မင်းစိတ်ကြိုက်

Yan Nyein ThuJuly 15, 20131min13715

 

ငါ့အတွက်ဆို အမြဲ busy

Facebook မှာဆို အမြဲ ready

တစ်စောင်ပီးတစ်စောင် တက်နေခဲ့တဲ့ မင်းရဲ့ comment

တစ်ယောက်ပြီးတစ်ယောက် accept လုပ်နေတာက boy friend သက်သက်

သဝန်တိုမိတာကိုက ငါ့ရဲ့အမှား

မင်းလိုချင်တဲ့လွတ်လပ်မှုကို ချုပ်ချယ်သလိုများ ဖြစ်နေသလား

ပြောသမျှစကားများ ရစ်တယ်လို့ပဲ ထင်နေပြီလား

မင်းပြောခဲ့တာက ငါ့ကိုအရမ်းချစ် ငါခံစားရတာက ပိုးစိုးပက်စက်

ငါ့ရင်ထဲမှာ ဘယ်လောက်နာကျင်ပါစေ

မင်းကိုချစ်တဲ့အချစ် တစ်ရွေးသားမှ လျော့ပါးမသွားပေ

မီးခိုးငွေ့တွေ ဆက်တိုက်လွင့်နေ ငါ့ရဲ့နာကျင်မှုတွေ လွင့်ပါသွားစေ

မင်းပြောသမျှစကားအကုန် ငါ့မျက်စိမှိတ်ပြီး ဇွတ်ယုံ

မင်းလုပ်တဲ့အရာမှန်သမျှ လက်ခံပေးပါမယ်ဗျ….

 

စိတ်ကြိုက်သာလုပ်ပါ ချစ်သူရယ် ဘဝတစ်ခုလုံး ပုံအောပေးခဲ့ပါပြီကွယ်

စိတ်ကြိုက်သာလုပ်ပါ ချစ်သူရယ် ရင်တစ်ခုလုံး ရင်းခဲ့ပြီးပါပြီကွယ်

စိတ်ကြိုက်သာလုပ်ပါ ချစ်သူရယ် အရာအားလုံးမင်းသဘောပါပဲကွယ်…..

 

ရန်ငြိမ်းသူ

15 comments

  • သူကလေး

    July 15, 2013 at 5:20 pm

    မဟုတ်ပါဘူး မလုပ်ပါဘူး မင်းထင်သလိုမယုတ်မာဘူး 😀

    • Inz@ghi

      July 16, 2013 at 12:19 pm

      ဟုတ်ပါတယ် လုပ်ပါတယ် မင်းထင်တဲ့အတိုင်းငါ ယုတ်မာတယ်..
      ဟုတ်တာတခုငါ ထုတ်ကာပြောမယ် ..လူတကာနဲ့လည်း ရှုပ်ပါတယ်..ဟီဟိ။။။

      • သူကလေး

        July 17, 2013 at 12:13 pm

        အွန် တေရော 🙁

  • အလင်း ဆက်

    July 15, 2013 at 5:24 pm

    စိတ်ကြိုက်သာ ရေးပါ ကဗျာဆရာရယ်
    ခံစား အားပေးဖို ့အဆင်သင့်ပါ
    စိတ်ကြိုက်သာ ရေးပါကွယ်
    ကဗျာပြခန်းကလည်း ကြိုဆိုလျက်ပါ

    😆

    • TNA

      July 15, 2013 at 9:26 pm

      ဒမြတို့ချောင်းနေပါတီ။ ဟီဟိ

        • သူကလေး

          July 17, 2013 at 12:13 pm

          ရတောင်ပြီးပြီမဟုတ်လား။ ဟွင်း ဟွင်း

  • uncle gyi

    July 15, 2013 at 10:58 pm

    အပြောတလုံးမိုးတလုံး
    နာမည်လေးတခုတော့ပေးလိုက်ချင်ပါတယ်
    မျက်ကန်းအချစ်

  • kyeemite

    July 16, 2013 at 11:02 am

    ကဗျာလေးနဲ့ ရင်ဖွင့်ပြီးဝင်လာသူကို ကြိုဆိုပါတယ်ဗျာ.. 😆

  • Garfield

    July 16, 2013 at 11:18 am

    ရန်ငြိမ်းသူ ???

    ဒီနာမည် ကြားဖူးနေသလိုပဲ။ 🙂

    • သူကလေး

      July 17, 2013 at 12:14 pm

      ဖွပီ ဖွပီ 😀

  • candle .

    July 16, 2013 at 12:54 pm

    ငါ ဘယ်လောက်ဘဲ ရည်းစား များများ
    အချိန်တန်ရင် နင့်ကိုဘဲ လက်ထပ်မယ်ဆိုတာ နင်မှတ်ထား
    ဘာမှလာမပြောနဲ ့..ဟီး..ဖွဘုတ်မှာတွေ ့ဖတ်ထားတာ…:P

  • နာတော့ rap လိုပဲ လိုက်ဆိုကြည့်မိတယ်…မိုက်ဒလယ်ဟ….
    နာလည်း rap ဆန်ဆန် တစ်ပုဒ်လောက် ရေးကြည့်မလားလို့… 🙂

  • မင်းမင်း

    July 16, 2013 at 4:29 pm

    ချစ်သူ ရေ …………………

    ငါ မှားးးးး တာ ရှိ ရင်

    တောင်းးးးး ပန်တယ်…………………

    နင် မှားးးးးးးး တာ ရှိ ရင်








    ဆောင့် ကန် မယ် ;mrgreen:

    ဟီး ဘေးက ကောင် ပြောတာကြားဖူးးးးးတာ 😆

Leave a Reply