နောက်ဆိုရင် ဘာသာရေးနဲ့ ပါတ်သတ်တဲ့ ဝေဖန်မှု တွေ မပြောဖြစ်အောင် နေပါတော့မယ်ဗျာ။
(Inz@ghi)

နင့်အဆင့်နဲ့ အဟွာဘဇပ် က အဟွာ ဇဂါးမထွက်နဲ့ သေချင်းဇိမ်း လေးရဲ့
(ဦးဖွတ်ကျား)

ခင်ဗျားတို့ အဲ့သလို တွေ မတဲ့မရှုဖြစ်နေရင်ဖြင့် ကျုပ်တော့ စိတ်လေပြီး ဘာသာမဲ့ပဲ လုပ်တော့မယ်ဗျာ
(ဖားသက်ပြင်း)

ဟာ ..သောက်ရေးထဲ ထေရ၀ါဒ ၂ခြမ်း ကွဲမယ့် အရေးပါဆိုမှ ဒီတဏှာရူးက တမျိုး ။ ချဉ်ထှာ။
(ကြက်ဥလှည့်)

ဒမယ် ဟဲ့လူ။
Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….
နောက်တခါပြန်ဖတ်လိုက်အူး
(Inz@ghi)

မျက်စိနောက်အောင် မနေနဲ့ ပေါ့ကွ။ မင့်ဟာက ဟာ … ကြာဘာဒယ်ကွာ ..ရီးပဲကွာ..။
(ဦးဖွတ်ကျား)

အို…. ဖားစည်တီးသံ မိုးယံ ဆဲလို့…
(ဖားသက်ပြင်း)

မိုးယံတော့ မဆဲဘူး နင့်ကိုပဲ ဆဲချင်တယ်။ #”%%&&” အနာပေါက်ပါဇီကွာ။
(ကြက်ဥလှည့်)

အဲ့လို ပါးစပ်ကြမ်းတဲ့လူတွေကို သားတော့ သိပ်မုန်းတာပဲ မေမေ။
(Inz@ghi)

အမျိုး ၊ သာသာ ၊ သာသနာ တဲ့ကွ။။ အကုန်တတွဲတည်းပါတာ။
(ဦးဖွတ်ကျား)

ခညားဟာခညား အတွဲလိုက်ပဲ ပါပါ။ တပြုံလုံးပဲ ပါပါ။ ကျုပ်တော့ စိတ်မ၀င်စားဘူး
အာမင်
(ဖားသက်ပြင်း)

ဖွန်ကြောင်ချက်ကတော့ နိုင်းလောက်ရှိတယ်ကွာ။ နောက်တခါ ငါးပိရည်နဲ့ေ၇ွှတိဂုံဘုရားကြီးကို လွမ်းတယ်ပြောရင် ဓားနဲ့လိုက်မယ်
(ကြက်ဥလှည့်)

ခင်ဗျားကတော့ဗျာ ..သူများများ နစ်နာမယ်ဆိုရင် အဟွာ ငုံထွေး ဆိုရင်တောင် ငုံထွေးမယ်လူ (အဟွာ=ကွမ်း)
(Inz@ghi)

ဗုဒ္ဒသာသနံ စီရံတိဋ္ဌတု ဗုဒ္ဒသာသနံ စီရံတိဋ္ဌတု
(ဦးဖွတ်ကျား)

I Heard there was a secret chord, that David Played to please the Lord,
You don’t really for music, Do ya… it goes like this ..the forth, the fifth
(ဖားသက်ပြင်း)

သွားပြီ .. ဆေးမမီတော့ဘူး။ ဖွန်များကြောင်ရမယ် ဆိုရင် တာအိုရဇင် ဆိုလည်းလာထား ဘိုင်ဘယ် ငုံ ဆိုလည်း ငုံမယ့်ကောင်
(ကြက်ဥလှည့်)

ဂေါတမ ဗုဒ္ဓက လစ်ဘရယ်ဒီမိုကရက် ဖြစ်ရမယ်။ မနေ့က အဘစာထဲတွေ့လိုက်တယ် ..၀ိသာခါ ကျောင်းအမကြီးက ဘာသာခြား
တိတ္ထိ ကိုယူတာ ဘာမှ မပြောရှာဘူးရယ်။
(Inz@ghi)

စိတ်ညစ်တယ် … ဘုရားရှင် သက်တော်ထင်ရှားရှိရင် ပါတီထောင်ဖို့ ကြပ်ပေးမယ့်ကောင် ဆိုတာ နင့်လိုဟာကိုပြောတာ…။
(ဦးဖွတ်ကျား)

ဟင်… ခုလည်း သူ့သားတွေ ထောင်ထားတယ် မဟုတ်လား ..ရဲရဲ ရဲရဲ နဲ့ လေ ကွိကွိ.. လစ်ဘရယ်တော့ ဟုတ်ဟန်မတူ…။
ဟာလေလူလျာ ဟားလေလူလျာ ..ဟာလေလူလျာ ဟားလေလူဟူဟူးးးလျာ
(ဖားသက်ပြင်း)

သွက်သွက်ခါတယ်ဆိုတာ အဲ့လာကိုပြောတာ မဟုတ်ရင် ဘာကိုပြောတာပါလိမ့်။ အော်… သိဝိ မင်းကြီးကို ကိုယ်ချင်းစာပါပြီလေ။။
(ကြက်ဥလှည့်)

ပုထုဇနော ဥမ္မာတကော တဲ့ဗျ။
(Inz@ghi)

ကိုယ်ရူးတိုင်း သူများတွေ ဆွဲ-ဆွဲမထည့်ပါနဲ့ကွယ်။
(ဦးဖွတ်ကျား)

ဘာသာမတူတာ ဘာအကြောင်းလဲ … ဒို့တော့ဒါတွေနားမလည်။ ဂီရယ် ထွီရယ် ကံကိုဆိုးတယ်။
(ကြက်ဥလှည့်)

ကိုငှက် ကံကောင်းတယ်.. သူ့သီချင်းတွေ ပိုးစိုးပက်စက်ဖြစ်ကုန်တာ မကြားလိုက်ရရှာလို့။
(ဖားသက်ပြင်း)





P.S ဟိုလူကြီးကို အင်စပိုင်းယားလုပ်ပြီး ရေးပါသည်။

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011