၂၀၁၃-၀၇-၀၁

ムラカミJuly 1, 20131min18117

သူလား .. အဆဲကလည်း သန်ပါ့…။ စိတ်က လက်တဆစ် ..။လူကြည့်တော့ ဗလက ဗေလုဝလောက်။
အဲ့ဒါတောင် …ဘားလမ်းကနေလည်း ဒါးထမ်းစောင့်နေချင်သေးတယ်..။ ဇ-ကမသေးတာပြောပါတယ်
မြန်မာ့အသံ လိုနေရာမျိုးမှာတောင် ဒီမိုခွေစီ မရမချင်း သီချင်းလာမဆိုဘူး ပြောခဲ့သူ။
နွေကျောင်းပိတ်ရက်တွေ ကုန်ချိန်မှာ သူပြန်မလာနိုင်တာ ဘာကြောင့်တုန်းမေးတော့ …ဒုံးတိပြန်ဖြေတယ်..
တောခိုသွားလို့တဲ့ ..မှတ်ကရော….။မဟာဝီရ ပါလို့ ဆိုပြီး သွားမဝေဖန်နဲ့ … ခညားကို ဒါးနဲ့ လိုက်လိမ့်မယ်။
ဟိုသီချင်းမယ် ..အာရေဗီယန်စကေးလ် ဘာလို့ထည့်ထားသလဲ သိရဲ့လား …။ ကိုကိုဝီ မျက်ရည် ဘူးသီးလုံးလောက်ကျလိမ့်ယ်..။

သူ့ဆီသီချင်းသွားဝယ်ရင် အားကြီး သတိထားရတယ်.. အပြောအဆိုမတတ်ရင် ဆဲခံရမှာ …။
ဂျိုးသိန်းတွေ ပြည့်နေတဲ့ ဆေးလိပ်ခွက်နဲ့ ကောက်ထုမှာလည်း စိုးရသေး။ ရှိပြီးသားရောင်းရတာ ကျနော်က သက်သာသေး
အလကားနေပိုက်ဆံရတယ်ဆိုပြီး ရုပ်ရှင်သီချင်းအနေနဲ့ အသစ်ရေးချင် သီးခြား အပ်စေချင်တဲ့လူ ….။
အဲ့လောက် နုရွ နေတဲ့လူက တချိန်ထဲမှာ သမီးဖြစ်သူကိုလည်း ဂျင်ဂျစ်ဆု သင်ပေးချင်သေးတာတဲ့ ..။

ကဗျာအရေးလည်း အင်မတန်ပိုင်တဲ့ ဒီဘဲကြီးက ကျုပ်တို့ သိပ်နှစ်သက်ခဲ့ရတဲ့ ဗိုလ်ချောနဲ့လည်း မိတ်ဆွေကောင်းတွေပါတဲ့။
ဟို တားရော့ဒ် ဆြာ ဩချယူရလောက်အောင် ဖဲဗေဒင်ကိုလည်း စို့စို့ပို့ပို့ လိုက်စားထားသေးတာရယ်။
သုန်မှုန်နေတတ်တဲ့သူ့ကို အားလုံးက ချစ်ကြတဲ့နေရာတော့ တူသဗျ။

လက်ကြီး၂ဖက် မိုးပေါ်ဆန့်လို့ ကားကားကြီးကို မော်ပြီး ဝင်ခဲ့တာ။ မယုံရင် ဝေးသွားတဲ့အခါ ပြန်နားထောင်ကြည့်။
အခါလွန်တဲ့မိုးမှာ ဆက်ဆိုဖုန်းဆိုလို ဘာကြောင့်ထည့်ထားသလဲ ဆိုတာတခုနဲ့တင် ပစ်ကြွေ လို့ရရဲ့ …။
မိုးတိမ်ပြဇာတ်ဆိုလား .. တခါပဲဆိုရသေးတာတဲ့ …ဟမ်… ။ ဗိုကယ်ဂိုက် အနေနဲ့ အကြမ်းဆိုထားတာတောင် အကျအပေါက်မရှိ။

သူ့လောက် အမေကိုချစ်တာလည်း သူပဲ။ ဆိုးလ် တွေ ဘလူးစ်တွေနဲ့ သူ့လောက် ပေကျံနေတာလည်း သူပဲ..။
ဟိုးရှေးရှေးတုန်းက ပေါ့ဗျာ .. အဘတို့က ဉာဏ်အမျှော်မြင်ကြီးစွာနဲ့ သီချင်းတခွေ ၁၂-၁၄ ပုဒ်ပျမ်းမျှမှာ အကျိုးပြုသဘောမျိုး
ဘယ်နှပုဒ် ပါရမယ် ဆိုပြီး ညွှန်းဆိုတဲ့ကာလရှိခဲ့ဖူးတယ်..။ ဒီဘဲကြီးက ညီလေးရေတို့ ဘာတို့နဲ့ ..မြစ်တခုမှာ ၂ခါရေပြန်မချိုးစကောင်းဘူး
လုပ်ရသေးတာဗျ… အဟတ်… မေ့သလောက်ရှိတော့မှ…

အငိုက်မှာ အရှိုက်ထိစေမယ့် ရာဇဝင်များရဲ့ သတို့သမီးဆို ကောက်ကတ်ဆော်လိုက်တာ..။မှော် ဝင်လားမဝင်လားရယ်.. လက်ရှိ ဘဘတွေ
ဟိုဘွားတော် မုန်းရင်သာမုန်းမယ် အဲ့ဒိသီချင်းတော့ အလွတ်ရကြလိမ့်မယ်။ ဟို တလောက ကိုမွန်းအောင် ဆို ပြသွားတဲ့
၈ပူးတုန်းကသီချင်း နောက်ဆုံးတိုက်ပွဲ (အရေးကြီးပြီ ညီနောင်အပေါင်းတို့….) ဘယ်သူရေးတယ်မှတ်တုန်း..။
ဒီလူကြီးဗျာ..။

အော် မေ့လို့ …
ကိုငှက် ဟက်ပီဘာ့သ်ဒေးဗျာ
ခင်ဗျားရှိရင် အခု အသက်-၅ဝ ပြည့်ပြီပေါ့…။
မနေ့တနေ့ကလိုပါပဲဗျာ။

RIP

 

 

17 comments

  • Wow

    July 1, 2013 at 2:06 pm

    အကော်ဒီယံအုန်းကျော်လားဟင်င်င်… :mrgreen:

    • ကြက်အူလှည့်

      July 1, 2013 at 3:34 pm

      မေမေ… ပွဲတခုခုရှိလို့ ဦးစိုး ကိုတွေ့ရင် .. အချစ်ရှုံးသမား သီချင်း ဦးအောင်လုဆိုလား ဆိုရဲ့
      လှေသဘင်ပွဲတော် အသေ -င်ဖျဲ အော်လားအော်ရဲ့ အစည်းအရုံးပိုင် ရုံးခန်းကိုလည်း ..မပြောဒေါ့ဘာဘူးလေ
      အဲ့ …လူကြီးတော့ .. သားမလွမ်းဘူးမေမေ

  • Yin Nyine Nway

    July 1, 2013 at 2:37 pm

    သူ့သမီးလေး ငါးဘာသာဂုဏ်ထူးရတာလေးတောင်
    မသိရတော့ဘူး …
    ချစ်သမီးလေးအတွက် ထာဝစဉ် ရင်ဆိုင်ရဲခဲ့ပြီ
    ရတနာတပါး ဆိုတာလေး နားထောင်တိုင်း
    မျက်ရည်တောင် လည်သွားတယ်

    • ကြက်အူလှည့်

      July 1, 2013 at 3:35 pm

      ဘာမဆိုရင် ဆိုင်ရဲခဲ့ပြီ လုပ်ပါအေ…

  • arker soe

    July 1, 2013 at 2:57 pm

    ကျွန်တော် အရမ်းကြိုက်ခဲ့ရတဲ့ အဆိုတော်ကြီးပါဗျာ
    သီချင်းများနဲ့လူ၊အဓိပတိလမ်းကခြေရာများ၊ ရာဇဝင်များရဲ့ သတို့သမီး အကြိုက်ဆုံးသီချင်းတွေဗျာ
    ဒါနဲ့ ဟိုနှစ်ဆီက ကလေးသီချင်းဆိုပြိုင်ပွဲမှာ ဖြူနှင်းပွင့်ခိုင်ဆိုတဲ့ ကောင်မလေး ကိုငှက်ရဲ့ ဝေဒနာ သီချင်းကို ဆိုပြီးပြိုင်သွားတာ အတော်ကောင်းသဗျာ……………
    ပို့စ် နဲ့တော့မဆိုင်ပါဘူးဗျာ
    ဆရာဂီ ဟိုအရင်ကရေးသလိုမျိုး KAIZAN တို့ PDCA တို့လိုမျိုးတွေ ရေးပါဦးလားဗျ
    ကျွန်တော်က မြို့ပေါ်ရောက်တဲ့ အခါမှ စာဝင်ဖတ်ရတော့ လွတ်သွားသလားတော့မသိဘူးဗျ။ လွတ်သွားတယ်ဆိုရင်လဲ အရင်ပို့စ် အဟောင်းတွေကို ပို့စ်ပိုင်ရှင်နာမည်နဲ့ရှာလို့ ရသလားဗျ။

    • ကြက်အူလှည့်

      July 1, 2013 at 3:38 pm

      ရှာလို့ရပါတယ်ဗျာ … ခုတလောရေးထားတဲ့ ပေါက်ပန်းလေးဆယ် တွေ ထွက်ကျလာပါလိမ့်မယ်..

      :mrgreen:

      • lele kyi

        July 1, 2013 at 5:26 pm

        ဒါမှ အာလာဝီ ရဲ့ ညီ မော်လဝီ ဂီ ကွ။ 🙂
        ကိုငှက် ခရေဇီ အစ်ကိုမရှိတော့တဲ့နောက်ပိုင်းမှာသူ့သီချင်းတွေနဲ့ ဝေးသွားခဲ့တယ်။ အမေ့အိမ် သီချင်းသံကြားရင်း မေမေ ဝမ်းနည်းမှာစိုးလို့။

        • ကြက်အူလှည့်

          July 1, 2013 at 5:54 pm

          ကျုပ်တာမည်လလလေးလည်းပျကိပါပီကွီ

  • Ma Ei

    July 1, 2013 at 4:33 pm

    ဒါမျိုးလေးတွေ ရေးပါဦးဟယ်…
    ခုတော့ ဘာတွေရေးနေမှန်းမသိ….
    ပိုစ် ဖတ်ပြီးပြောမိတာ…ဆက်ဖတ်လိုက်တော့ အဖြေ ကိုတွေ့သွားတယ်…
    (ရှာလို့ရပါတယ်ဗျာ … ခုတလောရေးထားတဲ့ ပေါက်ပန်းလေးဆယ် တွေ ထွက်ကျလာပါလိမ့်မယ်..)တဲ့
    :mrgreen:

    • ကြက်အူလှည့်

      July 1, 2013 at 5:50 pm

      ခုတလောတော့ အချစ်ကဗျာ အရေးများမယ်ဖြစ်ကြောင်းရယ်ပါ

      • Mr. MarGa

        July 1, 2013 at 7:20 pm

        ပြခန်းအတွက်လဲ ပို့စေချင်ကြောင်းရယ်ပါ :mrgreen:

  • အလင်း ဆက်

    July 3, 2013 at 9:35 pm

    မနေ့ တစ်နေ့က လိုပေါ့…..

    ဟုတ်တယ် ။

    မနေ့တစ်နေ့ကလိုပေါ့…..လေ….

  • padonmar

    July 4, 2013 at 12:17 am

    ဝေးသွားသောခါ ကတည်းက ကြိုက်ခဲ့ရတာ။

  • ဦး ကျောက်ခဲ

    July 4, 2013 at 9:14 am

    အေးဗျာ… ကိုရင်ငှက်က “ဘာသာမတူတာ ဘာအကြောင်းလဲ..” ဆိုပြီး…
    ထာဝရဘုရားရှင်ရဲ့ သမီးတော်ကလေးကို “မ”သွားခဲ့ဖူးသဗျ…
    ကျုပ်လည်း တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့… ဘဝအတွက် မှတ်တိုင်တစ်ခုစိုက်လိုက်ပြီဗျို့
    :mrgreen:

    • Crystalline

      July 4, 2013 at 8:53 pm

      ဘာမှလည်းမဆိုင်ဘူး 🙂

    • ဦး ကျောက်ခဲ

      July 4, 2013 at 9:05 pm

      ဆိုင်ပါတယ်ဆိုမှ ခေးတွေ သဘောမပေါက်ကြဘူး…
      ဒဲ့ပြောရင် သများမျက်စေ့နောက်တော့မယ်… :mrgreen:

Leave a Reply