ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၁) ကို ဖတ်ရန်

 

111

 

 

 

 

စွဲချက်
“ကမ္ဘာ ကြီးရဲ့ အိုဇုန်းလွှာ ပေါက် ပြဲ မှုအတွက်ဒီသတ္တ ၀ါကြီးကို ဒဏ်ခတ်ရမယ် ။ သဘောတူ ကြ ရဲ့လား”

စွဲချက်  အတင်ခံ ထားရသူ မှာ လေထဲ တွင်အသံ ထက် မြန်အောင် ပျံသန်းနိုင်သော လေယာဉ် ပျံ ကြီး ဖြစ်၏ ။

“တူ ပါတယ်”

အော် ဟစ်ထောက်ခံ လိုက် ကြသည့်အထဲ တွင်  (မြေပေါ်မှာ နှေးနှေးကလေး တွားသွားနေရသည့် ) လိပ်၊ ခရုနှင့်  ပက်ကျိ တို့ ၏ အသံ က အကျယ်ဆုံး  ဖြစ်လေသည်။

တာရာမင်းဝေ

===========================================================

0000

စွဲချက် ကို ခံစားခြင်း….

 

ကိုယ့်ထက်သာရင် မနာလိုဖြစ်တတ်တဲ့  သဘောတရားတစ်ခုကို… မြင်ရစေတဲ့  ၀တ္ထုတိုလေးပါ ။

ဒီ ၀တ္ထုတိုလေးကို  ဖတ်အပြီးမှာ…..  JEALOUS  ဆိုတဲ့ မနာလိုဝန်တိုမှု နဲ့  ပက်သက်ပြီး…. တောင်တောင်အီအီ လျှောက်တွေးမိပြန်ပါတယ် ။

——————————-

သူများမနာလို..ကိုယ် အကျိုးမရှိ  တဲ့…။

အဲဒီ စကားကို သေချာတွေးကြည့်ရင်…..သူများကို မနာလိုခြင်းဟာ…

ကိုယ် အကျိုး မရှိရုံမက….  အကျိုးပါ ယုတ်စေတယ်…ဆိုတာ သိနိုင်ပါတယ် ။

သူများကို မနာလို  ဖြစ်နေရချိန်မှာ… ကိုယ့် စိတ်ဟာ… ပူလောင် နေတယ် ။ လေးပင်နေတယ် ။  ပင်ပန်းနေတယ် ။

ထိုင်ရခက်   ထရခက်တောင် ဖြစ်ပြီး… ကိုယ့် စိတ်စွမ်းအင် ကို..တခြားအရေး ကြီးတဲ့ နေရာမှာ မသုံးရပဲ.. မနာလိုခြင်းထဲမှာ..ထည့် ဖြုးန်တီးနေသလိုပဲ. ။

ကိုယ့်ထက် သာတဲ့  အရာတွေနဲ့တွေ့ တဲ့အခါ….

ရင့်ကျက် ပြည့်ဝ သူတွေက  မုဒိတာပွါး ပါတယ် ။

မရင့်ကျက် မပြည့်ဝသူတွေ ကတော့…

အသာကိုတွေ့ ရင်….

မနာလို ဖြစ်ပြီး….

ဆွေ့ဆွေ့ ခုန်ပါတယ် ။

————————————-

ကျွန်တော့် ပတ်ဝန်းကျင်မှာ…..

ကိုယ့်ထက် သာရင်.. မနာလိုဖြစ်တတ်တဲ့   မနာလို စိတ်ထားနဲ့  လူ တချို့  ရှိပါတယ် ။

တကယ်တော့….

ရင့်ကျက် ပြည့်ဝ သူတွေဆိုရင်…. ကိုယ့်ထက် သာ တာကို တွေ့ တဲ့အခါ….. မနာလို ဖြစ်နေဖို့ .. အချိန်မရပါဘူး ။

ကိုယ့်ထက်… သာ သွားတာ..ဘာကြောင့်လဲ…..

ဘယ်လို အချက်က အားသာသွားတာလဲ..ဆိုတဲ့ … အဖြေကိ်ု ရှာ ရ….

ကိုယ် က ပြန် သာအောင်… ( ဒါမှမဟုတ် ) ကိုယ် က နောက်ကျ ကျန်ရစ် ကြီးဖြစ်မနေအောင်… ပြန်ကြိုးစား  အားထုတ်ရ နဲ့ ……

————————————–

မနာလို စိတ်တွေ ဖြစ်ပြီး… အတင်းအဖျင်းတွေ လျှောက်ပြောတာ …၊  မတရားတဲ့  စွပ်စွဲချက် တချို့ နဲ့  ဝေဖန် ရှုတ်ချ တာ…၊

သဘာဝမကျတဲ့   ခပ်တုံးတုံးစိတ်ထားကြီးနဲ့   ပူလောင်နေတာ တွေဟာ…

ခပ်ညံ့ညံ့ဗမာတစ်ယောက် ဖြစ်ဖို့ … အကြောင်းအရင်းတွေ ထဲက ….. တစ်ခုများလား….။

—————————-

နိုင်ငံရေး နယ်ပယ်ဖြစ်ဖြစ်….

လူမှုရေး နယ်ပယ်ဖြစ်ဖြစ်….

စီးပွါးရေး နယ်ပယ် ဖြစ်ဖြစ်…

ပညာရေး နယ်ပယ်တွေ ပဲ.ဖြစ်ဖြစ်…

အနုပညာ နယ်ပယ် ပဲ.ဖြစ်ဖြစ်…..

မရင့်ကျက် မပြည့်ဝသူတွေရဲ့ မနာလို ၀န်တို စိတ်ထားတွေကြောင့်

အရုပ်ဆိုး အကျည်းတန်မှုတွေ ဖြစ်ခဲ့တယ် ။

ကိုယ့်ထက်သာရင်… ရက်ရက်စက်စက် ချေမှုန်း သုတ်သင်တတ်ကြတဲ့  ဖြစ်ရက်တွေ.. ရှိခဲ့တယ် ။

ရှိနေတယ် ။

ဘာမှ မတက်နိုင်တဲ့အဆုံးမှာ….. ကိုယ့်ထက်သာ မနာလို  တဲ့ စိတ်နဲ့ …. ကိုယ့်စိတ်ကို ကိုယ် လောင်မြိုက်စေတတ်ကြတယ် ။

မနာလိုဝန်တိုခြင်းဟာ..

မကောင်းဆိုးဝါးတစ်ကောင်လိုပါပဲ ။

—————————————————————–

ဗမာပီပီ ယဉ်ကျေးရမယ်..ဆုတဲ့  ရင့်ကျက်ပြည့်ဝသူတွေ ရှိသလို…..

ဗမာပီပီပဲ… မနာလိုဝန်တို  သွေးထိုးတတ်တဲ့လူစားတွေလည်း… မကြာခဏ ကြုံတွေ့ ရတဲ့အခါ….

ကျွန်တော်.တို့  စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ် ။

သူတပါး က..ကိုယ့်ကို လာပြီး  မနာလိုဝန်တိုဖြစ်နေတာကို ခံရရင်လည်း…  စိတ်မသက်သာ ဘူး ။

ကိုယ်က  သူတပါးကို… မနာလိုသွား ဖြစ်မိနေရင် လည်း… ကိုယ့်မနာလိုစိတ်နဲ့ ကိုယ်  စိတ်မသက်သာပါဘူး…။

တကယ်တော့…….ဘယ်သူ့ မနာလိုမှုကိုမှ….. ဘယ်သူကမှ   မတွေ့ / မကြုံ  ရရင်  ပိုကောင်းမှာပါ…လေ.. ။

——————————————————————-

ကျွန်တော်ကတော့……

အခုက စပြီး….

သူတပါးကိုမနာလို မိတဲ့အခါ……ကိုယ့် မရင့်ကျက် မပြည့်ဝ မှု ကို ကိုယ်သိပြီး… သန့် စင်တဲ့စိတ်ထား ဖြစ်အောင်…. ပြန် ဖြည့် ယူတော့မယ် ။

သူတပါးက ကိုယ့်ကို မနာလို လာဖြစ်နေရင်လည်း….. သူ့ မနာလိုစိတ်နဲ့ …. သူ ပူလောင်နေတာကို… သင်ခန်းစားယူပြီး….

သူ့ လို…. မနာလို  စိတ်တွေနဲ့ … မပူလောင်ဖို့ …. ကြိုးစားပါ့မယ်…။

———————————————————————-

ပြဿနာတစ်ခုခု ဖြစ်တဲ့အခါ…..

ကိုယ့်သဘောထားများ..မှားနေသလားလို့ …

အရင်ဆုံး… ဝေဖန်  ဆန်းစစ်တာက ပိုသဘာဝကျပါတယ် ။

 

==========================================================

ဆရာတာရာမင်းဝေ ရဲ့  စွဲချက်ဆိုတဲ့  ၀တ္ထုတိုလေး ကိုဖတ်ပြီးချိန်မှာ…

ကျွန်တော် ဆက်တွေးမိတဲ့ .. အတွေးတချို့ ပါ ။

—————————–

 

လေးစားစွာဖြင့်….

အလင်းဆက်

 

—————————————————-

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉၇ / နိုဝင်ဘာလထုတ်

 

 

—————————————————–

 

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ့  နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ၀ါဒီတွေရဲ့  နည်းစနစ်လို့  သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ့  ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ့ …

အစက်အပြောက်လေးတွေနဲ့  ဖော်ဖောင်ပြခြင်းလို့ ….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ့  ၀တ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ့ ..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ့  စာသားတိုတို ၀တ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ့  ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ့  စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ့ အရေးကိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

 

==========================================

 

 

 

 

 

 

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .