How to select the mobile phone network operators for Myanmar?

nigimi77July 1, 20139min1664

လေ့လာလို ့ ရအောင် ကူးယူ ဖော်ပြလိုက်ပါတယ်

မူရင်း ရေးသားသူ  ကိုစန်းမော် ရဲ  ့  web page မှာလည်း  ဝင်ရောက်ဖတ်ရှု  ့နိုင်ပါတယ်

http://www.sannmaw.com/

================================

How to select the mobile phone network operators for Myanmar? Part -1 and 2 —- by Sann Maw

နုိုင်ငံခြား က ဖုုန်း အော်ပရေတာ ၂ ခုု ကိုု ဘယ်လုို ပုုံစံနဲ့ ရွေးခဲ့သလဲ ဆုိုတာ အကြမ်းဖြင်း ပြောကြည့်ရအောင်။

ခုု တလော အွန်လုိုင်း မှာ တွေ့နေတဲ့ ပြောကြားချက်တွေ အရ ဖုုန်း company ၂ခုု ကိုု ဘက်လုိုက်ရွေး မရွေး သိရအောင်

ဆက်သွယ်ရေး ဝက်ဘ် ဆုိုက် မှာ ဝင်ကြည့်လိုုက်တော့ ရွေး ခဲ့တဲ့ အဆင့်တွေကိုု English လုိုရေးပီး တင်ထားတာ တော့ တွေ့တယ်

မြန်မာလိုု မတွေ ့လိုု အကြမ်းဖြင်း ဘာသာပြန်ပီး တင်ပေးလုိုက်တယ်။ သိလုိုသူများ ဖတ်ကြည့်ကြပါကုုန်။

ပထမ…အစိုုးရက..ဖုုန်းoperator လုုပ်ငန်းအတွက် ၂၀၁၂ ကုုန်ခါနီး မှာ တင်ဒါခေါ်ဖုို့အတွက် စိတ်ဝင်စားသူ company တွေကိုုဖိတ် ခေါ်ပါတယ်။

လုုပ်ကိုု်င် ခွင့် ရတဲ့ company အနေနဲ့ ပထမအဆင့် ၁၅ နှစ် လုုပ်ခွင့်ရမယ် ။ ပထမ ၁၅နှစ် လုုပ်ခဲတာကိုု ကြိုက်တယ်..စည်းကမ်းချက်နဲ့ ညီညွှတ်တယ်ဆုိုရင်

၁၅နှစ် လုုပ် ပီးရင် အနည်း ဆုုံ း ၁ဝ နှစ် သက်တမ်း ထပ်တုိုးလုို့ရမယ်။ စုု့စုုပေါင်း ၂၅ နှစ်ပေါ့….အဲ့ဒါပီး သွားရင် နောက်ထပ် သက်တမ်း တုိုးတဲ့

ဟာတော့ ရေးထားတာမတွေ့ရဘူး..

အဲ့ဒီ ဖိတ်ခေါ်ချက် ကိုု စိတ်ဝင်စားတဲ့ နုိုင်ငံတကာ က..ဖုုန်း operator company ပေါင်း ၉ ၁ ခုု က ဆက်သွယ်လာတယ်…

အဲ့ဒီဆက်သွယ်ချက်တွေကိုု ဖေဖေါ်ဝါရီ ၈ ရက် ၂၀၁၃ နေ့အထိ လက် ခံခဲတယ်..အဲ့ဒါ ပီး တော့ ပထမ ဖိတ်ခေါ်တဲ့ အဆင့် ပီး သွားရော….

ဒုုတိယ အကြိုရွေးချယ်ပွဲ အကြောင်း ဆက်ရေးပါ့မယ်..

မှတ်ချက်၊ ၊ http://www.mcit.gov.mm/ မှာ တင်ထားတဲ့ အချက်အလက် တွေကိုု မှီငြမ်း ပီး ဆီလျော်အောင် ပြန်ဆုိုပါသည်…ပညာရပ်ဆုိုင် ရာ

အသေးစိတ်အချက်အလက်များကိုု အတိအကျ သိလိုုပါက..အထက်ပါ အင်တာနက် ဝက်ဆုိုက်တွင် ဝင်ရောက်ဖတ်ရှု့ လေ့လာကြပါကုုန်၊

ရေးသားသူ ဆန်းမော်..

PART – 2

ဒုုတိယအဆင့် အကြိုရွေးချယ်ပွဲ.. (how to select the mobile phone network operators for Myanmar? —- by Sann Maw)

ဒုုတိယအဆင့် အကြိုရွေးပွဲ ဆုိုတာကိုု ဘာလုို့ ထား ထား ရသလဲဆုိုတော့…. Mobile phone operator လုုပ်ငန်းဆုိုတာ.. လုုပ်ချင်တဲ့ သူတုိုင်း

ထ လုုပ်လိုု့ဖြစ်တဲ့ လုုပ်ငန်း မဟုုတ်ပါဘူး.. ဒီလုို လုုပ်ငန်း မျိုး လုုပ်ဖုို့အတွက်..

၁။ လုုပ်ငန်းစတင် တဲ့ အချိန်ကတည်း က စပီး ဖုုန်းခေါ်တဲ့ service စပေးနုို်င်တဲ့ အချိန်အထိ ဒေါ်လာသန်းပေါင်း များ စွာအကုုန်အကျခံပီး အရင်ကြိုတင်ပီး

ရင်းနှီးထားရမှာဖြစ်တဲ့အတွက် ပိုုက်ဆံပြန်မဝင်ခင်၊အမြတ်မပေါ်ခင် အချိန် တွေအတွက် အချိန် အတိုုင်းအတာတခုုအထိ ရင်းနှီး ထားဖိုု့ (capital ) အရင် အနှီး အတွက်

ပိုုက်ဆံလဲ ရှိရမယ်။ မှတ်မိကြဦး မလားမသိဘူး..အရင် မြန်မာ ဆက်သွယ်ရေး က.ဖုုန်းကဒ်တွေကိုု..၁၅ သိန်း .. ၅ သိန်း ၂ သိန်း ခွဲ ..၂ သိန်း နဲ့ ရောင်းခဲ့တယ်ဆုိုတာ

သူရင်း နှီး ထားတဲ့ အရင် းအနှီး အတွက်..ဖုုန်းခေါ်ခ တွေက နေ ပြန်ရမှာကိုု မစောင့်နုိုင် လိုု့ အရင် အနှီး မြန်မြန်ပေါ်အောင်..ဖုုန်း ဆင်း ကဒ်တွေကိုု ဈေးဈေး ကြီး ကြီး နဲ့

ပြန်ရောင်း စားတာပဲ..ဖြစ်သင့် တာကတော့ အဲ့လိုု ဈေး ကြီး ကြီး နဲ့ ပြန်ရောင်း စားထားတဲ့ အတွက် အရင်း အနှီး တချို့ ကြေသွားပီ ဖြစ်တဲ့

အတွက်..ဖုုန်းပြောခတွေကိုု လျော့ပေးတာမျိုုး လုုပ်သင့်တယ်။..သိုု့သော်လဲ အဲ့ဒီလုို ဈေး လျော့ပေးတာမျိုုးဟာ ခုုချိန်ထိဖြစ်လာတာတော့ မတွေ့ရသေးဘူး.. ရသလောက်

ဝိုုက်တယ်ဆုိုတာ မျုျိုုးလားတော့ မသိ….နောက်ကျရင်တော့ အပြိုင်အဆုိုင် တွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက်..ဒီလုိုပုုံစံမျိုူးနဲ့ ဆက်ပီး စခန်းသွားလုို့ မရတော့ဘူး

ဆုိုတာတော့အနှေးနဲ့ အမြန်..သိလာမယ်လုို့ယူဆရတာပဲ…ခုုချိန်ထိကတော့.ဖုုန်းခေါ်ခတွေ..ဆားဗစ်တွေ .ထူးထူးခြားခြား ကောင်းလာအောင် ပြု့ ပြင်တာတော့

မတွေ့ရသေးဘူး..ထားပါတော့ ရေးရင်းနဲ့ ဘေးရောက်သွားတယ်… နောက် နံပါတ် ၂ အချက်..က.

၂။ အဆင့်မြင့် နည်း ပညာ တွေကိုု သုုံးထားတာ ဖြစ်တဲ့ အတွက်.. နည်း ပညာပိုုင်းလဲ ဖြည့်ဆည်းပေးနုိုင်ရမယ်။ အသုုံးချနိုုင်ရမယ်။လုုပ်ငန်း လုုပ်ဖူးတဲ့ လုုပ်နေတဲ့

အတွေ့အကြုုံတွေလဲရှိရမယ်.. ခုု နောက်ပုိုင်း က..2G.3G …4G ဆိုုတာတွေ ပေါ်လာပီဖြစ်တဲ့အတွက်….နည်း ပညာမြင့်တာကိုု သုုံးနုိုင်လေ ပိုုကောင်းလေပေ့ါ..

ဒီနေရာမှာ မေး စရာရှိတာက..အဲ့ဒီ နည်း ပညာတွေက အစဉ်အတုိုင်း သွားစရာလုိုသလားဆုိုတာ..ပဲ..မြန်မာပြည်အနေနဲ့ ဆုိုရင် မလိုုဘူးလုို့ဖြေလုို့ရတယ်။

ဘာလုို့လဲဆုိုတော့..မြန်မာပြည်မှာ က… mobile phone network က အရမ်း သေးနေသေးတယ်ဆုိုတော့ ရှိပီးသား phone network ပေါ်မှာ ထပ် တည် တာ မဟုုတ်

ပဲ..အကုုန်လုုံးနီးပါးက..အသစ် အသစ်တွေ တည်ဆောက်ရမှာဖြစ်တဲ့အတွက် ခုုလောလောဆယ် ရှိပီးသားမြန်မာ ဆက်သွယ်ရေး က ဆာဗစ်ပေးလက်စ (2G အများစုု

..နောက် 3G service က နဲနဲ ) က နေ.. 2.5G…. 2.75G……. 3G တွေ မခံပဲနဲ့ လည်း 3.5G HSPA+ .. 4G LTE စတာတွေကိုု တခါတည်း အဆင့်မြင့်ပီး တန်းပေး

နုှိင်အောင် လုုပ်ပေးလုို့ရတယ်.. လွယ်လွယ်ပြောရရင်.. ရုုပ်မြင်သံကြား တီဗွီတွေ ပေါ်တုုန်းက..မြန်မာနုိုင်ငံက တခြားနုိုင်ငံတွေထက် နောက်ကြပီး လုုပ်ဖြစ်တော့..

(တခြားနုိုင်ငံတွေမှာက အစဉ်လုိုက်.. black and white TV system.. နောက် colour TV system အဲု့လုိုမျိုးအစဉ်လုိုက် သွားရပေမယ့် )..မြန်မာပြည်အတွက် black and

white TV system ကိုု မသုုံးတော့ပဲ..colour TV system ကိုု တန်းသုုံးလုို့ ရသလိုုမျိုူးပေ့ါ ။။ တကယ်လိုု့ system အဟောင်းက ရှိနေပီးသားဆုိုရင်..phone

company တော်တော် များများက..မလုိုအပ်သေးရင်..အရင်ရှိပီးသားအဟောင်းကိုု ပဲဆက်သုုံးချင်ကြတယ်..ဘာလုု့ိလဲဆုိုတော့အဟောင်းကနေ အသစ်ကိုု အဆင့်မြင့်

တယ်ဆုိုရင်..ရှိပီး သားအဟောင်းတွေထဲက ဆက်သုုံးလိုု့ မရတာအတော်များများ က..လွှင့်ပစ်လုိုက်ရတာဆုိုတော့ အသစ်ကိုု တုိုက်ရိုုက်လုုပ်ရတာထက် စာရင် စုုစုုပေါင်း

ကုုန်ကျစရိတ်က ပိုုများပါတယ်။ မြန်မာပြည်အတွက် ကတော့ အဲ့လိုုမျိုး အဟောင်းကနေ အသစ်သွားတာမျိုး လုုပ်စရာ မလိုုတော့ တဲ့အတွက် ..အဆင့်မြင့် နည်း ပညာကိုု

သုုံးပီး service ပေးဖိုု့အတွက် ဖုုန်း company တွေအနေနဲ့..ကုုန်ကျစရိတ် က မလိုုပဲ ၂ခါကုုန် မဖြစ်တော့ဘူးလုိုုု့ အကြမ်း ဖြင်းအားဖြင့် ပြောလုို့ရတာပေ့ါ.. နည်းပညာပိုုင်း

ဆုိုရာမှာ တော့ 4G သုုံးမယ် မသုုံးဘူးဆုိုတာတင် မကဘူး..တခြား ကြည့်စရာ အချက်အလက်တွေလဲ အများကြီး ရှိတာပေ့ါလေ။။ အဲ့ဒါကတော့ ဆက်သွယ်ရေးwebsite

မှာ အသေးစိတ်ရေးထားတာ မတွေ့ရဘူး။ တင် ဒါတင်မယ် ဆုိုတဲ့ company တွေ အနေနဲ့ ကတော့ သိနုိုင်ပေမယ့်..အတွက်..အပြင် လူတွေ အနေနဲ့ တိတိကျကျတော့

မသိရဘူး..

အဲ့ဒီေ တာ့ အထက်က တင်ပြခဲသလိုု နည်းပညာ တွေ အရင် းအနှီး တွေ အတွေ့အကြုုံတွေ ရှိမရှိဆိုုတာကိုု ဘယ်လုို စစ်ဆေးမလဲဆုိုတာ လုိုလာပါပီ။ ဒါကိုု

သိနုိုင်ဖုို့အတွက်..company တွေရဲ့ လုုပ်ငန်း လုုပ်ဖူး တဲ့ နောက်ကြောင်း ရာဇဝင်ကိုု စစ်ဆေးခြင်း အားဖြင့် သိနိုု်င်ပါတယ်။ အဲ့ဒါကတော့ အောင်က နံပါတ် ၃ အချက်ပါပဲ.

၃(က) ။ ဒါမျိုး mobile phone network operator လုုပ်ငန်း ကိုု အနည်း ဆုုံး လွန်ခဲ့တဲ့ ၄ နှစ် ကတည်း က အောင် အောင်မြင် မြင် လုုပ်နေတဲ့ company လဲဖြစ်ရပါ့မယ်။

အဲ့လုို အောင်အောင် မြင် မြင် လုုပ်နေတယ် ဆုိုရမှာ..အဲ့ဒီ company ဟာ.. သူ့မိခင်နုိုင်ငံမှာ..mobile phone network operator လုုပ်ငန်းရဲ့ အစုုရှယ်ယာ အနည်း ဆုုံး

၅၀.၁% ကိုု ပိုုင်ဆုိုင်ထားရမယ်.. နောက် mobile phone customers ပေါင်း ..အနည်းဆုုံး ၄ သန်း ကျော် ကိုု ဝန်ဆောင် မှုု့ ပေးနေတာ ဖြစ်ရမယ်။ revenues (ဝင်ငွေ)

အနေနဲ့ မနှစ်က တနှစ်ကိုု US$ သန်း ၄၀ဝ ကျော် ဝင်ငွေရှိရမယ်..

၃(ခ)။ ဒါတင် မကသေးပါဘူး… အဲ့ဒီ company ဟာ.. သူ့နုိုင်ငံတင် မက..တခြား နုိုင်ငံခြား တခုုခုုမှာလည်း.. ဒီလိုုမျိုး mobile phone network

operatorလုုပ်ငန်းကိုု အောင် အောင် မြင် မြင် လုုပ်နေတဲ့ company မျိုး ဖြစ်ရပါမယ်။ အောင်အောင် မြင်မြင်ဆုိုရာမှာ.အဲ့ဒီ company ဟာ..တခြား နုိုင်ငံကmobile

phone လုုပ်ငန်း မှာ ပါတဲ့ သူ့အစုုရှယ်ယာဟာ အနည်း ဆုုံး ၃၀% နဲ့ အထက် ဖြစ်ရပါမယ်။ အနည်း ဆုုံး mobile users ပေါင်း ၁သန်းနဲ့ အထက်ကုို ဝန်ဆောင်

မှုု့ပေးနေတာဖြစ်ရပါမယ်။။ ဒီ ၃(ခ) အချက်က ဘာလုို့ လိုုတာလဲဆုိုရင်..နုိုင် ငံတခုုနဲ့ တခုု ယဉ်ကျေးမှုု..ဝင်ငွေ..ဘာသာစကား..ပညာရေး..လူမှူ့ရေး..ဘာသာရေး

စတာတွေက မတူတဲ့အတွက်..company တခုုဟာ မိခင် နုိုင် ငံမှာ တင် မက ဘူး..တခြား လူမျိုးဘာသာ ယဉ်ကျေးမှူ့မတူတဲ့ နုိုင်ငံခြားတွေမှာ

ပါ..ဒီလုိုလုုပ်ငန်းကိုု အောင် အောင် မြင် မြင် လုုပ်နေသလား ဆုိုတာ သိဖိုု့ လုိုပါတယ်..ဒါကြောင့် ၃(က) အချက်သာ မက.. ၃(ခ) အချက် ကိုုလဲအောင်အောင်

မြင်မြင်လုုပ်နေတယ်ဆုိုတာ သိဖုို့ အရေးကြီးပါတယ်။

ဆုိုတော့ တုိုတုိုပြောရရင်..ဒီ အချက် တွေနဲ့ ကိုုက် တဲ့ company တွေကိုု တုိုက် စစ် လုိုက်တော့ company ပေါင်း ၂၂ ခုု က မြန်မာပြည်မှာ လုုပ်ငန်း လုုပ်မယ် ဆုိုရင် လုုပ်

လုို့ ရနုိုင် တယ် ဆုိုတာတွေ့ရှိရပါတယ်… အဲ့ဒီ အဆင့်ကိုု ၂၀၁၃ အေပရယ် ၁၁ ရက်နေ့မှာ အပီး သတ်နုိုင် ပီးတော့ အကြို အရည်အချင်း နဲ့ ကိုုက် ညီတဲ့ company ပေါင်း

၂၂ ခုု ရဲ့ စာရင်း ကိုု ထုုတ်ပြန်ခဲ့ပါတယ်။ ပြောချင်တာက.. စစချင်း company 91 က လုုပ်ငန်း လုုပ်ရန် စိတ်ဝင်စားတယ် ဆုိုသော်လည်း .. ၂၂ ခုု က ပဲ..နည်း

ပညာ…ငွေကြေးအရင်းအနှီး …အတွေ့အကြုံ စတာတွေ နဲ့ ကုိုက် ညီပီး..အဲ့ဒီ ၂၂ခုုသော company တွေကပဲ..mobile phone network operator အတွက် tender တင်

သွင်း ခွင့် ရှိတယ် လိုု့ ပြောလုို့ ရပါတယ်။..ဒီနေရာ မှာ ဘာလုို့ လုုပ်ချင် တဲ့သူတွေ အကုုန်လုုံး ကိုု ပေး မလုုပ်တာလဲ..လုုပ်ချင်တဲ့ သူတွေ အကုုန်လုုံး

ကိုု ပေးလုုပ်လုိုက်ရင်..အပြိုင်အဆိုင် များလာပီး ဈေးတွေလဲ..ပိုကျ မသွားနုိုင်ဘူးလား ဆုိုတာ မေးစရာပေါ်လာပါတယ်။။ အဲ့ဒါအတွက် အဖြေကိုုတော့ နောက် တပိုုင်းမှ

ဆက်ကြတာပေ့ါ ဗျာ။ ဟုုတ်လား..

မေးစရာ ရှိရင် comment ပေးထားခဲ့လိုုက်ပါ..နောက် အပိုုင်း တွေမှာ အစဉ်ပြေသလိုု ထည့် ဖြေပေးသွားပါ့မယ်။

ဆန်းမော်
=========================

How to select the mobile phone network operators for Myanmar? Part -3, 4 and 5 —- by Sann Maw

Part-3

တတိယပိုုင်း ကိုု မစခင် ဒုုတိယပိုုင်းက အမှားပြင်စရာရှိတာ အရင်ပြောပါမယ့်..အပိုုင်း ၂ မှာ အေပရယ် ၁၁ မှာ pre-qualified list 22 ခုု ထုတ်ပြန်ခဲ့တယ်

လုို့ရေးထားပါတယ်..အမှန်တော့ pre-qualified application အတွက် အရည်အချင်း ပြည့်မှီတယ်လုို့ ကိုုယ့်ဘာသာ ကိုုယ်ယူဆတဲ့.. company ပေါင်း ၂၂ခုု က

application form တင်သွင်း ခဲ့ရာမှာ အပိုုင်း ၂ မှာ ဖေါ်ပြထားတဲ့ အချက် တွေနဲ့ တုိုက်စစ် ပီးတော့..pre-qualified အတွက် အရည် အချင်း ပြည့်မှီတဲ့ company ပေါင်း

၁၂ ခုု ကိုု အေပရယ် ၁၁ ရက်ေ န့ မှာ ထုုတ်ပြန်ခဲ့ပါတယ်။..အဲ့ဒီအကြောင်းအသေးစိတ်ကိုု ဆက်သွယ်ရေး ဝက်ဘ်ဆုိုက် က (http://www.mcit.gov.mm/sites/

default/files/pre-qualification_qa_2new.pdf ) လင့် မှာ တင်ထားတယ် ဆုိုပေမယ့်တကယ့် တကယ် သွားရှာတော့ page not found ပဲ ပြနေပါတယ်။..ဖတ်လုို့

မရတော့ပါဘူး..ဆက်သွယ်ရေးအနေနဲ့ ..ဒီလိုုသိချင်သူများ တဲ့ အကြောင်းအရာနဲ့ ပါတ်သက်လုို့ ဂရုုတစိုုက် ဝက်ဘ်ဆုိုက်ကိုု ထိမ်းသိမ်း သင့်ပါကြောင်း

တုိုက်တွန်းလိုုက်ရပါတယ်.. ဒါနဲ့ ပါတ်သက်လိုု့ comment မှာ အမှားလာပြင်ပေးသွားတဲ့ Aye Thida Myint ကိုု ကျေးဇူးတင်ကြောင်း ကြားဖြတ်ပြောလိုုပါတယ်။.. J

အုိုကေ…..ဆုိုတော့ ဆက်ပြောရရင်.. အေပရယ် ၁၁ နေ့မှာ pre-qualification အတွက် အဆင့် မှီတဲ့ company ၁၁ ခုု

စာရင်းကိုု ရွေးချယ်ရေး ကော်မတီက ကြေငြာပါတယ်။.. အဲ့ဒါတွေကတော့ အောက်က ပြထားတဲ့ စာရင်း အတုိုင်းဖြစ်ပါတယ်။

▪ Axiata Group (မလေးရှား)

▪ Bharti Airtel (india)

▪ China Mobile and Vodafone Group (တရုုတ် နဲ့ အင်းဂလိပ်)

▪ Digicel Group (ဒါကတော့ မြန်မာနုိုင်ငံမှာ လူသိများပီးသားထင်ပါတယ်)

▪ France Telecom / Orange (ပြင်သစ်)

▪ KDDI Corp and Sumitomo Corp (ဂျပန်)

▪ Millicom International Cellular (အာဖရိက)

▪ MTN Dubai (ဒူဘုိုင်း)

▪ Ooreedo (aka Qatar Telecom) (ကာတာ)

▪ Singtel, KBZ and M-Tel(စင်ကာပူ)

▪ Telenor(နော်ဝေ)

▪ Viettel(ဗီယက်နမ်)

အဲ့ဒီ company တွေ အနေနဲ့ ..pre-qualified ဖြစ်တဲ့ အတွက် mobile network operator လုုပ်ကိုုင် ခွင့် အတွက်…tender တင်သွင်းခွင့် ရှိတယ် လုို့

သတ်မှတ်လုိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုိုင်း မှာ china mobile and Vodafone ၂ခုုပေါင်းထားတဲ့ group အနေနဲ့ သတ်မှတ် deadline ရောက်တဲ့ အချိန်မှာ သူတိုု့ရဲ့

internal policy အရ..ဆက်လက် လုုပ်ကိုုင် လိုု့ မဖြစ်နုိုင် ဘူး လို့ ယူဆတဲ့ အတွက် လုုပ်ငန်း လုုပ်ကိုုင်ခွင့်လျောက်လွာ နဲ့ tender ကိုု တင်သွင်း ခြင်း မပြု့ပဲ..ထွက်သွားတဲ့

အတွက်.. နောက်ဆုုံးမှာ company 11 ခုုပဲ ကျန်ပါတော့တယ်။

ဒီနေရာမှာ တခုုကြားဖြတ်ပြောလိုုတာက..နုိုင်ငံတကာမှာ ဒီ မုိုဘုိုင်းဖုုန်း လုုပ်ငန်းအတွက် လုုပ်ကိုုင်ခွင့်တွေကိုု ဘယ်လိုုချပေးနေသလဲဆုိုတာပါပဲ။။ နုိုင်ငံတခုုအနေနဲ့

သူ့နုိုင်ငံအတွင်းမှာ မုိုဘုိုင်းဖုုန်း လုုပ်ကိုုင်ခွင့်ကိုု ချပေးတဲ့ နေရာမှာ အသုုံးများတဲ့ နည်း လမ်း ၄ခုုက အောက်ပါအတိုုင်း ရှိပါတယ်။

၁။ ပထမ ဆုုံးလုုပ်မယ်လုို့ ပြောတဲ့ အရည်အချင်းရှိသူကိုု အရင်လုုပ်ပုိုင်ခွင့်ပေးခြင်း (First come, First served ) လုို့ ခေါ်ပါတယ်။

၂။ လေလံတင်ခြင်း ( Auction ).. ဒီနေရာမှာ ဘာကိုု လေလံတင်သလဲဆုိုတော့ mobile phone အတွက် လုိုအပ်တဲ ့ Radio Frequency Bandwidth ကိုု

အသုုံးချခွင့်ကိုု လေလံတင်တာပါ။ ဒီလိုုလေလံတင်ပီး လုုပ်ပုိုင်ခွင့်ပေးတာဟာ သက်ဆုိုင်ရာနုိုင်ငံရဲ့ အစိုုးရအတွက် စစချင်း မှာ ပဲ သပိတ်ဝင် အိတ်ဝင် ငွေလုုံးငွေရင်း

လုုံးကနဲ့ ခဲ ကနဲ့ ရစေတဲ့အကြောင်းတရပ်ပါ..ဒါကြောင့် နုိုင်ငံတော်တော်များများမှာ ဒီနည်းလမ်းကိုု သုုံးပါတယ်။ ဒီလိုု Radio Frequency Bandwidth ကိုု ရောင်းတာကိုု

Natural Resources ကိုု ရောင်းတာလိုု့ wireless နည်းပညာ ပညာရှင်တွေက သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆုိုရင်..ဒီ radio frequency bandwidth တွေဟာ

လူက ဖန်တီးလိုု့ ရတဲ့ လှုိုင်းတွေ မဟုုတ်ပါ..သူ့ဘာသာ လောက ကြီး မှာ သဘာဝအတိုုင်း အလိုုအလျောက်ရှိနေတာပါ။ ဒီ radio frequency bandwidth အသုုံးချခွင့်ကိုု

company တခုုခုုကိုု (ဥပမာ company A ) ရောင်းပီးပီဆုိုရင်..ဒီ bandwidth ကိုု နောက် တခြား company ကိုု ထပ်ရောင်းလိုု့မရတော့ပါဘူး..company A အနေနဲ့ ဒီ

bandwidth ကိုု မသုုံးတော့ဘူးဆုိုပီး အစိုုးရကုို ပြန်အပ်မှ သော်လည်ကောင်း…ရောင်းထားတဲ့ သက်တမ်း သတ်မှတ်ချက် စေ့သွားတဲ့ အခါကျမှ သာ လည်ကောင်း

အစိုုးရအနေနဲ့..နောက်ထပ် တခြား သော company တွေကိုု ပြန်ရောင်းလုို့ရပါတယ်။။ ဒီနေရာ သိထားရမှာက..နုိုင် ငံတခုုအတွက် အဲ့လိုုမျိုး မုိုဘုိုင်း ဖုုန်း network မှာ

သုုံးလုို့ရတဲ့ bandwidth ဟာ လိုုသလောက် ရတာ မဟုုတ်ဘူး ဆုိုတာ သိထားရပါမယ့်..။ Natural resources လုို့ပြောတဲ့ အတုိုင်း အကန့် အသတ်နဲ့ သာ ရှိတဲ့ အတွက်…

mobile phone service ပေးချင်တဲ့ company တွေ အနေဲ့.. ဒိလုို့ radio frequency bandwidth အသုုံးချခွင့် ကိုု မဖြစ်မနေ ဝယ်ဖုို့ လိုုပါတယ်။ ဟုုတ်ပီ ဒါဆုို အဲ့လိုု

မဝယ်ပဲ နဲ့ သူများ သုုံးနေတဲ့ bandwidth ကိုု ပဲ ခပ်တည်တည်နဲ့ ယူသုုံးပီး လုုပ်ရင်မရဘူးလားလိုု့ မေးစရာ ရှိပါတယ်။ လွယ်လွယ်ပြောရရင် မရပါဘူး..ဘာလုို့

မရသလဲဆုိုတာကိုု တော့ နောက် တပိုုင်း မှာ ဆက်ကြတာပေါ့..

ဆက်ရန်.. နောက် အပိုုင်း Radio Frequency Bandwidth ကိုု ဘာလုို့ ဝယ်ဖိုု့လိုုအပ် သလဲ ဆုိုတာရယ်…. Mobile phone network operator လုုပ်ပိုုင်ခွင့် ချပေး သော

နည်း လမ်း များ အကြောင်းဆက်ပါ့မယ်။။။ ဆန်းမော်

Part – 4..

Radio Frequency Bandwidth or Natural Resources

အရင် အပိုု်င်းမှာ ပြောခဲ့တာကိုု ပြန်ကောက်ပါ့မယ်… radio frequency တခုုကိုု မဝယ်ဘဲ..သူများ သုုံးနေတာကိုု ခပ်တည်တည်နဲ့ သုုံး မယ်ဆုိုရင် ဘာဖြစ်မလဲ

ဆုိုတော့..လုိုင်း ပူးတာတွေ ဖြစ်မယ်ပေါ့ဗျာ။ ဥပမာ ပေးရမယ် ဆုိုရင်တော့.. ဟိုုး အရင် BBC, VOA, RFA နားထောင် တဲ့ လူတွေ မှတ်မီ ဦး မယ် ထင်ပါတယ်။

အဲ့ဒီတုုန်းက.. BBC, VOA, RFA က လွှင့်တဲ့ အသံတွေကိုု အင်တာနက် က နေ နားထောင်လိုု့ မရသေးပါဘူး..လေလှိုုင်းထဲကနေ သတ်မှတ်ထားတဲ့ ရေဒီယိုုလှုိုင်းအတိုုင်း

လွှင့်တာ ကိုု ရေဒီယိုု်လေးတွေနဲ့ ဖမ်းပီး နားထောင်ရတာပါ။ ကျုပ်တုို့ငယ်ငယ်တုုန်းက အိမ်မှာ အဲ့လိုုမျိုး ရေဒီယိုု လေးနဲ့ ဂျစ်ဂျစ် ဂျစ် ဂျစ် အသံတွေနဲ့ လူကြီး တွေ သတင်း

နားထောင်နေပီဆုို..နားရွက်တောင် မခပ်ရဲဘူး ဗျို့။ မဟုုတ်ရင် ကောင်းကောင်း သတင်း နားထောင်လုို့မရဘူး..အာရုုံနောက်တယ် ဘာညာ နဲ့ အဆူခံရမှာလေ….

လူကြီးတွေက ကျုပ်တုို့ကလေးတွေသာ ဆူတာဗျ..သတင်း နားထောင် ကောင်းတုုန်းဆုို..လာပါပီ ခန နေရင်..အနှောင့် အယှက် …ဘီဘီစီ..RFA လွှင့်တာကိုု ဖမ်းပီး

နားထောင်နေတဲ့ လူတွေ နားထောင် မရအောင် ဆုိုပီး.. အဲ့ဒီ ခေတ်တုုန်းက.. အမေရိကန်.. အင်းဂလိပ် နုိုင် ငံတွေနဲ့ ပြိူင်ဘက် ကွန်မြူနစ် နုိုင်ငံတွေ ဖြစ်တဲ့..ဆုိုဗီယက်

ရုုရှား နဲ့ တရုုတ် နုိုင် ငံတွေက..နေ..BBC ..RFA ..VOA အသံလွှင့်ရုုံတွေက လွှင့်တဲ့ ရေဒီယိုုလှိုင်း အတုိုင်း ခေါင်း လောင်း ထုိုးသံ..တုို့ မောင်း

ထုု့သံတုိုက..လွှင့်ပါတော့တယ်… RFA အစရှိသည်က လွှင့်တဲ့ အသံနဲ့..ထပ်တူကျတဲ့ လှိုင်းကုို သုုံးပီး ခေါင်း လောင်းထိုုးသံ မောင်း ထုုသံတွေကိုု လွှင့် တဲ့

အတွက်.အသံ၂ခုု ရောသွားပီး သတင်း ကိုု ကောင်းကောင်း နားထောင်လိုု့ မရေတော့ပါဘူး.. BBC တုို့..RFA တုို့က လဲ သိတယ် ဗျ..အဲ့လိုု

အလုုပ်ခံနေရတယ်ဆုိုတာကိုု..အဲ့ဒီတော့ သူတုို့က လဲ ဘာပြန်လုုပ်လဲ ဆုိုတော့ သူတုို့ အသံလွှင့်တဲ့ ရေဒီယုို လှိုင်းကိုု နဲနဲ ..နဲနဲ ခြင်းစီ..ပြောင်းပြောင်း ပီး

လွှင့်တယ်..ဆုိုလုိုချင် တာက..အသံလွှင့်တဲ့ လှိုင်းကိုု အသေတခုုထဲ သုုံးပီး မလွှင့်ပဲ..နဲနဲ စီ ပြောင်းပီး လွှင့်တော့..ခုု န

အနှောက်အယှက် ပေးတဲ့ ခေါင်းလောင်းထိုုးသံကိုု ရှောင်ပီးသားဖြစ်သွားတာပေ့ါဗျာ…ဒါပေမယ့် နားထောင်တဲ့ လူကလဲ ဒီအတိုုင်း ထိုုင် ပီး နားထောင်နေလိုု့

မရဘူးဗျ..ရေဒီယိုု ဖမ်း တဲ့ ..ဘုု့ လေးကိုု..နဲနဲခြင်းစီ လှည့်လှည့်ပီး BBC ..တိုု့..RFA တုို့ ပြောင်းသွားတဲ့ လှိုုင်းနဲ့ ကိုုက်အောင် ပြန်ပြန်ချိန်ပေးရတယ်..

အဲ့လုိုမှ..သတင်း ကြေညာ တဲ့ အသံကိုု ကောင်းကောင်းဆက်ပီး နားထောင်လိုု့ရတယ်…မဟုုတ်ရင်..အသံက..တဖြည်းဖြည်းအားနည်းပီး

တုိုးသွားပျောက်သွားတတ်တယ်။..ထားပါတော့ ဒါကတော့ လွန်ခဲ့တဲ့ နှစ် တော်တော်ကြာ က အဖြစ်အပျက်ပေါ့.. အဲ့ဒါကိုု ပြန်ပြောင်းပြော ပြတာက.. ရေဒီယိုု အသံလှိုုင်း

၁ ခုုကိုု ၁ယောက် က သုုံးနေပီဆုိုရင်.နောက် တယောက် က ထပ်သုုံးလိုု့မရတော့ဘူးဆုို တာကိုု ရှင်းအောင် ဥပမာပေးပီး ပြောပြတာ..ခပ်တည်တည်နဲ့ ယူသုုံးရင်

ဘာဖြစ်လဲဆိုုတော့ ၂ ယောက် လုုံး အလုုပ်မဖြစ်တော့ဘူး ..သုုံးမရေတော့ဘူးပေ့ါ.. ဒီလုိုမျိုးပဲ..မုိုဘုိုင်း ဖုုန်းတွေ အတွက် လဲ..စကားပြောဖုို့ ဆက်သွယ်ဖုို့အတွက်.radio

frequency bandwidth တွေကိုု..operator တခုု ဆီအတွှက် သီးသန့် သတ်မှတ်ပေးရတယ်…အဲ့လိုုမျိုး Bandwidth တခုု မှာ ဆုိုရင် mobile phone user ပေါင်း

ရာထောင် ချီပီး သုုံးလိုု့ရနုိုင် တယ်ပေ့ါ…

ဆုိုတော့ ဒီ radio frequency bandwidth ကိုု mobile phone operator A ကိုု ရောင်းပီး ပီ ဆုိုရင် တခြား mobile phone operator ကိုု

ထပ်ရောင်းလုို့မရတော့ပါဘူး..နောက်တခြား mobile phone operator အတွက်က နောက် ထပ် တခြား ကျန်နေသေးတဲ့ ရောင်းလိုု့ရတဲ့ bandwidth ကိုုပဲ ရောင်း

လိုု့ရပါမယ့်။ ဒါကြောင့် ဒီလုို့ အကန့်အသတ်နဲ့ သာရောင်းလုို့ရတဲ့ အတွက်..ဒီ radio frequency bandwidth ကိုု လေလံတင်ပီး ရောင်းတယ် ဆုိုရင်.. mobile phone

network operator အလုုပ် ကိုု လုုပ်ချင် တဲ့ company တွေက အပြိုင်အဆုိုင် ဈေး ပေးပိး ဝယ်မှာ ဖြစ်တဲ့ အတွက်..သက်ဆုိုင် ရာ နုိုင်ငံ ရဲ့

အစိုုးရအနေနဲ့..တွက် ခြေပိုုကိုုက်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ် ဆုိုရင် ၂၀၁ဝ တုုန်းက..india အစိုုးရက..အဲ့ဒီလိုု မျိုး လေလံတင်ရောင်းတာကနေ..radio

frequency bandwidth အတွက် US$ ပေါင်း 12 billion (ဒေါ်လာ သန်းပေါင်း ၁သောင်း၂ထောင် ) ထိ အသားတင်ဝင်ငွေရရှိခဲ့ပါတယ်။ အသေးစိတ်ကိုု အောက် က

လင့် မှာ သွားရောက်ဖတ်ရှုု့နုို်င်ပါတယ်။ http://en.wikipedia.org/wiki/Indian_Telecom_Spectrum_Auction

ဒါပေမယ့် လေလံတင်ခြင်းရဲ့ မကောင်းတဲ့ အချက်ကတော့… အစိုုးရအတွက် အသားတင် ဝင်ငွေ ကောင်းကောင်းရပေမယ့်.. ဖုုန်းသုုံးမယ့် ပြည်သူလူထူအတွက်တော့

ဖုုန်းပြောခ တွေ ဈေးကြီး ကုုန်တာ တော့တာပါပဲ။။( မြင်အောင် ပြောရရင်..ဈေး ထဲမှာ အသားသတ် လိုုင် စင် ဈေး ကြီး ပေးထားရရင်..အသားရောင်းတဲ့ လူ က..ရောင်းတဲ့

အသားပေါ်မှာ..လုိုင် စစ်ခ ကြေအောင်..အမြတ်ရအောင်..ဈေးဝယ်ပေါ် တင်လုိုက်သလုိုပေါ့။ ) ဒါကြောင့် ဒီလိုု လေလံတင်ခြင်းကိုု လုုပ်တာဟာ အစိုုး ရအတွက်

ဝင်ငွေတုိုးစေ ပေမယ့် သာမာန်အများပြည်သူလူထုု့အတွက် တော့…ဖုုန်းပြောခ ဈေူးကြိးပီး..ဝန်ထုုပ်ဝန်ပိုုးဖြစ်စေပါတယ်။။ အဲ့လိုု ဖုုန်းပြောခ ဈေး ကြီး တာမျိုး ကိုု လဲ

မဖြစ်စေချင်ဘူးဆုိုရင်တော့..အစိုုးရအနေနဲ့..mobile network operator တွေကိုု လုုပ်ပိုုင် ခွင့် ချပေးဖုို့အတွက် နောက် ထပ် နည်း လမ်း ၂ ခုု ကျန်ပါသေးတယ်။။။

နံပါတ် ၃ နည်း လမ်း က..beauty contest နည်း လမ်း နဲ့

နံပါတ် ၄..နည်းလမ်း .. direct assignment with or without a fixed price ဆုိုတဲ့ နည်း လမ်း ၂ ခုုပါ.. အဲ့ဒီ ၂ ခုု ကိုုတော့ နောက် တပိုုင်း ကျမှ ဆက်ကြတာပေ့ါ..

ဆန်းမော်

Part – 5.. beauty contest and direct assignment methods

ဒီအပိုုင်း မှာ ပထမ ဆုုံး beauty contest နဲ့ မုိုဘုိုင်းဖုုန်း လုုပ်ပိုုင် ခွင့်ချပေးတာကိုု ဆက်ကြရအောင်.. မြန်မာ အစိုုးရ သုုံးသွားတာ ခုု ပြောတဲ့ နံပါတ် ၃ နည်း လမ်း ကိုု

သုုံးပီး.. mobile phone operator company ကိုု ရွေးသွားတာပါ..

ဒီနည်း မှာ အစိုုးရက..မုိုဘိုုင်းဖုုန်းလုုပ်ငန်း လုုပ်မည့် သူတွေဆီက နေ သူတုိုင်း ပြည် အတွက် ပြည်သူလူထုု့အတွက် ဘာတွေ ကိုု ဘယ်လိုုလုုပ်ပေးမလဲဆုိုတဲံ အစီအ စဉ်

အစ ရှိတာတွေကိုုအသေးစိတ် plan ရေးဆွဲပီး tender တင်တဲ့ အချိန်မှာ.. အိတ်ပိတ်၊ ချိတ်ပိတ်ပီး..tender တင်ခိုု်င်းပါတယ်။ အဲ့လိုု တင် တဲ့ company တွေရဲ့

plan ပေါ်မူတည်ပီး.. တုိုင်းပြည် အတွက် အများပြည်သူအတွက် အကောင်းဆုုံး လုုပ်ပေးနုိုင်မယ် လုို့ ယူဆတဲ့ company ကိုု လုုပ်ပိုုင် ခွင့် ချပေးမှာ ဖြစ်ပါတယ်… ဒီလိုု

နည်း လမ်း မှာ radio frequency bandwidth ကိုု လေ လံတင် ရောင်းသလိုုမျိုး ပိုုက်ဆံ အများ ဆုုံး ပေးနိုုင် တုိုင် းလဲ.ရမယ် လိုု့ ပြောလိုု့ မရပါဘူး.. လှယဉ်ကျေးမယ်

များ ရွေးသလိုုပေ့ါ….လုှတုိုင်း လဲ မနိုင် သေးပါဘူး..ဗဟုုသုုတ လဲ ပြည့်စုုံ မှ.. ယဉ်လဲ ယဉ်ကျေးမှ.. သွက်လက် ချက်ချာ မှ..ပထမ ဆုုကိုု ရနုိုင် မယ် ဆုိုတဲ့

သဘောပေ့ါ..ဒါကြောင့် နည်းလမ်း နံမည် ကိုု က.. beauty contest ( အလှမယ် ရွေးပွဲ ) လုို့ အကြမ်း အားဖြင့် ဘာသာပြန်လုို့ရတာပေ့ါ ဗျာ။

ဆုိုတော့ ဒီလုိုရွေးပွဲ မှာအကဲဖြတ်ဒိုုင်တွေက ဝင်ရောက် ယှဉ်ပြိုင်မည့် သူတွေ အနေနဲ့..ဘယ်အချက် တွေ အတွက် ကိုု အမှတ် ဘယ်လောက် သတ်မှတ်ထားတယ်

ဆုိုတဲ့..အမှတ်ပေး စည်းမျည်း တွေ ရှိကြောင်း နဲ့ လည်းကောင်း အမှတ်ပေးစည်းမျည်း များကိုု အများ သိအောင်ကြေညာ ထားပေးရပါတယ်။ ဒီနေရာ မှာ တခုု

ဖြတ်ပြောစရာရှိတာက.. အစိုုးရ ဟာ .လေလံတင် ပီး ရွေးတဲ့..နံပါတ် ၂ နည်းလမ်း ကိုု မသုုံးပဲ.. ခုု ပြောနေတဲ့ နံပါတ် ၃ နည်း လမ်း ကိုု သုုံး ပီး mobile phone network

operator ကိုု ရွေး တာ ဖြစ်တဲ့ အတွက် အစိုုး ရအနေနဲ့..ကတော့ ပိုုက် ဆံများများ ရတာ တခုု တည်း ကိုု ပဲ ကြည့်တာ မဟုုတ်တော့ဘူး

ဆုိုတာ တော့ သေချာပေါက် ပြောနုိုင်ပါတယ်။ ပိုုက် ဆံ များများ ရဖုို့ တခုု သာ ကြည့်မယ် ဆုိုရင်တော့ လေလံတင် ပီး ရွေးတာက ပိုု ရနုိုင်ပေမယ့် ခုု ဟာ ကကျတော့..

beauty contest နည်း လမ်း ကိုု သုုံးတာ ဖြစ်တဲ့ အတွက် ဒိနေရာမှာ..တော့ အများ ပြည်သူကိုု..ပိုုပီး ဥိးစားပေးစဉ်းစားတယ် ဆုိုတာ ယေဘူယျအားဖြင့် ပြောနုိုင်ပါတယ်။

ဒါဆုို မေး စရာ တခုု ပေါ်လာတာ က… ဟုုတ်ပီ..ခုု နံပါတ် ၃ နည်း လမ်း က..ရည်ရွယ်ချက် အားဖြင့်တော့ ကောင်းပါတယ်..ဒါပေမယ့် အကဲဖြတ်ဒုိုင်

လူကြီးတွေ..က..ပထမ..ဒုုတိယ ရွေးတာဆုိုတော့..ဒီ ဒိုုင် တွေ လာဘ်မစားပဲ ရွေး တယ် ဆိုုတာ ဖြစ်နုိုင်ပါ့မလားပေ့ါ.. မြန်မာနုို်င်ငံ ဆုိုတာ က သိတဲ့အတိုုင်းပဲ

မဟုုတ်လား..လာဘ်ပေး .လာဘ်ယူ သောင်းကျန်းတဲ့ နေရာမှာ..အလွန်နာမည် ကြီးတယ် ဆုိုတော့ကာ.. တကယ် လိုု့သာ..ဒီလိုု လာဘ်ယူပီး..လုုပ်ပိုုင်ခွင့်

ချပေးလိုုက်တယ် ဆုိုရင်..မိအေး ၂ခါ နာ ဖြစ်တော့ မပေ့ါ….အစိုုးရလဲ ပိုုက်ဆံမရ..ပြည်သူလူထုုလဲ နစ်နာ..ဟုုတ်တယ် မဟုုတ်လား.. ..ဒါဆိုုရင်တော့ အစိုုးရ အခွန်များများ

ရနုိုင်တဲ့..လေလံတင်ရောင်းခြင်း ကသာ ပိုု ပီး ကောင်းတော့ မပေ့ါ လုို့ ပြောစရာဖြစ်လာပါတယ်။ မှန်ပါတယ်..ဒီ beauty contest နည်း လမ်း ကိုု သုုံးမယ် ဆုိုရင်..အကဲ

ဖြတ် ဒိုုင် တွေ လာဘ် ယူပီး လုုပ်ပုိုင် ခွင့် ချပေး တာမျိုုး မဖြစ် အောင်..control လုုပ်ထားနုိုင် ဖုို့လုိုပါတယ်။။ ဟုုတ်ပီ ဒါဆုို ဒီလုို control မျိုး ကိုု ဘယ် လိုု လုုပ်မလဲ..

ဘယ်လိုုထိန်းမလဲ.. ဆုိုတာ က အရေးကြီးလာပါပီ..

အဲ့ဒါကိုု ဘယ်လိုုဖြေရှင်း သွားသလဲ ဆုိုတာကိုုတော့ နောက်တပိုုင်း မှ ဆက်ကြတာပေ့ါ..

ဆန်းမော်

======================

Part – 6 How to select mobile phone network operator for Myanmar?

Part – 6 How to select mobile phone network operator for Myanmar?

အပိုုင်း ၅ တုုန်းက ပြောခဲ့တာလေး ဆက်ရအောင်… အဲ့တုုန်းက ပြောခဲ့တာမှာ.. နံပါတ် ၃ နည်း လမ်း (beauty contest) နဲ့ ရွေး တာတော့ ဟုုတ်ပါပီ.. မေးစရာ

ရှိလာတာက ရွေးချယ်ရေး အဖွဲ့ က လာဘ်ယူပီး လိုုင် စင် ချပေးတာမျိုး မဖြစ်အောင်..ဘယ်ပုုံစံ နဲ့ ထိမ်း သိမ်း မလဲ ဆုိုတာပါပဲ.. နောက်တချက် က..အကဲ ဖြတ်အဖွဲ့က

လာဘ်မစားဘူး ဆုိုရင်တောင် မှ.. အရည်အချင်း မပြည့်မှီ တဲ့ အကဲဖြတ်ချက် ရဖိုို့ဆုိုတာ..အကဲဖြတ်အဖွဲ့ မှာ..သက်ဆုိုင် ရာ ကျွမ်းကျင်တဲ့ ပါရဂူတွေ ပါဖုို့လိုုပါတယ်။ ဒါမှ

သာလ ျှင် မှန်မှန်ကန်ကန် ရွေးချယ်အကဲဖြတ်နုိုင်မှာပေ့ါနော်။ ဆုိုပါစိုု့.. ဖက်ရှင်မယ်ရွေးပွဲမှာ..မျက်စိမကောင်းသူတွေ.. ကာလာဘလုိုင်း ဖြစ်နေသူတွေသာပါဝင်တဲ့

အကဲဖြတ်အဖွဲ.. နဲ့ ဆိုုရင်မှန်ကန်တဲ့ ရလာဒ် ကိုု ရမလာနုိုင်ဘူးဆုိုတာ ထင်ရှားပါတယ်။. ဒီလိုုပဲ.. ခုု မုိုဘုိုင်းဖုုန်းလောက အတွက် လိုုင်စင် ချပေးရာမှာ. နောက်ဆုုံးပေါ်

နည်းပညာသုုံး လုုပ်ငန်း ဖြစ်တဲ့ အတွက် ရယ်..နုိုင်ငံနဲ့ ချီပီး လုုပ်တဲ့ ကိတ်စ ဖြစ်တဲ့ အတွက်ရယ်..ပြည်တွင်း က လူတွေသာ ပါဝင်တဲ့.အကဲဖြတ်အဖွဲ့ ပဲသုုံးမယ်ဆုိုရင်တော့..

သင့်တော် မှန်ကန်တဲ့ ရလာဒ်ထွက်လာဖုို့.

မလွယ်ဘူးထင်တယ်။ ဒါကြောင့် အစုိုးရအနေနဲ့.. အကဲဖြတ်အဖွဲ့အတွက်.. အကူအညီ နဲ့ လုိုအပ်တဲ့ အကြံဉာဏ် တွေ ရဖိုု့အတွက်.. ဒိလိုုနယ်ပယ်မှာ အတွေ့အကြုံ နဲ့

ကျွမ်းကျင် မှု့ ရှိတဲ့.. International Strategy Consultant အဖွဲ့ တခုုခုု ကိုု ငှားဖုို့လိုုလာတယ်. ဒီနေရာမှာ လဲ.. နုိုင်ငံတကာ မှာ ဒီလိုု အဖွဲ့တွေက အလွန်များဆုိုတော့

ဘယ်အဖွဲ့ကိုု ငှားမလဲဆုိုတာ ပြသနာ က ပေါ်လာပြန်တယ်။ တော်ကြာ ခပ်ချာချာ. ရိုက်စား လုုပ် နေတဲ့ ဂဂျိုးဂဂျောင် အဖွဲ့တခုုကိုု သွားငှားမိရင်လဲ.. ငါးပါးမှောက်ဦးမယ်

မဟုုတ်လား။

ဒါ့ကြောင့်.. အစိုုးရအနေနဲ့.. United Nations ရဲ့ လက်အောက်ခံ အဖွဲ့တခုုဖြစ်တဲ့ ITU လုို့ခေါ်တဲ့ international telecommunication union ဆုိုတဲ့ အဖွဲ့ ကိုု

ဆက်သွယ်ပီး ..နုိုင်ငံတကာ က ဘယ်လိုုအကြံပေး အဖွဲ့ကိုု ငှားရင် ကောင်းမလဲ ဆိုုတဲ့ ထောက်ခံချက်ကိုု တောင်းပါတယ်။ နောက် ITU ကနေ ထောက်

ခံချက်ပေးထားတဲ့.. ဂျာမန်အခြေစိုုက် Roaland Berger Strategy Consultants ဆုိုတဲ့ မဟာဗျူဟာ ချမှတ်ရာမှာ နာမည်ကြီးတဲ့ အဖွဲ့ကိုု ငှားလုိုက်တယ်လိုု့

ကြားရပါတယ်။ ဒီအဖွဲ့ ဟာ နုိုင်ငံပေါင်း ၃၆ နုိုင် ငံ မှာ ရုုံးခွဲပေါင်း ၅၁ ခုု နဲ့ ၁၉၆ရ ကတည်း က လုုပ်ငန်းလုုပ်ကိုုင်နေပီး .. ၂၀၀၉ ခုုနှစ် စာရင်းအရတနှစ် ဝင်ငွေ ဒေါ်လာ

သန်းပေါင်း ၈၅ဝ ရှိတဲ့ International Company တခုုဖြစ်ကြောင်းတွေ့ ရတယ်။ နောက် နုိုင်ငံတကာမှာလဲ ဒီအဖွဲအစည်း ဟာ သူ့နယ်ပယ်နဲ့ ပါတ်သက်ရင်..ထိပ် ဆုုံး

နံပါတ် ၄ နေရာမှာ ရှိကြောင်းတွေ့ရပါတယ်။ အသေးစိတ်ကိုု ဒီလင့် http://en.wikipedia.org/wiki/Roland_Berger_Strategy_Consultants မှာ

သွားကြည့်နိင်ပါတယ်။ ဒါက ITU ရဲ့လင့် http://www.itu.int/en/Pages/default.aspx ပါ။

ဒါတွေကိုု ဘာကြောင့် ပြောရတာလဲဆုိုရင်.. ဒီလုို့ United Nations လက်အောင် ခံ အဖွဲ့အစည်း ITU တိုု့.. Roland Berger Strategy Consultants တုို့အနေနဲ့..

လာဘ်ပေးလာဘ်ယူ ကိတ်စ မှာ ပါဝင် ပါတ်သက်မိတယ်ဆုိုရင်. ရတာနဲ့ ဆုုံးရှုုံးတာ မကာမိအောင်.. နာမည်ပျက်ပီး.ရေရှည် လုုပ်စားလိုု့.. မဖြစ်နုိုင်ကြောင်း

စဉ်းစားလုို့ရနိင်ပါတယ်။ တော်ရုုံ တန်ရုုံ ငွေကြေးပမာဏ နဲ့တော့ ဒီလိုုအဖွဲ့အစည်းတွေကိုု ဆွယ်လုို့မရလောက်ဘူးလိုု့ ကျုပ်ကတော့ ထင်တယ်ဗျ။

ဟုုတ်ပီး ဒီအဖွဲ့ကိုု ငှားပီးတော့ ဘာဆက်လုုပ်လဲ ဆုိုတော့ ဒီအဖွဲ့ နဲ့ .. မြန်မာ ပြည်က အကဲဖြတ်အဖွဲ့နဲ့ တုိုင်ပင် ညှိနုို်င်းပီး .. မြန်မာပြည်အတွက်.. tender တင်သွင်းရာမှာ

သိသင့် တဲ့ အချက် အလက်တွေ။ အကဲဖြတ်အဖွဲ့အနေနဲ့ လုုပ်ဆောင်မယ့် အကဲဖြတ်ချက် အဆင့် ဆင့်တွေ၊ အမှတ်ပေး စည်းမျည်းတွေကိုု ထုုတ်ပြန်တယ်လိုု့ သိရတယ်။

ဒီလုုပ်ဆောင်ချက် အဆင့်ဆင့် နဲ့ အကဲဖြတ်ချက် အမှတ်ပေးစည်းမျည်းတွေနဲံပါတ်သက်လိုု့ နောက် တပိုုင်း ဆက်ကြတာပေါ့။

ဆန်းမော်

ဖြည့်စွက်ချက်။ ။ နောက် မြန်မာပြည်အတွက် တခုု ကောင်းသွားတာက.. ဒီလိုုမုိုဘိုုင်းဖုုန်း လုုပ်ငန်းအတွက် လိုုင်စင် ချမပေးခင်လေးမှာပဲ..အစိုုးရ

ဆက်သွယ်ရေး လောကမှာ ဆင်းကဒ် ဈေးအလွန်ကြီးတဲ့ ကိတ်စ ကနေစပီး..မီးခိုုးကြွက်လျှောက် နဲ့ လိုုက်ပီး..ဝန်ကြီး ကအစ ဆက်သွယ်ရေးအရာရှိကြီး အတော်များများ

အလုုပ်ပြုတ်သူပြုတ်..ရာထူးကျသူကျ ဖြစ်ခဲတာ မှတ်မိဦးမယ် ထင်တယ်.

ပွင့်လင်းမြင်သာမှု့ရှိလာပီး.. လွတ်လပ်တဲ့ တရားမျှတတဲ့ လိုုင်စင် ချပေး တယ်လုို့ ယူဆရတဲ့ အခင်းအကျင်း ဖြစ်လာတာဟာ . ကျုုပ်စိတ်ထင်..ဒီလိုုဖြစ်ခဲတဲ့

အရှိန်လေးကြောင့်လဲ ပါမယ်ဗျ. ဝန်ကြီးတွေ.. အရာရှိကြီးတွေ တော်တော်များများ ပြသနာ တက် ထားတာ သိပ်မကြာသေးဘူးဆုိုတော့.. နောက်

လူကလဲ..ဘာပဲ ပြောပြော အနဲနဲ့ အများ တော့ လုုပ်ချင်တုိုင်း မလုုပ်ရဲဘူးလိုု့ယူဆရတာပဲ.. နုိုင်ငံတော် သမတကိုုယ်တုိုင် ပါဝင်ပါတ်သက် တာရယ်..

လူအတော်များများစိတ်ဝင်တစား စောင့် ကြည့်နေတာ ကလဲ တကြောင်း..အကြောင်းကြောင်း သော အကြောင်းတွေကြောင့်.. ခုု လုိုင်စင် ချပေးတဲ့ ကိတ်စ ဟာတော့ဖြင့်..

ဘက်လိုုက်မှူ့နဲ့ ကင်းလွတ်တယ်လိုု့ ကျုူပ်ကတော့ အကြမ်းဖြင်းအားဖြင့် ယူဆမိပါတယ်။

Credit to http://www.sannmaw.com/

4 comments

  • ကြက်အူလှည့်

    July 1, 2013 at 12:29 pm

    အင်း ..စကားမစပ် ..ဟိုမြို့ မှာပဲလား ဗျာ..သတင်းတွေတော့ သိပ် မကောင်းနီးကီး ဘူး .. သဒိနဲ့ နေပါ အူးလေးဂဏန်း

  • kai

    July 1, 2013 at 4:14 pm

    ယူအက်စ်မှာ.. အခု အန်အက်စ်အေက.. လူတွေ(အမေရိကန်တွေ) ဒေတာတွေခိုးလိုက်တော့.. ဖုန်းကုမ္ပဏီတွေဆီကလည်း.. ဖုန်းဆက်မှတ်တမ်းတွေတောင်းယူခဲ့တယ်..
    NSA Collection Of Verizon Phone Records Defended By Top Senators
    http://www.huffingtonpost.com/…/verizon-phone-records-nsa_n_3397058.ht…‎
    Jun 6, 2013 – also claimed that reports of the NSA collecting phone records was ….. the secret courts to watch our online communiques and tap our calls, but I …

    ပြောချင်တာက….
    ဖုုန်း အော်ပရေတာဟာ.. တိုင်းပြည်သူားတွေရဲ့. အချက်အလက်တွေအကုန်သိနေ/ရှိနေရတယ်ဆိုတာပါပဲ…။
    တော်တော်လေးအရေးကြီးတယ်ထင်မိတယ်..။

  • မောင် ပေ

    July 1, 2013 at 6:35 pm

    ကာတာကုမ်ပဏီ ကို ရွေးတာဟာ
    လမ်းကြောင်းပြောင်းတာတစ်ခုများ ဖြစ်နေမလားရယ်လို ့
    နောက်ပြီး
    ဒီနေ ့အေးချမ်းမွန်ထဲမှာ
    ဆိတ်ဖွားဟာ ရဲထွဋ် ဖြစ်တယ် ဆိုတာ သိပေမယ့် ၊ ဆက်စုံစမ်းမှု မလုပ်တော့ဘူး ဆိုပဲ

  • uncle gyi

    July 1, 2013 at 11:31 pm

    ဘာပြောပြော
    mpt ကတော့ပြိုင်ဘက်လာပြီ
    ပြည်သူကိုနှစ်ပေါင်းများစွာဂုတ်ခွစီးလာတာ
    မကြာမှီခွေးကိုက်ခံရတော့မယ်

    အဲဒီအချိန်ကျမှအခုကိုင်နေတဲ့ကဒ်တွေ
    တူနဲ့ထူပစ်လိုက်အုန်းမယ်

Leave a Reply