မကောင်းသူထိပ်ကောင်းသူထိပ် ( The Return )

ပြည်ပမှနေပြီးအော်တဲ့သူတွေကို ကျုပ်ကတော့ ဘာမှကိုအထင်မကြီးဘူး ဘယ်တော့မှလည်းအထင်မကြီးဘူး

သူတို့အပြင်တတ်တာ ဘုရားသခင်ကပါ ကယ်ပါပြောရမယ့်ပုံ

အချို့များ ပြောနေလိုက်တာ နိုင်ငံတော်ကြီးသူတို့ချပေးတဲ့လမ်းစဉ်အတိုင်းလုပ် ကျိကျိတက်ချမ်းသာမယ်ဆိုတဲ့ပုံစံနဲ့

ဟိုတာသွားသတိရတယ်

ငါ့ . . . ကုဋေတစ်ရာများရှိလို့ကတော့ ဝါရှာကွင်းစက်ရုံထောင်ပလိုက်ရ နိပ်ဟဆိုတဲ့ပုံစံမျိုးနဲ့

အဲ့သည်ကုဋေတစ်ရာဘယ်လိုရအောင်ရှာရမယ်မေးလိုက်တော့ ယောက္ခမ အိမ်ရောင်းလိုက်ရင်ရမလိုလို ဘုရားရွှေသွားခွါရင်ရမလိုလိုနဲ့

နောက်ဆုံး မသာအိမ်အလှူမှာအပီဝါးပြီးဖဲဝိုင်းဘေးထိုင်ကျိရတာဘဲအဖတ်တင် ဆိုသလိုမျိုး။

ပြောနေလိုက်ကြတာ ဟိုလိုလုပ်သင့်တာနဲ့ ဒီလိုလုပ်သင့်တာနဲ့  ထားပါတော့

လက်ရှိအာဏာယူထားတဲ့သတ္တဝါတွေက ဘာမှပေးမလုပ်ဘူးဗျာ ဘာတတ်နိုင်သတုံး

ဆန္ဒပြတော့လည်း ပြပြန်ပြီ မပြဘဲနေတော့လည်း ငြိမ်ခံနေရင်တော့ ဘာဖြစ်တယ်ညာဖြစ်တယ် ကိုယ်ကတော့ချောင်တဲ့နေရာမှာနေပြီးတော့

ဘယ်လောက်ထိတောင် သောက်ကျီးကျယ်လာကြသလဲဆိုရင်

သူတို့ရွာမှာ နွေရာသီဆို ချီးပါပြီးဖင်ဆေးဘို့ရေတောင်မရှိလို့  ဝါးခြမ်းပြားနဲ့ချီးကုန်းတဲ့သတ္တဝါတွေက

ပြည်ပလည်းရောက်သွားရော ချီးကိုဆောင့်ကြောင့်ထိုင်ပါရင်တောင် ကျမ္မာရေးဘဲထိခိုက်တော့မလိုလို

လူစဉ်မမှီဖြစ်သွားနိုင်သလိုလို ( ကိုယ့်ဖါသာ ချီးပါတာတောင်သောက်ပျင်းကြီးပုံကိုယ့်ကိုယ်ကိုယ်မသိ )

သူတို့ဆရာလုပ်ဘို့ ပြည်နိုင်ငံထဲကလူတွေက ဟိုခွေးမသားစစ်အာဏာရူးတွေကို အသေခံချပေးရမလို သူတို့ပြောတဲ့အတိုင်း

တစ်သွေမတိမ်းလုပ်ရေးရမလိုလို

ကိုယ်ပြောတာလည်း ကိုယ့်ဟာကိုယ်နားလည်အောင်တွေးကြဦး။

တစ်ကယ့်အကျပ်တည်းကိုကျသူများမြှောက်ပေးနေပြီး သူများသေတဲ့အခါ မသာထမ်းဖေါ်တောင်ရတာမဟုတ်ဘဲနဲ့

ကျုပ်ကတော့ ကျုပ်မှီသလောက်တွေးရရင် ယနေ့မြန်မာနိုင်ငံတော်ကြီးတစ်ကယ်တိုးတက်စေခြင်ရင်

လက်ရှိပြည်ပမှာနေတဲ့ နိုင်ငံရေးလိုလို ဘာသာရေးလိုလို vD;vdkvdkrdIvdkvdk သတ္တဝါတွေအနေနှင့်

ကဲ… တို့တစ်တွေအားလုံး မြန်မာပြည်ကိုတစ်ယောက်မကျန်ပြန်လာမယ် နိုင်ငံရေးဘာသာရေးအလုပ်တွေကို

တစ်စိုက်မတ်မတ်လုပ်မယ် အားသွန်ခွန်စိုက်လုပ်မယ် ဒို့တွေပြည်ပအတွေ့ကြုံတွေရှိတယ် မသိမတတ်တဲ့လူတွေကို ဦးဆောင်ပေးမယ်

ပြန်လာခဲ့

တွေးကြည့် ….. နဲတဲ့လူတွေမဟုတ်ဘူး တတ်သိပညာရှင်တွေအများကြီး ကျုပ်ယုံကြည်တယ် ခင်ဗျားတို့ပြန်လာပြီးဦးဆောင်လုပ်ကြ

ခုဟာက အဲ့လိုမဟုတ်ဘူး

ကိုယ့်ကြ ချီးပါတာတောင် ကျမ္မာရေးနဲ့မညီညွတ်မှာစိတ်ပူနေတယ် သူများကြတော့ ပြောနေလိုက်တာ တစ်ပြားမှမတန်ဘူး

သူတို့လောက်ဘယ်သူမှ နားမလည်သလိုလို သူတို့မပြောပြရင် လူတွေက မျက်စေ့တွေနားတွေကန်းနေသလိုလို

သူများကဘဲ နွားချေရာခွက်ထဲမှာနေပြီး သူတို့က သမုဒ္ဒရာထဲနေသလိုလို

ပြန်လာရင် ပျာပုံရယ် စားခွက်ရယ် ထမင်းရည်ရယ်က အဆင်သင့် လိုခြင်နေသေး Fuck ယူးးးးးး

………………………………………………

…………………………………………………………

နောက်တစ်ခုက ခင်ဗျားတို့ ဘယ်တော့မှ မြန်မာနိုင်ငံကိုပြန်မလာတော့ပါဘူးလို့ ကတိတွေပေးကြည့်

ဘယ်တော့မှပြန်မလာနဲ့ တစ်သက်လုံးပြန်မလာနဲ့ ဧည့်သည်သဘောမျိုးပြန်လာခဲ့ရင်တောင် အခွန်ဆောင် အထူးသဖြင့်

လက်ရှိနိုင်ငံရေးနဲ့ ဘာမှမပတ်သက်နဲ့ ပြည်ထောင်စုထဲကလူတွေ သေသေကြေကြေ ခင်ဗျားတို့ကျွေးတဲ့ထမင်းစားနေတာ

တစ်ကောင်မှမရှိဘူး

ကိုယ့် ဖါသာစေတနာရှိလို့ လှူနေတန်းနေတာကိုတောင် လူပါးဝလို့  ငါလိုးမသားတွေ

ကိုယ့်ချွေး ကိုယ့်သွေးနဲ့ရှာပြီးရတဲ့ပိုက်ဆံ ကိုယ်စေတနာရှိသူကိုေ့ကျွးတာဘာဖြစ်လဲ

အဝေးမှာ သူများဆီကတောင်းစားပြီး ကောင်းကောင်းမနေဘူး လှမ်းဟောင်နေကြတော့

ပျင်းတောင်ပျင်းသေးတယ်ဟေ့ ပျင်းတောင်ပျင်းသေးတယ်

သူတို့အိပ်ထဲကနေတောင်းပြီး လှူရမယ်ဆို အသတ်တောင်ခံရဦးမယ်

ဆိုတော့ကာ တိုင်းပြည်ကြီးတစ်ကယ်ကောင်းစေခြင်ရင်

ခင်ဗျားတို့ပြန်လာကြ လာပြီးဆရာလုပ်ကြ ဦးဆာင်ကြ  ထမင်းရည်တွေ ပျာပုံတွေကတော့ ခင်ဗျားတို့ကြိုးစားမှု့ပေါ်မူတည်မှာဘဲ။

ဒါမှမဟုတ် .. ခင်ဗျားတို့ ဘယ်တော့မှ ပြန်မလာနဲ့

…………….

ဒါနဲ့စကားမစပ် မျိုးစောင့်ဥပဒေဆိုတဲ့ကိစ္စမှာ ခင်ဗျားတို့ တတ်သိပညာရှင်တွေအနေနှင့် အဖွဲ့သည်းတွေဖွဲ ပြီး

ဆရာတော်ကြီးတွေဆီကိုချဉ်းကပ်

အရှင်သူမြတ်တို့ဘုရား လူတို့သဘာဝထဲ apmufzkwf ဥပဒေဆိုတာ ဒီလိုရှိပါတယ် ဘယ်ကဲ့သို့ ဘယ်ချမ်းသာ

ဆွေးနွေးညှိနှိုင်းကြည့်ကြဘို့ တစ်ခါမှ မတွေးကြည့်မိကြပေဘူးလား

သူ့ကို မသိနားမလည်သူလို့ ကိုယ်ကပြောပြီး ကိုယ်ကနားလည်သူဆိုရင် မသိနားမလည်သူကို နားလည်းအောင် နည်းလမ်းတွေရှာဖွေ

လုပ်ဆောင်ရတယ်လေ အဲ့လိုဟုတ်ဘူးလား

ခုတော့ခင်ဗျားတို့ဟာတွေက ဘုန်းတော်ကြီးတွေကို သိမ်းကြုံးပြီးပြောနေလိုက်တာ အဲ့သည်ဘုန်းကြီးတွေက ခင်ဗျားတို့

ကျွေးတာဘဲစားနေသလိုလို

ဘာဖြစ်လဲ

သူ့ဟာသူ တောင်းဘဲစားစား လိမ်ဘဲစားစား ခင်ဗျားတို့ကို သူတို့က ဘာလုပ်နေလို့လည်း

သူ့ကိုစေတနာရှိတဲ့သူကျွေးမှာဘဲ

သူများကိုအစွန်းရောက်တယ်ပြောနေ ခင်ဗျားတို့ကိုယ်တိုင်ရော ပြုတ်ကျခါနည်းနေပီဆိုတာရောမထင်မိကြဘူးလား???

……………………..

ဘာရယ်ဟုတ်ပါဘူး မကောင်းသူထိပ်ကောင်းသူထိပ်

 

 

 

 

 

 

26 comments

  • အရီးခင်လတ်

    June 30, 2013 at 8:46 pm

    ဒီ ဘပု တော့ ပြသနာရှာနေပါရော့လား။
    ပြည်တွင်းမှာ ဘဲ နေပြီး တိုင်းပြည်ကောင်းကျိုး လုပ် ဖို့ စောင့်နေသူတွေ အများကြီးဘဲ။
    အစိုးရ အဖွဲ့ တစ်ရာ မက ဖွဲ့ပြပေးမယ်။ ( ပါတီဝင် တွေ ဟုတ်ချင်မှဟုတ်မယ်၊ ဒါပေမဲ့ လူတော် တွေ သံကြေးကိုက်နေတာ အများကြီးဘဲ)
    ဒီလူ တွေ ကိုချ မသုံးဘဲ မသိချင်ယောင်ဆောင် ချောင်ထိုးထားတာ မသိလေရော့သလား။
    သိသိကြီး နဲ့ ပြောနေတာလား။
    ဒီလူတွေတောင် လုပ်ခွင့်မရတာ အပြင်က လူတွေ ကို ဘေးမဲ့ ထားလိုက်ပါဦး။
    ပြည်တွင်းမှာ လုပ်ခွင့်ပေးလို့ ကတော့ ချောင်ကုတ်နေကြ တဲ့ ပြည်တွင်းထဲ ကဘဲ လူတော် တွေ အများကြီးထွက် လာ လိမ့်မယ်။
    မယုံရင် ဖယ်ပေးကြည့်ကြ။

    တစ်ခုတော့ ရှိတယ်။
    ကျုပ်က ဟောင် သာနေတာ။
    တတ်သိပညာရှင်လဲ မဟုတ်၊ နိုင်ငံရေးသမားလဲ မဟုတ်၊ ဘာသာရေးသမားလဲ မဟုတ်။
    အလကား အာချောင်ဖို့ ဘဲ တတ်တာ။
    ဒီတော့ ကျုပ် ကိုတော့ ဘေးမဲ့ ပေးနော် ဘပု။
    တစ်ခြား သူတွေ ကို တော့ သဘောရှိ။
    “မကောင်းသူထိပ်၊ ကောင်းသူထိပ်”
    😆

    • Mလုလင်

      July 1, 2013 at 4:40 pm

      စေတနာ မှန် . . . နေရာ မကျန် လဲ အရေးမကြီး . . . . ကြေး။

  • โทรศัพท์มือถือ

    June 30, 2013 at 10:53 pm

    ဘာတွေ ဘယ်လိုပြောမှန်းတော့ ကျုပ်လည်း သိပေဘူးးးး
    ဒါပေမယ့် ဖတ်ရှု့သွားပါတယ်……
    မရှင်းတာလေးတွေတော့ပါတယ်…
    ဟိုစပိန်စဂါးလိုလို ပြင်သစ် စဂါးလိုလိုနဲ့ အင်းဂလိပ်လိုရေးထားတာတွေတော့
    ဖတ်တတ်ဖူးးးး…………….

  • uncle gyi

    June 30, 2013 at 11:26 pm

    ဟုတ်ပကိုရင်ပု
    အပြောလျော့ပြီးအလုပ်နဲ့သက်သေပြဖို့
    အချိန်ရောက်ပြီ
    ဒါပေမဲ့သူတ်ို့ကပြန်လာမှာမဟုတ်
    စားရချောင်လို့နေကြတာကိုး
    ပြန်လာရင်သူတို့ကဆရာကြီးလုပ်ချင်တာ
    ကိုရင်ပုကဆရာကြီးတနေရာပေးမှာလား

  • kai

    July 1, 2013 at 6:39 am

    မိန်းစရင်းမီဒီယာကြီးတွေအပါအဝင်.. ကမ္ဘာတီဗီမီဒီယာတွေမှာ.. အကြောင်းအရာတော့ပစ်တခုကို.. ပရိုလို့ယူဆရတဲ့သူအများ ဝိုင်းစုထိုင်ပြီး.. အပြန်အလှန်ငြင်းခုန်ဆွေးနွေးတာမျိုးလုပ်တယ်…။
    အဖြေတခုထွက်ချင်ထွက်မယ်..ထွက်ချင်မှလည်းထွက်မယ်..။
    ဒါတွေကိုငြင်းခုန်းခြင်းအနုပညာမြောက်ဖို့.. ဆိုင်ရာမီဒီယာက.. တာဝန်ယူကြီးကြပ်ပေးတယ်..။ မြှောက်ပေးတယ်..။ နှိမ်ပေးတယ်..။ ချပေးတယ်.။ တင်ပေးတယ်..။

    ဒါကို.. ဒီလိုဆွေးနွေးကြတာတွေကို.. တိုင်းပြည်လက်တွေ့အုပ်ချုပ်နေသူ..မဏ္ဍိုင်ကြီးတွေဖြစ်တဲ့.. .. လွှတ်တော်၊ တရားရေး၊ အစိုးရအဖွဲ့ဝင်တွေသေသေချာချာ နားထောင်ကြရတယ်…. ကြည့်ကြရတယ်..။ ဆိုင်တဲ့အရေးအရာတွေဆို.. အစိုးရအဖွဲ့ထဲမှာကို.. အထပ်ထပ်.. ထပ်မံစိစစ်ပြီး.. ကျယ်ကျယ်ပြန့်ပြန့်ထပ်မံလေ့လာကြရတယ်..။

    လူထုပြည်သူအများထဲက..ဖတ်သူ..ကြည့်သူ..လေ့လာသူတွေမလည်း.. အင်မတန်ကိုအကျိုးများပါတယ်…။

    အဲဒီလိုဆွေးနွေးတဲ့သူတွေထဲ.. နို်င်ငံတကာရောက်နေသူတွေ.. ပါမောက္ခတွေ.. လမ်းဘေးကသူတွေ.. ဘာသာ/လူမျိုး အသားအရောင်မတူသူတွေ.. ကလေး.. လူငယ်..လူကြီး..အဘိုးအဖွားအို.. စသဖြင့်.. ပါခင်တဲ့သူ..ပါချင်သလိုပါမှာပါ…။ ပါခွင့်လည်းရှိရပါတယ်..။
    အဲဒီလိုဆွေးနွေးသူတွေကို.. ဆွေးနွေးနေတာတွေကို.. အာချည်းရိုက်နေတာ.. ကိုယ်တိုင်အုပ်ချုပ်မင်းလုပ်..လက်တွေ့လုပ်ပါလို့.. မည်သူမှ(မည်သူမှ) ပြောခွင့်မရှိ… ။ မင်းမပါရ..ငါမပါပါ..သူပါရမယ်.. ဟိုအကောင်မတက်ရ.. စသဖြင့်.. ဘယ်သူမှ(ဘယ်သူမှ) …ပြောခွင့်မရှိ…။

    ဒါကို.. လူုသားဆန်စွာကျင့်ကြတဲ့… ဒီမိုကရေစီလို့ခေါ်မယ်…။ :mrgreen:

    • ခင် ခ

      July 1, 2013 at 9:35 am

      မှန်ပါပေတယ် သဂျီမင်းရယ်။
      ဝေဖန်ပြောဆိုခြင်းသည် လူသားတိုင်း၏ အခွင့်အရေး တစ်ရပ်ပင်ဖြစ်ပေသည်။

  • ဦးကြောင်ကြီး

    July 1, 2013 at 9:53 am

    ငါးခုံးမတဂေါင်ကြောင့် တလှေလုံးပုပ်.. အယာတိုလာ မာမွတ်ခိုင်မ်ကြောင့် ရွာပညာရှိတွေ အမူးသမား အဆဲခံရတယ်… တောက်စ်…

  • ရွှေတိုက်စိုး

    July 1, 2013 at 10:56 am

    တောက်စ်စ်စ်စ်စ် (cd-အာဂ) ဘပုပြောသလိုပဲကွ…………. ဟွင်းဟွင်း…
    vD;vdkvdkrdIvdkvdk
    apmufzkwf

    ဒါနဲ. ဒီစာလုံးတွေ ဖောင့် ပြောင်းဖို. မေ့ခဲ့တယ်နဲ.တူဒယ်နော်……………..အာဟိ

  • ဂွိဂွိ

    July 1, 2013 at 10:57 am

    ဟုတ်တယ်..
    ကိုသန်းရွှေပုံနဲ ့ အကိုကြီးပြောတာ ဟုတ်တယ် 😀

  • မင်းမင်း

    July 1, 2013 at 11:10 am

    ကျုပ်တော့ သူကြီးဟာကိုကြိုက်တယ်။

    ရေးထားတာကို ပြောပါတယ်။

    လေ ချိန်သည်။

    ကျွတ်ဖာသည်။

    မင်းမင်း လေထိုးကျွတ်ဖာသည်။ ဟီးးးး

  • KZ

    July 1, 2013 at 11:15 am

    တိန် (ထိပ်တည့်တည့်မှန်သွားသလားမသိ) :mrgreen:

    တခုတော့ ပြောပါရစေ။
    တခါတလေ ကိုယ်တိုင် မေ့မေ့သွားတတ်လို့ ကိုယ့်ကိုယ်ကိုပါ သတိပေးရင်းနဲ့ပါ။

    လုပ်နေတဲ့ လူကို အပြစ်ပြောဖို့ က အလွယ်ဆုံးပါပဲ။
    ဝေဖန်ဖို့ကလည်း လွယ်ပါရဲ့။ ဖြောင့်ဖြောင့်မှန်မှန် ဝေဖန်ဖို့သာခက်တာပေါ့။ လူဆိုတော့ စိတ်ထဲ ဘက်လိုက်မှုက ရှိစမြဲကိုးးးးး
    ခြေမမကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဝေဖန်တာ ထက် သိမ်းကြုံးပြောပလိုက်တာ ပို လွယ်သေးးးးး
    အဲ။
    ဆန်းစစ်ဖို့ရယ် အကြံပြုဖို့ရယ်သာခက်တာရယ်။

    ကိုယ်တိုင်ကတော့ သူများကို ပြောနိုင်တာပေါ့ရယ်။ “ဟိုလိုလုပ်ပါ့လားး၊ ဒီ လို လုပ်ပါ့လားးး”
    သူ့နေရာ ကိုယ်တိုင်ရောက်မှ “ငါ လည်း မလုပ်တတ်ဘူးးး” ဆိုတာမျိုးကိုးးးးး
    ဘယ်သူ့ကိုမှ မပြောဘူးးးးနော်။ :mrgreen:
    ကိုယ့်ကိုယ်ကို ပြောတာရယ်။ :mrgreen:

  • မင်းမင်း

    July 1, 2013 at 11:16 am

    ဘပုရေ ဆိုင်တော့မဆိုင်ဘူးနော့် ဆော်ရီးနော့်။

    ဖတ်ခွင့်မရှိတဲ့ ပိုစ့် နှစ်ပုဒ်တော့ ဖတ်ချင်သား။

    ဘာတွေရေးထားသလဲပေါ့။

    ဟီးးးးးးးးးး

  • ဆူး

    July 1, 2013 at 11:29 am

    (((ကိုယ့် ဖါသာစေတနာရှိလို့ လှူနေတန်းနေတာကိုတောင် လူပါးဝလို့ ငါလိုးမသားတွေ

    ကိုယ့်ချွေး ကိုယ့်သွေးနဲ့ရှာပြီးရတဲ့ပိုက်ဆံ ကိုယ်စေတနာရှိသူကိုေ့ကျွးတာဘာဖြစ်လဲ

    အဝေးမှာ သူများဆီကတောင်းစားပြီး ကောင်းကောင်းမနေဘူး လှမ်းဟောင်နေကြတော့

    ပျင်းတောင်ပျင်းသေးတယ်ဟေ့ ပျင်းတောင်ပျင်းသေးတယ်)))

    အဲ့ဒီစကား ကို သဘောအကျဆုံးပဲ

    • ကို ငြိမ်းမောင်

      July 1, 2013 at 12:00 pm

      ဪ မောင်ဘပု နဲ့ နောက်လိုက်တစ်သိုက် ရဲ့ ရင်တွင်းဖြစ် အသံတွေပါလားနော်။

      • ဆူး

        July 1, 2013 at 12:54 pm

        သဂျီး နဲ့တကွ အောက်ဆွဲတွေလည်း ကျေနပ်ချင်မှ ကျေနပ်ကြမှာပါ။

        ဒီနိုင်ငံမြေမှာနေ ဒီနိုင်ငံက လေ ကို ရှုနေတာ ဒီနိုင်ငံက ရေသောက်နေတာ.. ဒီနိုင်ငံက သင်ပေးတဲ့ ပညာနဲ့ ဒီအရွယ်ရောက်လာတာပါ။ ခင်ဗျားတို့လောက် ပညာတတ်ချင်မှ တတ်မယ်.. ပါရဂူလည်း မဟုတ်ဘူး ဘွဲလွန်လည်း မဟုတ်ဘူး။ သာမာန် ရိုးရိုး ဘွဲ့ရတယောက်ပဲ။

        ဒီမြေမှာ နေတဲ့ သူမို့.. ဒီမြေ မှာ အဓိကရုန်းဖြစ်လည်း ဒီမြေက လူတွေပဲ ရင်စည်းခံကြရတယ်။ လေထုမှာ မီးခိုးတွေ အပြည့် ဖြစ်နေလည်း ဒီလေကိုပဲ ရှုရမှာ.. ရေတွေ မသန့်လို့ သေမယ် ဆိုလည်း ဒီက လူတွေပဲ အရင်ဆုံး သေရမှာ.. အစားအစာတွေ ဆီမသန့်လို့ အရွက်တွေ ပိုးသတ်ဆေးပါနေလို့ အသားတွေ ရောဂါ ဖြစ်နေလို့ စားပြီး သေမယ် ဆိုလည်း ဒီနိုင်ငံ လူတွေပဲ သေကြရမှာ.. ပြေးစရာ မြေလည်း မရှိဘူး ပြေးလည်း မပြေးဘူး။

        အဝေးကနေပြီး လက်သီးလက်မောင်းတန်း ပုဆိုးကတောင်းကျိုက် အော်နေလည်း မီးစ ကျတဲ့နေရာက လူပဲ မီးလောင်မှာ.. မီးစ နဲ့ ဝေးတဲ့ လူက အဝေးက ယပ်ခပ် ပေးယုံပဲ ရှိပါတယ်။

        ထပ်တူထပ်မျှ ခံစားရပါကြောင်း စာနာမိပါကြောင်း ဆိုတာ.. စာထဲမှာပဲ ရှိတယ်.. ထပ်တူ ခံစားဖို့ ဆိုတာ ထပ်တူ ခံစားကြည့်မှ သိပါလိမ့်မယ်။

        ((ကိုလှရွှေ ဆိုတဲ့ လူက သူသိ သူတတ် သိပ်လုပ်လွန်းလို့ ရွာထဲက ကလေး တယောက် ချော်လဲ ရင်လည်း ငါ မပြောဘူးလား.. ဘယ်အိမ်က ဘာဖြစ်တယ် ဆိုလည်း ငါ မပြောဘူးလား ဆိုပြီး အမြဲပြောပြောနေတယ်.. တနေ့တော့ ရွာသားတွေက အမြင်ကတ်ကတ် နဲ့ ကိုလှရွှေ ရွာတောင်ပိုင်းက မယ်မြ နွားပြာကြီး အောက်သွားမပါတဲ့ကောင်ကြီး မိုးပေါ်ပျံသွားလို့ လာပြောတယ်.. ထုံစံ အတိုင်း ငါမပြောဘူးလား.. ဒီကောင်ကြီးက အောက်သွားမရှိလို့ အောက်မလုံလို့ တနေ့နေ့ ခုံခုံပြီး သူ့အောက် ကို ကြည့်နေတာ ပျံမှာပေါ့ကွာ ဆိုပြီး ပြန်ပြောလို့ တရွာလုံး ဝိုင်းရယ်ကြသတဲ့.. ရွာသားတွေ ဝိုင်းရယ်တော့.. ငါထင်ပါတယ်.. ဒီကောင်တွေ ဒီလို လုပ်လိမ့်ဆိုတာ ငါ မပြောဘူးလား ဆိုပြီး အိမ်ထဲမှာ ဆန်ပြာနေတဲ့ မိန်းမ ကို လှမ်းထောက်ခံချက် ယူပြီး ပြောတဲ့ အဖြစ်မျိုးတော့ သိရလေရဲ့))

        ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းချင်ပါဘူး.. အဝေးရောက်ပြီး အထိုင်ကျနေတဲ့သူတွေ အထိုင်မကျ တကျ ဖြစ်နေတဲ့ သူတွေ တော်တော် များများက ပြန်လာဖို့ မဖြစ်နိုင်ပါဘူး။

        မြန်မာနိုင်ငံထဲမှာ ပညာရေး ကျန်းမာရေး စီးပွားရေး အများကြီး လိုအပ်ချက်တွေ များစွာ ရှိနေပါသေးတယ်။

        တကယ်စေတနာ ရှိရင် ရှိတဲ့ ဥစ္စာ လာလှူလိုက်ကြ.. လိုနေတဲ့ နေရာ အများကြီး ရှိတယ်။
        ဝါသနာပါရင် လူကိုယ်တိုင် လာခဲ့.. ပညာမဲ့တွေ အများကြီး ရှိတယ်.. တတ်တာတွေ လာသင်ပေးလိုက်.. မယ်မယ် ရရ မသင်ပေးတတ်ရင် မိဘမဲ့ကလေးတွေ အများကြီး ရှိတယ် နွမ်းပါးပြီး ကြည့်ရှု့သူ ကင်းမဲ့တဲ့ အဘိုးအဘွားတွေ ရှိတယ်.. သူတို့ကို ကာယအားနဲ့ ပြုစုစောင့်ရှောက်မှု လာလုပ်ပေးကြ.. အဆင်ပြေတယ်..
        အလုပ်တွေ လာ လုပ်ကြပါ။

        ဒီမိုကရေစီ ဒီမိုကရေစီ တွင်တွင် အော် နေကြပြီ.. ငါမိုကရေစီ ဖြစ်နေကြတာ.. ကိုယ်ကြိုက်တဲ့ နေရာ ကိုယ်ရှာတဲ့ ပိုက်ဆံ သုံးပိုင်ခွင့်ရှိတယ်..
        ချွေးနင်းစာ နဲ့ ရတဲ့ ပိုက်ဆံ ကာရာအိုကေ မှာ သုံးလည်း ပြောပိုင်ခွင့်မရှိသလို..
        ဘုန်းကြီးပဲ လှူလှူ.. လူ ကိုပဲ လှူလှူ ခွေး ကိုပဲ စိန်စီပေးပေး လှူချင်တဲ့ နေရာ ဘယ်နေရာ ဖြစ်ဖြစ် ပြောပိုင်ခွင့်မရှိဘူး။
        ဒါမျိုး အလှူ ငါတော့ သာဓု မခေါ်ဘူး ပြောချင်တာ ပြော ဂရုမစိုက်ဘူး.. တခွန်းပဲ ပြောမယ်.. ငါ လုပ်တဲ့ ကိစ္စ မင်းတို့ သာဓု ခေါ်ဖို့ မဟုတ်ဘူး လို့ ပြန်ပြောယုံပါပဲ။

        ကိုငြိမ်းမောင် ရေ.. တကြောင်းတည်း ပြောတာ စာအရှည်ကြီး ရေးပြီး ဆတ်ဆတ်ခါအောင် ရန်တွေ့သလို ဖြစ်နေပြီ.. အဲ့လိုတော့ မဆိုလိုပါဘူး.. ဒီတလော အမြင်မတူတာတွေ မြင်နေတာ မပြောပဲ အောင့်ထားတာတွေ နည်းနည်း ထွက်သွားလို့.. အတိုင်းအထက် အလွန်ဖြစ်သွားရင် စိတ်မဆိုးပါနဲ့လို့ တောင်းဆိုပါတယ်။

  • မောင် ပေ

    July 1, 2013 at 12:45 pm

    နိုင်ငံခြားရောက် ဗုဒ္ဓဘာသာဝင် ဦးတုတ်ကြီး ရဲ ့ဖြစ်ပုံက ဒီလိုဗျ
    ဒီလိုပါ
    သူ ့မှာ သမီး သုံးယောက်ရှိတယ်
    အကြီးဆုံး နဲ ့အလတ် က သိပ်မလှပါဘူး ။ အငယ်ဆုံးလေးကတော့ ဖြူဖြူဖွေးဖွေး နဲ ့ချစ်စရာလေးမို ့ဦးတုတ်ကြီး အချစ်ဆုံးလေးပေါ့ဗျာ
    ပထမ သမီးနှစ်ယောက်တုန်းကတော့ ၊ သူရို ့ဟာ သူရို ့ဘာသာတူတဲ့ သူရို ့သဘောကျတဲ့သူနဲ ့အိမ်ထောင်ပြုသွားကြတာပေါ့ ။
    အဲ…
    ဦးတုတ်ကြီး လဲ .. အပြင်ရောက် ကိုယ့်နိုင်ငံသားများနဲ ့တွေ ့ရင် ဘာပြောလဲ
    ဘာမျိုးစောင့် ဥပဒေ ဘာညာ ပေါ့။ လုံးဝကန် ့ကွက်တယ်ပေါ့
    သူ ့သမီးတွေ မှာ အစွန်းအထင်းမှ မရှိတာကိုး
    ဟော…မကြာပါဘူး
    ဦးတုတ်ကြီး သမီးအငယ်ဆုံးလေး ၊ သူ ့အချစ်တုံးလေး ကို
    သူ နေတဲ့ ဆီက မူစလင်ကုလား က ကြံပါလေရော
    ကုလား က ပိုက်ဆံလဲ ရှိတယ် ၊ မယားကလဲ ၂ယောက် ရှိခဲ့ဖူးတယ်ဆိုလား
    အဲဒီ့ချိန်မှတော့ … အဖေ ကယ်ပါ ပထွေးကယ်ပါ ဖြစ်ပါလေရောလား

  • Shwe Ei

    July 1, 2013 at 12:54 pm

    ကိုယ်ယုံကြည်ရာ ကိုးကွယ်ရင်ပီးတာဘာဗြဲ…ကပုရယ်

    ငါနဲ့မတူ ငါ့ရန်သူလုပ်ပြီး ရန်လိုက်မတွေ့ရင်ပီးရောစ်… ေိေိ (c/d ဆွိ)

  • မင်းမင်း

    July 1, 2013 at 2:28 pm

    နိုင်ငံခြားကလူတွေကိုဒီလိုပြောတော့လဲ

    အားနာမိတယ်လို့ ပွင့်ပွင့်လင်းလင်းပဲပြောပါရစေ။

    ဒီလောက်ကြီးတော့ မပြောသင့်ဘူးထင်မိပါရဲ့။

    ဝိုးတိုးဝါးတာလောက် ပြောရင်တော်ရော်ပေါ့ နော့်။

    သူတို့လဲလျော့မယ်။ကျုပ်တို့လဲလျော့မယ်။

    အရောင် မပါတဲ့ ဆွေးနွေးမူ့တွေ ဆက်ဆွေးနွေးမယ်။

    ဒီလိုဆိုမကောင်းဘူးလား။ ပြည်တွင်းမြန်မာနဲ့ ပြည်ပ ဘားမန်း

    မကွဲကြပါနဲ့။

    သူများကွဲတာဝေဖန်ရင် ကျုပ်တို့အရင်ကွဲနေရင်လဲ ဟုတ်သေးဘူး

    ထင်တယ်နော့်။

    • ချစ်စ/ဆရာ

      July 1, 2013 at 3:03 pm

      ပူမနေပါနဲ့ ကိုမင်းမင်းsays: ရယ်
      အဲ့သည်ကြပ်မပြည့်တဲ့လူပြောယုံလောက်နဲ့
      ရွာထဲက ပညာရှိတွေ မတုန်လှုပ်ပါဘူး
      ပြောမှပါ
      ပျင်းတောင်ပျင်းသေးတယ် ဆိုပြီး

  • ဦး ကြိမ်

    July 1, 2013 at 10:02 pm

    အဲဒီလို ဒဲ့ တွေလွှတ် နေတာတောင်
    ဖေါရှောတွေကရှိ သေး
    ၃ခါဖေါရင် ရှောတတ်တယ်နော်……။
    နေမျိုးကျော်ခေါင်အာဋ္ဌာဝကအရှင် မိုက်ကယ်ဂျော်နီအောင်ပု

  • ဆာပု ရေးထားဒါဒွေဂို ဖတ်တွားဘာဒယ် …
    မိုက်ဒယ် … ကောင်းဒယ် .. လို့ပဲ ပေါဂျင်ဘာဒယ် …
    ကျန်တာ မပြောဒတ်ဒေါ့လို့မို့ ..
    ထိပ်ဆို ဟိုထပ်ပဲ သိဒယ်လို့ပဲ ပေါဂဲ့ဘာရစေ ဆာပု …
    မကျေနပ်လည်း ခွေးလွှတ်ဘေးဘာ …

  • kai

    July 3, 2013 at 3:30 pm

    သိထားသလောက်.. မြန်မာဇာတိနွယ် ၅သန်းကျော်က..မြန်မာပြည်ပြင်ပမှာနေထိုင်..အလုပ်လုပ်ကြရတယ်..
    အဲဒီ၅သန်းကျော်မှာ.. အနည်းဆုံး ၄သန်းလောက်က.. အလုပ်နဲ့..ဝင်ငွေနဲ့ချည်းပဲ..။

    တယောက်.. တလ.. ဒေါ်လာ ၁ရာ-..ဒါမှမဟုတ်.. အဲဒီငွေပမာဏရှိတဲ့.. ပစ္စည်း..အသုံးအဆောင်.. တန်ဖိုးတခုခု.. ဇာတိမြေကို ပြန်ပို့တယ်ထား…။
    တလကို.. မြန်မာပြည်အတွက်.. အချောင်(အချောင်)ရတာ.. ဒေါ်လာသန်း၄၀ဝ စာ…။
    အကြမ်းအားဖြင့်တနှစ် ဒေါ်လာ၅ဘီလီယံ အသာလေးပဲ..။
    ဘာလို့တိုင်းပြည်ကအချောင်ရတယ်ပြောရသလည်းဆိုတော့.. မြန်မာပြည်ဖက်က.. ဘာမှမှမလုပ်ပေးတာ..
    အင်ဖရာစရပ်ချာလည်းမပေးရ.. လေလည်းမပေး…မီးလည်းမပေး..
    လူတွေကိုယ့်ထမင်းကိုယ်စား.. ကိုယ့်ဘဝကိုယ်ရပ်တည်ပြီး.. အမိမြေကကျန်ရစ်သူတွေအတွက်.. လွှဲကြ..သုံးပေးကြတာ.။

    ဒီထက်ကြီးတဲ့အလှူတောင်.. ဒီလောက်မကြီးနိုင်ဘူး..
    တိုင်းပြည်တည်ဆောက်ရာမှာ.. တိုင်းပြည်လည်ပါတ်ရမှာ.. အင်မတန်တန်ဖိုးရှိတာတွေပေါ့…။

    Asia

    A majority of the remittances from the US have been directed to Asian countries like India (approx. 66 billion USD in 2011), China (approx. $57 billion USD), and the Philippines (approx. 23 billion USD) (see here 1 2). Most of the remittances happen by the conventional channel of agents, like Western Union, UAE Exchange and MoneyGram. However, with the increasing relevance and reach of the Internet, online and mobile phone money transfers from companies such as Remit2India and Xoom.com have grown significantly.

    နောက်တခု.. ထင်ထင်ရှားရှားထပ်ပြောရရင်.. အခုလိုမြန်မာပြည်ဖြစ်လာတဲ့အပြောင်းအလဲတွေ.. နိုင်ငံရေးအပြောင်းအလဲတွေ.. စီပွားရေးအပြောင်းအလဲတွေ…
    ပြည်ပက.. အင်အားစုတွေရဲ့.. ထောက်ပံ့တွန်းပို့မှု (အနည်းဆုံး) အနည်းဆုံး ၅ဝရာခိုင်နှုန်းပါတယ်..။

    ပြောသာပြောတာ…
    ဒီအပေါ်ကစာတွေရေးတဲ့.. ကိုရင်အောင်ပုလည်း.. ပြည်ပနေမြန်မာသားပဲ..

    ဒန်တန်တန်…..

    • ko pauk mandalay

      July 3, 2013 at 10:21 pm

      (လူတွေကိုယ့်ထမင်းကိုယ်စား.. ကိုယ့်ဘဝကိုယ်ရပ်တည်ပြီး.. အမိမြေကကျန်ရစ်သူတွေအတွက်.. လွှဲကြ..သုံးပေးကြတာ.။)

      ကိုုခိုင်ရေ
      အဲဒီပြန်လွှဲပေးတဲ့သူတော်တော်များများ ပြည် ပ ထွက်ခွာခွင့်ရအောင် အမိမြေကလူတွေက
      လယ်ရောင်းနွားရောင်း ခြံရောင်းပြီး လမ်းစာရိတ် သွားစရိတ် ပွဲစား စရိတ်လုပ်ပေးခဲ့ရတာပါ။
      အရင်အချိန်က ပြည်ပကိုထွက်ဘို့ဆိုတာ ဘယ်လောက်ခက်တယ်ဆိုတာ ရောက်နေတဲ့လူတွေသိပါတယ်။
      အဲလိုသွားတဲ့လူတွေ အားလုံးက ကိုယ်စားရိတ်နဲ့ကို်ယ်သွားကြတဲ့လူမဟုတ်ပါဘူး။
      အိမ်က စားရိတ်ထုတ်ပေးလိုက်ကြတဲ့လူတွေရှိပါတယ်။
      နောက်တစ်ချက်
      (နောက်တခု.. ထင်ထင်ရှားရှားထပ်ပြောရရင်.. အခုလိုမြန်မာပြည်ဖြစ်လာတဲ့အပြောင်းအလဲတွေ.. နိုင်ငံရေးအပြောင်းအလဲတွေ.. စီပွားရေးအပြောင်းအလဲတွေ…
      ပြည်ပက.. အင်အားစုတွေရဲ့.. ထောက်ပံ့တွန်းပို့မှု (အနည်းဆုံး) အနည်းဆုံး ၅ဝရာခိုင်နှုန်းပါတယ်..။)
      မှန်ပါတယ် တယ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်နေလို့သာလဲ ပြည်ပနိုင်ငံတွေက စိတ်ဝင်စားလာတာပါ။
      ဒါပေမယ့် အချို့သောပြည်ပရောက်နေသူတွေကလဲ မြန်မာပြည်ကို မျောက်ပြဆန်တောင်း လုပ်သွားသူတွေလဲ အများကြီးပါဘဲ။

      အဲတော့ ပြည်ပနေသူတွေအားလုံးမကောင်းနိုင်သလို ပြည်တွင်းမှာနေသူတွေအားလုံးလဲ လူညံ့မဟုတ်ပါဘူး။
      ဒါကယေဘုယျ သဘောတွေပါ။
      အခုတော့ တစ်ယောက်နဲ့တစ်ယောက် စကာလုံးလက်နက်ကြီးတွေနဲ့ ပစ်နေကြတာ တွေ
      တော်သင့်ပြီလို့ထင်ပါတယ်။
      ခပ်ရိုင်းရိုင်းပြောရရင်ပြည်တွင်းမှာဘဲ
      နေဘူး တဲ့ နေ နေတဲ့ ကျနော်တို့လို မြန်မာတွေမှာလဲ စောက်သုံးမကျဘူးပြောခံရတာများလွန်းတော့ ထုံနေပါပြီ။
      သင်္ကန်းဝတ်တွေရှိလို့ စစ်သားတွေများနေလို့ တိုင်းပြည်မတိုုးတက်ဘူးလို့လဲ တစ်ထစ်ချ ပြောလို့မရနိုင်ပါဘူး။
      ကမ္ဘာနိုင်ငံအသီးသီးမှာ သာသနာပြုသူတွေရှိသလို စစ်သားတွေလဲ ရှိတာပါဘဲ။
      ဒီတစ်နိုင်ငံထဲ ထူးပြီးရှိမလာပါဘူး။

      တကယ်မြန်မာပြည်ကိုချစ်ခဲ့ရင် အပြင်နေနေ အတွင်းနေနေ ဘယ်လိုကောင်းအောင် လုပ်ကြမလဲဆိုတာ
      ကိုသာဦးတည်သင့်ပြီလို့ထင်ပါတယ်။

      အပြစ်တွေဘဲပြောနေ ထောက်ပြနေလို့ ကောင်းမလာနိုင်သလို ချက်ခြင်းပြောင်းလဲလို့ မရနိုင်တာကိုလဲ
      စိတ်မစောသင့်ပါဘူး။.

      ကောင်းသောခေတ်ကိုရောက်အောင်ဝိုင်းဝန်းကြဘို့လိုတာကတော့ အထဲနေသူရော အပြင်ရောက်နေသူရော
      မြန်မာပြည်ကိုချစ်တယ်စေတနာထားတယ်ဆိုတဲ့လူမှန်သမျှမှာ တာဝန်ရှိပါကြောင်း။

      • ဂွိဂွိ

        July 4, 2013 at 11:36 pm

        ဟတ်တယ် အကိုပေါက်
        တစ်လက်စထဲ
        မလေးက ပြန်လာရတဲ့ မြန်မာတွေ လယ်တွေနွားတွေ စပါးပဲတွေ ရင်းပြီး သွားထားတာ
        အာခု
        အကြမ်းဖက်ခံရလို ့ ပြန်လာရတော့
        ရင်းထားတဲ့ အဲဒီအကြွေးတွေ ဘူဆပ်မလဲလို ့ပါမေးလိုက်
        🙂

  • ရွှေ ကြည်

    July 3, 2013 at 5:07 pm

    ဒါပဲ လူငယ်စိတ်ဆိုတာ :harr:
    ဘယ်လောက်ပဲ အတွေးအခေါ်ကောင်းကောင်း နောက်ဆုံး ကန့်လန့်စိတ်ကလေးနဲ့ ဘုဘောက်ပြောချင်စိတ်ကလေးကတော့ ရှိနေမှာပဲ 😆

Leave a Reply