သားသမီးကို ချည်နှောင်သောမိဘနှင့် မိဘကို အာခံသော သားသမီးများ

etoneJuly 30, 20101min921

ရက်တစ်ရက်တွင် ကျွန်တော့် ထံသို့ စုစုရောက်လာသည်။ စုစု သည် အိမ်ကသမီးများနှင့် ဆိုလျှင် သက်တူရွယ်တူ
ခန့်ရှိပေလိမ့်မည်။ သူမတွင် မောင်တစ် ယောက် ရှိသည်။ ၎င်းတို့၏
မိဘများမှာ ကုန် သည်လုပ်ငန်း လုပ်ကိုင်ကြသည်ဟု သိရှိရ သည်။
ဖခင်ဖြစ်သူသည် ကုန်သည်တစ်ဦး ပင်ဖြစ် သော်လည်းစိတ် ကတော့
လက်တစ်ဆစ်ဟုဆိုသည်။ စိတ်ကြီးသူ၊ ဒေါသကြီးသူ၊ သားသမီးများကို
ဆုံးမသည့်အခါ လက်ပါလေ့ရှိပြီး စရိုက်ကြမ်း၊ အရိုက်လည်းကြမ်းသူဖြစ်သည်။
ထိုသို့အရိုက်ကြမ်းသဖြင့် ၎င်း ၏မောင်ငယ်ဆိုလျှင် အကြောက်လွန်စိတ္တဇဖြစ်ကာ ညဥ့်ဘက်တွင်
လန့်လန့်နိုးသည့် ရောဂါစွဲလာခဲ့ သည်ဟုသိရသည်။ စုစုကတော့ ဖခင်ရိုက်လျှင်
အံ ကြိတ်ပြီး တင်းခံသည်။ သားသမီး များ ဖခင်ကို ‘ရှောင်လေဝေးဝေး’
ပြုမူကြသည်။ မိခင်သည် ဖခင်၏ ဩဇာကို လွန်ဆန်ရဲသူမဟုတ်၊ ထို့ကြောင့်
မိခင်ကိုလည်း အားကိုးအားထားမပြုကြတော့ဘဲ
လွတ်ရာကျွတ်ရာသို့သာထွက်ပြေးချင်သည့် စိတ်များကိုယ်စီဖြစ်ပေါ်လျက်ရှိသည်။

သင်းသင်းဆယ်တန်းအောင် သောအခါအလုပ်ရှာဖို့ဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ကုန်သို့ ထွက်လာခဲ့သည်။ အစပထမ မူလတန်းဆရာမလုပ်သည်။ အလုပ်လုပ်ရင်းစာရေးသည်။ စာရေး
ဆရာမ လုပ်မည်ဆိုသည့် ပြင်းပြ သော
စိတ်ဆန္ဒနှင့်ဝတ္ထုလေးတွေ စမ်းရေးသည်။ ရင်ထဲမှခံစားချက်များက စာရေးရန် ခွန်အားတွေဖြစ် အပြည့်အသိပ်။
ဝီရိယအကျိုးကြောင့် အတန် အသင့်အောင်မြင်လာသည့်နောက်ပိုင်း ကျောင်းဆရာမအလုပ်ကထွက်ပြီး စာကိုပဲ
ဇောက်ချပြီး ရေးလာခဲ့ရာ အောင်မြင်မှုများ တစ်စ တစ်စရရှိလာသည်။ ရန်ကုန်ဆင်ခြေဖုံးတစ် နေရာတွင်
တိုက်ခန်းငှားနေရင်း
စာကိုချည်းဆက်တိုက်ရေးလာခဲ့ရာ Best Seller စာရင်းဝင်တစ်ဦး ဖြစ် လာခဲ့သည်။ မိတ်ဆွေသင်္ဂဟ အသိုက်အဝန်းများ၏
ပံ့ပိုးမှုကြောင့်လည်း သူမသည်တစ်နေ့တခြား နာမည်ကျော်ကြား
လူသိများလာခဲသည်။

နယ်မှာကျန်ရစ်တဲ့ မောင်ငယ် ကိုခေါ်ပြီး ဘဝအမြင်ကျယ်အောင် မြေတောင်မြှောက်ပေးခဲ့သည်။ နယ ်က မိဘများကိုလည်း
ထောက်ပံ့ခဲ့ သည်။ ရန်ကုန်တွင် အဆင်ပြေသည် ဟု သိရှိရသောအခါ မိဘများ ရန်ကုန်သုလြိုက်လာခဲ့သည်။
အပြီးလိုက်လာခြင်းမဟုတ်၊ မကြာ ခဏလာလည်ကြခြင်းဖြစ်သည်။ တစ်ခါတစ်ခါ
ရက်ရှည်နေလေ့ရှိသည်။ ဤကာလတွင် သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာများ
ကြုံရသည်။ နှစ်ကာလမျာကြာလာခဲ့ပြီဖြစ်သည့်တိုင် ဖခင်၏ ငယ်စရိုက်မှာ မပျောက်သေး၊ သားသမီးများ အပေါ်နိုင်စားလို သည့် စိတ်နှင့်သာဆက်ဆံသည်။ အလိုမကျဖြစ်တိုင်း
မိဘ အပေါ် မသိတတ်သည့် သားသမီး များအဖြစ် အပြစ်ဖို့သည်။ ပြောင်းလဲသွားသော
ပတ်ဝန်း ကျင်၊ ပြောင်းလဲနေသော ခေတ်ကာလစရိုက်သဘာဝများနှင့် နေ ထိုင်သော
သားသမီးများကို အစဉ် အလာစိုက် သဘာဝအတိုင်ိုး စွဲနေသော မိဘများကကြည့်မရ
ဖြစ်တော့သည်။

ယင်း၏နောက်တွင် အပြစ်မြင် ခြင်း၊ စကားနာထိုးခြင်းတည်းဟူ သောလှိုင်းလုံးများရိုက်ခတ်ပါသည်။ မိဘများ ရန်ကုန်လာနေချိန်နှင့် ပြန် သွားပြီးတစ်လလောက် အထိ သူမ စာရေးလို့မရ၊
စာတွင် ဝင်စားလိုမရဘဲ ရေးလက်စစာများ ပြန်လည် စုစည်းမရဖြစ်ရသည်။ မိဘများက အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆိုသည့်အချက်နှင့် သားသမီးများကိုအနိုင်ယူသည်။
သားသမီးများကလည်း ငယ်ဘဝ တစ်လျှောက်လုံး ခါးသီးသည့်ဒဏ် ခံခဲ့ရပီးဖြစ်၍ မိဘနှင့်ဝေးရာမှာ နေချင်သည်။ မိဘနှင
သားသမီး ညှိ မရ၊ ပေါင်းစည်းမရ၊ အကျိတ်အခဲ၊ အစိုင်အခဲများကြီးသထက်ကြီးလာ
ကာစိတ်ညစ်ညစ်နှင့်စုစုတစ်ယောက်
ကျွန်တော့်ထံ ရောက်ရှိရင်ဖွင့်လာ သည်။ ကျွန်တော်ကဆရာတော်ရှင်ဆေကိန္ဒရဲ့ Aspects For Two Straight
Linesအမည်ရှိသည့်ဗီစီဒီအခွေကြည့်ပြီးပြီလားဟုမေးသောအခါမကြည့်ရ သေးဟုဆိုသဖြင့် အခွေကို ဖွင့်ပြလိုက်သည်။

မိဘတွေကတစ်ဖက်၊ သား သမီးတွေက တစ်ဖက် ဝဲယာထား ကာ ဆရာတော်က အလယ်တွင်ထိုင်ကာ မိဘများဘက်က သား သမီးအပေါ် အလိုမကျ
သည်များကို ရင်ဖွင့်စေသည်။ အလားတူ သား သမီးများဘက်ကလည်း မိဘများအပေါ်
မကျေမနပ်ဖြစ်နေသည်တို့ကိုရင်ဖွင့်စေသည်။ မိဘနှင့် သား သမီးတို့၏ အကျိတ်အခဲများကို ဖွင့် အန်စေခြင်း ဖြစ်ပါသည်။
ဆရာတော့်အခွေကို ကြည့်ရ သည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ မိဘများဘက်ကရှုဒေါင့်၊ သားသမီးများ ဘက ်က
ရှုဒေါင့်အသီးသီး ရင်ဖွင့်သည်များကိုကြားရသည်။ သားသမီးချင်းအတူတူ
အချစ်မညီမျှတာ၊ အခွင့်အရေးမညီမျှတာ သားသမီးများအပေါ် မိဘများ
တာဝန်မကျေတာများကို သားသမီး များဘက်က ခံစားချက်ကိုယ်စီဖြင့် ရင်ဖွင့်ပြောကြားကြသည် ကိုမြင်တွေ့ရသည်။

အချို့လူငယ်များ ပြောရင်း ပြောရင်း ဝမ်းနည်း ပက်လက်ဖြစ်ကာငိုကြီးချက်မ ဆို့ဆို့နင့်နင့်ဖြစ်ကြသည်ကို တွေ့ရသည်။ မိဘများဘက်ကလည်း စုန်ရေ သာရှိပြီး ဆန်ရေမရှိပုံ၊ သားသမီး
များအရွယ်မရောက်သေးမီ မိဘကို အာခံကြပုံ၊
မိဘကို အရွဲ့တိုက်ကြပုံ၊ စိတ်ကောက်ကြပုံ၊ ပြောမရဆိုမရ တစ်ဇွတ်ထိုးလုပ်ကြပုံများကိုကရုဏာ ဒေါသ သံများနှင့် ပြောကြ သည်တို့ကို တွေ့မြင်ရသည်။
နှစ်ဖက်ပြောကြပြီးသည့် နောက်တွင် ဆရာတော်က တရား တော်နှင့်အညီ
မိဘနှင့်သားသမီး အသီးသီး ကျိတ်မနိုင်ခဲမရဖြစ်နေကြ သည့် အကျိတ်အခဲများကို
တရားတော်နှင့်ဖြေချပေးသည်။ အဆိုပါအခွေကိုကြည့်ရင်း
မိဘနှင့် သားသမီးများ သတိပြုစရာ၊မှတ်စရာ၊ ဆင်ခြင်စရာများကို ခံစားရရှိစေပါသည်။

အခွေကိုကြည့်ရင်း စုစုမျက်နှာ ကို ကျွန်တော်အကဲခတ်လိုက်သည်။ သူမရင်ထဲမှာလည်း
အကျိတ်အခဲနှင့် မဟုတ်ပါလား။ သူမ၏
မျက်လုံးအိမ်မှမျက်ရည်စများ စီးကျလာသည်။ အခွေကိုကြည့်ပြီးဖြစ်သော်လည်း သူမ၏ အကျိတ်အခဲများ
ပြေသွားပုံမပေါ်သေး။ ဆရာတော်ရှေ့ အရောက်သွားပြီးရင်ဖွင့်ချင်ပုံရ၏။

”သမီးကတော့ ဘယ်လိုမှ နားမလည်နိုင်သေးဘူး” ဟုသာ ပြောသည်။ ”နေဦး သမီးရဲတစ်ခါ က စာစောင်တစ်ခုရဲ စာအုပ်စင်မှာ ဖော်ပြထားတဲ့ စာပိုဒ်ကလေး တစ်ပိုဒ်ကို
ဖတ်လိုက်ရတယ်။ စာအုပ်အမည်က အငွေ့ပြန် စိတ်ကူးများ၊ ရေးသူက
နေသစ်မှူး (ငွေသာကွင်း)တဲ့၊ အဲဒီစာအုပ်မှာ ပါတဲ့ ကောက်နုတ်ချက်လေးက ”ဘာသာတရားက
မိဘဆိုတာအနန္တဂိုဏ်းဝင်လိုပြောထားတာဆိုတော့ အဲဒီစကားကို ကိုးကားပီး သားသမီးတွေကို အနိုင်မယူသင့် ဘူး။တကယ်လိုဒ္ဓတ္ထမင်းသား ဟာ မိဘစကားကို
နားထောင်ခဲ့ရင် ဘုရားဖြစ်ခဲ့မှာမဟုတ်ဘူး။ပြီးတော့ မိဘတွေရဲ့
အလုပ်က ဒီလောကကို သားသမီးတွေကို သိအောင်ပြဖို့ပဲ၊ သားသမီးတွေကို ချည်နှောင်ထားဖို့ မဟုတ်ပါဘူးလို့ ဖတ်လိုက်ရတယ်” ဟု ပြောလိုက်ရာ ¤င်းက ”ဒါဖြင့်ရင်
သားသမီးတွေကရော မိဘကို ဘယ် လိုနားလည်ရမှာလဲ” ဟထပ်မေးပါသည်။

”မိဘဆိုတာ ဘဝအခြေအနေ အမျိုးမျိုးအပေါ်မှာ ရပ်တည်နေကြ သူတွေဖြစ်တဲ့အတွက်စရိုက်အခြေ
အနေအမျိုးမျိုးရှိနိုင်သလို ပညာ၊ အသိဉာဏ် ကွာဟမှု လည်း အမျိုးမျိုး
ရှိနိုင်တယ်။ပြီးတော့ သူတိုဟာ အိမ်ထောင်တစ်ခုရဦးစီးဦးဆောင်
တွေဖြစ်ကြတယ်။ ဒီတော့ သူတို့ အနေအထားဟာကောင်းလည်းသူ တို့၊ မကောင်းလည်း
သူတိုပဲ။ သားသမီးအပေါ် ချစ်တဲ့နေရာ မှာ စရိုက်သဘာဝအရ ခြားနားကောင်း
ခြားနားနိုင်တယ်။ပြီးတော့ အိမ်ထောင်တစ်ခုကို တာဝန်ယူနေရ တဲ့သူဖြစ်တဲ့အတွက်
စားဝတ်နေရေး ခက်ခဲပင်ပန်းတတ်ကြတယ်။ ဒီအခက်အခဲကို သားသမီးတွေ မသိ အောင်
မိဘတွေက ဖုံးကွယ်ထားတာမျိုးလည်းရှိတယ်။ သားသမီးတွေ က ဒီအခက်အခဲတွေကို
မသိကြ တာလည်းရှိတယ်။ အိမ်ထောင် တစ်ခုကို အညီအမျှ ချိန်ခွင်လျှာ
မရွဲ့မစောင်းအောင် ဦးစားပေးလွန်း ရင်လည်း စားဝတ်နေမှုအတွက် ရှာဖွေရာမှာ
လစ်ဟင်းတတ်တယ်။ စားဝတ်နေရေးဘက်ကို နှစ်မြှုပ်ထား ပြန်ရင်လည်း မိသားစုအရေးမှာ
လစ်ဟင်းတတ်တယ်။ ဒီချိန်ခွင်လျှာ ကို မိဘတိုင်းဟာ
သူတို့အခြေအနေ အနေအထားအရ တတ်စွမ်းသမျှ ထမ်းဆောင်ကြတာပါပဲ၊ တစ်ခါ တလေ အလိုမပြည့်တဲ့အခါ
သူတို့ လည်း လူသားတွေပဲ၊ စိတ်ညစ်တာ မျိုးတွေ ရှိကြမှာအမှန်ပဲ။

သူတို့ဟာ ဘက်ပေါင်းစုံကို တာဝန်ယူရသူတွေဖြစ်တယ်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊
လူမှုဆက်ဆံရေးအပြင် အိမ်မှာ အမြဲလိုလို လိုအပ်နေတဲ့ အရာမှန် သမျှကို
ဖြည့်ဆည်းပေးနေရသူတွေ ဖြစ်တယ်။ သူတို့ဟာ သူတို့ အသိÓဏ်ရှိသလောက်
မိသားစု အပေါ် စီမံခန့်ခွဲကြတာဖြစ်တယ်။ ဒီလို စီမံခန့်ခွဲရာမှာ လစ်ဟာမှုတွေ၊
မညီမျှမှုတွေ ရှိကောင်းရှိနေနိုင်တယ်။ ဒီအရာတွေကို သားသမီး တိုင်း
မိဘဘဝရောက်မှသိကြ တယ်။ သားသမီးဘဝမှာ သိနိုင်ကြမှာမဟုတ် ပါဘူးကွယ်။
အထူးသတိထားဖို့က မိဘ တိုင်းဟာ သူတော်စင်တွေ မဟုတ် ကြဘူးဆိုတာပါပဲ။ မိဘဟာ သူ့ဘဝ၊ သူ့ကံ
အကျိုးပေးအရ သူခိုးဖြစ် ချင်ဖြစ်မယ်။ ဓားပြကြီး ဖြစ်ချင်ဖြစ်မယ်။
ငါးစိမ်းသည် ဖြစ်ချင်ဖြစ်မယ်။ သူဌေးကြီး ဖြစ်ချင်ဖြစ်
မယ်။ သူယုတ်မာ ဖြစ်ချင်ဖြစ်မယ်။ စရိုက်အမျိုးမျိုး၊ ဘဝအမျိုးမျိုးမှာ ရှိနိုင်တယ်။
အဲဒါက လူ့ဘဝအကျိုးပေး၊ သူ့ကံအကျိုးပေးဖြစ် တယ်။

သဗ္ဗေသတ္တာကမ္မသကာ ဆိုတာကိုနားလည်သဘောပေါက် ဖို့လိုတယ်။ သူ့ဘဝအကျိုးပေးနဲ့ စရိုက် သဘာဝက
ကဏ္ဍတစ်ရပ်၊ မိဘဆို တဲ့ အနေအထားက ကဏ္ဍတစ်ရပ်၊ ဒီလိုခွဲခြားထားတတ်ဖို့ပဲ။
သူ့ဘဝ အကျိုးပေးနဲ့ စရိုက် သဘာဝအရ
ဂုဏ်ယူထိုက်သူ၊ နမူနာယူထိုက်သူ၊ သင်ခန်းစာယူ ထိုက်သူဖြစ်က ဂုဏ်ယူလိုက်ပါ၊ နမူနာယူလိုက်ပါ၊ သင်ခန်းစာယူ
လိုက်ပါ။ အကယ်၍ ဘဝအကျိုးပေးနဲ့ စရိုက်သဘာဝအရ ဂုဏ်မယူထိုက် သူ၊
နမူနာမယူထိုက်သူ၊သင်ခန်းစာ မယူထိုက်သူဖြစ်က
အတတ်နိုင်ဆုံး နားလည်ပေးပါ။ ဤသည်မှာ ကတစ်ရပ်ပါ။

အခြားကဏ္ဍတစ်ရပ်မှာ ဂုဏ်ယူထိုက်သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ နမူနာယူထိုက်သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ၊
သင်ခန်းစာယူထိုက်သူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေအမြဲထာဝရ ရိုသေလေးမြတ် စွာ ရှိခိုးထိုက်သူ
‘ဘဝကျေးဇူးရှင်’ ဖြစ်နေတာကိုတော့ အသိအမှတ်ပြုရလိမ့်မယ်။ မိဘအပေါ် အားမလို အား မရဖြစ်တာ၊
မကျေမနပ်ဖြစ်တာရှိဦး တော့ အဲဒါက တစ်ကမိဘဟာ မိဘပဲဆိုတာ တစ်ကဏ္ဍ၊ ဒီလို
ခွဲခြား နားလည်နိုင်ပါမှ မိဘကျေးဇူးကို မြင်မှာဖြစ်ပါတယ်။
ဒီလိုမြင်မှလည်း မိဘကျေးဇူးကို ဆပ်နိုင်မှာဖြစ်တယ် ဟု ပြောပြမိသည်။ သားသမီးကို
ချည်နှောင်သောမိဘနှင့် မိဘကို အာခံသော သားသမီးများ မဖြစ်ကြ ပါစေနှင့်လို့သာ

One comment

  • True Faith

    July 30, 2010 at 9:16 am

    အရမ်းကောင်းတဲ့ ပို့စ်ကလေးတခုပါ။ ဒါကြောင့် စတား ၁ဝ လုံး အပြည့်ပေးဖြစ်တယ်။ ကျနော့်ခေါင်းထဲကို အသိဉာဏ်တခု လင်းလက်သွားအောင် ပေးစွမ်းနိုင်ခဲ့ပါပြီ။ ကျေးဇူးတင်ပါတယ်။

Leave a Reply