ကိုယ် ယုံကြည် တာ ကို ကိုးကွယ် ရုံပါပဲ

alinsettJune 30, 20131min28048

 

2222

ဘယ်သူ့ ့ပေါင်မှ သွားး လှန်မထောင်းရဲလို ့ ကိုယ့်ပေါင် ပဲ ကိုယ် လှန် ထောင်းပြပါဦးမယ်။

ဘာသာရေးနဲ ့ပက်သက်ပြီး ကိုးကွယ်မှု လွဲမှား နေတဲ့ အဖြစ်တွေ စင်ကြယ်စေချင်ပါတယ်လေ ။

ကျွန်တော် ကိုယ်တိုင်လည်း ရုပ်တု ကိုးကွယ်မှု ဆိုတဲ ့ သဘောထားဆီကနေ တဖြည်းဖြည်း ရှောင်ခွါသလို ဖြစ်လာပြီ ။
ကိုယ် ကိုးကွယ်တဲ့ ဘာသာတရားဟာ ကိုးကွယ်ထိုက်တဲ ့ဘာသာတရား ဖြစ်ရဲ့လား။

ကိုးကွယ်ဆည်းကပ်ရမယ့် ပုဂိ္ဂုလ်ကလည်း သီလ / သမာဓိ /  ပညာ မြင့်မြတ်စင်ကြယ် ရဲ့လား ဆိုတဲ့ သဘောထားနဲ ့အတော်လေး ရွေးချယ်နေမိတာ ပါ ။

ပုဂိ္ဂုလ် စွဲ ဝါဒစွဲ ဂိုဏ်းစွဲ က စလို ့ဘာအစွဲမှ လည်းးး  စွဲ မထားချင်ပါဘူး ။

ဗုဒ္ဓဘာသာဟာဖြင့် တရားကိုတောင် မစွဲ ဖို ့

ဘုရားကပြောတာပဲ ဆိုပြီးတောင် မယုံဖို ့……  ဆိုထားတော့ ကျွန်တော် တော်တော် သဘောကျခဲ့တာ ။

အမှန်တရား နဲ့ ့အနီးစပ်ဆုံး ဘာသာတရားပဲ ဆိုပြီး အသက် ၁၉နှစ် လောက်က  စ ကိုးကွယ်ခဲ့ပါတယ် ။

 

=============================

ကျွန်တော် က အုန်းသီးခြောက် ကို ရှိခိုးချင်တဲ့လူလည်းမဟုတ်ဘူး ။

 

ဦးရှင်ကြီးတို ့ မနှဲလေးတို့အကြောင်းက်ိုလည်း (အပျင်းပြေဇာတ်လမ်းတွေ ဖတ်သလို သာ) လေ့လာခဲ့ပြီး ကိုးကွယ် အားထားစရာလို့လည်း မမြင်ခဲ့ဘူး ။

သူတို ့ အလို မလိုက်နိုင်ရင် ကိုင်တယ်တ့ို /   ့ငြိုးတယ်တို ့ လုပ်တတ်တဲ့ ခွင့်လွှတ်တတ်ခြင်းမရှိတဲ ့… အဲဒီ  သေပြီးသား ပုဂိ္ဂုလ်တွေကို ကိုးကွယ်စရာလို့မမြင်ပါဘူး ။

သူတို ့မရှိတော့ တဲ့ အခုအခါမှာ….. ကျွန်တော်တို ့ကောင်းကျိုးအတွက်လည်း ဘာအဆုံးအမများ  ထိထိရောက်ရောက် ချန်ထားခဲ့လို့လဲ ။

နတ်ရုပ်တုကိုးကွယ်မှုဟာ ဝေဖန်ပိုင်းခြား နိုင်စွမ်းနည်းသူတချို့ရဲ့ အကြောက်တရား ကြောင့် ဖြစ်နေတဲ့ ကိုးကွယ်မှု လို့ ့မြင်ပါတယ်။ ကျွန်တော့်အမြင်ပါ ။

မသိနားမလည်သေးသူတစ်ယောက်ရဲ ့ အမြင်လို့လည်း..ယူဆချင် ယူဆပါပေါ့ ။

ကျွန်တော်က နတ်ရုပ်တု ကိုးကွယ်မှုကို မယုံကြည်ပေမယ့် ယုံကြည်သူတွေ ကိုယ်ယုံကြည်ရာ လုပ်ကြ

ကိုးကွယ်ကြတာတော့ ဘာမှ ဝေဖန်နေမှာလည်း မဟုတ်ဘူး ။

ကန့်ကွက်ပြစ်တင်နေမှာလည်း မဟုတ်ဘူး ။

နှောင့်ယှက် ဖျက်ဆီး နေမှာလည်း မဟုတ်ဘူး ။

ကျွန်တော့်ဘက်က ဘာမှ လည်း လုပ်ခွင့်မရှိဘူး ။

ကိုယ် ယုံကြည်ရာ ကိုယ် ကိုးကွယ် ။

သူ ့ကိစ္စ နဲ ့သူ ။

ကိုယ့် ကိစ္စ နဲ ့ကိုယ် ။

အနေသာကြီး ပါ ။ ဥပေက္ခာ ပြု ထားလို့ ရတယ် ။

==============================================

ဒါပေမယ့် ဟိုတလောက တော့ ……………

ကျွန်တော့် ကို တိုက်ရိုက်  ထိခိုက် ပုတ်ခတ်လာတဲ့ အဖြစ်တစ်ခု နတ်ကိုးကွယ်မှုကနေ ဖြစ်ပွါးခဲ့ပါတယ်။

တခြားသူ နဲ့ဖြစ်တာ မဟုတ်ပဲ ကိုယ့် အိမ်က ကိုယ့် မေမေ ကြောင့် စိတ်ညစ်စရာ ဖြစ် ရတာပါ ။

==============================================

ကျွန်တော်တို ့မိသားစုမှာ ဖေဖေနဲ့ကျွန်တော်က နတ်ကိုးကွယ်မှုကို မသိကျိုးကျွံ ပြုနေကြပြီး ကျွန်တော်တို့နဲ ့နတ်ကိုးကွယ်မှုကို မဆိုင်သလိုနေတာပါ ။
( နတ်ကိုးကွယ်မှုဆိုတဲ့စကားထဲက နတ်ဆိုတာ ဟို ၃ရ မင်း နတ်စိမ်းတွေကို သာ ဆိုလိုပါတယ်။ )
အဲ…………… မေမေနဲ ့မေမေ့ကို မလွန်ဆန်နိုင်တဲ့ ့ ကျွန်တော့် ညီ ညီမ တွေ မေမေ့ရဲ့ မောင် ဖြစ်သူ တို့ကတော့…..

မိရိုးဖလာ ထုံးတမ်းစဉ်လာကို မလွန်ဆန် မပယ်ရှားဝံ့ သူတွေ ပီပီ နတ်စိမ်း ကိုးကွယ်မှုကို စွဲက်ိုင်ထားတုန်းပေါ့ဗျာ ။

လုပ်ပေါ့ ။

သူတို့ဘာသာ သူတို ့ အုန်းသီးခြောက် ထိုင်ကန်တော့တာ ဘာဖြစ်လဲ ။

ကိုယ် မလုပ်ချင် မလုပ်ရုံပဲ ။

ဒီလိုနေလာတာ။

==================================

ဟိုနေ ့ကမေမေက ဦးတင်ကြီး ရှင်ပါတယ် ။

အဲ….. မှားလို ့ ဦးရှင်ကြီး တင်ပါတယ် ။

🙄 :mrgreen: 🙄 :mrgreen: 🙄

ဦးရှင်ကြီး တင်ရင် အဘိုးးးးးအဘိုးးးးဆိုပြီး ပင့်တယ်။

ရွတ်ဖတ် တယ်။ ပြင်ဆင်ပြီး ပူဇော်ပသ တယ်ပေါ့လေ။

—————————–

ဦးရှင်ကြီးကို သာ ကိုးကွယ်ရာ လို့ ့မယူဆတာာာ ။

ကျွန်တော်က….(   ဦးရှင်ကြီး လာမစားနိုင်ပဲ ပူဇော်နေရတဲ့ )  မုန့်ဆန်း ကိုတော့ အတော်ကြိုက်တယ်။

ဦးတင်ကြီး မရှင်ပဲနဲ့ အိမ်မှာ လုပ်မစားရဘူး ဆိုလို ့ ဦးတင်ကြီးရှင်တဲ့ နေ ့ဆို မုန့်ဆန်း စားရလို့ပျော်တယ်။

အဲဒီနေ ့ကလည်း မနက်အစောကြီး ထပြီး မေမေနဲ ့ညီတွေ ညီမတွေ ဦးတင်ကြီး ရှင်ဖို ့ပြင်ကြ ဆင်ကြ နဲ ့တင်တယ်ပေါ့လေ။

ကျွန်တော်ကလည်း မုန့်ဆန်းစား ရပြီဆိုပြီး ပျော်တယ်ပေါ့လေ  ။

😆 😆

ဦးရှင်ကြီးကို ပင့်ပြီးလို ့ ထိုင်ကန်တော့ ရမယ် ဆိုတဲ့အချိန်မှာ မေမေက ကျွန်တော်နဲ ့ဖေဖေ့ကို လှမ်းခေါ်ပါတယ် ။

ဦးတင်ကြီးရှင်တိုင်း ကန်တော့ရမှာ စိုးလို ့ပတ်ပြေးနေကျဆိုတာ သိ သိကြီးနဲ ့

ကျွန်တော်တို ့အယူအဆများပြောင်းလဲ ပြီ ထင်ပြီး ကန်တော့ဖို့ခေါ်တာလေ ။

ဘယ်ရမလဲ မေမေရယ် ။

ဦးရှင်ကြီးဆိုတဲ့ လူကြီး အဲ…… နတ်စိမ်းကြီး ကို မကန်တော့ပါရစေနဲ ့ ။

သူ ့ဘာသာသူ ရေငန် ပိုင် ကြီး ဆိုဆို ။

အဘိုး ပဲ ဆိုဆို မကန်တော့ချင်ပါဘူး ။

သူ ့ကျေးဇူးလည်း  ကျွန်တော်တို ့အပေါ် ဘာမှ မရှိဘူး ထင်တာပဲ မေမေ ။

————————————————————————

ပြီးတော့ သူကသာ ရေငန်ပိုင် လုပ်နေ ။

တစ်တိုင်းပြည်လုံး ကို ပိုင်နေတာ ဘယ်သူတွေ လဲ….

အပိုင်စီး ဖို ့ကြိူးစားနေတာ ဘယ်သူတွေ လဲ ……  ဆိုတာ သားတို ့မြင်နေတာပဲ မေမေ ။

အဲဒီ ဦးဦးကြီး တော်ရာ မှာ  သွား နေ ။

သားတို့လည်း တော်ရာမှာ နေမယ် ။

စိတ်ထဲက အဲသလိုတွေးပြီး ထုံးစံအတိုင်း မသ်ိချင်ယောင်ဆောင်ပြီး ပတ်ပြေး ပါတယ်။

ဦးရှင်ကြီးကို  ကန်တော့ ရမှာစိုးလို့ရှောင်ထွက်တာ ။

မေမေ့ရဲ ့မကြားတကြား စွပ်စွဲသံက နားဝ ကို ပြေးဝင်လာတယ်လေ။

မိရိုးဖလာ ကိုးကွယ်မှု ကို ဆန် ့ကျင် ကြတဲ့ မိစ္ဆာဒိဌိ တွေ တဲ့ ။

ကျွန်တော့် လန့်သွားတယ်။

ဟိုက် လို ့အော်ပြီး မေမေ့ကွယ်ရာ မှာ ရယ်နေမိတယ် ။

ကျွန်တော် ဦးရှင်ကြီးကို မ ကန်တော့တာနဲ ့ မိစ္ဆာဒိဌိ အယူမှားယွင်းသူ ကြီး ဖြစ်သွားပြီလား မေမေ လ်ို့ ့တွေးမိတယ်။

မှားတယ်လို ့မေမေ မြင်လည်း မြင်ပါတော့ ။

ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်မှာပဲ.. ။

အချိန်တန်ရင် အမှန်တရားက အဆုံးအဖြတ်ပေးလိမ့်မယ်။

=======================

နောက်နေ ့က စပြီး    အခုထိ ကျွန်တော် ဦးရှင်ကြီးနဲ ့ပက်သက်ပြီး မေမေ့ကို ဘာမှ ပြောမနေပါဘူး ။

နတ်ရုပ်တု ကိုးကွယ်မှုက ….ဘာဖြစ်တယ်.. ညာဖြစ်တယ်…  ဆိုတာတွေ လည်း ပြော မနေပါဘူး ။

ကိုယ့် အရာလည်း မဟုတ်ဘူး ။

ဒါပေမယ့် အဲဒီနေ ့နောက်ပိုင်း ကနေ ဒီနေ ့အထိ ညတိုင်းးလိုလို တရားအခွေတွေပဲ လှိမ့် ဖွင့် နေမိတယ်။

ည ဆို မိုးကုတ်ဆရာတော်ကြီးရဲ့ ဝိပဿနာ အလုပ်ပေးတရားတွေကို ခပ်ကျယ်ကျယ်လေး ဖွင့် ပြီး မှတ်သား နေလိုက်တယ်။

မေမေ ကတော့ ကြားနေတယ်။

မှတ် သင့်တယ် ထင်ရင် မှတ်ပေါ့မေမေ ။ ကိုးကွယ်ရာ အစစ်က . . . . .

. . . . . . . .

. . . . . . . . . .

. . . . . . . . .

 

 

============================================================

 

လေးစားစွာဖြင့်….

 

အလင်းဆက်

 

48 comments

  • Ma Ma

    June 30, 2013 at 10:17 pm

    ပြောလိုက်စမ်းပါ အလက်ဆင်းရာ။
    ကိုယ်ကျင့်သိက္ခာ ကိုယ်ကျင့်တရားဆိုတာ လူတစ်ဦးချင်းစီနဲ့ပဲဆိုင်ပါတယ်။

    လူမျိုးအစုံတွေမှာ ကောင်းသူ ဆိုးသူ ရှိပါတယ်။
    ဘာသာရှိ ဘာသာမဲ့ ကိုးကွယ်သူထဲမှာလည်းပဲ ကောင်းသူဆိုးသူ ရှိပါတယ်။
    ကုန်ကုန်ပြောရရင် တစ်မိသားစုထဲမှာတောင် ကောင်းသူဆိုးသူ ရှိတာပဲ။

    တံဆိပ်တွေတပ်ပြီး စွပ်စွဲပြောဆို ရန်ဖြစ်မုန်းတီးနေကြမယ့်အစား လူတစ်ဦးချင်း တစ်ယောက်ချင်းစီက ကိုယ့်စည်းကိုယ်လုံအောင် ကိုယ့်တာကိုယ်ထိန်းကြရင် အေးချမ်းသာယာမှုတွေ ခံစားကြရမှာပေ့ါ။

    ဘာသာရေး လူမျိုးရေး ခွဲခြားမုန်းတီးမှုတွေ မကြာခဏကြားနေရတာ စိတ်ဆင်းရဲစရာကောင်းလွန်းလို့ ဖေ့စ်ဘုတ်မှာတွေ့မိတဲ့ လူသားဆန်တဲ့ လူသားစကားတွေကို ဖတ်ကြည့်နိုင်ကြဖို့ အောက်မှာ လင့်ခ်လေးတွေ ပေးလိုက်ပါတယ်။

    https://www.facebook.com/photo.php?fbid=535187543183040&set=a.102267216475077.4048.100000753976838&type=1&permPage=1

    https://www.facebook.com/photo.php?fbid=535871256448002&set=a.102267216475077.4048.100000753976838&type=1&theater

  • အလင်း ဆက်

    June 30, 2013 at 10:29 pm

    တံဆိပ်တွေတပ်ပြီး စွပ်စွဲပြောဆို ရန်ဖြစ်မုန်းတီးနေကြမယ့်အစား လူတစ်ဦးချင်း တစ်ယောက်ချင်းစီက ကိုယ့်စည်းကိုယ်လုံအောင် ကိုယ့်တာကိုယ်ထိန်းကြရင် အေးချမ်းသာယာမှုတွေ ခံစားကြရမှာပေ့ါ။

    ==================
    အမှန်ပေါ့…အန်တီမမရေ..
    ————————————
    ကျွန်တော်က တော့….
    ဟိုးရှေးရှေးက.. အကြောက်တရားကြောင့်..သော်လည်းကောင်းးး
    မသိ နားမလည်မှုကြောင့်သော်လည်းကောင်းးးး
    အကျိုး လိုလားမှု ကြောင့်သော်လည်းကောင်းးးး
    (အကျိုးလိုလားမှု ဆိုတာကိုလည်း..အကြောက်တရားကြောင့် ဆိုတဲ ့ စာရင်းထဲပဲ.ထည့်ချင်ပါတယ် ။
    အကျိုးလိုလားတယ်ဆိုကတည်းက ဆင်းရဲ ဒုက္ခကို ကြောက်လို့ပါ ။)

    ရှေးရှေးတုန်းက.. ထုံးတမ်းစဉ်လာတွေကို… ဖက်တွယ်ထားသူတွေ ကို ကြည့်မရဘူး ။

    အမှားအမှန် ခွဲခြား တတ်လာတဲ ့ လူတွေရဲ ့
    ဆန့်ကျင်တဲ ့ လုပ်ရပ်ကို…
    သူတို့က တစ်ပြန် ပြစ်တင် ပုတ်ခတ် တတ်တဲ ့ သူတွေကို တွေ ့ဖူးတယ် ။

    သူတို့လို.. ဘိ်ုးတော် / နတ်စိ်မ်း ….. မကိုးကွယ်တာကပဲ..အပြစ်ကြီးတစ်ခုလိုလို..
    ဗုဒ္ဓဘာသာ မစစ်ဘူးလိုလို…..

    တကယ့် ဘာသာတရား အစစ်က ဘာလဲ…
    ကို်းကွယ်သင့်တာက ဘာလဲ…..
    ဆိုတဲ ့ မေးခွန်းနဲ ့… အမှန်တရားကို မရှာဖွေ ကြတတ်သူတွေ … အများကြီးပဲ ။

    ကျွန်တော်ကတော့..
    ကိုယ့်ပေါင် ကိုယ်လှန်ထောင်း မိတဲ့ အထိ… ပြောတာပဲ..။
    ပြီးတော့… အသက် 19 နှစ် မတိုင်ခင် အထိ….
    မိဘ ဘိုးဘွား.. ကိုးကွယ်တဲ့ အတိုင်း.. ဘာသာရေး လက်ဆင့်ကမ်း ခံယူမှု ကနေ..ခွဲထွက်ပြီး..
    ဘာသာမဲ ့ အဖြစ် …
    ဘယ်ဘာသာ ကိုးကွယ်သင့်လဲ..လို ့ ရွေးချယ်နေခဲ့တာ…..။

    ဆက်ပြောရင်…
    သူများပေါင်တွေပါ.. ထောင်းမိတော့မယ်..။
    တော်ပြီ။

    😆

  • padonmar

    June 30, 2013 at 10:45 pm

    အားပေးပါတယ် အလက်ဆင်းရေ
    သားလုပ်ရပ်မှန်ပါတယ်။
    နတ်စိမ်းကိုးကွယ်မှု တိုက်ဖျက်တဲ့ တရားဟောတဲ့ထဲမှာ ဦးသုမင်္ဂလ/ ဖြူးမဟာစည်ဆရာတော် တရားတွေ ကောင်းပါတယ်။
    မေမေ့ကို ကြားလောက်တဲ့ နေရာကနေ မကြာခဏဖွင့်ပြပေးပါ။
    သရဏဂုံ မတည်တဲ့ မိဘကို သရဏဂုံတည်အောင် လုပ်ပေးတာ မိဘ ကျေးဇူးဆပ်ရာရောက်ပါတယ်။

    • အလင်း ဆက်

      July 1, 2013 at 11:25 am

      အန်တီ ပဒုမ္မာ ရေ

      ဦးသုမင်္ဂလ တရားတွေလည်း အိမ်မှာ နားထောင်ဖြစ်ပါတယ်။
      မနှစ်က ဝါဆိုလပြည့် နေ ့တုန်းက တော့
      မှော်ဘီက ဆရာတော့် ကျောင်းအထိ သွား ဖြစ်တယ်။

      ဝိပဿနာ အလုပ် ကို လုပ်ရင်းး
      ခန္ဓာ ရဲ ့ ဖြစ် ပျက် သ ဘော တွေကို
      သိ မှတ် ဆင်ခြင် တဲ့အခါ
      လက်တ လော အကျိုး ကျေးဇူး အနေနဲ့
      ငြိမ်းချမ်း မှု နဲ ့တည်ငြိမ်မှုကို ရ လို ့

      အဲဒီ အရ သာ ကို မေမေ ့ကိုလည်း ရ စေချင်တယ်။

      ကျွန်တော် တော့
      နောင်အနာဂတ် မှာ ဖြစ်လာမှာတွေကို မျှော်ကိုးပြီး လည်း
      မလုပ်ချင်
      အတိတ် က ဖြစ်ရပ်တွေ အတွက်လည်း ခံစား မနေချင်

      အခု ဆိုတဲ့ အချိန်ကလေး ကို ပဲ ကျေကျေနပ်နပ် နေထိုင် နိုင် ဖို ့
      ကြိုးစားနေ ပါတော့တယ်

      🙂

  • ဝင့်ပြုံးမြင့်

    June 30, 2013 at 11:41 pm

    တအားကောင်းတဲ့ ပို့စ်လေးပါနော်။
    အစ်မ အိမ်ထောင်ကျပြီး နယ်ကိုပြောင်းလာတော့ ယောက္ခမတွေလည်းမရှိတော့ အိမ်မှာရှိတဲ့ နတ်အုန်းသီးကို အမှိုက်ပုံမှာသွားလွှင့်ပစ်လိုက်တယ်။ အဲဒါ တစ်လမ်းလုံးက လူတွေ အစ်မကို စကားမပြောကြ တော့ဘူး။ မအူပင်ဟာ တစ်စက်မှ နေချင်စရာမကောင်းဘူး သိလား။

    • အလင်း ဆက်

      July 1, 2013 at 11:32 am

      အစ်မ ပြုံး ရေ

      သတ္တိ ရှိ လိုက် တာ
      နတ် ကိုင်မှာ မကြောက် ဘူး ပေါ့နော် ။

      😆

      မအူပင်က နေလို ့ ကောင်းမယ့် မြို ့လေးပါ အစ်မရယ်
      အတွေး အခေါ်နဲ ့ လွဲ ချော်မှု တွေ က မြို ့ လေးကို
      ရုပ်ဆိုးစေတာ များလားး

  • Mလုလင်

    June 30, 2013 at 11:46 pm

    သူ ့ကျေးဇူးလည်း ကျွန်တော်တို ့အပေါ် ဘာမှ မရှိဘူး ထင်တာပဲ မေမေ ။

    ဆိုတော့ . . မိုးသီးဇွန် ကိုနေ့တိုင်း ထိုင်ကန်တော့ သင့်တယ်ဗျ . . . .သူဂျီး ပြောဖူးတယ် . . သူ့ကျေးဇူး တွေ . . တော်တော် ကြီး ဆိုပဲ . . . 😆

    • အလင်း ဆက်

      July 1, 2013 at 11:34 am

      ကို လု လင်

      ဖတ် ရှု ခံစား ပေးတဲ့အတွက် ကျေးဇူး ပါ ။

      🙂

  • kai

    July 1, 2013 at 6:49 am

    ဗုဒ္ဓသာသနာမှာ.. ဗုဒ္ဓဘာသာဝင်စစ်စစ်ဟာ.. တခြားမည်သူ့ကိုမှကိုးကွယ်စရာမရှိ…
    ဆုတောင်းယူစရာမရှိ…။

    • အလင်း ဆက်

      July 1, 2013 at 11:39 am

      သူကြီးရေ

      အတ်တာဟိ အတ်တနော နာထော ပေါ့နော် ။

      ဆိုတော့ ကိုယ့် ကိုယ် ကို ကိုယ် ပြန် အားကိုး ရဖို ့
      ကိုယ်တိုင်ကလည်း အားကိုး ထိုက် လောက်တဲ့ အရည်အချင်း ရှိဖို ့ လိုတယ် ပေါ့နော် ။

      ဆက် တွေးပါဦးမယ် ။

      ကျေးဇူးပါ သူကြီးရေ

  • KZ

    July 1, 2013 at 9:01 am

    ကျွန်တော်က နတ်ရုပ်တု ကိုးကွယ်မှုကို မယုံကြည်ပေမယ့် ယုံကြည်သူတွေ ကိုယ်ယုံကြည်ရာ လုပ်ကြ

    ကိုးကွယ်ကြတာတော့ ဘာမှ ဝေဖန်နေမှာလည်း မဟုတ်ဘူး ။

    ကန့်ကွက်ပြစ်တင်နေမှာလည်း မဟုတ်ဘူး ။

    နှောင့်ယှက် ဖျက်ဆီး နေမှာလည်း မဟုတ်ဘူး ။

    ကျွန်တော့်ဘက်က ဘာမှ လည်း လုပ်ခွင့်မရှိဘူး ။

    ကိုယ် ယုံကြည်ရာ ကိုယ် ကိုးကွယ် ။

    သူ ့ကိစ္စ နဲ ့သူ ။

    ကိုယ့် ကိစ္စ နဲ ့ကိုယ် ။

    အနေသာကြီး ပါ ။ ဥပေက္ခာ ပြု ထားလို့ ရတယ် ။
    ~~~~~~~~

    တို့ဆီက လူတွေ မရှိကြတာ အဲဒီ စိတ်လေးတစ်ခုပဲ.။

    နောက်ပြီးတော့..

    ကိုယ်နဲ့ အမြင်မတူ၊ ရန်သူ လုပ်နေသရွေ့…………….
    ဆွေးနွေးတာနဲ့ ရန်ဖြစ်တာ မကွဲပြားသရွေ့……………
    🙁

    • အလင်း ဆက်

      July 1, 2013 at 12:39 pm

      မမ ခိုင်ဇာ ရေ
      အမှန်ပဲ ။

      ဆွေးနွေးတာနဲ ့ရန်ဖြစ်တာ မကွဲပြားသ၍
      ပြီးေတော့

      ဆန့်ကျင် ခြားနား စွာ ရှိခြင်းနဲ့ တိုက်ခိုက်ချေမှုန် ခြင်း မကွဲပြားသ၍

      😆

  • ဦးကြောင်ကြီး

    July 1, 2013 at 10:03 am

    ဒါမျိုးဆိုတာ ကြီးလာမှ ချင့်ချိန်ဆုံးဖြတ် ကောင်းတယ်ကွ.. အချို့အရာတွေက အသက်အရွယ်နဲ့ ဆိုင်တယ်။

    • အလင်း ဆက်

      July 1, 2013 at 12:42 pm

      ချစ်သော ဦးကြောင်

      ဒီတစ်ခါတော့ ကာရန်မဲ့ ကွန်မန့် ပါလား ။ 😆

      ချစ်သော ဦးကြောင်ရဲ ့ စကားလေးကလည်း မှတ်သား ထားသင့် တဲ့စကားပါဗျာ

      ကျေးဇူး အူးကျောင်

  • Shwe Ei

    July 1, 2013 at 10:24 am

    မှန်ပ..သများတို့လဲ အိမ်မှာ ၃ရ မင်းတင်ရင် ကောက်ညင်းပေါင်း၊ ပြန်ပေါင်း နဲ့ငါးကြော်
    စားရမှာ တွေးပြီးပျော်နေတာ…

    အဖွားက ကန်တော့ခိုင်းရင်တော့လဲ ကန်တော့လိုက်တာဘာဘဲ…စိတ်ချမ်းသာစေချင်လို့

    အမေတို့လက်ထက်ကြ ဘာနတ်မှ မကိုးကွယ်ကြတော့…နားအေးတာဘဲ 😉

    ဆွိ ပြောသလို ရန်ဖစ်ခြင်းနဲ့ဆွေးနွေးခြင်း မကွဲပြားသူများနဲ့တော့ လေကုန်ခံပီး ပြိုင်မညင်းဘာ…ေိေိ

    • အလင်း ဆက်

      July 1, 2013 at 12:46 pm

      ချစ်သော မရွှေအိ

      ဒါဆို မတူကွဲပြားသူများနဲ့
      ငြိမ်းချမ်း လွတ်လပ်စွာ ကွဲလွဲ ပြီး
      ကိုယ့် အကန့်နဲ့ ကိုယ် ယုံကြည် သလို
      နေထိုင် ကြစို ့ပေါ့နော့်

      ဝင်ရောက် ဖတ်ရှု ဆွေးနွေးမှု အတွက်
      ကျေးဇူး

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 1, 2013 at 11:34 am

    ပြောသာပြောတာ
    ကိုယ်ကပင်လယ်ထဲရှိနေမယ် လှေတစ်စီးပေါ်မှာ လှိုင်းကကြီးနေမယ် လေကထန်နေမယ်
    အဲ့သည်အချိန် ဦးရှင်ကြီးကို နတ်စိမ်းနတ်ကြက်ဆိုပြီးပြောရဲမလား ??
    ကိုယ်က မသာအိမ်မှာဖဲရိုက်နေမယ် ကိုယ့်ဘေးအုန်းငှက်ပျောပွဲရှိမယ်
    ကိုယ့်ဖဲကသေနေတယ် ဖဲရှုံးနေတယ် အဲ့ချိန်ပြောရဲလား နတ်စိမ်းနတ်ကျက် ??
    ကိုယ်ကခြောက်ကမ္ဘားဘေးသွားနေတဲ့ကားပေါ်မှာရှိမယ်
    လမ်းဘေးတွေ့တဲ့နတ်စင်သေးနဲ့ပမ်းရဲလား ???
    ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ကိုယ်ဒေါ်ဒေကို မစော်ဂါးဘါနဲ့ 👿
    ကိုယ်ဒေါ်ဘစ် ကိုယ်ဒေါ်စမောလ် များခင်ဗျား
    အမိုက်မဲလေးဒေဂိုခွင့်လွှတ်ဘါ တောင်းဘန်ဘါဒယ်

    • kai

      July 1, 2013 at 4:00 pm

      ဆရာကြီးသော်တာဆွေကတော့.. သူများအိ်မ်ကမင်းမဟာဂီရိနတ်အုံးသီးကို..ဖြုတ်ချ… ဘောလုံးလုပ်ပြီးကန်ဖူးတယ်..။
      .. လျှော်လိုက်ရသပေါ့..။ :mrgreen:

      အမှန်ကတော့… အဲဒီမမြင်ရတဲ့အကောင်ဘလောင်..အစိမ်းအကျက်တွေအစား.. လက်တွေ့လောကထဲက ..လူသားတွေကို.. အပြန်အလှန်လေးစားသမှုတော့ရှိရပါမယ်..။
      သူကထိုင်ကန်တော့နေတာကို.. ကိုယ်က.. ဘောလုံးလုပ်သွားကန်လို့ဘယ်ဖြစ်ပါ့မလည်း…။
      သူ့စော်ကားရာကျမပေါ့..။

      သတ္တဝါ..တိရိစ္ဆာန်တွေကိုလည်း.. လူကို “မူလတိုင်”ထားပြီးထိတွေ့ဆက်ဆံရသင့်တာပေါ့..။
      လူသားပဓာနပါ..။

      ဆိုတော့..
      တလောကလေးတင်.. ရှင်ပြုပွဲတခုမှာ.. ကျုပ်လည်း.. အုန်းပွဲငှက်ပျောပွဲကိုင်ပြီး.. ဘုန်းကြီးကျောင်း ၃ပါတ်ပါတ်လိုက်ရသေးတယ်..။
      တကယ်ကတပါတ်မှတ်လို့..ကိုင်(ပင့်)လိုက်လာတာ…။
      နောက်မထူးပါဘူး.. ဓာတ်ပုံသမားတွေအဆင်ပြေအောင်.. ၂ပါတ်လုပ်ရော…။
      ပြည့်ခါနီးလေးမှာ.. ဘုန်းကြီးတပါးက.. ၂ပါတ်(စုံ)မဖြစ်ဖူး..၃ ပါတ်လုပ်လိုက်လို့.. ၃ပါတ်ဖြစ်သွားတယ်..။
      တော်သေးတာက.. နောက်ဆုံးတပါတ်.. အုန်းပွဲကိုင်ကနေ.. ဆင်းတုထီးတော်မိုးအလုပ်ပြောင်းလိုက်သမို့..တော်သေးတယ်..။ :mrgreen:

      အောင်မြလေး.. နောက်နေ့လက်တွေနာလို့..။

  • ကြက်အူလှည့်

    July 1, 2013 at 11:43 am

    ပုရာငွေမို ့သဲရေစို ့ပါတဲ့ ပဲရွေမြို ့အပိုင်၊ အောက်ခရိုင် ကျောက်တိုင်သည်ဘက်၊ ရွေစောင်းညှိ လိုက်တော့၊ ရေကင်းအထိ ပိုင်ပေသော၊ ခရိုင်ကျော်ဇမ်ဗူ၊ ပြိုင်လာသူ တကယ်ရှုံးလောက်အောင်သတင်းဖြာ သည့်၊ ကဇင်းရွာ ယင်းဌာနဆီက၊ မယွင်းမကွာသပ၊ အလွန်မျှော်ကိုးပြီး၊ ကျွန်တော်မျိုးတို ့ရပ်ရွာသို ၊ နတ်ရာဇာ ကိုယ်တော်ကြွခဲ့ပါ ့ ၊လို ့သော်တခဏ အမွန်းတင်၍ ကွန်းစင်မြ ကျောင်းဝိဟာရသို ့၊ အပေါင်းတပည့်များ ခြံရံတသင်းငယ်နှင့်၊ ရေငံမင်း တကျွန်းပိုင်၊ ကွမ်းအဆိုင် ဆွမ်းထိုင်လို ့သုံးပါတော့၊ ဘုန်းရှိတဲ့ နတ်ရာဇာ၊ ကြွလာတော်မူပါ နတ်ဦးရှင် ခင်ဗျား၊၊

    • အလင်း ဆက်

      July 1, 2013 at 12:53 pm

      အော် ချစ်သော ဂီ

      ကနားစီး ပီသ ပါပေ့

      ချက်ချင်းကို ပင့်တော့တာပဲ ။
      😆

      ဒါနဲ ့
      နာဂစ်တုန်းက ဦးရှင်ကြီး ဘယ်သွားနေလဲ မသိ

      ဟိဟိ

      အခု ပင့်လည်း လာရင်တောင် ဝမ်းနည်းမှုတွေ လက်ကျန်သိမ်းထုပ်ပြီး
      လာရမှာ ထင်တယ်။
      နာဂစ်တုန်းက သူ ့ကို ပူဇော် ပသ ကြတဲ့ လူတွေ
      အများကြီးကို
      သူ မကယ် မ မ နိုင် ခဲ့ လို ့လေ

  • အလင်း ဆက်

    July 1, 2013 at 12:23 pm

    အဟိ အုူး အူး အုပေါင်

    ဟောဒီ အမိုက်အမဲလေးက
    ကိုယ် ယုံကြည်ရာ လေး ကိုယ် ဖွင့်ပြောမိတာပါ နော်
    မယုံကြည် မှု နဲ ့တော်ရာမှာ နေပြီး စော်တကားမော်တကား လုပ်ရပ်တွေ နဲ့တော့ မ နေ ပါဘူးလို ့။

    ဒါက သူ ့အကန် ့နဲ ့ကိုယ့် အကန် ့ခွဲခြား ထားခြင်း လောက်ပါပဲ။

    မတူကွဲပြား ခြားနားစွာ နေခြင်းပါ ။
    ငါ့ အယူအဆ နဲ ့မတူ ဘူးဆိုပြီး ဆန့်ကျင် တိုက်ခိုက်ခြင်း ကို ဦးမတည်ပါဘူး လို ့။

    ဒီ လို
    နတ်စင်ကို ရှူး ပန်းတာ တို ့
    နတ်တွေကို ကလော် ဆဲ နေတာ တို ့မလုပ်ဘူး ။
    မလုပ်တာဟာ နတ် ကိုင်မှာ ေ ကြာက် လို ့လည်း မဟုတ်ပါဘူး။

    မလုပ်သင့်လို ့မလုပ်တာ ။

    နတ် အကိုင် ခံရတယ်
    နတ်ကို စော်ကားလို ့တစ်ခုခု ထိခိုက် တယ် ဆိုတဲ့
    ဦးဘဟန် ကြောင့် ဦးဘ ေ ရာက် တဲ့ ကိတ်စ ကြီးကိုလည်း

    စကား ထဲ ထည့် မပြောချင်သေး

    😆

    စိတ်ပညာ သဘောတရား အရ ကြည့်ရင်
    နတ်စင်ကို တစ်ခုခုလုပ်လို ့ လုပ်သူ တစ်ခုခု အနာတရ
    ဖြစ်သွားတာ ကို
    နတ်ကိုင်တာ လို ့ယူဆ တာ မှားပါတယ်။ သဘာဝ မကျ ပါဘူး ။

    နတ်စင်ကို စော်တကား မော်တကား လုပ်လို ့
    သူ ဒုက္ခ ရောက်တော့မှာ
    ဒုက္ခရောက်ပါစေ ဆိုတဲ ့စိတ်နဲ့
    ဘေးလူတွေ က
    မေတ္တာ ပို ့ သလို
    အထင်အမြင်စိတ် တန်ခိုး ကြောင့်

    နတ်စင်ကို လုပ်သူရဲ့ စိတ်ထား မခိုင်မာ ရင်

    ဦးဘဟန်ကြောင့်
    ဦးဘ ရောက်တာပါပဲ ။

    အထင်အမြင်စိတ်

    ဒါလောက်ပဲ ပြောတော့မယ် ။

    😆

  • kyeemite

    July 1, 2013 at 1:50 pm

    အမြင်ကြည်လင်လင်းလက်တဲ့ အလင်းဆက်ပေကိုး…ဗရာဗိုပါဗျာ

  • လင်းစက်ရာ

    July 1, 2013 at 3:05 pm

    ကို အလင်းစက်ရေ အဖြစ်ချင်း တူသဗျ… ကျွန်တော့် အမေနဲ့ ကျွန်တော်တို့ သားအဖလည်း အဲ့အတိုင်းပဲ.. ကျွန်တော်ကတော့ အမေ စိတ်ချမ်းသာပါစေ ဆိုပြီး.. အဲ့စင်ရှေ့ သွားတော့ ကန်တော့လိုက်တယ်.. ဒါပေမယ့် စိတ်ထဲမှာ.. မြတ်စွာဘုရားကိုပဲ ရည်စူးပြီး ဦးချလိုက်တာ….ပဲ…..။ အမေလည်း ကျေနပ်သွား… ကျွန်တော်လည်း ကိုယ် မတော့ချင်တာကို ကန်တော့တာ မဟုတ်တော့ဘူးလေ………။ 😀 ။

  • အလင်း ဆက်

    July 1, 2013 at 3:12 pm

    လင်းစက်ရာ ရေ

    မတွေ ့တာတောင် ကြာပေါ့ ။
    🙂

    ကျွန်တော်က တော့

    ပတ် ပြေးတဲ့ စနစ်ပဲ သုံးနိုင်သေးတယ်
    ဟီဟိ

  • လင်းစက်ရာ

    July 1, 2013 at 3:16 pm

    အစ်ကိုရေ .. နာမည်မှာ လက် အကျင့်ပါပြီး စာလုံးပေါင်းမှားသွားလို့.. ခွင့်လွှတ်ပါဗျာ…

    • အလင်း ဆက်

      July 1, 2013 at 3:30 pm

      လင်းစက်ရာ ရေ
      ကိစ္စ မရှိပါဘူး ဗျာ ။
      ဖြစ်တတ်ပါတယ်

      😆

  • Mr. MarGa

    July 1, 2013 at 7:57 pm

    တစ်ခု ရှိသေးတယ်
    ကျုပ်ဟာကျုပ် အေးအေး နေတဲ့ သိကြားမင်းကို
    အဲဒီ အသူရကာယ် လိုလို နတ်စိမ်း လိုလို ဟာတွေထဲကို ဆွဲထည့်ထားတာ
    စကားမစပ်
    ကျုပ်ကတော့ နတ်မှ နတ် စစ်စစ် ဗျ :mrgreen:

    • ကြက်အူလှည့်

      July 1, 2013 at 8:31 pm

      သုံးဆယ့်ခွင်နမင်းမှာ ဘူက ထိပ်ဆုံးပါသလဲဗျ.

    • အလင်း ဆက်

      July 2, 2013 at 12:04 pm

      အော်..သကြားကလည်း..
      ကြော်ငြာက ဝင်ရသေး…။

      ဒီ နာမည်ကြီးနဲ ့ တွေ ့နေမှ တော့…
      37 မင်း ထဲ မပါဘူးဆိုတာ.. သိသာပါတယ်တွာ..။
      😆

      ဒါပေသိ … နီ ့ နာမည် မြင်ရင်…ကော်ဖီ သောက်ချင်တယ်..။

      • ကြက်အူလှည့်

        July 2, 2013 at 12:06 pm

        သိကြားမင်းဆိုတာ အပြင်-၃ရမင်းမှာ ထိပ်ဆုံးက ပါသဗျ..

        ကွိကွိ။

        • Mr. MarGa

          July 5, 2013 at 6:54 pm

          အိုက်ဒါကို ပြောတာပေါ့
          အတော် ဆိုးတဲ့လူတွေ
          ကျုပ်ကို ထိပ်ဆုံးကနေ ခေါင်းဆောင် လုပ်ထားသလေ

        • အလင်း ဆက်

          July 5, 2013 at 7:07 pm

          တိန်….။
          ခီညားးးး ဘာကိုဆိုလိုသလဲ..သကြားးးး
          ကျုပ် သိသနော်……

          😆

  • ဦး ကြိမ်

    July 1, 2013 at 8:48 pm

    ကျွန်တော်တော့ မိရိုးဖလာကိစ္စ တွေအကုန်လုပ်တယ် ..
    ဝါဝင်ဝါထွက် ဆွမ်းတင်တယ် နတ်တင်တယ် အဆင်ပြေရင်နတ်စားတယ်
    နှစ်ကူးတယ် …အစရှိသဖြင့်ပေါ့လေ….ဒါပေမဲ့ မြတ်စွာဘုရားကတော့ အဓိကအားထားရာပါ
    မှားလား့ မှန်လားမသိဘူးဗျာ

    ကျွန်တော်တော့စိတ်ရှင်းသွားတယ်ကိုလင်းဆက်ရေ…။

    • အလင်း ဆက်

      July 2, 2013 at 12:11 pm

      ချစ်သော ဦးဦး ကြိမ်ရေ…

      အဲဒီ.လိုပါပဲ..
      လုပ်ရိုးလုပ်စဉ် တစ်ခု / မိရိုးဖလာဓလေ့ ထုံးတမ်းစဉ်လာတစ်ခု / ခေတ်အဆက်ဆက် ယုံကြည် ပြီး..လုပ်လာတဲ့ ကိစ္စ တစ်ခု…မို ့…
      လုပ်မြဲတိုင်းလုပ်ကြတယ်..
      မလုပ်လိုက်ရတဲ့ အခါ..စိတ်ထဲ .မှာ.. တင်မကျနဲ ့….

      တစ်ခုခု တာဝန်မကျေသလိုခံစားရတယ်…။

      အဲဒီ လို မတင်မကျ နဲ ့.. ..ဖြစ်နေတဲ ့ စိတ်အခြေအနေက…
      တစ်ခုခု ဖြစ်လာဖို ့.. ဥင်္ီးတည်ပါတယ် ။ တစ်ခုခု အခြေအနေဆိုးတာလေး.ဖြစ်သွားရင်တောင်…
      ကိုယ်.. လုပ်ရိုးလုပ်စဉ်လေး.. ပျက်ကွက်ခဲ့တာကိုး…ဆိုတဲ့ အတွေးလည်း.ဝင်တတ်ပါသေးတယ်။

      ဒီတော့.. အဲဒီ စိတ်အခြေအနေနဲ ့.. မတည်ငြိမ်နိုင်တာထက်….
      လုပ်ရိုးလုပ်စဉ်ကို လုပ်လိုက်တာက ပိုစိတ်ရှင်းတာပေါ့နော် ။

      ————————–

      တချို ့ဆို… တစ်ခုခု ဆိုးတာ ဖြစ်ရင်..
      ဘုရား အဆုံးအမကို အရင် သတ်ိမရ….
      ဗေဒင်ဆ်ီ ပြေး…
      ဘိုးတော် ဆီပြေးနဲ့…….

      😆

      ——————–
      ချစ်သော ဦးဦးကြိမ်ရေ..
      ဖတ်ရှု ဆွေးနွေးမှုအတွက်.ကျေးဇုူးပါနော့် ။

  • Wow

    July 2, 2013 at 12:00 pm

    သား အလက်ဆင်းရယ် သားဂိုအမေစောင်မကြည့်ရှု…အဲလေ စောင့်ရှောက်နေဒဲ့ကျေးဇူးမှမထောက်… :mrgreen:
    ဒီလိုနတ်မကိုးကွယ်ဝူးပေါရသလား…
    သားလုပ်တာနဲ့ အမေစားပေါက်ပိတ်တော့မှာပဲ

    ပုံ
    အမေဝါး အဲလေ… အမေဂျမ်း :mrgreen:

  • အလင်း ဆက်

    July 2, 2013 at 12:16 pm

    အမေ….
    သာေးတာ်လေးကို..စောင်မ ကြည့်ရှု…
    အဲ….
    စောင့်ရှောက်ကြည့်ရှု ပေးတာကိုတော့..ကျေူးးဇူးတင်ပါတယ် ။
    ဒီထက်ပိုပြီးစောင့်ရှောက်တဲ့အနေနဲ ့….
    အိုင်ဖုန်းလေးတစ်လုံးလောက်.. မ စပါ အမေ….

    ဟေဟေ့
    😆

    —————
    ချစ်သော Wow ရေ…
    ဖတ်ရှု သွားတဲ့အတွက် ကျေးဇူးမမေ့ပါဘူးနော် ။
    🙂

  • အရီးခင်လတ်

    July 2, 2013 at 3:15 pm

    ဘပု ပြောတာ လေး ကို တော့ အလွန့် အလွန် အလွန် အမင်း သဘောကျကြောင်းလေး စ ပြောလိုပါတယ်။ (ဖား တာ) 😛

    ဆက် ပြောချင်တာလေးကတော့
    အမေ့ မှာ ကြီးပြင်းလာရတဲ့ ပါတ်ဝန်းကျင် က အကြောင်းကြောင့် ဒီလို စိတ်မျိုး ရခဲ့တာ နေမှာပါ။
    တိုက်ရိုက် ကဲ့ရဲ့ အပြစ်တင်လိုက်တာထက် ဒီလို မသိမသာ ပညာပေးတာလေး အတွက် အလင်းဆက် ကို ချီးကျူးပါတယ်။

    တစ်ခုတော့ ရှိတယ်။
    အဲဒီလို နတ်တွေ မရှိဘူး လို့ ရာနှုန်းပြည့် သက်သေ မပြနိုင်သ၍ ရှိနိုင်တယ် ဆိုတဲ့ ရာနှုန်း လဲ နဲနဲ ပါနိုင်တယ် ဆိုတဲ့ လောဂျစ် လေး ထည့် ထားရင်
    ကိုယ့် စိတ်အင်အားကို ရတဲ့ နည်း နဲ့ လုံခြုံမှု ယူနေသူ တွေ ကို နားလည်ပေးနိုင်ပါလိမ့်မယ်။

    ကိုယ်ယုံကြည်တာ၊ ကိုးကွယ်တာတွေ ဟာ အများသူငါ ကို မထိခိုက် သမျှ ပြသနာ မဟုတ်ပါဘူး။
    ရပ်ကွက် ထဲ မှာ ကိုယ့် အိမ်က အကြီးအကျယ် နတ်ကနားပေး ကတာ က ဆူညံလွန်းရင် သူများ တွေ မှာ ထိခိုက်ပါတယ်။
    မလုပ်ရပါဘူး။
    ဒါပေမဲ့ အိမ်ထဲ နတ်ပွဲ ကို ကိုယ့်ဟာကို ယုံကြည်လို့ ကန်တော့ နေသူ ကိုတော့ အပြစ်တင်လို့ မရပါဘူး။
    ဒါပေမဲ့ ဒါဟာ အယူမှားမို့ စေတနာ နဲ့ အမှန်ရောက်အောင်ပြင်ပေးချင်ရင်တော့ သူတို့ ကို ကိုယ်က စပြီး မေတ္တာပြ ပြီးမှ တရားပြ လို့ ရမှာပါ။

    ဒီ ဘဝ မှာ ဗုဒ္ဓရဲ့ တရားစစ် သံသရာပြတ်ကြောင်း ရှာဖို့ ဘဲ ရှေ့တန်းထားနိုင်ရင် ဒီလို ကိုယ့် ကို တစ်စုံတရာက စောင့်ရှောက်တယ် ဆိုတာတွေ၊ ဘာတွေ ကို ဂရုစိုက်စရာမလို။
    ဒါပေသည့် လောကီနွယ်ပြီးလုပ်တဲ့ အရာတွေ မှာ ချမ်းသာချင်၊ တော်ချင်၊ လှချင် စတာတွေ ပါလာတာမို့ အဲဒီက ဖြစ်တဲ့ လောဘ၊ မောဟ တွေ က နေ အဲဒီလိုတွေ ရဖို့ ကိုယ့် ကို တစ်စုံတရာက စောင့်ရှောက်တယ် ဆိုတာတွေ ခံ ချင်၊ လိုချင် လာတာပါ။
    သဘောကတော့ လမ်းမှား မှာ အယူမှား ဝင်တာ မဆန်းပါဘူး။
    ဒါကြောင့် တကဲ့ကို သံသရာပြတ်ချင် သူတွေ က ရှိသမျှ အစွဲ အားလုံး ကို ဖြုတ်ဖို့ ကြိုးစားတာ။

    သများ တွေ ကိုသာ ပြောတာ။
    အရီးလဲ အခုထိ ချမ်းသာချင်၊ တော်ချင်၊ လှချင် နဲ့ ဒီဘဝ မှာတော့ သံသရာ လွတ်ကြောင်း လမ်းပေါ် ရောက်မယ် မထင်။
    အဲဒီ လောဘ တွေ ပြည့်မလား ဆိုပြီး ဟိုရွတ် လိုက် ဒီ ဖတ်လိုက် နဲ့။
    ဒီတော့ ဒီလို နတ်ကန်တော့ တဲ့ သူတွေ ကို အပြစ်မဆို ချင်/သင့် ပါဘူး။
    မဟုတ်လား။

    ကိုယ်ကိုယ်တိုင် ကိုက မစင်တွင်း ထဲ က လောက်တစ်တစ်ကောင် ဖြစ်နေဆဲ မို့ ပါဘဲ။

    ထပ်ကွန့်ချင်ဝင်ချင်ပေမဲ့ အချိန်က ဓားမိုး ထားလို့။ 😆

  • အလင်း ဆက်

    July 2, 2013 at 6:28 pm

    အမေ့ မှာ ကြီးပြင်းလာရတဲ့ ပါတ်ဝန်းကျင် က အကြောင်းကြောင့် ဒီလို စိတ်မျိုး ရခဲ့တာ နေမှာပါ။

    အဟီး…
    အမေက.. မအူပင်သူဗျ ။

    ===========
    အရီးရေ…
    အရီးပြောတာလည်း.သဘာဝကျကျ ချက်ကျလက်ကျ မို ့.. တစ်သဘောထဲပါပဲ နော် ။

    ———————–
    ဖတ်ရှု ဆွေးနွေးမှု အတွက် ကျေးဇုူးတင်ပါတယ်လို ့….

    ခင်မင်လေးစားစွာ…

    • အလင်း ဆက်

      July 5, 2013 at 7:40 am

      မမနန်း ရေ
      မှန်းချက် လွဲ သွားတယ်ပေါ့လေ

      အန်းဒိတ် အကြောင်းအရာ ပါ ။
      😆

      အရောက် လာ ပြီး ဖတ် ရှုု ခံစားပေးသောမမနန်း
      ကျေးဇူးပါ
      🙂

  • ဦး ကျောက်ခဲ

    July 4, 2013 at 9:28 pm

    ဟီး ဟီး ၃ရမင်းနတ်ထဲမှာ အရက်မသောက်တာဆိုလို့ ကိုရှင်ပဲရှိတယ်…
    ကျောက်စ်လည်းအောက်ပြည်အောက်ရွာသား အဖေကလည်း သင်္ဘောသားဖြစ်ပြန်တော့…
    ဝါဝင် ဝါထွက် ဦးရှင်ကြီးတင်ရင် ကျောက်စ်ပဲ ပင့်ရတာပေါ့ဗျာ… ဘယ်တတ်နိုင်ပါ့…
    အိမ်ရှေ့မှာ လေးတိုင်စင်နဲ့ နတ်ပင့်ရတာဆိုတော့
    ကျောက်စ်လည်း ရှက်ရှက်နဲ့ ခပ်တိုးတိုး နတ်ပင့်လိုက်တယ်…
    “Come here U Shin Gyi” ပေါ့… ဟိ

    • အလင်း ဆက်

      July 5, 2013 at 7:38 am

      ဦးကျောက်စ်
      ပြောပုံအရ ဆိုရင်
      အဲဒီ ဘို ရှင်က
      ဘိုလိုလည်း နားလည် တယ်ပေါ့နော်

      ဆိုးပါဘူးးးး
      😆

  • ခင် ခ

    July 5, 2013 at 12:11 pm

    ကိုးကွယ်မှု နဲ့ အမျှဝေပေးမှု ကို ကွဲကွဲပြားပြား သိကြဖို့လိုပါလိမ့်မယ်။
    ဗုဒ္ဓဘာသာမှာ ဘုရား တရား သံဃ သာလျှင်ကိုးကွယ်ရာဖြစ်ပြီး၊ ကျန်တာတွေကတော့ မယုံကြည်ရင်နေပါ မစော်ကားသင့်ပါဘူး၊ ၃၁ ဘုံထဲကလောကသားတွေ လူသားတွေအပါ ဘယ်သူဘဲဖြစ် အမျှဝေကာ ချစ်ခင် လိုက်ပါ။
    နတ်စိမ်း ဘီလူး ပြိတ္တာ တွေက ဖမ်းစားနိုင်စွမ်းမရှိဘူး ဘာမှမလုပ်နိုင်ဘူး လို့ပြောတဲ့ ဗုဒ္ဓဘာသာဝင်တွေကို တစ်ခုလောက်ပြောပါရစေ သင်္ကြန်နှစ်ဆန်းတရက်နေ့ ဘုန်းကြီးတွေပင့်ပြီး ကမ္မဝါရွတ်ကြတယ် အိမ်သစ် မြေသစ်တွေမှာ ကမ္မဝါရွတ်ကြတဲ့ အခါ ဘုန်တော်ကြီးတွေကမေးတယ်“ ဤအိမ် ဤဥပစာ ဤဝင်းခြံ ဤနေရာ တွေမှာ လူကိုမူးအောင် ဝေအောင် ရင်တုန်အောင် ဖျားနာအောင် ဖမ်းစားတတ်သော မကောင်းသောနတ်မိစ္ဆာ ဘီလူး ပြိတ္တာ စတဲ့မကောင်းဆိုးဝါးတွေ ရှိတာကိုနှစ်သက်သလား မရှိတာကိုနှစ်သက်လား´´ ကဲ အဲလိုမေးတယ်ဆိုကထဲက အဲဒီ နတ်စိမ်း ဘီလူး ပြိတ္တာတွေကလည်း သူ့အထိုက်အလျှောက်တော့ အစွမ်း ရှိလို့ပေါ့။
    နောက်တစ်ခုက သေလွန်တဲ့အခါ ဘဝကူးမကောင်းတဲ့သူတွေအတွက် အလှုအတန်းလုပ်ပြီး အမျှပေးဝေ ပေးရင် အဲဒီသေလွန်ပြီး အခြားဘုံဘဝမှာရှိနေသူက သာဓုခေါ်နိုင်လို့ရှိရင် သူတို့တွေလက်ရှိဘဝမှာ ပိုပြီး အဆင့်မြင့်လာမယ် ကျွတ်ထိုက်တဲ့သူဆိုရင် ကျွတ်လွတ်သွားကြပြီး ကောင်းတဲ့ဘုံဌာနကို ရောက်တတ်ကြတယ် ဒါကြောင့်ကုသိုလ်ကောင်းမှု့လုပ်ပြီးတိုင်း“အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ လို့ ဗုဒ္ဓဘာသာတွေ ပြုနေကြတယ်လေ၊ ဒါဆို အခုပြောတဲ့ ဦးရှင်ကြီးတို့ အိမ်းတွင်းနတ် တို့လည်း လူပေါင်းများ နှစ်ပေါင်းများစွာ ပူဇော်ကာအမျှပေးနေတဲ့သူတွေလည်း ဒုနဲ့ဒေး ရှိနေတော့ သူတို့လည်း သာဓုတွေ အကြိမ်ကြိမ်ခေါ်ခွင့်ရပြီး အဆင်တွေမြင့်နေပြီလား နတ်ကောင်းနတ်မြတ်ဘဝသို့ပြောင်းနေပြီလား သူတို့ သေလွန်ခဲ့တဲ့အနေအထားမှာ ဘဲနှစ်ဘယ်လောက်ကြာကြာရပ်တည်နေပြီလဲ ဘယ်သူအတပ်ပြောနိုင်မလဲ၊ အဲဒါဆို အကယ်လို့များ သူတို့ တွေက စောင့်ရှောင်နိုင်တဲ့ နတ်တွေဘဝရောက်ပြီး သူတို့ကိုပူဇော်ပသတဲ့သူတွေကို ပြန်စောင့်ရှောက်နေကြ တာရော မဖြစ်နိုင်ဘူးလို့ ဘယ်သူဆိုမလဲ။
    နတ်တွေ ဘာတွေ မရှိဘူးလို့တော့ ခံမငြင်းနဲ့နော် တစ်နိုင်ငံလုံးကို တီဗွီကနေလွင့်နေတဲ့ တောင်းတန်း သာသနာပြုဆရာတော်ကြီးရဲ ဂုဏ်တော်ကွန်ချာပရိတ်မရွတ်မှီ“တောစောင့်နတ် တောင်စောင့်နတ် မြို့စောင့်နတ် ရွာစောင့်နတ် နဂါး ဂဠန် ဂုက္မန် ရက္ခ ……… အစရှိသည်ဖြင့် ရွတ်ဆိုကာ တရားနာဖိတ်ကြား တာလည်း ဆရာတော်ဘုရားကြီးက မရှိဘဲနဲ့တော့ ရွတ်ဟန်မတူပါ။
    အဲဒိတော့ ကောင်းသောနတ် မကောင်းသောနတ် ဘီလူး ပြိတ္တာ စရှိသည့် ဘုံ သားတွေကတော့ ရှိတယ်ဆို တာကို ကျမ်းခံတွေမှာလေ့လာရင်တွေ့ကြမှာပါ။ သူတို့ကို ကိုးကွယ်ဖို့မဟုတ်ပါ ဒါပေမယ့် မိမိကုသိုလ်ကောင်း မှု့တွေကို အမျှပေးသင့်ပါတယ်၊ သူတို့ဟာ ၃၁ ဘုံထဲက သတ္တဝါတွေပါဘဲ ဗုဒ္ဓမြတ်စွာ ဘုရားက မိမိကောင်းမှု့ကို အမျှပေးတဲ့အခါမှာ ၃၁ ဘုံသားအားလုံးကို အမျှပေးစေဖို့ဘဲ ညွှန်းခဲ့ပါတယ် ဒါကြောင့် သူတို့ကို ဖယ်ကျဉ်းစရာ ရွံရှာစရာအဖြစ် လုပ်ဖို့မလိုပါဘူး မိမိ မယုံကြည် မကိုးကွယ်ရင်နေပါ အကြောင်းအမျိုးမျိုးအရ ယုံကြည်သူတွေ ကိုတော့ သူသဘော လို့ဘဲထားလိုက်ပါ။ ကိုးကွယ်ခြင်းမဟုတ် အမျှဝေခြင်း မေတ္တာပို့ခြင်း ပြုကြသူတွေ အတွက်တော့ သရဏဂုဏ် ပျက်ဖွယ်မရှိကြောင်း ဟိုတွေးဒီတွေးရေးတာပါ။

    • အလင်း ဆက်

      July 5, 2013 at 4:38 pm

      ဟုတ်ကဲ ့ လေး ခ ရေ
      ကျွန်တော်က ယုံကြည် ကိုးကွယ်ထိုက်သူတွေ ထဲမှာ
      ၃ရ မင်း နတ်စိမ်းဆိုတာတွေကို မထည့်ထားပေမဟ့်
      ယုံကြည်လို ့ကိုးကွယ်တဲ့မေမေ ကိုတောင်
      ပိတ်ပင်တားဆီးတာတွေ မလုပ်ပါ ။ တကယ် အရေးကြီးတာ လုပ်သင့်တာက
      ဘာလဲဆိုတာ တွေးမိစေဖို ့သာ ဝ်ိပဿနာ လမ်းစဉ်တွေကို သတိထားမိရုံ လုပ်ခဲ့ပါတယ်။
      မေမေ လည်း သူ ့ယုံကြည်မှုနဲ့ သူ ကိုးကွယ် ချင်တာကို ကိုးကွယ်ခွင့်ရှိပါတယ်။
      ကျွန်တော်က တော့ ကိုယ် ကိုးကွယ့်မယ့်ပုဂိ္ဂုလ် ဟာ ကိုးကွယ် ထိုက်လောက်တဲ့
      သီလ သမာဓိ ပညာ ရှ ိမရှိ ကို သေချာ ကြည့်မိတာပါ ။
      ဘုရာဟော ကျမ်းဂန်လာ နတ်တွေ နဲ့ အမျှဝေခြင်း ကိစ္စကို ဘာမှ အထူးအထွေ ပြောစရာ မရှိ ။
      ဒါပေမယ့်
      ဘုရားရှင် ရှိစဉ်အခါက ဘုရားမျက်နှာတော်ကိုပဲ တချိန်လုံးထိုင်ကြည့်နေတဲ့
      မထေရ်ကြီး ကို ဘုရားက
      ငါဘုရားရဲ့မျက်နှာ တော် အပုပ်ကောင် ရုပ်ကြီးကို ကြည့်နေရုံနဲ့
      အကြောင်းမထူးး
      ငါဘုရား ပြထားတဲ့ လမ်းစဉ်အတိုင်းကျင့်ကြံ အားထုတ်မှသာ အကျိုးရှိမယ်
      လို ့ ဟောပြောဆုံးမ စကားကို ဖတ် မှတ်ခဲ့ မိချိန်ကစပြီးးး
      ရုပ်တု ကိုးကွယ်မှုကို သိပ်အရေးမကြီးဘူး
      လက်တွေ ့ကျင့်စဉ် ကသာ အရေး ပိုကြီးတာ လို ့ယူဆ မိပါတယ်။

      ကိုယ်က နတ်ရုပ်တုကို မကိုးကွယ်ပေမယ့် ကိုးကွယ်သူတွေရဲ ့ အခွင့်အရေးကိုလည်း
      စော်ကားလိုစိတ်မရှိ ။

      ကျန်တာတော့ အပေါ်မှာ မကြီးပု အဲ
      ဘကြီးပု ကို ပြောခဲ့သလိုပါပဲ ။
      😆

  • မောင် ပေ

    July 5, 2013 at 6:26 pm

    “““မင်း … ဘာလုပ်လိုက်စမ်း ၊ ညာလုပ်လိုက်စမ်း
    မင်း ဟိုကို သွားလိုက်စမ်း ၊ ဒီကို ဘယ်ချိန်ပြန်လာခဲ့စမ်း
    ငါ က ဒါမို ့၊ မင်းလဲ ဒါ ရမယ်
    ငါ ပြောတာနဲ ့လွဲလို ့ကတော့ ၊ နားရင်း ၂ချက် အအုပ်ခံရမယ်သာမှတ် ”””

    အဲဒီလို အမိန် ့မျိုး ပေးတာကို လိုက်နာမယ့် လူဆိုတာ ၊ ကိုယ့်ဘက်က အစစအရာရာလိုလေသေးမရှိအောင် စပွန်ဆာ မပြတ်ပေးထားတဲ့ လူမျိုးပဲ ရှိမယ် ။ ဒါတောင် ၊ ကိုယ့် စကား ကိုယ့် အမိန် ့ကို အပေါ်ယံ ဟန်ဆောင် တာလောက် ပဲ လိုက်လုပ်မယ့် လူတွေချည်းပါပဲ ။

Leave a Reply