မိုးတွင်းမှာ ကင်မလာမှိုမတက်အောင်

များသော အားဖြင့်တော့ ကင်မလာရှိတဲ့ သူတွေဟာ ဘယ်ရာသီပဲ ဖြစ်ဖြစ် ကင်မလာ ကို ကင်မလာ အိတ်ထဲ ပဲ ထည့်သိမ်းကြပါတယ်.. နွေဖက်ကတော့ ဘာမှ မဖြစ်ပေမယ့် မိုးတွင်းဖက်ဆိုရင် တော့ ဆန်ဆာ ကိုဖြစ်ဖြစ်၊ လန်းစ် ထဲကို ဖြစ်ဖြစ် မှိုစွဲဖို့ အခွင့်အရေးများပါတယ်.. မိုးတွင်းမှာ ဘယ်လိုထားသင့်တယ်ဆိုတာ အောက်မှာ ရေးထား (သူများပြောတာတွေ ကူးချထား) ပါတယ်..

ဒစ်ဂျစ်တယ် ကင်မရာတွေရဲ့ ပုံရိပ်အရုပ်ဖမ်းပေးတဲ့ စန်ဆာ မှာ မိုးတွင်းကာလတွေမှာ မှိုတွေတက်တပ်ပါတယ် ၊ စန်ဆာမှာ မှိုတက်တာနှစ်မျိုးရှိပါတယ် မျက်နာပြင်မှာ တတ်ရင်ဆေးကြောရနိုင်ပေမဲ့ စန်ဆာအတွင်းပိုင်းမှာမှိုတတ်ရင် ဆေးကြောဖို့ ခက်သွားပါသည်

 အဲဒီလို မဖြစ်အောင် ၊ ကြိုတင်ကာကွယ်ကြပါ၊ မိုးတွင်းဓါတ်ပုံထွက်ရိုက်ကြသူတွေ အိမ်ပြန်ရောက်ရင် ကင်မရာအိတ်ထဲမှာဘဲ အိတ်လိုက်သိမ်းထားကြပါတယ် ဒီလိုသိမ်းတဲ့အတွက် မှိုတတ်ကြရတာပါ ပုံမှန် လုပ်ဆောင်ရမှာက အိမ်ရောက်တာနဲ့ ကင်မရာအိပ်ထဲက ကင်မရာကိုထုပ်ပြီး ၊ သန့်ရှင်းရေး လုပ်ပြီး ရေငွေ့ စုပ်တဲ့ သေတ္တာ လေးထဲမှာ ထဲ့ထားရပါမယ် ၊ တန်ဖိုး တစ်သိန်းဝန်းကျင်လောက်ဆို ဝယ်လို့ရပါတယ် ၊ ရေငွေ့စုတ်တဲ့ သေတ္တာ မရှိသူတွေက လေလုံတဲ့ ပလပ်စတစ် ဗူး၊ လေလုံတဲ့ ပုံး တစ်ခုထဲ မှာ ဆန်သန့်သန့် ကို လှော်ပြီး အအေးခံပြီး ထဲ့ပါ ပြီးလျှင် အဝတ်သန့်သန့် ပါးပါးလေး ဆန်ပေါ်မှာခင်းပြီး ကင်မရာတွေ မှန်ဘီလူးတွေထဲ့ထားပြီး လေလုံအောင်အဖုံးပြန်ပိတ်ထားပါ ၊ လုံးဝ မှို မတက်ပါ ၊ တလတစ်ခါ  ဆန်လှော်ကိုလဲပေးရင်ပိုစိတ်ချရပါသည်ခင်ဗျား။ (by Ko Kyaw Thu)

Dry Cabinet
Dry Cabinet ကတော့ ဈေးနဲနဲကြီးပါတယ်.. ဒါပေမယ့် တကယ်ဈေးကြီးတဲ့ ကင်မလာ သိန်း ဆယ်ချီပြီး တန်တဲ့ ပစ်စည်းဆိုရင်တော့ သုံးသင့်ပါတယ်.. အနည်းဆုံး တစ်သိန်းခွဲ လောက်ရှိပြီး လျှပ်စစ်ပေးထားရတဲ့ အတွက် စိတ်ချရပါတယ်.. အဲစိတ်မချရတာက မီးပျက်သွားရင်…
Dry Box

 Dry Box ကတော့ မီးတွေဘာတွေနဲ့ ချိတ်ထားစရာ မလိုပါဘူး.. ဒါပေမယ့် တချို့ တွေမှာ Silica Gel ဘူးလေးပါပါတယ် အဲဒါလေးကို အရင် မီးထိုးပြီး အပူပေးရပါတယ်.. ပြီးရင် အထဲကိုထဲ့ပြီးဘူးကို ပိတ်ထားရပါတယ်..   ဈေးကတော့ ၄၀၀၀ဝ ကနေ ၆၅၀၀ဝ လောက်ရှိပါတယ်..

Air Tight Box (photo by Escap Villno)

Air Tight ဗူးလေး က Capital Hypermart မှာ ဝယ်လို့ရပါတယ် ..ပုံစံကတော့ ကင်မရာအတွက် သီးသန့်ထုတ်ထားတဲ့ ပုံပါ …Camera & Lens 4 လုံးလောက်ဆန့်ပါတယ် .. 11000 လောက်ပဲရှိပါတယ် (by Escap Villno)

Silica Gel (Photo by Min Htet)

Silica Gel : ၃၄ လမ်းအပေါ်ဘလောက်က Royal မှာရှိပါတယ်။ တစ်ပေါင်ထုပ်ကို ၂၀၀ဝ ကျပ်ပေးရတယ်။ Silicon လို့မပြောနဲ့ ကိုယ်ကို အရူးလိုကြည့်လိမ့်မယ်။ Silica Gel လို့ပြောဝယ်။ (by Zar Ni Ko Ko )

 Mandalay  ၂၈ လမ်းလား ၂ရမှာလားမမှတ်မိတော့ဘူးအကယ်ဒမီကြွေဂျီးချွတ်ဆိုတဲ့ဆိုင်ရှိတယ်ဗျ။အဲ့မှာတစ်ပေါက် ၇၀ဝကျပ်နဲ ့ရပါတယ် (by Tin Htut)

  လေလုံတဲ့ ပုံးခွံလေးတစ်ခုထဲမှာထည့်ပြီး 5W မီးသီးတစ်လုံးထွန်းထားပေးလိုက်ပါ…လွယ်ပါတယ်..moisture ကာကွယ်ဖို့ မဟုတ်လား.. .ဈေးအသက်သာဆုံးနည်းလမ်းဘဲ (by Si Thu)

15 comments

  • မိုးတွင်းမှာ ..
    ကင်မလာ မှိုမတက်အောင်ဒေါ့ ဟုတ်ဘီ …
    ကျန်ဒဲ့ ကျန်ဒဲ့ ဟာဒွေ မှိုမတက်အောင်ရော ဘိုလုပ်ရမဲ ခည …
    ဥမပါဗျာ …
    ဟို အိတ်ထဲ ထည့်သိမ်းထားရတတ်တဲ့ အရာတစ်ခုပေါ့ …

  • မင်းမင်း

    June 27, 2013 at 2:32 pm

    ဆရာ ပြောမှ ကင်မရာမှိုတတ်တာသိရတယ်။

    ကျနော်တို့တော့ မသိပါဘူးဗျား။တခါတလေ ဒီတိုင်း

    ပစ်ထားတာ။ဘက်ထရီတွေဘာတွေတောင်ဒေါင်းလို့။

    ကျေးဇူးပါဗျာ။

  • Ma Ma

    June 27, 2013 at 4:10 pm

    မိုးတွင်းမှာ ကင်မရာကို ထုတ်ရိုက်ဖြစ်မှ မှိုတက်နိုင်တာလား။ ထုတ်မရိုက်ဖြစ်လဲ မှိုတက်နိုင်သလား သိချင်ပါတယ်။ ပြောပေးပါအုံး။

    • ဂန္ဓာရီ ဆြာအုပ်

      June 27, 2013 at 4:15 pm

      ထုတ်ရိုက်ရိုက်၊ မရိုက်ရိုက် စွဲနိုင်ပါသဗျို့.. များသောအားဖြင့် လန်းစ်တွေထဲမှာ မှိုကပ်နေတတ်တာ များပါတယ်.. သာမန်အားဖြင့် နဲတယ်ဆိုရင် မမြင်ရပါဘူး.. မှိုက ပင့်ကူမြှင်လေးတွေလို ပါ.. ရိုက်ပြီးကြည့်မှ ဖိုးကပ်မပြတ်တာတွေ ဝါးနေတာတွေ ဖြစ်တတ်ပါတယ်
      http://farm4.static.flickr.com/3045/2982346009_a4d7a76208.jpg

      • Ma Ma

        June 27, 2013 at 4:21 pm

        သိုင်းကျူးဆြာအုပ်။
        ပျင်းပျင်းနဲ့မို့ မိုးတွင်းမှာ ကင်မရာထုတ်မရိုက်ပဲ ဒီအတိုင်းထားလို့ ရမလားလို့ အပျင်းနည်းနဲ့ မေးလိုက်တာ။
        ဒါဆို Silica Gel လောက်တော့ သွားဝယ်အုံးမှပါပဲ။ :mrgreen:

        • padonmar

          June 27, 2013 at 9:48 pm

          လူကြုံမှာမယ်
          Silica Gel တစ်ထုပ်လောက် ပိုဝယ်ခဲ့။
          (ဆေးပုလင်းတွေထဲပါတဲ့ Silica gel တွေ ရော သုံးလို့ ရတယ်မလား)

  • โทรศัพท์มือถือ

    June 27, 2013 at 4:19 pm

    ကိုစာအုပ်ပြောမှပဲ ကင်မလာ မှိုတက်တတ်တယ်လို့သိတော့တယ်ဗျာ….
    ဗဟုသုတရတယ်ဗျာ………
    ကျုပ်ကတော့ ကင်မလာ မှိုမတက်အောင် မိုးတွင်းဆိုရင်
    အရက်ပျံထဲထည့်စိမ်ထားတယ်…………………

  • lele kyi

    June 27, 2013 at 5:22 pm

    မှတ်သားသွားပါတယ်ဆြာအုပ်။ ဟိုတနေ့ကလေးတင်သူငယ်ချင်းတစ်ယောက်ကိုနောက်နေသေးတယ်။ သူ့ကင်မလာကိုရေခဲသစ်တာထဲထဲ့ထားတယ်ဆိုလို့။အဲဒီ Dry Cabinet ကိုပြောတာဖြစ်မယ်။ ဟီးး
    ကျမ ကင်မလာလဲမှိုတက်တာလားရေဝင်တာလားတော့မသိဘူး။ ညပုံတွေရိုက်ရင်ဘယ်ကအဝိုင်းအဝိုင်းတွေလဲမသိဘူးဝင်နေတယ်။ပြောတော့ရေစိုခံ။ရေအောက်ရိုက်လို့ရ။ဖုန်မဝင်။ဘလာဘလာနဲ့။

    • ကြက်အူလှည့်

      June 27, 2013 at 5:27 pm

      It’s called Flare.
      🙂
      Sometimes flares are da beauty of da pic

      :mrgreen:

  • Mr. MarGa

    June 27, 2013 at 8:38 pm

    အခုမှ ကြားဖူး တော့တယ်
    မှတ်သွားဦးမှ
    ကွိကွိ

  • ဦး ကြိမ်

    June 29, 2013 at 12:07 pm

    ဆြာအုပ်ခင်ဗျား
    ကျွန်တာ်ကင်မရာ တလုံးလောက်ဝယ်ချင်ပါသည်
    ဈေးအရမ်းကြီးတာတော့မတတ်နိူုင်ပါ
    အပျော်တမ်းရိုက်ရန်အတွက်ဖြစ်ပါသည်
    မည်သည့်အမျိုး အစားကိုဝယ်ယူသင့်ကြောင်း ကျေးဇူးပြု၍
    လမ်းညွန်ပေးပါ…။

  • ဦး ကြိမ်

    June 29, 2013 at 9:13 pm

    ကျွန်တော့ အခက်အခဲကို
    ယုံကြည်အသိအမှတ်ပြု လမ်းညွန်ပေးလို့…….ပိုစ်ပိုင်ရှင်ဆြာအုပ်နှင့်..မမကိုအထူးတလည်
    ကျေးဇူးတင်ပါသည်……။ဦးကြိမ်

  • padonmar

    July 4, 2013 at 10:20 pm

    စာအုပ်စကားနားထောင်တယ်။
    Air tight container with handle ဆိုတာလေး ဝယ်ပြီးသိမ်းလိုက်ပြီ။
    လိုက်လုပ်တတ်တာ ဒါပဲရှိတာကိုး။

Leave a Reply