ဒီနေ့ မွေးနေ ့ရှင် လေးလေးပေါက် အတွက်. . . .

alinsettJuly 3, 20131min31835

ဒီနေ ့

 

ကျွန်တော်တို ့  ချစ်သော

 

ရွာသားကြီးတစ်ယောက် ဖြစ်တဲ့

 

လေးပေါက် ရဲ ့ မွေးနေ ့မင်္ဂလာပါ ။

Happy  Birthday   ပါ လေးလေး ရေ ။

ကျွန်တော်တို ့တိုင်းပြည် ထဲက အလှတရားနဲ့ အရှိတရားတွေကို

ပုံရိပ်အလှ စာသားအလှတွေ နဲ့ ရှာဖွေ ဖော်ထုတ် ပေးနေသော

အလှတရားတွေကို လက်ဆောင်အဖြစ် ဖန်တီးပေးအပ်နေသော

လေးလေးပေါက်  ယနေ့ကျရောက်သော  မွေးနေ့မှသည် နောင်နှစ် ပေါင်းများးးစွာ

 

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာ

အေးချမ်းပြည့်စုံပါစေ  လို ့ဆုမွန်ကောင်း တောင်း လိုက်ပါတယ်  လေးပေါက်ရေ

 

ဆက်လက်ပြီး လည်း  မြန်မာပြည်မှ အလှတရားတွေ

အရှိတရားတွေနဲ့

လေးပေါက် လက်ဆောင် အတွေး တွေ ကို  ကျွန်တော်တို ့အတွက်  လက်ဆောင် ပေးနေပါဦးနော်  ။

လေးစားစွာဖြင့်

 

အလင်းဆက်

 

၃ . ရ . ၂၀၁၃

 

 

35 comments

  • Mon Kit

    July 3, 2013 at 12:00 pm

    ” Happy Birthday ” လေးပေါက် ရှင့်…
    မွေးနေ့ရှင် လေးပေါက် နှင့် တကွ မိသားစု အားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျမ်းမာပြီး ၊ ဒီရေအလား စီးပွားတိုးတက်ကြပါစေ။ လေးပေါက် ဆက်လက်ပြီး ဂဇတ်ရွာသူ/သားများနှင့်တကွ ပရိတ်သတ် အားလုံးအတွက် ဆက်လက် လက်ဆော့ နိုင်ပါစေ လို့.. ဆုတောင်းပေးလိုက်ပါတယ်ရှင့်..

  • Shwe Ei

    July 3, 2013 at 12:11 pm

    မွေးနေ့မှာပျော်ရွှင်ပါစေ…….

    တွေ့ဆုံပွဲလဲ လာနိုင်ပါစေ…..လေးပေါက်ရေ…

  • မောင် ပေ

    July 3, 2013 at 12:29 pm

    လေးပေါက်
    ခွေးကြောက်
    ပြေးနောက်
    ဆေးသောက်
    အေးမှောက်
    ဘေးရောက်
    *******
    ဟက်ပီဘက်ဒေးပါ

  • အလင်း ဆက်

    July 3, 2013 at 12:40 pm

    ကပျာကယာလေး တင်လိုက်ရတော့

    ဝေဝေဆာဆာ မလုပ်လိုက်နိုင်ဘူးဗျ ။

    😆

  • ဗုံဗုံ

    July 3, 2013 at 12:40 pm

    Happy Birthday Daddy
    Happy Birthday Daddy
    ပျော်ရွှင်စရာ ယနေ့မွေးနေ့မှသည်
    နောင်နှစ်များစွာတိုင်တိုင်
    နဖူးပြောင်အောင် လက်ဆော့နိုင်ပါစေ

    ချစ်သမီး မိဗုံ…. :mrgreen: :mrgreen:

  • KZ

    July 3, 2013 at 1:33 pm

    ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ လေးပေါက်။ 🙂

  • စနေ

    July 3, 2013 at 2:02 pm

    မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်နိုင်ပါစေ လေးပေါက် …… 🙂

  • ဟက်ပီးဘက်ဒဒေးဘာ ဖေပေါက်ဂျီးရေ …
    မွေးနေ့မှစ ကျန်းမာချမ်းသာစွာနဲ့ ဓါတ်ပုံတွေ အားဂျီး ရိုက်နိုင်ဘာစေလို့ ..
    လောလောဆယ် ကျိရဒါ …
    မွေးနေ့ရှင်က သိပုံတောင် ပေါက်သေးဝူးးး :mrgreen:

  • သူကလေး

    July 3, 2013 at 2:41 pm

    အို … ဘိုဖစ်ဖစ် .. လေးပေါက်ရေ့
    သူကလေးကအရင်ဦးဆုံး ဖုန်းဆက်ပြီး ဆုတောင်းပေးတာနော့်
    အဲ့ အလက်ဆင်းဆိုတဲ့တျောက်က သူကလေးဖုန်းဆက်ပီး သေချာမှပို့စ်တင်တာ
    အဟိ .. ဖွခဲ့ပြီ

  • kai

    July 3, 2013 at 3:06 pm

    ဘယ်နှနှစ်ပြည့်တာလည်းဟင်င်င.်..
    ဘာပဲဖြစ်ဖြစ်လေ…

    စာနဲ့ပေနဲ့ဘဝခရီးလျှောက်လို့ရနေပြီမို့… အသက်ရှည်မှာပါ..
    အနာပါမဲ့စေကြောင်း…။

    • အလင်း ဆက်

      July 3, 2013 at 3:29 pm

      အဟိ
      လေးပေါက်က
      မင်းသား မင်းသမီးတွေလို
      အသက် မ ပြောပဲ မွေးနေ ့တော့ မလုပ်လောက်ပါဘူး
      ခိခိ ခိခိ

      • ခင် ခ

        July 3, 2013 at 3:42 pm

        ကိုပေါက် အရွယ်သိချင်ကြတယ်ပေါ့။
        ကိုပေါက် ကိုပေါက် လို့ခေါ်နေတာ ကိုပေါက်က တစ်ခါလည် ဘဲရှိသေးတာ။(ချောင်းသာကို တစ်ခါလည် ပြီးပြန်လာတာပါ)
        ဆရာပေါက် နဲ့ မဒမ်ပေါက် အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။

  • Ma Ma

    July 3, 2013 at 3:20 pm

    မွေးနေ့ရှင် ကိုပေါက်တစ်ယောက် အဲ- မဒမ်ပေါက်နဲ့ ၂ယောက်
    စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒပြည့်ဝနိုင်ပါစေ။ 🙂

  • ဟယ် ကြည့်စမ်း သာမီးတို. ပေါက်ပေါက်မွေးနေ.ပါလား… မပြောဘူးတော့.. တွေ.တာတောင်…
    ဟက်ပီးဘက်ဒေး တူးယူ ဟက်ပီးဘက်ဒေးးးးးးးးးးး လေးလေးပေါက် ဟက်ပီးဘက်ဒေး လေးလေးပေါက်….
    ဖြောင်းဖြောင်းဖြောင်း ရွှီးးးးးးးးးးးးးးးဖောက် ဝုန်းဒိုင်းးးးးးးးးး(မီးပန်းဖောက်တာနော်…)..

    မွေးနေ.မှသည် နှစ်ပေါင်းများစွာ လီဗာနဲ. ကင်မရာဆွဲ ကဲနိုင်ပါစေကြောင်း သာမီးမိတိုက်မှ ဆုမွန်းကောင်းတောင်းပါတယ်ချင့်.. အဲ ဗျ…

  • ko pauk mandalay

    July 3, 2013 at 3:53 pm

    ကျနော်မွေးနေ့မှာ ရွာသူသားတွေကိုကျွေးရအောင် ပင်လယ်စာသွားမှာနေတာနဲ့
    အရောက်နောက်ကျသွားတာ ခွင့်လွတ်ပါခင်ဗျာ။
    အသက်ကတော့ပြောင်းပြန်လှန်လိုက်ရင်လဲ တန်ဖိုးအတူတူဘဲထွက်တဲ့ ကြာသာပတေး နှစ်ခါလည် အရွယ်ပါခင်ဗျာ။
    ဗေဒင်အလိုအရ ကြာသာပတေးကို 5တေးလို့ခေါ်ပါ၏။
    အားလုံးကိုကျေးကျေးပါခင်ဗျာ။
    သတိတရတင်ပေးတဲ့ အလင်းဆက်ကလေးလဲ စာပေနယ်မှာ ဝင်းလက်ပါစေလို့ ဆုတောင်းပေးလိုက်ပါ၏။

    • သူကလေး

      July 3, 2013 at 4:17 pm

      နှစ်ခါဂျီးမှာတောင်ဖုန်းဆက်တဲ့ သူကလေးကျ ကျေးဇူးတင်တဲ့ထဲလည်းပါပု
      တော်ဘီ လေးပေါက်ကို အခေါ်ဒေါ့ဝူး

    • အလင်း ဆက်

      July 3, 2013 at 5:29 pm

      ဒါရှို လေးလေးပေါက်က

      ၂ဝ ကို အစိတ် ( ၂၅ ) ပဲ စွန်းသေးတာပေါ့
      😆

      လေးလေးပေါက် ရေ
      ကျွန်တော် Huawei အစုတ်က လေးနဲ့ ကဗျာကယာလေး တင်လိုက် ရတဲ့ ပိုစ့်ပါ

      မြိုင်မြိုင်ဆိုင်ဆိုင် လှလှပပ လေး တင်ချင်ပေမယ့်
      ဖြစ်သလိုလေး တင် လိုက်ရတယ်ဗျာ ။
      လေးပေါက် ပြန်ပေးတဲ့ ဆု လေး လည်း ပြည့်ချင်လို ့
      ကြိုးစားပါမယ် လို ့

      ချစ်ခင်လေးစားစွာ

  • ရွှေ ကြည်

    July 3, 2013 at 4:48 pm

    လေးပေါက်ရေ ပျော်ရွှင် ကြည်နူးစရာကောင်းပြီး မင်္ဂလာရှိသောမွေးနေ့လေးမှစပြီး နှစ်ပေါင်းများစွာ
    ချစ်ဇနီးနဲ့ ရိုးမြေကျ ချမ်းမြေ့သာယာပါစေလို့။
    မြန်မာပြည်က အလှတရားတွေကိုမျှဝေခံစားပေးနေတဲ့ လေးပေါက် ထာဝရ ကျန်းမာပျော်ရွှင်ပါစေ

  • ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ လေးပေါက်.. ညက (၁၂) နာရီကျော်တော့ ဖုန်းထဲမှာမှတ်ထားတဲ့ မွေးနေ့ပေါ်လာတယ်… မနက်ကျ ဆက်မယ်ဆိုပြီး မောင်လေးက ဖုန်းယူသွားတယ်.. 🙂
    ခုပြောလိုက်ပြီနော်.. Happy Birthday ပါ လေးပေါက်…

  • โทรศัพท์มือถือ

    July 3, 2013 at 5:23 pm

    ဘဂျီးပေါက်ရေ…
    အသက်ရှည် ကျန်းမာလို့ ချမ်းသာစွာ
    လက်စွမ်းပြနိုင်ပါစေကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ဒီထက် ဒီထက်မကလည်း မြန်မာပြည်မှ အလှတရားများကို
    ရှာဖွေဖော်ထုတ်နိုင်ပါစေလို့…………….

  • အရီးခင်လတ်

    July 3, 2013 at 6:35 pm

    ၁၂ဝ ပြည့်ဖို့ ၆၅ တောင် လိုသေးတာနော။ 😉

    လိုအပ်သောဆု မြတ်သောဆုများ အားလုံးပြည့်ဝ ပါစေ ကပေါက်ကြီးရေ။
    မဒမ်ပေါက် နဲ့ ပျော်ရွှင်စွာ အသက်ရှည်ရှည် အနာကင်းကင်း ရိုးမြေကျ လက်တွဲသွားနိုင်ပါစေ။
    (နောက်တစ်ယောက် မရ ပါစေနဲ့ လို့ ဆုတောင်း ပညတ်ခြင်းပါ)
    jk 😆

  • ko pauk mandalay

    July 3, 2013 at 7:02 pm

    အားလုံးကိုကျေးကျေးပါ
    ပင်လယ်စာ အဝကျွေးမယ်ဗျာ

  • ဦး ကြိမ်

    July 3, 2013 at 8:19 pm

    မတွေ့ မမြင်ဖူးပေမဲ့
    ရည်စူးတဲ့စိတ်
    အရိပ်ထင်စေ
    နမိတ်တွင်စေ…….
    အတိတ်မှာယူခဲ့တဲ့ ကြွေးမှန်သမျှ
    ခုဘဝမှာအကျေဆပ်နိူင်ပါစေ…………….။

  • ကထူးဆန်း

    July 3, 2013 at 9:10 pm

    လေးပေါက်ရေ .. ပျော်ရွင်သော မွေးနေ့ဖြစ်ပါစေ ဆုတောင်းရမှာ မနက် ကထဲ ကဖြစ်ပေမဲ့ အခုမှ ဝင်လာလို့ ပျော်ရွှင်သော မွေးနေ့ဖြစ်မှာပါလို့ဘဲ မှတ်ယူလိုက်တော့မယ်နော် ..
    ပျော်ရွင်သော မွေးနေ့ မှသည် လာမဲ့ ရက်တိုင်း နေ့တိုင်း ပျော်ရွှင် အောင်မြင် ချမ်းမြေ့ ပါစေလို့ဆုတောင်းလိုက်ပါတယ် ခင်ဗျ။

    • အလင်း ဆက်

      July 3, 2013 at 9:13 pm

      လေးလေးကထူးဆန်းရေ….
      ဟိုအပေါ်မှာ.. လေးလေးပေါက် ကျွေးထားတဲ ့ ပင်လယ်စာ လတ်လတ်ဆက်ဆက်တွေ လည်း…သုံးဆောင်လိုက်ပါဦး…။

      😆

  • ဂန္ဓာရီ ဆြာအုပ်

    July 4, 2013 at 1:15 am

    ဟတ်ပီဘက်ဒေးပါဥပေါက်..
    ဥပေါက်တယောက် ဓာတ်ကြီးလေးပါးမှန်ပြီး
    ဓာတ်သေရော၊ ဓာတ်ရှင်ရော များများ ရိုက်နိုင်ပါစေဂျောင်း

    • ko pauk mandalay

      July 4, 2013 at 8:59 am

      ဓါတ်သေလဲရိုက်မယ် ဓါတ်ရှင်လဲရိုက်မယ်
      ဓါတ်ပုံတော့ရို်က်ချင်ဘူး အေ့
      နံဒယ်………………………..

  • ဦးကြောင်ကြီး

    July 6, 2013 at 10:35 am

    မွေးနေ့ရှင် ဦးပေါက် တူမလေး ကျန်းမာချမ်းသာပါစေ… 😳

    • အလင်း ဆက်

      July 6, 2013 at 1:29 pm

      ဘယ်နှယ် အူးကျောင်ပါလိမ့်

      မွေးနေ ့ရှင်ကို မပြောဘဲ

      အဟိ

      ကောင်းတယ်
      ဟိုက အကုန် အလွတ်မရှိတော့ဘူးတဲ့

      😆

  • ko pauk mandalay

    July 6, 2013 at 11:44 am

    တူမအားလုံး ယောကျာ်းပေးစားပြီးပါကြောင်း ဝမ်းနည်းစွာအသိပေးအပ်ပါသည်

  • uncle gyi

    July 6, 2013 at 11:02 pm

    လေးပေါက်
    အတွေးပေါက်
    အရေးရောက်
    မွေးနေ့ရောက်
    တောင်းဆုလိုက်ပါတယ်
    ကောင်းဆု

    • အလင်း ဆက်

      July 7, 2013 at 11:31 am

      အန်ကယ်ကြီး

      ကာရန်တွေ မြင်မှ ကဗျာပြခန်းအတွက်
      ကဗျာ တောင်းဖို ့သတိရတယ်

      ကဗျာပေးပါ ချစ်သော အန်ကယ်
      😆

Leave a Reply