ဆမ်ဆောင်း Ativ Q Tablet တွင် Windows 8 နှင့် Android OS နှစ်မျိုးစလုံးအား ယှဉ်တွဲအသုံးပြုနိုင်ပြီ

Mr WorldWideJune 28, 20131min1335

ဆမ်ဆောင်း  Ativ Q Tablet တွင် Windows 8 နှင့် Android OS  နှစ်မျိုးစလုံးအား ယှဉ်တွဲအသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။Ativ Q Tablet သည် ှScreen အကျယ် ၁၃.၃ လက်မရှိကာ စာရိုက်ပြီးခေါက်သိမ်းထားနိုင်သော ကီးဘုတ်အမျိုးအစားလည်း ပါရှိမည်ဖြစ်သည်။ ထို့အပြင် စာရိုက်ရန်နှင့် အခြားကိစ္စများတွင် အသုံးပြုနိုင်ရန် ဘောပင်ကဲ့သို့ အချောင်းတစ်ချောင်း ပါရှိပါသည်။

sam
၎င်း Tablet သည် Microsoft စနစ်နှင့် Google စနစ် နှစ်မျိုးစလုံးကိုအသုံးပြုနိုင်သော Laptop နှင့် Tablet နှစ်မျိုးပေါင်းစပ်ထားသည့်အရာပင်ဖြစ်ပြီး အခြားကုမ္ပဏီများကလည်း ယခုကဲ့သို့ နည်းပညာများကို ကြိုးပမ်းပြုလုပ်ကြတော့မည်ဟု ယူဆရကြောင်း လေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ Ativ Q Tablet သည် ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်မည့်နည်းလမ်းဖြစ်ပြီး အသုံးပြုသူများအတွက်မူ ဈေးနှုန်းအနည်းငယ်ကြီးမြင့်လာနိုင်ကာ သုံးစွဲရသည့်အကျိုးကျေးဇူး မြောက်မြားစွာ ပေးစွမ်းနိုင်လိမ့်မည်ဟု Davies Murphy အဖွဲ့မှ နည်းပညာဆန်းစစ်လေ့လာသူ Chris Green မှ ဆိုသည်။

အသုံးပြုသူများအနေဖြင့် မူလထုတ်လုပ်စဉ်ကတည်းက ထည့်သွင်းပေးလိုက်သည့်ပရိုဂရမ်များအပြင် Google စနစ်၏အခြားသော Third-party ပရိုဂရမ်များကိုပါ အလွယ်တကူထည့်သွင်း၍ အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်း Tablet ၏ ဘက်ထရီအနေဖြင့် ၉ နာရီကြာ အသုံးပြုနိုင်ပြီး နေရောင်ထဲတွင် အသုံးပြုနိုင်မည့် Screen ဖြင့် ဒီဇိုင်းဆွဲထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ပြောကြားခဲ့ပါသည်။

Source:http://www.bbc.co.uk/

5 comments

  • ကြက်အူလှည့်

    June 28, 2013 at 10:07 am

    ARM Architecture ရဲ့ အသီးအပွင့်နောက်တခုပေါ့..။
    ဒါပေမယ့် ဒီ Product ကို ဆိုင်မွန် ဆီးနက် ရဲ့ စကားနဲ့ စကာတိုက်ချကြည့်တော့ ..
    Why? ကို မရှင်းဘူး … why 2 OSs? who need 2 OSs?
    ဆောင်းပါးအတွက် ကျေးကျေးပါဆြာရေ့ ..။ just another Stunt by Sumsaung လို့သာမြင်ပါကြောင်း။
    (ဂလက်ဆီဆြာတွေ လာဆဲ ဇေသဒီးးး)

    • ကြက်အူလှည့်

      June 28, 2013 at 11:31 am

      မနေနိုင်လို့ ပြန်လာခဲ့ပါတယ်ဗျာ …။
      Win 8 ရော Android ရောက ခြားနားတဲ့ background ကလာတာပါ။
      လုပ်ငန်းသုံးအနေနဲ့ဆို Win 8 ဟာ Strong ဖြစ်နေဆဲဖြစ်ပြီး တကိုယ်ရေသုံးမှာတော့
      Android က ဘုရင်ပါ။ သည်တော့ ဟိုဘက်နဲ့အလုပ်လုပ်ပြီး ဒီဘက်နဲ့ အပန်းဖြေသုံး လို့
      ရသပေါ့လို့ ဖြေနိုင်ပါလိမ့်မယ်။ ဒီ၂ခုက လုံးဝခြားနားတဲ့ ဘဝ၂ခုလား လို့ မေးရင်
      လွန်ခဲ့တဲ့ ၃နှစ်လောက်ထိတော့ ဟုတ်တယ် လို့ ဖြေတဲ့ဘက်ကအလေးသာလိမ့်မယ်။
      ယနေ့ခေတ်မှာတော့ ခြားနားပါတယ်။

      တနေ့က SMEs က ကွန်ဆော့လ်တန့်တယောက်နဲ့တွေ့တော့ သူပြောပြသွားတာက
      SME ဘောဇိ တယောက် တက်ဘလက် သိပ်သုံးတယ် … တနေ့ ခွင့်ယူပြီး ကလေးနဲ့ ပြတိုက်လည်လည်သွားသတဲ့။
      ပြတိုက်မှာ လူကျပ်လို့ စောင့်ရတော့ ရုံးက ဝန်ထမ်းတွေဆီ Video Conferencing လှမ်းလုပ်ပြီး အလုပ်ခိုင်း
      ဆုံးဖြတ်ချက်ပေး ရီပို့နားထောင် လုပ်တယ် … နေ့လည် နားတော့ ..ကလေးကစားတာကို စောင့်တော့ အနှီ
      တက်ဘလက်နဲ့ပဲ Documentation ရေးတယ်..။ ဒီနေရာမှာ အနှီ တက်ဘလက် ရေစိုမှာ ကျကွဲမှာ ခိုးခံရမှာ
      (တနည်း တန်ဖိုးရှိတဲ့ ဒေတာအချက်အလက်တွေ ဆုံးရှုံးမှာ) သူမကြောက်ပါဘူးတဲ့ .. ဘာကြောင့်လဲဆိုတော့
      ဒေတာတွေက တိမ်ပေါ်မှာ တဲ့ ..။ ဒီတက်ဘလက်တလုံးစာ တန်ဖိုးလောက်ကတော့ သူ့အနေနဲ့ ပြောပလောက်မယ်မဟုတ်လို့ပါပဲ။
      ဒီနေရာမှာ တိမ် ဆိုတာ ပြောစရာဖြစ်လာပြီ Cloud Computing ပါ။

      အပေါ်က ဆြာရေးထားတဲ့ တက်ဘလက် ပေါ် က အလုပ် နဲ့ ဘဝ ပေါင်းကူးပေးမယ့် အရာက အနှီ တိမ်တွေပါပဲ။
      ဆိုပါစို့ ..အနှီ တက်ဘလက်ပေါ်မှာ ကျနော် ရိုက်လာတဲ့ပုံတပုံကို Win8 ပေါ်က Photoshop နဲ့ တည်းဖြတ်ပြီး တိမ်ပေါ်တင်..
      Android ကနေ ပြန်ဆွဲချပြီး မျှဝေ .. ဆိုတာမျိုး လုပ်နိုင်မယ်ပေါ့ ..။ ဒါပေသိ ခက်တာက Win8 ပေါ်မှာနေလည်း ရှဲစရာ Apps
      တွေရှိသလို Android ပေါ်မှာလည်း Photo Retouch လုပ်နိုင်တဲ့ Apk တွေ ရှိပြန်တယ်။ ဆိုလိုသည်မှာ cross-platform
      မဖြစ်မနေလုပ်ရမယ့် Reason မတွေ့မိဘူး ဆိုတာပါပဲ။ (ပိုတာ လျော့တာတော့ case-by-case ရှိပေမယ့်) ၂ခုစလုံးမဖြစ်မနေ
      လိုတာမျိုးမတွေ့မိတာ ဆိုလိုချင်တာပါ။ M-16 ရော AK47 ရော ၂ဖက်စလုံးကိုင် လို့ ဘာပိုထူးလာမလဲ ..လေးတာပဲအဖတ်တင်မယ်။
      တခုပဲ ကိုင် ကျန်တဖက်ကို လက်ပစ်ဗုံး ပစ်ဖို့ဖြစ်ဖြစ် ဓါးမြှောင် ဆွဲထုတ်ဖို့ဖြစ်ဖြစ် ချန်ထားသင့်ရဲ့ မဟုတ်လား။ အဲ့ဒါကြောင့်
      ဆမ်ဆောင်း စတန့် လို့ ပြောရတာပါ….။

      တော်သေးပြီ
      ခင်တဲ့
      (78G)

      P.S 786 မဟုတ်ပါ 7(iOS) နဲ့ 8(Win) က G (Good) တယ်လို့ ပြောတာ…။

  • ပစ်စီးဒွေဂလည်း အညိုးညိုးဘာဘဲလား ..
    တညိုးပီးတညိုး ဆန်းသစ်နေလိုက်ဂျဒါ …
    ဝယ်နိုင်ဒူဒွေ ဝယ်သုံးဂျပေါ့ …

    ဂလိုဒွေ ဆန်းသစ်ပီး ပေါ်လာဒေါ့ ..
    ဆင်းရဲဒါးဒွေ ခမျာမှာ …
    ရည်ရွယ်ဂျက်ဒွေ ခဏခဏ ပြောင်းသွားရဒတ်ဒယ် ….

  • မင်းမင်း

    June 28, 2013 at 11:29 am

    နည်းပညာသစ်တွေ တမျိုးပြီးတမျိုးတိုး

    လက်ထဲက ပစ္စည်းတွေကလည်း

    ဒိတ်အောက်အောက်သွား။

    အမှီလိုက်ဖို့အသာထား။

    နောက်ကနေမလိုက်နိုင်တာ တအား။

    အဲသလိုဖြစ်နေပြီ ဆရာရေ ။

  • အလင်း ဆက်

    June 28, 2013 at 9:40 pm

    ဗဟုသုတ ရ သည် ။
    ကျေးဇူး တင်သည် ။
    ဆက်လက် ၍ ယခုလို အကျိုးရှိသော ဗဟုသုတ များ.. ပေးပါဦး..ခညာ

Leave a Reply