မကုန်မခမ်း မေတ္တာပန်း

111

” ကိုဟန်သိန်း .. ရှင် မနက်ကျရင် အကြော်စုံ အခုနှစ်ရာ သွာေးပးရမယ်နော် ။ ”

အော်..အင်းး.. ”

မနက် ကြက်သွန်ကြော်..ကြော်ဖို ့.. ကြက်သွန်နီ လှီးနေရင်း ပြောလိုက်သည် ။

“တော်ကြာ အိပ်ရာ ထ နောက်ကျနေဦးမယ်တော့် ”

” ငါ ့ အလုပ် ငါသ်ိပါတယ် ..မိသန်းအေး ရယ်.. နင် လုပ်စရာ ရှိတာ လုပ်ပြီး..အိပ်တော့ ကြားလား ”

ကို်ဟန်သိန်း ၏ မိန်းမ အသံ တိတ်သွားလေသည် ။ ကို်ဟန်သိန်းကတော့.. ကြက်သွန်လှီး ရင်း အတွေးများကို ဖြန့်ကျက်လိုက်သည် ။
သူနဲ ့ မိသန်းအေး.ညားပြီးတော့.. ကလေး လေးယောက် ထွန်းကားသည် ။ ကိုဟန်သိန်းက တောသားဆိုတော့.. ဘယ်လို အလုပ်မဆို လုပ်ကိုင်သည် ။
ဒါ့ကြောင့် မိသန်းအေးက အားကိုးရှာသည် ။ ရွာမှာ နေရင်တော့ ဘာမှ မဖြစ်လာမှာမဟုတ် ဟု.. မိသန်းအေးနှင့်တိုင်ပင်ကာ.ကလေး လေးယောက်ကိ်ု လက်ဆွဲပြီးမြို ့တက်ခဲ့သည် ။

မွေးထားတဲ ့ကလေးတွေက.. ရုပ်ရည် သန့်သန့်ပြန့်ပြန့်နှင့် ချစ်စရာကောင်းသည် ။
အကြိီးဆုံးယောကျာ်းလေး တစ်ယောက်တည်းမို ့ အလိုလိုက် အချစ် ပိုရသည်က ဥိးဟန်သိန်းပင် မဟုတ်ပါလား ။ မိသန်းအေးက တော်တော် ကိုန်သိန်းက ပိုပို.ဖြစ်ခဲ့သည် ။

ငါ့သားလေး တော်လှ တော်လှ စကောကို စီယာတိုင် အမှတ်နဲ ့ ကားမောင်းထွက်သွား သည် ။ မိန်းမ ခိုးသွားပြီ ဆိုတဲ ့ သတင်းက ဦးဟန်သိန်းအတွက် ရင်မောရလေသည်။

မိသားစု တက်ညီလက်ညီနဲ့ဈေးရောင်းနေတဲ့ အချိန်..မိသားစု စိုစိုပြေပြေနဲ ့ ကြွေးကင်းကင်း နေနိုင်ပြီလို ့တွေးထားတဲ့ ဦးဟန်သိန်းနဲ့ဒေါ်သန်းအေး ရဲ့အဖြစ်က
ခုတော့… မိန်းမ အပ်ပေးရန် မင်္ဂလာဆောင်ပေးရန် သားတော်မောင်က တောင်းဆိုခဲ့ချေပြီ ။

သားကိုချစ်တာက တမျိုး.. သားသမီးချင်းကိုယ်ချင်းစာနာတာက တစ်ကြောင်း.. ကိုဟန်သိန်း အကြွေးပတ်လည် ဝိုင်းရချေပြီ ။
ဒီ ပိုက်ဆံတွေက ကိုဟန်သိန်းခေါင်းပေါ် ရောက်လာခဲ့ချေပြီလေ ။

သားအတွက်… ကိုဟန်သိန်း အပြုံး မပျက်ခဲ့ပါ ။ မင်္ဂလာဆောင်ပြီး.သိပ်မကြာခင်..ချွေးမရဲ့ပူဆာမှုကြောင့် သားတော်မောင်က အိမ်ခွဲနေရန်.ပြောလာပြန်တော့.
သားအတွက် အိမ်ငှား ရန် စပေါ်တင်ရပြန်သည် ။ တကယ်တမ်း ကို်ဟန်သိန်းတို ့ကလည်း.. အိမင်ငှး ဘဝမှ မတတ်နိုင်ရှာပေ. ။
အိမ်ခွဲနေမည် ဆိုတော့. မိသန်းအေး ခမျာ မျက်ရည်နှင့်မျက်နှာ.. မတတ်နိုင်ရှာပါ ။

နို ့ညှာသမီးတစ်ယောက်ကို မန္တလေးက ကောင်လေးနှင် ့ အိမ်ထောင်ကျပြန်တော့ မရှိ ရှိတဲ့ကြားက မိဘတို ့ဝတ္တရားအတိုင်း
မန္တလေးသို ့သွားရပြန်သည် ။

ကိုဟန်သိန်းနှင့် မိသန်းအေးတို ့..ကြုံရာကျပန်း လုပ်ကိုင်ရင်း..တစ်နှစ်ကြာတော့.. အလတ်မ ကယောကျာ်း ယူပြန်ရော ။
ယောကျာ်းလေး ဘက်က မင်္ဂလာကိစ္စ ကို အစစအရာရာ တာဝန်ယူတော့ ကိုဟန်သိန်း သက်ပြင်းကို ခပ်ဖွဖွ ချရပြန်သည် ။

ယောက်ျားရ သွာေးပမယ့် မိဘနဲ့အတူတူ လုပ်ကိုင်စားသောက်ရှာတော့ တော်သေးတယ်..လို ့ပြောရရှာသူက မိသန်းအေးပင် ။
သားကြီး..အဆင်ပြေနေတယ်လို ့ကြားရပြန်တော့ကိုဟန်သိန်းတို ့ လင်မယားကတော့. ပီတိစားမြဲ..။

အလုပ် လုပ်ရင်း. အငယ်မက ယောက်ျားနောက်လိုက်သွားပြန်တော့.မိသန်းအေးက မျက်ရည်တရွဲရွဲ နှင့် ။
ဒါက်ို ကိုဟန်သိန်းက…
” နေပါစေ.ခွေးဖြစ်ပါစေ.မေ့ထားလိုက်.. ” လို ့ ပါးစပ်ကသာပြောသာပြောရ.. ရင်ထဲမှာတော့ မီးတောက်နေပြီပဲ. ။

သားသမီးတွေအားလုံး. အိမ်ထောင်ကျကုန်တော့ မြေးတွေ တိုးလာပြန်သည် ။
သားကြိ်ီင်္းက ဝန်ထမ်းအလုပ်လုပ်ရင်း..ကလေး လေးယောက်ရနေပြီ ။ အလတ်မက နှစ်ယောက်။
နှို့ညှာက နှစ်ယောက် ။ အငယ်ဆုံးက နှစ်ယောက် ။
မြေးဆယ်ယောက်ကြားက ကိုဟန်သိန်း ။
သားအချစ်မြေးအနှစ်ဆိုတာ.. ကိုဟန်သိန်းနဲ ့မိသန်းအေးအတွက် ထားခဲ့တဲ့စကားပုံလား..ဟုပင် တွေးစရာပါ ။

ဒါတောင် နို့ညှာလေးက မန္တလေးမှာ.. နှစ်နှစ်လောက်မှ တစ်ခါ လာနိုင်သူဖြစ်သည် ။ ကိုဟန်သိန်းတစ်ယောက် ပရိဒေဝ မီးတောက်လောင်ပြန်သည် ။
သားကြီင်္းက ပြည်သူပိုင် ပစ္စည်း ခိုးမှု နှင့်ထောင်ကျ ပြန်တော့ ချွေးမ က လိုင်းခန်းက ဖယ်ပေးရလို ့နေစရာမရှိပေ ။

ဒါကြောင့် ချွေးမနဲ ့မြေးလေးယောက်ကို အိမ်မှာခေါ်ထားကာာ ရှာဖွေ ကျွေးမွေးရသည်က တမျိုး …
သားအတွက် ထောင်ဝင်စာ သွားတွေ ့ရသည်က တစ်ဖုံ ။
ခါးသီလှတဲ့ လောကဓံ ကို ရင်ဆိုင် နေထိုုင်ရသည်ကို မမှုတော့ချေ ။

သားတစ်ယောက်ကလွဲပြီး.မိသားစု စုံစုံညီညီ ရှိတုန်း ..တိုက်ဆိုင်တာက..ဦးဟန်သိန်း ရဲ ့မွေးနေ ့မှာ..မြေးတွေနဲ ့ သမီးတွေကို ကျွေးချင်ဇောနဲ ့
မုန့်ဟင်းခါး ချက်ကျွေးပါသည် ။

ဟင်းရည်အိုးက ပွက်ပွက် ဆူနေတဲ့အချိန်…ကိုဟန်သိန်းက ရေချိုးနေတဲ့အချိန်…
ကိုဟန်သိန်း ရဲ ့မြေးနှစ်ယောက် ကန်ထည့်လိုက်တဲ ့ ဘောလုံးက ဟင်းရည်အိုးကို တန်းခနဲ ဝုန်းခနဲ.အမှောက်ပေါ့ ။
ဒါက်ုရေချိုးရင်းနဲ ့က
” ဟေ ့ ဘာဖြစ်တာလဲ… ”
မေး ရင်း..ထွက် အကြည့်…
“ဟာ..ဟင်းရည်အိုးတော့ ကုန်ပြီဟေ ့ ။ ဒါနဲ ့ ဘယ်ခလေးကို ထိမိသွားသေးလဲ…”
ဆိုတဲ့မေးခွန်းက တပြိုင်တည်း..ထွက်လာသည် ။
မွေးနေ့ပွဲ ပျက်သွား တာတောင်.. သားသမီး.မြေးတွေအပေါ် မေတ္တာမပျက်တဲ ့ကို်ဟန်သိန်းတစ်ယောက်..
သားသမီးမြေးတွေက မွေးနေ ့အတွက် ကန်တော့တာကို ခံယူရင်း ပြုံးပြုံးကြီး..ဆုတွေ တသီတတန်းပေးလျက်
သားသမီးမြေးတွေအပေါ်….
မေတ္တာပန်းများ.. ပွင့်ပြီင်္း ရင်းပွင့်နေရှာပါတယ် ။

ကိုဟန်သိန်း အတွေးမှ လန့်နို်းတော့….ည တစ်နာရီ ကျော်နေပြီ ။
မိသိန်းအေးကတော့… အိပ်မောကျလျက်…။
အင်… မနက် စောစော ထရမှာ မို ့.ကိုဟန်သိန်း အိပ်ရာထဲကို ဝင်လိုက်ရင်း…
သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချ လိုက်မိပါတော့တယ် ။

ဟင်းးးးးး

===========

ချစ်ခြင်းမေတ္တာဖြင့်

မိုးမင်းသား

25 .6 .2013 . ရေးဖွဲ ့ ခံစားပါသည် ။

10 comments

  • kyaw hteik

    June 27, 2013 at 11:10 pm

    ​လောကရဲ့ ဘဝအ​မော​တွေကို ​တင်​ပြသွားတာ အလွန်​​ကောင်​းပါတယ်​။
    တရားရှုမှတ်​ရင်​ ဘဝအပူမီး​တွေကို ​ကျော်​ဖြတ်​နိုင်​ကြပါ​စေလို့ ဆန္ဒပြုပါတယ်​။

  • စုန်ရေ ဆိုတာမျိုးပေါ့ဗျာ …
    တင်ပြသွားပုံလေး ကောင်းတယ် …
    “ငါ့သားလေး တော်လှ တော်လှ စကောကို စီယာတိုင် အမှတ်နဲ ့ ကားမောင်းထွက်သွား သည် ။”
    ဆိုတာတော့ …
    ခုမှ ကြားဖူးတယ် .. မိုက်တယ် …

  • KZ

    June 28, 2013 at 11:55 am

    ဖတ်ရင်း ဖိုးဖိုးကို လွမ်းတယ်။ 🙁

  • ဦးဦးပါလေရာ

    June 28, 2013 at 12:32 pm

    ဘဝဆိုတာ ဒီလိုပါပဲ…
    ဒီလိုပဲ တဖဲ့ဖဲ့ ပေးဆပ်ရင်း အချိန်တွေ ကုန်သွားတော့တာ…
    ကိုယ့်သားသမီးတွကျတော့လဲ သူတို့ရဲ့သားသမီးတွအတွက်ပေးဆပ်ကြရတာနဲ့
    ကိုယ့်ဖက်သိပ်မလှည့်နိုင်တတ်တာ သဘာဝပါပဲ..။

  • မင်းမင်း

    June 28, 2013 at 4:09 pm

    ကျနော့်သားတွေလဲ

    ဘယ်လို တွေးထားကြမလဲမသိ!!!!!!

    ချွေးမ အလိမ္မာ လေးတွေနဲ့ တွေ့ကြပါစေလို့

    ဆုတောင်းရင်း ဘဝကိုရှေ့ဆက်နေရတယ်။

    ဆင်းရဲ ချမ်းသာ အဆင်ပြေ မပြေ ထည့်မတွက်ပါဘူး ဗျာ ။

    အဓိက ကစိတ်ချမ်းသာ ဖို့ပဲမျော်လင့်ရတာပဲ ။

  • မိုး မင်းသား

    June 28, 2013 at 7:42 pm

    ကိုကျော်ထိုက်ရေ………

    ဇာတ်ကောင်ထဲမှာပါတဲ ့…ကိုဟန်သိန်းကိုယ်စား..ပေးတဲ ့ဆုနဲ ့ပြည်ပါရစေလေ….

    ကျေးဇူးတင်ပါတယ်ခင်ဗျာ……
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ဒညင်းဝက်…ဖတ်သွားတာသိရလို ့…ကျေးကျေးလေ..နော ့
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ညီလေးအံဇာရေ……..

    ဖြစ်ညှစ်ပြီးရေးထားရတဲ ့…စာသားတွေမို ့အဆန်းဖြစ်တာနေမှာပါလေ…….

    မိုက်တယ်လို ့ချီးမွှန်းထားတာကိုတော ့…မခံယူဝံ ့ပါ…..

    ကြိုးစားပါဦးမယ်လေ…နော်……
    ———————————————————————————————————–
    ခိုင်ဇာရေ……သတိတရဖြစ်အောင်…လုပ်ပေးသလိုဖြစ်သွားတာလား……

    ဖတ်သွားတာသိရလို ့ကျေးဇူးတင်ပါတယ်ခိုင်ဇာရေ…….
    ——————————————————————————————————–
    ဦးဦးပါလေရာရေ……

    ခံစားပြောကြားတာကို….ကျေးဇူးတင်ပါတယ်ခင်ဗျ…….

    ကြိုးစားပါဦးမယ်……
    =========================================================

    မင်းမင်းရေ…..

    ဟုတ်ပါ ့ဗျာ….ဆင်းရဲတာ..ချမ်းသာတာ…အဓိကမဟုတ်ပါဘူးနော်….

    စိတ်ချမ်းချမ်းသာသာလေးနဲ ့နေထိုင်ရတာကအဓိကလေ…..

    အဲဒီလိုနေနိူင်ပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်……

    ကျေးဇူးလည်းတင်ပါရစေ……ကျန်းမာ..ချမ်းသာပါစေခင်ဗျာ……

  • uncle gyi

    June 28, 2013 at 11:24 pm

    သားသမီး၄ယောက်
    မြေး၁ဝယောက်
    အာပါးပါး
    တကယ့်ကိုမကုန်ခမ်းနိုင်တဲ့
    မေတ္တပန်းကိုး

  • Mr. MarGa

    June 29, 2013 at 5:20 pm

    အရေးအသားနှင့် တင်ပြပုံ နှစ်ခုလုံးကနေ မိဘမေတ္တာကို ခံစားမိပါတယ် ကိုရင် မိုးမင်းသားရေ့
    ကျန်တာကတော့ မပြောတတ်လို့ မပြောတော့ဘူးဗျာ 😆

  • မိုး မင်းသား

    June 29, 2013 at 7:38 pm

    ဦးလေးကြီးရေ……

    ပြောမယုံ..ကြုံဘူးမှသိမှာလေဆိုတဲ ့အတိုင်း…..

    ဒါလေးကကျွန်တော ့ပါတ်ဝန်းကျင်မှာတကယ်ရှိခဲ ့တာပါ……

    သူ ့ကိုလေးစားတဲံ ့အနေနဲ ့တင်ပြလိုက်တာပါခင်ဗျာ…..
    ——————————————————————————————————————–
    အူးဂရေ….မိဘမေတ္တာကိုခံစာနားလည်ပေးတဲ ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ……

    ကျေးကျေးပါဗျ……

Leave a Reply