၁.အောင်မြင်သော ယောင်္ကျားဆိုသည်မှာ ကိုယ့်မိန်းမသုံးသည်ထက် ပိုရှာနိုင်သောသူဖြစ်သည်။အောင်မြင်သော မိန်းမဆိုသည်မှာ ထိုသို့သော ယောင်္ကျားမျိုးကို ရှာနိုင်သောသူဖြစ်သည်။
၂.ယောင်္ကျားများသည် အိပ်ရာထလာလျှင် အိပ်ရာဝင်ခဲ့သော အချိန်ကဲ့သို့ပင် ကြည့်ကောင်းနေမြဲဖြစ်သည်။မိန်းမများကား ညအချိန်တွင် တစ်နည်းတစ်ဖုံ ယိုယွင်းတတ်စမြဲပင် ဖြစ်သည်။
၃.ယောင်္ကျားတစ်ယောက်သည် ၁ကျပ်တန် ပစ္စည်းကိုကြိုက်လျင် ၂ကျပ်ဆိုလျှင်လည်း ပေးဝယ်သည်။မိန်းမတစ်ယောက်သည် ၂ကျပ်တန်ပစ္စည်းကို မနှစ်သက်လျှင် ၁ကျပ်ပေးဝယ်သည်။
၎.မိန်းမသည် ယောင်္ကျားကို သူ ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် လက်ထပ်သည်။သို့သော် သူ မပြောင်းလဲပါ။ယောင်္ကျားသည် သူမ မပြောင်းလဲဟုမှတ်ကာ လက်ထပ်သည်။သို့ရာတွင် သူမပြောင်းလဲသွားသည်။
၅.ဘ၀တွင် ယောင်္ကျား က မိန်းမကို နားလည်ပေးနိုင်သော အချိန်နှစ်ခုပဲ ရှိတယ်။လက်မထပ်မီနဲ့လက်ထပ်ပြီးအချိန်။
၆.မိန်းမသည် လက်မထပ်မီ အချိန်ထိ သူမရဲ့အနာဂါတ်ကို စိုးရိမ်ပူပန်မိသည်။ယောင်္ကျားများသည် မိန်းမမယူခင်အချိန်ထိ သူရဲ့အနာဂါတ်ကို စိုးရိမ်ပူပန်စရာ မလိုပါ။
ရ.ယောင်္ကျားတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် နေလိုလျှင် သူအား များများနားလည်ပေးပြီး နည်းနည်းချစ်ပါ။မိန်းမတစ်ယောက်နှင့် ပျော်ပျော်ရွှရွှင်နေလိုလျှင် သူမအား များများချစ်ပြီး နည်းနည်းလေးမှ နားလည်ပေးရန် မကြိုးစားပါနှင့်။
၈.လက်ထပ်ပြီးသော ယောင်္ကျားတိုင်းသည် မိမိတို့၏ အပြစ်များကို မေ့ဖျောက်ပြစ်သင့်သည်။အကြောင်းအရာ တစ်ခုကို လူနှစ်ယောက် မှတ်မိနေခြင်းသည် အကျိုးမရှိပေ။
၉.မိန်းမများသည် စကားများ အငြင်းပွားခြင်းတစ်ခု၏ နောက်ဆုံးစကားပြောသူများ ဖြစ်သည်။
ထိုစကားနောက်ထပ် ပြောသောယောင်္ကျားတို့၏ စကားများသည် နောက်ထပ်အငြင်းပွားမှုတစ်ခု၏ အစဖြစ်သည်။
၁၀.မိန်းမများသည် လက်ထပ်ခြင်းကို ချစ်ခြင်း အစ၏ ဇာတ်လမ်းဟု ယူဆကျသော်လည်း ယောင်္ကျားများကား လက်ထပ်ခြင်းကို ချစ်ဇာတ်လမ်း အဆုံးဟု သတ်မှတ်ကျသည်။


ref;forwardmail

About littlekaung

cho myat has written 26 post in this Website..