ဖိတ်ခေါ် ပါရစေ

ရွာသူ/ရွာသား အပေါင်း

မင်္ဂလာအပေါင်းနဲ့ ခညောင်း ကြပါစေဗျာ။

ဘာရယ်မဟုတ်ပါဘူး ဗျာ။

ခဗျာတို့ ကျုပ်အပေါ် စိတ် မပြေတာများ

ရှိရင် စိတ်ပြေလက်ပျောက် ဖြစ်ရလေအောင်

လုပ်နိုင်ဖို့ ပိုစ်တင်ပေးတာပါ။

ဇာတ်ကားတွေထဲကလို ပင်လယ်ကိုမျက်နှာမူပြီး

အသကုန်အော်ပစ်လိုက်ာတမျိုးပေါ့။

နှစ်သက်သလို ကျုပ်ကိုအော်နိုင်ပါတယ်။

ကျုပ်ဗွေမယူပါဘူးဗျ။

ခဗျားတို့စိတ်ကြည်လင်နေမှ ကျုပ်လဲ ခင်ဗျားတို့

ပိုစ့်ကောင်းကောင်းကို ဖတ်ခွင့်ရမှာမို့လား။

လာပါမကျေနပ်သမျှ (ရှိရင်)

ဖေါက်ခွဲ ပစ်လိုက်စမ်းပါ။အားမနာပါနဲ့။

ကျုပ် ရဲရဲ ဖိတ်ခေါ်ပါရစေ။

(ပြန်မဖောက်ခွဲပါဘူး စိတ်ချ)

29 comments

  • ဦးကြောင်ကြီး

    June 26, 2013 at 10:22 am

    ဘူ….
    ဖောက်ခွဲရေးသမား ပဲလှော်ကြောင်ကြီး :mrgreen:

  • KZ

    June 26, 2013 at 10:35 am

    အယူအဆမတူတဲ့ သူစိမ်းချင်းချင်း ဒီ လောက်တော့ ငြင်းရစမြဲ ပါအေ။ 🙂

    ဒီမှာ က ဘယ်လောက် ငြင်းငြင်း (များသောအားဖြင့်) အညှိုးမထားတာက ချစ်စရာ ဒီ ရွာရဲ့ ဓလေ့ပါ။

    ကျုပ်ကိုလည်း ညှိုးနဲ့နော်။

    ကြည်စေ အေးစေ။ 😀

    (သူများအိမ်မှာမို့ ဒီ လို ချော့ရတယ်)

    ပြီးရင် လာ ဟိုဘက်ပို့(စ) မှာ သွားငြင်းကြစို့။ :mrgreen:

  • မင်းမင်း

    June 26, 2013 at 11:05 am

    ဟီးးး
    ဒီလိုဆိုတော့လဲ
    ပျော်စရာကြီးပေါ့ နော့်။(kz)

    အသံကျယ်တဲ့ ပေါက်ကွဲမူ့က
    တယ်မွှေးပါလား ဟီးးး (ဦးကြောင်ကြီး)

  • Moe Z

    June 26, 2013 at 11:06 am

    ဘဒူနဲ့ ဘဒူ ရန်ဖြစ်လို့ဒုန်း
    တစ်ယောက်လက် တစ်ယောက်ကိုင်ခိုင်းပြီး စာသင်ချိန်တစ်ချိန်အပြင်ထုတ်ထားပလိုက်မယ်
    ပုံ
    ှဆြာမ

  • ဗုံဗုံ

    June 26, 2013 at 11:10 am

    ပင်လယ်ကို မျက်နှာမူပြီး အားကုန်အော်လိုက်ပြီ..
    အူး……လေး….မင်း…မင်း….မုန့်..ဝယ်..ကျွေး…ပါ…ဗျို… :mrgreen:
    ကိုင်း ဖောက်ခွဲလို်က်ပြီ… ကျွေးပေတော့.. :mrgreen: :mrgreen:

  • ခရီးသည်ကြီး

    June 26, 2013 at 11:21 am

    ​အေး​ဆေးပါ ကိုယ်​့ဘူရယ်​ 🙂
    ဒီရွာမှာက အိုကြီးအိုမ​တွေမျာ​တော့ ငြင်​းတာ​ပေါ့ကွာ
    ပြီး​တော့လည်​း ြပြီးသွားတာပါပဲ
    တစ်​ခါငြင်​းရင်​ ကိုရဲစည်​​ပြောဘူးတာပဲ
    တစ်​လ​လောက်​​တော့ကြာ တယ်​ တဲ့
    ကိုယ်​့လူတို့ မန်​းကိုလာလည်​ရင်​ စိုးစိုးလိုက်​​ကျွေး 🙂
    ကျုပ်​က ခရီးသည်​ဆို​တော့ ​ရောက်​လာမှာ

  • e tone

    June 26, 2013 at 11:39 am

    ဖောက်ခွဲချင်ပါဝူးးးးးး ပစ်ခွဲချင်ထှာာာာာာာာာာာာာာာ …… ဒူးရင်းတီးယေးနဲ့ … 😆

  • ညလေး

    June 26, 2013 at 11:51 am

    မ နေ့ ည နေကမှ ခွဲပြီးးတာ နှစ်ယောက်ထိသွားးဒယ့်
    အိုးစည် သံ အစားး ဗုံးသံတွေ ပိုညံနေတဲ့ ရှမ်းပြည် ဖြစ်နေပါပြီ ့အလည်တစ်ခေါက်လောက် လာရောက် အပန်းဖြေကြဖို့ ထပ်ဆင့် ဖိတ်ခေါ်ပါရ စေ့

  • မင်းမင်း

    June 26, 2013 at 12:36 pm

    အားလုံးမန့် ပေးတာတွေ
    မပြတ်ဖတ်ပေးနေပါတယ်ဗျိုး
    မုန့်ကျွေးမယ် ဒါပေမဲ့ ငြင်းနေရင်
    အူးလေးဘက်နေပေးမလား ဗုံဗုံ ။
    မန်းလေးလာရင်ကြိုပြောပါဗျိုး
    (လစ်ချိန်ရအောင်) ခရီးသည်ကြီး ။
    Moe z ပြောသလို တယောက်လက်တယောက်ကိုင်ပြီး
    ကိုင်ရဲဘူးနော် ဟီးး
    ဒူရင်းသီးနဲ့ ပစ်မယ့် E Tone
    ဒူးရင်းသီးဖိုးေ့လာတောင်းနဲ့ ဟဲဟဲဟဲ ။
    ရှမ်းပြည်တော့ ရောက်ဘူးသမျှပြည်နယ်ထဲမှာ
    အကြိုက်ဆုံး(ပင်လုံသူလေးကိုသတိရလိုက်တာ)
    ညလေးက ဘယ်ကလဲသိချင်လိုက်တာ။(ပင်လုံသူတော့
    မဖြစ်ပါစေနဲ့။) ဟီးးး
    မတိထားကြောင်း သက်သေလိုချင်ပါဒယ်
    အလင်းစက် ရေ ။ကွိကွိကွိ

  • အရီးခင်လတ်

    June 26, 2013 at 3:11 pm

    မင်းမင်း ရေ မီးလာနေရဲ့လား ဟေ့။
    ကျယ်နိုင်သမျှ ကျယ် အောင် အော်ဖတ် ပါ။
    ကကြီးမိုက် “မီး” ကို ဆိုလိုခြင်းမဟုတ်။

    အထက်က ကိုယ်တော် ခရီး သည်ကြီး “အိုကြီးအိုမ” ဆိုတာ ဘယ်သူ တွေတုန်း။ တောက်စ် (စီအာ – ဂဂ)
    (ရှိစေတော့။ ဒီနေ့ အတွက် ဖောက်ခွဲ ဖို့ ပစ္စည်း ကုန် နေလို့ ရပ်ပြီ)
    😆

  • မင်းမင်း

    June 26, 2013 at 3:33 pm

    မီးကတော့ မိုးနတ်မင်းကြီးက
    မိုးရွာပေးမှ ပိုဆိုးနေတယ်
    အရီးလေးရေ။
    ၁ဝ တန်းစာမေးပွဲ ကို သတိရတယ်ဗျာ။

  • ဟေ့လူ …
    ဒီမှာ .. ဒီမှာ …
    ခင်ဗျား ကို ကျုပ် မအော်ဘူးနော့ ..
    ကျုပ်လည်း လာမအော်နဲ့ …
    ကြိုက်ဘူး ….. :mrgreen:

  • โทรศัพท์มือถือ

    June 26, 2013 at 4:29 pm

    ဖိတ်ခေါ်သည် ဖိတ်ခေါ်သည် အရောက်လာခဲ့ဖို့……..
    တို့များရွာက ဆရာတွေစုံညီ ………..
    တို့များရွာက ပညာရှင်တွေစုံညီ…………..
    ဒီမိုကရေဇီ အလှတရား ထွန်းကားတဲ့ပြည်…….
    ဒီမိုကရေဇီ ပညာရှင်များထင်ရှားခဲ့ပါသည်…………….
    ဒါဂ ဘာမှဟုက်ပါဘူး ချင်တွင်းအိုးစည် သီချင်းကို စာသားပြန်သွင်းကြည့်တာ…..
    xxxxxxxxxx
    ဖိတ်ခေါ်လို့လာခဲ့ပါတယ်ဗျာ…. ဒါပေသိ ဘာမှတော့ အထွေအထူးကိတ်စ မရှိပါဘူး…..
    ဘာမှဧည့်မခံပဲ ဖိတ်ခေါ်လို့ဒေါ့ စိတ်ဆိုးတယ်ဗျာ….. ပြန်လိုက်ပါအုံးမယ်နော…………

  • မင်းမင်း

    June 26, 2013 at 4:41 pm

    လာခဲ့လို့ မဟာရာဇာ အံစာတုံး (နာမည်ကလည်းရှည်ပါ့ ဟီးး)

    အဲ ကျန် ထိုင်းစာကြီးနဲ့ (မိုဘိုင်းဖုန်း)ထင်ပါရဲ့

    ကျေးဇူးပါဗျာ။

    • Khaing Khaing

      June 27, 2013 at 11:19 am

      မောင်မောင်အံ လို့ခေါ်လိုက်လေ … တိုတိုတုတ်တုတ်ပဲ …….. (တလွဲမတွေးရ)

  • ရွှေ ကြည်

    June 26, 2013 at 6:40 pm

    ဒီမယ် ကိုမင်းမင်း ခင်ဗျားကဘာတုန်းးးးးးးး :mrgreen:
    ကိုမင်းမင်းရေ အမှန်အတိုင်းပြောရရင် ဦးပါပို့စ်မှာ ကိုမင်းမင်း မန့်ကိုတွေ့တော့ ဒေါသထွက်တယ်ဗျာ
    ထွက်လို့လည်းကျုပ်နည်းနည်းကြမ်းကြမ်းလေးမန့်လိုက်မိတယ်။
    ဒါပေမယ့် တေးမှတ်မထားတတ်တာဒီရွာကသင်ပေးလိုက်တဲ့ဓလေ့မို့ အမှတ်မထားပါဘူး
    ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြတာပေါ့ နော
    ခင်မင်လျှက်
    မိရွှေကြည်

  • အနော်နဲ့တော့ သိပ်မပြောဖူးဘူးနော့..ဒါမယ့် ကွန်မန့်တွေ ဖတ်ရပါတယ်..
    ဂယ်တော့လေ..ဒီရွာမှာ..မငြင်းရရင်ကို ပျင်းစရာကောင်းတာ… :mrgreen:

  • Ma Ma

    June 27, 2013 at 7:03 am

    သဂျီးရဲ့ ငြင်းခုန်ခြင်းအနုပညာခေါင်းစဉ်အောက်မှာ ရွာသူားတွေက စည်းချက်ညီ ကနေကြတာပါ။
    (ဘာစည်းချက်လဲ တော့ လာမမေးနဲ့) :mrgreen:
    လေငြိမ်သွားရင် ပိုသာယာသလို…………
    ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတော့…….
    ရှေးကထက် ပို……..ချစ်ကြတယ် :hee:

  • kotun winlatt

    June 27, 2013 at 7:55 am

    ဟုတ်…… ငြင်းခုန်တယ်လို့ မတွေးချင်ပါဘူးးးးး
    ပြဿနာကို စားပွဲဝိုင်းပေါ်တင်ပြီးး ဆွေးနွေးတယ်လို့ပဲ ယူဆပါတယ်…
    မန်းးလေးးးလာရင် ဖုန်းဆက်လိုက်မယ်…..ပုန်းတော့ မနေနဲ့ဗျို့…။

  • kai

    June 27, 2013 at 8:32 am

    http://myanmargazette.net/62285

    ပွင့်လင်းသောနှလုံးသားဖြင့် ဆွေးနွေးငြင်းခုန်ခြင်းတို့တွင် “ရှုံးသူမရှိ။ နိုင်သူသာရှိ”သည်။
    လွတ်လပ်စွာ တွေးယူဖော်ထုတ် သဘောထားကွဲလွဲကြရင်း “ငြင်းခုန်ခြင်း အနုပညာ”ကို ခံစားကြပါစို့..။ ♦

  • kyeemite

    June 27, 2013 at 8:45 am

    ဖိတ်ခေါ်သည်ဆိုလို့ လာပါပြီဗျာ…
    ကိုမင်းမင်းရေ…
    ဒါကဒီမိုရွာပါဗျာ…ရွာမှာ
    လူမျိုးစုံ
    ဘာသာစုံ(ဘာသာမဲ့ပါရှိ၏ 😆 )
    အသက်အရွယ်စုံ
    ပညာရပ်စုံ
    နိုင်ငံစုံ
    ဆိုတော့ အယူအဆတစ်ရပ်ကိုတင်ပြလာရင်
    ဘယ်မှာအားလုံးသဘောတူမျှနိုင်ပါ့မလဲဗျာ..
    ဒါကြောင့်လည်း အမြင်မတူတာ၊ လက်မခံနိုင်တာရှိရင်
    ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ဝင်ဆွေးနွေး၊ ငြင်းခုံနေကြတာသဘာဝပါ
    တစ်ခုပဲ..ကိုယ်နဲ့အမြင်မတူ အယူအဆ မတူသူကိုလည်း
    လေးစားသမှုနဲ့ ယဉ်ကျေးစွာတုံ့ပြန်ငြင်းခုံကြမှာပဲလေ..
    ရိုင်းစိုင်းစွာတုံ့ပြန်သူအချို့လည်းရှိနိုင်တာပါပဲ..ဒါလည်းလူ့ဘောင်ကြီးရဲ့သဘာဝပေပဲ..
    ခင်ဗျားကိုချီးကျူးမိတာက ကိုယ့်ယုံကြည်ချက်နဲ့အမြင်ကို
    ရဲရဲ ထုတ်ဖေါ်ရဲတာကိုပဲ…လူများတိုင်းလိုက်မယောင်တတ်တာကိုရောပဲ
    ဒီအချက်ကိုကျုပ်တို့ အတုယူကြသင့်တယ်

    အတွေးအမြင်တွေရေးပါအုံးဗျာ..သဘောတူရင်ထောက်ခံဆွေးနွေးမယ်
    သဘောမတူရင်ဆန့်ကျင်ဆွေးနွေးမယ်..ဒါဗြဲ 😆
    ခင်မင်လေးစားလျှက်..
    ကြီးမိုက်။

  • မင်းမင်း

    June 27, 2013 at 9:11 am

    ဒီမနက် ကျနော်ပိုစ်မှာ နံပါတ်တိုးလို့
    လာကြသားပဲဆိုပြီး(မဖောက်ခွဲဘူးဟုယုံ
    ကြည်သည့်အတိုင်း)မန့်ထားပေးကြတာ
    တော်တော် လေးအားတက်စရာပါ။
    ရွှေကြည် / လုံမလေးမွန်မွန် / Ma Ma /
    Koutun Winlatt / Kai / Kyeemite
    ကျေးဇူးတင်ပါတယ်။
    လာမမန့်ပေ မဲ့ လာမန့်ပေးကြတယ်လို့ ကျန်
    ရွာသူ/သား အားလုံးကိုလည်း ကျေဇူးတင်ပါတယ်။

    ကျနော့်ကိုတော့ ညှာပါနော့်
    ကျနော်ကတော့ ဟီး ညှာဘူး ။

  • မင်းမင်း

    June 27, 2013 at 10:01 am

    အေးဗျာ

    ခင်ဗျားတို့လည်းသိချင်ကြမှာပဲ(တချို့ကသိပြီးသားဖြစ်မည်)

    ကျုပ်ကဘာလဲဆိုတာ။

    ကျုပ်လဲ ကိုယ့်ဟာကိုယ်ပြန်ကြည့်ဘူးတယ်။(စိတ်ကိုပြောတာ)

    အရင်ကတော့ဝတ်ရုံတခုကိုစွဲစွဲမြဲမြဲဝတ်ဘူးတယ်။

    ဒါပေမဲ့ကြာလာတော့အဲဒီဝတ်ရုံနဲ့ ကိုယ်နဲ့မသင့်တော်ဘူးဆိုတာ

    သိလိုက်ရတယ်။ဘာလို့လဲဆိုတော့ အဲဒီဝတ်ရုံက ဆောင်းတွင်း

    နဲ့လိုက်ဖက်ပေမဲ့ မိုးရွာရင်စိုကုန်တယ်။ နွေရာသီကျ ပူတယ်။

    ဒါနဲ့ဒီဝတ်ရုံကိချွတ်ပစ်တယ်။လိုက်ဖက်တဲ့ဥတုနဲ့အညီဝတ်ရုံကို

    ပြောင်းဝတ်တယ်။ ဘာဝတ်ရုံမှမလိုရင် တုံးလုံးပဲနေတယ်။

    ဒါကျနော့်ရဲ့ ခံယူချက်ကလေးပါ။(နိုင်ငံအရေးခံယူချက်ပေါ့ဗျာ။)

    နားလည်နိုင်ကြပါဗျာ။

  • Khaing Khaing

    June 27, 2013 at 11:15 am

    အော် … မင်းမင်းဆိုတာ … သများမီးဖွားနေတုန်း ရွာထဲအသစ်ဝင်ထားတဲ့ မန်ဘာတူပါရဲ့ … သများပို့စ်တွေမှာတော့ တွေ့နေလေရဲ့ သားကလေးနှစ်ယောက်အဖေဆိုလားပဲ …. နံမည်က ငယ်နေတယ် လူငယ်ထင်တာ အခုကော်မန့်တွေဖတ်မှ လူကြီးဖြစ်ပုံရတယ် … ဒါဆို ဦးလို့ပဲခေါ်ပါစေနော် … ဦးမင်းမင်း … မန်းလေးသားနောက်တစ်ယောက်ပေ့ါ … မန်းလေးက လူတွေ သိပ်ခင်ဖို့ကောင်းတယ် …… မန်းလေးလာလည်ရင် ခေါ်နော် ……….

    ပေါက်ကွဲတာတွေ ဖောက်ခွဲတာတွေတော့ သများမသိဘူး …. သများလည်း ရွာထဲမှာ တစ်ခါတစ်လေ ဖောက်ခွဲရေးသမား အဖျက်သမားဆို ပိုမှန်ပါလိ့မ်မယ် … (ဟီး … ဟီး …) သွားချီးနဲ့တောင် ရန်ဖြစ်ထားသေးတယ် …. ခုထိမခေါ်ဘူး ……..

    • e tone

      June 27, 2013 at 11:42 am

      မာမီဂ မီးဖွားနေရတာနဲ့ သွားတိုက်ဖို့ အချိန်မရဒေါ့ …… ချီးကပ်နေမှာပေါ့ကွီ … 😆
      တွားခိုင်ဂံ့ ပိုးပေါက်မချိ…. တိုးဂလိတ် …. တာမီးတို့ရဲ့ တွားဒေကို ကာဂွာယ်ပေးဗာဒယ် 🙄

      • Khaing Khaing

        June 28, 2013 at 1:49 pm

        တွား ဆရာဝန်ရဲ့ တွားတွေကိုရော ဘာနဲ့ကာကွယ်ပေးလဲဟင် ?

  • မင်းမင်း

    June 27, 2013 at 12:10 pm

    KhaingKhaing ရေ ကျေးဇူးပါ။

    ဦးတွေဘာတွေတပ်မနေပါနဲ့။ကြီးတာငယ်တာတွေက

    ပညတ်တွေပါ။ဒီနာမည်နဲ့ဝင်လာတာမို့ ဒီအတိုင်းပဲခေါ်နိုင်ပါတယ်။

Leave a Reply