ကဲ.. မေးခွန်းလေးတွေ ဖြေကြည့်မယ်…

lu ta loneJuly 30, 20101min14310

ပထမမေးခွန်းက

မတိုမရှည် တထွာလောက် ထိပ်ပေါ်မှာ အမွှေးပေါက်…

အဲဒါက ဘာလဲ?

ဒုတိယမေးခွန်းက

တက်တက်ချင်းခွ၊ ခွခွချင်းအော်၊ အော်အော်ချင်းထွက်…

အဲဒါကရော ဘာလဲ? ဘာကိုဆိုလိုတာလဲ?

တတိယမေးခွန်းကတော့

ခံရတဲ့သူက ပက်လက်၊ လုပ်တဲ့ သူက ကုန်းကုန်း၊ ထွက်လာတော့ ပျစ်ပျစ်အရည်တွေ…

အဲဒါ ဘာလုပ်နေတာပါလိမ့်?

ရုတ်တရက် ရိုင်းတယ်ထင်သွားမယ် ထင်တယ်…

တကယ်အဖြေကို သိရင်တော့ မထင်လောက်တော့ပါဘူး…  😛

10 comments

  • Htoo

    July 30, 2010 at 9:44 am

    ပထမက မုန်လာဥလား (သိပ်မသေချာ)
    ၊ ဒုတိယက ဆိုင်ကယ် ၊တတိယက..သိတော့ဘူးဗျ။

  • kokogyi

    July 30, 2010 at 9:52 am

    အဖြေ ပြောပါဗျို ့…….

  • True Faith

    July 30, 2010 at 10:11 am

    ကိုလူတလုံးကမေးတော့ ကျနော်က ဖြေရမပေါ့။
    ၁။ ပြောင်းဖူး
    ၂။ ဆိုင်ကယ်
    ၃။ ကျောက်ပြင်ပေါ်မှာ သနပ်ခါးသွေးတာ
    ဟုတ်မဟုတ် အဖြေထုတ်တော့ ကြည့်ပေါ့ဗျာ။ ကျုပ်တို့မြန်မာတွေ ဒီလောက်မညံ့ပါဘူးဗျ။

  • winne

    July 30, 2010 at 11:23 am

    သူများက မညံပါဘူးပြောမှ ကို်ယ်ဟာကို ညံမှန်းသိတယ် ဘာလဲဆိုတာ စဉ်းစားလို့မရဘူး သူများ အဖြေတွေကို ကြည့်တော့လည်း နီးစပ်သလိုလိုဘဲ.. အမှန်ကို ဖြေပေးပါ

  • blacktiger

    July 30, 2010 at 1:45 pm

    ငါနော် ငါ့ကိုယ်ငါ သိတယ် ဟင်းဖြေလိုက်ပုံက….တလွဲတွေချည်း

  • thihayarzar

    July 30, 2010 at 1:57 pm

    ပထမအဖြေက မုန်လာဥပါ …. ဒုတိယအဖြေကတော့ ဆိုင်ကယ်ပါ ….( ဒီဘက်ခေက်ကရောက်တော့ ခွရင်ထွက်တဲ့ ပစ္စည်းတွေကများနေပြီ) တတိယကတော့ ကျောက်ပျဉ်ပါ ….

  • khinmintatthu

    July 30, 2010 at 3:57 pm

    ပထမအဖြေက ပြောင်းဖူးနဲ့ ဒုတိယအဖြေက ဆိုင်ကယ်….တတိယတော့ ဖြေရမှာမသေချာလို့ အဖြေပြောပြပါဗျို့

  • mr.darkblood

    July 31, 2010 at 3:40 am

    အဖြေမှန်က အပေါ်ကပုဂိုလ် ပြောပြထားပြီးပြီလေ..။
    မြန်မာမှန်ရင် မြန်မာစာတော့ ချစ်သင့်၊လိုက်စားသင့်ပါတယ်။

  • laaminnthar

    August 1, 2010 at 4:08 am

    ပထမ နာနတ်သီး
    ဒုတိယ ဆိုင်ကယ်စီးတာ
    တတိယ သနပ်ခါးသွေးတာ မှန်တယ်မဟုတ်လားဗျာ။

  • Gong Zhu

    September 16, 2010 at 5:27 pm

    တတိယကဟာက နွားနို့ မလား ဘယ်မှာလဲမသိဘူး မြင်ဖူးသလိုလိုပဲ

Leave a Reply