အိတ်​ဖွင်​့​ပေးစာ {၂} ကျွန်​မ မွတ်​​ဒေါင်​းမဟုတ်​ပါ

အရှင်​ဘုရား …

တပည်​့​တော်​မ

လင်​နှင်​့သားလည်​း

စွန်​့လွှတ်​ခဲ့ပါပြီ ဘုရား ။ ။

 

အရှင်​ဘုရား …..

ဇရာကိုချင်​းနင်​းလို့

နုပျိုခြင်​းများလည်​း

မှုန်​ဝါး သွားခဲ့ပါပြီ ဘုရား ။ ။

 

အရှင်​ဘုရား ……

သံသရာ​ဘေး

ကြို​တွေးထား​ပေမယ်​့

တပည်​့​တော်​မ မှာ

ရုန်​းထွက်​ချိန်​မရခဲ့ပါ ဘုရား ။ ။

 

အရှင်​ဘုရား …..

သင်​မိတဲ့ပညာ

သိလာတဲ့အသိ

စွဲညိတဲ့ သတိနဲ့

တပည်​့​တော်​မ

နှစ်​နှစ်​ဆယ်​​ကျော်​

သီးခံ အားတင်​းလို့

မိုးလင်​းမယ်​့ ​နေ့ကို ​

​စောင်​့​မျှော်​ခဲ့ပါတယ်​ဘုရား ။ ။

 

ကိုးနဝင်​းသမား​တွေ

မိုးလင်​းသွား​ပေမယ်​့

တပည်​့​တော်​မ

အကျယ်​ချုပ်​ဘဝမှာ

ဘဝအတွက်​မ​တွေး

နိုင်​ငံ့ အ​ရေးအတွက်​

အသက်​ပြင်​းပြင်​းရှူခဲ့ပါတယ်​ ဘုရား ။ ။

 

သူ့လူကိုယ်​့ဘက်​သား

​ထောင်​​ချောက်​​တွေကြားထဲ

တွန်​းထိုး နင်​း​ခြေ သမျှ

အိုကြီးအိုမ

တပည်​့​တော်​မလည်​း

တစ်​ကိုယ်​တည်​း ရုန်​းကန်​​နေရပါတယ်​ ဘုရား ။ ။

 

ဗုဒ္ဓ ကိုကိုးကွယ်​

ဓမ္မ ကိုကျင်​့ကြံ

သံဃာ ကို ဆည်​းကပ်​

တပည်​့​တော်​မရဲ့​ထောက်​တည်​ရာ

ရတနာ သုံးပါးဆိုတာ

အရှင်​ဘုရားတို့ သိပါတယ်​ ဘုရား ။ ။

 

၂၀၀ရ ​ရွှေဝါ​ရောင်​​ခေတ်​က

အိမ်​​ရှေ့ အထိကြွလာပြီး

ပရိတ်​​တော်​ချီးမြှင်​့

​မေတ္တာ​တော်​ ပို့သလို့

ဆရာဒကာ

ညီညွတ်​ခဲ့ပုံ​လေးများကို

အဖန်​ဖန်​ သတိယ

ပီတိဖြစ်​ရပါတယ်​ ဘုရား ။ ။

 

အရှင်​ဘုရား ….

တပည်​့​တော်​မ ​လျောက်​တဲ့လမ်​းဟာ

ပြည်​သူ​တွေနဲ့တသားတည်​းပါ

နှစ်​ငါးဆယ်​လမ်​းဆိုးဆိုးကို

ဝမ်​းလျား​မှောက်​ ​လျောက်​ခဲ့ရတာမို့

ပန်​းခင်​းထားသလို

လျှက်​တပျက်​ ချက်​ခြင်​း

​မျှော်​လင်​့ခြင်​း​တွေမဖြစ်​လာလဲ

နဲနဲ​တော့ သီးခံပါ ဘုရား ။ ။

 

တင်​ပါသည်​ဘုရား ……

တပည်​့​တော်​မ

ဗုဒ္ဓ ဘာသာ စစ်​စစ်​ပါဘုရား

မွတ်​​ဒေါင်​း လို့ ယိုးစွပ်​မယ်​့အစား

မှားတယ်​ထင်​ရင်​

ကားစင်​ တင်​သတ်​လိုက်​ပါ​တော့

ကိုယ်​့သစ္စာ ကိုယ်​သာသိလို့

ဘာသာ နဲ့လူမျိုး

နိုင်​ငံသားနဲ့ကိုးကွယ်​ရာ

ဥပ​ဒေနဲ့အခွင်​့အ​ရေး

ခွဲခြားသုံးသပ်​

ဆုံးဖြတ်​ချက်​ မမှား​ရေး

လိုအပ်​ရင်​ အသက်​ကိုစ​တေးပါမယ်​ ဘုရား ။ ။

 

အရှင်​ဘုရား ….

တပည်​့​တော်​မ

​လျောက်​ထား ပါရ​စေ

ဗြဟ္မစိုတရား ​လေးပါးဆိုတာ

ဗုဒ္ဓ ဘာသာမှာပဲရှိတာပါ

​မေတ္တာ ၊ ကရုဏာ ၊

မုဒိတာ ၊ ဥ​ပေက္ခာ …

ကြားနာ မှတ်​သားခဲ့ဖူးပါတယ်​ဘုရား ။ ။

 

 

 

 

 

 

 

 

 

 

 

 

 

26 comments

  • KZ

    June 25, 2013 at 4:22 pm

    ခရီးသည်ကြီး ရေ

    ကောင်းလိုက်တဲ့ ကဗျာ ဗျာ။

    မမြင်ချင်တဲ့ လူကတော့ မျက်လုံးမှိတ်ပြီး ဇွတ်ငြင်းမှာ,…
    မကြားချင်တဲ့သူက တော့ နားပိတ်ပြီး ဇွတ်ငြင်းမှာ….
    မသိချင်တဲ့သူက စိတ်တံခါးပိတ်ပြီး ဇွတ်ငြင်းဦးမှာပဲ။

    အိပ်ချောင်ချောင်ဆောင်ဒူဒွေကို နှိုးတော့ဘာဘူးလေ။ :mrgreen:

    • ခရီးသည်ကြီး

      June 25, 2013 at 6:29 pm

      အိပ်​ချင်​​ယောင်​​ဆောင်​တာ ကလူတစ်​ချို့ တမင်​လုပ်​ယူ​နေတာက လူတစ်​ချို့
      ​ယောင်​ဝါးဝါးကလူတစ်​ချို့
      ​ကျေးဇူးပါ မKz ခင်​ဗျ

  • မင်းမင်း

    June 25, 2013 at 4:51 pm

    ဟုတ်တယ် kz ရေ။
    အိပ်ချင်ယောင်ဆောင်တဲ့သူ အနိုးရခတ်သည်တဲ့။
    အိပ်ပေ့စေ။သူဟာသူမက်ချင်တဲ့အိပ်မက် မက်ပေ့စေ။
    ဘာဖြစ်တုန်။လေညာကအနေသာကြီးပါပဲနော့်။
    ခရီးသည်ကြီးရေဖတ်သွားပါတယ်။
    အမေစု အသက်ပေးစရာမလိုပါဘူးဗျာ။
    အမေစုနောက်မှာသားတို့ရှိပါတယ်။
    သားတို့ပဲ
    သားတို့ပဲ
    သားကသေရဲသေးဘူးဗျ။

    • ခရီးသည်ကြီး

      June 25, 2013 at 6:30 pm

      ဖတ်​သွား​ပေးတာကိုပဲ ​ကျေးဇူးပါဗျ
      🙂 🙂

  • စိတ်ထင်..
    မွတ်ဒေါင်းလို့ စွပ်စွဲတဲ့သူတွေက သူတို့ကိုယ်တိုင်ရော သာသနာကို စိုးရိမ်တာလား… သာသနာကို ဗန်းပြပြီး ပြောချင်တာလားဆိုတာတော့… 🙂

    ကဗျာအတွက်တော့ Bravo ပါ ခရီးသည်ကြီးရေ.. ခုတလော ခရီးက ပြန်ရောက်နေတယ်ပေါ့.. 🙂

    • ခရီးသည်ကြီး

      June 25, 2013 at 6:34 pm

      ဒီနိုင်​ငံမှာ ဘာသာ​ရေးကို ခုတုံးလုပ်​လို့အ​ကောင်​း​ဆုံး​လေ ။
      ဒါ့​ကြောင်​့ အသုံးချ ပသံ​ကောင်​းဟစ်​​နေတာ​ပေါ့
      ကျုပ်လည်​း ဒီရွာက မခွာနိုင်​​သေးတာပါဗျာ
      ​တော်​​တော်​ ဆွဲအား​ကောင်​းတဲ့ရွာ 🙂 🙂

  • အရီးခင်လတ်

    June 25, 2013 at 7:40 pm

    ခရီးသည်ကြီး
    ဒါ ဝဋ် လိုက်တယ် ခေါ်မယ်။
    သူများ ကို နာမည် ဖျက်ခဲ့ လို့ သူလဲ နာမည်ပြန်ရတဲ့ သဘော။
    ဘယ်သူမပြု မိမိမှု တဲ့။

    • ခရီးသည်ကြီး

      June 25, 2013 at 8:14 pm

      အရီး ခင်​ ​​ရေ့
      မိုး​တွေရွာ​နေတယ်​ဗျ
      ဟို ပို့စ်​ထဲမှာ​ပြောကြသလို ​ကြောက်​လို့
      🙂 🙂 🙂

  • Mr. MarGa

    June 25, 2013 at 8:53 pm

    အိတ်ဖွင့်ပေးစာ (၂) ဆိုပါလား
    ခရီးသည်ကြီးရေ
    ဟိုဘက်ဒီဘက်
    နှစ်ဖက်ပြန်တွေးလို့
    အလယ်ကနေ
    အဆင်ပြေအောင် လုပ်တာကိုမှ မကျေနပ်ရင်တော့
    အလယ်အလတ် လမ်းစဉ်ကနေ
    အစွန်းရောက် ဖြစ်သွားနိုင်တယ်နော်

  • ဂွိဂွိ

    June 25, 2013 at 10:00 pm

    ကဗျာလေး ကောင်းလွန်းလို ့ ဘယ်လိုပြောရမှန်းတောင် မသိပါဘူး
    ပိုးစိုးပက်စက် ကြိုက်တယ်ဗျာ..

  • kotun winlatt

    June 25, 2013 at 10:27 pm

    ဂွတ်လိုက်တဲ့ ကဗျာ….
    ကျနော်တို့ ပြည်သူတွေ ခံစားချက်တွေကို သိပ်ဦးစားမပေးပဲ ဦးနှောက်လေးနဲ့ သေချာတွေးပြီး ပြောသင့်ဆိုသင့် လုပ်ကိုင်သင်ံကြပြီ ထင်တယ်ဗျာ….။

  • uncle gyi

    June 25, 2013 at 10:58 pm

    ခရီးသည်ကြီးရေ
    ကျုပ်က ကဗျာနဲ့နဲနဲဝေးသဗျ
    ဒါပေမဲ့ဒီကဗျာတော့သဘောကျသဗျာ

  • kyaw swar kaung

    June 26, 2013 at 2:07 am

    ခရီးသည်ကြီးရေ..
    ကဗျာ သိပ်ကောင်းတယ်ဗျာ..
    ကျနော့် စိတ်နဲ ့ဆိုနည်းနည်းတောင် ပျော့နေသေး။
    ဒါပေမယ့် ဒီကဗျာက အများကြီး အဓိပ္ပါယ်ရှိပါတယ်..။
    “ တစ်ပါးသူကို လွယ်လွယ်လေး မွတ်ဒေါင်း” လို ့ စွပ်စွဲသူက
    စွပ်စွဲခံရသူ အမျိုးကောင်းသမီးလောက် ဖြစ်ပျက် သင်္ခါရ သဘောလေးကို မမြင်နိုင်တာက
    ……..
    ……..
    သာသနာ….နာတယ်လို ့ဘဲ ပြောချင်တော့တယ်..။

    ကျော်စွာခေါင်

  • Ma Ma

    June 26, 2013 at 6:01 am

    ဆိုလိုရင်းကို လိုတိုရှင်း ပြောပြနိုင်တဲ့ ကဗျာလေးကို သဘောကျတယ်။
    ကဗျာချစ်သူများအဖွဲ့ဝင်တွေ လက်ရာပြောင်မြောက်ပါပေတယ်။
    ဤသည်လည်း အုတ်တစ်ချပ် သဲတစ်ပွင့်ပါပဲ။ 🙂

  • ဦးကြောင်ကြီး

    June 26, 2013 at 9:21 am

    မွတ်ဒေါင်း ဟုတ်ပါဗူးဗျ.. တဒေါင်း.. တဒေါင်း… 🙄

  • kyeemite

    June 26, 2013 at 10:31 am

    “ဗြဟ္မစိုတရား ​လေးပါးဆိုတာ
    ဗုဒ္ဓ ဘာသာမှာပဲရှိတာပါ
    ​မေတ္တာ ၊ ကရုဏာ ၊
    မုဒိတာ ၊ ဥ​ပေက္ခာ …”

    ကောင်းလိုက်တာဗျာ…ရေးတတ်လွန်းလို့ မနာလိုတောင်ဖြစ်တယ် 😆

  • ခရီးသည်ကြီး

    June 26, 2013 at 11:33 am

    မင်္ဂလာပါခင်​ဗျ …..
    ကိုအလင်​းဆက်​
    ဦး​လေးမာဃ
    ကို/မ / ဦး ဂွိဂွိ 🙂
    အန်​ကယ်​ကြီး
    ကိုထွန်​းဝင်​းလတ်​
    ကို​ကျော်​စွာ​ကောင်​း
    အစ်​မကြီး မမ
    ဦး​လေး​ကြောင်​ကြီး
    ဦး​လေး ဦးကြီးမိုက်​
    အားလုံး​ကျေးဇူးပါဗျ
    လာ​ရောက်​အား​ပေးအသိမှတ်​ပြု​ပေးလို့
    ခွန်​အားများဖြစ်​ရပါတယ်​ခင်​ဗျ
    ဘာမှမတတ်​နိုင်​​သော်လည်​း တတ်​နိုင်​သ​​လောက်​ပါဝင်​ ရတာပါဗျ

  • marga thagyar

    June 26, 2013 at 11:59 am

    လူဆိုတာ. စကားထဲက ဇာတိပြတယ်. ဘယ်လောက်ပဲ ဟန်ဆောင်ထား ထား ၊မြိုသိပ်ထားထား တစ်နေ့ ့နေ့ ့မှာ သရုပ်သကန် အမှန်ဟာပေါ်လာတာဘဲ၊တောင်ပို ့မှန်းမသိသူတွေ အတွက်တော့စေတီဘုရား ထင်နေမှာပေါ့

  • အရှင်ဖလား
    တဘဲ့ဒေါ်လေး ဖတ်သွားဘာဒယ် ဖလား … :mrgreen:
    ဒါဘဲ ပေါဒတ်ဒယ်ဗျာ …
    ကျန်ဒါဒေါ့ မပေါဒေါ့ဝူးနော့ …

  • ခင် ခ

    June 26, 2013 at 4:17 pm

    မူလလမ်းကြောင်းက မသွားစေချင်လို့ ခဏလမ်းလွဲက သွားအောင်လုပ်ထားတာကို အဟုတ်မှတ် နေရင်တော့ မခက်ပေဘူးလား ခရီးသည်ကြီးရေ။
    သေချာတော့ မြင်အောင်ကြည့်တတ်ကြဖို့လိုတယ်နော့။

  • ရွှေ ကြည်

    June 26, 2013 at 7:18 pm

    အစွန်းရောက်နေကြတာတွေအတွက် စိတ်မကောင်းဘူးဗျာ

  • ​ဒေါ်စုကိုမွတ်​​ဒေါင်​းလိုစွပ်​စွဲခံ​နေရသလို။​ဒေါ်စုကို​ထောက်​ခံတာနဲ့ မွတ်​​တွေနဲ့​ရောသတ်​မှတ်​ပစ်​​နေတာ​တွေ​ကြောင်​့ စိတ်​ဆင်​းရဲခြင်​းများစွာ။စိတ်​ဆင်​းရဲခြင်​းများစွာ။ 🙁

    • ဦးကြောင်ကြီး

      September 4, 2015 at 8:26 am

      နှယ်ခြားဆောင့် ကွင်သဘုံတုမ… ဏင်ကိုဒိုင်က မွပ်ဆိတ်ပေါက်လို့ နာဒါနေမှာ။။။။။။

Leave a Reply