စနေနေ့က ချီလီနိုင်ငံမှာလှုပ်သွားတဲ့ ၈.၈ မက်ဂနိကျု့ ရှိ ငလျှင်ကြောင့် စုနမိ ဖြစ်နိုင်ခြေရှိရာ အထူးသတိပေးချက်များရှိနေပါသည်။ လူပေါင်း ၃၀၀ ကျော်သေဆုံးသည် ပြောကြားထားသော ချီလီငလျှင်သည် ယခုနှစ်ဆန်းပိုင်းက ဟေတီငလျှင်(၇.၃ မက်ဂနိကျု)ထက် အဆ ၈၀၀ (ရှစ်ရာ) ကျော်ပြင်းအားရှိသော်လည်း ငလျှင်ကြောပေါ်တွင်တည်ရှိသောကြောင့် နိုင်ငံအနေဖြင့် အထူးပြင်ဆင်မှုများပြုလုပ်ထားသဖြင့် အသေအပျောက်လွန်စွာနည်းခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

စုနမိ(ကမ်းရိုက်လှိုင်း)သည် ယခုအချိန်တွင် ယာဝိုင်ယီကို တဆင့်ပြီးတဆင့်ဖြတ်နေသည်ဟု သတင်းများကပြနေသည်။
ဟာဝိုင်ယီနေသူ မြန်မာများအပါအ၀င် ..နယူးဇီလန်၊ ဂျပန်၊ သြစတေးလျှ နေမြန်မာများ သတိထားသင့်ပါကြောင်း နှင့် မိမိတို့အတွေ့အကြုံကို သတင်းပို့ တင်ပေးစေလိုပါသည်။

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.