ထိလွယ် ရှလွယ်

ムラカミJune 26, 20131min20613

 

 

kns

 

 

ထိလွယ် ရှလွယ်

အချစ်ဆိုတာ အခိုးအငွေ့ ဆိုရင်

ငါ့ရင်ဘတ်က အနှီ အခိုးအငွေ့တွေ ဖြည့်ထားတဲ့

ပူပေါင်းတလုံးပေါ့ နှင်းဆီ။

 

 

မင်းရဲ့ ဆူးဖျားတထောက်စာ ပြုစားမှုလေးလောက်နဲ့

ပေါက်ကွဲထွက်ရသလားရယ်လို့ ငါ့ကို

လူတွေပြက်ရယ်ပြုကြပါစေတော့။

 

 

တကယ်တော့လည်း

အခိုးအငွေ့ဆိုတာ ကိုင်တွယ်မဖမ်းဆုပ်နိုင်စကောင်းဘူးမလား

ဒီလိုပဲ အချိန်တန်တော့လည်း လွင့်ပါး ပျောက်ရှ….။

13 comments

  • ဦး ကျောက်ခဲ

    June 26, 2013 at 11:18 am

    ဒုံးယိမ်းတွေရင်ထဲရောက်လာတယ်… ကန္နားစီးလည်း ဒုံးယိမ်းကသလိုပဲ
    ရိုးသားတဲ့ ထွီဇာမလေးရယ်…. ပြေးနိုင်မှလွတ်မယ်ကွဲ့… အဟွတ် :mrgreen:

    • ကြက်အူလှည့်

      June 26, 2013 at 6:45 pm

      အူးလေး. ပါဠိကို အနက်မပြန်ပါနဲ့ အူးလေးရယ်.
      ဟို ကဗျာ ဓမြတွေ ရန် ကို မကြောက်မရွံ့ ရေးတင်ထားရတာပါ.

      အိုဘယ့် ကလိုင်းမက်စ်.

  • KZ

    June 26, 2013 at 12:12 pm

    ကတောက်!
    ဒါမိုးကျ ပြခန်းကို မပေးဘူးးးးး

    ကျောက်ပျင်ပေါ် ပြုတ်ကျလို့ ကွဲရတဲ့ အဟွာ အကြောင်းကို တင်စားပြီး ရေးပါးအူးလားးးးးး :mrgreen:

    ဟီးးး
    နောက်တာနော်။
    တမီးက ခုတလော အချစ်စာတွေ မခံစားနိုင်အောင်ကြမ်းတမ်းနေလွန်းလို့။ :mrgreen:

    ဒါနဲ့ ဒီ တစ်ယောက်ရော ဘယ်လောက် ကြာမတုန်းးးးး :mrgreen:

    • ကြက်အူလှည့်

      June 26, 2013 at 1:53 pm

      အန်ချင်တဲ့အချိန် အန်ပယဇီ ကွီ.

  • Shwe Ei

    June 26, 2013 at 5:01 pm

    မင်းခိုက်စိုးစန် ဒိုင်တေ….ချဉ်ထှာ……. :mrgreen:

    • ကြက်အူလှည့်

      June 26, 2013 at 5:47 pm

      နမိတ်ပုံလေးခုတွေ့ရင်ပြန်လာခဲ့ပေါ့ကွယ်

  • Wow

    June 26, 2013 at 6:06 pm

    ခုတစ်လော သူနူနေတယ်… အဲလေ.. နုနေဒယ်… :mrgreen:

    • ကြက်အူလှည့်

      June 26, 2013 at 6:32 pm

      ရေးမိတာ လက်ရှက်ပါတယ်ဗျာ. ဟိုကိုကိုကပိုနုနေလို့.
      ကွိကွိ

      ဒချိ. ဒချိ.

  • kyeemite

    June 27, 2013 at 9:23 am

    ချစ်သူကို စိတ်ကြိုက်
    ခေါင်းခေါက်လို ့ရွေးနိုင်သူရယ်
    ကိုယ့်ခေါင်းကိုနာနာလေးခေါက်လှည့်ပါကွယ်

    ကိုယ့်ခေါင်းမှာတဲ့ ဘုထွက်
    နာအောင်တဲ့ခေါက်နိုင်သူရယ်
    မင်းကိုလေ ကြင်မဝ
    ချစ်ခင်စမှာကွယ်

    ကြင်စမှာ မထင်ရတဲ့
    ဝင်လာသမျှ လောကဓံ
    ခါးစည်းလို့ခံ
    ခုတော့ဖြင့် ဘုထွက်သူမှာ
    ရှုရက်ဖွယ်မရှိ..ကျုပ်ပုံကိုကြည့်..ကွိ 😆

    • ကြက်အူလှည့်

      June 28, 2013 at 6:55 am

      အော် ..ချောက် အောက်က လူတွေက တော့ ဂလိုပဲ မခုန်ဖို့ အော်သပေါ့ ..
      ဘေးကြည့်တော့ ..အကုန် ခုန်ချကုန်တာ ..လူမကျန်တော့…
      :'(

      • Ma Ma

        June 28, 2013 at 7:13 am

        the blind man, no afraid ghost. 😆

Leave a Reply