သေရင်ပြီးပြီလား???

ムラカミJuly 3, 20131min16911

ဒီတခါတော့ ဦးခိုမ် အသူရကာယ် ဘုံကို သွားဖို့ခြေလှမ်းပြင်သည်။ ဟုတ်တယ် နတ်တွေက တိုင်ပတ်တယ်

ဒီ အသူရကယ် တွေကမှ ဇယားရှင်းဦးမယ်ထင့် ။ ဟောရောက်ပါပြီ။ အသူရကာယ်ဘုံ …အသူရကာယ်တွေထဲကမှ

ရှေးမြန်မာဘုရင်တွေကို သွားကြည့်မည်ဟု ဦးခိုင် တွေးလိုက်သည်။ ဟုတ်သည် ဒီလူတွေ ကျွတ်မှာမဟုတ်။

ဂလောက် ထီးနန်း စည်းဇိမ် တိုင်းပြည် မိဘုရား သားသမီး အာဏာ အကုန်မက်စရာတွေပေါတဲ့ဘဝ ဆိုတော့။

တွေ့ပါပြီဗျားးး နှုတ်ခမ်းမွေး တကားကားနှင့် ဘုရင်မင်းခေါင်။ မျက်နှာကတော့ သိပ်မကောင်းချေ။ အနားကပ်ပြီး

မေးကြည့်တော့မှ သူက အမှုဖြစ်နေသတဲ့ ။ ဖြစ်နေတဲ့အမှုက အာမခံမရဘူးဆိုပဲ။ ဘာအမှုတုန်းဆိုတော့

ခေါင်။ မပြောချင်ပါဘူးဗျာ။ ဟိုကောင် ရာဇာဓိရာဇ်ပေါ့။ ကျုပ်ကို ကလေးစစ်သား အသုံးပြုမှု ဆိုတဲ့ ပုဒ်မ ထွားထွားကြီးနဲ့ စွဲထားတာ။

ကလေးစစ်သားလား ဘယ်ကောင်ရှိလိမ့်မတုံး။ ကျုပ်သားတော် ဟိုကောင် မင်းရဲကျော်စွာပေါ့။ ဒင်းဟာဒင်းယားပြီး

ဝင်ပါတာ။ ခုတော့ ဒင်းက တောင်ဟားမှာ နတ်ဖြစ်လို့ ရှက်ကီထုပြီးပျော်နေပြီ ကျုပ်မှာသာ ကတောက်ခ်။။။

ခိုမ်။ ဟင်င်င်င်။

အဲ့တော့ ဘုရင်ကြီးက ဟိုမွန်ဘုရင်ကို ဘယ့်နှယ့်မှ ပြန်မလုပ်ဘူးလား။

ခေါင်။ မင်းခေါင်ပါဗျ ..သာကီသွေး ရဲပါတယ်။ ဒင်းကို တိရစာ္ဆန်ညှင်းပမ်းနှိပ်စက်မှုနဲ့ ပြန်စွဲမယ်။

ခိုမ်။ အလို… လင်းပါဦးဗျာ။

ခေါင်။ ဒင်းဆင် ငချစ်ခိုင် သိတယ်မလား ..အဲ့ဆင်ကို တသက်လုံးနှိပ်စက်ကလူပြုမူမှုနဲ့ စွဲမှာဗျ။

ဦးခိုမ် နည်းနည်းလေသွားသည်။ စိတ်ထဲ ခပ်ချဉ်ချဉ်ရှိသဖြင့်။

ခိုင်။ ကောင်းပါလေ့ဗျာ လုပ်ကြ.. ဒါနဲ့ ဟိုစာရေးဆြာမ သေရင် ခင်ဗျားကို သဘာဝပါတ်ဝန်းကျင် ညစ်နွမ်းစေမှုနဲ့

တရားလာ စွဲလိမ့်မယ်။ ခညား ဟိုဘုရင်လှူတဲ့ ဘုန်းကြီးကျောင်း မီးတင် ရှို့တယ်မလား။

ခေါင်။ အီး…..သေဘာဘီတော့။..

ထို့နောက် ဘုရင်မင်းခေါင်အား ထားခဲ့ပြီး ဦးခိုမ် တယောက် ရာဇဒိရာဇ် ရှိသည့်နေရာကိုစုံစမ်းပြီး သွားရောက်တွေ့ဆုံသည်။

ရာ။ ဩ လောကဓါတ်ဆြာကြီးကိုး ကြွပါဦးဗျ။

ခိုင်။ ဘာပြောစရာရှိလို့တုန်းဗျ။

ရာ။ ဂလိုဗျာ တိုင်ပင်ချင်လို့ရယ်။ ဟိုကောင် မင်းခေါင်ကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားစွဲချင်လို့ဗျ။

ခိုင်။ ဂျာ… ဘယ်လိုရယ်။

ရာ။ ဟုတ်တယ်လေ ကျုပ်သားမက်တော် ဥပါကောင်း ကို ဖမ်းဆီးထားရာကနေ ဟိုတရုတ်ကောင်နဲ့ အသတ်ခိုင်းတဲ့ကိစ္စ။ အဲ့ဒါ ဘာနဲ့ငြိသလဲဗျ။

ခိုင်။ အဲ . .အဲ .. အဲ့ဒါ မတရား ညှင်းပမ်းခိုင်းစေမှု ဖြစ်မလားပဲ။ ဒါနဲ့ သူရောဗျ .. မတွေ့ပါလား။

ရာ။ အစကတော့ ကျုပ်နဲ့ တူတူနေတာဗျ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းပြတ်သရဲကိုက် သေတဲ့ကောင်ဆိုတော့ လည်းဗျာ ..အကုသိုလ်နည်းတယ်ထင်ပါရဲ့

ကျွတ်လွတ်သွားပြီဗျ။

ဦးခိုင် နည်းနည်းတင်းသွားပြီ။

ခိုင်။ ခညာ့ ခေါင်းပြတ်သယဲ ခေါ်ခဲ့ဇမ်းဘာ အမေဒစ်ကင်န်စစ်တပ် ပြစားချင်လို့။ ဘယ့်နှယ့်ဗျာ..သူ့ဟာသူ သံခြစ်မိ

သူ့ကိုယ်သူ သူရဲကောင်းဆိုပီး ပေါ့ပေါ့ဆဆနေ အနာရင်းပြီး မေးခိုင်ပိုးဝင်ပြီးသေတာ ..ဂလောက် ဘိဇပ်ပင်ပေါတဲ့အရပ်မယ် ..

နည်းတောင်နည်းသေး မသနားဘူး။

ထိုသို့ ဘုတောပြီး ထွက်လာခဲ့လေသည်။

 

အလို ဟိုရှေ့က ပြောင်ပြောင်ယောင်ယောင်က ဘယ်သူပါလိမ့်။

အို …. ဟို လူလည်ဘုရင် အနော်ရထာပဲ။ သူလည်းသုံသုံမှုန်မှုန်နှင့်။

ထာ။ ကျုပ်က ၄မှုတောင် ဗျ။ တမှုမှ မချောင်ဘူး။

ခိုင်။ အလို … လင်းစမ်းပါဦးဗျာ။

ထာ။ မနူဟာ က စွဲတာက ကျူးကျော်စစ်ပြုလို့တဲ့ ..အဲ့ဒါက စစ်ခုံရုံးမှာ ဆိုင်ရမှာ။

ခိုင်။ အေးလေဗျာ ..ဟုတ်လည်းဟုတ်တာကိုး။

ထာ။ အရည်းတွေက စွဲတာက သူရို့ သာသနာကို အရိုအသေတန်အောင်ပြုမှု ညစ်နွမ်းစေမှုတဲ့ ။

ကျုပ်လည်း ရှင်းပါသေးတယ်ဗျာ။ this is about love, not about religion ဆိုပြီး …ကျုပ်ကို ..ကျုပ်ကို လက်သီးနဲ့တောင်ထိုးသဗျ။

အဲ့ဒါ သာသနာရေးအူးဇီး ဆိုလား အဲ့မှာ ရှင်းရမှာ ။

ခိုင်။ ယားတာကိုး နည်းတောင်နည်းသေး.. အဲ့လေ မဟုတ်ပါဘူး ဖြစ်ရမယ်ဗျာ။

ထာ။ နောက်တမှုက လိမ်လည်မှုတဲ့ …ဗျ.. ဒါက ပြည်သူတွေကစွဲတာ။

ကျုပ်အဖေက စလို့ပေါ့ဗျာ လူရှိန်အောင် လှံထွားထွားတချောင်း လုပ်ကိုင်ပီး သိကြားမင်းဆက်တာပါ ဘာညာ ဖိန့်မိပါတယ်။

အဘိုးအဘေး တွေအကြောင်းကိုလည်း ကြားဖူးနားဝ စိနပုံပြင်လေးတွေ ကျုပ်ကြက်လိပီး ပြောမိပါတယ်။ ကျုပ်ကို သမိုင်းလိမ်သူကြီးတဲ့။

ခိုင်။ အေးလေ ခညားဟာက ဟုတ်လည်းဟုတ်နေတာကိုး ။ ခံပေါ့။

ထာ။ နောက်ဆုံးတမှုကတော့ ကျုပ်အရှက်ဆုံးပဲဗျာ။ ရှက်လည်းရှက်ပါတယ် ရှက်လည်းရှက်တော့ပါဘူးလေ။ ကျုပ်ကို

ထီးလှိုင် ရွာသူကြီးက စွဲတာ ..မယားခိုးမှုတဲ့ခည။ တော်ပါပြီဗျာ ရှေ့နေဆီသွားဦးမယ် ခင်ညားကို ဒါတွေ ပြောပြနေလို့

အကျိုးမထူးပါဘူး

ဟုဆိုကာ ဘောက်ဇတ်ဘောက်ဇတ် နှင့် ထ-ထွက်သွားလေ၏။

ဂလိုနှင့် ဦးခိုင် ဆက်လျှောက်လာသည်။

ဒီတခါတွေ့သည်က မင်းတုန်းမင်းကြီး ဖြစ်သည်။ သူကတော့ မိန်းမမှုပဲ ဖြစ်မှာပါ ဆိုတာ ဦးခိုင် အတတ်သိသည်။

ဟုတ်၏။ အမျိုးသမီးရေးရာ နှင့် ရှင်းရမည်ဖြစ်သည်။ အဲ့.. ရှေ့မှာ ထောင်လိုလို ဘာလိုလိုဟာတွေ့တော့ ဦးခိုင်စနည်းနာကြည့်မိသည်။

ဘာတဲ့ … ဘောလယ် အကျဉ်းထောင် တဲ့ ။ ကနောင် ကိုယ်တော်ကြီး ကို တိုက်ပိတ်ထားသည် ဆိုပဲ။ အူးခိုင် ပိုလို့ညစ်သွားသည်။

ရှေ့ဆက်လျောက်တော့ တရားရုံးလို အဆောက်အဦမှ အလောင်းဘုရားတို့ ညီအစ်ကို သားအဖတွေ ရခိုင်ဘုရင် ရှမ်းဘုရင် ထိုင်းဘုရင်တွေနှင့်

ပေစောင်းစောင်း ထွက်လာလေသည်။

ဝှူး းးး ဒီလောကက ပိုရှုပ်နေပါပကောလား။လောကကြီးမှာ လောလောပြီးသာ ကလိုက်ချင်ပါရဲ့ ရွာသူရွာသားအပေါင်းတို့ရယ်။

 

 

 

11 comments

  • โทรศัพท์มือถือ

    July 3, 2013 at 2:22 pm

    ကိုကျက်ဥူလှည့် ရေးတဲ့ပို့စ်ကို ဒီတစ်ခါတော့ နည်းနည်းနားလည်သလိုပဲ….
    တစ်ယောက်နဲ့တစ်ယောက် စဂါးပြောတဲ့ပုံစံရေးတာ….
    အရင်တစ်ခါကတော့ နားလည်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ဒီပို့စ်လေးကိုဖတ်လိုက်မှပဲ သမိုင်းကြောင်းကို နည်းနည်းသိလာသလို………….

  • kai

    July 3, 2013 at 3:03 pm

    ပြောလို့သာပြောသာ…
    ငရဲပြည်က.. မီးဆိုတာ.. ဟိုလိုပူ…ဒီလိုပူ.. အပူတကာ့ထိပ်ခေါင်ဆိုတာပဲ..

    ဒီခေတ်က အင်နာဂျီငတ်နေကြတာ…
    ငရဲမီးသာရောင်းစားလိုက်လို့ကတော့.. ရေနံရောင်း..ယူရေနီယံရောင်းသူတွေ..သနားတယ်ပဲ..
    အနည်းဆုံးတော့.. အာကာသခရီးသွားရာမှာ.. အေးဆေးဖြစ်သွားလိ်မ့်မယ်..

    ဆိုတော့…
    သွားမယ့်သွား.. ငရဲပြည်သွားချင်…

    အာဟိ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 3, 2013 at 3:28 pm

    ကျိရဒါ ကနောင်မင်းသားကြီးလည်း ဟိုသတ်သတ်လွတ်စားတဲ့ဘုန်းကြီးကို
    တရားဆွဲလောက်မယ်ထင်တယ်
    ဒင်းစိတ်ကောက်လို့ ငါ့ရေမြုပ်ဘုံးအလုပ်မဖြစ်တာဆိုပြီး

  • TNA

    July 3, 2013 at 4:58 pm

    this is about love, not about religion အဲဒါလေး အဲဒါလေးအကြိုက်ဆုံးပဲ။ သရော်စာထဲမှာ ခေတ်အမှီဆုံး လိတ်တက်။

  • အလင်း ဆက်

    July 3, 2013 at 5:46 pm

    ရလဲ့
    စကားလုံးတွေက တယ်လည်း ခမ်းနားတောက်ပြောင်သကိုးးး

    လောက ကြီးမှာ လော လော ပြီးသာ က လိုက်ချင်တယ် တဲ့

    ချယ်ဘဲ ။

    • အရှေ့ အာရှမှ အသည်းမမာဆုံး ယောက်ျားတယောက်

      July 4, 2013 at 8:35 am

      အုန်းကျုံး မဟုတ်ပါဘူးဗျာ …
      ကိုကျော်ကွန့်နဲ့ မလှထုံ ခင်ဗျားကို တင်းသတဲ့ဗျ..

      ခင်တဲ့
      ဂီ

  • အရီးခင်လတ်

    July 3, 2013 at 6:43 pm

    တစ်ခန်းရပ်ပြဇာတ် လိုပေါ့။
    တစ်ပိုင်းတော့ပြီးပြီ။

    ကျန်တဲ့ အပိုင်းတွေ ကတော့
    ဘုရားသခင်အလိုတော်ဘဲလား?
    ကံ ကံ ၏ အကျိုးဘဲလား?
    ဒါမှမဟုတ်
    ဘာမှကိုမှ ဆက်စရာမလိုတော့တာလား?

    ဘာကိုဘဲ ယုံယုံ ဘဝ ရဲ့ အဆုံးသတ်မှာ တော့ အားလုံး ဘယ်သူမှ လက်တွေ့မသိနိုင်တဲ့ ပုံသေနည်း တစ်ခု ထဲ ကို ဝင်ကြရမှာဘဲ။
    အဲဒါကို သူမှန် ငါမှန် ငြင်းနေရတာ ရီဖို့ တောင်ကောင်းသေးတော့။

    (မှတ်ချက် – အတွင်းစာများ မဖတ်နိုင်သေး၍ ခေါင်းစဉ် ကိုဘဲ ဖတ်ကာ မန့်ပါသည်။ ဘာတွေ ရေးထားလဲ မသိ။ )
    😆

    • ကြက်အူလှည့်

      July 3, 2013 at 8:42 pm

      ခေါင်းစဉ်ဖတ်ပီးမန့်သဒဲ့တော်.
      ချဉ်ထှာ

  • kyeemite

    July 4, 2013 at 9:55 am

    ကိုရင်စကူဒလိုင်ဘာရေ… ဦးခိုမ်က သွားမယ့်သွား.. ငရဲပြည်သွားချင်သတဲ့..
    ပို့လိုက်ပါအုံး..နောက်တစ်ခေါက်.. 😆

  • amatmin

    July 4, 2013 at 11:37 am

    အရည်းတွေအကြောင်းလေး ဖတ်ရတာ မိုက်သဗျာ…
    ဒါနဲ့..ယိုးဒယားတွေကို အဝှာလှန်ပြလိုက်တဲ့
    ဘုရင် ရော ပါဘူးလား ဟင်င် 😛

  • ဦး ကျောက်ခဲ

    July 4, 2013 at 11:48 am

    သဂျီးဦးခိုမ်က ဘာမှုနဲ့ အသူရကာယ်ဘုံကိုရောက်တာလည်းဗျ…
    မဟုတ်မှလွဲရော နွားကင်စားတဲ့အမှုထင်ရဲ့… :mrgreen:

Leave a Reply