ဓာတ်သေပညာကျမ်း (အပိုင်း ၇)

Reflex mirror

ဒီအပိုင်းမှာတော့ လန်းစ်ကနေ အဆင့်ဆင့် ဝင်လာတဲ့ အပိုင်းတွေကို ပြောလာလိုက်တာ ခု ကင်မလာ ဘော်ဒီ ထဲ ကိုရောက် ပါပြီ။ ဘော်ဒီထဲမှာ လန်းစ်က ဝင်လာတဲ့ ပုံရိပ်ဟာ ဆင်ဆာကို မရောက်ခင် တွေ့ရတာကတော့ reflex mirror ဖြစ်ပါတယ်။

 

reflex mirror ဟာ ဝင်လာတဲ့ ပုံရိပ်ကို ကင်မလာနောက်က လူ မြင်ရအောင် တဆင့် ပြပေးတဲ့ မှန်ချပ်ကလေးဖြစ်ပါတယ်။ ရောက်လာတဲ့ ပုံရိပ်ဟာ reflex mirror ကတဆင့်ခရမ်းရောင် မြှားတွေအတိုင်း အပေါ်ကိုတက်သွားပြီး pentaprism (ငါးမြှောင့်ဖန်တုံး) ဒါမှမဟုတ် pentamirror (ငါးမြှောင့်မှန်ချပ်) တွေကိုအဆင့်ဆင့် ရောင်ပြန်ဟပ်ပြီး အဲဒီပုံရိပ်ကို view finder (ချောင်းပေါက်) ကဆင့် မြင်ရအောင်လုပ်ပေးပါတယ်။

 ဒီနေရာမှာ compact ကင်မလာ တွေကတော့ LCD ကနေတိုက်ရိုက်ပြ တာဖြစ်ပြီး reflex mirror တွေဘာတွေမပါပါဘူး..bridge ကင်မလာတွေမှာကတော့ view finder ပါပေမယ့် အဲဒါက ဒီဂျစ်တယ် ပုံရိပ်ကို ပြန်ပြတာပဲ ဖြစ်ပါတယ်။

DSLR ကင်မလာမှာ ခလုတ် နှိပ်လိုက်တဲ့ အခါ အဲဒီ reflex mirror လေးဟာ အပေါ်ကိုတက်သွားပြီး ဆင်ဆာရှေ့က ရှောင်ပေးလိုက်ပါတယ်. အဲဒီတော့မှာ ပုံရိပ်ဟာ ဆင်ဆာထဲ ကိုဝင်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် DSLR ကင်မလာတွေ ရိုက်တဲ့ အခါ ကရတ်. ကရတ် ဆိုတဲ့ အသံကြားရတာ ဖြစ်ပါတယ်. Bridge ကင်မလာတွေ တချို့ကင်မလာတွေမှာ ကတော့ အဲဒီ အသံကို effect လုပ်ပီးတမင် ထည့်ထားပါတယ်.

11 comments

  • မင်းမင်း

    June 26, 2013 at 9:33 am

    ဖတ်သွားပါတယ် ဆရာရေ။

  • weiwei

    June 26, 2013 at 9:44 am

    သင်တန်း လာတက်သွားပါတယ် …
    မှတ်ဉာဏ် မကောင်းတော့လို့ သင်ခန်းစာအားလုံးပြီးသွားရင် မှတ်စုလုပ်ပြီး ပြန်သိမ်းထားမယ် …

  • KZ

    June 26, 2013 at 9:53 am

    ပလဲဆင့် ဆြာအုပ်။
    ကျနော်ကတော့ ပိန်းတယ်ပြောပြောဘာပြောပြော။
    အဲဒီ ကရတ်ကရတ်တို့ ချလတ်ချလတ်တို့အသံလေး ကြားရမှာ ဓာတ်ပုံရိုက်ရတာ အရသာရှိတယ် မှတ်တာပဲ။ :mrgreen:

  • ကြက်အူလှည့်

    June 26, 2013 at 10:09 am

    မိုးအေးအေးနဲ့ နှပ်နေပြီထင်တာ နောက်တပိုင်းတက်လာပါပေါ့လား ..ကောင်းပါလေ့ဆြာရေ…။
    mirrorless နဲ့ compact camera တွေ မှာ ဒီမှန်ခေါက်တဲ့အသံ ကို တမင်ထည့်ထားရတာက
    upskirt photos လိုမျိုးတွေ ရိုက်လို့မရအောင် နဲ့ တခြား security အကြောင်းပြချက်တွေအရ
    လည်းဖြစ်ပါတယ် တချို့ အန်းဒရိုက် ဖုန်းက ကင်မရာတွေမှာတော့ ဒီအသံကို တမင် ပိတ်လို့
    ရအောင်လုပ်ထားတော့ ဝေဖန်ခံ ထိတာတွေ တားမြစ်ကန့်သတ်သံတွေ ထွက်တယ်
    ဆိုတာလေး ဖြည့်ခဲ့ပါရဲ့ဗျို့…။ ပန်းသီးကတော့ Screen shot ရိုက်တာတောင် အသံထွက်သဗျ..
    ကွိကွိ…။

  • Ma Ma

    June 26, 2013 at 10:30 am

    ဖြေးဖြေးချင်းသင်တာတောင် မနည်း လိုက်မှတ်နေရတယ်။ 😀

  • ရွှေတိုက်စိုး

    June 26, 2013 at 10:32 am

    ဆြာအုပ် မိန်းမသွားယူနေလို. သင်တန်းနားထားတာလားဟင်……….
    အတန်းတက်ထိုး သွားတယ်.နော်…
    သင်တန်းပြီးရင် ကင်မလာပေးမယ်ဆိုလို. အသဲအသန်လိုက်တက်နေတယ်နော်…………အဟီးးးးးးးးးးး

    • ဂန္ဓာရီ ဆြာအုပ်

      June 26, 2013 at 12:36 pm

      အိမ်မှာ ကွန်နက်ချင်ကလဲ မကောင်း မိုးကလဲ အေးဖြစ်နေလို့ပါဗျာ.. ဟဲဟဲ
      ကင်မလာလား ပေးမယ် ပေးမယ်.. ခုတော့ ဓာတ်ခဲအရင်ယူထား

      • ဓာတ်ခဲ က ရောင်းချားလို့ ရဒလား ချရာ … ဟီးး :mrgreen:
        အတန်း လာတက်သွားဒယ်နော် ..
        ဆရာ သင်တန်း မမှန်ဒဲ့အတွက်
        ပီးရင် ကင်မလာ ဝယ်ပေးရမယ် နော် …

      • no non negative

        June 26, 2013 at 7:25 pm

        ဒ ဂယ် ပေး မှာ လား? DSLR ဒတ် ခဲ ကို အဲ ဒါ စို သင် တန်း တက် မယ်…
        အ တော် ပဲ, extra ဒတ် ခဲ လို နေ ဒါ 😀

  • မောင် ပေ

    June 27, 2013 at 12:02 pm

    ဖတ် ရှု မှတ် သား သွား ပါ တယ် ဗျို ့
    အဲဒါ … အဲဒါ

Leave a Reply