အတိတ်တွေက…မှုန်ဝါးပေမယ့်…

aungJuly 30, 20101min522

အတိတ်တွေက…မှုန်ဝါးပေမယ်……..ငါတို ့နှစ်ဦးဇာတ်လမ်းမှာ…တစ်ချို ့နေရာ  ကအကောင်းအတိုင်းရှိနေဆဲပါပဲ………………..…..         ခေါင်းရင်းလဘက်ရည်ဆိုင်ကပြန် ့လွင့်လာတဲ့လေးဖြူရဲ့ စာမျက်နှာ၁၅ ဆိုတဲ့သီချင်းကိုကွန်ပြူတာရှေ ့မှာထိုင်နေရင်းလိုက်ညည်းနေမိတယ်……         ဒီနေ ့တစ်နေ ့လုံးအပြင်မထွက်ပဲ အိမ်တွင်းအောင်းနေမိတယ်….. သင်္ဘောသားတွေရဲ့ထုံးစံအတိုင်းပြန်လာတာကြာပြီဆိုတော့လဲ…ရေခန်းလာပြီဆိုပါတော့…….. လက်မှတ်တခုကလည်းမရသေးတော့သင်္ဘောကလည်းပြန်တက်မရသေး……ဟင်း……………. ဒီလိုဘေးကြပ်နံကြပ်အခြေအနေမျိုးမှာစိတ်ညစ်ညစ်နဲ ့အခန်းအောင်းနေတာပဲကောင်းမယ်ထင်မိတယ်……. ည၉နာရီလောက်ကျတော့အိမ်ရှေ့ကတံခါးခေါက်တာနဲ ့ ဖွင့်ကြည့်လိုက်တော ့ခေါင်းရင်း   လဘက်ရည်ဆိုင်က ကောင်လေး…….“ရော့အကို…ဒီကားအရမ်းကောင်းတယ်…အကိုကြည့်ဖို ့”……..                                              ကျွန်တော့်လက်ထဲအခွေထိုးထည့်ပြီးပြောတာနဲ့ကျွန်တော်လည်းအခွေကိုကြည့်လိုက်တော့ မြန်မာကားနံမည်က“စာမျက်နှာ၁၅”တဲ့…….“ဪ….ခုနလေးဖြူသီချင်းသံကဒီအခွေထဲကကိုး….”     “ဟုတ်တယ်အကို…မနက်ကျမှညီလာယူမယ်….”      ပြောပြောဆိုဆိုနဲ ့ကောင်လေး ပြန်သွားတော့ကျွန်တော်လည်းတံခါးပြန်ပိတ်ပြီး ……………….. အမှန်အတိုင်းဝန်ခံရရင်ကျွန်တော်မြန်မာကားမကြည့်ဖြစ်တာကြာပြီ……ပေါ့ပျက်ပျက်နဲ ့ခံစားလို ့သိတ်မရတာနဲ့ပဲ  ဆိုပါတော့…….     ကျွန်တော်အခွေကာဗာကိုပြန်ုကြည့်မိတယ်။ဒါရိုက်တာက“ဝိုင်း”။မင်းသားတွေကနေတိုး၊မင်းသွေး၊လင်းလက်ဟိန်းတဲ့  ။မင်းသမီးတွေကတော့စိုးပြည့်သဇင်နဲ ့ရီရီပွင့်ဖြူ။         အင်း……အပျင်းပြေနဲနဲတော့မြည်းကြည့်လိုက်ဦးမယ်ဆိုပြီးဖွင့်လိုက်မိတယ်။………….. ဇာတ်လမ်းလေးကမင်းသွေးနဲ ့လင်းလက်ဟိန်းကစိတ်ကူးရည်မှန်းချက်တွေနဲ ့လူငယ်တွေ။သူတို ့ကို မိဘတွေကနားမလည်ပေးတဲ့အတွက်အိမ်ကဆင်းပြီးရန်ကုန်ကိုထွက်လာတယ်။နေတိုးကတော့စိုးပြည့်သဇင်   နဲ ့ ငယ်သူငယ်ချင်းတွေ။ဒါ့အပြင်လူကြီးတွေကကြီးလာရင်ပေးစားဖို့ကတိတွေထားခဲ့ကြသူတွေပေါ့…..     နေတိုးမိခင်ကြီးကစီးပွားပျက်ပြီးဆုံးပါးသွားချိန်မှာစိုးပြည့်သဇင်ရဲ့အဖေဟာဆင်းရဲမွဲတေနေတဲ့နေတိုး   ကိုသူ ့သမီးနဲ ့ပေးစားမယ့်ကတိကိုဖျက်ခဲ့တယ်။နေတိုးရန်ကုန်လိုက်လာချိန်မှာဒါတွေသိသွားပြီး……..     ဒီလိုနဲ ့နေတိုးဟာမင်းသွေးနဲ ့လင်းလက်ဟိန်းတို ့နေတဲ့ဆီကိုရောက်သွားပြီး သူ ချမ်းသာတော့မှ စိုးပြည့်သဇင် ဆီကိုသွားဖို ့ှဆုံးဖြတ်လိုက်တယ်။အဲဒီအချိန်မှာ မင်းသွေးနဲ ့လင်းလက်ဟိန်းတို ့နှစ်ယောက်က လည်းတော်တော်လေးဒုက္ခရောက်နေကြတယ်။……..     အဲဒီမှာနေတိုးကသူဖြစ်ချင်တဲ့ဆန္ဒကိုထိန်းချုပ်ပြီးသူ ့သူငယ်ချင်းတွေရဲ့ဘဝတွေကိုုပခုံးထမ်းမြှင့်တင်ပေး ခဲ့တယ်။ လင်းလက်ဟိန်းနဲ ့ရီရီပွင့်ဖြူတို ့ကသင်တန်းမှာတွေ ့ပြီးချစ်သူတွေဖြစ်သွားတဲ့အခါရီရီပွင့်ဖြူရဲ့ သူငယ်ချင်းစိုးပြည့်သဇင်နဲ ့နေတိုးတို ့ပြန်တွေ ့ကြပေမယ့်တစ်ယောက်ကိုတစ်ယောက်မမှတ်မိကြဘူး……….     နေတိုးကစိုးပြည့်သဇင်ကိုသုူ ့မှာငယ်ချစ်ရှိကြောင်းပြောပြတယ်။ငယ်ချစ်ကလွဲပြီးသူ ့ဘဝမှာဘယ်သူ ကိုမှမချစ်နိုင်ကြောင်းပြောလိုက်တဲ့အခါ။….စိုးပြည့်တစ်ယောက်ကြေကွဲပြီးတော့အိမ်ကသဘောတူထားတဲ့သူ ကိုလက်ခံလိုက်တော့တယ်။     လင်းလက်နဲ ့မင်းသွေးတို ့အောင်မြင်ကြီးပွားပြီးနိုင်ငံခြားကပြန်လာတဲ့နေ ့မှာသူတို ့ကိုမအောင်မြင်ခင် ကပြစ်ထားခဲ့တဲ့မိဘတွေကလိုက်လာပြီးသူတို ့ကြောင့်ပဲအောင်မြင်သွားသလိုနာမည်ကောင်းယူဖို ့ကြိုးစားကြ တယ်။…..အဲဒီမှာမင်းသွေးနဲ ့လင်းလက်တို ့ပေါင်းပြီးသူတို ့သူငယ်ချင်းကိုဂုဏ်ပြုဖို ့SHOW ပွဲတစ်ခုဖန်တီးကြ တယ်။တစ်နိုင်ငံလုံးကို MRTV 4 ကနေလွင့်တဲ့အစီအစဉ်ကနေ နေတိုးရဲ့အဖြစ်အပျက်တွေကိုကြေငြာလိုက် တယ်။အဲဒီမှာမှစိုးပြည့်တစ်ယောက်နေတိုးချစ်နေတဲ့ငယ်ချစ်ဆိုတာသူဖြစ်မှန်းသိသွားပြီး …………… ကောင်းတယ်ဗျာ….တကယ်ပါ။HEART ထိသွားတယ်……. ဇာတ်လမ်းအပြီးအထိထိုင်ရာကမထချင်အောင်ဆွဲဆောင်ခေါ်ယူသွားတယ်……………. ကျွန်တော်ကြိုက်တဲ့ဇာတ်ကွက်တချို ့ကိုပြောပြရရင်….    လင်းလက်ကဘွဲ ့ရပြီးနိုင်ငံခြားသွားဖို ့သင်တန်းတစ်ခုတက်ချင်ကြောင်းပြောတဲ့အခါမအေဖြစ်တဲ့ခင်မို့မို့အေး က “ဘွဲ ့လည်းရပြီးပြီအိမ်ကိုလည်းနဲနဲပါးပါးကူဦး။ဟိုမှာရတန်းတောင်မအောင်တဲ့ကောင်ကဒိုင်ကြီးဆီကလက် ခွဲယူပြီးရောင်းနေတာရွှေတွဲလဲငွေတွဲလဲနဲ ့။နင်မှာတော့သင်တန်တွေပေါင်းစုံတက်ပြီးမိဘပိုက်ဆံဖြုန်းဖို့ပဲသိ တယ်။”…..     “ဟာအမေကလည်းကျွန်တော်အဲဒီလိုဥပဒေနဲ ့မလွတ်ကင်းတဲ့အလုပ်တွေမလုပ်ချင်ပါဘူး။ကျွန်တော်က ဘဝကိုပညာနဲ ့ပဲတည်ဆောက်ချင်တာ”…….     အဲဒီမှာဆိုရင်အခုခောတ်လူငယ်တွေကြုံတွေ ့ရင်ဆိုင်နေရတဲ့ပြသနာကိုမီးမောင်းထိုးပြထားပါတယ်။      နောက်တစ်ခုကတော့ မင်းသွေးနဲ ့လင်းလက်တို ့ပူးပေါင်းပြီး SHOW ပွဲလုပ်ကြတဲ့အခန်းဖြစ်ပါတယ်။အဲးဒီမှာ မြုတ်ကွက်တစ်ခုလုပ်ထားပုံလေးကလည်းပရိတ်သတ်ကိုစိတ်လှုပ်ရှားစေပါတယ်…… နောက်ပြီးအဖေနဲ ့အမေကိုစင်ပေါ်ခေါ်တင် ..ကန်တော့ပြီးမှပညာပေးပုံလေးကလည်းအရမ်းလှပါတယ်…      နောက်တစ်ခုကတော့ စိုပြည့်ကနေတိုးဟာသူ ့ငယ်ချစ်မှန်းသိသွားပြီးမင်္ဂလာဆောင်ခါနီးထွက်ပြေးတဲ့ အခန်းမှာသတိုးသားလောင်းကနားလည်ခွင့်လွှတ်ပေးနိုင်ပုံလေးကိုသဘောကျမိပါတယ်။ရုတ်တရက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုကိုလူငယ်တွေဆုံးဖြတ်နိုင်လာအောင်တွန်းအားပေးရာရောက်ပါတယ်……..  ဘာပဲပြောပြောဒီဇာတ်ကားလေးကရသရောပညာပါပေးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ ကြည့်ဖြစ်အောင်ငှားကြည့်လိုက်နော်။ကျွန်တော်ကြော်ငြာခမရပဲကြော်ငြာပေးနေတာတကယ်ကောင်းလိုပါ။ကြည့်ပြီးရင်သိပါလိမ့်မယ်……….. လက်ဆောင်အနေနဲ ့လေးဖြူရဲ့သီချင်းလေးထည့်ပေးလိုက်ပါတယ်။  အတိတ်တွေကမှုန်ဝါးပေမယ့်ငါတို ့နှစ်ဦးဇာတ်လမ်းမှာတစ်ချို ့နေရာကအကောင်းအတိုင်း ရှိနေဆဲပါပဲဟိုတစ်ကွက်ဒီတကွက်ပိတ်ကားထက်အရင်လိုကြည့်မကောင်းပေမယ့်မြင်ရတယ်…  အဓိပ္ပါယ်မရှိတာသိပေမယ့်တခါတလေတိုက်ဆိုင်မှုတွေရှိလာတော့လဲ အမှတ်တမဲ့မင်းကိုလွမ်း ပါတယ်အပေါ်ယံရှပ်ထိသောဒါဏ်ရာမဟုတ်တော့လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်………………  တွေ ့ရင်မှတ်မိဦးမယ်ထင်ပါတယ်…နှစ်တွေလတွေကအတော်ကြာပြီပဲ……… ဘယ်ဆီကိုမင်းရောက်နေလဲ..ဘာတွေကိုမင်းလုပ်နေမလဲ…ဘယ်သူနဲ့မင်းရှိနေမလဲ……………တွေးမိပါတယ် လွမ်းမောရင်းနဲ့စဉ်းစားရင်းနဲ့ငါသတိရပါတယ်…….

2 comments

  • winne

    July 30, 2010 at 10:18 am

    စာရေးသူက တော်တော် မျက်စိမှုန်တယ်ထင်တယ် ဘာတွေရေးထားမှန်းမသိဘဲ မျက်စိရှုပ်တာဘဲ သိလိုက်တယ်

  • khinmintatthu

    August 3, 2010 at 2:20 pm

    ဟုတ်မယ်ဗျို့… winne အဆိုကိုထောက်ခံပါတယ်… စာရေးသူက မျက်မှန်ကြီးနဲ့တူတယ်နော်…. မေးကြည့်ပါဦး

Leave a Reply