ဗိုလ်ချုပ်မှူးကြီး အိန္ဒိယ ရောက်စဉ် အာဏာသိမ်းရန်ကြိုးပမ်းမှုမအောင်မြင်

nyanayJuly 30, 20101min1146

FNG | အိန္ဒိယနိုင်ငံသို့ မြန်မာ စစ်ခေါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့က အာဏာသိမ်းရန် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ကြောင်း Freedom News Group မှ စုံစမ်း သိရှိ ရသည်။

အိနိ္ဒယနိုင်ငံ ကို ခြောက်နှစ် အတွင်း ဒုတိယ အကြိမ်မြောက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ ရောက်ရှိ နေစဉ် နေပြည်တော် တိုင်း စစ်ဌာနချုပ်မှ အရာရှိ အချို့က ဦးဆောင်ပြီး အာဏာသိမ်းရန် ကြိုးစား ခဲ့သော် လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး က သဘော မတူသောကြောင့် အထ မ မြောက် ဖြစ်ခဲ့ရသည် ဟု ကာကွယ်ရေး ဝန်ကြီး ဌာ န (နေပြည်တော် ) မှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာ စစ်ခေါင်းဆောင် နှင့် အဖွဲ့သည် နေပြည်တော် လေဆိပ်မှ တစ်ဆင့် ဆင်ဖြူတော် လေယာဉ် အပါအဝင် အခြား လေယာဉ် သုံးစင်းဖြင့် အိန္ဒိယ နိုင်ငံသို့ ထွက်ခွာပြီး တစ်ရက် အကြာတွင် မြန်မာ နိုင်ငံ ဉ် အာဏာသိမ်းသည့် သတင်းများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ အာဏာသိမ်းရန် အားထုတ်ခြင်းအား နေပြည်တော် တိုင်း စစ်ဌာနချုပ် မှ အရာရှိ တစ်ချို့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ပထမ တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ဝေလွင် နှင့် ဒုတိယ စစ်ခေါင်းဆောင် ဒု- ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ ပါမည် ဟု ထင်မှတ် ထားခဲ့သော်လည်း စည်းရုံး၍ မရသဖြင့် အာဏာ သိမ်းရန် ကြံစည်မှု အား လက်လျှော့ ခဲ့ကြသည် ဟု သတင်း ရရှိသည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက “ လောလောဆယ် နေပြည်တော် မှာ အရေး ပေါ် အခြေအနေ ပေါ့ .. ဗိုလ်မှူးချုပ် ဝေလွင် လက်အောက် က အရာရှိ တစ်ချို့ စီစဉ် တယ်လို့ ကြားတယ် ။ သူတို့ က ဗိုလ်ချုပ် မောင်အေးနဲ့ တွေ ့ပြီး ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိမ် နဲ့ စစ်ရုံးချုပ် ကို ဝိုင်းမယ် .ကိုယ်ရံတော် တပ်ဖွဲ့တွေ ကို ပစ်ခတ်တာ မလုပ်ဖို့ အမိန့် ပေးမယ်ဆိုပဲ .. အဆင့် ငါးဆင့်နဲ့ သွားမယ်ပေါ့ ။ ဗိုလ်မှူးချုပ် ဝေလွင် အိမ်ကို ဝိုင်းထား တုန်းမှာ ပဲ ဗိုလ်ချုပ် မောင်အေးတပ်က ခေါ်တွေ့ပြီး မလုပ်ဖို့ နားချတယ်။ ပုံမှန် ရာထူးတွေ အတိုင်း ဆက်ထားပေးမယ် ဆိုပြီး ပြီးသွားတာ ။ သူတို့က ဗိုလ်ချုပ် မောင်အေးကို ခေါင်းဆောင် တင်တယ် ကြားတယ် ။ ဗိုလ်ချုပ် မောင်အေးက လက်မခံဘူးဟု သူသိရှိ ထားသည်ကို FNG သို့ ပြောပြသည်။

ယမန်နေ့ မှ စပြီး နေပြည်တော်ရှိ အရေးကြီး နေရာ အချို့တွင် လုံခြုံရေးများ တင်းကျပ် ထားပြီး ဝန်ကြီးဌာန ဖုန်း အချို ့မှာ မူ ဖြတ်တောက် ထားခြင်း ခံရသည်။ ရန်ကုန် မြို့တွင်မူ နေပြည်တော် တွင် အာဏာသိမ်းသည့် သတင်းကြောင့် အမေရိကန် ဒေါ်လာ ဈေးနှုန်း နှင့် ကုန်ဈေးနှုန်းများ တက်သွားပြီး ညဘက်တွင်လည်း လူသူ သွားလာမှု များ တိတ်ဆိတ် ခြောက်ကပ် သွားသည်။

နေပြည်တော် ၏ လက်ရှိ အရေးပေါ် အမိန် ့ပေးကွပ်မှု ကို ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး အမိန် ့ဖြင့် သီဟသူရ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ် ဝေလွင် တို့က ကိုင်တွယ်သည် ဟု သတင်း ရရှိသည်။ စစ်တိုင်းမှုးများ အားလုံးမှာ ဂြိုလ်တုန်း ဖုန်းဖြင့် အိနိ္ဒယ ရောက် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား သတင်းပို့ရသည်။

မြန်မာ စစ်ခေါင်းဆောင်သည် အိန္ဒိယ နိုင်ငံသို ့ရောက်ရှိစဉ် နာမည်ကျော် အိန္ဒိယ ဝေဒပညာရှင် ဖြစ်သူ ချန်ဒရာ ဒေဝီ နှင့် တွေ့ဆုံ ခဲ့သည်။ ခရီးစဉ် အတွင်း အိန္ဒိယ သမ္မတ နှင့် ဝန်ကြီးချုပ် တို ့ နှင့် တွေ ့ဆုံခဲ့သည်။ အိနိ္ဒယ ဘင်္ဂလားဒေရှ် နှင့် ပါကစ္စတန် ခေါင်းဆောင်များ မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်သည့် အခါတိုင်း ၎င်းတို့၏ ပါတော်မူ ဘုရင် ဖြစ်သူ ဇဘားရှား ၏ အုတ်ဂူ ရှိရာ ရန်ကုန်မြို့ ဇီဝက လမ်းသို့ လာရောက် ဂါရဝပြု သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ မြန်မာ ဘုရင် သီပေါမင်း၏ အုတ်ဂူအား သွားရောက် ဂါရဝ ပြုခြင်း မရှိ ဟု သတင်း ရရှိသည်။

နေပြည်တော် တွင် အာဏာသိမ်းမှု နှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ စစ်အရာရှိ တစ်ဦးကမူ ဒါတွေက ဆိုက်ဝါးလည်း ဖြစ်နိုင်တယ်။ အာဏာသိမ်းမှု ဖြစ်မှာဆိုးလို့ တန်ပြန်တာနဲ့ သူတပ်ကို ဘယ်လောက် ပိုင်လဲ ဆိုတာမျိုး ဘယ်သူမှ မလှန်နိုင်ဘူး ဆိုတာ မျိုး ပြချင်တာ ဖြစ်နိုင်တယ်ဟု သုံးသပ်သည်။

လက်ရှိ အာဏာသိမ်းရန် ကြံစည်မှု သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တစ်ဦးတည်း ကိုသာ ရာထူးမှ ဖယ်ရှားရန် ကြိုးစားခြင်း ဖြစ်ပြီး ဒီမိုကရေစီရေးသို့ ပြောင်းလဲသည့် ခြေလှမ်းမျိုး မဟုတ်ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အဖွဲ့သည် ယနေ့ ညနေတွင် မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

Freedom News Group သည် အာဏာသိမ်းရန် ကြိုးစားသူများ အား ဆက်လက် သိရှိ နိုင်ရန် သတင်း စုံစမ်းဆဲ ဖြစ်သည်။

ဝန်ခံချက်။ ။source by : FREENDON NEWS GROUP
Posted by ဒီရေ

6 comments

  • kopainglay

    July 30, 2010 at 6:50 am

    ကျွန်တော်နေပြည်တော်မှာနေပီး ဒါကို ဒီနေ့မှသိတယ်ဗျာ ဘာတွေဖြစ်မလဲဆိုတာ ပါးစပ်လေးပိတ်ပီးနားဖွင့်ထားမှ သတင်းအမှန်တွေတာတင်ပေးကြပါ ကျွန်တော်တို့လူငယ်တွေသိရတာပေါ့

  • fatty

    July 30, 2010 at 7:05 am

    ဟာ…ဒီသတင်းမျိုး ထပ်သိချင်တယ်ဗျာ …..dvb, voa,rfa,voa တို့က မလွှင့်သေးဘူးနော။

  • True Faith

    July 30, 2010 at 7:25 am

    ၂၈ ရက်နေ့က ထင်ပါတယ်။ ကျနော့်ဆီကို ဂျီတော့ခ်က လာတဲ့ အာဏာသိမ်းတဲ့ မက်ဆေ့ချ်တွေ ပလူပျံအောင် ရောက်လာတော့ ဒီကိစ္စ တကယ်ဖြစ်ပါစေလို့တောင် ဆုတောင်းမိတယ်။ ဒါပေမယ့် ယခင့် ယခင် မက်ဆေ့ချ် အတွေ့အကြုံများအရ ဖြစ်နိုင်ချေနည်းမယ်လို့ ထင်မိပါတယ်။ ထင်တဲ့အတိုင်းပဲ ကောလဟာလပဲ ဖြစ်သွားခဲ့တယ်။

    ီဦးသန်းရွှေကြီးကလည်း ဒါမျိုးဖြစ်နိုင်ချေကို ကြိုတွေးမိမှာပါ။ ဒါကြောင့် သေချာပြင်ဆင်ပြီးမှ အိနိ္ဒယကို သွားမှာဖြစ်ပါတယ်။ အခုတော့ မောင်သန်းရွှေကြီးလည်း နေပြည်တော်ပြန်ရောက်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့နေလောက်ပါပြီ။

    ၂ရ ရက်နေ့ညကတောင် ထမင်းစားရင်း ဒီအချိန် မြန်မာပြည်မှာ အာဏာသိမ်းမှုဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါသေးတယ်။ ဘာကြောင့်ဆိုတော့ ကျနော်တို့ အပြောင်းအလဲတခုခုကို အရမ်းလိုလားနေကြပြီလေ။

  • minminaung

    July 30, 2010 at 8:56 am

    ဒီသတင်းကို ဆိုဒ်တစ်ဆိုက်မှာအရင်ဆုံးဖတ်မိလိုက်တယ်.. ပထမတော့ တော်တော်လေးကိုပျော်သွားတယ်.
    သတင်းတွေ confirm ဖြစ်အောင်လိုက်ရှာတာ တစ်ခုမှ မတွေ့ဘူူး..နောက်သူငယ်ချင်းတွေကို မေးတယ်…
    သူတို့လည်းယောင်ဝါးဝါးပဲ…တစ်ချို့က ကူးပြီး forward လုပ်ကြတယ်..
    သတင်းကို အမှန်အတိုင်းတင်စေချင်ပါတယ်..စာဖတ်သူတွေ သတင်းအမှားကြီးဆိုတာ သိရပြီးတဲ့နောက်ဆို
    အဲဒီဆိုဒ်ကို အထင်ကြီးတော့မှာမဟုတ်ဘူး..ထင်ရောင်ထင်မှားတွေရေးပါများရင် အမှန်ရေးရင်တောင် ..
    စိတ်ဝင်စားမှာမဟုတ်တော့ပါဘူး…ဘက်လိုက်ပြီးပြောတာမဟုတ်ဘူးနော်…
    forward မေးတွေကိုလည်း ဖြစ်နိုင်ခြေ၊ ရှိမရှိ သုံးသပ်ပြီးမှ forward လုပ်တာ ပိုကောင်းမယ်လို့ယူဆမိပါတယ်..

  • cobra

    July 30, 2010 at 9:38 am

    သတင်းကအမှန်ဆိုရင်တော့ကောင်းပါတယ်…..ဖြစ်သင့်တာတွေတော့ဖြစ်ကုန်ပီပေါ့။

  • timothy

    August 1, 2010 at 2:47 pm

    I call upon the services of all soldiers to know their duty and rise up against the traitors Than Shwe. He is selling country`s wealth illegally to his masters, China, India and North Korea. He is now in the pockets of Communist China and North Korea. People said that Burma is one of the province of China. To save the mother country and army in the name of people of Burma and ancestors Burmese independence, I call upon all soldier to turn the gun against Than Shwe and Co. People will come out into the streets as soon as they realize that army is siding with the people. All the soldiers. The country is calling for your patriotic services. Catch the traitors. It is extreme calls of the duty Burma needs. Listen to your instinct and serve your people and distance yourselves from the dictators. Long lives the patriotic soldiers. Shoot the traitors. End their lives. Save your country. Bravo.

Leave a Reply