အသုံးမကျတဲ့ ရှင်သန်ခြင်း

alinsettJune 28, 20133min14918

 

111

 

   အောင်မြင်ခြင်းတစ်ဖက် ကျရှုံးခြင်းတစ်ဖက်နဲ ့

  ခုန်ပေါက် ဝင်လာတဲ့ ကံကြမ္မာကို

 ဖန်တရာ တေအောင် ဆဲရေးပစ်ချင်ရဲ့။

 

ကျကျနနစီစဉ်ထားတဲ့ အမှားတွေကြားမှာ . . . .

ငါတစ်ယောက်ထဲရဲ့ အမှန်တရားက

ဆား မပါတဲ့ ဟင်းတစ်ခွက်လိုပဲလား။

 

မျက်နှာလိုမျက်နှာရအပြုံးတွေကို စားသုံးရင်း

ချဉ်စုတ်စုတ် ကံတရားရဲ့ အရှိန်အဝါအောက်မှာ

ငိုကြွေးဖို့တောင် မျက်ရည်မဲ့ခဲ့ရ ။

 

ပုံပျက်ပန်းပျက် မေတ္တာတရားတွေကြောင့်..

လူစဉ်မမီတဲ့ ရှင်သန်ခြင်းနဲ့ …… ငါ

ဘယ်သူ ့ကိုများ အပြစ်တင် စောရဦးမလဲ ။

သွားးးးးးးစမ်းပါကွယ် ။

 

အဲဒီအသုံးမကျတဲ့မေတ္တာတရားတွေ အကြောင်း

တရားလည်းးလာ မဟော နဲ့

စကားလည်းး လာ မပြောနဲ့

ကြားရတာ …. နားစပ်လွန်းလို ့။

 

ငါမဟုတ်တော့တဲ့ ငါဘဝမှာ နေထိုင်ရင်း…

သူ မဟုတ်တော့တဲ့သူ့ ့ကို နာကျည်းမယ်။

အံကိုကြိတ် အသက်ရှူရင်း

မွန်းကျပ်တတ်တဲ့ ရင်ဘက်ကို

ငါ့လက်သည်းနဲ့…… ငါ ထိုးဖောက်ပါ့မယ်။

 

ဟောဒီ မှောင်မှောင်မည်းမည်း တိမ်တိုက်တွေထဲ

လွတ်မြောက်ချင်လို ့ပါ။

အဝေးဆုံးကို ပျံသန်းသွားချင်ရဲ့ ……

ငါ့ အတောင်ပံတွေ ငါ့နှလုံးသားထဲ စိုက်ဝင်လို ့

ငါ့ နှလုံးသွေးကို ငါပြန်သောက်ရင်း……

ငါ့ အောင်မြင်ခြင်းအရှေ့မှာ…

ငါကိုယ်တိုင် ဒူးထောက်ပေးခဲ့ရတယ်။

 

ဒီလောက် ပိတ်ဆို့တတ်မှန်း သိခဲ့ရင်တာ့. . .

ထွက်ပေါက်ကို ငါယူခဲ့တယ် ။

အခုတော့………..

ခု

ာ့

 

အသက်ပြင်းဖို ့…… သက်ပြင်းတွေ  ချုံးပွဲ ချ ရုံက  လွဲ လို ့

ဘာ . . . . .  မှ.………

 

===================================================

 

ကျွန်တော့် ဘဝထဲက…အဆိုးရွားဆုံး အဖြစ်အပျက်များ..ကြုံတွေ ့နေရစဉ်…

ကံဆိုးတဲ့ နေ့တစ်နေ့မှာ…

ရေးထားမိတဲ့  စာလေးပါ ။

——————————————-

သေချင်လောက်အောင်.. စိတ်ညစ်နေချိန်မှာ…

အနုပညာကလွဲပြီး…ကျွန်တော့်ဘက် ဘယ်သူမှ  / ဘာမှ  မရှိချိန်မှာ…..

သွေးရူးသွေးတန်း လှမ်းဆွဲ မိတဲ့ အနုပညာ ကြိုးတစ်မျှင်ဆိုပါတော့…….

———————————————

ကျွန်တော် ့ ကိုယ်ထဲမှာ……..

အနုပညာဆိုတဲ့ သွေးတွေ စီးဆင်းနေသေးသ၍…..

သေသွားရင်တောင်….

ကျွန်တော်   မရှုံးပါဘူး..။

ဒီလိုပဲ  ခံယူထားတယ် ။

————————————————-

လေးစားစွာဖြင့်….

အလင်းဆက်

 

 

18 comments

  • ကြက်အူလှည့်

    June 28, 2013 at 8:56 pm

    ဟင့်အင်း. ထွီဇာလေးကိုရမယ်ဆိုရင် အနုပညာ ကိုစွန့်မယ်.

  • အလင်း ဆက်

    June 28, 2013 at 9:00 pm

    အက်ဒိ ထွီစရာ
    အကြောင်း..မကြားချင်တော့ဝူးးးတွာ…

    ကနားစီး…မာမီဂီ ..
    သားတော်လေးကို အခြာား..အလှ အပ မမလေးတစ်ယောက်လောက် ရှာပေးပါ ။
    ထွီစရာက..
    မှောင်မှောင်ဆိုတဲ ့ လူနဲ ့…
    ဘာညာ ဘာညာ ဖျစ်နေကြပြီလို ့..
    သတင်းတွေ ကြားတယ် ။

    နောက်တစ်ယောက် ပြောင်းပါရဇီတော့…..

    ရီးဇားတစ်ယောက် အမြန်အလို ရှိသည် ။
    😆

  • ဦး ကြိမ်

    June 28, 2013 at 11:53 pm

    ဆားမပါ တဲ့ ဟင်းလို….အမှန်တရားကအမှား တွေကြားမှာ မျက်နှာငယ်ရ…….။
    မျက်နှာလိုမျက်နှာရ….ကံတရားတွေအောက် မှာ
    ချဉ်စုတ်စုတ် အပြုံးတွေကို…..မဝရေစာ စားသုံးခဲ့ရ…….။
    လူစဉ်မမှီတဲ့ မေတ္တာတရား တွေနဲ့….ရှင်သန်ဖို့ ခက်တဲ့ ငါ
    ဘယ်သူ့ကို အပြစ်တင်မှာလည်း…။
    သစ္စာ မပါတဲ့တရားအကြောင်းလည်းမဟောနဲ့
    မေတ္တာမပါတဲ့ စကားအကြောင်းလည်း မပြောနဲ့
    ငါ့ရဲ ့…နားထဲမှာခါးသီးလွန်း..လို့….။
    ဆို့တက်စွာ အံကြိတ်ရင်း…မွန်းကြပ်တဲ့ရင်ဘတ်ထဲက
    အသက်ရှု တိုင်းအမှတ်ရနေ တဲ့စိတ်တွေကို ….အံထုတ်ပြစ်ချင်တယ်….။
    အဝေးဆုံးကိုပျံသန်းရင်း..ငါ့အတောင်ပံတွေက ငါ့နှလုံးသားကိုစိုက်ချင်စိုက်ပါစေ
    မှောင်မည်းနေတဲ့ တိမ်တိုက်တွေ အောက်ကငါလွတ်မြောက်ချင်တယ်…..။
    ခုတော့…..ထွက်ပေါက်တွေကို ပိတ်ဆို့ပြီး
    ငါ့ နှလုံးသားကို ငါကိုယ်တိုင် ဒူးထောက်ပေးခဲ့ရ
    မင်းရဲ ့အောင်မြင်ခြင်း….ဟစ်ကြွေးသံအောက်မှာ
    ငါ့ ရဲ ့ အသက် ရှုသံတွေက ချုံးပွဲချ ငိုသံတွေ အဖြစ်ကလွဲ လို့
    ဘာမှ……………။
    ကိုလင်းဆက် စောင် ခဏယူခြုံမိတယ်ဗျာ….
    နှလုံးသားခြင်းအရွယ်အစားပမာန တူနေလို့ပါ….ခင်မင်လေးစားစွာဖြင့်……

    • အလင်း ဆက်

      June 29, 2013 at 7:49 am

      ကျွန်တော့် ခံစားချက် တွေကို အမြဲ
      လိုလို ထပ်တူထပ်မျှ ခံစား ပေးတတ်သော
      ချစ်သော ဦးကြိမ်ရေ

      ကျေးဇူးပါ လို့

  • အသုံးမကျတဲ့ ရှင်သန်ခြင်းမှာ
    အနုပညာ ခပ်လိုက်တော့ …
    ဆားပေါ့နေတဲ့ ဟင်းတစ်ခွက်ကို
    ဆားကလေး ခပ်ပြီး စားလိုက်ရသလိုပေါ့ ….
    ဒီလိုပေါ့ … ဟိုလိုပေါ့ ….

    • အလင်း ဆက်

      June 29, 2013 at 1:06 pm

      ချစ်သော အံ ရေ
      ကဗျာ လေးကိူ မျှဝေ ခံစားပေးလို ့
      ကျေးဇူးပါ ဗျ:)

  • ကြည်ဆောင်း

    June 29, 2013 at 10:40 am

    ဟောဒီ မှောင်မှောင်မည်းမည်း တိမ်တိုက်တွေထဲ
    လွတ်မြောက်ချင်လို့ပါ။
    အဝေးဆုံးကို ပျံသန်းသွားချင်ရဲ့ …
    ငါ့အတောင်ပံတွေ ငါ့နှလုံးသားထဲစိုက်ဝင်လို့ …
    ကောင်းလိုက်တဲ့ ညွှန်းချက်လေး ..
    ဘာလို့ ကဗျာပြခန်းထဲ မထည့်ရတာတုန်း အလက်ဆင်းရေ …..

  • အလင်း ဆက်

    June 29, 2013 at 1:01 pm

    ပြခန်း ထဲ မထည့် တာက
    ဆု တွေ ခဏခဏ ယူ ရမှာ အားနာ လို ့ပါ ။
    အဟိ။
    😆

    ပြခန်း အတွက် ပေးပို ့လာတဲ့ ကဗျာ များကို ဦးစားပေး ပြသ ပါတယ်

    ကျွန်တော်တို ့ပြခန်း ဖန်တီးသူတွေ ရဲ့ ကဗျာတွေ က အရန် အနေနဲ့
    လို ထည့်
    ပိုလျှော့ ပါပဲ ။

  • ညလေး

    June 29, 2013 at 1:47 pm

    ထပ်တူကျတဲ့ ခံစားချက်ကို ပုံဖော်ပေးလို့
    ကျေးဇူးးတင်တယ် အလင်းဆက်ရယ်
    ခုန်နေတဲ့ ငါ့ နှလုံးကိုတောင် ငါ စိတ်ပျတ်တယ့်

  • အလင်း ဆက်

    June 29, 2013 at 3:54 pm

    ည လေးး ရေ

    ထပ်တူကျတယ် ဆိုလို ့
    ဘယ်လိုပြော ရမလဲ

    အသက် ရှု ဖို ့တောင် စိတ်မပါတော့တဲ့ ကိုယ့် ရှင်သန်ခြင်းကို
    ကိုယ်တိုင် စိတ်ပျက်နေသူ အချင်းချင်းးး
    ကိုယ်ချင်းစာ တယ်။

    ကဗျာလေးကို
    အရောက်လာ ခံစားပေးလို ့
    ကျနော်က လည်း ကျေးဇူးတင်ပါတယ်

  • lele kyi

    June 29, 2013 at 4:07 pm

    အလင်းဆက်ရေ- အခက်အခဲတွေ ဟာနေရာတိုင်းမှာရှိနေကြမှာပဲ ။ ပုံစံတစ်မျိုးစီနဲ့လေ။ ဘာပဲဖြစ်ဖြစ်ငါအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုပြီး ရင်ဆိုင်ပစ်လိုက်ပါ။

    • အလင်း ဆက်

      June 29, 2013 at 5:44 pm

      အန်တီ လီလီ ရေ

      အားစကားလေးအတွက် ကျေးဇူးတင် ပါတယ်နော်
      အခက်အခဲနဲ ့ကြုံတိုင်း အရည်အချင်း ကို ထုတ်သုံးပြီးးး
      ဒဏ်ရာ တွေ ကို မနာ သလိုလို အားတင်းခဲ့ရတာ
      များပါပြီ ။

  • Mr. MarGa

    June 29, 2013 at 5:02 pm

    အသုံးမကျတဲ့ ရှင်သန်ခြင်း ကို
    တစ်ဖက်ကနေ လှည့်တွေးလိုက်ပေါ့
    ငါ အသုံးမကျ လို့
    သူများတွေကို အသုံးချ နေရတယ်
    သူများတွေ အတွက် အခွင့်အလမ်း ပို ရတယ် လို့
    ဟီဟိ……………………. ပြေးပြီ :mrgreen: :mrgreen:

    • အလင်း ဆက်

      June 29, 2013 at 7:52 pm

      ပြေး..လို ့လွတ်ရိုးလား….သကြားရယ်..
      ကော်ဖီခွက်ကိုင်ပြီး..လိုက်လာပြီ….
      ငှဲငှဲ….
      😆

      • Mr. MarGa

        June 30, 2013 at 2:38 pm

        အော်………
        ဒလောက်တောင် လိုက်လာတယ် ဆိုတော့
        ကြည့်ရတာ ကဗျာရွတ်ချင်တဲ့ ပုံပါလား
        ဖတ်ရွေးကို ပြောလိုက်တော့မယ်နော်………. :mrgreen:

        • အလင်း ဆက်

          July 1, 2013 at 3:23 pm

          သကြားးး

          နီ မကြပ်နဲ့နော်

          နာ နိုမှာာာ

          ဗြဲ ဟဲ ဟဲ

  • သူကလေး

    July 1, 2013 at 10:27 am

    ဟုတ်လှချည်လား
    အရမ်းမိုက်တယ် ……….

Leave a Reply