အရောင်ရင့်မှတ်တမ်း (ဇူလိုင် ၂၀၁၃)

kaiJuly 3, 20132min28530
*********************************************************
BURMA RELATED NEWS – JULY 01-02, 2013
*********************************************************
AFP – US blacklists Myanmar general over N. Korea arms deals
AP – Myanmar telecom deal with Qatar firm sparks ire
AP – Tense calm returns to western Myanmar after religious violence; 4 houses torched
Fox News – Myanmar bans Time magazine over cover story about monk called ‘Face of Buddhist terror’
Bernama – Myanmar’s New Airport To Cope With Surge Of Tourists
Bernama – Myanmar-Japan Legal Research Centre To Be Opened
The Malaysian Insider – Myanmar must act to stop violence now, says Malaysia
Asia News Network – Myanmar’s rice reaches Japan
Asia News Network – No amendments to Myanmar’s citizenship law: minister
UPI – Muslims targeted, 4 homes destroyed in Myanmar’s Rakhine state
UPI – Myanmar energy sector gets mixed review
Forbes – Myanmar’s Pivot To West Is No Shoo-In For U.S. Carpetbaggers
Forbes – Myanmar Mints Multi-Millionaire Tycoon
Rigzone – Myanmar Prepares Ground to Boost Upstream Oil, Gas Investments
Eurasia Review – Myanmar: The Economics Of Trafficking – Analysis
The Irrawaddy – UN Agencies Leave Traders, Inya Lake Hotels
The Irrawaddy – ‘Some Things, Like This Project, the Government Cannot Do’
The Irrawaddy – New Global HIV Guidelines Highlight Burma’s Health Care Woes
Mizzima News – UN condemns IDP camp shootings, calls for urgent action
DVB News – Monks and misogyny

*********************************************************

30 comments

  • kai

    July 3, 2013 at 12:57 pm

    Ex-Political Prisoner Calls Buddhist Monks to Out of Burma Politics
    နိုင်ငံရေးနယ်ပယ်ထဲ သံဃာဝင်မစွက်ဖက်သင့်ဟု နိုင်ကျဉ်းအဖွဲ့ချုပ်က ကိုညိုထွန်းပြော

    မြန်မာပြည်မှာ နိုင်ငံရေးနဲ့ ဘာသာရေးဟာ ခေါင်းနဲ့ပန်းလိုဖြစ်နေပေမယ့် နိုင်ငံရေးနယ်ပယ်ထဲ သံဃာတော်တွေ ဝင်မပါသင့်ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ကိုညိုထွန်းက ဇူလိုင် ၂ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
    http://youtu.be/uc4LeuC8bjg

  • kai

    July 3, 2013 at 12:59 pm

    Tuesday, 2 July 2013
    မြန်မာ နိုင်ငံရှိ မျိုးးစောင့်ဥပဒေ

    -မြတ်စိုး-
    ၀၇.၀၃.၂၀၁၃


    ကမ္ဘာ့သမိုင်းမှာ မြန်မာနိုင်ငံ ကုန်းဘောင်ခေတ် ဟာ အင်ပါယာ နိုင်ငံ တခု အဖြစ် အသိအမှတ်ပြုခြင်း ခံရတယ်။ ဗုဒ္ဓဘာသာ အင်မတန်မှထွန်းကားခဲ့တဲ့ အနော်ရထာမင်းလက်ထပ် ကို အင်ပါယာ နိုင်ငံ ကြီးလို့ ကမ္ဘာ က အသိအမှတ်မပြုခဲ့ပါဘူး။

    ကုန်းဘောင်ခေတ်မှာ မြန်မာ ပြည်သူတွေ ဟာ မိုးရာသီ မှာ စပါးစိုက်၊ နွေရာသီ မှာ စစ်တိုက် ခဲ့ကြရတယ်။ ထူးခြားတာ က တော့ မြန်မာ စစ်သားတွေ ဟာ စစ်ကြီးတိုက်နေကြရလို့ အိမ်ထောင်ပြိုကွဲမှု နှုန်းဟာ အင်မတန်မှ မြင့်မားလာခဲ့တာ မြန်မာဘုရင်တွေ နဲ့ မှူးကြီးမတ်ယာတွေ သတိပြုမိလာကြတယ်။ စစ်သားတွေရဲ့ တိုက်ခိုက်စွမ်းရည်တွေလည်းကျဆင်းလာခဲ့သလို၊ စစ်သားစုဆောင်းရာမှာ လည်း အခက်အခဲတွေဖြစ်လာ တယ်။ စစ်သားတွေ က လည်း ရောက်တဲ့နေရာ က ပြန်မလာကြသလို၊ မြို့ မှာလည်း ခွေးရယ်၊ကလေးရယ်၊ မသန်မစွမ်းသူတွေရယ်၊ မုဆိုးမတွေရယ်၊ ဘုန်ကြီးတွေ သာ ပဲကျန်နေလို့ မြို့က လည်းခြောက်ကပ်လာနေတာ သတိပြုမိလာတယ်။

    ဒီတော့ မြန်မာဘုရင်တွေဟာ ပညာရှိ မှူးကြီးမတ်ယာတွေ၊ သာသနာပိုင်ဘုန်းကြီးတွေရဲ့ အကြံအဉာဏ် ကို ရယူပြီး မျိုးးစောင့်ဥပဒေ တခု က လှိူ့ဝှက် အကောင်အထည်ဖော်ခဲ့ရတော့တယ်။

    မြန်မာတိုက်ခိုက်ရေး စစ်သားတွေ ေ့ရှတန်းထွက်နေချိန် စစ်သားတွေရဲ့ ဇနီးသည်တွေ တခြားသူတွေ နဲ့ မဖောက်ပြန်အောင် သော့ခေတ်ထားဖို့၊ ဒီသော့ ကို စစ်သားတွေေ့ရှတန်းသွားရင် ယူဆောင်သွားဖို့ အမိန့်ထုတ်ခဲ့တယ်။

    ကုန်ဘောင်ခေတ် ကာလ တနေ့ ေ့ရှတန်းပြန် စစ်သား တယောက် ၃ နှစ် ၃ မိုး ရှေ့တန်း က ပြန်လာတော့ သူယူဆောင်သွားတဲ့ သော့နဲ့ သူရဲ့ ချစ်ဇနီး သေတ္တာလေး ကို ဖွင့်ကြည့်တော့ သော့ က ပွင့်ထွက်မလာဘူး။ ဒါနဲ့ သူ စဉ်းစားတယ်၊ ဘာကြောင့်မပွင့်တာလည်းလို့ပေါ့၊ သူ သတိယသွားတယ်၊ ေ့ရှတန်း ယိုဒယား နယ် မှာ သူ ၃ နှစ် ၃ မိုး နေခဲ့တုန်း၊ အိမ်ထောင်ကျခဲ့ပြီး သူသော့တချောင်းထပ်ရခဲ့တယ်။ ဒီသော့ နဲ့ မှားလာ ခဲ့ပြန်ပြီလို့ သူသတိရလာတယ်။ သူ့ရဲ့ချစ်ဇနီး ကို မပြောပဲ၊ တိတ်ဆိတ်စွာနဲ့နေခဲ့တယ်။

    နောက် ၂ နှစ် ေ့ရှတန်း ယိုဒယား နယ် ကို ထပ်ရောက်ပြန်တယ်။ ဒီတခါတော့ သူ ချစ်ဇနီးအတွက် သော့ ကို မှတ်မှတ်ယယ၊ ယိုးဒယားသော့ နဲ့ မမှားအောင် ပြန်သယ်လာတယ်။ ဒီ တခေါက်ဖွင့်ကြည့် လည်း မပွင့်ပြန်ဘူး။ ဒီတခါတော့ သူ ဒေါသတကြီးနဲ့ သူ့ရဲ့ ချစ်ဇနီးကို မေးကြည်တယ်၊ ဘာကြောင့် သော့ဖွင့်လို့ မရတာလဲပေါ့။

    ချစ်ဇနီး က ပြန်ဖြေတာကတော့ “ရှင့် ဘုရင်က ပေးထားတဲ့ မျိုးစောင့် သော့ အစစ် ကို မစောင့်နိုင်ဘူးပါဘူတော်၊ စောင့်ရတာ ၅ နှစ် ၅ မိုးရှိနေပြီ၊ ရွာ က သော့ဆိုင် တွေဆီ က သော့ က ဖွင့်ရ၊ပိတ်ရတာ ပိုလွယ်တယ်ရှင့်၊ ဈေးက လည်းချိုတော့ ခဏခဏ လှဲတပ်ရတယ်လွယ်တယ်ရှင့်၊ ကျူပ်လည်း မုဆိုးမ မဖြစ်ခင်၊ အိမ်မဲ့ယာမဲ့ ( Homeless) မဖြစ်ခင် အမြန်လဲတပ်လိုက်ရတာပေါ လို့” ပြန်ဖြေလိုက်ပါသတဲ့ ။

    တကယ်တော့ မြန်မာနိုင်ငံ မှာ အသက် ၁၅ နှစ် – ၂၈ နှစ် ကြား လူဦးရေ ၁၃ သန်းဟာ တနေ့ ၁ ဒေါ်လာ ၂၅ ဆင့် အနိမ့်ဆုံးလစာ နဲ့ ဆင်းရဲမွဲတေမှုအောက်မှာ နေနေကြရတယ်။ လူငယ် အမျိုးသား ၅ သန်းကျော် ဟာ အစုလိုက်အပြုံလိုက် ပြည်ပ ကို ထွက်ခွာပြီး အလုပ်လုပ်နေကြတယ်။ ဒီတော့ ပြည်တွင်းမှာ အမျိုးသမီးများ အိမ်ထောင်ဖက် ရှာဖွေရာမှာ ပြဿနာ တွေ ရှိလာခဲ့တယ်။ ဒါကို Social Crisis ကြီးဖြစ်နေပြီး လို့ ခေါ်ဆိုတယ်။ ဒါကြောင့်မို့လည်း မြန်မာနိုင်ငံ မှာ Political Crisis၊ Economic Crisis၊ Social Crisis ကြီးတွေ ရှိနေပြီလို့ ပညာရှင်တွေ က သုံးသပ်ထားကြတယ်။ တကယ်တော့ ဘာသာရေး အစွန်းရောက် သည့် မျိုးးစောင့်ဥပဒေ ဟာ ခွေးရယ်၊ကလေးရယ်၊ စစ်သားရယ်၊ စစ်ပြန်ရယ်၊ နိုင်ငံရေးအကျဉ်းသားတွေရယ်၊ မသန်မစွမ်းသူတွေရယ်၊ မုဆိုးမတွေရယ်၊ ဘုန်ကြီးတွေသာ အများစု ကျန်နေတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေ ကို အကာအကွယ်မပေးနိုင်ပါ။

    တကယ်တမ်း အမျိုးသမီတွေ ကို အကာအကွယ်ပေးနိုင်မှု က နိုင်ငံ မှာ ဆင်းရဲမွဲတေမှုလျော့ချဖို့၊ အခြေခံလူတန်းစားတွေရဲ့ လူနေမှု အဆင့်အတန်းမြင့်မားလာ ဖို့၊ နိုင်ငံသားတိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိစေမှု၊ စစ်အဏာရှင်စနစ်ဖျက်သိမ်းမှု ရှိ မှ သာ မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေ ကို အကာအကွယ်ပေးရာ ရောက်နိုင်ကြောင်းပါ။

  • ကြက်အူလှည့်

    July 3, 2013 at 1:08 pm

    ” ဒါနရှင် အပေါင်း သူတော်ကောင်းတို့ ခင်ဗျား မရှိလို့ မထိုး မထိုးလို့မရှိ ဆိုသလို မဖြစ်ရလေ အောင် သဒ္ဒါတရား နည်းများ မဆို
    ထောက်ခံ လက်မှတ်လေးတွေ ထိုးသွားနိုင်ပါတယ် ရေဗူးနဲ့ဖိနပ်မပါရင်နွေအခါမှ သိ၊ ဒါနနဲ့သီလ မပါရင် သေခါမှ သိ ဆိုသလို ထောက်ခံလက်မှတ်လေးမှ မထိုးခဲ့ရင် လွှတ်တော်ကြ သိရပါလိမ့်မယ် ”

    အသံမှာ တစ်ခြားနေရာကလာသော အသံမဟုတ် မြို့လည်ကောင်တစ်နေရာရှိ အလှူခံမဏ္ဍပ်မှ လာသော အသံဖြစ်သည်။ အလှူခံမဏ္ဍပ်ဆို၍ ဘာကို အလှူခံသော မဏ္ဍပ်လည်းဟု မေးစရာ ရှိနိုင်ပါသည်။ ထောက်ခံလက်မှတ် အလှူခံသော မဏ္ဍပ်ဖြစ်လေသည်။

    မြန်မာလူမျိုးတို့ သည် အလှူအတန်း ပြုလုပ်သည့်နေရာ၌ အင်မတန် ရက်ရော ကြသူများ ဖြစ်သည်မှာ ငြင်းဖွယ်ရာမရှိ ခေတ်ကာလ အချိန်သည်ကလည်း ဒီမိုကရေစီ ခေတ်ဖြစ်လာခဲ့သောအခါတွင် အများသဘောတူညီချက်လက်မှတ်များမှာ လွန်စွာ အရေးကြီးလာသော အရာဖြစ်လေဧ။် ထို့ကြောင့် ထောက်ခံလက်မှတ်များအား မဏ္ဍပ်ဖွင့်၍ အလှူခံသည်မှာ ထူးဆန်းသည့်အရာမဟုတ်တော့ ။ တစ်မှုထူးခြားဖွယ် မြန်မာဒီမိုကရေစီ ဓလေ့ ဖြစ်လာလေတော့သည်။

    အစောက အလှူခံနေသည့် အသံထွက်ပေါ်လာသော မဏ္ဍပ်မှာ မျိုးဖြုတ်ဥပဒေ ပြဌန်းနိုင်ရေးအတွက် ဖြစ်သည်။ မဏ္ဍပ်ထိုးပြီး အလှူခံသည်က မျိုးဖြုတ်ဥပဒေတစ်ခုထဲတော့ မဟုတ်၊ တစ်ခြားသော ဥပေဒထောက်ခံရေး လက်မှတ် အလှူခံမဏ္ဍပ်တွေ များစွာရှိသည်။ များတာမှ တော်တော်များသည်။
    အရက်သမားများအဖွဲ့ချုပ်က တင်သွင်းဖို့ကြိုးစားနေသော အရက်ကုန်ဈေးနူန်းလျှော့ချရေး
    ထောက်ခံလက်မှတ် အလှူခံရာဌာန၊
    လူပျိုကြီးများသမဂ္ဂ မှ ကြိုးစားအကောင်အထည်ဖေါ်နေသော
    သက်တမ်းလွန်လူပျိုကြီးများအား အိမ်ထောင်ချပေးရေးဥပဒေ တင်သွင်းရန်အတွက်
    ထောက်ခံလက်မှတ် အလှူခံမဏ္ဍပ်၊စသည့်ဖြင့် နေရာမျိုးစုံ၌ မဏ္ဍပ်မျိုးစုံရှိကြသည်။

    ထောက်ခံလက်မှတ် မဏ္ဍပ်ဖွင့်ပြီး အလှူခံကြသည်မှာ လူကြီးများတင်မဟုတ် ကလေးများကလည်း အားကျမခံ ထောက်ခံလက်မှတ်စုစောင်းကြသည်များလည်းရှိကြသည်။

    “တစ်နေ့ မုန့်ဖိုးငါးရာ အနည်းဆုံးပေးရေးနှင့် လွတ်လပ်စွာ ဂိမ်းဆော့ပိုင်ခွင့် ဥပဒေ” တင်သွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံကလေးသူငယ်များသမဂ္ဂ က ဦးဆောင်ကြိုးပမ်းနေကြသည်။

    မြန်မာ့ဒီမိုကရေစီမှာ တစ်မှုထူးခြား ဒီမိုကရေစီဟု ဆိုနိုင်သည်။ လူ့အခွင့်လာမပြောနဲ့ ဒီမိုကရေစီဆိုတာ လူများစုသဘော ငါတို့လူများတယ် ဒီမိုကရေစီအရ ငါတို့လုပ်ချင်တာ လုပ်မည်ဆိုသည့် ပုံသဏ္ဍန်မျိုးဖြစ်သည်။ ထို့ကြောင့် ထောက်ခံလက်မှတ်များသည် အမေရိကန်ဒေါ်လာတွေ ထက်ပင် တန်ဖိုးကြီးလေသည်။

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားလာတော့ ပြောင်းလဲမှုများစွာကလည်း ကြုံတွေ့လာခဲ့သည်။ ယုတ်ဆွဆုံး ကလေးတွေကစားပုံကစားနည်းတောင် ပြောင်းသွားသည်။ အရင်ကလို ဒိုးပစ် ခွေလှိမ့် ဇယ်တောက် ထုတ်ဆီးထိုး ဘယ်သူမှ မကစားကြတော့။ ကစားနည်းသစ်တွေ ပေါ်ထွက်လာသည်။ ဆန္ဒပြတမ်း ကစားနည်းတို့ လက်မှတ်ထိုးတမ်းကစားနည်း၊ တို့စသည်ဖြင့် ပြောင်းလဲသွားကုန်ကြသည်။

    ဆန္ဒပြသည့်နည်းစနစ် ခေတ်စားလာသည်ကလည်း အံ့မခန်းဖွယ်ဖြစ်သည်။ ထောက်မခံလည်းဆန္ဒပြမယ်၊ ထောက်ခံလည်းဆန္ဒပြမယ် ကြိုက်လည်းပြမယ် မကြိုက်လည်းပြမယ် ဆိုသည့် ပုံသဏ္ဍန်မျိုးဖြစ်လေသည်။ ကလေးတွေက မိဘတွေကို ဆန္ဒပြသည်။ မိန်းမက ယောက်ျားကို ဆန္ဒပြသည်။ စသည့် ဆန္ဒပြပွဲများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် မြန်မာပြည်ဖြစ်နေလေတော့သည်။ ဒါတွေသည်ပင်မက လင်မယားနှစ်ယောက် အရမ်းချစ်သည့်ကိစ္စမျိုးကိုတောင် အိမ်ထဲမှာ မထား။ လမ်းပေါ်ထွက် လူလည်ကောင်ရောက်မှ
    “ကျွန်မယောက်ျားကို အရမ်းချစ်ပါတယ်။ ယောက်ျားက အရမ်းချစ်ဖို့ကောင်းကြောင်း ဆန္ဒထုတ်ဖေါ်ပါတယ်”
    ဟု လုပ်ဆောင်သည့် အနေအထားတွေ တောင်ရှိသည်။

    ကောင်မလေးတွေက ကောင်လေးတွေ ရှိက အဖြေတောင်းရင်တောင် ရိုးရိုးတန်းတန်းမတောင်း
    ထောက်ခံလက်မှတ် ဘယ်လောက်ရလာအောင်လုပ်ပါ၊ ပြီးရင် ကျွန်မကို ချစ်ကြောင်း ဆန္ဒထုတ်ဖေါ်ပြပါ ဟု ဆိုပြီး လုပ်တတ်ကြသည်။

    အလှူခံမဏ္ဍပ်ကို ပြန်ဆက်ရလျှင်မှု။ မြန်မာနိုင်ငံတစ်ခွင်တွင် ထောက်ခံလက်မှတ်အလှူခံဌာန၊မဏ္ဍပ်တို့ဖြင့် စည်းကားသိုက်မြိုက်လွန်းနေသည်။

    မောင်မူးရစ် တစ်ယောက် ကြောင်တိကြောင်တောင်ဖြင့် ရန်ကုန်မြို့လည်ကောင်တစ်နေရာသို့ အလည်အပတ်သွားရောက်ခဲ့လေရာ
    လမ်းတစ်နေရာ အရောက်တွင်..

    ဒီမယ်နောင်ကြီး ” ထောက်ခံလက်မှတ်လေး အလှူခံ ထည့်သွားလိုက်ပါဦး” အလှူခံဘောက်ချာစာအုပ်များစွာ ကိုင်ဆောင်ထားသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ မောင်မူးရစ်က အငြိမ်မနေ မေးလိုက်မိသည်။
    “ဘာကို ထောက်ခံပေးရမှာလဲဗျ”
    “ဘာကို ထောက်ခံပေးရပါမလဲဆိုတော့ အရက်ကုန်ဈေးနူန်းကျဆင်းရေးနဲ့ အရက်သမားအခန်းကဏ္ဍမြင့်ပေးရေးဥပဒေ တင်သွင်းဖို့အတွက်ပါ ထိုးစရာရှိထိုးလိုက်ပါ ခင်များက အရက်သမားပုံလည်းပေါက်ပါတယ်”

    ထောက်ခံလက်မှတ်မထိုးပေးလိုက်ရင် ဝိုင်းရိုက်ကြမည့် အနေအထားများရှိကြသည်။ မောင်မူးရစ် ဒီထက်ပိုပြီး ကန့်လန့် မတိုက်ရဲ
    ထောက်ခံလက်မှတ်ကို အောက့်သက်သက်ဖြင့်ထိုးပေးလိုက်ရသည်။ ဒါတောင် ဒီလူတွေက မကြည်သလို ရေရွတ်နေကြသေးသည်။ ဒီလူသဒ္ဒါတရားတော်တော်အားနည်းတာပဲ သံသရာဝတ်ဆင်းရဲက မလွတ်ချင်ဘူးထင်တယ် ။

    ထိုလူတွေ ကြည့်ရသည်မှာ မောင်မူးရစ်မြင်ဖူးသလိုလို ရှိသည်။ လူအုပ်ထဲက မိုက်ကန်းကန်းဖြင့် လူများမှာ မောင်မြတ်သူတို့ အောင်ပြည့်တို့နဲ့ ကိုမှူး အားမန်တို့နဲ့ ခပ်စင်စင်တူသလိုရှိသည်။ ခင်စင်စင်မဟုတ် သေချာပေါက်ဖြစ်နိုင်သည်။ သူတို့သည်ကလည်း ယမကာချစ်သူတွေ မဟုတ်လား

    မောင်မူးရစ် ခြေလှမ်းသုံးလမ်း လောက်ပင် မလှမ်းရသော နောက်ထပ် ထောက်ခံအလှူခံမဏ္ဍပ်က ရောက်လာပြန်ဘောလသည်။ ထောက်ခံလက်မှတ် အလှူခံပါတယ်
    ဘာအတွက် လည်းဟု မောင်မူးရစ်က မေးမြန်းလိုက်ရာ မျိုးဖြုတ်ဥပဒေ ပြဌန်းရေး အတွက်ဟု ပြန်ပြောကြလေသည်။ မောင်မူးရစ် နားမလည် “ဘာအမျိုးက ဘာအမျိုးကို ဖြုတ်မှာတုန်းဗျ အားလုံးလူတွေကြီးပဲ ကို..”

    မောင်မူးရစ် စကားပင်မဆုံးလိုက် မဏ္ဍပ်အတွင်းမှ မိုက်ကိုင်ထားသော လူတစ်ယောက် မိုက်ကြီးဖြင့် ဂီးဂီးဂါးဂါးထအော်သည်။ အနီ၊အညို၊အမဲ အသားအရောင်မျိုးတွေ အကုန်ဖြုတ်ပစ်ရေးပဲ တို့က အဖြူအဖွဲ့ ”
    မောင်မူးရစ် စဉ်းစားလိုက်လေ သူလို့ အသားအရောင်မည်းမည်းတူးတူး လူကိုမှ အနီ၊အညို၊အမဲ အသားအရောင်မျိုးတွေ အကုန်ဖြုတ်ပစ်ရေး ဥပဒေအတွက် ထောက်ခံလက်မှတ် လာအလှူခံသည်မှာ ဘာသဘောနည်း သူမထိုးပါက သူ့ကို ပြန်ထိုးပေးတာ ခံရနိုင်ချေ ရှိသောကြောင့် လက်မှတ်ထိုးပြီး လှူလိုက်ရလေတော့သည်။(အမှန်တော့ သူတို့ အတွက်က မည်းမည်းတူးတူး လက်မှတ်ရဖို့ အရေးကြီးလေသည်။)

    ထိုသို့ဖြင့် မောင်မူးရစ် ခြေလှမ်း သုံးလှမ်းလောက် လှမ်းလိုက် ထောက်ခံလက်မှတ် မဏ္ဍပ်တစ်ခု တွေ့လိုက်နှင့် မောင်မူးရစ် ညာဘက် လက်မောင်းမှာ မင်းသားအားနိုးလက်မောင်းလုံးထက် ဆယ့်ငါးဆခန့် ကြီးလာသလို ထင်ရတော့သည်။ တစ်ခါတစ်ခါဆိုလျှင် လက်မှတ်ထိုးပေးဖို့ မနည်းမြှောက်ရသည် အထိ..။

    ထိုသို့ဖြင့် မောင်မူးရစ်တစ်ယောက် ရန်ကုန်မြို့တွင်း၌ ထောက်ခံအလှူခံမဏ္ဍပ်တွေနဲ့ တိုင်ပတ်နေလိုက်၊ ဆန္ဒပြပွဲတွေနား ရောက်ပြီး ရှုပ်ရှက်ခက်နေလိုက်ဖြင့် ရန်ကုန်မြို့ပေါ်တွင် သုံးလ လောက် တိုင်ပတ်ပြီးနောက်မှသာ အိမ်သို့ ပြန်ရောက်လေတော့သည်။

    မူးရစ်

  • KZ

    July 3, 2013 at 1:18 pm

    ထောက်ခံ ပါသည်။ ကန့်ကွက် ပါသည်။

    ထောက်ခံတာကို ထောက်ခံ ပါသည်။
    ထောက်ခံတာကို ကန့်ကွက် ပါသည်။
    ကန့်ကွက်တာကို ထောက်ခံ ပါသည်။
    ကန့်ကွက်တာကို ကန့်ကွက် ပါသည်။

    ထောက်ခံတာကို ထောက်ခံခြင်းကို ထောက်ခံ ပါသည်။
    ထောက်ခံတာကို ထောက်ခံခြင်းကို ကန့်ကွက် ပါသည်။
    ထောက်ခံတာကို ကန့်ကွက်ခြင်းကို ထောက်ခံ ပါသည်။
    ထောက်ခံတာကို ကန့်ကွက်ခြင်းကို ကန့်ကွက် ပါသည်။

    ကန့်ကွက်တာကို ထောက်ခံခြင်းကို ထောက်ခံ ပါသည်။
    ကန့်ကွက်တာကို ထောက်ခံခြင်းကို ကန့်ကွက် ပါသည်။
    ကန့်ကွက်တာကို ကန့်ကွက်ခြင်းကို ထောက်ခံ ပါသည်။
    ကန့်ကွက်တာကို ကန့်ကွက်ခြင်းကို ကန့်ကွက် ပါသည်။

    စသဖြင့် …….
    စသဖြင့် ……………မပြီးနိုင် မစီးနိုင် သော ဆန္ဒထုတ်ဖော်ခံယူပွဲများကို ကျပ်ပြည့်ခွင့်မရသေးသော မြန်မာ ့ဒီမိုကရေစီ တွင်သာ ရှူစားနိုင်သည်။
    အင်း အတော်ရှုပ်တဲ့ ယူနီဖောင်းချွတ် သပွတ်အူ ဒီမိုကရေစီ ပဲ။
    ညဏ်ရေ ပြည့်ဝတဲ့သူတွေ နားမလည်နိုင်လောက်အောင်ပါပဲ။
    (ငါလည်း နားမလည်နိုင်လောက်အောင်ပါပဲ။ဤကားစကားချပ်)

    by Nyein Zaw Tun.
    ~~~~~~~~~~~~~
    :mrgreen:

  • ကြက်အူလှည့်

    July 3, 2013 at 3:11 pm

    ဒီလထဲ ခေတ်စားမယ့် စကားလုံး သည်

    ဟိတ် ခရိုင်းမ်

    ဖြစ်စေသဒီး

  • အလင်း ဆက်

    July 3, 2013 at 9:07 pm

    နိုင်ငံရေးနယ်ပယ်ထဲ သံဃာတော်တွေ ဝင်မပါသင့်ဘူး

    အင်းးးး
    သံဃာတော်တွေကလည်း.သံဃာ့ အလုပ်.. ပီပီပြင်ပြင် လုပ်
    နိုင်ငံရေး သမားတွေကလည်း နိုင်ငံရေး အလုပ် ပီပီပြင်ပြင်လုပ် မယ်ဆိုရင်ဖြင့်………

  • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

    July 4, 2013 at 1:12 pm

    ရေခဲတိုက် ဒီတခါ တကယ်အောင်းရပြီလော…

    • KZ

      July 4, 2013 at 1:32 pm

      ရှုတင် အဖွဲ့ကို ကြက်သားဟင်းနဲ့ ချက်ကျွေးမို့ပါဆို။
      ခွိခွိခွိ။ :mrgreen:
      လက်ထိပ်နဲ့ကို ပြုံးပြုံးကြီး ဆိုတော့ အတော်ကောင်းနေပုံပဲ။

      လက်ပူးလက်ကျပ်မိတယ်ဆိုရင်တော့ သစ်ရွက်ခြောက်လို့ ပြောလို့ရတော့ဘူးးး
      ငိငိငိ :mrgreen:

      • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

        July 4, 2013 at 1:36 pm

        သိပ်တော့စိတ်မပူပါဘူးလေ.. ဟိုမင်းသားတောင် ပဲမြစ်ရောင်းတာ ၃လ နဲ့ ၁ရက် ပဲ ကျတာ..
        စကားမစပ် မဇာယိ ကော ပဲမြစ်ကြိုက်လားဟင်င်င်င်.. အစားအသောက်သမားမို့ မေးဒါဘာ..
        ဒချိ ..ဒချိ..

      • ဦး ကျောက်ခဲ

        July 4, 2013 at 1:56 pm

        တော်သေးတာပေါ့ ဆေးခြောက်ကောင်းပြီး ပဲမြစ်မရောင်းလို့…
        ခွိခွိခွိ :mrgreen:

      • KZ

        July 4, 2013 at 3:35 pm

        ကျန်း:::::
        သူကလေးနဲ့ ပတ်သက်ရင် နာ့ ကို ဝိုင်းဖဲ့ထားကြပါလားးးး အတော်ချစ်ကြပုံပဲ။
        ဘာဖစ်ဖစ် အချစ်တွေမလျော့ပါဘူးရယ်။
        တော်ပီ။ မငြင်းတော့ပါဘူးးးး
        သူကြီး အရောင်ရင့် မှတ်တမ်းက အရောင်ရင့်ရုံမက အမှောင်တိုက်ကြီးစိုးတော့မှာပဲ။

        ငိငိငိ :mrgreen:

  • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

    July 5, 2013 at 7:18 am

    ရွှေတိဂုံဘုရား အံ့ဖွယ် ၉ပါး ကို ကျုပ် ဒတ်သေ ရိုက်ပီးတင်ဆက်ဖူးပါတယ်…။
    အခု ၁ဝပါးမြောက် အံ့ဖွယ် ပေါ်လာပြီ ပကော …
    ငိငိ …
    ဗီအိုင်ပီလာရင် မိုးဂျိုးပစ်မှာ စိုးလို့ စီစီတီဗီတွေ ပိတ်ထားသဒဲ့ …။

    ရိုင်းရိုင်းပြောမယ်..ဂေါပကဘဘက ဒတ်သေဆြာကို ေ-ာက်ခွက်ရိုက်တယ်..ဘယ်သူ မှားတယ်မှန်တယ်ထား
    သက်သေကိုဖြောင်ချင်တော့ .. စီစီတီဗီတွေ ပိတ်ထားပါတယ် ပြောတယ်..။
    ဗမာပြည် နံပါတ်-၁ ဘုရားပေါ်က ဂေါပက အဖွဲ့ အကြောင်းဖြစ်ပါတယ်..
    ကန်တော့ပါရဲ့ ကျော်ကိုကိုပဲ ဗျာ..။

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 5, 2013 at 7:28 am

      ပူးတွဲကြေငြာချက်လေးပါ ထုတ်လိုက်သေး.. အဟတ်..ဘုရားပေါ် ဘာမလုပ်ရညာမလုပ်ရနဲ့ …
      ဟုတ်တယ် ..ရှင်ကြီးဂေါတမက ခင်ဗျားတို့ ကို အမည်ပေါက်ချပေးထားတဲ့ ဘုရားဆိုတော့..
      ခညားတို့ သောက်ချိုးကို အလယ်ပစ္စယံမှာ မိန့်ခွန်းပြောဖူးတဲ့ ဟိုလူကြီး ကြားရင် လ-အက္ခရာ မိုးမွှန်သွားမှာသေချာတယ်..
      ရွှေတိဂုံဘုရား ဂေါပက သမိုင်း ဆိုပြီး အခန်းဆက်ဆောင်းပါးရှည် ရေးရင် ပိုးစိုးပက်စက် ပေါက်မှာ မြင်ယောင်သေးတော့တယ်.
      ငိငိ

  • စနေ

    July 6, 2013 at 10:16 am

    By (呉國榮)

    စဉ်းစဉ်းစားစားလဲလုပ်ကြပါ။
    မေးခွန်းလဲထုတ်စရာတွေအများကြီးပဲ။မေးခွန်းမထုတ်ခင်အရင်ပြောချင်တယ်။
    ငါ့ဖာသာငါ့ဘာဘာသာပဲကိုးကွယ်ကိုးကွယ် ငါကိုးကွယ်ပါတယ်ဆိုတာကိုဘယ်မှာမှမှတ်ပုံမတင်နိုင်ဘူး။ကမ ္ဘာပေါ်မှာရှိသမျှဘာသာတွေကိုငါပြောင်းချင်ပြောင်းမယ်၊ငါ့သဘောနဲ့ငါပြောင်းတယ်။ဘယ်ကောင့်ကိုမှသင့်တင့်တဲ့ငွေကြေးကောမသင့်မတင့်တဲ့ငွေကြေးကော တပြားမှမပေးနိုင်ဘူး။ကနေ့ဗုဒ္ဓဘာသာမနက်ဖန်ဂျိမ်းဘာသာပြောင်းချင်ပြောင်းမယ်ဟိန္ဒူဘာသာပြောင်းချင်ပြောင်းမယ်ဘာသာမဲ့အဖြစ်ခံယူချင်ခံယူမယ်။ဒါငါ့ရဲ့လွတ်လပ်ခွင့်ဘယ်သူတဦးတယောက်ကိုမှမထိခိုက်လို့ ဘယ်ကောင့်ကိုမှလဲစောက်ဂရုအစိုက်နိုင်ဘူး။ငါပြောတာတွေရိုင်းကောင်းရိုင်းနေမယ်၊ ဒါပေမဲ့ငါ့သမိုင်းမရိုင်းစေရဘူး။ ငါကဘာသာရေးကိုခုတုန်းလုပ်ပြီး လူမျိုးရေးဘာသာရေးမှိုင်းတိုက် ဘုရားဟောတရားတွေဖျောင့်ဖျောင့်ကြီးဆန့်ကျင်၊ နိုင်ငံရေးအမြတ်ထုတ်နေကြတာတွေ လုံးဝမလုပ်ခဲ့သလိုလုပ်နေတာတွေကိုလဲ ခေါင်းငုံ့ခံနေမှာမဟုတ်ဘူး။ ဆွေးနွေးတယ်ပဲပြောပြော တင်ပြတယ်ပဲပြောပြောပါအချက်(၁၁)ပါတယ်။ အချို့အချက်တွေကိုတော့ သဘောတရားအရထည့်ထားတာတွေမို့မပြောလိုပါဘူး။ ကျန်တာအကုန်လုံးကတော့ လိုက်နာစရာ တို့မှာမရှိဘူး။

    ၁။ကူးပြောင်းမယ်ဆိုရင်သက်ဆိုင်တဲ့သာသနာရေးဦးစီးကိုတင်ပြရမယ်။မူသဘောရေးထားတာ၊ပြောစရာမရှိဘူး

    ၂။မည်သည့်အကြောင်းရင်ဆိုတာဖေါ်ပြရမယ်။
    (မဖေါ်ပြရင်ဘာဖြစ်မလဲ?)

    ၃။အိမ်ထောင်ပြုဖို့ပြောင်းချင်တာလားအမွေခွဲဖို့ပြောင်းမှာလားဆိုတာမှန်ကန်စွာဖေါ်ပြရမယ်။(ဖေါ်ပြပါပြီတဲ့ဖေါ်ပြသမျှကကောအကုန်မှန်နိုင်ပါ့မလား?)

    ၄။ယုံကြည်ချက်ကြောင့်ပြောင်းလဲလိုခြင်းအပေါ်အခြေခံခြင်းဟုတ်/မဟုတ်ပြည့်စုံစွာရေးသားဖေါ်ပြရမယ်။(မေးစရာတွေအများကြီးဗျာ့။စမေးမယ်နော်-ဗမာပြည်မှာစာတတ်သူဘယ်နှစ်%ရှိလို့စာမတတ်သူဘယ်နှစ်%ရှိပါသလဲ?စာမတတ်သူ၊ ကိုယ့်လက်မှတ်ကိုယ်တောင်ကြက်ခြေခတ်တာတို့ ဝလုံးရေတာတို့တောင်မလုပ်တတ်တဲ့သူတွေရှိလို့ လက်ဗွေနှိပ်နေရတဲ့အနေအထားမှာ ဘယ်လိုပုံဘယ်လိုနည်းနဲ့ယုံကြည်လာတယ်ဆိုတာ ပြည့်ပြည့်စုံစုံရေးသားဖေါ်ပြရမယ်ဆိုတာ ဘယ်လိုပုံဘယ်လိုနည်းနဲ့ ဖြစ်နိုင်မယ်ဆိုတာလေးကို အရင်ဆုံးရှင်းလင်းပေးပါလား?ယုံကြည်ကိုးကွယ်မှုဆိုတာလွယ်လင့်တကူကူးပြောင်းလို့ရပါသလား?ဘာသာမဲ့တွေကိစ္စကောဘယ်လိုရှင်းမှာလဲ?ကိုးကွယ်ယုံကြည်မှုအတုတွေကိုကောဘယ်လိုလုပ်မှာလဲ? ဥပမာဗျာ-ဘုရားလက်ထက်မှာဘုရားရဲ့ယောဖတော်ဒေဝဒတ်ဟာ အစမှာတော့ဗုဒ္ဓရဲ့အနားမှာ သာမန်ရဟန်းအဖြစ်ရှိခဲ့တာပဲမဟုတ်းလားနောက်မှတာတသီးတခြားယှဉ်ပြိုင်အံတုခဲ့တာလေ။ ပြောရရင်တော့သင်္ကန်းရုံထားတာခြင်းတော့ အတူတူမို့တခုကတော့ အတုပေါ့နော်။)

    ၅။သက်ဆိုင်ရာကနေအမှုဖွင့်စုံစမ်းရမယ်။(ဘယ်ပုံဘယ်နည်းနဲ့များဘာကိုစုံစမ်းစစ်ဆေးမှာပါလိမ့်နော်။ဥပမာလေးပြောရရင်အမေရိကန်DVပေါက်လို့သွားရမဲ့သူနဲ့အသည်းအသန်အတုလက်ထပ်ပြီးလိုက်သွားကြတဲ့သူပေါင်းဘယ်လောက်ရှိလဲ?သူတို့လဲစစ်ဆေးကြတာပါပဲ။အမှန်လက်ထပ်တာဟုတ်မဟုတ်။အမေရိကန်ရောက်သွားတာတောင်အတူအိပ်မအိပ်လိုက်ကြည့်သေးတာတောင်ရအောင်ညာကြသေးတယ်ဗျာ။ဖြစ်နိုင်ပါ့မလား?)

    ၆။လိုအပ်လျှင်မူလအဖွဲ့အစည်းနဲ့သဘောဆန္ဒကိုရယူရမယ်။(ဘာသာမဲ့တွေကိုဘယ်အဖွဲ့အစည်းရဲ့သဘောဆန္ဒကိုသွားယူမှလဲ?)

    ၇။ ၆လမှတနှစ်အတွင်းစုံစမ်းစစ်ဆေးရမယ်။လျှောက်ထားချက်မရိုးသားရင်ပယ်ရမယ်။လျှောက်ထားသူနဲ့အားပေးကူညီသူကိုရာဇဝတ်မှုနဲ့တရားစွဲရမယ်။(၆လမှတနှစ်ဆိုလူငယ်သဘာဝအရလွန်ကျူးခဲ့ကြလို့ဘာသာမတူမှန်းသိကြပြီးဘာသာပြောင်းကြရင်တော့ကလေးမွေးပြီးမှပဲဘာသာပြောင်းခွင့်ရမှာလား။?ရာဇဝတ်မှုနဲ့တရားစွဲရမယ်။လတ်တလောပဲကျူးလွန်နေကြတဲ့ရာဇဝတ်မှုတွေကိုပဲမလွတ်အောင်တရားစွဲနိုင်ကြပါစေအုန်း။)
    ၈။လျှောက်ထားချက်ကိုစီစစ်လေ့လာပြီးအတည်ပြုပေးရမယ်။(မူအရရေးထားတာဖြစ်လို့ရှင်းစရာမလိုဘူး။)

    ၉။လျှောက်ထားချက်ကို စာရင်းပြုစုပြီးမှတ်ပုံတင်ထားရမယ်။ သင့်တင့်တဲ့ငွေကြေးတောင်းခံရမယ်။(ဥပမာလေးကတော့ ဒုလ္လဘရဟန်းခံတာမျိုးတွေကော သံဃမှတ်ပုံတင်လိုလား? သျှင်လိင် ပြန်သွားတဲ့ရဟန်းတွေမှတ်ပုံတင်ကိစ္စတွေကို်လိုပုံရှင်းကြပါသလဲ?သင့်တင့်တဲ့ငွေကြေးတောင်းခံရမယ်ဆိုတာ ဘယ်အတိုင်းအတာက သင့်တင့်တဲ့ငွေကြေးလဲ?ဘယ်သူကဆုံးဖြတ်ပေးမှာပါလဲ?)

    ၁၀။ဘာသာကူးပြောင်းပြီးသူသည်နောက်ထပ်ကူးပြောင်းခြင်းမပြုရ။(အဲ့ဒါကြီးကတော့ဗျာ ဘုရားဟောတရားဖြစ်တဲ့ ကာလမသုတ်ပါ(၁၀)ချက်နဲ့လုံးလုံးလျားလျား ဆန့်ကျင်နေတာတွေ့ရမှာပါ။ ဘုရားဟောတရားကိုဆန့်ကျင်ပြီးဥပဒေပြုဖို့လုပ်နေကြတာဟာ သာသနာပျက်ခြငါးရဲ့အစလိုပဲ ပြောရပါတော့မယ်။)

    ၁၁။ ကတော့အဆုံးသတ်ဥပဒေပြုခြင်းလို့ပဲပြောရမှာပါ။မူသဘောမို့ရှင်းရန်မရှိပါ။

    https://www.facebook.com/khundeerum/posts/514808558587591

  • အရီးခင်လတ်

    July 6, 2013 at 4:44 pm

    လူသား ကို လူသား လို့သာမြင်တတ်ပြီဖြစ်တဲ့ ကမ္ဘာ တဝှမ်း က လူအများ
    ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ မဟုတ်ပေမဲ့ အဖိနှိပ်ခံ နေရသူတွေ ကို
    တတ်စွမ်းသ၍ ကူညီ နေကြတဲ့ နမူနာပါ။

    ပါကစ္စတန်က ကျောင်းတက်ခွင့် မရဘဲ ပိတ်ထားခံနေရတဲ့ မိန်းကလေး တွေ အတွက် ဆန္ဒ ရှိရင် လုပ်ပေးနိုင်ဖို့ Link လေးပါ။

    http://www.change.org/petitions/stand-with-malala-end-the-education-emergency-3?utm_campaign=new_signature&utm_medium=email&utm_source=signature_receipt#share

    အဲဒီအချိန် အမေရိက မှာ ၈ နှစ် အရွယ် သမီးလေး ကို လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး ဇူလိုင် ၂ရက်နေ့ က တနေ့တာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူဖို့ ရွေးချယ် လိုက်သတဲ့။
    ရည်ရွယ်ချက်ကတော့ မိန်းကလေးတွေ လူထု နဲ့ ဆိုင်တဲ့ အကျိုးပြုအလုပ် တွေ မှာ စိတ်ဝင်တစား ပါဝင်လာနိုင်ဖို့ နမူနာပြတဲ့ သဘောပေါ့။
    အဲဒီမိန်းကလေးက ပြည်နယ်အုပ်ချုပ်ရေးမှူး ဆိုင်ရာ အကြောင်း စာစီစာကုံး ပြိုင်ပွဲမှာ (၁) ရခဲ့သူပေါ့။
    http://articles.washingtonpost.com/2013-07-02/local/40327515_1_governor-essay-state-house

    မြန်မာပြည်က ကိုယ့်သမီးလေး တွေ ကို အဆင့်မြင့်မြင့် လွတ်လပ်စွာ ကြီးပြင်းစေချင်လား။
    အတားအဆီး အဖိအနှိပ် တွေ ထဲ မှာ ဘာမှ အသုံးမကျ မလှုပ်ရဲသူတွေ၊ ဒါမှမဟုတ် ရတဲ့ နည်းနဲ့ အဆင့်မရှိ သူပုန်ထသူတွေ အဖြစ် ကြီးပြင်း စေချင်လား။
    ကိုယ့်သဘောပါ။

    ဒီနေ့ မြန်မာပြည်ဟာ အရင်လို မဟုတ်တော့ပါဘူး။
    ကိုယ့် ကို ကောင်းကျိုးပြုမဲ့ အစိုးရ အတွက် ပြည်သူ က စိတ်ကြိုက် အဆုံးအဖြတ်ပေးနိုင် တဲ့ အခြေအနေကို ရောက်လုပါပြီ။
    လမ်းမှားမသွားဖို့ စည်းစည်းလုံးလုံး ရှိကြဖို့ သာပါဘဲ။

    ဒီ အရောင်ရင့် မှာတင်ဖို့ ရွာပတ်လိုက်ရတယ်။
    တစ်လလုံး သုံးဖို့ ရည်ရွယ်တာ ဆိုလဲ တစ်နေရာမှာ အတည်ထားပေးပါ သူကြီးမင်းရယ်။
    Editor’s Note ထဲမှာ မှန်မှန် Update လုပ် ထည့် ပေးစေလိုပါတယ်။

  • အရီးခင်လတ်

    July 6, 2013 at 9:22 pm

    အခုလိုမျိုး ပြည်တွင်းက တတ်သိပညာရှင်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားတဲ့ စိတ်ထား/ ယုံကြည်လေးစား အားကိုုးကြောင်း တွေ ကို တရားဝင် စပြီး မြင်လိုက်ရတာ တကယ်ဘဲ အားရှိ ဝမ်းသာမိပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် အတွက် ဒီလို လူမျိုး တွေ ရဲ့ တရားဝင် ပံ့ပိုးပေးမှု အားတွေ လဲ အများကြီး လိုနေပါတယ်။
    ထပ်ပြောရရင် ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် မဟုတ်ပါဘူး။
    မြန်မာပြည်နဲ့ ပြည်သူ/သား တွေ တိုးတက် ဖို့၊ ဆင်းရဲ တွင်းက လွတ်အောင်လို့ အတွက်ပါ။

    —————————————–
    (Copy From Facebook)

    ဂုဏ်အယူရဆုံး ခွဲစိတ်မှု

    2012 January 1965 batch IM 1 students reunion တွင် စာပေစိစစ်ရေးမတင်ဘဲ ပုံနှိပ်ထုတ်ဝေခဲ့သော အမှတ်တရစာအုပ်မှ OG Dr Daw Khin Win Kyu ၏ဆောင်းပါး

    ၁၉-၉-၂၀၀၃ခုနှစ်(သောကြာနေ့) ဒီရက်ကိုတော့ ကျွန်မတစ်သက် ဘယ်တော့မှမေ့နိုင်တော့မည် မထင်ပါ။ ကျွန်မအတွက် ထူးထူးခြားခြား ရင်တွေခုန်ရသောနေ့ စိတ်လှုပ်ရှားရသောနေ့လေးတစ်နေ့ဖြစ်ပါသည်။ မီးယပ်သားဖွား အထူးကုဆရာဝန်တစ်ယောက်အဖြစ် အနှစ်(၂၀)ကျော် လူနာများကို ခွဲစိတ်ပေးခဲ့ရသော သက်တမ်းတစ်လျောက် ဒီနေ့လောက် ခွဲရမည့်လူနာအရေးတွေးပြီး စိတ်မလှုပ်ရှားခဲ့ဖူးပါ။ သူမအား ခွဲပေးရမည်ကို စသိသည့်နေ့မှစ၍ ခွဲစိတ်မှု အောင်မြင်ဖို့ ကိုလည်း
    နေ့တိုင်း အချိန်ပြည့် ဆုတောင်းနေမိပါသည်။အဘယ်ကြောင့်မူ ကျွန်မခွဲပေးရမည့်သူကတော့ မြန်မာသိ၊ ကမာ္ဘသိဖြစ်ပြီး နိုင်ငံဂုဏ်ကို မြှင့်တင် ပေးခဲ့သော ကမာ္ဘ့ငြိမ်းချမ်းရေး နိုဘယ်ဆုပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်ပါသည်။

    ကျွန်မတို့ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ အစ်မဒေါ်အောင်ဆန်းစုကြည်ကို မခွဲစိတ်မီ တစ်ရက်အလိုမှ ကျွန်မက မမအားတွေ့ဆုံခွင့်ရခဲ့ပါသည်။ ကျွန်မတို့ ခွဲစိတ်မည့် team တစ်ခုလုံးနှင့် မမ တွေ့ဆုံခဲ့ရတာပါ။ မမက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ အာရှတော်ဝင်(၉)ထပ်ရှိ အခန်း(၉)တွင် တက်ရောက်ခဲ့ပါသည်။ ယခုကိုယ်တိုင်တွေ့ကာ စကားပြောခွင့်ရခဲ့ရာတွင် ကျွန်မ သတိထားမိသည်မှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်တူပြီး စကားပြောရာတွင် လိုရင်းတိုရှင်း ချက်ချက်ချာချာရှိကာ ပညာတတ် ပီသလှပါသည်။

    တိုးတက်အောင်မြင်နေသော အနောက်နိုင်ငံကြီးများတွင် ဆေးကုသမှုခံယူလျှင် အစစအရာရာ သာလွန် ကောင်းမွန်မှန်းသိသော်လည်း မြန်မာပြည်အရေးအတွက် သူမမှာ သမိုင်းပေးတာဝန်များစွာရှိနေသဖြင့် ပြည်တွင်းမှာပင် ဆေးကုသမှုခံယူရန် မမက ဆုံးဖြတ်ခဲ့သည်ကိုလည်း ကျွန်မ နားလည်မိပါသည်။ ထို့အပြင် မြန်မာပြည်တွင် ကျွန်မထက် များစွာဆေးပညာရော၊ experience ပါ သာလွန်သော၊ ကျွမ်းကျင်စွာ ခွဲစိတ်နိုင်သော ဆေးပညာရှင် ပါရဂူကြီး အများအပြားရှိပါလျက် ကျွန်မကိုမှ ယုံကြည်စွာ ခွဲစိတ်ပေးပါရန် တောင်းဆိုခံရခြင်းအတွက် ကျွန်မမှာ လွန်စွာကြည်နူးဂုဏ်ယူခဲ့ရပါသည်။ ထိုခဏတွင်ပင် ကျွန်မမိဘနှစ်ပါးနှင့်ဆရာသမားအားလုံးကိုလည်း
    သတိတရ ကျေးဇူးတင်မိပါသည်။ ကျွန်မကလည်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်မည်ဟု သန်္နိဌာန် ချလိုက်ပါတော့သည်။ ရှေးရေစက်ကြောင့်သာ ကျွန်မက မမကို ခွဲစိတ်ကုသပေးခွင့်ရခြင်း ဖြစ်မည်ထင်ပါသည်။

    Operation တိုင်း၌ Unexpected complications မမျှော်လင့်သော ခက်ခဲမှုဆိုတာ ရှိတတ် မှန်းသိနေသော ကျွန်မအဖို့ အထင်ကရ မမလို patient တစ်ယောက်ကို operation လုပ်ရတော့မှာ ဆိုတော့ ပိုပြီးစိတ်ပူ၊ ရင်ပူမိတာ အမှန်ပါ။ ထိုစဉ်က မမသည် “ဒီပဲယင်း” အရေးအခင်းအပြီး အကျယ်ချုပ်ကျ နိုင်ငံရေးသမားဘဝ၊မည်သူနှင့် မျှ တွေ့ဆုံစကားပြောခွင့် မရ၊ မြန်မာနှင့်ကမ္ဘာကလည်း မမကို လွတ်မြောက်စေချင်သော ဆန္ဒအပြည့်နှင့် မမအား မျက်စိဒေါက်ထောက် ကြည့်နေကြသော အချိန်ကာလ၊ မမ တစ်ခုခုဖြစ်သွား၍မရ၊ မမကို ဩဇာအာဏာရှိသော မျိုးချစ်ခေါင်းဆောင် ဖြစ်စေချင်နေတာက လူအများစုရဲ့ဆန္ဒ၊ ဒီလိုပုဂ်္ဂိုလ်မျိုးကို ခွဲစိတ်ကုသပေးရမည့်ကိစ်္စမှာ ကျွန်မအတွက် အလွန်ကြီးလေးသော တာဝန်တစ်ခု
    ဖြစ်ပါသည်။ ထို့ကြောင့် ခွဲစိတ်ရမည်ကို စသိသည့်နေ့မှစ၍ ခွဲစိတ်ကုသမှု ချောမောအောင်မြင်၍ မမကျန်းကျန်းမာမာရှိနေစေရန် နေ့စဉ်ဆုတောင်းပေးလျက်နေမိပါသည်။

    ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့နံနက် မမကို အာရှတော်ဝင်ဆေးရုံ၌ ခွဲစိတ်ရန် အိမ်မှ မထွက်ခွာမီကပင်၊ MBBS နောက်ဆုံးနှစ်အပိုင်း(ခ)စာမေးပွဲ
    ဖြေရစဉ်နှင့်ထပ်တူ ရင်တုန်နေမိခဲ့ပါသည်။ ခင်ပွန်းဖြစ်သူအားလည်း ခွဲစိတ်မှုအခက်အခဲမရှိ၊ ပြီးဆုံးအောင်မြင်ရန် ဆုတောင်းပေးနေပါဟု မှာခဲ့ပါသည်။ ကျွန်မအား မကြောက်မရွံ့ ခွဲစိတ်ကုသရန်၊ နိုင်ငံရေးစိတ်အပြည့်နှင့် အားပေးခဲ့သော ခင်ပွန်းသည်ကိုလည်း ကျေးဇူးတင်မိပါသည်။

    ဒေါ်အောင်ဆန်းစုကြည်အား ခွဲစိတ်သည့်အချိန်က Asia Royal Operation Theatre အတွင်းရှိ ကျွန်မတို့ Surgical team အားလုံး ( Surgeon ကျွန်မ၊ First Assitant Surgeon ဒေါက်တာဦးတင်မျိုးဝင်း၊ Second Assitant Surgeon ဒေါက်တာပြုံးမိုအိ၊မေ့ဆးဆရာဝန်ကြီး ဒေါက်တာ ဦးဟုတ်ဝမ်၊ ဆရာကြီး၏သမီး မေ့ဆေးအကူဒေါက်တာကြည်ကြည်ထွန်း၊ သူနာပြုအုပ် အပါအဝင် သူနာပြုများအားလုံး)၏ စိတ်တွင်း၌လည်း ကျွန်မနှင့်ထပ်တူ စိတ်ပူပန်၍ ခွဲစိတ်မှုအောင်မြင်ဖို့ ဆုတောင်းနေကြမည်မှာ မလွဲပါ။ မမက တိုင်းပြည်ပေါ်ထားသောစေတနာ၊ ကျွန်မတို့က မမအပေါ်ထားသော စေတနာရောင်ပြန်ဟပ် သည်ဟု ထင်မိပါသည်။ ထို့နေ့က ခွဲစိတ်ကုသမှု အခက်အခဲမရှိ ချောမောစွာအောင်မြင်ခဲ့ပါသည်။ ကျွန်မတို့ တစ်ဖွဲ့လုံးသာမက ဆေးရုံတစ်ခုလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြပါသည်။ Biopsy result အသားစ စစ်ဆေးမှုကလည်း Malignancy ကင်ဆာမဟုတ်သည့်အတွက် မမဒေါ်အောင်ဆန်းစုကြည် အလွန် ကံကောင်းသည်လို့ ဆိုရပါမည်။

    မမဒေါ်အောင်ဆန်းစုကြည်က ခွဲစိတ်မှုမပြုမီကတည်းက အများတန်းတူ ခွဲစိတ်ခကိုယူပါရန် တောင်းဆို ခဲ့ပါသည်။ ခွဲစိတ်ပြီးသည့်အခါလည်းဒေါက်တာပြုံးမိုအိက Opertion fee ခွဲစိတ်ခဟု ဆိုကာ စာအိတ် တစ်အိတ်ကိုပေးရန် ကြိုးစားခဲ့ပါသည်။ ကျွန်မဘယ်လိုမှ အခကြေးငွေယူရန် စိတ်ကူးထဲမှာပင် မပေါ်ခဲ့ပါ။ ကျွန်မဘက်ကမမလိုကိုယ်ကျိုးစွန့်အနစ်နာခံပြီးတိုင်းပြည်အကျိုးဆောင်ရွက်နေသည့်သူထံမှ ငွေတစ်ပြားတစ်ချပ်မှ ရယူလိုစိတ်မရှိပါ။ ယခုကဲ့သို့ ကုသပေးခွင့်ရသည်ကိုပင် ဂုဏ်ယူဝမ်းသာလှပြီဖြစ်ရာ ထိုစာအိတ်ကို လက်မခံခဲ့ပါ။ နောက်ထပ် မည်သို့ကူညီပေးနိုင်ဦးမလဲဟုသာ စေတနာအပြည့်အဝနှင့် တွေးဆမိပါသည်။

    ထို့နေ့ ည(၉)နာရီခန့်တွင် ဒေါက်တာတင်မျိုးဝင်းနှင့်အတူ အာရှတော်ဝင်ဆေးရုံတွင် မမကို သွားကြည့်ရာ ကျွန်မမှာ မမအား များစွာကရုဏာသက်မိပါသည်။ မမအနားတွင် သွေးချင်းသားချင်းလည်း တစ်စုံတစ်ယောက်မျှမရှိပါ။ ကုတင်ပေါ်တွင် ပက်လက်လှဲလျောင်းနေသော မမကို ကျွန်မက နေကောင်းပါရဲ့လားဟု မေးရာတွင်
    I feel very uncomfortable ဟုပြန်ဖြေပါသည်။ လက်မှာ drip တန်းလန်း ရှိနေသကဲ့သို့ ဆီးပိုက်တန်းလန်းနှင့်ဖြစ်ပြီး တစ်နေကုန် အစာမစားထားရလျက် အိပ်ဆေးများဒဏ်ကြောင့် မူးဝေနေသည့်အပြင် ခွဲစိတ်ခံထားရသဖြင့် နာကျင်နေမည်မှာမလွဲပေ။ မှန်ပါသည်။ မမခံရခက်နေမှာ အသေအချာပင်။ မမက နာသည်ဟု တစ်ခွန်းမျှ မဆိုပါ။ ကျွန်မ မိန်းမသားချင်း ကိုယ်ချင်းစာနာမိပါသည်။ ခင်ပွန်းနှင့်သားများ အနားမှာ မရှိသကဲ့သို့ ဆွေမျိုးများပင် အနားမှာ မရှိချေ။ ကျွန်မသာဆိုလျှင် မျက်ရည်ဖြိုင်ဖြိုင်ကျလောက်ပေပြီ။ မမကမူ မျက်စိမှိတ်မှိန်းနေရုံသာ ညည်းလည်း
    မညည်းချေ။ ဒေါက်တာ တင်မျိုးဝင်းနှင့်တိုင်ပင်ကာ အနာလည်းသက်သာ စိတ်ဖိစီးမှုလည်းမရဘဲ အိပ်ပျော်နိုင်ရန် Injection pethidine ကို ထိုးပေးခဲ့ပြီး ပြန်လာခဲ့ပါသည်။

    ထိုညက ကျွန်မအိမ်သို့ ညီအစ်ကိုမောင်နှမများ အပြေးအလွှားရောက်လာကြပါသည်။ ကျွန်မက သူတို့ အားဘာမျှတင်ကြိုမပြောထားသော်လည်း ပြင်ပမှသတင်းများကြောင့် ကျွန်မက မမဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်ပေးမှန်းသိသွားကြသဖြင့် ကျွန်မအတွက်လည်း ဂုဏ်ယူဝမ်းသာ၊ မမဒေါ်အောင်ဆန်းစုကြည်အတွက် လည်း စိတ်ပူပန်ပြီး ရောက်လာကြခြင်း ဖြစ်ပါသည်။ ကျွန်မသည်လည်း ခွဲစိတ်မှုအားလုံးအနက် မမအား ခွဲစိတ်ပေးသော ခွဲစိတ်မှုသည် ဂုဏ်အယူရဆုံးခွဲစိတ်မှု ဖြစ်ပါသည်။ အသံလွှင့်သတင်းဌာနအချို့၏ ကြေငြာချက်ကြောင့် ၎င်းသတင်းကို သိရှိကြသည့်ဆွေမျိုးတစ်ချို့နှင့် သူငယ်ချင်းတစ်ချို့ကလည်း တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ပါသည်။

    ခွဲစိတ်မှုအပြီး (၇)ရက်တိတိ တစ်နေ့လျှင် တစ်နာရီမျှ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့် ရခဲ့ပါသည်။ ခွဲစိတ်မှုအပြီး First post-op day တွင်ပင် မမမှာ အားတက်သရော စကားပြောနိုင်နေပါပြီ။ ဆီးပိုက်၊ drip ပိုက်များဖြုတ်လိုက်ကာရေပတ်တိုက်အပြီးတွင် မမမှာ လန်းဆန်းပြီး လူကောင်းပတိအသွင်ဖြင့် ထထိုင်ကာ စကားများပြော၊ အစာများ စားနိုင်လာပါသည်။ ဆေးရုံမှ သူနာပြုက (Sponging) ကိုယ်ပတ်တိုက် ပေးရန် လာသည့်အခါတွင်လည်း “မမက sponging တို့ nursing care တို့ ကောင်းကောင်းလုပ်တတ်တယ်။ မမခင်ပွန်းနဲ့ ကလေးတွေ နေမကောင်းရင် ကိုယ်တိုင်လုပ်ပေးတာ။ မေမေ့ကိုလည်း မမက လုပ်ပေးခဲ့တာပဲ။ ဆရာမတို့ လုပ်ပေးဖို့
    မလိုပါဘူး” ဟုပြန်ပြောခဲ့ပါသည်။ ဒေါက်တာတင်မျိုးဝင်းရော ကျွန်မတို့အားလုံးကပါ မမမှာ လူနာဖြစ်နေသဖြင့် ကိုယ်တိုင် လုပ်ရန် မသင့်ကြောင်းပြောမှ Sister မှ Sponging လုပ်ပေးသည်ကို လက်ခံပါသည်။ နောက်နေ့မှစကာ တစ်စစ မမ တိုးတက်ရွှင်လန်းလာခဲ့ပါသည်။

    ဆေးရုံပေါ်မှာ ရှိနေစဉ်အတွင်း နိုင်ငံခြားသံရုံးများနှင့် စေတနာရှင်များက သစ်သီးခြင်း၊မုန့်ပုံး စသည်ဖြင့် လက်ဆောင်များပေးပို့ကြပါသည်။ ဆေးရုံအတွင်း ဝင်ခွင့်မရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ လူငယ်များ၊ ကျောင်းသားကျောင်းသူများက ဆေးရုံပြင်ပတွင်စောင့်ကာ မေတ္တာပို့သကြသကဲ့သို့ စက္ကူငှက်ရုပ်လေးများ
    ချိုးကာသီပြီး မမဆီ ပေးပို့ကြပါသည်။ မမမှလည်း သူ့ကိုပေးသော မုန့်များကိုဆေးရုံအပြင်မှ ပရိသတ်အတွက် ပြန်လည်ဝေငှပေးခဲ့ပါသည်။ သူ ဆေးရုံ တက်နေ
    ရသည့်အခန်းမှာ သာမည ဆရာတော်ကြီး တက်ရောက်သီတင်းသုံးခဲ့ဖူးသည့် အခန်းလည်းဖြစ်ကာ ရွှေတိဂုံစေတီတော်အားလည်း မြင်တွေ့ ဖူးမြော်နိုင်သည့်
    အတွက် သဘောကျကြောင်းလည်း ပြောပြခဲ့ပါသည်။

    မမ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်ပြီး နောက်ပိုင်းတွင် ကျွန်မမှာ အလွန်မျက်နှာပွင့်လန်းခဲ့ရပါသည်။ ပုဂ္ဂလိကဆေးရုံများသို့ ကျွန်မခွဲစိတ်ထားသော မွေးလူနာများ
    အား ကြည့်ရန်ရောက်သည့်အခါ အခြားသော သားဖွားမီးယပ်ဆရာဝန်ကြီးများအပါအဝင် ဆရာဝန်ကြီးငယ်များ၏ ဝမ်းပန်းတသာ ချီးကျူးဂုဏ်ပြုမှုများကို ကြုံရပါသည်။ အသက်ဝါကြီးသော ဆရာ၊ ဆရာမကြီးများ၏ ချီးကျူးမှုခံရသကဲ့သို့ ရွယ်တူဝါတူများမှလည်း နောင်ကို ယခုကဲ့သို့ ကူညီစရာလိုလျှင် သူတို့အားလည်း အသိပေးစေလိုကြောင်း စသဖြင့် ပြောဆိုကြသကဲ့သို့ မမ၏ရောဂါ အတိမ်အနက်အတွက် စိုးရိမ်ပူပန်စကားများ ဆိုခဲ့ကြပါသည်။ ထိုအထဲတွင် ကျွန်မတို့ကို စာသင်ပေးခဲ့ကြသည့် ကျွန်မလေးစားရသော ဆရာကြီး ပါမောက္ခဦးလှမြင့်(အဘ)နှင့် ဆရာမကြီး ပါမောက္ခ ဒေါ်မြမြတို့ကိုယ်တိုင်က ပခုံးဖက်ကာ လက်ဆွဲ နှုတ်ဆက်ကာဖြင့် ချီးကျူးကြသည်ကို ခံရသည့်အခါ ကျေနပ် ဂုဏ်ယူရသကဲ့သို့ များစွာလည်း ပီတိဖြစ်ရပါသည်။ ထို့ပြင် ကျွန်မတို့ ပညာတတ်ဆရာဝန်များ၏ ရင်ထဲတွင်လည်း မမဒေါ်အောင်ဆန်းစုကြည်အား မည်မျှယုံကြည်လေးစား အားကိုုးကြောင်းကိုလည်း သတိထားမိရပါသည်။

    ခွဲစိတ်မှုအပြီး တစ်လအကြာတွင် မမကို သူမ၏ တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင် ထပ်မံပြီးတွေ့ဆုံခွင့် တစ်ခါရခဲ့ပါသည်။ မမ၏ဧည့်ခန်းတွင် ဖခင်ဗိုလ်ချုပ်အောင်ဆန်း
    ၏ ဓာတ်ပုံကြီး၊ မိသားစုဝင်များ၏ ဓာတ်ပုံများ၊ ခင်ပွန်း၊ သား(၂)ယောက်၊ချွေးမ(၁)ယောက်၊ မြေး(၂)ယောက်၏ ဓာတ်ပုံများကို ချိတ်ဆွဲထားပါသည်။ စာအုပ်များ ပြည့်နှက်နေသည့် စာအုပ်ဗီဒိုကြီးကိုလည်း တွေ့ခဲ့ရပါသည်။

    မမက နေ့စဉ် အချိန်ဇယားဖြင့် အလုပ်လုပ်သူ ဖြစ်ပါသည်။ နံနက်အရုဏ်ဦး အိပ်ရာထချိန်မှစကာ ညအိပ်ရာ ဝင်ချိန်အထိ ဘုရားရှိခိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စာရေးစာဖတ်ခြင်းတို့အပြင် စားချိန်အိပ်ချိန်ကိုပါ တိတိကျကျပြုလုပ်သူဖြစ်ပါသည်။ မမက ဝလို့လည်းမဖြစ်ဘူး။ ပိန်လို့လည်းမဖြစ်ဘူး။ ဝရင်ဝမှာပေါ့။ တစ်နေ့တစ်နေ့ စားပြီးအိပ်၊ အိပ်ပြီးစား၊ နားနေရတာကိုး၊ ပိန်ရင်လည်းပိန်မှာပေါ့။ နိုင်ငံရေးလုပ်ပြီး စားမဝင် အိပ်မပျော် မိသားစုနဲ့ဝေး နေတာကိုးလို့ အပြောမခံနိုင်ဘူး။ ဒါကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး Balance diet ပဲစားတာ” ဟု ရှင်းပြဖူးပါသည်။

    မမသည် စကားအလွန်ပြောကောင်းကာ ပြောသမျှစကားများကိုလည်း ပညာတတ်ပီပီ ပြန်လည် ချေပပြောဆိုနိုင်ပါသည်။ စိတ်ဓာတ်ကလည်း တည်ကြည်ဖြောင့်မတ်ပြီး အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ကြောင်း မမနှင့်စကားပြောခွင့်ကြုံရမှ ထင်ထင်ရှားရှား တွေ့မြင်လာရပါသည်။ ယနေ့တိုင် ကျွန်မလေးစားရပါသော မမဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်း၍ လိုရာပန်းတိုင်သို့ အမြန်ဆုံးရောက်ရန် ဆုတောင်းလျက်သာ ရှိပါသည်။

    ဒီခွဲစိတ်မှုကြောင့် ရရှိတဲ့ ကျွန်မရဲ့ ပီတိခံစားချက်များကို ကျွန်မရဲ့ ၁၉၆၅ batch မှ သူငယ်ချင်း ရောင်းရင်းများ မျှဝေခံစားနိုင်ရန်“ဂုဏ်အယူရဆုံးခွဲစိတ်မှု” ဆောင်းပါးလေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

    သူငယ်ချင်းများအားလုံး ပီတိနှလုံး ရွှင်ပြုံးနိုင်ကြပါစေ ………..

    ဒေါက်တာခင်ဝင်းကြူ
    (Winne)

  • အရီးခင်လတ်

    July 7, 2013 at 10:55 pm

    Sunday, July 7, 2013
    ဘာသာရေး လူမျိုးရေးခုတုံးနှင့် ပဋိပက္ခ ဖန်တီးသူများပေးသည့် ဆိုးမွေများ
    မြနန္ဒာဂျာနယ်၊ အတွဲ-၂။ အမှတ်-၂၅

    မြန်မာနိုင်ငံ လွတ်လပ်ရေး မဆုံးရှုံးမီ နောက်ဆုံးအုပ်ချုပ် မင်းလုပ်ခဲ့သည့် ဘုရင်သုံးပါးကား ပုဂံမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ဖြစ်သည်။ နောက်ဆုံး မင်းသုံးဆက်တွင် မင်းတုန်းမင်း တစ်ပါးသာ ဉာဏ်အမြော်အမြင်နှင့် အကြင်နာတရားရှိပြီး တိုင်းပြည်ကို မေတ္တာဖြင့် အုပ်ချုပ်ခဲ့သည်။ တစ်ဘက်တွင်လည်း မြန်မာနိုင်ငံ၏ နယ်နိမိတ်ဧရိယာများ အင်္ဂလိပ်လက်သို့ ဆက်မပါစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းသည်။

    မင်းတုန်းမင်း၏ ရှေ့က မင်းလုပ်သူ ပုဂံမင်းကား ပျော်ပါးမှုတွင် နစ်မြှုပ်နေသူဖြစ်သည်။ တိုင်းရေးပြည်ရာကိုလည်း စိတ်မဝင်စား။ နိုင်ငံတကာရေးရာ ဗဟုသုတကလည်း ခေါင်းပါးသူ ပုဂံမင်းသည် တလွဲရာဇမာန်တော့ရှိ၏။ အင်္ဂလိပ်က ရန်စလာသည့်အခါ အခြေအနေအရပ်ရပ်ကို ခြုံငုံမသုံးသပ်နိုင်ဘဲ မခံချင်စိတ်တစ်ခုတည်းဖြင့် အင်္ဂလိပ်နှင့် ဒုတိယစစ်ပွဲ ဆင်နွှဲလိုက်ရာ၊ ရက်ပိုင်းအတွင်းမြန်မာက စစ်ရှုံးသည်။ ရလဒ်အဖြစ် ရန်ကုန်။ မုတ္တမနှင့် ပဲခူး အင်္ဂလိပ် လက်အောက်သို့ ရောက်သွားသည်။ အင်္ဂလိပ်သည် ပထမ မြန်မာ-အင်္ဂလိပ် စစ်ပွဲအပြီးတွင်အိန္ဒိယဘုရင်ခံ မှတဆင့် ရခိုင်နှင့် တနင်္သာရီကို အုပ်ချုပ်နေခြင်းဖြစ်၏။ ထို့ကြောင့် ဘင်္ဂါလီများ၊ အိန္ဒိယ နိုင်ငံသားများ အလုံးအရင်းနှင့် ပထမဆုံးဝင်လာနေသောနေရာသည် ရခိုင်နှင့် တနင်္သာရီဖြစ်ပါသည်။ ရခိုင်က ဘင်္ဂါလားနယ်နှင့် နယ်ခြင်းစပ်နေသဖြင့် ဘင်္ဂါလီများသည် တနင်္သာရီဘက်ထက် ရခိုင်တွင် ပိုမိုများပြားစွာရောက်ရှိခြင်းက သဘာဝကျပါသည်။

    မိ်မိနိုင်ငံ၏ နယ်မြေတချို့ ဖဲ့ပေးရပြီး ကုလားများ မြန်မာ့မြေပေါ် ရောက်လာသည်ကို မနာကျည်းဘဲ သဘာဝကျသည်ဟု ပြောရက်လေဟုမဆိုပါနှင့်။ သမိုင်းဖြစ်စဉ်ကို မှန်မှန်ကန်ကန်ပြောနေခြင်းဖြစ်၍၊ သမိုင်းကိုပြောရာတွင် စိတ်ခံစားမှုနှင့် ပြော၍မရပါ။ ရှေးမြန်မာမင်းများ မဏိပူရပြည်နယ်ကို ကျူးကျော်သိမ်းပိုက်စဉ်ကလည်း ကသည်းလူမျိုးများကို သုံ့ပန်းအဖြစ်ခေါ်လာခဲ့သည်။ ထိုကလည်းများသည် ယနေ့ဗုဒ္ဓဘာသာဖြစ်သူကဖြစ်၊ ဟိန္ဒူဆက်ကိုးကွယ်သူက ကိုးကွယ်လျက် ယနေ့ထိမြန်မာနိုင်ငံတွင် ရှိနေကြပါသည်။ စစ်၏သဘာဝကို ပြောလိုရင်းဖြစ်သည်။

    ထို့ကြောင့် ခရစ်ယာန်၊ ဟိန္ဒူနှင့် မူဆလင်ဘာသာများသည် ဆရာတော်ဦးဝီရသူ ဟောပြောသကဲ့သို့ အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးမှ ရောက်လာကြခြင်းမဟုတ်ပါ။ သည်မတိုင်မိကပင် ရောက်ခဲ့ပြီးဖြစ်သော်လည်း မပြန့်ပွားသေးခြင်းသာ ဖြစ်ပါသည်။
    မင်းတုန်းမင်း၏ ဉာဏ်ပညာကြောင့် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို လွယ်လင့်တကူ ဆက်မသိမ်းပိုက်နိုင်သော်လည်း၊ အင်္ဂလိပ်ကို အောက်ကျခံချော့ပေါင်းခဲ့ရ၏။ မြန်မာနှင့် အင်္ဂလိပ်ကြားအဓိကကွားခြားချက် ကလက်နက်နှင့် နည်းပညာဖြစ်ပါသည်။
    အနောက်နိုင်ငံများက ခေတ်မီသေနတ် လက်နက်များ သုံးလာချိန်၊ အရင်းရှင်ပါလီမန်စနစ်ကို စကျင့်သုံးလာချိန်တွင် မြန်မာအပါအဝင် အရှေ့တိုင်းနိုင်ငံများ၌ ခေတ်မီလက်နက်များ ၊ တပ်ဖွဲ့များ မရှိရုံသာမက သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် ဆက်လက် အုပ်ချုပ်နေခြင်းကြောင့် မိမိနိုင်ငံနှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းမရှိ ဘဲ ၊ လွတ်လပ်ရေးဆုံးရှုံးရခြင်းဖြစ်သည်။
    မင်းတုန်းမင်းအလွန် နန်းတက်လာသူ သီပေါဘုရင်သည် နုငယ်လှသည့် ဆယ်ကျော်သက်ရွယ် လူငယ်လေးသာဖြစ်ပါသည်။ ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ကင်းဝန်မင်းကြီးတို့က ရုပ်သေးဘုရင်အဖြစ် ပလ္လင်ထက် တင်ပေးထားခြင်းဖြစ်သည်။သီပေါဘုရင်ကိုယ်တိုင်က ငယ်စဉ်က ဘုန်းကြီးဝတ်ရန် ရည်ရွယ်ခဲ့သူဖြစ်သည်။ အချုပ်ဆိုသော် ကမ္ဘာ့အရေးကို မျက်ခြည်ပျက်နေသော ခေတ်မီလက်နက်နှင့်တပ်ဖွဲ့မရှိသော ခေတ်မီအုပ်ချုပ်ရေးစနစ်မဟုတ်ဘဲ သက်ဦးဆံပိုင်စနစ်ကို ဆက်ကျင့်သုံးနေသော မြန်မာနိုင်ငံသည် သီပေါမင်းလက်ထက်တွင် လွတ်လပ်ရေးအပြီး ဆုံးရှုံးခဲ့တော့သည်။

    အကယ်၍ ထိုခေတ်က အခြေအနေကို လေ့လာပါက အင်္ဂလိပ်က မြန်မာကို မသိမ်းစေကာမူ၊ ပြင်သစ်၊ ဒတ်ချ်၊ စပိန်စသည့် တခြားနိုင်ငံက သိမ်းပိုက်မည်သာ ဖြစ်၏။ ကွာဟနေသော အသိဉာဏ်၊ လက်နက်နှင့် အင်အားကြောင့် မြန်မာသည် အနောက်နိုင်ငံတစ်နိုင်ငံ၏ ကိုလိုနီဖြစ်မည်သာတည်း။

    ထို့ကြောင့် ထစ်ခနဲရှိ အင်္ဂလိပ်ကို ပုတ်ခတ်ပြောဆိုနေမည့်အစား၊ ယနေ့ကမ္ဘာနှင့် မြန်မာသည် မည်မျှဆက်လက်ကွာဟနေသနည်း။ မည်သို့ အမှီလိုက်ကြမည်နည်းကိုသာအဖြေရှာသင့်ပါသည်။

    မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ဆုတ်ယုတ်လာခြင်းကို ဆရာကြီးဦးရွှေအောင်က ဗုဒ္ဓဘာသာပြန့်ပွားလာခြင်းစာအုပ်တွင် သုံးသပ်ရေးသားထားပါသည်။ ရှေးမြန်မာမင်းတို့၏ အုပ်ချုပ်ပုံစနစ်သည် ဗုဒ္ဓဘာသာပေါ်တွင် အခြေပြုထား၏။ ရှေးမြန်မာတို့၏ ပညာရေးကလည်း ဘုန်းတော်ကြီးသင် ပညာရေးဖြစ်၏။ ရှေးမြန်မာတို့ ကိုးကွယ်သည်ကလည်း ဗုဒ္ဓဘာသာဖြစ်၏။ ရှေးမြန်မာများ၏(နတ်ကိုးကွယ်သည့် တိုင်းရင်သားများမပါ) လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အရေးအားလုံးသည် ဗုဒ္ဓဘာသာပေါ်တွင် အခြေခံထားသည်။

    လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် အုပ်ချုပ်ရေးကလည်း အင်္ဂလိပ်၏ အုပ်ချုပ်ရေးပုံစံသို့ ပြောင်းသွားသည်။ ပညာရေးကလည်း အနောက်တိုင်းပုံစံ စာသင်ကျောင်းများဖြစ်လာသည်။ နိုင်ငံရေးတွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်စသော ဝါဒများ ဝင်လာသည်။ ပထမကမ္ဘာစစ်ကြီးအပြီးတွင် လက်ဝဲဒါဒ ကမ္ဘာ့နေရာအတော်များများသို့ ပျံ့နှံ့ လွှမ်းမိုးခဲ့ရာ ထိုခေတ်က ကမ္ဘာ့လူငယ်များကို လက်ဝဲဒါဒက လွှမ်းမိုးခဲ့သည်။ လက်ဝဲဝါဒသည် ဘာသာရေးကို အားမပေး။ လက်ဝဲဝါဒက မည်သည့်ဘာသာရေးကိုဖြစ်စေ ပစ်ပယ်လေသည်။ မြန်မာနိုင်ငံတွင် နဂါးနီစာအုပ်အသင်းကဲ့သို့ လက်ဝဲဝါဒကို လက်ခံသည့် အသင်းပင် ပေါ်ပေါက်ခဲ့သည်။

    လက်ဝဲဝါဒက မြန်မာလူထုအပေါ်၌သာမက ကမ္ဘာတစ်ဝှမ်းက လူငယ်များအပေါ် လွှမ်းမ်ိုးခြင်းဖြစ်၏။ ခေတ်စနစ်၊ အချိန်အခါအရ အများလက်ခံခဲ့သည့် ဝါဒတစ်ရပ်ဖြစ်ခဲ့သည်။

    အထက်ပါ အကြောင်းချင်းရာများကြောင့် အရာရာတွင် ဗုဒ္ဓယဉ်ကျေးမှုပေါ် အခြေခံသည့် မြန်မာ့လူနေမှုစနစ် ပျက်ယွင်းခဲ့သည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီးနောက်ပိုင်း မဖွံ့သေးသော လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်တန်းဒေသများသို့ ခရစ်ယာန် သာသနာပြုအသင်းများ သွားရောက်သာသနာပြုခဲ့ကြသည်။

    ရှေးမြန်မာများနည်းတူ ခေတ်အမြင်နည်းသော မြန်မာဘုန်းကြီးများသည် တောင်တန်းဒေသများသို့ သာသနာပြုသွားရန် အားထုတ်မှုနည်းပါးခဲ့သည်။ ဦးဥတ္တမသာရသည် အင်္ဂလိပ်အစိုးရထံမှ ခက်ခက်ခဲခဲ ခွင့်ပြုချက်ကို ရယူပြီး ချင်းတောင်တန်းဒေသများသို့ သွားရောက်သာသနာပြုခဲ့သည့်
    မြန်မာဘုန်းတော်ကြီးဖြစ်သည်။ ဆရာတော် ဦးဥတ္တမသာရကဲ့သို ့တောင်တန်းဒေသများသို ့သွားရောက်သာသတာပြုသူ ဗုဒ္ဓဘာသာဘုန်းကြီးနည်းပါးလှပါသည်။ အလုံးအရင်းနှင့် သွားရောက်သော သာသနာပြုများက မစ်ရှင်ခေါ်ခရစ်ယာန်သာသနာပြုအဖွဲ့များသာ ဖြစ်ပါသည်။

    ထို့ကြောင့် ဦးဝီရသူ မိန့်ကြားသကဲ့သို့ အင်္ဂလိပ်ရောက်လာ၍ အလိုအလျောက် ခရစ်ယာန် ဘာသာဝင်၊ မူဆလင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်များ ဖြစ်ကုန်ခြင်းမဟုတ်ပါ။ ရှေးမြန်မာမင်းများက အစ ရဟန်းသံဃာများအဆုံး ပြည်တွင်းအမြင်သာရှိကြပြီး မြန်မာကိုကျော်လျှက် ကမ္ဘာကို မကြည့်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ မြန်မာဘုန်းကြီးများ အရောက်အပေါက်နည်းသော ဒေသများကို မစ်ရှင်က သိမ်းပိုက်ခြင်းသာဖြစ်ပါသည်။

    “ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဆရာတော်ဝီရသူကို အကြမ်းဖက်သူဟု စွပ်စွဲဖော်ပြခြင်းကို ပြည်တွင်းရှိဆရာတော်အချို့နှင့် မီဒီယာအချို့က ကန့်ကွက်ဆန့်ကျင်ခဲ့ကြသည်။ မြန်မာနိုင်ငံတော် သမ္မတရုံးကလည်း ကန့်ကွက်ခဲ့သည်။ သို့သော် ထိုသို့ကန့်ကွက်ခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခြင်းမရှိခဲ့ပေ။ ”

    “အချို့ကမူ ဆရာတော်ဦးဝီရသူ၏ အစွန်းရောက်သော ဟောပြောမှုများကြောင့် တိုင်းမ်မဂ္ဂဇင်းက အကြမ်းဖက်သူဟု ဖော်ပြခြင်းဖြစ်သည်ဟုဆိုကြသည်။ ”(Media One ၂.၇.၂၀၁၃)

    ၉၆၉ ဟုရေးထိုးလျက်လိုက်ဝေသည့်တရားခွေပါ ဦးဝီရသူ၏ တရားကား အစွန်းရောက်ခြင်းမဟုတ်ဘဲ မပြည့်စုံခြင်းသာဖြစ်ပါသည်။ ထိုတရားဟောပြောမှုတွင် ရခိုင်တွင်ကုလားများ ဝင်ချင်သလိုဝင်၊ ရခိုင်တို့ကို အနိုင်ကျင့်ချင်သလိုကျင့်နေသည်ဟု သဘောသက်ရောက်သော ဟောပြောမှုကို ဟောပြောထားသည်။

    ဘင်္ဂါလီများ တရားမဝင်ခိုးဝင်ရန် နယ်ခြားစောင့်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနကို ဖြတ်ကျော်ရသည်။ ထိုဌာနနှစ်ခုကို မဖြတ်ကျော်ဘဲ ဘင်္ဂါလီများ၊ ကုလားများ ရခိုင်ပြည်နယ်အတွင်းသို့ မရောက်နိုင်ပါ။ တရားမဝင်ခိုးဝင်လာပြီးနောက် မိသားစုတစ်စုတွင် လူဦးရေ (၈၀) ဖြစ်လာသည ်ထိတိုင် မည်သည့်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခဲ့ပါသနည်း။ နေထိုင်ခွင့်ရနေခြင်းဖြစ်ပါသနည်း။

    မောင်းတောတွင် ဘင်္ဂါလီများ ရခိုင်များ၏ နေအိ်မ်များကို မီးရှို့ရန်ပြုချိန်တွင် ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦးက တပ်ကိုပစ်မိန့်မပေးဘဲ၊ ဘင်္ဂါလီများထံမှ ဒေါ်လာထောင်ချိီလာဘ်ယူခဲ့သည်ဆိုသော သတင်းများ အင်တာနက်ပေါ်တွင် ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ နိုင်ငံနှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိခဲ့သည့် အဖွဲ့အစည်းခေါင်းဆောင်က ဘင်္ဂါလီများ မီးရှို့နေသည်ကို ပစ်မ်ိန့်မပေးခြင်းမှာ၊ အဆိုပါအရာရှိသည် သွေးမြင်လျှင် မူးတတ်သောကြောင့်ဟု ဇနီးဖြစ်သူက လိုက်လံဖြေရှင်းခဲ့ကြောင်း အင်တာနက်များပေါ်တွင် ပျံ့နှံ့ခဲ့သည်။

    ဦးဝီရသူသည် ရခိုင်ပြည်၏ လစ်ဟာနေသော အုပ်ချုပ်ရေး၊ ကာကွယ်ရေး တာဝန်ရှိသူများအပိုင်းကို ဘာတစ်ခုမျှ ထည့်သွင်းမမိန့်ကြားဘဲ ရခိုင်များ တောင့်ခံနေသော ကျေးဇူးကြောင့် ၊ ပြည်မမှ မြန်မာများ သက်သာရာရနေသည်ဟု ဆိုလိုက်ပြန်သည်။ ဘုန်းကြီးတစ်ပါးအနေဖြင့် ပြောလိုရာအကြောင်းအရာကို စိတ်ခံစားမှုကြောင့် မဟောပြောသင့်ပါ။

    မသီတာထွေး ကိစ္စက စခဲ့သည့် မြန်မာ-မူဆလင်အရေးသည် တိုင်းပြည်နှင့် လူမျိုးအရေးကို မငဲ့ဘဲ၊ မိမိတို့လက်ဝယ်ရှိပစ္စည်းဥစ္စာ၊ လုပ်ပိုင်ခွင့်တို့ မဆုံးရှုံးစေရန်၊ ကိုယ်ကျိုးကြည့် လူတစ်စု၏ အကွက်ကျကျဆင်ထားသော တိုက်ကွက်များသာဖြစ်ပါသည်။

    ပဋိပက္ခ ဖန်တီးသူတို့၏ အကွက်ထဲသို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတချို့ပါလာခြင်းက သူတို့အတွက် အောင်ပွဲဖြစ်ပါသည်။ ပြည်သူနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာဖြစ်ပါသည်။

    “သိမ်ဇရပ်မြို့နယ်၊ မြစေတီကျောင်းတိုက်ဆရာတော်က မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ မျိုးစောင့်ဥပဒေကို ပြဌာန်းနိုင်ရန်အတွက် လွှတ်တော်သို့တင်ပြသွားမည်ဖြစ်ပြီး အကယ်၍ ကန့်ကွက်သည့်လွှတ်တော်ကိုယ်စားလှယ်များ ရှိနေပါက နာမည်နှင့်လိပ်စာသိလိုကြောင်း အဆိုပါ ဥပဒေကို ဗုဒ္ဓဘာသာအများစုဖြင့် ဖွဲ့စည်းထားသော လွှတ်တော်အနေဖြင့် အတည်ပြုနိုင်မည်ဟု ထင်မြင်မိကြောင်း၊ သို့သော်ဖိအားအမျိုးမျိုးကြောင့် ကန့်ကွက်မည်ဆိုပါက ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အဆိုပါ ကိုယ်စားလှယ်ကို မဲမပေးရန်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆရာတော်ကပင် မိန့်ကြားခဲ့သည်”(The Street View-၁-၇-၂၀၁၃)

    ထိုသည်ကား နောက်ထပ်အကြမ်းဖက်စကားမိ်န့်ကြားသူ ဗုဒ္ဓဘာသာဘုန်းကြီးပေါ်ထွက်လာခြင်းဖြစ်ပါသည်။ ဗုဒ္ဓသည် ခြိမ်းခြောက်ခြင်း၊ အဓမ္မ ထောက်ခံခိုင်းခြင်းကို ဆန့်ကျင်သူဖြစ်ပါသည်။ ဗုဒ္ဓသည် လောကဓံရှစ်ပါးရှိကြောင်း ညွှန်ပြခဲ့သည်။ လောကဓံ အကောင်းလေးပါးနှင့်ကြုံသည်ဖြစ်စေ၊ အဆိုးလေးပါးနှင့်ကြုံသည်ဖြစ်စေ မတုန်လှုပ်ရန် အသင့်အတင့် နှလုံးသွင်းရန်သာ မိ်န့်ကြားခဲ့သည်။

    အကြမ်းဖက်သည်ဆိုခြင်းမှာ ကာယအား၊ လက်နက်အားဖြင့် ဖိနှိပ်ခြင်းကိုသာ ဆိုလိုသည်မဟုတ်၊ မိမိဝါဒကို ထောက်ခံရန် အကျပ်ကိုင်ခြင်းကလည်း အကြမ်းဖက်မှုသာဖြစ်ပါသည်။

    ဗုဒ္ဓသာသနာကို ဆက်ထမ်းနေကြသူ သံဃာအပေါင်း၏ ဂုဏ်ကျေးဇူးကို နားလည်ပါသည်။ ဦးညွှတ်ပါသည်၊ သို့သော် မိမိဘာသာအပေါ် မိမိမကြိုက်သော ဘာသာကလွှမ်းမိုးတော့မည်ဟူသော အကြောက်တရား၊ စိုးရိမ်စိတ်(ဒေါသ)ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ မဲကိစ္စကို သံဃာများ ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေအတည်ဖြစ်ရေးအတွက် ခြိမ်းခြောက်စရာ လက်နက်အဖြစ် အသုံးမပြုသင့်ပါ။

    Terror ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ ကြီးမားသော အကြောက်တရား၊ အကြောက်တရား ကြီးမားသည့် အချိန်ကာလဟူ၍ တိုက်ရိုက်အဓိပ္ပါယ်ရပါသည်။

    မူဆလင်ဘာသာကြောင့် ဗုဒ္ဓဘာသာပျောက်ကွယ်ရချည်ရဲ့ ဟူသော အကြောက်တရားသည် မိမိကိုယ်မိမိ မယုံကြည်မှုဖြစ်ပါသည်။ ဗုဒ္ဓဘာသာ သက်လုံခိုင်ခိုင်ဖြင့် မိမိယုံကြည်ရာ ဘာသာတရားသည် မည်သည့်ဘာသာများ၏ ဖျားယောင်းသွေးဆောင်မှုကို မဆို ကာကွယ်နိုင်သည်ဟူသော ယုံကြည်မှုမျိုးရှိနေပါက အရာရာကို ဗုဒ္ဓနည်းကျ ခေါင်းအေးအေးဖြင့် စဉ်းစားဆင်ခြင်နိုင်မည်ဖြစ်ပါသည်။

    မြန်မာ-မူဆလင် အရေးထက် နိုင်ငံကို ကိုယ်ကျိုးစီးပွားရှာ လူတစ်စုလက်မှ လွတ်မြောက်ရေးသို့ ဦးတည်ကြည့်ရှုတတ်သော မြန်မာပြည်သူများ များပြားလာရန် အထူးအရေးကြီးသည့် အချိန်ကာလဖြစ်ပါသည်။ လူမှုရေး၊ ဘာသာရေး ထောင်ချောက်မှ မြန်မာအမျိုးသားအားလုံး ကျော်လွန်လွတ်မြောက်နိုင်ကြပါစေသတည်း။

  • ရဲစည်

    July 7, 2013 at 11:39 pm

    အမှန်တော့ ဘယ်သူတွေဆီက ဘယ်လို အသံထွက်လာမလဲ ဆိုတဲ့ …. သဘောတရားတခုကို မိုနိူပိုလီ ကစားသလို အဖြေထုတ်တဲ့ သဘော … ဘာဘဲ ဖြစ်ဖြစ် Maj Win Naing Oo ကို လေးစားတယ် …. ဟိဟိ

  • kai

    July 9, 2013 at 3:40 pm

    အိနိ္ဒယက မီဒီယာတွေရဲ့.. မြန်မာလူမျိုးတွေအပေါ်ခေါ်ဝေါ်တဲ့အသုံးအနှုံးက.. Myanmarese ဆိုပြီး.. -ese နဲ့အတင်းအဆုံးသတ်ထားတာမို့.. သူတို့ အင်ဒီယန်း Indian တွေလို.. -ian နဲ့အတင်းကိုအဆုံးမသတ်ချင်စေစိတ်ပေါ်လွင်နေတယ်ခံစားမိတယ်..
    (လက်တင်အဘိဓာန်မှာ..လူမျိုးတွေအပေါ် -ese အဆုံးသတ်ဟာ.. -ian အဆုံးသတ်ထက် တဆင့်နိမ့်တဲ့မျိုးနွယ်စုကိုကိုယ်စားပြုတယ်လို့.. ဖတ်ဖူးတယ်..)
    ကုလားပြည်အနေနဲ့.. ဒီလိုအသုံးဟာ.. မြန်မာတွေကို.. (ရှေးကလို) အိန္ဒိယလက်အောက်ခံနိုင်ငံအဖြစ်ယူနေသေးသလားတော့မသိ..

    ဆိုတော့..
    နောက်ဆို.. ကျုပ်တို့လည်း.. Indian အစား.. Indiese သုံးမှနဲ့တူတယ်.. :mrgreen:
    ==

    Myanmar govt, Suu Kyi slam attack on Buddhist shrine
    TNN | Jul 9, 2013, 06.44 AM ISThttp://timesofindia.indiatimes.com/india/Myanmar-govt-Suu-Kyi-slam-attack-on-Buddhist-shrine/articleshow/20981390.cms

    NEW DELHI: The Myanmar government and Opposition leader Aung San Suu kyi expressed unhappiness about the terror attacks in Bodh Gaya which damaged the Mahabodhi shrine and injured a young Myanmarese monk on Sunday. The Bihar government has been criticized for ignoring intelligence warnings that the shrine may be under terror threat.

    The Bodh Gaya blasts will be a diplomatic embarrassment for India among countries who India courts as the repository of Buddhism’s holy sites — from Japan, China, Bhutan, Thailand to Myanmar and Sri Lanka. For all these countries, India’s position in the world of Buddhism is unique. This incident could cast a shadow on that, which would mean India would have to work doubly hard to secure religious sites that have an international presence.

    It also means India would have to play a stronger role in security in its neighbourhood, specially in the growing conflicts between Muslims and Buddhists.

    In separate meetings with foreign secretary Ranjan Mathai, who is visiting Yangon, Myanmarese leaders condemned the blasts and requested increased security. Mathai, said MEA officials, has promised that India would keep Bodh Gaya as a place for “pilgrimage and peace”. Mathai met Myanmarese foreign minister U Wunna Maung Lwin in Naw Pyi Taw, and Suu Kyi in Yangon. Suu Kyi expressed shock and hoped for greater security.

    Mathai also gave an update on the status of the Myanmarese monk, Vilsagga, who was injured. He said the monk would be taken care of by Indian authorities. India and Myanmar have agreed to step up security cooperation. Mathai also met with the commander-in-chief of the armed forces Senior General Min Aung Hlaing.

    Vilsagga (30), a Myanmarese monk, was praying near the Bodhi tree and suffered serious injuries in the blast.

    • ဦးကျောက်ခဲ

      July 9, 2013 at 3:53 pm

      ၁၉၉၅ခုနှစ် စင်ကာပူကိုစရောက်တော့ PENTA OCEAN က အလုပ်ခေါ်စာမှာ…
      Myanmese Only လို့ သုံးပြီး ကြော်ငြာတာတွေ့ဖူးတယ် သဂျီးရဲ့… :mrgreen:

    • အရီးခင်လတ်

      July 9, 2013 at 10:35 pm

      ဒါကတော့ ကိုယ်က စပြီး “ဘားမီးစ်” ထားတာ ကို သူကြီးမင်းရဲ့။

      • kai

        July 10, 2013 at 3:46 am

        အင်္ဂလိပ်တွေမြန်မာပြည်မသိမ်းခင်.. မျက်စိကျနေချိန်က.. မြန်မာတွေကို.. Burman လို့ခေါ်ခဲ့တာ..
        တိဘက်အနွယ်မို့.. တီဘက်တိုဘားမန်းင်.. (Tibeto-Burman)သူတို့လည်းသိမ်းရော.. အတင်း..သူတို့ကိုယ်တိုင်ကပဲ.. Burmese လုပ်ချသွားတာပါ…။
        သူတို့(အင်္ဂလိပ်)နဲ့ယူရင်.. (Anglo-Burman )အင်္ဂလိုဘားမန်င်းပြန်ခေါ်တယ်..။

        စိနပြည်ကိုလည်း.. ဘိန်းစစ်ပွဲနဲ့သိ်မ်းတော့.. Chinese လိုနှိမ်ခေါ်…
        နိပွန်ကိုလည်း.. မဲဂျီခေတ်မှာ အတင်းစစ်သဘောင်္နဲ့သွားပြီး နိပွန်ဂျင်ကို.. Japanese လုပ်ခဲ့ကြတာ…

        သူတို့ ဥရောပနဲ့.. အမေရိကပြည်နယ်သားတွေထဲ.. တမျိုးတနယ်သားကမှ.. -ese နဲ့အဆုံးသတ်တာမရှိ…

        အနိစ္စပါဟေ့.. အင်ဒီးစ်(Indies) များတို့ရေ..

  • kai

    July 11, 2013 at 2:35 pm

    Bloom Box – New source of energy
    LOOK OUT TNB HERE WE COME !!!!

    The bloom box is not widely known. If large orders flow in, they should bring the price to aroundRs.2 lacs – this will power a house 24 hrs a day at full requirement, fuel consumption only half, and gives green energy ! This is much cheaper than solar energy system, which has considerable recurring expenditure of replacing batteries every 4 years.
    Could this be the energy of the future ?


    http://youtube.com/watch?v=shkFDPI6kGE

  • kai

    July 14, 2013 at 1:36 pm

    ဆန်ဖရန်စစ္စကိုမှာ မြန်မာအမျိုးသမီးတယောက် ရုတ်တရက်ကွယ်လွန်တဲ့သတင်းပါ..။
    စိတ်မကောင်းဝမ်းနည်းရပါကြောင်း…နဲ့..ရပ်ဝေးရပ်နီးမိတ်ဆွေသင်္ဂဟများအား အသိပေးပါကြောင်း..

    https://www.facebook.com/khin.w.min?fref=ts
    ==
    Police: Robbery not motive in SF store killings
    AP and KTVU.com

    SAN FRANCISCO —

    A bloodied gunman suspected of killing two women and seriously wounding a man inside a jewelry store at a popular shopping center had visited the store at least once before, and investigators don’t believe that robbery was a motive for the attack, police said Saturday.

    San Francisco police identified the suspect as 23-year-old Barry White of Antioch.

    White was arrested after opening fire on officers Friday afternoon. He’s been booked on two counts of murder and seven counts of attempted murder, police said in a statement on Saturday.
    ……………..

    A gun and a knife were recovered from the scene. Police spokesman Gordon Shyy said a semi-automatic rifle was found in the back seat of White’s car.

    The women were identified by the city medical examiner’s office as Khin Min, 35, of San Francisco, and Lina Lim, 51, of Daly City, both of whom worked at the store. The man, who was the shop’s owner, was in critical condition Saturday.

    The suspect, who police believe acted alone, was taken to a local hospital with non-life-threatening injuries.

    Police said that White had conducted at least one business transaction at the store before Friday’s attack.

    The shopping center is just blocks from the Hall of Justice, which is the home of San Francisco Superior Court, a jail and police headquarters. Several tech companies, including online game maker Zynga, are also in the neighborhood.

    http://www.ktvu.com/news/news/crime-law/police-robbery-not-motive-sf-store-killings/nYp9r/

  • kai

    July 17, 2013 at 2:20 am


    Omega-3 fatty acids may raise prostate cancer risk
    CBS News-by Michelle Castillo-Jul 11, 2013
    Though many laud the health benefits omega-3 fatty acids, one study is showing that eating the fatty acids found in fish oils may increase the …
    =====
    Hold the salmon: omega-3 fatty acids linked to higher risk of cancer
    CNN-Jul 13, 2013
    (TIME.com) — What’s good for the heart may not be so healthy for other organs, says the latest study that links omega-3 fatty acids to an …

  • kai

    July 24, 2013 at 10:51 am

    Monday, July 22, 2013
    သမ္မတကြီးတကယ်ရိုးသားခဲ့ရဲ့လားဖွင့်ဟချက်

    ဆောင်းပါးတပုဒ်ဖတ်ဖူးကြမှာပါ၊သမ္မတကြီးရွှေတြိဂံလိုနေရာမှာတိုင်းမှုးဖြစ်ခဲ့တာတောင်အဂတိကင်းတယ်၊သမ္မတကြီးကတော်ကမုန့်ဟင်းခါး
    ရောင်းဖို့တောင်ကြံစည်ခဲ့သေးတယ်စသဖြင့်ရိုးဂုဏ်ဖွဲ့ဆောင်ပါးလေးပါ။ချီးကျူးအားကျသနားခဲ့ရပါသေးတယ်။အခုသမ္မတရာထူးရတော့ရော
    အရင်အတိုင်းပဲလားဆိုတာလေးတင်ပြချင်တာပါ။တကယ်တော့ဒီတင်ပြမှုဟာစစ်အာဏာရှင်နဲ့ခရိုနီအသိုင်းအဝိုင်းရဲ့မြန်မာပြည်ကြီးကိုသွေး
    စုတ်ဖုတ်ကောင်လိုဂုတ်သားလေးကိုက်စုတ်လိုက်ရမှအရသာရှိတာတွေနဲ့ယှဉ်ရင်ပြောပလောက်မယ်တော့မထင်ပါဖူး။အဖြစ်မှန်တခုအကြောင်း
    တင်ပြခြင်းသာဖြစ်သည်။

    ဒီလမ်းတဲ့တဲ့ဆင်းသွားရင် ပျဉ်းမနားမြို့ထဲရောက်တယ်။ဆန့်ကျင်ဖက် နေပြည်တော်သွားတဲ့လမ်း၊ နံမည်ကရာဇဌာနီလမ်း၊ အမြန်လမ်းမဟုတ်၊
    လမ်းဟောင်းအတိုင်းလာရင်လမ်းညာဖက်မှာ ရွှေတိဂုံပုံစံ တည်ထားတဲ့ဘုရားရှိတယ်၊ဆက်သွားရင်နေပြည်တော်မရောက်ခင်လမ်းဆုံမှာသမ္မတခြံ
    လို့ခေါ်တဲ့ဧက၅၀ဝကျယ်တဲ့သမ္မတပိုင်ခြံကြီးရှိပါတယ်၊ခွင့်ပြုချက်မရှိပဲအပြင်လူလာလို့မရပါဖူး၊ခွင့်ပြုချက်တခုကြောင့်အခုလိုတင်ပြနိုင်တာပါ။

    ပြီးခဲ့တဲ့လလောက်ကဥရောပနိင်ငံတွေသမ္မတကြီးသွားတော့မွေးမြူရေးခြံတွေလျှောက်လေ့လာတာဘာအတွက်လဲဆိုတာလဲသိသာလာမှာပါ။
    ၂၁၅မိုင် အမြန်လမ်းမှာသရက်ခြံကြီးတခုကိုလည်းသမ္မတပိုင်ပါတယ်ဧကတော်တော်များပါတယ်။အဲ့ဒီခြံကထွက်တာဆိုပြီးတရုတ်သမ္မတဆီအပြင်
    ကမျိူးကောင်းသရက်သီးတွေဝယ်ပြီးလက်ဆောင်ပို့ခဲ့ဖူးပါသေးတယ်။လူကြီးပိုင်းတော်တော်များများရဲ့ကိုယ်ပိုင်သတ်မှတ်ထားတာတွေ
    အဲ့ဒီ မိုင် တိုင် ပတ်ဝန်းကျင် မှာအပြည့်ပါပဲ။

    ဧက၅၀ဝကျယ်တဲ့သမ္မတခြံကြီးထဲမှာဘာတွေရှိလည်းဆိုတော့ဆန်စက်က၂လုံးရှိ၊စပါးစိုက်ခင်း၊သစ်ခွနဲ့နဂါးမောက်အပါအဝင်စိုက်ခင်းများ၊
    နွားဝက်ကြက်မွေးမြူရေးခြံကြီးများ၊ဆန်ဂိုထောင်များရှိပါတယ်။ သစ်ခွခြံဆိုကုန်ကျငွေသိန်း ၃၀ဝ ကျော်လောက်ရှိမယ်။

    ဆန်စက်ဆို ဒေါ်လာသန်းနဲ့ချီကုန်တာစိုက်ခင်းတွေကလည်းမနည်းမနောဘဲနဂါးမောက်တို့ နေကြာ ပုလဲသွယ်ဆိုတဲ့စပါးမျိုးတွေ
    နွားတင်းကုတ်ဆို ရွာကဟာတွေမျက်စေ့ထဲသွားမမြင် နဲ့ ဟင်ဂလန်သံချောင်းတွေ နဲ့တိုင်ထောင်ပြီး အလူမီနီယံသွပ်မိုးထားတာ၊

    ဒါက ခရမ်းသီး သခွား မွှေးသီး အသီးအနှံတွေပျိုးဖို့အ ဆောက်အဦးတွေ၊

    ဆန်စက်တလုံးကိုအသီးအနှံထားဖို့အအေးခန်းအဖြစ်စကာင်္ပူကအင်ဂျင်နီယာတွေလာဆင်ပေးနေတာပါ။

    တကယ်တော့သမ္မတလဲပိုင်ဆိုင်မှုဆိုတာရှိနိုင်ပါတယ်။ဒါပေမယ့်ဘယ်သူပေးတဲ့ဆုလာဒ်ဆိုတာတော့အားလုံးသိကြမှာပါ။
    သမ္မတလုပ်လိုက်လို့ရတဲ့ဆုလာဒ်ဆိုတာကလဲအရင်စစ်အာဏာရှင်လက်ထက်မှာမထူးခြားပေမယ့်ပိုင်ဆိုင်မှုပြရတဲ့ဒီမိုကရေစီ
    အစိုးရလက်ထက်မှာတော့ထောက်ပြစရာပါ။ဒီထက်ထူးခြားတာကရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုပြီးနာမည်
    ခံထားပေမယ့်ပြည်သူပိုင်စီမံကိန်းများသာတည်ဆောက်ရတဲ့ဆည်မြောင်းဦးစီးဌာနကလူရောငွေရောအကုန်ခံလုပ်ပေးနေတာပါပဲ။
    ဘယ်လိုစာရင်းပြမလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ဝန်ထမ်းအခေါ်တော့(BLACK)လုပ်ပေးတယ်ခေါ်တာပေါ့။
    ရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုရင်လည်းအပြင်လူငှားလုပ်သင့်ပါတယ်။အစိုးရဝန်ထမ်းတွေက
    တဦးတယောက်ပိုင်ခြံကိုဝန်ထမ်းနေတာမြင်မကောင်းပါဖူး။
    ဒီကြားထဲ ဝန်ကြီးအတွက်ကဘယ်နှစ်ဧကသမ္မတသားမက်အတွက်ကဘယ်နှစ်ဧကအဲ့လိုဝယ်ပေးရတာလည်းရှိသေးတယ်
    ပြောချင် တာက တော့မတရားတွေသုံးနေတာဒီတသက်မ ပြောနဲ့နောင်ဘဝတောင် စားမကုန်ဘူးနိုင်ငံတော်အတွက်
    သုံးတာဆိုဘယ်လောက်ကောင်းမလဲ။အဲဒါပါပဲ။

    ဒီပုံကတော့သမ္မတခြံထဲကကော်ဖီဆိုင်ပါ။အခုမှဖွင့်စဆိုတော့သောက်တဲ့သူကကျွန်တော်တယောက်ထဲပါပဲ။
    နောက်တခါသွားလည်ရင်တော့အငြိမ်းစားသမ္မတကြီးကတော်ရဲ့မုန်ဟင်းခါးလက်ရာလေးစားရကောင်းပါရဲ့ဗျာ….။

    (ရဲရင့်ငယ်)
    (၂၂-၇-၂၀၁၃)
    http://www.yeyintnge.com/2013/07/blog-post_22.html

  • kai

    July 27, 2013 at 4:42 pm

    ”တနေ့နံနက်ခင်း ကျောက်တော်မြို့ရှိ ကျနော်တို့တည်းခိုရာ ကိုထွန်းဝင်းအိမ်တွင် ထိုင်နေကြရာ ထူးဆန်းစွာ ဝတ်ဆင်ထားသော လူတစ်ယောက် ပေါက်လာလေသည်။ ထူးဆန်းစွာဟုဆိုရာ၌ ယခုခေတ်တွင် မဝတ်တော့သော အဝတ်ဟုသာ ဆိုလိုပါ၏။ ထိုသူသည် အရွယ်အားဖြင့် ၂၅နှစ်မျှလောက်သာ ရှိပေဦးမည်။ မဲပြာတောင်ရှည် ပုဆိုးနှင့် ထိုင်မသိမ်းလိုလို အင်္ကျီကို ဝတ်ဆင်ထားလေသည်။ ခေါင်းမှာလည်း ပိတ်ဖြူဖော့လုံး ပေါင်းထားလေ၏။ နှုတ်ခမ်းမွှေး ကျင်စွယ်များလည်း ရှိ၏။ ကိုထွန်းဝင်းနှင့် ထိုသူတို့ စကားပြောကြသောအခါ ရခိုင်လို ပြောကြသဖြင့် ကျနော်တို့ နားမလည်လိုက်ချေ။ ထိုသူ့အကြောင်း ကိုထွန်းဝင်းအား မေးကြည့်သောအခါ ထိုသူမှာ ဒို့ရခိုင် မွတ်ဆလင်ဖြစ်ကြောင်း သိရလေသည်။ ရခိုင်ကျေးရွာများရှိ များစွာသောသူတို့သည် ထိုသူကဲ့သို့ပင် ရှေးမြန်မာစစ်စစ် ဝတ်ဆင် ဖွဲ့ထုံးနည်းများကို မစွန့်လွှတ်ကြသေးဟု သိရပေသည်။ ခေါင်းပေါင်းဖြူဖော့လုံးနှင့် ထိုမွတ်ဆလင်ကို မြင်သောအခါ ကျနော့်မှာ ပသီဦးထုပ်ဆောင်း၍ ဒို့ဗမာမွတ်ဆလင် ဟန်ဆောင်ရန် အစီအမံကိုပင် စွန့်လွှတ်လျင် ကောင်းလေမည်လားဟု ထင်မိတော့သည်။”
    သိန်းဖေမြင့်-စစ်အတွင်းခရီးသည်

  • kai

    July 28, 2013 at 2:59 pm

    မြန်မာနိုင်ငံတွင် ယူအက်စ်ဒေါ်လာ သန်း ၃ဝ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း Knight Frank ၏ ကြွယ်ဝချမ်းသာမှု အစီရင်ခံစာတွင် ဖော်ပြ

  • kai

    July 31, 2013 at 3:26 pm

    ပို့လာလို့.. ကြော်ငြာဝင်ပေးတာပါခင်ဗျား…။
    ဆိုတော့… မြန်မာ့ဆက်သွယ်ရေးတခေတ်ဆန်းတော့မယ်ထင့်…။

    FOR IMMEDIATE RELEASE

    A Strategic Meeting for Myanmar’s Telecom and ICT Investors and Stakeholders

    1. Singapore, 30 July 2013 – The 2nd INTO MYANMAR: Telecom and IT Global Summit 2013 is set to take place at Yangon, Myanmar from 3-4 October 2013.

    2. Two new telecom licenses have just been awarded in Myanmar. The new Telecom Law is now being treated in its final stage in Parliament and is expected to be passed soon. Foreign investments in both the telecom and ICT sectors are welcome, and more new market openings are expected.

    3. Beyond the two new telco licenses awarded, more new licenses for foreign joint ventures or foreign entities are in the pipeline. Amongst the wide array of services permitted, the two new operators will be allowed to offer mobile connections, fixed line services, IT and Internet offerings. The need for upgrading internet/ICT infrastructure is urgent, and the demand for cloud computing for enterprises in all industries and in government is also urgent and huge. What are the new opportunities in the Myanmar new telecom ecosystem? What are the urgent infrastructural requirements needed to be fulfilled? What are the IT and telecom bottlenecks needed to be cleared for the fast rollout of Myanmar’s stock exchange this year?

    4. At this global Summit, Myanmar’s decision makers, corporate leaders of Myanmar’s telco, ICT, internet sectors are expected to congregate with senior management and decision makers from international telecom companies, service providers and equipment companies, broadcasting companies, satellite companies from Asia, Europe, North America , Australia and the Middle East.

    5. The Summit aims to provide a high-level strategic platform for foreign telecom operators, investors, equipment providers and technology leaders to meet with key decision-makers in Myanmar’s public and private sectors, in addition, in providing the latest updates on key changes in Myanmar’s potentially promising telecom and ICT sectors.

    6. A whole wide range of topics and issues that are related to telecom licenses, foreign investment in Myanmar’s telecom and ICT sector, new market openings, new licenses for foreign joint ventures and foreign entities, upgrading internet/ICT infrastructure, cloud computing, ISP licenses and other related infrastructural requirements will also be the highlight of this Summit.

    7. VIPs invited to the Summit include senior officials and telecom/ICT experts from: Ministry of Communications & Information Technology, Myanma Post and Telecommunication, Ministry of National Planning and Economic Development, President’s Office, Yatanarpon Teleport, Myanmar ICT Development Corporation/ Yangon ICT Park, ITU, International Finance Corporation, The World Bank Group and new foreign telco and other key ICT players in Myanmar.

    8. The Summit will be held at Inya Lake Hotel.

    Magenta Global, Singapore

    Media Contact:

    Ms Merilynn Choo

    Marketing Executive

    Tel: +65 6391 2549

    Email: merilynn@magenta-global.com.sg

    About Magenta Global, Singapore – Organizer

    Magenta Global is a premier independent business media company that provides pragmatic and relevant information to government & business executives and professionals worldwide. The organization provides the opportunity to share thought-provoking insights, exchange ideas on the latest industry trends and technological developments with thought leaders and business peers. With a strong focus in emerging economies especially in Africa, Middle East & Central Asia, Central & South America, Magenta Global works in partnership with both the public & private sectors. Website: http://www.magenta-global.com.sg

    -END-

Leave a Reply