အချပ်ချပ် မှောက်တဲ့ ကစားပွဲ

ムラカミJune 28, 20131min31328

 

၁။ အညှီအဟောက်ပုံလို့တော့ မထင်ဇီချင်ဘူးဗျ။

တင်ပီဗျာ…

 

 

aa

 

 

 

မူရင်း ရှဲသူရဲ့ စာထဲမှာ တော့ ဂလို အဆိုရှိသဗျ။

 
တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။

ညဝတ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။

ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။

 

ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက်

မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့

စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ

နေရာကောင်းရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်ကလည်း

စားပွဲအောက်မှာ ဝှက်ကစားနေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။

ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မဝင်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို

ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။

 

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအကျင်္ီနီလေးကို ဝတ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ

သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင်

သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

 

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။

နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။

 

မိန်းကလေး ၄ ယောက်ရဲ့ အဝတ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့

အတွင်းခံကို ဝတ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကိုဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှားကတော့

အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

 

ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။

တရုတ်နဲ့ ရုရှားဟာ အဝတ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန်

ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့

ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့

နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို

မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။

ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့

ဘယ်အရာမှ စိတ်မဝင်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့

နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ဝင်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ

ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နို်င်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့

ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း

ဘယ်လောက်များရှိနိုင်ပါ့မလဲ။

 

https://www.facebook.com/photo.php?fbid=4360778837596&set=a.1105194210015.14121.1831563503&type=1&theater

 

၂။ ကျနော် အဲ့သည့် ပန်းချီကားရဲ့ မူကွဲ ကို အခုလို ရှာတွေ့ခဲ့တယ်။

ဒီကား နဲ့ ပါတ်သတ်ပြီးတော့ရော ဘာများ ပြောချင်ပါသေးလဲ..။

 

r_206_01_b
၃။ မတူတဲ့အတွေးပေါ့ဗျာ…။

ရုရှားနေရာမှာ ကိုရီးယားကို ပြောင်းတွေးကြည့် ရအောင်။

ဒါဆိုရင် အာရှ က နဂါးတွေနဲ့ လင်းယုန်ကြီး အန်ကယ် ဆမ်ရဲ့ ပွဲ ဖြစ်သွားပြီနော..။

ဂျပန်မလေး ဘာလုပ်နေတယ် ဆိုတာရော ဘယ်လို ဖွင့်ကြလိမ့်မလဲ..။

ဘာကြောင့်ရုရှားနေရာမှာ ကိုရီးယားကို ထားကြည့်သလဲ ဆိုတာတော့ ….။

 

quiz

 
၄။ ကျနော် ပန်းချီဆြာ မဟုတ်ဘူး..မရေးတတ်ဘူး။ ကျနော်တို့ တိုင်းပြည် အခြေအနေကို ဒါမျိုး Inspire လုပ်ပြီး ရေးပါဆိုရင်

ပန်းချီဆြာတွေ ဘယ်လို ရေးလိမ့်မလဲ မြင်ယောင်ကြည့်မိတယ်ဗျာ..။

ကျနော့် မျက်စိထဲမှာတော့ မခြားနားတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ နို့စို့ကလေးနဲ့ ထမိန်ရင်ရှား မိန်းမတယောက်

မျက်နှာငယ်ငယ် နဲ့ I want you ဆိုပြီး လက်ညှိုးထိုး နေမယ့် အန်ကယ်ဆမ် ကို ငေးကြည့်နေရင်း တဖက်က

မျက်ပေါက်ကျဉ်းကျဉ်းသွားခေါခေါ ဗိုက်ရွှဲရွှဲ လျောင်ကီးလက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားမယ်။

ဘေးမှာတော့ ဒီမြင်ကွင်းကို အတာချီကေ့စ် ပိန်ပိန် နဲ့ ယူရိုပီယန်ကြီးက စိတ်ပူရင်စာ နဲ့ စောင့်ကြည့်နေသလို

ဒရောသောပါး နဲ့ ချေးပါခါနီးမှ ချေးခံတွင်းရှာသလို ဖြစ်နေတဲ့ အသက်ကြီးကြီး တုန်တုန်ချိချိ ဂျပန်ကြီး ရွာထဲအဝင်ခက်နေပုံမျိုး ပေါ့…။

ကိုင်းးး.. ဘယ့်နှယ့် ..။

 

လက်စနဲ့ ဟောဒါလေးပါ ပွားရအောင်ပါ….။

ဗြောင် ချိတ်တဲ့ ခြေနဲ့ မဝံ့မရ ချိတ်တဲ့ ခြေ…။

ပြီးတော့ ချိတ်ထားတဲ့ ခြေထောက်တွေရဲ့ လားရာ ..။

 

US_Obama_Myanmar_02c78

 

 

ထားပါလေ..

ဂလို အခြေအနေတွေမှာ ပွဲလယ် တင့်အောင် လုပ်စွမ်းနိုင်တဲ့ အရည်အချင်း ရှိသူကိုမှ

အနီကတ် ထိအောင် လုပ်ချင်တဲ့

င ဘဲတော်တယ်
င ဘဲ တတ်တယ်
င ဘဲ လန်းတယ်
င ဘဲ ဆန်းတယ် ဆိုတဲ့

ဆြာတွေပေါတဲ့ အနီဂိုဏ်း ကိုတော့ …

မပြောတော့ပါဘူးလေ… တိုင်ဖုံးက ခနခန ဝင်နေတာ…
ကွိကွိ

 

28 comments

  • ဦးကြောင်ကြီး

    June 28, 2013 at 8:49 am

    ဗူးသုတ ရသဟေ့.. ဒါမျိုးများများတင်ပါကွာ…။ ရွေးပါဆို ရုရှားမလေးပုံစံ အကြိုက်ဆုံးပဲ…

  • KZ

    June 28, 2013 at 11:51 am

    ပဂိုးဒါးးးးးး
    ခုမှ စဉ်းစားမိတယ်။ မီးခိုးတွေ ကြားထဲ သေမလိုဖြစ်တာ ဒါပဲနေမှာ။
    အဲတလောက ပစ်မှားတာ များတယ်။
    ဖဲ မှားပစ်တာကို ပြောတာပါ။ ခွိခွိခွိ။ :mrgreen:

    င စွဲတွေ ဖြုတ်စေချင်တယ်အေ။
    .
    .
    .
    ..
    .
    “ကိုယ်” လို့ ပြောင်းသုံးရင် ကောင်းမလားးးးးးး 🙄 🙄
    အဟွတ်ဟွတ်။ :mrgreen:

  • ဦးဦးပါလေရာ

    June 28, 2013 at 12:44 pm

    ကျုပ်လဲ ပန်းချီဆွဲတတ်ချင်လိုက်တာ..
    ကျုပ်ဆွဲမယ့်ပန်းချီကားကတော့ ဇတ်ကောင်တွေများလို့ ပင်နိုရားမား ဗျူးနဲ့ ဆွဲရမှာ…။
    ဘတ်စကက်ဘော ကစားနေတဲ့ပုံပေါ့…..

  • ဦး ကျောက်ခဲ

    June 28, 2013 at 12:50 pm

    နိမိတ်ပုံတွေ လားရာတွေ ကျောက်စ် မမြင်တတ်ဘူး…
    ကျောက်စ်မြင်တာကတော့ တုံးလုံးနဲ့ပက်လက်ပဲ…
    စာတောင်မနဲဖတ်ရတယ်… အား ဟိ :mrgreen:

  • lele kyi

    June 28, 2013 at 4:15 pm

    အဲဒီ ပန်းချီကားကိုကြည့်ကြည့်ချင်းပဲ အမေရိကန်သူလေးဆိုသူရဲ့ပုံရိပ်ကိုသဘောကျတယ်။ ယုံကြည်မှုရှိတယ်။ ဆက်ကစားဖို့စိတ်ကုန်နေသလိုပဲ။ ကျမအမြင်အရ ဆိုရင်သူမ အောက်ပိုင်းမလုံဘူးဆိုတာကိုလက်မခံချင်ပါဘူး။ အမေရိကန်တွေစီးပွားရေးအခြေနေမဆိုးရွားသေးဘူးလို့ထင်ပါတယ်။ အလာစကား မှာလည်း Oil & Gas တွေ လုံလုံလောက်လောက်ရှိနေသေးတယ်လို့ထင်ပါတယ်။ တရုတ်ကတော့အရှေ့တောင်အာရှဈေးကွက်ရထားလို့အဆင်ပြေပေမဲ့ သူ့ရဲ့ထုတ်ကုန်တွေဟာဈေးကွက်မှာမျက်နှာပန်းမရပါဘူး။ Technical နဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေပေါ့။ ကျမတို့ရဲ့ Client တွေက တရုတ်မိတ်ဆိုရင်လက်မခံပါဘူး။ အမြဲရှင်းပြရပါတယ် ကုန်ကြမ်းတွေအကုန်လုံးကို ယူရုတ် ကသွင်းပါတယ်။ assemble ပဲတရုတ်မှာလုပ်တယ်ပေါ့။ ဒါလည်းသူတို့သဘောမကျပါဘူး။ ယူရုတ် က မှာမရရင် ကိုရီးယား ကမှာပါတဲ့ ။ ပြီးတော့ ကိုရီးယား ship yard တွေတော်တော်နာမည်ကောင်းပါတယ်။ ABS (american bureau of shipping) မှာ ကိုရီးရန်း principle တွေ-ဆာဗေယာတွေ မြင်ဘူးတယ်။ အင်ဂလိပ်လိုအရမ်းမကောင်းပဲနဲ့။ ဆိုတော့ ဆြာဂီ လူစားသွင်းတဲ့ကိုရီးယားကနေရာမှားနေတယ်လို့ထင်ပါတယ်။ 🙂
    မြန်မာပန်းချီကားကတော့ ရွာထဲကပန်းချီဆရာတွေကိုလှလှလေးဆွဲခိုင်းလိုက်ပေါ့။ 🙂
    အောက်ကခြေချိတ်တဲ့အကြောင်းပြောရရင် လူတစ်ယောက်ရဲ့ ယဉ်ကျေးမှု ကာလချာရယ်-ကိုယ့်ကိုကိုယ်ယုံကြည်မှုရယ်နဲ့ဆိုင်တယ်လို့ထင်ပါတယ်။
    တချို့တွေက ကိုယ့်ရဲ့အိမ်မှာတော့ခြေချိတ်တတ်ပါတယ်-လှလှပပလေး။ သူများအိမ်မှာ လှလှပပခြေချိတ်နိုင်အောင်ကြိုးစားကြပါစို့။
    (ကျမ ရဲ့ ထင်မြင်ယူဆချက်တွေမျှသာ) 🙂 🙂 🙂 🙂

  • KZ

    June 28, 2013 at 4:28 pm

    တစ်ချပ်မှောက်တဲ့ ကစားပွဲများးးးးးးး
    အပြန် ဝိုင်းသိမ်းတော့မှ သိမယ်လေ…… :mrgreen:

  • ကြက်အူလှည့်

    June 28, 2013 at 7:39 pm

    ဒုတိယပုံကိုပဲပြောမယ်နော်.
    ဂျပန်မလေး ကတရုတ်မကို အစွမ်းကုန်မျက်နှာချိုသွေးနေရတယ်.
    သူကရှုံးရင်ထွက်ရတော့မှာကိုး.
    သည်တော့. နိုင်ခြေရှိတဲ့နှးစပ်သူကို ကပ်ရတာ မဆန်း.

    ဒါကို အမေရိကန်မရဲ့မျက်နှာဟာ သူနဲ့ဆန့်ကျင်ဖက်လားရာမှာ ရှိတာနဲ့ တနည်းတဖုံ
    ပက်သတ်လိမ့်မယ်. တီလုပ်မရဲ့ ဂျပန်ပေါ်ထားတဲ့သဘောထားကတော့ သူ့မျက်နှာ မမြင်ရလို့
    မပြောသာပေမယ့်. တဖက်သားက ဖြဲရယ်ပြနေရပုံထောက်ရင်. မျက်နှာထားတင်းလိမ့်မယ် ဆိုတာပဲ.

    လာဆောက်ထားတဲ့ စက်ရုံတွေ ဟိုတလောက အတော်လေး. ကျွမ်းပစ်ကုန်တာမလား.
    တီလုပ်မယ် ဂျပန်မုန်းတီးရေးဖြစ်တော့. သည်တော့ ကားထုတ်တဲ့ ဘဘကြီးက စက်ရုံမှုူးတွေကို.
    လုပ်ပိုင်ခွင့်အပြည့်ပေးပြီး ဆက်လုပ် ရလာဒ်တာဝန်ယူ ဆိုပြီး ပုံအပ်ခဲ့တယ်.
    သူ့ အစိုးရကိုတော့ဖြင့်. လက်ရှိ ကြွေ ကောင်းနေသူကို လိုက်လိုက်လျောလျော ဆက်ဆံဖို့ ပြောလိမ့်မယ်.
    တီလုပ်ကထွက် ဖို့ဆိုတာက နေ့ချင်းညချင်း မဖြစ်နိုင်ဘူးမလား. နောက်ပြီး အကုန်ပြန်ဝင်လာရင်
    အလုပ်ပေးစရာမရှိဘူး. မရှိတဲ့အပြင် ထပ်ပြီးတောင်အပြင်ထုတ်ကြပါဟဲ့. Key to Asia အော်နေတာ.
    သည်တော့ နည်းနည်းလျော့လိုက်ကြတယ်. စီးပွားငြိမ်လာတယ်. ယန်းဈေးကျလာတယ်
    တချိန်တည်းမှာ စတော့ ကအတက်ဖက်ပြလာတယ်.
    ဆိုလိုချင်တာ စတော့ကိုင်ထားသူတွေက ဘာမှ လုပ်စရာမလိုပဲ ပိုချမ်းသာလာတယ်. ပိုဝယ်နိုင်လာတယ်.
    သည်တော့ နောက်ဆက်တွဲ. ဇိမ်ခံပစ္စည်းရောင်းအားစတက်လာတယ်. သို့်သော် နေ့စဉ်သုံးပစ္စည်း က ပုံမှန်
    ပဲရှိနေသေးတယ်. ဖြုန်းအားတက်မလာသေးဘူး. သာမန်လူတွေ ငွေမပေါသေးဘူးပေါ့
    ရေတိုမှာ တရုတ်ကို မျက်နှာချိုသွေးခြင်းက လူ့မလိုင်ကောင်းစားရေး ဖြစ်ချင်ဖြစ်လိမ့်မယ်.
    ရေရှည်မှာတော့. တရုတ်နဲ့ မိတ်မပျက်ဆက်ဆံရင်း အာရှကိုဖွင့်တဲ့သော့ ကိုရပြီဆိုရင်တော့
    နံငယ်ပိုင်းလောက်တော့ ပြန်အဝတ်ကပ်မပေါ့လေ.

    ဤကား နစ်ခေး အလိုတော်တည်းးးး
    (မောထှာ)

    • အရီးခင်လတ်

      June 28, 2013 at 7:43 pm

      တော်သဟဲ့။ 😆

      • ကြက်အူလှည့်

        June 29, 2013 at 11:53 pm

        ကန္နားစီးပိုစ့် ဆိုပီးလှောင်ဒယ်လားးးး

        :'(

  • ကြက်အူလှည့်

    June 28, 2013 at 7:46 pm

    တရုတ်မ ကျပြန်တော့. သုံးသပ်ချက်အဟောင်းနဲ့ သဘောညီပါတယ်.
    ထပ်ပိုးပြီး ပြောချင်တာက သူ့မှာ အာရုံတွေများနေရလွန်းခြင်းပါပဲ.
    ဒါဟာ အမှားကျူးလွန်ဖို့ များတဲ့အနေအထား. နောက်ပြီး ညီမငယ်ကလည်း
    မလိုမုန်းတည်းစွာ စိုက်ကြည့်နေခြင်းခံရသေးတယ်.
    တချိန်တည်းမှာ မိတ်ဆွေတုတွေနဲ့လည်း မကင်းပြန်ဘူး.

    ကိုယ်ခိုးဝှက်တာပေါ်တာဖော်ခံရတာ လည်းဖြစ်နိုင်သလို. ကိုယ် ကိုယ်တိုင်လည်း ဝိုင်းညစ်ခံရနိုင်သေးရဲ့မဟုတ်လားး.
    ကြွေကောင်းနေတာနဲ့ ရိုးရာကစားနည်းဖြစ်တာ ဆိုတဲ့ strength ထက် threats ကပိုများနေတယ်.
    Weakness ကတော့ သူလည်း သည်တပွဲရှုံးရင် ပြောင်ပြီ လေ opportunities ကတော့. ကံတရားနဲ့ဝှက်ဖဲလေးတွေပါပဲဗျာ.

  • ကြက်အူလှည့်

    June 28, 2013 at 7:58 pm

    ရုရှမနေရာ ကိုရီးယားမ လို့ စင်းစားကြည့်မယ်ဆိုတာ ဂလို.
    ရုရှလို မွဲသွားတာမဟုတ် ကစားပွဲထဲကိုယ်တုံးလုံးဝင်လာ ပထမပွဲနိုင်ပြီး
    ဂျပန်မ အန်ဒါဝယ်ယာ ယူစွပ်ထားတယ် မြင်ကြည့်ပေးပါ.

    လဲနေတာကိုတော့. Low profile နဲ့နေနေသေးတယ်. တိုင်းပြည်ငယ်နေ အင်အားသေးကွေးနေသေးလို့ ဆိုတာလို့မြင်လို့
    ရသလို ဘယ်တော့မှ ထိပ်တိုက်တွေ့မယ်မဟုတ်. ပျော့ပျောင်းသောနည်းနဲ့ပဲဖြေရှင်းမယ်လို့ ကြည့်ကြည့်လို့လည်းရပါတယ်
    မီးခိုးမထွက်တဲ့ စက်ရုံတွေဖြစ်တဲ့ အင်တာတိန်းမိန့်နဲ့ တိုရစ်ဇင်ကနေ ငွေရှာတတ်နေတယ် လို့လည်း ကြည့်ကြည့်လို့ရတယ်
    အမေရိကန်မ နဲ့ချိတ်ဆက်နေတယ်. ဟိုကတွဲခေါ်နေတယ်. တဖက်မှာလည်း အမေရိကကိုပို့တဲ့ ကုန်ချောရဲ့ကုန်ကြမ်းကို
    ဈေးပေါပေါနဲ့ တရုတ်မလေးဆီက ရနေပြန်တယ်. ဆမ်ဆောင်းက အကောင်းဆုံးဥပမာဖြစ်လိမ့်မယ်. မနှစ်က ဆိုနှီ ပင်နာဆိုးနစ်နဲ့ ရှာ့ပ်
    ကို သရီးဘိုင်ဝမ်းဆွဲပြီးအလဲထိုးထားတာ. ကားနဲ့ သံ သာထိရင် ဂျပန် ပြောင်ပြီ သာမှတ်ပေတော့.

    နောက်ထပ် ကိုရီးယားမရဲ့အားသာချက်က နိုင်ခြေရှိသူ၂ယောက်စလုံးကိုချိတ်ဆက်ထားတာပဲ. သာကူးလုပ်နိုင်တယ်.
    ထာဝရ ရန်သူမိတ်ဆွေမရှိ သမို့ ထာဝရအကျိုးစီးပွားကို ကြည့်မယ် ဆိုပါတော့. သည်ပွဲကို စိတ်မဝင်စားသယောင်ဆောင်နိုင်တာလည်း
    သူ့ရဲ့ အရည်ချင်းတရပ်ပါပဲ. ကိုယ်တိုင် မနိုင်ရင်တောင် သိပ် risk မကြီးမားတဲ့ အနေထားတရပ်ပိုင်ဆိုင်သူ လို့ ပြောလို့ရပါတယ်.

  • ကြက်အူလှည့်

    June 28, 2013 at 8:06 pm

    အမေရိကန်မ အောက်ပိုင်းမလုံတဲ့ကိစ္စကို ဂလိုမြင်လို့ ရသေးသဗျ
    ခုုံအောက်မှာမို့ ဘယ်သူမှမမြင်တာမို့ အရေးမကြီးသော သေးကွေးသော. လို့တွေးကြည့်နိုင်တယ်.
    သို့သော် သူ့ဟာသူတော့သိတယ်. ရဲရင့်ဟန် ပြနေတာက လောင်းကစားပွဲဆိုတာ ဟိတ် ကအရေးကြီးတယ် မင်မောင်းကောင်းဖို့လိုတယ်
    နောက်ပြီး သူအဝေးကွင်းကန်နေတာဖြစ်လို့ မာန်ချလို့မဖြစ်ဘူး. ငြီးငွေ့ဟန်ကိုတော့မြင်ရတယ်. သို့သော် ငြီးငွေ့ လို့ ပွဲမြန်မြန်အဆုံးသတ်လိုက်ချင်ရင်တော့
    သူလည်း အမှားလုပ်နိုင်ခြေရှိလာပါတယ်. သို့သော်. အခြေအနေကောင်းပုံတော့ရတယ်. သူ့မှာ နောက်ထပ်မျှော်လင့်စရာဆိုလို့
    ညီအစ်မချင်း နောက်ကျောဒါးထိုးမယ့် တိုင်ဝမ်မလေး. သူကအနေနီးတော့ အစ်မတော်အကြောင်း အကုန်သိနေတာကိုး.
    နောက်ပြီး သူ့အပေါ်မကောင်းလို့လည်း နာနေတာကိုး. အမ်ကယ်ဆန်တူမက ဒီအချက်ကိုသိထားပြီး အသုံးချချင်လို့
    သူ့ဘက်မျက်နှာမူထားတာပါ. သူတို့ကြားကအပေးအယူ က ကစားပွဲအဖြေကို ပြောင်းပစ်လိုက်လို့ရတယ်.
    တီလုပ်မလေးခညာ နိုင်ရင်တောင် လိမ်ပါတယ်ဆိုပြီး ရလာဒ်ပြောင်းပြန်လှန်ပစ်ခွင့် ကျန် သုံးယောက်ရသွားနိုင်သေးတယ်မဟုတ်လား
    ဒါကိုသိထားသူကလည်း မုန်းတဲ့လူဖြစ်နေပြန်. အင်းးး.

  • ကြက်အူလှည့်

    June 28, 2013 at 8:11 pm

    နောက်ဆုံး တိုင်ဝမ်မလေးကတော့ ယနေ့ကစားပွဲကို Bird eye view နဲ့ကြည့်ထားသူမို့ နောင်တချိန်
    သူအရွယ်ရောက်လာတဲ့အခါ မာကျောက်ကစားသမားကောင်းတယောက် ဖြစ်လာဦးမှာပါ.

    ပွဲတခုလုံးခြုံပြောရရင်တော့.
    အလိမ်ပေါ်လို့ပွဲလှန် ရင်. တီရုပ်နိုင်ရင် အရိုးအရင်းတော့ ဂျပန်စားရမပေါ့.
    တီရုပ်ကတော့ ဝှက်ဖဲနဲ့ ကံ.
    ကိုရီးယားကတော့ နိုင်ချေနည်းပေမယ့် ဘယ်သူနိုင်နိုင် lion share စားရသူချကျွေးမယ့်အရိုးအရင်း ကိုက်ဦးမယ့်လူစား.
    အန်ကယ်ဆမ် တူမကတော့. ကြွေလည်းကောင်း အခြေနေလည်း သိပ်မဆိုးသေးတဲ့အပြင်.
    ကံကိုလည်းမျှော်နိုင်သေး. ကံလေးတချက်သာဆိုးကြည့် ဟိုငတိမကို ဆွဲစိပြီး ဝိုင်းကိုလှန်ပစ်နိုင်သေးတာဆိုတော့.
    အလားလာအကောင်းဆုံးလို့ မြင်မိကြောင်းပါ.

    ဤကား ကနားစီး အလိုတည်းးးး

  • lele kyi

    June 28, 2013 at 8:25 pm

    ကနားစီးအီးဂီ ဆိုပြီး ရန်ကုန်ပြန်ပြီး ဗေဒင်သွားဟောပါလား။ နိုင်ငံတော်အကြံပေးလဲလုပ်သင့်တယ်။ 🙂 🙂

    • ကြက်အူလှည့်

      June 29, 2013 at 11:56 pm

      ကျနော် ဗေဒင်ကို မယုံဘူးဗျ.
      သို့သော်ခန့်မှန်းတွက်ချက်တာကိုတော့ စိတ်ဝင်စားပါတယ်.
      အဲ. တချိန်တည်းမှာ risk, uncertainty နဲ့. Probability ကိုလည်း စိတ်ဝင်စားသေးသပေါ့
      နောက်ကြုံမှ ရေးပ့အူးမယ်ဗျာ.

  • အလင်း ဆက်

    June 28, 2013 at 8:57 pm

    ဒီလို ကစားပွဲ ထဲ..
    ခဏတော့ သွား ထိုင်ကြည့်ချင်မိရဲ ့ဗျာာာ

    😆

  • Wow

    June 28, 2013 at 9:11 pm

    ခုတစ်လော ကန္နားစီး ဖဲဒေါင်းချင်နေရခြင်း အကြောင်း… :mrgreen:

  • padonmar

    June 28, 2013 at 9:12 pm

    အခုတလော ရွှေဈေးတွေကျပြီး အန်ကယ်ဆမ်တို့ ပိုက်ပိုက်တွေ ထောင်နေတော့
    အန်ကယ်ဆမ့်တူမ ဘောင်ဘောင်းပြန်ဝတ်နိုင်မလားလို့။
    ဝမ်လန်းရဲ့ အိုလင်တို့က အရင်လို ဝတ်စုံပြာမဝတ်တော့ပဲ မိတ်ကပ်နဲ့ ဘရင်းဒက်မှ သုံးတော့
    ဆာမူရိုင်းကြီးတွေက ဆံရစ်ဝိုင်းကို မျက်စိကျနေကြတယ်။
    ခက်တာက ဆံရစ်ဝိုင်းက စိတ်မငြိမ်ဘူး၊သူများမြှောက်ပေးတိုင်း ကချင်နေတော့ ခက်တယ်။
    သူ့အဖေကလည်း အမျိုးတွေနဲ့ မခေါ်ဘူး၊
    ပညာတတ်အန်တီလေးစကားကိုကျတော့ ရွာဦးကျောင်းကိုယ်တော်နဲ့ မတဲ့လို့ နားမထောင်ရဘူးတဲ့။
    ဖော်မိုဆာက မြေပဲမလေးတော့ သိပ်စိတ်မဝင်စားဘူး။
    သူကလည်း အောက်ပိုင်းမပါဘူးနော်။သစ်သီးဗန်းနဲ့ကွယ်ထားလို့သာ။
    ကကြီးတွေက ရွှေအိုးစည်မနှိပ်စက်ရင် ပါဝါအပျော့နဲ့ ကမာ္ဘကြီးကို ဖျာခင်းသွားမယ်ထင်တယ်။
    နာတာရှာကော့စကီးတို့ အကြောင်းတော့ မသိဘူးအေ။
    အေဗရာဟမ်မိုဗစ်ချပဲသိတယ်။

    • ကြက်အူလှည့်

      June 29, 2013 at 11:59 pm

      ထေရဝါဒ နှစ်ခြမ်းကွဲချင်ကွဲ. ပလေ့ဇီ. ဟို မမယီး ကစားပွဲအပြင်ရောက်ရင်ပြီးရော ဆိုတဲ့
      ကတုံးတွေတော့. ကျနော် သိပ်မုန်းတာပဲ အန်တီ.

  • Mr. MarGa

    June 29, 2013 at 5:15 pm

    ပုံကိုကြည့်တော့ သာမန်လို့ပဲ မြင်မိပြီးမှ
    အောက်က ဖွင့်ဆိုပုံကို ဖတ်ပြီး သဘော နည်းနည်း ပေါက်သွားတယ်
    နားလည်မိပြီး သုံးသပ် မိနေတာကတော့
    သူတို့ရဲ့ ကစားဝိုင်းထဲကို
    နောက်တစ်ယောက်များ ထပ် ဝင်လာလေမလား
    လောလောဆယ်မှာတော့ သူတို့အားလုံး ဒီ နိုင်ငံလေးကို မျက်စောင်း ထိုးနေကြတယ်နော့

    • ကြက်အူလှည့်

      June 30, 2013 at 12:01 am

      Why we can’t draw such paintings, poems or writings. C’ mon guys.

  • အရီး လေး

    June 29, 2013 at 7:21 pm

    fb မှာတွေ့တုန်းက သာမန်ပုံ တစ်ပုံလို့ ထင်ထားတာ
    ခုဂီဂီ ပြောမှ ဘဲ သဘောပေါက်တယ်
    ငါ့နှယ် အ ချက်
    စကားမစပ် ဂီဂီရဲ့ fb အကောင့် လေးပြောလို့ရမလားဟင်
    အရေးအသားတွေကြိုက်လို့ပါ……:)

    • ကြက်အူလှည့်

      June 29, 2013 at 10:23 pm

      My FB acc is my real name.
      🙂

  • ko win

    June 29, 2013 at 11:00 pm

    ပုံကိုပဲ ကြည့်တော့မယ်။ စာမကြည့်ချင်တော့ဘူး။ ရင်မှာလေးလွန်းလို့။
    ဪ ……… ဒါနဲ့ … အဲဒီ ကစားပွဲခုံက ……….?

  • kai

    June 30, 2013 at 2:30 am

    အမေရိကန်မမ ဈေးမကျပါဘူး…
    အပေါ်အကျီ င်္တလွှာထပ်ချွတ်လိုက်တာနဲ့တင်… အကုန်ပွဲပြတ်သွားမယ်..။ :mrgreen:
    အဲဒါကို အပိုင်းပိုင်ဖြတ်.. ညီမလေးတွေကိုဝေငှလိုက်ရင်.. အားလုံးလုံသွားပါလိ်မ့်မယ်…။

    ဘာဖြစ်လို့လဲ…ဆိုတော့.. ကမ္ဘာသုံးငွေက..ဒေါ်လာဖြစ်နေသေးလို့ပါပဲ..။

    အရင်ဆယ်စုနှစ်တွေက.. ယူအက်စ်ကိုယှဉ်ချဖို့ကြိုးစားတာ.. ဥရောပနိုင်ငံတွေ… ( ယူရိုယူနီယံ)ပေါ့…
    အခုတော့.. အနိစ္စသဘောဖြစ်သွားပြီ…
    အခုသူ့ကို…တကယ်တိုက်(ချ)ဖို့ကြိုးစားနေတာ.. BRIC (Brazil, Russia, India and China)

    ဒါပေမယ့်…
    စိနပြည်က.. ယူအက်စ်အကြွေးရှင်မို့… ယူအက်စ်အကျမခံနိုင်တော့ပါဘူး..
    သာမန်ကြည့်ရင်.. စိနပြည်က ယူအက်စ်ကို ကျအောင်ဆော်မယ်ထင်ရပေမယ့်.. တကယ့်ဘဝမှာတော့…
    ပေါင်းစားရမယ့်သဘောပါ…
    သူ့လူကိုယ့်ဖက်သားဖြစ်နေလေရဲ့…။
    အဲလိုဖြစ်အောင်.. ဘယ်လိုမြှုံးထောင်သွင်းလိုက်တယ်… သူတို့ကိုယ်တိုင်တောင်မသိရပါဘူး..။

    မြန်မာပြည်လား..
    BRIC ထဲက… RICနဲ့ ယူအက်စ်ကစားကြရာမှာ. ခံထားတဲ့ပွန်းလေးတခုသာရယ်ပါ..။

    ဒါတွေက.. ကျုပ်အမြင်…

    • ကြက်အူလှည့်

      June 30, 2013 at 10:25 am

      ပွန်းဆိုတာ ခြေ ရ လှမ်းအောင်အောင်မြင်မြင်လှမ်းနိုင်ရင် ဘုရင်မဖြစ်သတဲ့.
      ပွန်းအသာထားလို့ ရှိပီးသားဘုရင်မတောင် ပစ်ချချင်နေတဲ့ ၆ တုံးတွေကိုတော့ဗျာ.
      ချဉ်ထှာ

Leave a Reply