“သူ ဆို မှ သူ´´

ခင္ခJune 29, 20131min1427

“သူ ဆို မှ သူ´´

 

သူပြန်လာဖို့

မျှော်မယ်လို့ဆို

သူထွက်သွားတော့

လွမ်းအားပိုမို

တနေ့လာနိုး

မျှော်ခဲ့ ထိုထို

အခုထိလည်း

ရောက်မလာနိုင်သလို

ဘယ်နေ့ရောက်မလဲ

မသေချာသလို

မျှော်မိတာလဲ

အကြိမ်မနည်း

စိတ်မှာထင်စဲ

သူ ဆို မှ သူ ဘဲ

တစ်နေ့တော့လည်း

ရောက်မှာဘဲလို့

ထင်နေစဲပါ

သူ ………….. ရယ်။

 

ခင်ခ။

( အပျင်းပြေလေး လက်စမ်းမိတာပါ )

7 comments

  • မင်းမင်း

    June 29, 2013 at 3:25 pm

    အပျင်းပြေလေး ခံစားရပါတယ် ဟီးးး

    • အလင်း ဆက်

      June 29, 2013 at 9:32 pm

      အပျင်းပြေ တဲ့လား…. အူးလေး ရယ်…

      ==================

      စာပေ အနုပညာကို

      ရသ ရှာဖွေ ဖော်ထုတ်ပြီး…

      (ကျကျနန ဖန်တီးထားသူကို ဂုဏ်ပြုတဲ့အနေနဲ ့ပေါ့ )

      ကျကျနန ခံစားတတ်ဖို ့…ကြိုးစားနေပါတယ်…လို ့…။

      ရှင်းရှင်းပြောရရင်တော့…လေးခရေ…

      လေးခ ရဲ ့ ရင်က ဖြစ်တဲ ့ အနုပညာကို..
      ရင်နဲ ့ ခံစားသွားပါတယ်ဗျ ။

      လေးစားစွာ….

  • Mr. MarGa

    June 29, 2013 at 5:00 pm

    သူမှသူပဲ
    တဝဲဝဲနှင့်
    အစားမထိုးဘဲ
    အမြဲထားမူ
    အချိန်ကြာက
    ပို ခံရမည်
    ္မဤသည်ကိုသာ ပြောချင်ပါသည် :mrgreen:

  • โทรศัพท์มือถือ

    June 30, 2013 at 1:02 am

    ကောင်းတယ်ဗျာ…
    ဒီကဗျာလေးဖတ်ပီးတွေးမိတာက
    ကိုခင်က ၁၆.. ၁၈…၂၀.. ဝန်းကျင်တုန်းကဆိုရင်…
    ဆော်တွေ အတော်ပေါးမှာပဲလို့……………..

    • ခင် ခ

      July 4, 2013 at 11:52 am

      “သူ ဆို မှ သူ´´
      အဲလိုဘဲ မှတ်ထားလေ နန်းတော်ရာသူ ရေ။
      ဒီထက်ပိုပြီး ပြောရင် ရှော့တွေရှိမှာပေါ့ဗျ။

Leave a Reply