Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

နောက်ကျ..ဂဲ့သူပါ

တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်ရေးနှင့် စပ်လျဉ်း၍ အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေနှင့် ဖားသားလတ်ကုမ္မဏီ အပြန်အလှန် ရှင်းလင်းရာ ပြောင်သလင်းခါသွားသဖြင့် နောက်ကျ ရောက်သွားသော စည်ပင်သန့်ရှင်းရေးမှူး ဖားပြုတ်အောင်ပု လက်ဖက်ရည်ဖိုး မရလိုက်ဂျောင်း သိရသည်။

ဖြစ်သင့်ဒယ်

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် အာဏာရူး ကြံ့ဖွတ်ပါတီတွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ပါတီ ငှက္ကဌ ဦးရွှေမန်း၏ ပြောဆိုမှုကို တိုင်းပြည်ချောက်ထဲကျရန် လက်တလုံးအလို နှစ်ကြိမ်နှစ်ခါ ကယ်တင်ခဲ့သော တပ်မဒေါ်ဂျီးမှ ဝမ်းသာအဲလဲ ကြိုဆိုလိုက်သည်။

ဆိတ်အကောင်း..ဗူး

မြန်မာပြည်၌ အခွန်အများဆုံး ပေးဆောင်သော လုပ်ငန်းငါးရာစာရင်းတွင် ပြည်ပမှလာရောက် မှတ်ပုံတင်သည့် မန်းလေးဂေဇက် မီဒီယာ သီသီလေး လွဲသွားဂျောင်း အယ်ဒီတာဂျုတ် လျှာပွတ်ခိုမ်မှ မချင့်မရဲ ပြောဆိုသည်။

ဒါလည်းမလွတ်

ပဲမျိုးစုံပို့ကုန် ကျဆင်းခြင်းမှာ မြန်မာအမျိုးသမီးများ ဘာသာရေး ကိုင်းရှိုင်းကုန်ပြီး ပဲမများတော့၍ဖြစ်ကြောင်း ထေရဝါဒ ဗုဒ္ဓဘာသာတွင် တာဝန်ရှိသည်ဟု ရှင်ဂျီးလျှာပွတ်ခိုင်က ပုဂံမြို့ဟောင်း တနေရာမှ ပွဲကျောင်းသိုင်း လေ့ကျင့်ရင်း ဝေဖန်သည်။။

ဟတ်ကော့ဂျီး

စစ်တွေမြို့အနီး နေရာချထားပေးထားသော ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရန် ငြင်းဆန်သဖြင့် အမေရိကန် လော့စ်အိမ်ဂျလိစ်မြို့ရှိ ၎င်းပိုင် ကိုဘေးနွား မွေးမြူရေးခြံတွင် နေရာချထားပေးရန် ဂေဇက်သဂျီး အယာတိုလာ မာမွတ်ခိုမ်မှ ကမ်းလှမ်းသော်လည်း ခရီးစရိတ်နှင့် ပြည်ဝင်ခွင့်ဗီဇာ တာဝန်မယူဟု ကြေငြာသည်။

အာဏာရှိရေး

ပြည်နယ်၊တိုင်း အစိုးရများ အာနာရှိရေး သွားဆရာဝန် မရှိလေ ကောင်းလေဟု ညံဂျီးရှင် ကြံဖွတ်ဂေါင်းဆောင် တဦးမှ သကြားလုံး ပလုပ်ပလောင်းစားလျက် ပါတီဗဟို ညီလာခံတွင် အကြံပြုသည်။

ရောက်စေ့မယ်

၈လေးလုံး ငွေရတု နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် ၈၈မျိုးဆက်ဂေါင်း တဦးဖြစ်သူ အယာတိုလာ မာမွတ်ခိုမ် ပြည်ဝင်ခွင့်တင်ရာ နာမည်ကြောင့် ဗီဇာမရ ဖြစ်နေ၍ ရခိုင်တောလမ်းဖက် ခိုးဝင်ရန် သမီးဒေါ်ဂလေး ကစားဖက် ရွှေကြောင်မှ စီစဉ်ပေးမည်ဖြစ်သည်။

ငါ့ဝမ်းပူဆာ

တပ်ပိုင်မြေ ကျူးကျော်မှုဖြင့် တောင်ငူမြို့ သဲဖြူကျေးရွာသား ၁၁ဦးနှင့် သတင်းထောက်တို့အား သံချပ်ကာတပ် ၇၀၁၃မှ အမှုဖွင့်ထားဂျောင်း တောင်ဒဂုံစက်မှုဇုံသို့ သံထည်များ လာသွင်းစဉ် ဒုတပ်ရင်းမှူး ကျော်မင်းထိုက်မှ ဘေးဘီဝဲယာ ကျီးကန်းတောင်မှောက်ကြည့်လျက် ပေါစိုသည်။

ဖွားဖွားဂျီး

ကြံ့ဖွတ်ပါတီ အမာခံလူငယ် ပြန်လည်ဖွဲ့စည်းနေရာ သင်္ကြန်တွင်း ခေါင်းလျော်ခံ သက်ကြီးရွယ်အိုစာရင်းတွင် မဟုတ်တရုတ် ဝသဗုံ ကြေးမုံဂျီးအား ရှေ့ဆုံးဦးစားပေး နံပါတ်တစ် ထားရှိသည်။

တခုကလွဲလို့

ဘာသာရေး မကျွမ်းကျင်သဖြင့် မျိုးစောင့်ဥပဒေအား မဝေဖန်လိုဂျောင်း၊ စီးပွားရေး နားမလည်၍ ဦးပိုင်အရေး ဆွေးနွေးဖို့ မရှိဂျောင်း၊ စစ်သမီးမဟုတ်၍ တပ်မဒေါ်ကိစ္စ မပြောလိုဂျောင်း၊ ဝမ်ပေါင်ကြေးနီ စီမံကိန်းကိုတော့ ဆက်လုပ်သင့်ဂျောင်း တရုတ်ကူမြူနစ်ပါတီ ယူနန်ပြည်နယ် မြန်ကျင့်ဒေသ အကြီးအကဲ ဘွားဒေါ်ဂျီးမှ ယနေ့ ပြောကြားလိုက်သည်။

ငါကြိုက်လို့

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအား ဝေဖန်ထားသည့် တိုင်းမ်မဂ္ဂဇင်းကို ပြည်တွင်း၌ ပိတ်ပင်မည်ဖြစ်သော်လည်း ကာလသားကြိုက် ပလေးဘွိုင် မဂ္ဂဇင်းကိုမူ ခွင့်ပြုထားမည်ဟု အရေးဗော်ကလား စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဆာဒူးဂျီးကပေမှ ဆိုသည်။

ကျန်းမာဂျင်းသည် လက်တဗား..

ကျန်းမာဂျင်းသည် လက်နှစ်ဗား..

အိမ်မက်စိမ်း

သာမီးလေး ရတနာမိုင်က နောက်ဆုံးထွက်မည့် သီချင်းခွေအား ဟူးအာယု အမည်ပေးထားဂျောင်း ပေါ်ပြူလာ မဂ္ဂဇင်းတွင် ပါရှိပြီးနောက် ကွယ်လွန်သူ စာရေးဆရာ တေးရေး ဒါရိုက်တာ အာယုမှ အိမ်မက်လာပေးဂျောင်း အနုပညာရှင်များ အတွင်းသတင်း ပေးပို့နေသူ အောက်ခံအဝတ်အစားဆိုင်ပိုင်ရှင် နှူးဘာဂီထံမှ သိရသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး