အခြေအနေတွေကိုမထိန်းသိမ်းနိုင်တဲ့အခါ

Mr WorldWideJune 25, 20131min1588

စိတ်ဆင်းရဲစရာတွေ အမြဲလိုလို ကြုံတွေ့နိင်တာမျိုးတွေကတော့

၁ ။ ကမ္ဘာကြီးကို ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ ဆုံးဖြက်ချက်မျိုး ရှိနေမယ်ဆိုရင်
၂ ။ လူတိုင်း ဘယ်လို ပြုမှုသင့်တယ်လို့ ဥပဒေသတွေ ချမှတ်ထားမယ်ဆိုရင်

ကမ္ဘာကြီးက ခင်ဗျားချမှတ်ထားတဲ့ ဥပဒေသတွေကို မလိုက်နာတဲ့အခါ ခင်ဗျားစိတ်ဆိုးပြီး စိတ်မချမ်းမသာဖြစ်ပြီ…

သူငယ်ချင်းတွေက ကိုယ့်အပေါ် အပြန်အလှန် ရှိသင့်တယ်
လေယာဉ်ပျံတွေ အချိန်မှန် ဆိုက်သင့်တယ်
လူတိုင်း ရိုးသားသင့်တယ်

ယောကျင်္ားဖြစ်သူက ဒါမှမဟုတ် မိန်းမဖြစ်သူက ၊ ရည်းစားဖြစ်သူက ကိုယ့်မွေးနေ့ကို သတိရသင့်တယ်လို့ ခင်ဗျား မျှော်လင့်ထားတယ် ။

angry

ဒီလိုမျိုး မျှော်လင့်ချက်တွေက ကျိုးကြောင်းဆီလျော်ညီပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်အလိုမကျတာတို့ ၊ စိတ်ပျက်တာတို့ ဖြစ်တက်ပါတယ်။

ဒီစိတ်မချမ်းသာမှုမျိုးတွေ မဖြစ်အောင် ဘယ်လိုနေရမလဲဆိုတော့ တောင်းဆိုချက်တွေ သိပ်မများပါစေနဲ့။ အဲဒီအစား ရွေးချယ်မှုတွေပဲ ထားရှိလိုက်ပါ။ အခြေအနေတွေဟာ ကိုယ်တက်နိင်စွမ်း မရှိတဲ့အခါ ကိုယ့်ဘာသာ မေးကြည့်ပါ။ ငါ့အနေနဲ့ အေ ကို ရွေးချယ်တယ်။ အကယ်၍များ ဘီ ဖြစ်လာခဲ့ရင် ၊ ဒါလည်း အိုကေပါတယ်လေ ဆိုတဲ့ စိတ်မျိုး ၊ လက်ခံတက်တဲ့ အကျင့်မျိုး ခင်ဗျားဆီမှာ လေ့ကျင့်ထားမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှု ပိုရလာမယ်။

လူတွေ ယဉ်ကျေးသိမ်မွေ့ဖို့ ခင်ဗျား မျှော်လင့်ထားတယ်။
ဒါပေမယ့် မျှော်လင့်ထားသလို မဟုတ်ဘဲ ရိုင်းစိုင်းခဲ့ရင် ခင်ဗျားရဲ့ တစ်နေ့တာ ပျက်စီးမသွားပါဘူး။

နေပူဖို့ မျှော်လင့်ထားတယ်။ မိုးရွာရင်လည်း ကိစ္စမရှိဘူး မဟုတ်လား။

ဒါကြောင့် အခြေအနေကို လက်ခံတဲ့ ပျော့ပျောင်းတဲ့စိတ်ကို လေ့ကျင့်ပေးသင့်ပါတယ်။ စိတ်ပျော်ရွှင်ဖို့ ကျွန်ုပ်တို့အားလုံးက
၁ ။ ကမ္ဘာကြီးကို ပြောင်းလဲမလား
၂ ။ ကျွန်ုပ်တို့ အတွေးအခေါ်ကို ပြောင်းလဲမလား

ဒီလိုဆို ခင်ဗျားအနေနဲ့ ဒုတိယကို ရွေးလိုက်တာက ပိုလွယ်ကူပါလိမ့်မယ်။

Author – Andrew Matthews

8 comments

  • မင်းမင်း

    June 25, 2013 at 4:41 pm

    ကောင်းလိုက်သောအတွေးအခေါ်တခုပါပဲ။
    အိုဘားမားကတော့ပြောဘူးတယ်။
    ကမ္ဘာကြီးကိုပြောင်လဲဖို့ မိမိကိုယ်တိုင်ပြောင်းလဲရမယ်။
    ဆိုလားပဲ။
    ကြိုက်ပါတယ်ဗျာ။
    ဖတ်ရတာ အားရှိသွားပါတယ်ဗျာ။

  • မောင် ပေ

    June 25, 2013 at 6:48 pm

    အတွေးအခေါ် ကို ပြောင်းရမယ်လို ့ စာဖတ်ပြီး တွေးမိပါတယ်
    ဒါပေသည့် အချိန်တော့ ယူရလိမ့်မယ် လို ့လဲ ထင်မိကြောင်းပါ
    အဲဒါ … အဲဒါ

  • အရီးခင်လတ်

    June 25, 2013 at 7:43 pm

    ဆရာရှင့်
    သများ က အဲဒီလို “ဒုတိယကို ရွေးလိုက်တာ” ကို ဝိုင်း လှောင်ကြတယ်။ 👿

    😆

  • အလင်း ဆက်

    June 25, 2013 at 9:21 pm

    ၂ ။ ကျွန်ုပ်တို့ အတွေးအခေါ်ကို ပြောင်းလဲ ဖို ့ ရွေးလိုက်ရင်…

    ၁ ။ ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ပါလိမ့်မယ်ပေါ့နော်…။

  • uncle gyi

    June 26, 2013 at 12:06 am

    ကိုခို်င်မာရေ
    ကမ္ဘာကြီးကိုပြောင်းဖို့ကြိုးစားခဲ့ကြလို့
    အဆင့်ဆင့်တိုးတက်လာတာလို့ပြောရင်လက်ခံမလား
    ပျော့ပြောင်းတဲ့စိတ်ရှိသင့်ပေမဲ့
    မလျော့တန်းစိတ်ထားသင့်တဲ့အခါတွေလည်းရှိတယ်ဆိုရင်ရော

    • Ma Ma

      June 26, 2013 at 6:04 am

      ဆရာမောင်ခိုင်မာရဲ့ စာကို ဖတ်ပြီး အသိတစ်မျိုးတိုးတယ်။
      အန်ကယ်ကြီးရဲ့ ကွန်မန့်ကို ဖတ်ပြီး အသိတစ်မျိုးထပ်တိုးရတယ်။
      ဤသည်ကား မန်းဂေဇက်၏ အနှစ်သာရ ဖြစ်ပေတော့သည်တကားးးးးးးး 🙂

  • မောင်ခိုင်မာ (စမ်းချောင်း)

    June 26, 2013 at 8:06 am

    Author – Andrew Matthews သူရေးတာပါ။ ကျနော်ရေးတာ ဟုတ်ပါဘူး။ 🙂

    ဒါပေမယ့် ခံယူချက်ပေါ်တော့ မူတည်တာပေ့ါနော်

Leave a Reply