အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၆)

ခုတလော ခွေးရူးပြန်ရောဂါက အက်ဂရာကို ခြိမ်းခြောက်နေတာ။ ကလေးတော်တော်များများ

ခွေးရူးကိုက်ခံရလို့ သေသွားတယ်တဲ့။ ကျန်းမာရေးဌာနကတော့ သတိပြုဖို့၊ ကြိုတင်ကာကွယ်ရမယ့်

အဆင့်တွေလုပ်ဖို့ ကို ကြေညာချက်ထုတ်ပြန်ထားတယ်။ ကျွန်တော်လည်း ရှန်ကာကို သတိပေး

ထားရတယ်။

“ဟေ့ကောင်..အပြင်ထွက်ရင် သတိထားနော်..ဘယ်ခွေးနားမှ သွားမကပ်နဲ့..နားလည်လား..”

ရှန်ကာ က ခေါင်းညိတ်ပြတယ်။

 

**********************

 

ဒီတစ်ခါတော့ ဖိနပ်ချုပ်သမား ဘီဟာရီ အလှည့်ပေါ့။ ဒီမှာ ကျွန်တော့်ဆီက ပိုက်ဆံတစ်ခါမှ

မချေးဘူးတာ သူပဲရှိတယ်။ ခုထိပေါ့။

“ရာဂျူးရေ..ငါ့ကလေး နန်ဟေး နေမကောင်းလို့ ဒေါက်တာ အက်ဂါဝယ် ဆေးခန်းကို

သွားပြတော့…ဆေးမြန်မြန်ဝယ်သောက်ဖို့ညွှန်းလိုက်တယ်ကွာ..ဆေးက နည်းနည်း ဈေးကြီးတယ်

…လေးရာလောက်တော့ မရမက ရှာကြံရဦးမယ်..မင်း ငါ့ကိုပိုက်ဆံ ချေးပါဦးကွာ..တောင်းပန်ပါတယ်..”

ကျွန်တော့်လက်ထဲ နှစ်ရာပဲ ရှိတယ်။ ပြန်ရမှာလဲ မဟုတ်..လောလောဆယ်လည်း သူ ဆေး

ဝယ်နိုင်သေးမှာမဟုတ်ပေမယ့် ကျွန်တော်ပေးလိုက်ပါတယ်။ နှစ်ရက်ကြာတော့ ခြောက်နှစ်ပဲရှိသေး

တဲ့ နန်ဟေးလေးဟာ အဲဒီဆေးခန်းမှာပဲ သေရှာပါရောလား။

 

အဲဒီညနေမှာ ဘီဟာရီ က အဝတ်ဖြူပတ်ထားတဲ့ သူ့သားအလောင်းကို ပွေ့ပြီး တန်းလျားအိမ်

ကို ပြန်လာတယ်။ တော်တော်မူးလာပုံပဲ။သူ့သားအလောင်းကို တန်းလျားဆောင်တွေရှေ့က ဘုံ

ဘိုင်ခေါင်း နားချလိုက်တယ်။ အားလုံးကိုအော်ခေါ်ပြီး ဗလုံးဗထွေးနဲ့ နန်းစတော့ပ် ဆဲပါလေရော။

ဘယ်သူ့ကိုရယ်မှ တိတိကျကျ ဆဲတာ မဟုတ်ပေမယ့် အားလုံးပါရော ဆိုတာမျိုး။ သူတို့ကို အလုပ်

အကျွေးပြုရတဲ့ လူဆင်းရဲတွေကို သောက်ဂရုမစိုက်တဲ့အိမ်ကြီးအိမ်ကောင်းပေါ်က လူချမ်းသာတွေကို

သူ ဆဲတယ်။ လူနာတွေဆီက ငွေပဲညှစ်ယူချင်နေတဲ့ ချမ်းသာတဲ့ ဆရာဝန်တွေကို သူ ဆဲတယ်။ စာရွက်

တွေပေါ်မှာပဲ ကတိတွေပေးတဲ့ အစိုးရကို သူ ဆဲတယ်။ သူဆဲတာကို ဘာမှပြန်မပြောဘဲ ပါးစပ်ပိတ်နေ

တဲ့ ကျွန်တော်တို့အားလုံးကို သူ ဆဲတယ်။ သူ့ကလေးတွေ မွေးလာတာ ကို ကျိန်ဆဲတယ်။ ခုထိ

မသေနိုင်သေးတဲ့ သူ့ကိုယ်သူဆဲတယ်။ မတရားတဲ့..မမျှတတဲ့ လောကကြီးကို ဖန်ဆင်းတဲ့ ဘုရားသခင်

ကို သူ ဆဲတယ်။ ကမ႓ာကြီးတစ်ခုလုံးကို သူ ဆဲတယ်။ နောက်.. တဂျ်မဟာ..ဧကရာဇ် ရှားဂျဟန်…

သူ့အခန်းအပြင်က မီးလုံးတောင် မလွတ်ဘူး..ဆဲတာ။ ပြီးတော့ ဘုံဘိုင်းခေါင်း ဘက်လှည့်သွားတယ်။

“စောက် ဘုံဘိုင်ခေါင်း..တို့ရေလိုရင်မလာဘူး..တစ်စက် နှစ်စက်တောင်မလာဘူး..ဟော..

ငါ့သားလေးလည်းလာရော..အမလေး ..သဘောတွေကောင်းပြီး နှစ်နာရီလောက် လာလိုက်တာလေ..

ဟိုစောက်ကလေးကလည်း ဘုံဘိုင်ခေါင်းအောက်မှာဆော့..နမိုးနီးယားဖြစ်ပါလေရောလား..အဲဒါ

နင့်ကြောင့်ဟဲ့..စောက်ဘုံဘိုင်ခေါင်းစုတ်..အမြစ်ကကျွတ်ပြီး ငရဲပြည်မှာ သံချေးတက်ပါစေ..ကိုင်း

ဟာ..ကိုင်းဟာ..”

ဘုံဘိုင်ခေါင်းကို ခြေထောက်နဲ့ ကန်ပြီး သူလဲသွားတယ်။ကလေးအလောင်းဘေး သူလဲသွားတော့..

သူ့စိတ်က မချိရှာဘူးနဲ့တူပါတယ်။ သူ့သား အလောင်းကို ပွေ့ပြီး စငိုပါတော့တယ်။ မျက်ရည်တွေ

ခမ်းပြီး သူ့အသံတွေဝင်သွားတဲ့အထိ ငိုနေရှာတော့တယ်။

 

ကျွန်တော်လည်း အိပ်ယာထဲလှဲနေရင်း ဘဝရဲ့ မညီညွတ် မမျှတ တာတွေကို တွေးနေမိတယ်။

နန်ဟေးလေးတစ်ယောက် ဝင်းထဲမှာ ပြေးလွှားဆော့ကစားနေတာ ပြန်မြင်ယောင်လာတယ်။

ကျွန်တော်ငိုချင်တယ်။ မျက်ရည်ကျလို့မရဘူး။ အလောင်းတွေ မြင်ဖူးပေါင်း များခဲ့ပါသကောလေ။

အဲဒါနဲ့ စောင်ကို မျက်နှာပေါ်ဆွဲခြုံပြီး အိပ်ပစ်လိုက်တော့တယ်။ အိပ်မက်ထဲမှာ တဂျ်မဟာက အညို

ညက်ညက်။ အမိုးခုံး က လည်း ညိုညို။တစ်ခုတည်းတောင် မဟုတ်ဘူး..။အရွယ်တူ အမိုးခုံးညိုညို

က နှစ်ခုတောင်ပဲ။

 

*******************

 

တစ်ပတ်လောက်ကြာတော့ နီတာ့ဆီကို နောက်တစ်ခေါက် ကျွန်တော် ထပ်သွားတယ်။

သူ့ခေါင်း ရှရမ်ကို ရူးပီးသုံးရာပေးရတာပေါ့။သူ့ရဲ့ညစ်တီးညစ်စုတ် အိပ်ယာပေါ်မှာ သူနဲ့ ချစ်တင်းနှော..

သူ့ရဲ့ ညစ်တီးညစ်စုတ် စကားတွေ နားထောင်။ ချစ်တင်းနှောအပြီးမှာ သူ့ကို ကျွန်တော် မေးတယ်။

“ဒီ အလုပ် ကို သဘောကျလို့လား..”

“ဘာလို့လဲ…ဘာဖြစ်နေလို့လဲ..ဒါက တခြားအလုပ်တွေလို အသက်မွေးဝမ်းကြောင်း အလုပ်ပဲလေ..”

“အေးပါ..မင်း သဘောကျလားလို့..”

“အင်း..ကျတယ်..သူစိမ်းတွေနဲ့ အိပ်ရတာ ကျွန်မ သိပ်သဘောကျပေါ့ရှင်..ရှင့်လိုလူမျိုးပေါ့..ပိုက်ဆံ

လည်း အိမ်ကို ပြန်  ထောက်ပံ့နိုင်တယ်..သောကြာနေ့တိုင်း ရုပ်ရှင် ကားသစ်သွားကြည့်နိုင်တယ်..ကဲ..

ကျွန်မလို မိန်းကလေးအတွက်ဘာများ ထပ်ပြီး လိုချင်သေးသတုန်း”

 

သမင်မျက်လုံးလို ကြည်လင်ရွှန်းလဲ့တဲ့ သူ့မျက်လုံးတွေထဲ ကျွန်တော်စိုက်ကြည့်ရင်း သူညာနေ

တယ်ဆိုတာ ရိပ်မိတယ်။ သူလည်း သူကျရာအခန်းက သရုပ်ဆောင်နေတဲ့ မင်းသမီးတစ်ယောက်ပါပဲ။

နီးလိမာ ကုမ္မာရီလို ဆုတွေ မရတာ တစ်ခုပဲ ကွာတယ်။

နီတာ့ကို ကြည့်ရတာ ပိုပြီး လျှို့ဝှက်ဆန်းကြယ်လာလေလေ ကျွန်တော်ကလည်း သူ့အကြောင်း

ပိုသိချင်လာလေလေပဲ။ ကျွန်တော့်ဘဝမှာတစ်ခါမှ မကြုံဘူး..မခံစားဘူးသေးတဲ့..တခြားဘာနဲ့မှမတူတဲ့

မွတ်သိပ်မှုတစ်မျိုးကို နိုးကြားအောင် သူ နှိုးဆွပေးခဲ့တာ။ သူ့ခန္ဓာကိုယ်ကို ကျွန်တော်ရကောင်းရမယ်..

သူ့စိတ်ထဲတော့ ကျွန်တော်မရောက်သေးတာပဲ။ ကျွန်တော် သူ့စိတ်ထဲ ဝင်ကြည့်ချင်တယ်။ တဂျ်မဟာ

ပိတ်တဲ့ တနင်္လာနေ့တိုင်း သူ့ဆီ ကျွန်တော်သွားတယ်။ လေးခါ ..ငါးခါလောက် သူ့ဆီရောက်ပြီးတဲ့

နောက်မှာ သူငြင်းကွယ်တားဆီးနေတာတွေကို ကျွန်တော် ဖြိုချနိုင်ခဲ့ပါရော။

 

သူ့ဘဝအကြောင်း သူပြောပြပါတော့တယ်။ သူက မက်ဒရာ ပရာဒက်ရှ် ပြည်နယ်ထဲက ဘင်းန်

နယ်ပိုင်းမှာရှိတဲ့ ဘဒ်ဒီယာ မျိုးနွယ်စုဝင်မိန်းကလေးတစ်ယောက်ပါတဲ့။ မိဘနှစ်ပါးစလုံး ရှိသေးတယ်။

အစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်လည်း ရှိသေးသတဲ့။ သူ့ညီမကတော့ အိမ်ထောင်ကျပြီး

ပျော်ပျော်ရွှင်ရွှင် ရှိပါတယ်တဲ့။ သူတို့ မျိုးနွယ်စုမှာ ထူးဆန်းတဲ့ဓလေ့ ထုံးစံတစ်ခု ရှိတယ်။ အဲဒါ

ကတော့ အိမ်ထောင်စုတစ်ခုစီက မိန်းကလေးတစ်ယောက်ဟာတော့ဖြင့် ပြည့်တန်ဆာလုပ်ပြီး

ကိုယ့်မိသားစုကို ထောက်ပံ့ရပါသတဲ့။ မိန်းကလေးမရှိတဲ့ အိမ်ထောင်စု ဆိုရင်တော့ မသိ

ဘူး။ အဲဒီလိုမိန်းကလေးကို ဘဒ်နီ လို့ခေါ်တယ်တဲ့။ အဲဒီမိန်းကလေးဟာ ခန္ဓာကိုယ်နဲ့ရင်းလို့

မိသားစုကိုထောက်ပံ့နေတဲ့ အချိန်မှာ ယောက်ျားသားများကတော့ အရက်ကလေး တမြမြ၊

ဖဲ ကလေး ချ လို့ပေါ့လေတဲ့။

“ဒါ့ကြောင့် မိန်းကလေးမွေးတဲ့အခါမျိုးမှာ အလှူပွဲလေးဘာလေး လုပ်တတ်ကြတာ။ နာရေး..

မဟုတ်ဘူးရှင့်..သာတဲ့အရေးမို့လို့..ယောက်ျားလေးတွေလား..ဟွန်း..ဆန်ကုန်မြေလေးတွေ။

ကျွန်မတို့ ရွာက ဘဒ်နီ မလေးတွေဆောင်ကြာမြိုင်တွေ၊ ကားဂိတ်တွေ၊ ဟော်တယ်တွေ၊

လမ်းဘေး စားသောက်ဆိုင်တွေမှာ တွေ့နိုင်ပါသကော..ဪ..အကုန်လုံးက အသွေး

အသားနဲ့ စီးပွားရှာနေကြသူချည်းပဲပေါ့”

 

“ဒါနဲ့ ဘာဖြစ်လို့ မင်းကို မင်းအမေက ရွေးခဲ့တာလဲ..မင်းညီမလေး သူရွေးနိုင်သေးတာပဲ..”

 

နီတာက အသက်မပါဘဲ တစ်ချက်ရီလိုက်တယ်။

 

“ကျွန်မအလှ က ကျွန်မကို ဒုက္ခပေးတော့တာကိုး..အမေ့မှာက သူ့သမီးနှစ်ယောက်ကို ဘယ်သူကဖြင့် လင်ယူ..

ဘယ်သူက ဟိုဒင်း လုပ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လေ..သူ ကျွန်မကို ဘဒ်နီ လုပ်ဖို့ရွေးခဲ့တယ်.. အင်း..ကျွန်မ

ညီမလို ရွက်ကြမ်းရေကျိုလောက်ဆိုရင်တော့ ဒီနေရာ ရောက်ချင်မှ ရောက်မှာပေါ့လေ..ကျောင်းတက်၊ အိမ်

ထောင်ကျ၊ ကလေးတွေမွေး..အဲဒီလိုနေရမှာ..ခုတော့ ကျွန်မက ဒီ..ဒီ..ဖာခန်း ကိုရောက်နေရတယ်…အလှ

အတွက် ပေးဆပ်ရတာပဲ..ရှင်သိလား..ကျွန်မကို အလှလေးလို့ မခေါ်ပါနဲ့…”

 

“ဘယ်လောက်ကြာပြီတုန်း..ဟိုဒင်း..”

 

“အပျိုဖော်စဝင်ကတည်းကပဲဆိုပါတော့..နာသ်နီ ဥသနာ ဆိုတာ နှာခေါင်းက ကွင်းလေးကို

ချွတ်တဲ့ အခမ်းအနား၊ဆာဒါက်ခ်ဝါနာ ဆိုတာ ခေါင်းခြုံကလေး ဖယ်တဲ့ အခမ်းအနား..အဲဒါတွေပြီးတော့

မိန်းမတစ်ယောက်အဖြစ်အရွယ်ရောက်ပြီလို့ဆိုတာပဲ..အင်း…အသက်မှ ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်…

အပျိုစင်ဘဝကိုတော့ လေလံတင်ပြီး ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူရတယ်..နောက်ဆုံး..ဒီ နေရာမှာ

ရောင်းစားခံရတော့တာပါပဲ..”

 

“ဒီအလုပ်ကထွက်ပြီး..ထွက်ချင်စိတ်ရှိရင်ပေါ့လေ..အိမ်ထောင်ပြုလို့ မရဘူးလား..”

 

“အဟား..ဘယ်သူက ဖာသည် နဲ့ အတည်တကျ ယူမလဲ…ကျွန်မတို့က ခန္ဓာကိုယ် ချုံးချုံးကျတဲ့အထိ..

ဒါမှမဟုတ်ရောဂါရပြီး သေတဲ့အထိ လုပ်ရဦးမှာ..အဲဒီနှစ်ခုကလည်း မကြာပါဘူး..”

 

ကျွန်တော် ဝမ်းနည်းသွားတယ်။ ကျွန်တော့် အသံက တုန်ခါပြီး မျက်လုံးက မျက်ရည်တဝဲဝဲ

ဖြစ်လာတယ်။

 

“ငါသိတယ်…တစ်နေ့မှာ.. မင်း..မင်းအတွက် မင်းသားလေးတစ်ယောက်တော့ ရှာတွေ့မှာ..သိလား..”

 

အဲဒီနေ့က ကျွန်တော့်ဆီက ဘာအပိုကြေးမှ သူလက်မခံခဲ့ဘူး။

 

********************

 

နောက်မှ နီတာနဲ့ ကျွန်တော် ပြောခဲ့တာတွေ ပြန်စဉ်းစားရင်း ဘာကြောင့်သူ့ကိုလိမ်ခဲ့သလဲ

ဆိုတာ ကျွန်တော်တွေးနေမိတယ်။ သူ့ကိုတခြားယောက်ျားတစ်ယောက် ရှာမတွေ့သွားစေ

ချင်ပါဘူး။ ကျွန်တော်ကိုယ်ကျွန်တော်တောင် မသိလိုက်သေးခင်မှာပဲ..ဟား…ကျွန်တော်သူ့ကို

ချစ်ခဲ့မိသွားပါရောလား..။

 

အချစ်ဆိုတာ ကျွန်တော်ကြည့်ခဲ့ဖူးတဲ့ ဟိန္ဒူရုပ်ရှင်တွေထဲကလိုပဲလို့ ကျွန်တော် တွေးခဲ့

မိတာ။ ရုပ်ရှင်တွေထဲမှာဆို မင်းသားနဲ့ မင်းသမီးက အကြည့်ချင်းဆုံ..ရင်တွေခုန်..ကတုန်က

ရင်တွေဖြစ်။ နောက် ဆွစ်ဇာလန်က ရွာတွေထဲမှာ..အမေရိက က ရှော့ပင်းမော တွေထဲမှာ

ကကြ ခုန်ကြသီချင်းတွေ ဆိုကြ..ဒီလို။ ကျွန်တော်လည်း ဒီလို ဖြစ်ခဲ့ဘူးတယ်လေ။ ရထားပေါ်

မှာတုန်းက အပြာရောင် ဆယ်ဝါ ခါမိဇ် အကျႋင်္နဲ့ ကောင်မလေးကို သဘောကျပြီး ကြိုက်မိခဲ့သေး

တာကိုး။ ဒါပေမယ့် တကယ့်အချစ်က ခုမှ ကျွန်တော့်ဆီလာတာ..။အက်ဂရာ မှာ ဆောင်း

ဦးပေါက်တဲ့အချိန်ပေါ့။ တကယ့်ဘဝဆိုတာ ရုပ်ရှင်တွေထဲကနဲ့ အင်မတန်ကွာခြားတယ်ဆို

တာ ကျွန်တော်သဘောပေါက်လာတယ်။ အချစ်ဆိုတာ ဖျိုးခနဲ ဖျတ်ခနဲ ဖြစ်တာမျိုး မဟုတ်

ဘူး။ ကိုယ့်အပေါ်ကို တဖြည်းဖြည်း ကုပ်ဝင်တွယ်တက်လာပြီးတော့ ကိုယ့်ဘဝကို ပြောင်းပြန်

လှန်ပစ်လိုက်သလိုမျိုး။ နိုးနေတဲ့အချိန်မှာ စိတ်ကူးတွေ၊အိပ်နေတဲ့ အချိန်မှာ မှာ အိပ်မက်တွေ

နဲ့ အရောင်စုံ ဖြည့်ဆည်းပေးနိုင်တာ။ လေထဲမှာ လွင့်မျောရသလို..ဘဝကို အလင်းအရိပ်အစုံနဲ့

ထူးထူးခြားခြား အံ့မခန်း မြင်တွေ့လာရသလို..။ ချိုမြိန်တဲ့ ဝေဒနာ နဲ့ တိမ်းမူး တပ်မက်ဖွယ်ကောင်း

တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လည်း အချစ်က ယူဆောင်လာလိမ့်မယ်။

ကျွန်တော်တော့ ဒိန်းတလိန်းနတ်ဖမ်းစားခံရပြီး အချစ်ဖျားတွေ တက်နေပါရော့လားဗျာ။

အင်မတန် ဆန်းကြယ်သကိုး..။ သူကျွန်တော့်ဘဝထဲ စပြီးတော့ ရောက်လာပုံကလည်း ပုံမှန်မ

ဟုတ်တဲ့ နေရာ..ပုံမှန်မဟုတ်တဲ့အချိန်မျိုး။ မင်းသမီးက ဟိုဒင်း..မင်းသားနဲ့ ဟိုနေရာမှ တွေ့ကြ

သတဲ့ ဆိုတာဘယ့်နှယ်လုပ် ရိုးမန့်စ် ဖြစ်မလဲနော..။ ကျွန်တော်သူ့ကို အမြဲသတိရနေမိတယ်။

သူ ကျွန်တော့်စိတ်ကို ဘယ်လောက်တောင် ဖမ်းစားသလဲဆိုတာကျွန်တော်ပြောပြဦးမယ်။

အသက်ရှစ်ဆယ်လောက် အိုကြီးအိုမ ခရီးသွား အဘွားကြီးမျက်နှာကိုကြည့်ရင်း နီတာ့

မျက်နှာလေးကို မြင်ယောင်နေမိတယ်။ အဘွားကြီးကတော့ ဒီ ဂိုက် ငနဲလေးဟာ ဘယ့်နှယ်ဖြစ်

ပါလိမ့်လို့ တွေးနေလိမ့်မယ်။ နံစော်နေတဲ့ အိမ်သာထဲ ထိုင်ရင်း သူ့ဆံပင်က အနံ့သင်းသင်းလေးတွေ

ကို သတိရနေမိတယ်။ ဈေးထဲမှာ အာလူးတွေ ခရမ်းသီးတွေ ဝယ်ရင်း သူနဲ့ ချစ်တင်းနှောတာ

သတိရပြီး ကြက်သီးတွေတောင်ထလို့။ ကျွန်တော့်နှလုံးသားထဲ၊ အသည်းထဲမှာ သူဟာ

ကျွန်တော့်မင်းသမီးလေး ဆိုတာ ကျွန်တော်သိခဲ့ပါပြီ။ တစ်နေ့မှာ သူ့ကို ကျွန်တော်လက်

ထပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ အမြဲတောက်လောင်လာပါတော့တယ်။ သူ သဘောတူ

မတူ ဆိုတာတွေးရင်း ကျွန်တော် ပူပန်ကြောင့်ကြနေမိ ပါသကော..။

 

******************

12 comments

  • မောင် ပေ

    July 2, 2013 at 4:16 pm

    ဒီတစ်ပိုင်းကတော့
    ဖာသည်မ တစ်ယောက်ကို အတည် ပေါင်းသင်းဖို ့ကြံစည်နေပြီ ဖြစ်တဲ့
    မင်းသား ရဲ ့ အခန်းပေါ့နော

  • padonmar

    July 2, 2013 at 11:24 pm

    မောင်ဘလှိုင်ရေ
    တွေ့ဆုံပွဲလာပါလား။
    အထူးအစီအစဉ်ရှိပါတယ်။
    ဖိတ်စာဝေနေပါတယ်။

    • မောင်ဘလိူင်

      July 4, 2013 at 11:33 am

      လာနိုင်အောင် ကြိုးစားပါ့မယ်..အန်တီ ပဒုမ္မာရေ..
      နီးမှဘဲ ထပ်ပြီး ပြောပါဦးမယ်ခင်ဗျာ..

  • Ma Ma

    July 3, 2013 at 7:13 am

    သူ့နေရာနဲ့သူ ဓလေ့ထုံစံတွေ ထူးခြားဆန်းပြားတာတွေ ကမာ္ဘကြီးထဲမှာ အများကြီးပဲနော်။

    အပိုင်းတိုင်း အပိုင်းတိုင်းမှာ စာဖတ်သူကို ရသတစ်မျိုးစီနဲ့ ဆွဲခေါ်သွားနိုင်ပါပေတယ်။

    ဒါ့ထက် ခုလာမယ့် ဂျူလိုင် ၂၁ မှာ ရွာသူားတွေရဲ့ တွေ့ဆုံပွဲလုပ်မှာမို့ ရွာထဲက ရှားရှားပါးပါး ဘာသာပြန်ဆရာကြီး မောင်ဘလှိုင်ကို ဖိတ်ခေါ်ချင်ပါတယ်။

    ဖြစ်နိုင်ရင် အချိန်ပေးပြီး တက်ရောက်စေချင်ပါတယ်။ 🙂

    • Ma Ma

      July 4, 2013 at 7:38 am

      (အားလုံးကိုအော်ခေါ်ပြီး ဗလုံးဗထွေးနဲ့ နန်းစတော့ပ် ဆဲပါလေရော။)
      စိတ်ခံစားမှုဖွင့်ချပုံကို ပီပြင်အောင် တိုတိုတုတ်တုတ်နဲ့ တင်ပြပုံက အားကျအတုခိုးလောက်ပါပေတယ်။
      (စာဖတ်ပြီး ရေးချင်ပြောချင်တာတွေက များပြီး ကျန်ခဲ့လို့ ထပ်မန့်လိုက်တာ။) :mrgreen:

  • အလင်း ဆက်

    July 3, 2013 at 9:11 pm

    တစ်နေ့မှာ သူ့ကို ကျွန်တော်လက်

    ထပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ အမြဲတောက်လောင်လာပါတော့တယ် ။

    —————
    စကားလုံး သုံးစွဲပုံလေးတွေကို… အားကျ ငေးမော ရင်းးး
    ခံစားသွားပါကြောင်းးးး

    • မောင်ဘလိူင်

      July 4, 2013 at 11:36 am

      ကိုအလင်းဆက်ရေ..မူရင်းစာရေးဆရာ ရဲ့ အာဘော်အတိုင်း၊
      သူ့စကားလုံးအတိုင်း သုံးလိုက်တာပါဗျာ.. 🙂

  • ဗုံဗုံ

    July 4, 2013 at 12:08 pm

    ဖတ်လို့ကောင်းလို့ အရင်က အပိုင်းလေးတွေပါ လို်က်ဖတ်ကြည့်တယ်… ညက်မှန်ပါဝါတိုးလိုက်ရတယ်.. :mrgreen:

  • ဘဘကြီး ဘလှိုင်ရဲ့ …
    ဒီ … “အခြေအနေမဲ့ သန်းကြွယ်သူဌေး” များကို
    စုစည်းပေးချင်ပါတယ် ….။
    ဘယ်သို့ဘယ်ပုံ ဆိုတာ ကျုပ်ကို နည်းနည်း အကြောင်းပြန်စေချင်ပါတယ် …။

    ခင်မင် လေးစားစွာဖြင့်
    မဟာရာဇာ အံစာတုံး

Leave a Reply