သို.ဖြစ်၍ ပိဋကတ်စာပေ သည် အိန္ဒိယပြည်၌ စတင်ပေါက်ဖွားခဲ.ကြောင်း ထင်ရှား၏။ သီဟိုဠ်သားတို.သည် ထိုပိဋကတ်ကို ပြင်ဆင်ပြောင်းလဲခြင်းမပြုဘဲ နဂိုအိန္ဒိယမူအတိုငး ထားရှိခဲ.သည်ဟု ယူဆရပေမည်။ ထိုပိဋကတ်သည် မူလက အသောကမင်းလက်ထက်၌ တတိယသင်္ဂါယနာတင် သော ဝိဘဇ္ဇဝါဒီရဟန်းတို. နှုတ်ဖြင်.ဆောင်ခဲ.ကြသော ထေရဝါဒပိဋကတ်ဖြစ်၏။ ထေရဝါဒဂိုဏ်းသည် ဒုတိယသင်္ဂါယနာတင်ပြီး နောက်ပေါ်ပေါက်ခဲ.သော ရှေးဗုဒ္ဓဂိုဏ်းကြီး ၁၈ ဂိုဏ်း၌တစ်ခုဖြစ်၍ ထေရဝါဒပိဋကတ်သည် အခြားဂိုဏ်းများ၏ ပိဋကတ်များနှင်. မည်သို.ခြားနား ကွဲလွဲပါသနည်းဟု စူးစမ်းရန်လိုပေသည်။

    ဤတွင် ထိုရှေးအခါက အထူးထင်ရှားသော သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်ကို စဉ်းစားရာ၏။ သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်ကို သက္ကတဘာသာဖြင်. ရေးသားထား၍ အချို.သောကျမ်းစာများကို အာရှတိုက်အလယ်ပိုင်း အရှေ.တာကစ္စတန်ပြည်နှင်. နီပေါပြည်၌ တွေ.ရှိခဲ.ကြ၏။ ထိုကျမ်းစာများသည် ဆိုင်ရာပါဠိ ပိဋကတ်ကျမ်းစာများနှင်.အတော်များများ တူညီကြ၏။ ဥပမာ သက္ကတဝိနည်းပိဋကတ်၌ ဖော်ပြထားသော ဝိနည်းသိက္ခာပုဒ်များသည် ပါဠိဝိနည်းပိဋကတ်မှ သိက္ခာပုဒ်များနှင်. ဘာမျှမခြားနားချေ။ သိက္ခာပုဒ်များပညတ်ရခြင်း အကြောင်းရင်းကို ဖော်ပြရာ၌သာ ပိဋကတ်တစ်ခုနှင်. တစ်ခု ကွဲလွဲ၏။

    အချို.သော သက္ကတပိဋကတ်ကျမ်းများကို တရုတ်၊ တိဗက် ၊ ဂျပန်စသော ဘာသာများသို. ပြန်ဆိုထား၏။ ထိုမြောက်အာရှသားတို.၏ ဗုဒ္ဓဝါဒသည် မဟာယာနဝါဒ ဖြစ်၏။ မဟာယနဝါဒီတို.သည် မူလဗုဒ္ဓဝါဒကို ချဲ.ထွင်စဉ်းစား ဉာဏ်ကစားလျက်ဝါဒသစ် များ ဖန်တီးခဲ.ကြစေကာမူ အိနိ္ဒယပြည်မှ ရရှိသော မူလကျမ်းရင်းများကို ပြုပြင်ပြောင်းလဲခြင်း မပြုခဲ.ကြချေ။ တရုတ်ပိဋကတ်တွင် ပါဠိပိဋကတ်မှာကဲ. သို. ဓမ္မပဒ၊ ဥဒါန၊ ထေရဂါထာ၊ ဝိမာနဝတ္ထု စသောကျမ်းများ ပါဝင်၏။ သူတို.၏ မဟာဝတ္တုကျမ်းသည် နိဒါနကထာနှင်. မဟာဝဂ်ပါဠိတော်ကဲ.သို. သိဒ္ဓတ္ထ မင်းသားဘုရားဖြစ်လာ ပုံကိုအကျယ်ပြထား၏။ သူတို.၏ ဒီဗျာဝဒါန ကျမ်း၌ မဟာပရိနိဗ္ဗာန သုတ်ပါရှိ၍ ထိုသုတ်မှာ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်နှင်. ကွဲလွဲခြင်းမရှိချေ။ ထိ်ုသုတ်၌ ဗုဒ္ဓဝါဒ၏ အခြေခံမူလဖြစ်သော ဗောဓိပကိ္ခယ တရား၃ရ ပါးကိုဖော်ပြထား၏။

    ထိုတူညီသော တရားဒေသနာများကို ပိဋကတ်နှစ်ခု၌ စီစဉ်ခွဲခြား ထားပုံမှာလည်း တစ်ပုံစံတည်းဖြစ်၏။ သို.ဖြစ်၍ ထိုဒေသနာများသည် ဗုဒ္ဓသံဃာဂိုဏ်းမကွဲမီ ရှေးမဝေသဏီကတည်းက ရှိပြီးဖြစ်ရပေမည်။ မတူညီသော ဒေသနာများလည်းရှိ၏။ များပြားလှသော တရားဒေသနာများကို နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားစီ နှုတ်ဖြင်.ဆောင်ခဲ.ရာမှ ဖြစ်ပေါ်လာသော ပိဋကတ်နှစ်ခုသည် အချို.အနေရာများ၌ ကွဲလွဲကြမည်မှာ ဓမ္မတာဖြစ်၏။ ကွဲလွဲသော အချက်များအားလုံး ဘုရားဟောစကားဖြစ်သည် ဟူ၍ကား မဆိုနိုင်ချေ။ သို.ဖြစ်၍ ပိဋကတ်နှစ်ခုတွင် မည်သည်.ပိဋကတ် က ရှေးဦးစွာပေါ်ပေါက်လာ၍ ဗုဒ္ဓဝါဒနှင်. ပိုမိုနီးစပ်ပါသနည်း ဟုစူးစမ်းရန်လိုအပ်၏။

    ပိဋကတ်နှစ်ခုလုံးကို လေ.လာဖူးသော ဥရောပညာရှင်တို.၏ အဆိုအားဖြင်.ပိဋကတ်နှစ်ခုမှာ စီကုံးဖွဲ.နွဲ.မှု မတူကြချေ။ ပါဠိပိဋကတ်သည် အက္ခရာမတင်မီ နှစ်ပေါင်းအတော်ကြာက ပေါ်ပေါက်ခဲ.ပြီးဖြစ်ဟန်ရှိ၏။ ပါဠိတော်များက်ို စာဖြင်.ရေးမှတ်သောအခါ စီကုံးဖွဲ.နွဲ.သော နည်းဟန်ကို မပြောင်းလဲဘဲ နှုတ်ငုံဆောင်ထားသည်.အတိုင်း ရေးမှတ်ထားသောကြောင်. အရေးအသားချောမွတ်ခြင်းမရှိချေ။ သက္ကတပိဋကတ် မှာမူပါဠိပိဋကတ်ထက် အရးအသားညက်ညောပြေပြစ်၏။ သို.ဖြစ်၍ ထိုပိဋကတ်သည် အာရှတိုက်အလယ်ပိုင်း၌ စာရေးသားခြင်းအတတ် ပေါ်ပြီးမှ စာပေအဖြစ်သို. ကူးပြောင်းလာဟန်ရှိ၏။

    သမိုင်းသုတေသနပြုမှု မရှိသေးသောခေတ်က စာပေကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ခေတ်နှင်. ကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ် တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ ခေတ်နှင်. ကျမ်းပြုဆရာ၏ ခေတ်အချိန်ကာလ ကွာခြားလေ၊ ဒဏ္ဍာရီပုံပြင်ဆန်ဆန် အကြောင်းအရာများကို ပိုမိုတွေ.ရလေ ဖြစ်၏။ မြန်မာနိုင်ငံတွင် ဘကြီးတော်လက်ထက်က ရေးသားထားသော မှန်နန်းရာဇဝင် ထဲမှ ပြူစောထီး၊ ဒွတ္တပေါင်စသော ရှေးပုဂံခေတ်မတိုင်မီက မင်းများအကြောင်း ရေးသားချက်များ၌ အထက်ပါစကား ထင်ရှား၏။ သက္ကတပိဋကတ်၌ ပါရှိသော ဗုဒ္ဓဝင်မှာ အံ.ဖွယ်သရဲများဖြင်. ဖောင်းပွ၍ ဗုဒ္ဓမှာ လူသားစင်စစ် မဟုတ်တော.ဘဲ ထာဝရဘုရား၊ သို.မဟုတ် စကြဝဠာ မဟာဗြဟ္မာကြီးလိုလို ဖြစ်နေသည်ကို တွေ.ရ၏။ ပါဠိပိဋကတ်၌မူ လူသားမျိုးနွယ် အတုမရှိ သူတော်မြတ်အဖြစ်ဖြင်.သာ ဖော်ပြထား၏။

    ထေရဝါဒီတို.၏ ဗုဒ္ဓအကြောင်း အံ.ဖွယ်သရဲများကို အများအားဖြင်. နောက်မှပေါ်ပေါက်သော အဌကထာများ၌ တွေ.ရ၏။ ဗုဒ္ဓကိုယ်တော်တိုင်က မိမိသည် တန်ခိုးပြာဋိဟာပြမှုကို စက်ဆုပ်ကြောင်း မိန်.ကြားခဲ.၏။ (ဤအကြောင်းကို ‘ဗုဒ္ဓကိုးကွယ်မှု’ အခန်း၌ အကျယ်ပြဆိုပါအံ.။) ဒေဝါတိဒေဝါ (နတ်တကာတို.၏ နတ်မင်း ) ဆိုသော ဗုဒ္ဓ၏ ဘွဲ.ကို ဘီစီ ၉၀-၈ဝ လောက်က ရေးသားသော မိလိန္ဒပဥှာကျမ်း၌ ပထမအကြီမ်တွေ.ရ၏။ ပါဠိပိဋကတ်၌ ထိုစကားကို မတွေ.ရချေ။

    ထို.ကြောင်. အနောက်နိုင်ငံ ပညာရှင်တို.သည် ပါဠိပိဋကတ်မှာ ဗုဒ္ဓဝါဒသမိုင်း၌ ပထမဦးစွာ ပေါ်ပေါက်လာသော စာပေဖြစ်ကြောင်း တညီတညွတ် အသိအမှတ်ပြုကြ၏။ ထေရဝါဒက မူလဗုဒ္ဓဝါးနှင်. မဟာယာနထက် ပိုမိုနီးစပ်သည်ဟု ယုံကြည်၍ ပါဠိပိဋကတ်ကို ဦးစားပေးလေ.လာကြ၏။

    ဗုဒ္ဓလက်ထက်က အိန္ဒိယပြည်၌ စာရေးခြင်းအတတ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပိဋကတ် အထောက်အထားရှိ၏။ သို.ရာတွင် စာရေးရန် ပစ္စည်းကိရိယာ စုံစုံလင်လင် လုံလုံလောက်လောက် မရှိသေးသောကြောင်. ရှည်လျားသော စာများကို မရေးသားကြချေ။ ထို.အပြင်ထိုခေတ်က အိနိ္ဒယသားတို.သည် ဘာသာရေးခေါင်းဆောင်ကြီးများ ၏ နှုတ်စကားကို စာစကားထက် ပို၍သာလွန်မြတ်နိုး တန်ဖိုးထားတတ်ကြ၏။ တရားဒေသနာများကို နှုတ်တက်ကျက်မှတ်ပြီးလျင် သားစဉ်မြေးဆက် နှုတ်ဖြင်.သာ ဆောင်ကြ၏။ သို.ဖြင်. အချို.သော ဘာသာရေးဂိုဏ်းများ၏ ဟောပြောချက်များသည် ပါဠိပိဋကတ်ပေါ်ပေါက်ပြီးနောက် ကာလအတန်ကြာသည်.တိုင်အောင် စာပေအဖြစ်သို. မရောက်ရှိသေးချေ။ ဂျိန်းဘာသာဝင်တို.၏ ပိဋကတ်သည် အေဒီငါးရာစုလောက်ကျမှ စာပေအဖြစ်သို. ရောက်ရှိလာကြောင်းသိရ၏။

    နှုတ်စကားက စာစကားထက် အချို.နေရာ၌ ပိုမို ထိရောက်ကြောင်း ယုံမှားဖွယ်မရှိချေ။ တရားဟောရာ၌ စာဖတ်၍ပြောခြင်းထက် စာမဖတ်ဘဲပြောခြင်းက လူပရိသတ်၏ စိတ်ကို ပိုမိုဆွဲဆောင်နိုင်ကြောင်းထင်ရှား၏။ သို.ရာတွင် ပုဂ္ဂိုလ်တစ်ဦး၏ စကားများကို နဂိုမူမပျက်စေဘဲ သန်.ရှင်းစင်ကြယ်စွာ ကာလတာရှည် တည်မြဲစေလိုပါက စာဖြင်. မှတ်သားထားရန်လို၏။ ဆရာစဉ်ဆက်နှုတ်ငုံဆောင်ထားရုံမျှဖြင်. စိတ်ချရမည် မဟုတ်ချေ။

    ထို.ကြောင်. အစပထမက နှစ်ပေါင်းများစွာ နှုတ်ဖြင်.ဆောင်ခဲ.သော ပါဠိပိဋကတ်သည် မည်မျှသန်.ရှင်းစင်ကြယ်၍ မူလဗုဒ္ဓဓမ္မကို မည်မျှကိုယ်စားပြုပါသနည်းဟု စဉ်းစားရန်ရှိ၏။

    အချို.သော ပါဠိတော်များသည် ဗုဒ္ဓကိုယ်တိုင်ဟောသော ဒေသနာများမဟုတ်ကြောင်း ပိဋကတ်စာပေ၌ အထင်အရှားပြဆိုထား၏။ အဘိဓမ္မာပိဋကတ်မှ ကထာဝတ္ထုသည် အရှင်မောဂ္ဂလိပုတ္တတိဿ၏ လက်ရာဖြစ်၏။ ဝိနည်းပိဋကတ်မှ ပရိဝါကျမ်းမှာ ဒီပမည်သော မထေရ်တစ်ပါး ရေးသားကြောင်း ကျမ်းနိဂုံးတွင် ဖော်ပြထား၏။

    မဇ္ဈိမနိကာယ်နှင်. ဒီဃနိကာယ်မှ သုတ်ပေါင်း ၂၆ ခုမှာ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ကစ္စည်း စသော တပည်.သာဝကကြီးများ ဟောကြားသည်. သုတ်များဖြစ်၏။

    အချို.သော ပါဠိတော်များမှာမူ သင်္ဂါယနာတင် ရဟန်းတော်များက ထည်းသွင်းထားသော စကားများဖြစ်သည်ဟု အဌကထာ ဆရာများက ဆိုကြ၏။ အချို.ထေရီဂါထာ များသည် သင်္ဂါယနာတင် မထေရ်တို.၏ ဂါထာများဖြစ်ကြောင်း ပရမတ္တဒီပနီ၌ အဌကထာဆရာ ရှင်ဓမ္မပါလက ဖော်ပြထား၏။ သုတ္တနိပါတ် မဟာဝဂ် ပဓာနသုတ်၌ လာသော နောက်ဆုံးဂါထာသည် အချို.ဆရာတို. အလိုအားဖြင်. သင်္ဂါယနာတင် ရဟန်းတို.၏ လက်ရာဖြစ်၏။

    တပည်.သာဝကတို.၏ ဒေသနာများသည် အများအားဖြင်. ဘုရားရှင်အမြွက်မျှဟောကြားသော တရားကို အကျယ့်ရှင်းပြသော ဒေသနာများဖြစ်သောကြောင်. ပိဋကတ်ထဲ၌ ထည်.သွင်းထားခြင်းဖြစ်၏။ အမှန်ဆိုသော် အချို.သာဝကကြီးများ၏ တရားဒေသနာများသည် မိမိ၏အာဘော်နှင်. ကိုက်ညီသည်ဟု ဘုရားရှင်က မိန်.ကြားကြောင်း ပိဋကတ်၌ ပြဆိုထား၏။ မည်သို.ပင်ဖြစ်စေ ဗုဒ္ဓဝါဒကို စေ.ငုသေချာစွာ လေ.လာလိုသော သူတို.အဖို. ဗုဒ္ဓ၏စကားနှင်. တပည်.သာဝကများ၏ စကားကို ခွဲခြား၍ သိရှိမှတ်သားရန် အရေးကြီး၏။

    ဘုရားရှင်လက်ထက်က ဗုဒ္ဓဒေသနာများကို အထူးဂရုပြု၍ ကျက်မှတ်ကြခြင်းရှိဟန်မတူချေ။ ‘ဘာဏက’ (ဒေသနာများကို ရွတ်ဆိုကျက်မှတ်သောသူ) ဆိုသောစကားသည် အဌကထာများ၌သာလျင် တွေ.ရ၏။ သင်အံကျက်မှတ်သော ပုဂ္ဂိုလ်အချို. ရှိမည်ဖြစ်သော်လည်း ဘုရားရှင်၏အလိုအားဖြင်. တရားတော်ကို ကျက်မှတ်မှုထက် ကျင်.ကြံအားထုတ်မှုက ပိုမိုအရေးကြီးသောကြောင်. အမြဲတစေ ဂရုတစိုက် ကျက်မှတ်သော ရဟန်းဦးရေသည် ယခုခေတ်မှာကဲ.သို. များလှမည် မဟုတ်ချေ။

    တပည်.ရဟန်းများသည် ဗုဒ္ဓဝါဒကို လွပ်လပ်စွာ ဟောပြောကြ၏ ။ တစ်ခါတစ်ရံမှသာ ဘဂဝါ သို.မဟုတ် သတ္ထာ (ဘုရားရှင် ကိုဆိုလိုသည်) က ဤသို.မိန်.ဆိုသည်ဟု ဗုဒ္ဓ၏စကားကို ကိုးကား၍ပြောလေ.ရှိကြ၏။ ထို.နောက် ဗုဒ္ဓသည် သက်တော်ကြီးရင်.လာ၍ တပည်.သာဝကကြီများ ပရိနိဗ္ဗာန်ပြုတော်မူကုန်သော အခါ ဒေသနာများကို မူတစ်မူတည်းထားကာ ပုံသေ သတ်မှတ်စပြုလာကြ၏။

    အစပထမ၌ ဒေသနာများသည် သုတ်အဖြစ် သို.မရောက်သေးဘဲ အကျဉ်းချုပ်(ဥဒ္ဒေသ) အဖြစ်ဖြင်.သာ တည်ရှိကြ၏။ ဥဒ္ဒေသများကို ပိဋကတ်စာပေ အချို.နေရာများ၌ တွေ.ရသေး၏။ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးသည်. နောက်ကာလ၌ကား ဗုဒ္ဓဓမ္မနှင်. စပ်လျဉ်း၍ သံဃာဂိုဏ်းကွဲမည်. အရိပ်နိမိတ် များ ထွက်ပေါ်လာသောကြောင်. ဗုဒ္ဓဒေသနာများကို အကျဉ်းမချုံးပဲ ဘုရားဟောတော်မူသည်. အတိုင်း ပုံသေအတည်ပြုထားရန် မထေရ်ကြီးများ စုပေါင်းကြိုးစားကြ၏။

    ပိဋကတ်စာပေ၌ ‘သာဝတိ္ထ နိဒါနံ’ စသည်ဖြင်. မြို.အမည်နှင်. အစချည်သော သုတ်များပါရှိရာ ဖော်ပြသောမြို.သည် ဆိုင်ရာသုတ်ကို စတင်အတည်ပြုသော ရဟန်းသံဃာတို.၏ ဗဟိုဌာန ဖြစ်တန်ရာ၏။ ထိ်ုဗဟိုဌာနများမှာ သာဝတ္တိ၊ ကပိလဝတ်၊ ဗာရာဏသီ၊ သာကေတ၊ ပါဋလိပုတ်နှင်. ရာဇဂြိုလ်ဟူ၍ ဌာန ၃၆ခုရှိ၍ သာဝတ္ထိမြို.၌ သုတ်အများဆုံး အတည်ပြုကြ၏။

    အဌကထာများ၌ ဒီဃဘာဏက, သံယုတ္တဘာဏကစသော စကားများကို တွေ.ရ၏။ နိကာယ်တစ်ရပ်ကို ကျွမ်းကျင်နှံ.စပ်သော ဘာဏကအချင်းချင်း စုပေါင်း၍ အာဂုံဆောင်ကြ၏။ နိကာယ်ဘာဏကများသည် သီးခြားအဖွဲ.များဖြစ်၍ တစ်ခုနှင်.တစ်ခု အဆက်အသွယ်မရှိချေ။ ထို.ကြောင်. အချို.သုတ်များကို နိကာယ်နှစ်ခု၊သုံးခု၌ ထပ်တလဲလဲ တွေ.ရခြင်းဖြစ်၏။

    ဒေသနာတော်များကို ပုံသေသတ်မှတ်သော လုပ်ငန်းသည် ဘီစီသုံးရာစုခေတ်၌ အာသောကမင်း လက်ထက်မတိုင်မီက ပြီးဆုံးဟန်ရှိ၏။ ထိုခေတ်က ဘာရပ်နှင်. ဆန်ချီအရပ်ရှိ ထူပါရုံစေတီများ၌ ’ပဉ္စနေကာယိက’ (နိကာယ်ငါးရပ် အာဂုံဆောင်သောသူ) ဆိုသောစကား ရေးထိုးထား၏။ သို.ရာတွင် ဒေသနာအားလုံးကို တစ်ချိန်တည်း၌ပုံသေသတ်မှတ်ခြင်း ပြီးဆုံးသည်မဟုတ်ချေ။ ပါဠိပိဋကတ်၏ မည်သည်.အစိတ်အပိုင်းက မည်သည်.အချိန်ကာလ၌ ပုံသေဖြစ်လာသည်ဟု အတိအကျ မသိရသော်လည်း တစ်ပိုင်းနှင်.တစ်ပိုင်း ပုံသောဖြစ်လာသော အချိန်ကွာခြား၏။ ပါဠိပညာရှင် ဒေါက်တာရိုင်း(စ) ဒေးဗစ်၏ ယူဆချက်အရ ပါဠိတော်များ ပုံသေမူတစ်မူတည်း ဖြစ်လာသော ရှေ.နောက်အစီအစဉ်မှာ အကြမ်းဖျင်းအားဖြင်. အောင်ပါအတိုင်းဖြစ်၏။( Dr. Rhys Davids: Buddhist India, pp.84)\

    ၁။ ပိဋကတ်စာပေ အားလုံးလိုလို၌ အကြိမ်ကြိမ်တွေ.ရ၍ ထပ်တူထပ်မျှဖြစ်သော စကားပြေ၊သို.မဟုတ် ဂါထာများဖြင်. ဗုဒ္ဓဝါဒကို ရိုးရိုးရှင်းရှင်း ဖော်ပြထားသော စကားများ။
    ၂။ ပိဋကတ်နှစ်ကျမ်း၊ သို.မဟုတ် သုံးကျမ်း၌ ထပ်တူထပ်မျှ စကားများဖြင်.ပြဆိုထားသော အကြောင်းများ။
    ၃။ ဒီဃနိကာယ်မှ သီလက္ခန္ဓ၊ သုတ္တနိပါတ်မှ ပါရာယနဝဂ်နှင်. အဌကဝဂ်, ဝိနည်းပိဋကတ်မှ ပါတိမောက
    ်၄။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ အဂုင်္တ္တရနိကာယ်နှင်. သံယုတ္တနိကာယ်။
    ၅။ သုတ္တနိပါတ်၊ ထေရနှင်.ထေရီဂါထာ၊ ဥဒါန၊ ခုဒ္ဒကပါဌ။
    ၆။ သုတ္တဝိဘင်္ဂနှင်. ခန္ဓက။
    ၇။ ဇာတကနှင်. ဓမ္မပဒ။
    ၈။ နိဒ္ဒေသ၊ ဣတိဝုတ္တကနှင်. ပဋိသမိ္ဘဒါ။
    ၉။ ပေတဝတ္ထု , ဝိမာနဝတ္ထု ၊ အပဒါန၊ စရိယပိဋကနှင်. ဗုဒ္ဓဝံသ။၁၀။ အဘိဓမ္မာကျမ်းများ၊ ယင်းတို.တွင် ကထာဝတ္ထုမှာ နောက်ဆုံးကျမ်းဖြစ်၍ ရှေးအကျဆုံးကျမ်းမှာ ပုဂ္ဂလပညတ္တိ ဖြစ်တန်ရာ၏။

    အဘိဓမ္မာကျမ်းများသည် ပိဋကတ်သမိုင်း၌ နောက်ဆုံးပေါ်ပေါက်လာသော ကျမ်းများဖြစ်ကြောင်းယူဆရန် အထောက်အထားများရှိ၏။ ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာပါဝင်သည် ဟု ဝိနည်းစူဠဝါနှင်. မဟာဝင်၊ ဒီပဝင်ကျမ်းများ၌ ပြဆိုမထားချေ။ ဒီဃနိကာယ် အဌကထာ၌ပါရှိသော ပထမသင်္ဂါယနာအကြောင်း၌ ဝိနည်းပိဋကတ်နှင်. ပထမနိကာယ်လေးရပ်ကို အာဂုံဆောင်၍ ထိန်းသိမ်းရန် ရှင်ဥပါလိ၊ ရှင်အာနန္ဒာနှင်. ရှင်ကဿပ၊ ရှင်အနုရုဒ္ဓါ၊ ရှင်သာရိပုတ္တရာတို.၏ တပည်.များအား တာဝန်ပေးအပ်ကြသည်ဆို၏။အဘိဓမ္မာပိဋကတ်နှင်.စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိချေ။ အဌသာဠိနီ, မဟာဗောဓိဝံသ စသော အဌကထာများနှင်. ရှေးအိနိ္ဒယ ကျောက်စာများ၌ နိကာယ်ဘာဏကများကို ရည်ညွန်းချက်များပါရှိသော်လည်း အဘိဓမ္မာဘာဏက ဆိုသောစကား လုံးဝမပါရှိချေ။

    အချို.သော ပါဠိတော်တို.၌ အဘိဓမ္မာဟုူသော ပုဒ်ကို တွေ.ရ၏။ သို.ရာတွင် သုတ္တန္တပိဋကတ်၌လာသော ထို’ အဘိဓမ္မာ’ သည် လက်ရှိအဘိဓမ္မာ ခုနှစ်ကျမ်းကို မရည်ညွန်းဘဲ သုတ္တန်ဒေသနာများမှ နက်နဲသောတရားကို ဆိုလိုဟန်ရှိ၏။ ဗုဒ္ဓဒေသနာ များကို သုတ္တ၊ ဂေယျ၊ ဂါထာ၊ ဇာတက စသည်ဖြင်. အင်္ဂုတ္တရနိကာယ်၌ ကိုးမျိုးခွဲခြားထားရာ ဥပမာ ဇာတကသည် လက်ရှိ ၅၅ဝ ဇာတ်နိပါတ်ကို ဆိုလိုခြင်းမဟုတ်ဘဲ နိကာယ်များမှ အချို.ဝတ္ထုများကို ရည်ညွန်း၏။ ထိုနည်းအတူ သုတ္တန်ပိဋကတ်၌ တွေ.ရသော အဘိဓမ္မာသည် သုတ္တန်ဒေသနာများကို အမျိုးအစားခွဲခြားရန် သုံးစွဲသော စကားဖြစ်ပေလိမ်.မည်။

    သဗ္ဗတ္တိဝါဒ ဂိုဏ်း၌ ထေရဝါဒဂိုဏ်းမှာကဲ.သို. အဘိဓမ္မာခုနှစ်ကျမ်းရှိ၍ တရုတ်ဘာသာသို. ပြန်ဆိုထား၏။ ထိုအဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာ ၊ ရှင်မောဂ္ဂလာန် စသော သာဝကကြီးများက ဟောပြောခဲ.သည်ဆို၏။ သဗ္ဗတိ္တဝါဒ အဘိဓမ္မာသည် ထေရဝါဒအဘိဓမ္မာနှင်. ပါဝင်သောအကြောင်းရပ်များ လုံးဝမတူချေ။ အထက်ကဖော်ပြခဲ.သည်.အတိုင်း ဝိနည်း၊သုတ္တန် ဒေသနာများ အခြေခံတူညီပါလျက် အဘိဓမ္မာပိဋကတ်များသည် ဗုဒ္ဓသံဃာဂိုဏ်းကွဲပြီးမှ တသီးတခြားစီပေါ်လာသော ပိဋကတ်များဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။

    ဒုတိယ သင်္ဂါယနာတင် ရဟန်းသံဃာနှင်. ဆန်.ကျင်သော မဟာသံဃိကရဟန်းတို.သည် စင်ပြိုင်သင်္ဂါယနာတင်ပွဲ ပြုလုပ်၍ အဘိဓမ္မာ ပိဋကတ်နှင်. အခြားအချို.သော ဒေသနာများကို ဘုရားရှင်၏ ဒေသနာအစစ်အမှန် မဟုတ်ဟုဆိုကာ ပယ်ကြသည်ဟု ဒီပဝင်ကျမ်း၌ ဖော်ပြထား၏။ အမှန်ဆိုသော် ရှေးကအဘိဓမ္မာကို ဘုရားဟောဒေသနာဖြစ်သည် ဟု မယုံကြည်သော ရဟန်းတို.မှာ နည်းလှမည်မဟုတ်ချေ။ သို.ဖြစ်၍ ရှင်ဗုဒ္ဒဃောသဆရာသည် အဌသာလိနီကျမ်း၌ အဘိဓမ္မာပိဋကတ်ကို ခုခံကာကွယ်၍ရေးသားရ၏။ ရဟန်းတစ်ပါးက အဘိဓမ္မာဟောသော အခြားရဟန်းတစ်ပါးအား “သင်သည် မြင်းမိုရ်တောင်ကို ရစ်ပတ်သကဲ.သို. မသည်မပိုးနိုင်၊ ရှည်စွာသော အဘိဓမ္မာပါဠိကို အဘယ်ကြောင်.ဆောင်ဘိသနည်း။ အဘိဓမ္မာသည် ဘုရားဟောမဟုတ်” ဟုပြစ်တင်ကဲ.ရဲ.သည်ဆို၏။ ရှင်ဗုဒ္ဓဃောသကမူ အဘိဓမ္မာသည် ဘုရားဟောဖြစ်သည်။ ရှင်မောဂ္ဂလိပုတ္ထ တိဿသည်ပင် ကထာဝတ္ထုကို ဘုရားပေးအပ်သောနည်း၊ ထားအပ်သော မာတိကာဖြင်.ဟောသည်ဟု ဆိုလေသည်။

    မာတိကာသည် ဗုဒ္ဓဓမ္မကို အကျဉ်းချုပ်ပြသော ခေါင်းစဉ်ဖြစ်၍ ဝိနည်းနှင်.သုတ္ထန်ပိဋကတ်များ၌ ထိုစကားကိုတွေ.ရ၏။ အဘိဓမ္မာကျမ်းများသည် ထိုမာတိကာများအပေါ်၌ ထိုစကားကိုတွေ.ရ၏။ အဘိဓမ္မာကျမ်းများသည် ထိုမာတိကာများအပေါ်၌ အခြေတည်၏။

    တရုတ်ရဟန်းတော် ဖာဟီယန်သည် အိန္ဒိယပြည်သို. ရောက်ရှိစဉ်က သံဃာ.စာသင်တိုက်ကြီးများ၌ ဗုဒ္ဓအဘိဓမ္မာဆရာကြီးများကို တွေ.ရှိခဲ.ကြောင်းသူ၏မှတ်တမ်း၌ ဖော်ပြခဲ.၏။ ထိုသံဃာ.စာသင်တိုက်များနှင်. နာလန္ဒစသော ရှေးဗုဒ္ဒတက္ကသိုလ်များသည် အဘိဓမ္မာကျမ်းများ ပေါက်ဖွားရာဌာနများ ဖြစ်တန်ရာ၏။

    ထို.ကြောင်. အနောက်တိုင်း ပါဠိပညာရှင်တို.၏ အမြင်အားဖြင်. အဘိဓမ္မာသည် နောက်မှပေါ်ပေါက်လာသော ပိဋကတ်အစွယ်အပွားဖြစ်၍ သုတ္တန္တ ပိဋကတ်ထက်ပိုမို ထူးခြားနက်နဲသည် မဟုတ်ချေ။ ပိဋကတ်သုံးပုံကို နှံ.နှံ.စပ်စပ် လေ.လာဖူးသော ဥရောပပညာရှင်တစ်ဦးကမူ ပါဠိစာပေမှ ကျွန်ုပ်တို.သိရှိရသော ဗုဒ္ဓအဘိဓမ္မာသည် အဘိဓမ္မာပိဋကတ်တစ်ခုလုံး မရှိစေကာမူ စိုးစဉ်းမျှယုတ်လျော.သွားလိမ်.မည် မဟုတ်။ အဘိဓမ္မာပိဋကတ်၌ ပါရှိသော တရားအားလုံးကို သုတ္တန်ပိဋကတ်၌ တွေ.နိုင်ပါသည်ဟုရေးသားခဲ.၏။ (Art.Abhidhamma by Mrs Rhys Davids in Encyclopedia of Religion and Ethics)

    ဝိမာနဝတ္ထုနှင်. ပေတဝတ္ထုများမှာ ယင်းတို.၌လာသော အကြောင်းအရာများ(ဥပမာ ဗုဒ္ဓကိုးကွယ်မှု၊ အလှူဒါနအားပေးမှု) ကို ထောက်ချင်.၍ ပိဋကတ်ထဲသို. အတော်နောက်ကျမှ ဝင်လာသော ကျမ်းများဖြစ်ကြောင်း ထင်ရှား၏။ ပေတဝတ္ထု၌ပါရှိသော ပိင်္ဂလောကဘုရင်မှာ ဘုရားပရိနိဗ္ဗာန် စံဝင်ပြီးနောက် စူရတ်ပြည်ကို အုပ်စိုးသောမင်းဖြစ်၏။ ဝိမာနဝတ္ထု၌ ဖော်ပြထားသော ပါယာသိဘုရင်သည်လည်း ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းအတန်ကြာမှ စိုးစံသောဘုုရင်ဖြစ်၏။၁၈၉၄ ခုနှစ်က ယိုးဒယားဘုရင်က အနောက်နိုင်ငံ စာကြည်.တိုက်များသို. လှူဒါန်းသော ပိဋကတ်သုံးပုံ၌ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ ဇာတက၊ အပဒါန၊ စရိယပိဋကနှင်. ဗုဒ္ဒဝံသကျမ်းများ မပါဝင်ချေ။ ထိုသို. ယိုးဒယားမူ၌ မပါရှိသော ကျမ်းများသည် စင်စစ် ယင်းတို.၏မူလအစနှင်. စပ်လျဉ်း၍ ယခုခေတ်ပညာရှင်တို. သံသယရှိသောကျမ်းများဖြစ်၏။ အိန္ဒိယပညာရှင် ပါမောက္ခ ဘီအမ်ဗရူဝါး(တိပိဋကာစရိယ) ၏ အဆိုအားဖြင်. ခုဒ္ဒကပါဌ၊ ဗုဒ္ဓဝံသ၊ စရိယာပိဋကနှင်. အပဒါနကျမ်းများကို ဒီဃဘာဏကအဖွဲ.က ပါဠိတော်များအဖြစ်ဖြင်. အသိအမှတ်မပြုချေ။ ထိုကျမ်းများမှာ သီဟိုဠ်ရဟန်းတို.၏ လက်ရာဖြစ်သည်ဆို၏။

    စရိယာပိဋက၊ ဗုဒ္ဓဝံသ စသည်တို.သည် ခုဒ္ဒကနိကာယ်၌ ပါဝင်၍ ထိုနိကာယ်သည် နောက်ဆုံးထွက်ပေါ်လာသော နိကာယ်ဖြစ်သည်ဟု ပါဠိပညာရှင်တို. ယူဆကြ၏။ ဝေသာလီပြည်၌ ထေရဝါဒီတို.နှင်.စင်ပြိုင်သင်္ဂါယနာတင်သော မဟာသံဃိကဂိုဏ်းက ပိဋကတ်မှ နုတ်ပယ်ပစ်သည်. ကျမ်းများမှာ အဘိဓမ္မာကျမ်းများနှင်. ပဋိသမိ္ဘဒါ၊ နိဒ္ဒေသ၊ ဇာတကစသော ခုဒ္ဒကနိကာယ်ကျမ်းများ ဖြစ်၏။

    တရုတ်ပိဋကတ်၌ ခုန္ဒကနိကာယ်မပါရှိဘဲ ပထမနိကာယ်လေးကျမ်းကိုသာ တွေ.ရ၏။ နိကာယ်ကို တရုတ်ပိဋကတ်၌ အာဂမဟုခေါ်၏။ ပါဠိနိကာယ်များကို ဆိုင်ရာ တရုတ်အာဂမများနှင်. နှို်င်းရှင်လေ.လာခြင်းဖြင်. နိကာယ်များပေါ်ပေါက်လာသော ရှေ.နောက်အစီအစဉ်ကို အကြမ်းဖျင်းသိအပ်၏။ နိကာယ်လေးကျမ်းတွင် ဒီဃနိကာယ်သည် ဒီဃအာဂမနှင်. အတူညီဆုံးဖြစ်၏။ မဇ္ဈိမနိကာယ်နှင်. သံယုတ်နိကာယ်တို.သည်လည်း ဆိုင်ရာတရုတ်အာဂမများနှင်. အတော်အတန် တူညီ၏။ မတူညီသော အချက်မှာ သုတ်အရေအတွက်နှင်. အစီအစဉ်ဖြစ်၏။ ဥပမာ မဇ္ဈိမနိကာယ်၌ ၁၅၂ ခုရှိ၍ မဇ္ဈိမအာဂမ၌ သုတ်ပေါင်း ၂၂၂ ခုရှိ၏။ မဇ္ဈိမအာဂမ၌ တွေ.ရသော အပိုသုတ်များကို သံယုတ်နှင်. အဂုင်္တ္တရနိကာယ်များ၌ တွေ.ရ၏။ အင်္ဂုတ္တရနိကာယ်နှင်. အာဂမများမှာ အခြားနိကာယ်နှင်. အာဂမများလောက် တူညီသောအချက်များ မရှိချေ။(E.J. Thomos: History of Buddhist Thought, Appendix)

    ထို.ကြောင်. နိကာယ်လေးကျမ်းများတွင် ဒီဃနိကာယ်သည် ရှေးအကျဆုံးဖြစ်၍ အင်္ဂုတ္တရနိကာယ်မှာ နောက်အကျဆုံး ဖြစ်ဟန်ရှိ၏။ သို.ရာတွင် နိကာယ်အသီးသီးကို တစ်ခုလုံးခြုံ၍ စဉ်းစားမှသာ ထိုသို.ယူဆနိုင်၏။ အမှန်ဆိုသော် ရှေးကျသော ဒေသနာများကိုလည်းကောင်း၊ နောက်ကျသောဒေသနာများကို လည်းကောင်း နိကာယ်အားလုံး၌ အနည်းအများ တွေ.ရ၏။ ဥပမာ ဒီဃနိကာယ်မှ ပါယာသိကသုတ်၊ မဟာသမယသုတ် စသည်တို.သည် အတော်နောက်ကျမှ ဝင်ရောက်လာသော သုတ်များဖြစ်၏။ မဇ္ဈိမနိကာယ်မှ အဿလာယနသုတ်သည် ယင်း၌ပါရှိသော ယောနက ကမော္ဘဇနိုင်ငံ အမည်ကိုထောက်၍ အသောကမင်း လက်ထက်မတိုင်မီ ဂရိကို ဗက်ထရီးယားနိုင်ငံ ထင်ရှားရှိစဉ်က ဖြစ်ပေါ်လာဟန်ရှိ၏။ ခုဒ္ဒကနိကာယ်မှာ အခြားနိကာယ်များထက် နောက်ကျသည်မှန်သော်လည်း ယင်း၌ပါဝင်သော သုတ္တနိပါတ်မှာ ဗုဒ္ဓစာပေ၌ ရှေးအကျဆုံး ဒေသနာဖြစ်သည်ဟု အနောက်နိုင်ငံ ပါဠိပညာရှင်တို.ယူဆကြ၏။

    အမှန်ဆိုသော် သုတ္တန်တစ်ခုတည်း၌လာသော ဒေသနာ၊သို.မဟုတ် စကားများသည်ပင် အားလုံးတစ်ချိန်တည်း၌ ပေါ်ပေါက်ခဲ.သည် မဟုတ်ချေ။မဟာပရိနိဗ္ဗာနသုတ်သည် အတော်ရှည်လျား၍ လေးနက်သော ဗုဒ္ဓတရားအတော်များများပါရှိ၏။ သို.ရာတွင်ထိုသုတ်၌လာသော စကားများသည် အားလုံးတစ်ချိန်တည်းဝင်လာသော စကားများမဟုတ်ချေ။ ဗုဒ္ဓသုတေသီ ဆရာတို.၏အလိုအားဖြင်. ထိုသုတ်သည် အကြိမ်ကြိမ်အထပ်ထပ်သုတ်သင်ပြင်ဆင်ထားသော သုတ်ဖြစ်၏။

    ဗုဒ္ဓတရား အစစ်အမှန်ကို သိရှိလိုသောသူသည် ရှေးကျသော ပါဠိတော်များကို အခြားပါဠိတော်များထက် ပိုမိုဂရုပြုရပေမည်။ သို.ရာတွင် ဒေသနာအားလုံးကို ပညာဉာဏ်ဖြင်. ဆင်ခြင်သုံးသပ်ဖို.လို၏။ အဘယ်ကြောင်.ဆိုသော် နှစ်ပေါင်.များစွာ နှုတ်ဖြင်.ဆောင်ခဲ.သော အချို.ဒေသနာများသည် မူလဗုဒ္ဒဝါဒမှ အနည်းအများချွတ်ချော်တိမ်းစောင်းဖွယ်ရာ အကြောင်းများရှိ၏။ ဗုဒ္ဓလက်ထက်က ရဟန်းပြုသူ အလွန်များပြားခြင်း၊ ဥပမာ ဥရုဝေဠကဿပ နှင်. ရသေ.တစ်ထောင်တို. အစုလိုက်အပြုံလိုက် ဗုဒ္ဓသာသနာသို. ကူးပြောင်းလညခြင်းကို ထောက်သော် ဗုဒ္ဓတရားကို ခြေခြေမြစ်မြစ်နားမလည်ဘဲ ဗုဒ္ဓကို ကြည်ညိုသောကြောင်.၊ သို.မဟုတ် ကြားနာရသော ဒေသနာတစ်ခုကို နှစ်သက်ကာမျှဖြင်. ဗုဒ္ဓ၏ တပည်.ရဟန်းဖြစ်နေသောသူ အတော်များများ ရှိခဲ.တန်ရာ၏။ စင်စစ် ရှင်အဿဇိအမည်ရှိ ရဟန်းတစ်ပါးကမူ ဗုဒ္ဓဓမ္မကို မိမိ ကောင်းစွာနားမလည်သေးကြောင်း ရှင်သာရိပုတ္တရာ အလောင်း ဥပတိဿလုလင်အား ပြောကြား၏။ ပိဋကတ်ဆောင်ဘာဏကအဖွဲ.များ၌ ရှင်အဿဇိကဲ.သို. သောပုဂ္ဂိုလ်များရှိရပေမည်။ သူတို.သည် မိမိတို.နှစ်သက်သော ဒေသနာများကို အလေးပေး၍ မနှစ်သက်သော ဒေသနာများကိုကား ကောင်းစွာမှတ်သားထားမည်မဟုတ်ချေ။

    မဟာပရိနိဗ္ဗာနသုတ်၌ တရားဒေသနာများကို အမှားအမှန် ဆုံးဖြတ်ရန် ဗုဒ္ဓဟောကြားခဲ.သော မဟာပဒေသ တရားလေးပါးကို ဖော်ပြထား၏။ ဗုဒ္ဓ၏အလိုအားဖြင်.ကား ပိဋကတ်ဒေသနာကို နှုတ်ငုံဆောင်သော သံဃာမထေရ်တို.၏ စကားကို မဆိုထားဘိ၊ ဘုရားရှင်မျက်မှောက်မှ ကြားနာခဲ.ရသည်ဆိုသော စကားကိုပင် ဝိနည်းတရား၊ သုတ်တရားနှင်. ချိန်ထိုး၍ ကိုက်ညီမှသာ လက်ခံယုံကြည်ရမည်ဖြစ်၏။ (အဘိဓမ္မာတရားနှင်. ညှိနှိုင်းရမည်ဟု မဆိုကြောင်းသတိပြုရာ၏။)

    သို.ရာတွင် ကျွန်ုပ်တို.၏ လက်ရှိပိဋကတ်မှ သုတ်တရားဝိနည်းတရားသည် ဗုဒ္ဓဟောသောမူလသုတ်တရား၊ ဝိနည်းတရားနှင်. မည်မျှထပ်တူဖြစ်သည်ကို အတိအကျ အခိုင်အမာ မသိရချေ။သုတ္တန်နှင်. ဝိနည်းပိဋကတ်များသည် မြန်မာနိုင်ငံသို. မရောက်မီက လေးကြိမ်တိတိ သင်္ဂါယနာတင်ပြီးဖြစ်သည်မှန်၏။ သို.ဖြစ်စေကာမူ ထေရဝါဒသမိုင်း၌ ထင်ရှားသော သင်္ဂါယနာလေးခုသည် ပါဠိပိဋကတ်ကို လေ.လာစိစစ်သော သုတေသီပညာရှင်တို.၏ အမြင်အားဖြင်.များစွာအရေးပါလှသည် မဟုတ်ချေ။

    မြောက်ပိုင်းဗုဒ္ဓဝါဒီတို.သည် ပထမသင်္ဂါယနာကိုသာ အသိအမှတ်ပြု၍ အခြားသင်္ဂါယနာများအကြောင်းကို မသိကြချေ။ တတိယသင်္ဂါယနာအကြောင်းကို မဟာဝင်နှင်. အဌကထာကျမ်းများ၌ စုံစုံစေ.စေ. ရေးသားထားသော်လည်း အသောကမင်း၏ ကျောက်စာများ၌ လုံးဝ ဖော်ပြမထားခြင်းမှာ စဉ်းစားဖွယ်ဖြစ်၏။

    အခြားစဉ်းစားရန် ရှိသည်ကား သင်္ဂါယနာတင်သော ပုဂ္ဂိုလ်တို.သည် ရဟန်းသံဃာတစ်စုတစ်ဖွဲ.မျှသာဖြစ်၍ သူတို.အတည်ပြုသော ဗုဒ္ဓဒေသနာများကို အခြားရဟန်းသံဃာတို.က မည်မျှလက်ခံ အသိအမှတ်ပြုပါသနည်းဟူသော အချက်ဖြစ်၏။ ရာဇဂြိုဟ်ပြည်၌ ပထမသင်္ဂါယနာတင်နေစဉ် ပုရာဏအမည်ရှိသော မထေရ်သည် ရောက်လာ၍ အခြားရဟန်းတို.က အရှင်ပုရာဏအား သင်္ဂါယနာတင်နေသော မထေရ်ကြီးတို.ထံသို. ချဉ်းကပ်ရန် တိုက်တွန်းကြ၏။ ထိုအခါ အရှင်ပုရာဏက “ငါရှင်တို.၊ မထေရ်ကြီးတို.သည် ဓမ္မနှင်. ဝိနယကို ကောင်းစွာသင်္ဂါယနာတင်အပ်။ သို.သော် ငါသည်ဘုရားရှင်၏ မျက်မှောက်၌ ကြားနာသင်ယူပြီးသည်. အတိုင်းသာလျင် တရားတော်ကို ဆောင်အံ.” ဟုပိဋကတ်သည် မဇ္ဈိမဒေသရှိ ရဟန်းသံဃာအားလုံး တညီတညွတ် အသိအမှတ်ပြုသော ပိဋကတ်ဟူ၍ မဆိုနိုင်ကြောင်း ထင်ရှား၏။

    ထို.အပြင် သင်္ဂါယနာတင်သော ရဟန်းသံဃာသည် ဒေသနာများကို စုပေါင်းရွတ်ဆိုရုံမှတစ်ပါး စေ.ငုသေချစွာ လေ.လာဆန်းစစ်မှု၊ ဝေဖန်သုံးသပ်မှုပြုသော လက္ခဏာ မရှိချေ။ သို.ဖြစ်၍ အနောက်နိုင်ငံ ပါဠိသုတေသီပညာရှင်တို.က ယခုလက်ရှိ ပါဠိပိဋကတ်၏ တစ်စိတ်တစ်ဒေသမျှသည်ပင် ထိုသင်္ဂါယနာတင်ပါဠိတော်များ နှင်.ထပ်တူဖြစ်သည်ဟု ဆိုရန် ခိုင်မာလုံလောက်သော အထောက်အထားမရှိဟု ယူဆကြ၏။

    မည်သို.ဖြစ်စေ သံသယရှိမှု လွန်ကဲနေပါက ပါဠိပိဋကတ်ကို ဖြစ်စေ၊ အခြားဘာသာရေး ကျမ်းဂန်များကို ဖြစ်စေ လေ.လာခြင်းသည် အချည်းနှီးဖြစ်ပေလိမ်.မည်။ လိုအပ်သည်ကား သံသယရှိမှု လွန်ကဲ၍ ပိဋကတ်စာပေတစ်ခုလုံးကို ပယ်ခြင်းနှင်. သဒ္ဓါယုံကြည်မှုလွန်ကဲ၍ ပိဋကတ်လာ စကားအားလုံးကို မျက်စိမှိတ် လက်ခံခြင်းတည်းဟူသော အစွန်းနှစ်ဖက်လွတ်သည်. အလယ်လမ်းကို လိုက်ရန်ဖြစ်၏။

    စင်စစ် အချို.သုတ္တန်တရားများနှင်. သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ဗောဇ္ဈင်ခုနှစ်ပါး စသောတရားများမှာ မူလဗုဒ္ဓဝါဒအစစ်ဖြစ်ကြောင်း ပါဠိပိဋကတ်ကို လေးလေးနက်နက် လေ.လာသော အနောက်တိုင်း ပညာရှင်အားလုံးက လက်ခံယုံကြည်ကြ၏။သံသယရှိသော ဒေသနာများကို ထိုခိုင်မာသော အခြေခံ ဗုဒ္ဓတရားများဖြင်. ချိန်ထိုး၍ အမှားအမှန် ဆုံးဖြတ်ရပေမည်။ ဤနေရာ၌ အချို.ဒေသနာများကို ဥပမာဆောင်၍ ဥပမာဆောင်၍ ပြပါအံ.။

    ဗုဒ္ဓမှတစ်ပါး ကိုးကွယ်ရာမရှိ ဆိုသောစကားသည် ဗုဒ္ဓကိုယ်တိုင် ထပ်တလဲလဲ ဟောသော မိမိကိုယ်ကိုသာ အားကိုးကြ၊ မိမိမှတစ်ပါး အခြားအားကိုးရာမရှိ ဟူသည်. ဩဝါဒနှင်. ဆန်.ကျင်၍ ဗုဒ္ဓ၏ စကားမဖြစ်နိုင်ကြောင်း ထင်ရှား၏။

    ဗုဒ္ဓသည် သုဇာတာအား သခင်နှင်.တူသော မယား၊ ကျွန်နှင်.တူသောမယား၊ မိတ်ဆွေနှင်.တူသော မယားစသည်ဖြင်. မယားခုနှစ်မျိုးရှိသည်.အနက် ကျွန်နှင်.တူသော မယားမှာ အမြတ်ဆုံး ဖြစ်ကြောင်းအင်္ဂုတ္တရနိကာယ်၌ ဟောသည်ဆို၏။ ဤစကားမှာ တရားမျှတမှု မရှိဘဲ သိင်္ဂါလောဝါဒသုတ်၌ ဘုရားဟောသော လင်၏ကျင်.ဝတ်၊ မယား၏ ကျင်.ဝတ်များနှင်. ဆန်.ကျင်သောကြောင်. ဗုဒ္ဓ၏စကားမဟုတ်ဘဲ မိန်းမများကို ဖိနှိပ်လိုသော ပိဋကတ်ဆရာတို.၏ စကားဖြစ်တန်ရာ၏။

    ဗုဒ္ဓသည် ဘုရားဖြစ်ပြီးခါစက ဗာရာဏသီပြည်သို. ကြွသွားရာလမ်းခရီး၌ တွေ.ရသော ဥပကတက္ကတွန်းအား “ ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏။ အလုံးစုံကို ငါသိ၏။ လောက၌ အတုမရှိသောသူဖြစ်၏။” စသည်ဖြင်. မိန်.တော်မူသည်ဆို၏။ ဤစကားမှာ မာန်မာနနှင်. ဝင်.ဝါပလွှားမှု လုံးဝကင်းသော ဗုဒ္ဓ( ဗုဒ္ဓအခန်း နှင်. ဗုဒ္ဓကိုးကွယ်မှုအခန်း၌ အကျယ်ဖော်ပြပါအံ.။) စကားဖြစ်သည်ဟု ကျွန်ုပ်တို. မယူဆနိုင်ချေ။

    တစ်ခုနှင်. တစ်ခု ဆန်.ကျင်သယောင် ဖြစ်နေသော အချို.ပိဋကတ်ဒေသနာများကို လေ.လာရာ၌ကား ကြားနာသောပုဂ္ဂိုလ်နှင်. ကာလဒေသကို ထည်.သွင်းစဉ်းစားရပေမည်။ တစ်နည်းဆိုသော် ဗုဒ္ဓတရားကို ကောင်းစွာသိမြင်နားလည်ရန် ဗုဒ္ဓဝါဒ၏သမိုင်း၊ ဗုဒ္ဓမပွင်.မီက ရှိနှင်.ပြီးဖြစ်သော အိန္ဒိယဘာသာ အယူဝါဒ၊ အတွေးအခေါ်နှင်. ခေတ်အခြေအနေကို သိရှိဖို.လို၏။ ဗုဒ္ဓသည် မည်သို.သော ပုဂ္ဂိုလ်ဖြစ်သည်။ မည်သို.သော သူများကို ဟောပြောသည်။ ဟောပြောရ၌ မည်သို.သောနည်းကို သုံးသည် စသည်တို.ကို ကောင်းစွာနားလည်ထားရပေမည်။ အယူဝါဒသစ်တစ်ခု ပေါ်ထွန်းမှုသည် ရှေးဦးပထမ ဟောပြောသော ပုဂ္ဂိုလ်နှင်. ပတ်ဝန်းကျင် အခြေအနေ ပေါ်၌တည်ကြောင်း ကျွန်ုပ်တို. မမေ.သင်.ချေ။
    http://mastersmile02.blogspot.com/2009/10/blog-post_2359.html

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 28, 2013 at 9:52 am

      တစ်ဖြေးဖြေးအနုစိပ်လိုက်ရင်
      ဗုဒ္ဓဆိုတာ မရှိခဲ့ပါဘူးဖြစ်လာနိုင်တယ်
      ဆက်လုပ် ဆက်လုပ်
      ကိုယ့်စပိနဲ့ကိုယ်သွား

      • San Hla Gyi

        June 28, 2013 at 9:33 pm

        ကိုအောင်ဘုရေ
        ကျနော်လဲ ဒီလိုပဲဗျို့။ ဒီဆောင်းပါးကို တော်တော့်ကို သဘောမကျဘူး။ တော်တော်လေးတော့ စေ့စေ့စပ်စပ် ရေးထားပါတယ်။ အရေးကြီးတဲ့ မှားနေတဲ့ အချက်တွေ ရှိတယ်ထင်တယ်။ စာမြန်မြန်ရိုက်လို့ မရဘူး။ အိပ်လဲအိပ်ချင်ပြီ။ နောက်မှ ထပ်ဖတ်ကြည့်သေးတာပေါ့။

    • ဦးကြောင်ကြီး

      June 29, 2013 at 8:08 am

      ဗုဒ္ဓမှတစ်ပါး ကိုးကွယ်ရာမရှိ ဆိုသောစကားသည် ဗုဒ္ဓကိုယ်တိုင် ထပ်တလဲလဲ ဟောသော မိမိကိုယ်ကိုသာ အားကိုးကြ၊ မိမိမှတစ်ပါး အခြားအားကိုးရာမရှိ ဟူသည်. ဩဝါဒနှင်. ဆန်.ကျင်၍ ဗုဒ္ဓ၏ စကားမဖြစ်နိုင်ကြောင်း ထင်ရှား၏။

      ဒီစာလေးတဂျောင်းနဲ့တင် ဆြာဂျီးကို ဆိတ်ပျက်သွားဒယ်.. သရဏဂုံနဲ့ ကိုယ့်အားကိုယ်ကိုးခြင်း မကွဲပြားမှတော့ ဘယ့်လိုလုပ် ဗုဒ္ဓဘာသာဇစ်မြစ် ဆွေးနွေးဖို့ ဖြစ်နိုင်တော့မီလဲ..။
      ဓမ္မအရသာ အစစ်ကို မခံစားဘူးသ၍ သိနိုင်ကောင်းတဲ့ အရာဟုတ်ဘူး. ကိုဘေးနွားကင်စားသလောက် အလွယ်ဗူးဗျို့….။ 😕
      အရင်ကလည်း အဲသလို အမေး အဖြေတွေ ဖတ်ဖူးတယ်။ နှစ်ခုစလုံး သိပ်သဘောမကျဘူး..။ လွတ်မြောက်ခြင်းဆိုတဲ့ ဓမ္မအရသာ ကြုံဖူးတော့မှ အရိယာသံဃာ ဆရာကောင်း မရှိရင် ရုပ်၊နာမ် ဓမ္မကို ဘယ်လိုမှနားမလည်၊ ပရမတ်သဘော သိမြင်မှ သစ္စာလေးပါး တရားရှင် ဗုဒ္ဓဘုရား ဂုဏ်တော်ကို တိုက်ရိုက်ကြည်ညိုနိုင်တယ်။
      နောက်တနည်းပြောရင် ဗုဒ္ဓမှတပါး အခြားကိုးကွယ်ရာ မရှိဆိုတာ ညဏ်မဖြစ်ခင် သဒ္ဓါတင်တာနဲ့ ညဏ်ဖြစ်သွားသူတွေရဲ့ မှတ်ကျောက်တင် ဝန်ခံတာ နှစ်မျိုးရှိတယ်။ ကိုယ့်ကိုယ်ကို အားကိုးခြင်းကတော့ အောင်မြင်သွားသူတွေရဲ့ အားရကျေနပ်မှု ဥဒါန်းကျူးရင့် စကားသံ…. ဓမ္မအောင်မှ မဟုတ်ဘူး.. လောကီကိစ္စတွေ အောင်မြင်ရင်လည်း ဒီလိုပဲသုံးကြတယ်။ ဓမ္မညဏ်အောင်သွားရင်း အဲဒီနှစ်ခုစလုံး အတူတူပဲ.. အမှန်သစ္စာကို ပွားထုတ်လိုက်လို့ ကွဲထွက်သွားတာ..။

      • San Hla Gyi

        June 29, 2013 at 8:44 pm

        ဟုတ်တယ် ကိုကြောင်ကြီးရေ
        ကိုမိုက်ကယ်ဂျော်နီအောင်ဘုရဲ့ ကွန်မန့်လေးကို သဘောကျတာရယ် ဒီဆောင်းပါးထဲက တချို့အချက်တွေကိုလည်း ကျနော်လည်း သဘောမတူလို့ ကျနော်လည်း ရေးခဲ့မယ်။ ဒီဆောင်းပါးမှာ မှားနေတဲ့ အချက်တွေထဲက ထင်ရှားတာတွေကိုပဲ အရင်ထုတ်ကြည့်မယ်။ ရေးတာကတော့ အရှည်ကြီးပဲ။ သိပ်အချိန်ယူရလိမ့်မယ်။ ပထမဆုံး ဒီဆောင်းပါးမှာ အရှင်ပုရာဏကဿပမထေရ်က သံင်္ဂါယနာ တင်တာကို သဘောမတူဘူး။ ဒါကြောင့် ပထမသင်္ဂါယနာမှာပါတဲ့ ပိဋကတ်တော်တွေဟာ ဘုရားလက်ထက်တော်က ဟာတွေ မဟုတ်သလိုလို ရေးထားတယ်။
        အဲဒါ ဦးအေးမောင်ရဲ့ အမှားဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအမြင်ကို နိုင်ငံခြားသားတချို့ မြင်ကြတာကို လိုက်ပြီးရေးလို့ ဖြစ်ရတာပါ။ သူကိုးကားတဲ့ စာပိုဒ်ကိုပဲ ပြန်ကြည့်ပါ။ “ငါ့ရှင်တို့ မထေရ်ကြီးတို့သည် ဓမ္မ နှင့် ဝိနယကို ကောင်းစွာ သံင်္ဂါယနာ တင်အပ်ပြီ။ သို့သော် ငါကား ဘုရားရှင် မျက်မှောက်တော်မှ ကြားနာထားသည့် အတိုင်း ဆက်လက်ဆောင်ပါအံ့” ဆိုတာကို ကိုးကားပါတယ်။ မှန်ပါတယ်။ အရှင်ပုရာဏက အဲဒီလိုပဲ ပြောခဲ့တာပါ။ သူကိုးကားတဲ့ စာသားမှာကို အဖြေပါနေပါတယ်။ ရှင်ပုရာဏ ပြောတဲ့ “ငါရှင်တို့ ဓမ္မနဲ့ ဝိနယကို ကောင်းစွာ သံင်္ဂါယနာ တင်အပ်ပြီ” ဆိုတဲ့ စကားပါ။ “သုသိဂီတော ကောင်းသော သံင်္ဂါယနာတင်ခြင်းတည်း” လို့တောင် ပြောခဲ့တာပါ။ ရှင်ပုရာဏက ဘုရားလက်ထက်ကို မှီလိုက်တဲ့ မထေရ်ဖြစ်ပြီး အခြားရဟန္တာတွေ သံင်္ဂါယနာ တင်တဲ့တရားတွေဟာ ဘုရားဟောတွေ မဟုတ်ဘူးဆိုရင် ကောင်းစွာ သံင်္ဂါယနာ တင်အပ်ပြီတို့ ကောင်းသော သံင်္ဂါယနာ တင်ခြင်းတည်းတို့ ဆိုတဲ့ စကားတွေ သူပြောမှာ မဟုတ်ပါဘူး။ ဒီလိုပြောတာကိုက သံင်္ဂါယနာ တင်တာကို သဘောတူ လက်ခံတာ ထင်ရှားပါတယ်။ မဟုတ်ရင် သူကန့်ကွက်တဲ့ စကားပြောပေမှာပေါ့။
        အဓိက အယူအဆလွဲတာက “ဘုရားရှင် မျက်မှောက်တော်မှ ငါကြားနာခဲ့သည့်အတိုင်း” ဆိုတဲ့ စကားကို သံင်္ဂါယနာကို အသိအမှတ် မပြုရာရောက်တယ်လို့ ထင်တာ ဖြစ်ပါတယ်။ သင်္ဂါယနာ တင်တာက ဘုရားဟောတော်မူတဲ့ တရားတွေကိုပဲ အတွင်းသား အနက်မပြောင်းပဲ မျိုးတူရာ တူရာ အစီအစဉ် စနစ်တကျ ခွဲခြားသတ်မှတ်တာပါ။ အဲဒီ ရှေ့နောက် အစီအစဉ်ဟာ ရှင်ပုရာဏ မှတ်ထားတဲ့ အစီအစဉ်နဲ့ မတူပါဘူးတဲ့။ ဒါကြောင့်မို့ မထေရ်ကြီးက အသက်ကြီးမှ ရှေ့နောက် အစီအစဉ်တွေ ပြောင်းမှတ်ဖို့ မလွယ်လို့ စွမ်းနိုင်တဲ့ လူတွေက သင်္ဂါယနာမူအတိုင်း မှတ်ကြပြီး သူကတော့ နဂိုအတိုင်းပဲ ဆောင်ထားပါတော့မယ်လို့ ပြောတာ ဖြစ်ပါတယ်။ ဒါက ပထမအချက်ပါ။
        နောက်ပြီး ဦးအေးမောင်ရဲ့ ဆောင်းပါးထဲမှာ ပဉ္စဝဂ္ဂီငါးဦးမှာ တဦးအပါအဝင် ဖြစ်ပြီး ရဟန္တာဖြစ်ပြီးသား ဖြစ်တဲ့ ရှင်အဿဇိကို ဗုဒ္ဓဓမ္မကို မိမိကောင်းစွာ နားမလည်သေးကြောင်း ရှင်သာရိပုတ္တရာအလောင်း ဥပတိဿလုလင်အား ပြောတယ်ဆိုပြီး ကိုးကားပါတယ်။ ဒါလဲ နိုင်ငံခြားသားတွေရဲ့ စာအုပ်တွေက ကိုးကားတာ ဖြစ်ဖို့များပါတယ်။ တကယ်တော့ ရှင်အဿဇိဟာ မြတ်စွာဘုရား ပထမဦးဆုံးအကြိမ် တရားဟောတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပြီး မြတ်စွာဘုရားက သာသနာပြုစေလွှတ်ပြီး ကိုယ်စား တရားဟောခွင့် ပေးတဲ့ ရဟန္တာအပါး ၆ဝ မှာပါသူဖြစ်ပါတယ်။
        တကယ်တော့ ဥပတိဿလုလင်က “ငါ့ရှင် သင်တို့ဆရာ မြတ်စွာဘုရားသည် အဘယ်သို့သော တရားကို ဟောကြားသနည်း ငါ့အား ဟောပါလော့” လို့မေးတဲ့အခါ ရှင်အဿဇိက “ပရိဗိုဇ်ရဟန်းတို့သည် သာသနာတော်ရဲ့ ရန်သူကွန်ယက် ဆန့်ကျင်ဘက် ဖြစ်ကြသည်။(ဥပမာ သဂျီးကဲ့သို့) သာသနာတော်ရဲ့ နက်နဲကျယ်ဝန်းကြောင်းကို ဆိုမှသင့်မည်” ဆိုတဲ့သဘောနဲ့ “ငါ့ရှင် ငါကား သာသနာတော်မှာ ရဟန်းပြု၍ မကြာမြင့်သေး။ လေးပါးသောဂုဏ်နဲ့ ပြည့်စုံသော တရားတော်ကို အကျယ်မဟောနိုင်ပါ။ စိုးစဉ်းမျှသာ ဟောနိုင်ပါသည်” လို့ဖြေခဲ့တာ ဖြစ်ပါတယ်။
        တကယ်တော့ ဆရာဖြစ်တဲ့ မြတ်စွာဘုရားကို ရိုသေလေးစားသော အနေနဲ့ တရားတော်ကို ဂုဏ်တင်ပြီး ပြောတာ ဖြစ်ပါတယ်။ အဲဒီလို မပြောပဲ ငါ့ဆရာဟောတဲ့ တရားကို ငါမသိတာ ဘာမှမရှိဘူးလို့ ပြောပြန်ရင်လည်း ရဟန္တာဖြစ်ပြီး ဒီလို ပြောရသလားဆိုပြီး မြတ်စွာဘုရားကို စွပ်စွဲတဲ့ ပုံစံမျိုး စွပ်စွဲဦးမှာ သေချာပါတယ်။
        ဥပမာ တခုပေးပါမယ်။ ဒေါက်တာသန်းထွန်းကိုယ်တိုင် သူ့စာအုပ်တအုပ်ထဲမှာ ကိုယ့်ကိုကိုယ် သမိုင်းပညာရှင်လို့လည်း မပြောနိုင်ဘူး သမိုင်းသုတေသီလို့လည်း မပြောနိုင်ဘူး။ သမိုင်းဆရာလို့လည်း မပြောနိုင်ဘူး။ သမိုင်းပညာရှာလို့ ပြောပါမယ် ဒါလည်း ရှာလို့မဆုံးနိုင်ပါလို့ ရေးသွားတာ ဖတ်ဖူးပါတယ်။ နှိုင်းယှဉ် စဉ်းစားနိုင်အောင် တင်ပြတာ ဖြစ်ပါတယ်။ တကယ်တော့ သူ့ပညာရပ်ရဲ့ ဂုဏ်ကိုတင်တာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ သူ့ကို နကန်းတလုံးမှ မသိသူလို့ ပြောလို့မရပါဘူး။
        ရှင်အဿဇိ ပြောခဲ့တဲ့ စကားလေးကို ရေးတဲ့လူက ဘယ်လို ကောက်ချက်ဆွဲသွားတယ်ဆိုတာ သိအောင် ယှဉ်ပြတာ ဖြစ်ပါတယ်။ ခု ဒီဆောင်းပါးမှာ ပါတဲ့ ပုံစံအတိုင်းဆိုရင် ဒေါက်တာသန်းထွန်းဟာ သမိုင်းပညာကို သိပ်နားမလည်သေးဘူးလို့ သူကိုယ်တိုင် ပြောတာထောက်ရင် သူဟာ သမိုင်းနဲ့ ပက်သက်လို့ လုံးဝနားမလည်တဲ့လူနဲ့ တူတယ်လို့ ကောက်ချက်ဆွဲကြည့်မယ်။ မှန်ပါ့မလား။ ဒီဆောင်းပါးပါ အချက်တွေ အပေါ်မှာ စဉ်းစားဖို့ပါ။ ဒါက ဒုတိယပါ။
        ဒီဆောင်းပါးပါ အချက်တွေဟာ တချို့နေရာမှာ ရိုးရိုးလေး တွေးတာနဲ့ကို မှားတာ ဖြစ်ဖို့များပါတယ်။ နောက်တခုက ဥပကတက္ကတွန်းကို မြတ်စွာဘုရား ပြောတဲ့ စကားကို ကိုးကားပြီး ဝင့်ဝါပလွှားမှု ပါနေတဲ့ ဆိုတဲ့ သဘောမျိုး ပြောတာဖြစ်ပါတယ်။
        အကျဉ်းချုပ်က ဥပက တက္ကတွန်းက မြတ်စွာဘုရားကို တွေ့တဲ့အခါ “ငါ့ရှင် သင်၏ ဣန္ဒြေတို့သည် နှစ်လို ကြည်ညိုဖွယ် သန့်ရှင်းစင်ကြယ်လျှက် ပြိုးပြိုးပြက်မျှ တတ်ထွန်းသော အရောင်ရှိပေသည်။ သင်၏ ဆရာကား အဘယ်သူနည်း။ သင်ဘယ်သူ့ကို ရည်မှန်း၍ ရဟန်းပြုသနည်း” လို့မေးတဲ့အခါ “ဥပက တရားအလုံးစုံကို မိမိကိုယ်တိုင် ထိုးထွင်း၍ သိမြင်တော် မူရကား လောကသုံးပါးဝယ် ထင်ရှားပြစရာ ငါ့ဆရာ ဘယ်မှာရှိတော့အံ့နည်း။ ငါ့အမည်ကား ငါးပါးသောမာန်ရ်ကို ပယ်လှန်အောင်ဘိ၍ အနန္တဇိန(အဆုံးမဲ့ အောင်မြင်ပြီးသူ) ဖြစ်သည်” လို့ဖြေခဲ့တာ ဖြစ်ပါတယ်။
        တကယ်တော့ မြတ်စွာဘုရားဟာ ဒီအနန္တဇိန ဆိုတဲ့ နာမည်လေးကို ဥပကကို ပြောဖို့ ဒီခရီးကို ရှေးဘုရားတွေလို ဈာန်နဲ့ မကြွပဲ ခြေလျင်ကြွခဲ့တာ ဖြစ်ပါတယ်။ ဒီနာမည်လေးကို ပြောမှ သူ့အတွက် နောင်အကျိုးရှိမှာမို့ပါ။ ပုဂ္ဂိုလ်ရဲ့ အခြေအနေပေါ် မူတည်ပြီး ဘုရားရှင်ဟာ တခါတလေ သင့်တော်တဲ့ နည်းကိုသုံးပြီး တိုက်ရိုက်ပြောတာ ရှိသလို ပက္ကုသာတိဆိုတဲ့ မင်းကို တရားဟောတော့ ရောင်ခြည်တော် ခြောက်ပါးစလုံးကို သိမ်းပြီး မထင်ရှားတဲ့ ရဟန်းတပါးအနေနဲ့ တရားဟောတာလဲ ရှိပါတယ်။
        တကယ်တော့ ဘုရားရှင်က ဒီလိုမပြောပဲ ခပ်ရှိုရှိုလေးပြောလည်း အပေါ်က ရှင်အဿဇိကို စွပ်စွဲတဲ့ နည်းအတိုင်း ဘုရားကို ကျိန်းသေစွပ်စွဲမှာ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် မလွတ်အောင် ရေးမယ့်သဘော ဖြစ်ပါတယ်။ ဒါကတော့ ဒီဆောင်းပါးထဲက မှားနေတဲ့ အချက်များထဲက လောလောဆယ် သိသာတဲ့ ဟာတွေကို စဉ်းစားနိုင်အောင် ရေးပြတာ ဖြစ်ပါတယ်။ တခြားအချက်တွေလည်း ဒီလိုပါပဲ။ ကိုယ်လိုရာဆွဲတဲ့ အချက်တွေ အများကြီးပါပါတယ်။ သဂျီးကူးတင်တဲ့ ဆောင်းပါးက သိပ်ရှည်လွန်းလို့ တချက်ချင်း ရှင်းနေရင် သီးသန့်ပို့စ်တခု တင်ရမှာဖြစ်လို့ လောလောဆယ် ဒီအမှားတွေလောက်ပဲ ရေးလိုက်ပါတယ်။ ပို့စ်လဲ မတင်နိုင်သေးလို့ ဖြစ်ပါတယ်။
        သေသေချာချာ ပြန်ဖတ်ပြီး အားလုံးစဉ်းစားကြည့်ဖို့ပါ။ စဉ်းစားကြည့်လို့ သဘောပေါက်တယ်ဆိုရင် ဗုဒ္ဓသာသနာကို ဖျက်ဆီးရန် ကြိုးစားနေသူ မိစ္ဆာဒိဋ္ဌိ ဦးခိုင်မ်ကို အားလုံး ကုသိုလ်ဖြစ် ဝိုင်းဆဲပေးကြပါ။ ဟီး အလကားနောက်တာ။

      • kai

        June 30, 2013 at 5:38 am

        ၁နဲ့၂ပေါင်းရင်… ဘာဖြစ်သလည်း…ဆိုတော့…
        ၁ဆိုတာ..တကယ်တော့.. ရှေးသမိုင်းအရင်ကတည်းကပေါ်တာမဟုတ်ဖူး..
        တစ်.. ဆိုတဲ့အဓိပ္ပါယ်ပဲအရကောက်ရင်.. တစ်ဆို့နေတယ်ယူလို့ရသလို.. တစ်တစ်ခွခွပြောတဲ့နေရာမှာလည်းသုံးသမို့.. အားရပါးရလည်း.. အဓိပ္ပါယ်ယူလို့ရနိုင်ပါတယ်..
        ဒါကို.. တစ်ဆိုတာ.. တစ်နေပါတယ်ဆိုပြီး.. အဓိပ္ပါယ်ကောက်ရင်မှန်ပါ့မလား..
        (ဥပမာ ..ကိုရင်စံလှကြီးလို)
        နောက်တနည်းပြောရရင်.. ၂ ဆိုတာလည်း.. ပညတ်တွေပါပဲ..။ တကယ်က.. ညဏ်မဖြစ်ခင် သဒ္ဓါတင်တာနဲ့ ညဏ်ဖြစ်သွားသူတွေရဲ့ မှတ်ကျောက်တင် ဝန်ခံတာ နှစ်မျိုးရှိတယ်။ ကိုယ့်ကိုယ်ကို အားကိုးခြင်းကတော့ အောင်မြင်သွားသူတွေရဲ့ အားရကျေနပ်မှု ဥဒါန်းကျူးရင့် စကားသံ..။
        ကြည့်ပါလား.. နှစ်(၂)တဲ့…
        ဘယ်လောက်အနှစ်ပြည့်တဲ့စကားလည်း…။
        လောကီကိစ္စတွေ အောင်မြင်ရင်လည်း ဒီလိုပဲသုံးကြတယ်။ ဓမ္မညဏ်အောင်သွားရင်း အဲဒီနှစ်ခုစလုံး အတူတူပဲ.. အမှန်သစ္စာကို ပွားထုတ်လိုက်လို့ ကွဲထွက်သွားတာ..။
        ဘယ်လိုပွားသလည်း… ဆိုတော့…ဥပကတက္ကတွန်းကို မြတ်စွာဘုရား ပြောတဲ့ စကားကို ကိုးကားပြီး ဝင့်ဝါပလွှားမှု ပါနေတဲ့ ဆိုတဲ့ သဘောမျိုး ပြောတာဖြစ်ပါတယ်။
        တကယ်တော့ သူ့ပညာရပ်ရဲ့ ဂုဏ်ကိုတင်တာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ သူ့ကို နကန်းတလုံးမှ မသိသူလို့ ပြောလို့မရပါဘူး။

        ဒါကတော့ ကိုရင်တို့ရေးတဲ့အထဲက.. မမှားပေမယ့်.. မမှန်နေတဲ့ အချက်များထဲက လောလောဆယ် သိသာတဲ့ ဟာတွေကို စဉ်းစားနိုင်အောင် ရေးပြတာ ဖြစ်ပါတယ်။ တခြားအချက်တွေလည်း ဒီလိုပါပဲ။ ကိုယ်လိုရာဆွဲတဲ့ အချက်တွေ အများကြီးပါပါတယ်။

        ချုံပြီးပြောပါမယ်နော…
        ၁နဲ့၂နဲ့ပေါင်းရင်.. ရချင်တာရပါမယ်…
        ညဏ်ကွန့်ပြီးစဉ်းစား…။ အရိယာမှ ဘာရလည်းသေသေချာချာသိမယ်…။

        ကွိ…
        (ငါကွ.. ရှင်းနေတာကိုရှုပ်အောင်လုပ်ပြီး.. တဦးတည်းရှင်းလို့ရတဲ့.. ငါကွ..
        ထိုင်ကန်တော့ကြ..။ စိတ်ရှင်းအောင်.. ယူနီဖေါင်းဝတ်ပေးမယ်.. ) :mrgreen:

        • San Hla Gyi

          June 30, 2013 at 12:36 pm

          ပြောချင်ရာ ပြောစမ်းပါ သဂျီးရာ။ ရေးထားတာတွေကို ဖတ်ပြီး ပရိသတ်က ဆုံးဖြတ်ပါစေ။

  • black chaw

    June 27, 2013 at 4:23 pm

    နည်းနည်းတော့ နောက်ကျနေပါပြီ…။
    ဒါပေမယ့်…ဒီလိုပို့စ်မျိုးမှာ ကွန်းမန့်ရေးမရေးလိုက်ရတာမျိုးတော့
    အဖြစ်မခံနိုင်ပါဘူး ကိုပါကြီးရေ…။
    ကဲ…
    အခုပဲရေးလိုက်ပြီဗျာ…။
    နေကောင်းတဲ့အခါကျမှ တွေ့ကြဦးစို့ရဲ့….။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • ကြက်အူလှည့်

    June 28, 2013 at 12:15 am

    Real case scenario လေး run ကြည့်တာပေါ့.
    လဝက ဆြာတွေအတွက် စားပေါ့်အသစ် ဖြစ်လာဖို့ကလွဲရင်.
    သိပ်လက်တွေ့မဆန်ဘူးပဲ.

    အဝါရောင် ကိုက်ခဲမှုပျောက်ပြီဆိုမှ ထပ်ဆွေးနွေးသင့်တဲ့အရာတခုပါ.
    အော် မေ့လို့. အဲ့သည့်အခါကျရင်လည်း ထိပ်ဆုံး ထားဆွေးနွေးရမယ့်
    အကြောင်းရာထဲတော့ မပါဘူးပဲ. အဲ့လို မြင်မိရဲ့ဗျ.

  • ကိုရင်စည်သူ

    June 30, 2013 at 2:24 pm

    ကိုပါလေရာရေးတဲ့ ပို့စ် အတွေးအခေါ်ကလည်းအရမ်းကောင်း…
    သဂျီးနဲ့ အူးစံလှကြီး ငြင်းခုန်တာ ဖတ်ရတာလည်း… စိတ်ဝင်စားဖို့ကောင်းပါတယ်…
    ဖတ်ရင်း စိတ်ရင်း.းး တွေးရင်နဲ့
    ဗုဒ္ဓစကားလား ဘုန်းဘုန်းစကားတွေလား ဝေဝါးကြသွားမှာပါ။ သတိထားမိတာက
    သဂျီးက စာရေးခြင်း မာယာအရမ်းများတယ်။ ဖတ်နေရင်း အဆုံးသတ်ခါနီးတိုင်း
    ဟိုလိုလို ဓီလိုလိုတွေ လုပ်ပလိုက်တယ်..။ သဂျီးရေ…
    စိတ်ရင်း စိတ်ရင်းနဲ့ ဗုဒ္ဓဂယာတောင် ဘုရားပွင့်ခဲ့တာ ကုလားပွင့်သွားတာလားတွေ
    ဖြစ်ကုန်မယ်ထင်တယ်… ။ ။ မည်သို့ပင်ဆိုစေကာမူ… ၄၅ဝါပတ်လုံး ဟောကြားခဲ့တဲ့ အာဂုံဆောင် တရားတို့မှ..
    (ဗုဒ္ဓ၏ တရားတော်တို့ကို နားကြားရသူတို့သည် ဘုန်းတန်ခိုးကြီးလှပါပေသည်) – မိထွေးတော်ဂေါတမီ..

  • ဂန္ဓာရီ ဆြာအုပ်

    July 5, 2013 at 6:02 pm

    ကျနော့ fb ပေါ်မှာ ပြန်ရှဲဖို့ ခွင့်တောင်းပါတယ် (အမှန်တော့ ရှဲပြီးပီ)

Leave a Reply