“အရှင်ဘုရားတို့ကို လျှောက်တင်ချင် စမ်းပါရဲ့´´

ခင္ခJune 28, 20131min41346

“အရှင်ဘုရားတို့ကို လျှောက်တင်ချင် စမ်းပါရဲ့´´

 

သတင်းလေးတစ်ခုဖတ်ရတဲ့ထဲမှာ ဇွန် ၂ရ ရက်နေ့ ရန်ကုန်မြို့ အင်းစိန်မှာ ကျင်းပခဲ့တဲ့ပွဲမှာတဲ့

( အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေးဥပဒေ ထောက်ခံဆွေးနွေးသော မော်လမြိုင်ဆရာတော်ဘုရားကြီး က မိန့်သည်။

” ဒီဥပဒေကို လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကို စောင့်ရှောက်တဲ့ဥပဒေ လို၊ မလို ဆုံးဖြတ်ရမှာပဲ။

ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ မဲမပေးခိုင်းတော့ဘူး ၊ မဲပေးမယ့်သူတွေ၊ ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာ ရှိတယ်ဆိုတာ သူတို့သိစေရမယ်” )

လို့ မိန့်တယ်လို့ သိရပါ၏။ ဒါဆိုရင် ၂၀၁၅ မဲပေးမည့် မြန်မာများ မဲရုံမသွားမှီ ဘုန်းတော်ကြီး မဲပေးသင်တန်း ကျောင်းသို့ အရင်ကြွလှမ်းကြပါလို့ တိုက်တွန်းရမလား ? ဒါမှမဟုတ်လဲ ၂၀၁၅ ရွှေးကောက်ပွဲကို မြန်မာလူထု ကိုယ်စား အရှင်ဘုရားတို့ဘဲ ကိုယ်စားမဲပေး ပေးပါ ဘုရားလို့ လျှောက်တင်ရမလား တွေးမိပြန်တယ်၊

မျိုးစောင့်ဥပဒေပါ အကြောင်းအချက်နဲ့ ရည်ရွယ်ချက်တွေကို သဘောမကျလို့ လက်မခံလို့ မဟုတ်ပါဘူး၊ ကျွန်တော်လည်း မြန်မာ ဗုဒ္ဓဘာသာတစ်ယောက် အနေနဲ့ ကိုယ့်ဗုဒ္ဓဘာသာဝင်တစ်ယောက် မိမိဘာသာတူနဲ့ လက်ထပ်စေချင်တာကို လက်ခံပါတယ်၊ ဒါပေမယ့် အတင်းအဓမ္မလုပ်ယူရ မယ့်ကိစ္စမဟုတ်ဘူးလို့ မြင်တာပါ၊ တကယ်တန်း ဗုဒ္ဓဘာသာ သာသနာ မပျောက်မပျက် မျိုးဂုဏ်ဆက်ချင်ကြတယ်ဆိုရင် မြန်မာတွေ ကိုယ့် ဘာသာတူ လက်ထပ်ယူကြရင် ဘုရားသွားမလား ကျောင်းတက်မလား အလှုအတန်းလုပ်မလား ဘုရား သွား ကျောင်းတက် အတူတူ စိတ်တူကိုယ်တူ လှုလိုလှု နေရတာ ဘယ်လောက် စိတ်ချမ်းသာ ဖို့ကောင်းနိုင် သလဲ ဗုဒ္ဓတရားတွေ ဗုဒ္ဓဝိပဿနာတရား အနှစ်သာရတွေ ဟာဘယ်လို လက်တွေ့ကျတယ် ဘယ်လိုကျင့်ရင် ဘယ်လိုဖြစ်နိုင်တယ် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေက ဘာတွေပါဆိုတာကို ဘုန်းဘုရားတို့ ဓမ္မဒါန အလှု တရားပွဲအလှု နှုန်းတွေကို လျော့ယူပြီး နေရာအနှံ ရောက်အောင်ဟော ပေးကြပါဘုရား၊ သာသနာ ပြုတရား ဟောခြင်းတွေ အလကားမတ်တင်း ဟောပြောပေး ကြဖို့လုပ်ပေးကြမှ ဆရာ ဒကာ ညီကာမျှပြီး ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ဖြစ်လာမယ်ထင်မိပါတယ်၊ အဲလိုမဟုတ်ဘဲ မျိုးစောင့်ဥပဒေ ပြဌာန်း ခွင့်ရသွားပြီဘဲထားအုံး ဥပဒေသည် စာရွက်ပေါ်တွင်ရှိသည်ဆိုသလို အရင်အရင် ဥပဒေတွေ အဲလိုနဲ့ဘဲ အသက်မဝင် ဖုန်ဝင်ခဲ့တာတွေလည်း များစွာဒုနဲ့ဒေးပါ အရှင်ဘုရားတို့၊ တစ်ချို့တော နယ်ဒေသတွေဆိုရင် တရားရုံးတော်ကိုမှာ လက်ထပ်ခွင့်တောင်း စာချုပ်ချုပ်ကာ လက်ထပ်ရမှာ တောင်မသိ ကြဘဲ ကိုယ့်ရပ်ရွာမှာဘဲ ဟိုဘက်ဒီဘက် အသိပေးမင်္ဂလာဆောင် ကြတဲ့ဒေသတွေကလည်း မရည်မတွက် နိုင်ဘူးလေ၊ အဲလိုနေရာ တွေက ဥပဒေဆိုတာ လွှမ်းမိုးနိုင်စွမ်းထက် အိမ်ကိုဆွမ်းခံကြွတဲ့ ကိုယ်တော်က တရားလေး တပုဒ်ဟောတာက ဥပဒေထက်တောင်ပိုလို့ထိရောက်ကြပါ လိမ့်မယ် ထင်မိပါတယ်ဘုရားတို့၊ မြတ်စွာဘုရားရှင်လက်ထက်တော် တုန်းကတောင် ဝါဆိုခါနီး ကနဦး ရဟန်းငါးရာကို “တစ်ပါးတစ်နေရာ ဆီကြွချီကာ ဝါဆိုတော်မူလို့ ငါ့ဘုရား သာသနာကို ဖြန့်ဝေကာ သာသနာ ပြုကြ တစ်လမ်းတည်း တစ်နေရာ တည်းကို နှစ်ပါးအတူ မဖြစ်စေနဲ့´´ လို့မိန့်တော်မူပြီး အဲဒီလို ခရီးကြမ်းတွေ နှင်ကာသာသနာပြုခဲ့ကြကြောင်း လေ့လာဖတ်ဘူးပါတယ်ဘုရားတို့၊ အဲဒါကမှ တကယ့်သာသနာပြုရာ နည်းလမ်းကောင်းဖြစ်မယ်ထင်မိပါတယ် ဘုရားတို့၊ အခုအချိန်မှာ အမျိုး ပျောက်မှာ စိုးကြောက်ပါသည်ဆိုရင် ဗုဒ္ဓသာသနာပြုခရီးတွေ တရားပွဲတွေ နေရာအနှံမှာ ပေါ်ထွန်းနိုင်အောင် အရှင်ဘုရားတို့ဘက်က ဆောင်ရွက်ပေးကြရင် ပိုကောင်းမယ်ထင်မိပါတယ်ဘုရား အရှင်ဘုရားတို့ အခုလို မျိုးစောင့်ဥပဒေ အတည်ပြုရေး တိုက်ပွဲဆင်နွဲခြင်း နိုင်ငံရေးနည်းလမ်းတွေနဲ့ နှီးနွယ်ဆောင်ရွက်ခြင်း ပြီးတော့ မျိုးစောင့်ဥပဒေကို အရှင်ဘုရားတို့တွေ စဉ်စားပြီးရေးဆွဲထားတာဆိုရင် သံဃနာယက အဖွဲကို ဦးတိုက် လျှောက်ထားပြီး အဲဒီကမှတဆင့် လွှတ်တော်တွေ ပါလီမန်တွေကို တင်တာကပိုများ နည်းလမ်းကျလေမလား တွေးမိပြီး အရှင်ဘုရားတို့ လုပ်ဟန်တွေ နည်းလမ်းက မထိရောက်ဘဲ အလွဲဖြစ်မှာ စိုးရိမ်မိပါတယ်လို့ တင်လျှောက်လိုက်ချင်ပါရဲ့။

 

ခင်ခ။

(ကိုယ့်အတွေးနဲ့ကိုယ် ရေးပုံက…………)

46 comments

  • ဦး ကျောက်ခဲ

    June 28, 2013 at 2:10 pm

    အတိအကျပဲ ဆရာခရေ…
    ဆရာတော်များ လုပ်နည်းမမှန် လမ်းလွဲပြီလို့ မြင်ပါတယ်…
    ပိုဆိုးတာက “မဲ” ကိစ္စ နိုင်ငံရေးအထိ ဝင်ပါလာတော့…
    သဂျီးပြောတဲ့ နှစ်တစ်ထောင်ကျိမ်စာ မိတာပဲဗျာ…
    သံဃာများ ကိုယ့်အလုပ် ကိုယ်လုပ်ကြရင် ကောင်းလိမ့်မယ်…

    • ခင် ခ

      June 28, 2013 at 2:25 pm

      သာသနာပြုတယ် ဘာသာသာသနာ တိုးပွားအောင်လုပ်မယ်ဆိုတဲ့ကိစ္စဟာ
      ပညာသားပါပါ စည်းရုံးကိုင်တွယ်ရတဲ့ကိစ္စပါ ကိုကျောက်ရေ။
      အခုဟာက မဲပေး မပေးနဲ့ နှီနွယ်ပြီး အကြပ်ကိုင်လုပ်ကြမယ့်သဘောဆိုရင် ရှုတ်ရှက်တွေခတ်ပြီး ဘရုတ်ဘရက်တွေနဲ့ အဟုတ်အဟတ်တော့ ဖြစ်မှာစိုးတယ်ဗျ။

      • lele kyi

        June 29, 2013 at 3:21 pm

        ဦးခရေဟုတ်တယ်။ ဘာသာရေးနဲ့နိုင်ငံရေး တွေ မရောထွေးသင့်ဘူးလို့ထင်ပါတယ်။ ဘာသာရေး က တစ်ဦးတစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုနဲ့ ဆိုင်ပြီး ကွဲလွဲလို့ရပါယ်။ နိုင်ငံရေးက အများနဲ့သက်ဆိုင်သွားပြီ။

  • surmi

    June 28, 2013 at 2:25 pm

    အဲဒိသတင်​းမဟုတ်​ပါ​စေနဲ့လို့ဆု​တောင်​း​နေတာ

    • ခင် ခ

      June 28, 2013 at 2:28 pm

      ကိုဆာမိရေ ကျွန်တော်လည်း အဲလိုမဖြစ်ပါစေနဲ့လို့ စဉ်းစားရင်း လျှောက်တွေးမိသွားတာလေးကို ရင်ဖွင့်ကာရေးလိုက်တာပါဗျာ။

  • စနေ

    June 28, 2013 at 2:42 pm

    လေးခရေ……သတိထားရေးနော် ……
    ကိုယ်က လက်မခံနိုင်လို့ လက်မခံနိုင်ဘူးရေးတာကို ..
    ၁၁ မှာ သံဃာထုကို တိုက်ခိုက်တယ်ဆိုပြီး ပါနေအုံးမယ် …. 🙂

    ဘာသာတရားကိုကာကွယ်တာ
    ယုုံကြည်မှုဖြစ်ပြီး ယုံကြည်မှု ခိုင်မာရင် ဘာနဲ့မှ လှုပ်လို့မရဘူး … (အမေစု)

    • ခင် ခ

      June 28, 2013 at 2:59 pm

      စနေရေ သံဃံ သရဏံ ဂစ္ဆာမိ လို့ နေ့စဉ်ရွတ်တဲ့ ကျုပ် သံဃာကို တိုက်ခိုက်ပါ့မလား၊
      ကောင်းစေချင်သော တရားအမြင်လေးနဲ့ ဘဲရေးထားတာပါဗျ။

      • ကြက်အူလှည့်

        June 28, 2013 at 8:42 pm

        အင်းးး နှမတော် က ကိုခင်ခကိုအထင်မလွဲပါဘူးဗျ. ကျန်တဲ့ ဘယ်ရွာသူားမှလည်း တိုက်ခိုက်တယ်မထင်ပါဘူး.

        ရွာထဲ ကျုပ်သယ်လာပြီး သူနဲ့ စကားလက်ဆုံကျတဲ့ ကိစ္စမို့ ဝင်လျှာလျှည်ရရင်.
        ဟိုမီဒီယာ. တစ်ပူးပေါ့ဗျာ. ဖွဘုတ်ပေါ်တက်ဖွပြီး. ဘယ်သူကတော့ စော်ကားတယ်
        ဘယ်ဝါကတော့ မြှောက်ပေးတယ် ဘယ်သင်းကတော့ ခုတ်ချတယ်. စသည်. အွန်လိုင်ာစာရေးသူတွေကို
        နစ်နိမ်းနဲ့တကွ သတင်းစာထဲထည့်ထည့် ချီးမြှင့်နေသဗျ. ဆိုတော့ အွန်လိုင်းရေးသူချင်းချင်း တခုခုဆို
        တစ်ပူးထဲ ပါမယ်နော်. ဆိုပြီး စတတ်နောက်တတ်ကြတာပါ. ၂ရက်ရှိပါပြီ. အဲ့ဒါလေးပါပဲ.

        ကွိကွိ.

      • စနေ

        June 29, 2013 at 10:38 am

        လေးခရေ ….
        လေးခကို သံဃာတွေကို တိုက်ခိုက်တယ်လို့
        ပြောတဲ့သဘော မဟုတ်ပါဘူး …
        အောက်က အကိုတော် ပြောသလို စတဲ့သဘောနဲ့ ပြောမိတာပါ …
        လေးခအတွက် အထင်လွဲစေတဲ့ စကားဖြစ်သွားရင် တောင်းပန်ပါတယ် …..

        • စနေ

          June 29, 2013 at 10:39 am

          အောက်က အကိုတော်လို့ပြောလိုက်တာ ..
          အကိုတော့် comment က အပေါ်ရောက်သွားပြီ …. 🙂

  • kai

    June 28, 2013 at 2:51 pm

    သခင်မျိုးဟေ့.. ဒို့ဘားမန်င်း..
    အဲဒါကို လူတိုင်းက အသိစ်ိတ်နဲ့လိုက်နာရင်.. ကိုယ်တိုင်ရဲ့စိတ်ဓါတ်ရေးရာလည်းမြင့်တက်လာမယ်…
    မိသားစုလည်းကောင်းလာမယ်..။
    တိုင်းပြည်လည်းကောင်းမယ်…

    အရည်အချင်းမရှိအပေါ်ရောက်နေ..တက်နေသူတွေလည်း.. ပြုတ်ကျသွားမယ်..

    ဝင်း-ဝင်း အခြေအနေပါ…။
    တဦးချင်းစီက..အခုလုပ်..အခုဖြစ်တယ်..။
    အပင်ပန်းခံ.. ကြယ်ငါးပစ်နေသလို.. ပစ်စရာတောင်…မလို…။

    သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…. :mrgreen:

    အမေရိကားကို.. စာတကြောင်းထဲဖြစ်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါကြောင်း..

    The quotation “All men are created equal” has been called an “immortal declaration”, and “perhaps [the] single phrase” and popularized as “theory of prediction” of the United States Revolutionary period with the greatest “continuing importance”.[1][2] Thomas Jefferson first used the phrase in the Declaration of Independence. It was thereafter quoted or incorporated into speeches by a wide array of substantial figures in American political and social life in the United States. The final form of the phrase was stylized by Benjamin Franklin.[3]

    • အရီးခင်လတ်

      June 28, 2013 at 7:41 pm

      အရှင်ဘုရား တို့ ဒီ သူကြီးမင်း အကြိုက်ဖြစ်အောင် လုပ်နေကြပြီလား ဖျာ့။

      (ကိုခ ရေ စေတနာစကားလေး တွေ ကို လေးစားပါတယ်။)

  • ခင် ခ

    June 28, 2013 at 3:02 pm

    မှန်တာပေါ့ သဂျီးရေ။
    “အဲဒါကို လူတိုင်းက အသိစ်ိတ်နဲ့လိုက်နာရင်.. ကိုယ်တိုင်ရဲ့စိတ်ဓါတ်ရေးရာလည်းမြင့်တက်လာမယ်…
    မိသားစုလည်းကောင်းလာမယ်..။
    တိုင်းပြည်လည်းကောင်းမယ်…
    အရည်အချင်းမရှိအပေါ်ရောက်နေ..တက်နေသူတွေလည်း.. ပြုတ်ကျသွားမယ်..
    ဝင်း-ဝင်း အခြေအနေပါ…။´´

  • kyeemite

    June 28, 2013 at 3:27 pm

    ပြောတာတွေလည်းများနေပြီကိုခရေ…ဒီလိုလည်းပြောပြန်တယ်…
    Wira Thu FBမှာ…
    “အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး ဩဝါဒ”
    *******************************
    “လုပ်သင့်တာကို မလုပ်ရင် တာဝန်မကျေရာရောက်
    အမျိုးဘာသာ သာသနာအရေး ရှောင်နေလို့မရ၊
    မသိကျိုးကျွံပြုနေရင် ဘုရားလမ်းစဉ် မလိုက်ရာကျမယ်။
    လူမှုရေးလုပ်ငန်းတွေနှင့် ရဟန်းသံဃာတွေ
    ဘာဆိုင်လဲ ပြောကြတာတော့ အင်မတန် စိတ်မကောင်းစရာဖြစ်
    လိုအပ်ရင် သားဖွားခန်းထဲ ဝင်ပြီး အင်္ဂုလိမာလသုတ် ဟောခွင့်ရှိ။
    ဒါလည်း လူမှုရေး လုပ်တာပါပဲ။”

    သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…. :mrgreen: (cd-kai)

    ဆိုတော့ မီးဖွားရင် ဘုန်းကြီးပင့်ဂျဗျို့…ေွိ

    • ခင် ခ

      June 28, 2013 at 3:38 pm

      ဟိုပြောဒီပြောတွေကလည်း များလာမှာဘဲလေ ကိုကြီးမိုက်ရေ။
      ဆရာတော်တွေ ဘုန်းတော်ကြီးတွေ အတွေးမမှားစေချင်ဘူးလေ။
      တကယ်ထိရောက်ပြီး သင့်လျှော်တဲ့ လမ်းရွှေးတတ်ဖို့လိုမယ်ထင်တယ်လေ။

  • ကြည်ဆောင်း

    June 28, 2013 at 3:29 pm

    လူတိုင်းရဲ့နှလုံးသားမှာ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘသာကို
    ဘုရားတည်ပေးတာက မျုိုးစောင့်ဥပဒေ ထုတ်တာထက် ပိုထိရောက်မယ်
    လို့ထင်ပါရဲ့ ့ ့ ့

    • ခင် ခ

      June 28, 2013 at 3:45 pm

      ဘယ်ဘာသာဘဲဖြစ်ဖြစ်ပါ တကယ်ယုံကြည်တဲ့သူရဲ့ စိတ်အတွင်းသန္တန်မှာကိုယ် ဘာသာတရားဆိုတာ ကိန်းနေပြီးရင် ဆွဲထုတ်ရခက်ပါတယ် ကိုကြည်ဆောင်ရေ။

  • kai

    June 28, 2013 at 3:38 pm

    ၂၀၀ရ သင်္ကန်းရောင်တော်လှန်ရေးကာလက.. ရဟန်းတွေသပိတ်မှောက်တော့.. အဲဒီကောင်တွေ.. လက်သီးနဲ့ထိုး.. တုတ်နဲ့ရိုက်လို့ဟောပြောတဲ့.. မဟနကကြခက်ဝိုင်းဆရာတော်ကြီးသတိရမိတယ်..
    ဘာတဲ့..
    ဒန်ပေါက်တောင်ပါသေး..

    ဟေး..ဟေး…

  • KZ

    June 28, 2013 at 3:46 pm

    ဘာမှ မလျှောက်တင်လိုတော့ပါဘုရားးးးးးးးး
    မြန်မာပြည်ကြီး က အရှင်ဘုရားတို့ လက်ခုပ်ထဲမှာမို့
    သွန်လိုသွန် မှောက်လိုမှောက်ပါတော့ ဘုရားးးးးးး

    • ခင် ခ

      June 28, 2013 at 3:57 pm

      ဆရာမကေ မန့်တာလေးဖတ်ပြီး တစ်ခုအတွေးဝင်မိတာက “မျိုးစောင့်ဥပဒေ´´ ဆိုတာ စစ်မျိုးနွယ်များ နိုင်ငံရေးဇတ်ခုံပေါ်က ပပျောက်မသွားစေသော နိမိတ်စကားလေးများ ဖြစ်လာလေမလားလို့။

  • မင်းမင်း

    June 28, 2013 at 3:54 pm

    ဒီလို လုပ်တယ်ဆိုတော့

    NLD အတွက်အခွင့်အရေး ရသွားတယ်လို့

    မြင်မိတယ်ဗျ။

    အခါအခွင့်သင့်တာနဲ့ နဲနဲလှုပ်ပေးရင်

    ကိုပြန်အဖတ်ဆယ်နိုင်မယ်ထင်မိပါတယ်။

    စမတ်ကျွေးရင် စားတတ်ရတယ်ဆိုလားပဲ ။

    • ခင် ခ

      June 28, 2013 at 4:17 pm

      ရာဇဝင်သမိုင်းအရ မင်းတုန်းမင်းလက်ထက် ဘာသာရေးဦးစားပေးကာ အုပ်ချုပ်တော့ ကနောင်မင်းသားကြီး ရေမြုပ်ဗုံးတီထွင်စပ်းသပ်တာကို ရေနေသတ္တဝါအမြောက်အမြား သေစေလို့ တားမြစ်ခဲ့တယ်၊ အင်္ဂလိပ်တွေ အထက်မြန်မာပြည်သိမ်းတော့ အဲဒီရေလမ်းကဘဲ ဝင်ရောက်ခါသိမ်းနိုင်ခဲ့တယ်။
      မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလုပ်ဖို့ ဘာသာရေးဦးစားပေးနိုင်ငံရေး လုပ်မယ်ဆိုတော့ ထိန်းမနိုင်တဲ့အကြောင်းတွေ တစ်စတစ်စဖြစ်ခါ စစ်အမျိုးနွယ်များ အုပ်ချုပ်မင်းလုပ်တဲ့ စနစ်စတင်ခဲ့ရာ အခြေခံတရားဖြစ်စေခဲ့တယ်။
      အခုလည်း ဘာသာရေးနဲ့နိုင်ငံရေး နှီးနွယ်ခဲ့မယ်ဆိုရင် …………… အဲဒီတာ့ မင်းမင်းက ဘာကိုဆိုချင်တာလဲ? “ NLD အတွက်အခွင့်အရေး ရသွားတယ်လို့မြင်မိတယ်ဗျ။´´ ဆိုတာလေးက။

  • မင်းမင်း

    June 28, 2013 at 5:00 pm

    ဒီနေ့တော့ အချိန်မရလို့

    မနက်ဖြန် နဲနဲဆွေးနွေးပါ့မယ်ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 28, 2013 at 6:33 pm

    ဆရာတော်ကြီးတွေရဲ့ ကြီးမားမြင့်မြတ်တဲ့
    စေတနာတော် ဂရုဏာတော် မေတ္တာတော်တွေကို
    ဒီနေရာကနေပြီး ဘုရားတပြည့်တော် ရိုသေမြတ်နိုးလက်စုံမိုး၍
    ရှိခိုးပူဇော်ဖူးမြောမန်လျှော့ ကန်တော့လိုက်ရပါသည်
    ကျေးဇူးတော်ရှင် ဆရာတော်အရှင်သူမြတ်တို့ဘုရား
    ဘုန်းဘုန်းတို့ကျမ္မာချမ်းသာလမ်းဖြာပြီး ရေလိုအေးလို့
    ပန်းလိုမွှေးကြပါစေ ဘုန်းဘုန်းတို့ဘုရား

  • Wow

    June 28, 2013 at 8:31 pm

    ထင်ရာသာလုပ်ပါတော့ အူးဇင်းတို့ရာ…
    သန်းကောင်ထက်တော့ ညမနက်တော့ပါဝူး…
    အူပစ်မယ်… အာဝူးးးးးးးးးးးးးးးး :mrgreen:

    • ကြက်အူလှည့်

      June 28, 2013 at 8:43 pm

      ပိတ်သတ်ကြီး အဆင်ပြေလားးး. အဆင်ပြေရင် သာဓုခေါ်သံလေး ကြားချင်ဒဲ.

  • အလင်း ဆက်

    June 28, 2013 at 8:54 pm

    သာဓု….
    အဲ…
    မှားလို ့….

    သာဓုလည်း.မခေါ်နိုင်သေးပါဘူးကွယ်…။

  • uncle gyi

    June 28, 2013 at 10:55 pm

    ဘာတွေတင်သွင်းလို့
    ဘာတွေဖြစ်လာမယ်ဆိုတာ
    အရင်စောင့်ကြည့်လိုက်အုန်းမယ်
    နောက်မှလေကန်တော့မယ်

  • ဦး ကြိမ်

    June 29, 2013 at 12:05 am

    လေသံဖျော့ဖျော့လေးနဲ့
    ဝိနည်းလွတ်တဲ့ အကြံပြုချက်တွေပါ
    နားဝင်ချိုတယ်ဦးခင်ခရေ…………..။

  • အရီးခင်လတ်

    June 29, 2013 at 1:41 am

    ဒီမိုကရေစီ ဖတ်စာ မှ (ဒီမိုကရေစီ ဖတ်စာ – The Democracy Book – Dr. Jerry Dean Epps )

    အခြေခံသဘော (၁၃) – မိမိ ယုံကြည်ရာဘာသာကို ကိုးကွယ်ခွင့် အား ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် အာမခံချက် ပေးသည်။ ဥပဒေပြုသူများမှ မည်သည့်ဘာသာ ကို ပြည်သူများ ကိုးကွယ်ရမည်ဟု မသတ်မှတ်နိုင်စေရ။

    မည်သူကမျှမည်သည့်ဘာသာကို ကိုးကွယ်ရမည်ဟု အမိန့်မပေးရပါ။
    ဒီမိုကရေစီစနစ်တစ်ခုတွင် ကိုးကွယ်ယုံကြည်ရာ ဘာသာအမျိုးမျိုး ရှိနိုင်ပါသည်။
    အဘယ်ကြောင့်နည်း?
    အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်း မိမိယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိသောကြောင့် ဖြစ်ပါသည်။ ပြည်သူအများသည် ကွဲပြားသော ဘာသာရေး အမျိုးမျိုးကို ကိုးကွယ်ချင်ကြ ပါသည်။ ပြည်သူအများသည် မိမိယုံကြည်ရာ ဘာသာရေး ကို စိတ်အားထက်သန် ပြင်းပြ စွာ ကိုးကွယ်တတ်ကြပါသည်။ လူအချို့က ဘာသာရေး အဆုံးအမ များဖြင့်ဆုံးမသော ဘာသာရေးကို ကိုးကွယ်ချင်ကြ သည်။ အချို့ကတော့ ဆုတွေအများကြီးတောင်းရသော ဘာသာကို ကိုးကွယ်ချင် ကြ သည်။ အချို့ကတော့ ကိုးကွယ်သူများ ၏ အကျိုးကို ဆောင် ရွက်ပေး နိုင်သော ဘာသာကို ကိုးကွယ်ချင်ကြသည်။
    ကိုးကွယ်စရာ ဘာသာအမျိုးမျိုး ရှိပါသည်။ တစ်ခါတစ်ရံတွင် ဘာသာရေးတစ်မျိုးက အခြား ဘာသာရေးများထက် ပို၍ ကိုးကွယ်သူ များပြားတတ်သည်။ သို့သော် ဒီမိုကရေစီစနစ် တစ်ခုတွင် ဥပဒေပြုသူများသည် ထိုဘာသာကို (သို့မဟုတ်) အခြားဘာသာတစ်ခုခု ကို တစ်နိုင်ငံလုံးမှ ကိုးကွယ် ရမည် ဟူ၍ မပြဌာန်းနိုင်ပါ။
    လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်သည် ဒီမိုကရေစီစနစ်တွင် အလွန်အရေးကြီးပါသည်။ ထိုအချက်သည် ပြည်သူများအတွက် အခြားသူများကို မထိခိုက်သမျှ မိမိ၏ဘဝကို လွတ်လပ် စွာနေထိုင်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ပင်ဖြစ်ပါသည်။ အချို့ပြည်သူများသည် ဘယ်ဘာသာကိုမှ မယုံကြည် မကိုးကွယ်ဘဲ နေတတ်ပါသည်။ ထိုသူများကို နိုင်ငံတော်မှ ဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်ရမည်ဟု ဆိုကာ တစ်ခုခုကို အတင်း အဓမ္မယုံကြည်ခိုင်း၍ မရပါ။ ဒီမိုကရေစီ စနစ်တွင် ပြည်သူအများမှ မိမိယုံကြည် ကိုးကွယ်ရာ ဘာသာကို လွတ်လပ်စွာရွေးချယ်၍ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည်။

    ——————–
    ဒီတော့ မြန်မာပြည် ကို ဒီမိုကရေစီ စစ်မှန်သော နိုင်ငံ လို့ လုံးဝခေါ်လို့ မရတော့ သမို့
    မြန်မာပြည်ရေ ဘာလဲ၊ ဘယ်လဲ ???????
    (မောင်သာရ လားမသိ??? မမှတ်မိ တော့ လို့ အဲလို စကား ထွင်ခဲ့ သူကို စီအာ ပေးပါသည်)

    ကြည့်ရတာ လူတွေ၊ ဘုန်းဘုန်းတွေ လဲ တစ်သက်လုံး အဖိနှိပ်ခံ နေလာရတာ ကြာတော့ နဲနဲလဲ လွတ်ရော သူများ ကို ပြန်ဖိနှိပ် ဖို့ စတော့ တာဘဲ။
    ကလေးစိတ်ပညာ သဘောလိုပေါ့။
    ကျောင်းတုန်းက bully အလုပ်ခံ ရတဲ့ ကလေး က ကြီးတော့ အခွင့်သင့်တာ နဲ့ သူများ ကို bully လုပ်တော့တာဘဲ။

    ဒီတော့ သူတို့ကို ဘယ်သူ bully လုပ်ထားခဲ့တာတုန်း ??????? 🙄

  • မင်းမင်း

    June 29, 2013 at 9:56 am

    ခင် ခ
    ခင် ခ
    16 hrs, 26 mins ago

    ရာဇဝင်သမိုင်းအရ မင်းတုန်းမင်းလက်ထက် ဘာသာရေးဦးစားပေးကာ အုပ်ချုပ်တော့ ကနောင်မင်းသားကြီး ရေမြုပ်ဗုံးတီထွင်စပ်းသပ်တာကို ရေနေသတ္တဝါအမြောက်အမြား သေစေလို့ တားမြစ်ခဲ့တယ်၊ အင်္ဂလိပ်တွေ အထက်မြန်မာပြည်သိမ်းတော့ အဲဒီရေလမ်းကဘဲ ဝင်ရောက်ခါသိမ်းနိုင်ခဲ့တယ်။
    မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလုပ်ဖို့ ဘာသာရေးဦးစားပေးနိုင်ငံရေး လုပ်မယ်ဆိုတော့ ထိန်းမနိုင်တဲ့အကြောင်းတွေ တစ်စတစ်စဖြစ်ခါ စစ်အမျိုးနွယ်များ အုပ်ချုပ်မင်းလုပ်တဲ့ စနစ်စတင်ခဲ့ရာ အခြေခံတရားဖြစ်စေခဲ့တယ်။
    အခုလည်း ဘာသာရေးနဲ့နိုင်ငံရေး နှီးနွယ်ခဲ့မယ်ဆိုရင် …………… အဲဒီတာ့ မင်းမင်းက ဘာကိုဆိုချင်တာလဲ? “ NLD အတွက်အခွင့်အရေး ရသွားတယ်လို့မြင်မိတယ်ဗျ။´´ ဆိုတာလေးက။

    မင်္ဂလာပါဗျာ။

    မနေ့ကမဆွေးနွေးလိုက်ရတာလေးပြန်ဆွေးနွေးတာပါ။

    ဆိုတော့

    ကျနော်တို့နိုင်ငံနဲ့ပါတ်သတ်ပြီး အကြမ်းဖျဉ်းကျနော်ခွဲခြားပါရစေ။
    ဒါကျနော်တယောက်တည်းအမြင်နော်။တခြားဘာအမြင် သဘောတရားကိုမှယူမထားဘူး။

    ၁။ ဘာသာရေး အလုပ်

    သက်ဆိုင်ရာ ဘာသာရေး အယူဝါဒများအတိုင်း ယုံကြည်သက်ဝင် လျက် သာသနာအရေးသန့်သန့်
    သာဆောင်ရွက်ခြင်း။

    ၂။ နိုင်ငံအရေးအခင်းဆောင်ရွက်ခြင်း

    ဒါကနိုင်ငံမှာလက်တလောဖြစ်ပွားတဲ့ ရေကြီးမူ့ မိုးခေါင်မူ့
    မီးလောင်မူ့ ကြီးများ နှစ်ဘက်ပဋိပက္ခများ အစရှိသည့်
    ပြည်သူများ ၏ အထွေထွေပြသနာများ။

    ၃။ နိုင်ငံရေးလူပ်ရှားဆောင်ရွက်ခြင်း

    ဒါကတော့ခင်ဗျာတို့ကျတော်တို့ သိတဲ့အတိုင်း
    လွတ်တော်နိုင်ငံရေး အစိုးရအဖွဲ့ အစရှိတဲ့ အုပ်ချုပ်ရေး
    အပိုင်း များ။

    ဆိုြပြီး ကျနော်အကြမ်းခွဲမယ်။

    ဘာသာရေးနဲ့ နိုင်ငံရေး
    —————–

    ဒီမှာဘာသာရေးနဲ့နိုင်ငံရေးမှာပါတ်သတ်မူ့ကိုပြောမယ်ဗျာ။
    မင်းတုန်းမင်းနဲ့ ဘုန်ကြီးကိစ္စကိုကြည့်ရင်
    ဘုန်းကြီးဆွမ်းစားတယ်။ပေါက်ကွဲသံ တုန်ခါသံ ရုတ်တရက်
    ကြားရတယ်။ ဘယ်သူမဆိုလန့်သွားမှာပဲ။ခုနေအောင်ပင်လယ်
    ကန်မှာအဲသလိုဖောက်ခွဲမှု့စမ်းသပ်မယ်ဆိုရင်?
    ထားလိုက်ပါ။ခေတ်တွေကခြားခဲ့ပြီကိုး။
    ဒါနဲ့ဘုန်းကြီးမေးမယ်ဘာသံလဲ?ဒီလိုဒီလိုပါဆိုတော့……………။
    သူ့ဘာသာရေးအဆုံအမနဲ့ဆင်ချင်သုံးသပ်မိတယ်။ဘာသာရေး
    အမြင်နဲ့နုတ်ကထွက်တယ်။သတ္တဝါတွေ သေကြေတော့မှာပဲဆိုပြီး။
    ဒီအရေးလိုတွေမှာမစ္စတာနိုဗယ်လ်ကြီးလဲ နောင်တနဲ့ ဆုတွေဘာတွေ
    လုပ်ခဲ့ရတယ်ပေါ့ဗျာ။
    ဒါဘုန်းကြီးအလုပ် ဘုန်ကြီးတရးနဲ့ဘုန်ကြီးပြောတာဘာဖြစ်သလဲ။
    ဒါကိုမင်းတုန်းမင်းဆီမရောက်ရောက်အောင်ပို့တယ်။ဒါကလဲ
    နန်းတွင်းအထာဖြစ်လို့ပို့ပေ့စေပေါ့။
    ဒီမှာမင်းတုန်းမင်းကဘာသာအရေးအမြင်နဲ့ပြောတဲ့ဘုန်းကြီးစကား
    ကို နိုင်ငံရေးထဲသူ့သဘောနဲ့သူဆွဲသွင်းတယ်။
    ဒီလိုမမြင်ဘဲလူတွေကဘုန်းကြီးကနိုင်ငံရေးထဲဝင်ပါလို့
    ကျွန်ဘဝရောက်ရတယ်ဖြစ်ကုန်ရော။ဒါမှားတယ်။မှားတယ်။
    အစိုးရက ဘာသာရေးကိုနိုင်ငံရေးထဲဆွဲသွင်းလို့ဖြစ်ရတာ။
    ဦးနုလဲဒီအတိုင်းပဲ။ဘာသာရေးအသိပွင့်ကာစ တတ်ကြွနေတုန်း
    ဘာသာရေး နဲ့နိုင်ငံရေး ပူးမဟဲ့ဆိုပြီး ရွေးကောက်ပွဲ ကတိနဲ့
    အရူးထတာ ၂ရ နှစ်လောက် တိုင်ပြည်တံခါးပိတ်သွားရော။
    ဒါကြောင့်သမိုင်းအရကြည့်ရင် တိုင်ပြည်ဆုတ်ယုတ်စေခြင်း
    အကြောင်းတရားများစွာထဲမှာ နိုင်ငံရေးသမားများက ဘာသာရေး
    ကို ဆဲင်္ဆွဲသွင်းလို့ဖြစ်ရတာ။

    နိုင်ငံအရေးနဲ့ဘုန်ကြီးများ
    —————–

    ဒါပြောမယ်ဆို ထင်ထင်ရှားရှား ဦးဥတ္ကမတို့လက်ထက်ကနေပြော
    မယ်။ဒါသူတို့ နိုင်ငံအရေးအခင်းပြည်သူတွေအကျပ်အတည်းမှာ
    ပါဝင်ကြတာ။အဲဒီအချိန်သူတို့သာသနာရေးမဆောင်ရွက်ဘူး။
    ဘာသာရေးတရားမဟောဘူး။နိုင်ငံအရေးအခင်းကနေပြည်သူတွေ
    လွတ်မြောက်စေခြင်းအကြောင်းရည်ရွယ်ပြီးတော့ပဲပြောတယ်။
    ဟောတယ်။လှုပ်ရှားတယ်။ဒီလိုအချိန်မှာသူတို့ကို သာသနာအရေး
    ဘာသာအရေးလူပ်ရှားနေတဲ့ဘုန်းကြီးတွေလိုမြင်ရင် ကြည့်တဲ့
    အမြင်က ကျဉ်းတယ်လို့ပြောပါရစေ။ ၈၈ အရေးအခင်း
    ဒီနေ့ဖြစ်တဲ့အရေးအခင်းတွေမှာ ဘုန်ကြီးတွေက နိုင်ငံအရေးမှာ
    ပြည်သူတွေနဲ့အတူ ဦးဆောင်ပါဝင်လာတာပဲဖြစ်တယ်။
    ဒီလိုနိုင်ငံအရေးအခင်းတွေမှာပါဝင်တဲ့ဘုန်ကြီးတွေကိုကျနော်က
    ဘာသာရေးလုပ်နေတယ်လို့မမြင်ပဲ။(ဘုန်းကြီးလို့မမြင်ဘူး)
    ပြည်သူတယောက်လိုပဲမြင်တယ်။ ဒီလိုတွေ နိုင်ငံအရေးမှာ
    ဘုန်းကြီးတွေပါဝက်ပါတ်သတ်လို့ ဆိုးကြိုးထက်ကောင်းကျိုး
    ပိုများတာကိုသမိုင်းအရတွေ့နိုင်ပါတယ်။

    အချုပ်ပြောရရင် ဘာသာရေးနဲ့ နိုင်ငံအရေး တခါတရံပေါင်းစပ်
    တာနိုင်ငံအတွက်အကျိုးများတယ်။
    နိုင်ငံရေးထဲကိုဘာသာရေးဆွဲထည့်တတ်တဲ့ မင်း ၂ပါးကြောင့်
    အကျိုးနည်းခဲ့တယ်။ဒီတော့နိုင်ငံရေးနဲ့ဘာသာရေးရောလို့မကောင်း
    ဘူး။
    နိုင်ငံအရေးကို နိုင်ငံရေးနဲ့ပေါင်းစပ်အဖြေရှာရမဲ့တာဝန်ရှိတယ်။

    ဒီတော့လက်ရှိ မျိုးစောင့်ကိစ္စမှာ ဘုန်းကြီးတွေနိုင်ငံအရေးကနေ
    နိုင်ငံရေးနယ်ကိုကျော်မယ်ဆို ပြသနာကြီးနိုင်တယ်။(ဆွဲသွင်းနေတဲ့ နိုင်ငံရေးသမားရှိနိုင်တယ်)
    NLD ကလည်းလွတ်တော်နိုင်ငံရေးသာမက အနာဂါတ်အစိုးရထိ
    တတ်လှန်းနိုင်ဖို့ကြိုစားဆနချိန်မှာ နိုင်ငံအရေးကို မျက်ကွယ်ပြု
    သလိုဖြစ်နေတယ်။တကယ်တော့နိုင်ငံအရေးမှာအမှတ်ယူနိုင်မှ
    အမတ်နေရာမှာသေချာမဲ့သဘောလဲရှိတယ်။
    NLDအနေနဲ့ ဘုန်းကြီးတွေရဲ့ နိုင်ငံရေးထိတတ်လာတဲ့အမှားကနေ
    ရှဉ့်လည်လျောက်သာ ပျားလည်းစွဲသာ အခြေအနေကို
    အချိန်ခါကိုက်လုပ်နိုင်ရင်(ပူးပေါင်းနိုင်ဖို့စည်းရုံးနိုင်ခဲ့မယ်ဆိုရင်)
    လွတ်တော်ထဲမှာ အမတ်ဦးရေနည်းပါးစွာနဲ့ ရပ်တည်နေပြီး
    အဆိုတခုကိုတင်သွင်းဆွေးနွေးဖို့ လုံလောက်တဲ့ ထောက်ခံအမတ်အရေအတွက်မရှိ ငုတ်တုတ်အမတ်ကနေ မတ်တပ်အမတ်ဖြစ်လာနိုက်ပါတယ်။
    နိုင်ငံအရေးအခင်းကိုအားအဖြစ်ပြောင်နိုင်ခဲ့ရင် NLDအတွက်
    အမြတ်ချည်းပါပဲ။NLD သည်တိုင်းပြည်အတွက်ဆိုရင်
    NLDမြတ်တာတိုင်ပြည်အတွက်မဟုတ်ဘူးလား?

    • GARFIELD

      July 12, 2013 at 9:51 am

      ဘုန်းဘုန်းတို့ အမြင်ကျယ်ဖို့နဲ့ ခေါင်းမမာဖို့တော့လိုမယ်ပေါ့နော်…

      ဂါဂါး

  • ဆူး

    June 29, 2013 at 10:15 am

    (((ဘုန်းဘုရားတို့ ဓမ္မဒါန အလှု တရားပွဲအလှု နှုန်းတွေကို လျော့ယူပြီး နေရာအနှံ ရောက်အောင်ဟော ပေးကြပါဘုရား၊ သာသနာ ပြုတရား ဟောခြင်းတွေ အလကားမတ်တင်း ဟောပြောပေး ကြဖို့လုပ်ပေးကြမှ ဆရာ ဒကာ ညီကာမျှပြီး ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ဖြစ်လာမယ်ထင်မိပါတယ်၊)))

    တခြား ကိစ္စတွေကတော့ အမြင်မတူလို့ သိပ်မဆွေးနွေးချင်ပေမဲ့.. အခု ပြောမည့် ကိစ္စ သိကောင်း သိပါလိမ့်မယ်.. မသိတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်.. သိသော်လည်း သတိမရတာလည်း ဖြစ်ချင် ဖြစ်မယ်..

    တောင်တန်း သာသနာပြု ဆရာတော်တွေ အရမ်းကို ခက်ခက်ခဲခဲ သာသနာပြုကြရပါတယ်။
    တောင်တန်းဒေသ လူသူ အရောက်အပေါက် နည်းသူတဲ့ နေရာမှာ သွားရေးလာရေးက ခက်ခဲ.. ရာသီဥတုကလည်း ကြမ်းတမ်း ထိုကဲ့သို့သော နေရာတွေမှာ ဘာသာခြားတွေ လက်ဦးမှုရယူခဲ့လို့ ဗုဒ္ဓဘာသာ မဟုတ်ကြတော့ပါဘူး။
    ကချင်ဒေသမှာ ကျည်ဆံ ခွန်တွေ ကောက်ပြီး သွန်းထားတဲ့ ဘုရားဆင်းတုတောင် ငြိမ်းချမ်းရေး အတိတ်နမိတ် အနေနဲ့ ယူသွားတာ ဘာသာခြားတွေ များနေလို့ လက်မခံလို့ မန်း ကို ပြန်ယူသွားတဲ့ သတင်းတွေ ဖတ်ခဲ့ရမှာပါ..
    ဘာသာခြားတွေ များနေတဲ့ အရပ်ဒေသ တောင်တန်းဒေသတွေမှာ ဆွမ်းလောင်းမည့်သူ မရှိပါဘူး။ အမိုးအကာ မလုံမခြုံ နဲ့ ရာသီဥတုကြမ်းတမ်းမှုကို အံတုပြီး သာသာပြုပြီး နေကြရပါတယ်။
    နောက်ထပ် ပြသနာတွေက ဘယ်တော့ အန္တရာယ် လာပေးမလဲ ဆိုပြီး ကျီးလန့်စာ စားနေရတဲ့ အဖြစ်တွေ အများကြီး ရှိပါတယ်။ မမြင်နိုင်တဲ့ နည်းနဲ့ စွပ်စွဲလို့ မရတဲ့ နည်းတွေ နဲ့ လုပ်ပြီး သွေးအန်သေအောင် လုပ်တဲ့ နည်းတွေ မထိရောက်ရလေအောင်လည်း ကိုယ့် ကိုကိုယ် ခံစစ် ကောင်းအောင် သီလ သမာဓိ ခိုင်ခံ့အောင် ကျင့်ကြံပြီး နေရတဲ့ ရဟန်းတွေ များစွာ ရှိပါတယ်။
    အသုံး အနှုန်းတွေ အပြောအဆိုတွေက နာမည်ကြီး ဘုန်းကြီးတွေကို ပြောချင်တယ် ဆိုတာ သိပေမဲ့.. စကား တခွန်း အတွက် နစ်နာမှုတွေ များစွာ ဖြစ်နိုင်တာမို့..

    မိမိကိုးကွယ်တဲ့ သာသနာ အတွက် ဆင်ခြင် ပြောစေချင်တယ်။

    နာမည်ကြိး ဘုန်းကြိးတွေ အလှူငွေ ပေါပေါ ရသလို ပြန်လှူနေတာတွေလည်း များစွာ ရှိပါတယ်။
    သီတဂူ ဆရာတော် နာမည်ကြီးလို့ အလှူငွေ များများ ရလို့ သူ့မှာ ပေါနေမယ်တော့မထင်နဲ့.. သူ့ နောက်က ကုန်စရာ အလှူတွေ များစွာ ရှိပါတယ် ဆေးရုံ တခု ရဲ့ အသုံးစရိတ်တွေ တလ တလ သိန်း ကို ဆယ်ဂဏန်း ကုန်ပါတယ်။

    ကျောင်းပိတ်ရက်တွေ ဆိုလည်း သံဃာတွေ နယ်ဆင်းပြီးတော့ ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်ရင် မိဘတွေက ယဉ်ကျေးလိမ္မာ က ဘာ လုပ်လို့ ရမှာလဲ.. စသဖြင့် မလွတ်ပဲ ထားလို့.. ကျောင်းဖွင့်ရင် ကျောင်းစာ ကြိုသင်မှ ကြိုက်တဲ့ မိဘတွေ အတွက် အင်္ဂလိပ်စာ နဲ့ ယဉ်ကျေးလိမ္မာ တွဲသင်ရတယ်။ ကျောင်းသားတွေ ကျောင်းလာတက်ရင် ပျော်ပြီး နောက်နေ့လည်း လာတက်အောင် လိုအပ်တဲ့ စာအုပ် စာတမ်း က အစ ထောက်ပံ့ပေးတာမျိုးတွေ လုပ်ပါတယ်။ ပညာကတော့ ကိုယ့်မှာ ရှိတာ အလကားပေးလို့ ရပေမဲ့ စာအုပ် စာတမ်း နဲ့ မုန့်ကျွှေး စာသင်ဖို့အတွက် ပိုက်ဆံက ဒကာ ဒကာမ ဆီမှာ အလှူမခံပဲ မရပါဘူး။ ဘုန်းကြီးလည်း ဘုန်းကြီးအလုပ်တော့ လုပ်ရပါတယ်။

    အလကား အလေလိုက်နေတဲ့ ဘုန်းကြီးတွေ ရှိပါတယ်။ သို့သော်.. အလုပ်လုပ်နေတဲ့ ရဟန်း သံဃာတွေကို စဉ်းစားပြီး ရေးသားစေချင်ပါတယ်။

    အတိုက်အခံ လာလုပ်တာ မဟုတ်ပါဘူး။ လူကြီးတွေ ပြောတဲ့ စကားပုံ တခု ရှိတယ်.. ခွေးဝမ်းသာအောင် လေလည်ပြတယ် ဆိုတဲ့ စကားလေးလိုပဲ..
    ရဟန်း သံဃာ တောင် လက်အုပ်ချီရကောင်းမှန်း မသိတဲ့ ဘုရားမှန်း တရားမှန်း မသိတဲ့ လူတွေ အားရပါးရ ပြောနိုင်အောင် လမ်းထွင်ပေးတာမျိုး မဖြစ်စေချင်လို့ပါ။

    ဦးခင်ခ ရေ.. ဆူး ခင်လည်း ခင်ပါတယ်.. အသုံးအနှုန်းတွေ ကြမ်းတမ်းသွားရင် စိတ်တော့ မဆိုးပါနဲ့..

    ဆူး ကိုယ်တိုင်တောင် နေ့တိုင်း ဘုန်းကြီးတွေ ဆွမ်းမလောင်းနိုင်သေးပါဘူး.. ဒါပေမဲ့ ကိုယ်ချင်းစာကြည့်ပါ.. နေပူမိုးရွာ ဆံပင် မရှိ ကတုံး နဲ့ အမိုးအကာ မရှိတဲ့ လမ်းမပေါ် ကတ္တရာ လမ်းမ ပေါ်မှာ ဖိနပ် မပါပဲ.. ခဲတွေ ညှောက်တွေ စူးကောင်း စူးပါလိမ့်မယ်။ အလေ့အကျင့်မရှိရင် ခြေဖဝါးတွေ ကွဲထွက်လို့ နာကျင်မှုတွေ ခံစားရပါလိမ့်မယ်။ သပိတ်တလုံး ပိုက်ပြီး ဆွမ်းခံရတာ.. ထမင်း တနပ် အတွက် အပင်ပန်းခံရတာပါ.. မြန်မာနိုင်ငံ ရာသီဥတု က နွေဆို သိပ်ပူပါတယ်.. ကတုံးပြောင်ပြောင် နဲ့ အမိုးအကာ မရှိ လမ်းမ ပေါ်မှာ အောက်က ပူပူ နေကပူပူနဲ့ အခန့်မသင့်ရင် ဦးနှောက်သွေးကြောတောင် ပြတ်ပြီး သေနိုင်ပါတယ်။

    @kyee mike
    ဦးကြီးမိုက်.. အမျိုးသမီးတွေ မီးဖွားရင် ဘုန်းကြီးပင့်ခဲ့ဖူးပါတယ် အင်္ဂုလိမာလကြီး ရှိစဉ် အခါ အမျိုးသမီးတွေ မီးဖွားခက်ခဲမှုကို ဖြေရှင်းခဲ့ဖူးပါတယ်။
    အဂုင်္လိမာလ ရဟန်းကြီး ပရိနိဗ္ဗာန်စံဝင်သွားတဲ့ အခါ.. သင်္ကန်း ကို အပိုင်းပိုင်းခွဲပြီး ဒကာတွေ တောင်းယူကြပါတယ်။ နောက်ပိုင်း သင်္ကန်း အစ မရနိုင်တော့တဲ့ အခါမှာတော့ ပုလ္လင်တော် ဆေးချတဲ့ ရေ နဲ့ ကျန်းမာရေး အတွက် အသုံးပြု ခဲ့ကြဖူးပါတယ်။

    ဒါကတော့ ယုံကြည်မှု အတွက် လုပ်ဆောင်ခဲ့တာကို ပြောပြချင်တာပါ။

    လူ ကိုတော့ မစမ်းဖူးပါဘူး အိမ်မှာ ဒေါင်းငါးတွေ ဗိုက်ပူတင်းကားလို့ သားမပေါက် နိုင်ပဲ ကန်ထဲမှာ လူးလိမ့်နေတာမြင်ရင် အင်္ဂုလိမာလသုတ် ရွတ်ပေးဖူးပါတယ်။ ယုံချင်ယုံ မယုံချင်နေလို့ ရပါတယ်။

    • ခင် ခ

      July 1, 2013 at 3:18 pm

      ဆရာမဆူးရေ
      ဆွေးနွေးချက်လေးတွေ ရေးပေးချက်လေးတွေက ထိရောက်ပါ့ပေ့ဗျာ။
      ကျွန်တော်က တိုင်းရေးပြည်ရေးကို တွေးတဲ့အခါမှာ ဘာသာရေးဆန်ဆန်တွေး တာထက် နိုင်ငံရေးဆန်ဆန် ဘဲ ပိုပြီးတွေးတတ်သမို့ စာအရေးကလည်းနိုင်ငံရေး ဘက်နွယ်တတ်လေ့ရှိပါတယ်။
      လူတစ်ယောက်ကို ကြည့်တဲ့အခါမှာလည်း သူဘာ ဘာသာကိုးကွယ်ယုံကြည်သလဲထက် သူဘာလူမျိုးလဲ ဘယ်လိုလူမျိုးလဲဘဲ ကြည့်တာများသမို့ ဆရာမ ရေးသလို ကျွန်တော်ပိုစ့်အရေးဟာ “ရဟန်း သံဃာ တောင် လက်အုပ်ချီရကောင်းမှန်း မသိတဲ့ ဘုရားမှန်း တရားမှန်း မသိတဲ့ လူတွေ အားရပါးရ ပြောနိုင်အောင် လမ်းထွင်ပေးတာမျိုး မဖြစ်စေချင်လို့ပါ´´ ဆိုသလိုများဖြစ်ခဲ့ရင် sorry ပါဗျာ။
      လူသားတိုင်းဝေဖန်ပြောဆိုပိုင်ခွင့်ရှိသည့်အတွက် ဆရာမဆူးရေးခြင်းအပေါ် မည်သို့မှ စိတ်စနိုးစနှောင့် မဖြစ်ခဲ့ကြောင်း အဲဒါလေးဘဲပြောပါရစေ။

      • ဆူး

        July 1, 2013 at 3:25 pm

        ဦးလေး သိပါတယ်.. ဆူး ကို အပြင်မှာလည်း မြင်ဖူးပါတယ်.. ဘာမှတော့ မဟုတ်ဘူး.. ဒါပေမဲ့.. ဘာသာရေးနဲ့ ပတ်သတ်ပြီး စိတ်ထဲ အလိုမကျပေမဲ့ မမြင်ချင်ယောင်ဆောင်ပြီးနေနေတာ တော်တော် များခဲ့ပါတယ်။ သူ့သဘောသူဆောင်နေတယ်လို့ သဘောထားပြီး ကျော်သွားခဲ့တာ အကြိမ်ကြိမ်ပါပဲ။ စိတ်ထဲက မထင်ထားတဲ့ လူတယောက်က ဒီလိုမျိုး ရေးလိုက်တဲ့ အတွက် နည်းနည်း ပေါက်ကွဲအားပြင်းသွားတာပါ။
        ဆရာမ ခေါ်ရလောက်အောင်လည်း ဘာမှ မဟုတ်ဘူး ဆိုတာ သိပြီးသားမို့ ဘာမှ မပြောလိုတော့ပါဘူး။

        ခင်မင်လျက်
        ဆူး

  • ဦးကြောင်ကြီး

    June 29, 2013 at 10:16 am

    နှစ်လမ်းမောင်း သွားသင့်တယ်ဗျ.. မျိုးစောင့် ဥပဒေလုပ်သလို သာသနာစောင့် ဥပဒေဆိုပြီး သံဃာထုတွင်း သန့်ရှင်းရေး လုပ်ရင် မကောင်းလား…။ နို့မို့ရင် နိုင်ငံရေးနဲ့ ဘာသာရေး ရောကုန်လိမ့်မယ်။ အမျိုးသားရေးစိတ်ဓာတ် မြင့်နေတာကို ကောင်းတဲ့ဖက် လှည့်ယူတတ်ဖို့လိုမယ်။ ဒီအတိုင်းဆို တကယ်လုပ်သွားတဲ့ စွမ်းအားရှင် ကြံ့ဖွတ်တွေ လွတ်ကုန်မယ်..။ ကျုပ်တို့ဘွားဒေါ်ကတော့ ထုံးစံအတိုင်း ခံဖက်ကပဲ ဖြစ်အုံးမယ်ထင်၏..

  • မင်းမင်း

    June 29, 2013 at 10:36 am

    အမျိုးသားရေးစိတ်ဓာတ် မြင့်နေတာကို ကောင်းတဲ့ဖက် လှည့်ယူတတ်ဖို့လိုမယ်။

    ဦးကြောင်းကြီးရဲ့ ဒီတခွန်းကို သဘောတူပါတယ်။

    ဘာသာသာသနာ သန့်ရှင်းရေးကတော့ အမြဲတမ်းလုပ်သင့်ပါတယ်။

    ကိုယ့်အထွာနဲ့ကိုယ်လုပ်ကြပေါ့။
    နိုင်ငံရေးသမားအားလုံးတော့မပါစေနဲ့ပေါ့။
    ကိုယ့်ဘာသာကိုယ်တာဝန်ယူ။

  • ကြက်အူလှည့်

    June 29, 2013 at 11:27 am

    စကားမစပ် ရင်နာနာနဲ့ရယ်ရမယ့် ဟာသတပုဒ်ပြောပြမယ်.
    ကျုပ်က စမ်းချောင်းသား. ကျုပ်သူငယ်ချင်း အဖေ ရွှေဝါရောင် ပေါ်လုပေါ်ခင်မှာ
    သူ့ဟာသူ လူကြီးရောဂါနဲ့ သေပါရောလား.
    ဖခင်ကျေးဇူးဆင်ခြင်မိသွားတဲ့ ကျုပ်သူငယ်ချင်း သင်ခန်းစီးပြီး ကုသိုလ်လုပ် ဖခင်ကြီးကို အမျှဝေ မေတ္တာပို့ရင်
    ကောင်းလေစွ တကားလို့ မြင်ပြီး သင်္ကန်းစီးလေတယ်.
    ဟော ရွှေဝါရောင်စဖြစ်လိုက်တာ. ကျုပ်သူငယ်ချင်း. ကိုရင်ကြီးဘဝကနေ မတက်လိုက်ရဘူး.
    ရဟန်းခံသိမ်ဝင်ဖို့ ဘုန်းဘုန်းတို့ မအားလို့လေ. အဲ့လာနဲ့ပဲ တပါတ်ပြည့်တော့.
    ရပ်ကွက်ထဲ ဆွမ်းခံစားနေတဲ့ ကိုရင်ကြီးကို သူ့မယ်မယ်က ရောယောင် အကုတ်ခံရမှာစိုးလို့.
    လူဝတ်လဲစေတာ အခု မိန်းမရသည်ထိ ကျုပ်သူငယ်ချင်း ရဟန်းမဖြစ်ဖူးခဲ့ကြောင်းရယ်ဗျာ.

  • ခင် ခ

    June 29, 2013 at 2:55 pm

    ဝင်ရောက်အားပေး ဆွေးနွေးငြင်းခုံ ဆော်ပလော်အစုံ ရှိကြကုန်သော
    ရွာသူားများကျေးဇူးပါဗျာ။
    ခရီးသွားမလို့ ပြန်မရေးနိုင်ရင် ခွင့်လွှတ်ပါဗျို့။

  • koyinmaung

    June 30, 2013 at 12:02 pm

    မြန်မာနိုင်ငံမှာအတူယှင်တွဲကိုးကွယ် နေတိုင်ရင်းပြသနာဖြစ်နေတာက
    မွတ်ဆလာမ်ဘာသာတခုထဲပါ…
    အခြာဘာသာတွေကဘာသာမတူပေမဲ့အတူယှင်တွဲနေထိုင်လို့ရနေကြတာဟုတ်လား…
    ကျနော့ အသိအိမ်တအိမ်မှာဆို လက်ဝါးကပ်တိုင်ရှိသလို..
    ္ဓဗုဒ္ဓဘာသာဘုရာစင်လဲရှိတာတွေ့ခဲ့ရဘူးတယ်…
    တကယ်က မြန်မာနိုင်ငံမှာရှိတဲ့မွတ်ဆလာမ်တွေသာ ဒီလိုအတူယှင်တွဲနေထိုင်ကိုးကွယ်
    နိုင်အောင်တည့်မတ်ပေးသင့်တယ်လို့ထင်ပါတယ်…..
    အမျိုးစောင့်ဥပဒေကြောင့် အခြားဘာသာတွေပါ စိတ်ဝမ်းကွဲကုန်မှာစိုးရတယ် ကိုခင်ခရေ…….

  • ဝင့်ပြုံးမြင့်

    July 2, 2013 at 12:46 am

    မင်းမင်းရဲ့ ကွန်မင့်ကို ကြိုက်ပါတယ်။ ဦးကြောင်ရဲ့ အကြံပေးချက်ကိုလည်း ထောက်ခံပါတယ်။
    ဒါပေမယ့် မျှစ်ကြော်ကတော့ ဒီကိစ္စမှာ လုံးဝပြတ်တယ်။ သံဃာတွေ နိုင်ငံရေးထဲဝင်တာ လုံးဝလက်သင့်မခံနိုင်။
    မော်လမြိုင်ဆရာတော်ကြီးရဲ့ အပြောကို သတင်းစာထဲ ဖတ်ရကတည်းက ဘယ်လိုမှ မကျေနပ်။
    ဘုန်းကြီး တချို့ရဲ့ (တမင်ကို တချို့ ဆိုတာကိုသုံးတာပါ) သိမ်မွေ့ရင့်သီးတဲ့ မာန်မာနကို မျှစ်ကြော် ကောင်းကောင်းသိထားပါတယ်။ သိမ်မွေ့သလောက် ရင့်သီးတဲ့ မာန်မာန။
    မျှစ်ကြော် ဘရိတ်အုပ်ထားတယ်။ ပြောထည့်လိုက်ရင် ကုန်ပြီ၊ ဒါကြောင့်။

  • ခင် ခ

    July 2, 2013 at 10:37 am

    အမ ဝင်းပြုံးမြင့် ရေ မပြောထည့်ပါနဲ့တော့။
    ကျွန်တော်တို့တွေ ၁၉၆၂ ခုနှစ်ကနေ ၂၀၁ဝ လောက်အထိ တစ်သွေးတစ်သံတစ်မိန့် နဲ့ အာဏာရှင်ဆန် ဖိနှိပ်ခံဘဝတွေနဲ့နေခဲကြရတယ် ပြောချင်ပေသော်လည်းပြောခွင့်မရ ရေးချင်ပေသော်ရေးခွင့်မရ နေ ချင်ပေသော်လည်းနေခွင့်မရ အဲလိုဖြစ်ခဲ့ကြပါတယ်။ အဲဒီမှာ ကျောင်းသားတွေနဲ့ လူထုနှင့် သံဃာတွေက ဘာမျှော်လင့်ခဲ့လဲ အာဏာရှင်စနစ်အဆုံးသပ်ပြီး လွှတ်လပ်တဲ့ဒီမိုကရေစီ အစိုးရကိုမျှော်လင့်ခဲ့ တယ်၊ မျှော်လင့်ခဲ့တာ ထိုင်ပြီးမျှော်ခဲ့တာ မဟုတ်ဘူးနော် လမ်းပေါ်မှာ သွေးတွေမြေခခဲ့တယ်၊ အသားအရေ အရိုးတွေ အက်ကွဲ ပြတ်ပြဲခဲ့ရတယ် တစ်ချို့တွေ စစ်ကြောရေးမှာ နှိပ်ဆက်ခံခဲ့ရ အကျဉ်းခံဘဝနေရ အဲလိုတွေ ပေးဆပ်ခဲ့ပြီးမှ အခု လွတ်လပ်မှု့ လိုက်လျှောမှု့လေး စတင်ရခဲ့တယ်လို့ ပြောလိုရရုံ ဘဲရှိသေးတယ် ဖြစ်ချင်တဲ့အတိုင်း ဇွတ်ဖြစ်အောင်လုပ်ခြင်းထက် ပထမဦးတည်ရာ အစစ်အမှန်ဒီမိုကရေစီ အစိုးရဖြစ်အောင် အရင်သွားကြစေလိုတာပါဘဲ။ အခုပါလီမန်က သက်တမ်းတစ်ကြိမ်တောင်မပြည့်သေးပါဘူး အဲဒါကို အဟုတ်ထင်ပြီး ဖြစ်ချင်တာတွေ စုကာ ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ် ကိုဘဲ စားချင်ကြတာလားလို့…………….. အဲဒါလေးပါ။

  • ဂန္ဓာရီ ဆြာအုပ်

    July 5, 2013 at 5:59 pm

    ကျနော့ fb ပေါ်မှာ ပြန်ရှဲဖို့ ခွင့်တောင်းပါတယ် (အမှန်တော့ ရှဲပြီးပီ)

  • Reign

    July 12, 2013 at 9:04 am

    Our Lord Buddha never use force or violent to diseminate Dhamma, he even warned The Royal Commander Bandoola to be very careful and think thoroughly before making decision to change religion into Buddhism. It was apparent from the teaching of Buddha, he never advocate one-sided, unjust action how the intention or rationale seems to be justifiable. One of the famous elements of Dhamma of is that everyone can enjoy the benefit if come, observe and practice the way as Buddha taught, and it was guaranteed everyone without discrimination of sex, race , religion or sect can have the benefit of practicing Dhamma if he/she follows correctly, at least a peace of mind at first.
    I found it difficult to understand when some buddhist monks in their ambitious effort to protect Buddhism act narrow-mindedly in such a way to go against the teaching of Buddha, the noblest and most peaceful leader of the world. I really concern that thier inperfect and biased teaching, propaganda will not only distort the glamourous appearance of Dhamma but also it will create further unrests and disturbances around the world, lead the innocent buddhists around the world to be victims of terrorists, as Myanmar people in Malaysia.

  • Reign

    July 12, 2013 at 9:07 am

    I am totally against that law what ever the rationale might be, but I am 100% pure Buddhist.

  • Reign

    July 12, 2013 at 9:11 am

    I agree that in principle, religion and politics should not be mixed.

Leave a Reply