ကင်မလာ နဲ့ ဆီလီကာ

ကင်မလာကို ဘယ်ထဲ ထည့်ရမလဲတော့ ရှေ့ပို့စ် မှာ ပြောပီးသွားပေမယ် ဘယ်လို ထားရမလဲ မပြောရသေးလို့ …  ရှေ ပို့စ်ကို  ဖတ်ပြီး လိုက်လုပ်မယ်ဆိုတဲ့ သူတွေအတွက်ပါ

ံHydrometer

၁။ Dry Cabinet မှာ ထားတာကတော့ ရှင်းပါတယ်။ ထဲ့ပြီး ပလပ်ထိုး hydrometer လေးကြည့်ရုံပါပဲ။

၂။ လေလုံတဲ့ သေတာ ထဲထဲ့ပြီး မီးလုံးလေးထွန်းမယ် ဆိုရင်တော့ မီးလုံးနဲ့ အရမ်းကပ်မနေအောင် သတိထားပါ.. အရမ်းပူရင် ဆားကစ်တွေ ပြသနာ ရှိနိုင်ပါတယ်။

Dry Box

၃။ Dry Box ထဲမှာ ထားမယ်ဆိုရင်တော့ တချို့ တွေမှာ silica gel ဘူးလေးပါပါတယ် မီးထိုးထားပါ.. ၂ နာရီလောက်နေရင် ဘူးထဲထည့်ပြီး ဘူးမှာ လှည့်ပီး ဖွင့်ရတဲ့လေပေါက် လေးပါပါတယ်.. အဲဒါလေးကို ခဏ လောက်ဖွင့်ထားပြီး နာရီဝက်လောက်ဆိုရင် ပြန်ပြီးပိတ်လိုက်ပါ hydrometer မှာ ၄၀-၅ဝ လောက် ဆိုရပါပီ

Silica Gel (Photo by Min Htet)

၄။ဒါမှမဟုတ် ရိုးရိုးလေလုံတဲ့ ဘူးထဲမှာ ထားမယ်ဆိုရင်တော့ ဒီအတိုင်းမထားပါနဲ့  silica gel ဝယ်ပါ.. ပြီးရင် ကို ဒယ်အိုးနဲ့ လှော်ရင် လှော် ဒါမှမဟုတ်  hair dryer နဲ့ မှုတ်ပါ.. ဒါမှမဟုတ် microwave oven ထဲမှာ medium temprature  လောက်နဲ့ ၃ မိနစ်လောက် ထဲ့ပြီး အပူပေးပါ

 ပူသွားရင် gel လေးတွေ အပြာလိုလို ခရမ်းလိုလို အရောင်ပြောင်းသွားပါလိမ့်မယ်..။ ပြီးတော့မှ အိတ်ကလေးထဲဖြစ်ဖြစ် ထဲ့ပြီး ဘူးထဲထဲ့ထားပါ။ ပူနေတုန်း မထည့်ပါနဲ့ ခဏလောက် အ အေးခံပီးမှထဲ့ပါ။

 . ကြာသွားလို့ gel လေးတွေ အဖြူရောင် ပြန်ေပြောင်းသွားပြီ ဆိုရင် ပြန်ထုတ်ပြီး အပူပြန်ပေးပါ..

 သိန်းကျော်တဲ့ ကင်မလာတွေအတွက် သောင်းဂဏန်း၊ ထောင်ဂဏန်းလောက် ကလေးနဲ့ ကာကွယ်ထားသင့်ပါတယ် ..

8 comments

  • kyaw hteik

    June 27, 2013 at 10:59 pm

    အသိဓာတ်​ပုံ ဝါသနာရှင်​က အခြားပစ္စည်​းမရှိရင်​ ​လေလုံတဲ့ပုံး (ခ)​သေတ္တာထဲမှာ
    ဆန်​အနည်​းငယ်​ကို ​လှော်​ပြီး အ​အေးခံ၍ ပုံးထဲကိုထည်​့ပါ။အ​ပေါ်ကအဝတ်​စ ပါးပါးခင်​းပြီ ကင်​မရာ​၊မှန်​ဘီးလူး
    စသည်​တို့ကိုထည်​့ပြီး အဖုံးက်ိုလုံ ​အောင်​ပိတ်​ပါ။တစ်​လ တစ်​ခါဆန်​ကိုလဲ​ပေးပါက မှိုတက်​ခြင်​း​ဘေးမှ
    ​ဝေးရ​စေမယ်​လို့ သိရပါတယ်​။

  • kyaw hteik

    June 27, 2013 at 11:23 pm

    ဒီပို့ဖတ်​ပြီးမှ မိုးတွင်​းမှာကင်​မရာမှိုမတက်​​အောင်​ပို့ ဖတ်​မိပါတယ်​။အဲဒီမှာ​ဖော်​ပြထားတာကို မသိလို့အ​ပေါမှာ
    ကွန်​မန်​့​ပေးမိတာ ​တောင်​းပန်​ပါတယ်​ ခင်​ဗျာ။

  • Ma Ma

    June 28, 2013 at 7:05 am

    Thank you for your detail discussion Sir Oat. 😀

  • အလင်း ဆက်

    June 28, 2013 at 9:05 pm

    ဗဟုသုတ ရတယ်ဗျ.။

    အရင် ပိုစ့် ပြန်သွံား ဖတ်အုံးမယ် ။

  • Mr. MarGa

    June 29, 2013 at 5:07 pm

    မှတ်ထားတယ်
    မှတ်ထားတယ်
    မှတ်သွားတယ် ဗျို့ :mrgreen:

  • ဦး ကြိမ်

    June 29, 2013 at 9:53 pm

    သိရှိသူဆရာသမားအပေါင်းတို့ခင်ဗျား……
    sony cyber shot နှင့် canon power shot ဘယ်ဟာပိုကောင်းပါသလဲ
    ဈေးနူံး မည်မျှကွာခြား ပါသလဲ
    ပြောပြပေးပါအုံး………….။

    • ဂန္ဓာရီ ဆြာအုပ်

      July 1, 2013 at 9:14 am

      ဘယ်မော်ဒယ်ကို ပြောတာလဲဗျ.. မော်ဒယ်လေးပါမှ ကြည့်ပြီးပြောလို့ရမှာပါ

Leave a Reply