ကျနော်မွေးနေ့မှာ မိတ်ဆွေတွေကို ပင်လယ်စာ လတ်လတ်ဆတ်ဆတ်ကျွေးပါမယ်

ကျနော့်ရဲ့မွေးနေ့ရက်မှာ မိတ်ဆွေများကို လတ်ဆတ်တဲ့ပင်လယ်စာတွေ ကျွေးချင်ပါတယ်။

ဒီနေရာမှာကျွေးချင်ပေမယ့် ပုံတင်တာ ဘယ်လို့မှ မရတာကြောင့်

အခြားနေရာကိုခေါ်ပြီးကျွေးရတာကိုတော့ ခွင့်လွတ်စေလိုပါကြောင်း။

https://www.facebook.com/media/set/?set=a.586576651373308.1073742033.100000629354342&type=1

 

မွေးနေ့ဆုတောင်းပိုစ်ရေးပေးပါသောအလင်းဆက်

ဖုန်းဆက်၍ မွေးနေ့ဆုတောင်းပေးကြသော

မတ်စိပို့၍ဆုတောင်းပေးကြသော

ဖွဘုတ်ပေါ်တွင်ဆုတောင်းပေးကြသော

မန်းဂေဇက်ပိုစ်တွင်ဆုတောင်းပေးကြသော

နှင့်တကွမွေးနေ့မှန် မသိ၍ ဆုတောင်းမပေးလိုက်ရသော မိတ်ဟောင်းမိတ်သစ် အားလုံးကို

တူညီမျှစွာ ခင်မင်လေးစားပါကြောင်း မေတ္တာတုန့်ပြန်အပ်ပါသည်။

အားလုံး မာကလာ ပါ။

အားလု့းကျေးကျေးပါ။

 

 

16 comments

  • ko pauk mandalay

    July 3, 2013 at 7:05 pm

    ရွာထဲမှာ ပုံတင်တာ လုံးဝမရလို့ ဖွဘုတ်က လင့်ဘဲပေးလိုက်ရတာ ခွင့်လွှတ်စေလိုပါတယ်။

  • koyinmaung

    July 3, 2013 at 7:19 pm

    မွေးနေ့ရှင် ဆရာပေါက် ကျမ်းမာ ချမ်းသာ
    ပျော်ရွှင်စွာ မိသားစုနှင့်အတူ မွေးနေ့ပေါင်းများစွာ
    ဖြတ်သန်းနိုင်ပါစေဗျာ…….

  • padonmar

    July 3, 2013 at 8:11 pm

    ကိုပေါက်ကြီး
    ကျန်းမာအသက်ရှည်ပါစေ။
    ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ။

  • အလင်း ဆက်

    July 3, 2013 at 8:40 pm

    လေးပေါက်ရေ….
    မြန်မာပြည်မှ အလှတရား / အရှိတရားများကို….
    ဆက်လက် ဖန်တီးပြသ နိုင်ပါစေ……
    ကျန်းမာ ချမ်းပါစေကြောင်းးး….ပါဗျ ။

    (ကျွန်တော်လည်း.. ပုံတွေ တင်မရ ။ ဘာဖြစ်လို ့ပါလိမ့် ။ မနေ ့ကလည်းတင်တယ် မရ ။
    ဒီနေ ့ တင်ကြည့်တော့လည်း.မရ ။ )

  • ko pauk mandalay

    July 3, 2013 at 9:57 pm

    ကျန်နေခဲ့လို့ဗျာ။
    ဖွဘုတ်မှာ ပိုစ်တင်ပြီးဆုတောင်းပေးသော ခွိေွိ ကိုလည်း ကျေးဇူးတင်ပါကြောင်း။
    အထူး အထူး လူချင်းတွေ့မှ မူးနေအောင်တိုက်မယ်။
    (ဒူးဖြင့်မဟုတ်ပါ)

  • မွေးနေ့ရှင်ဂျီး ကျွေးဒဲ့ ပင်လယ်စာဂို
    ဒီမှာ မဂလုရဒေါ့ …
    ဟိုမှာ ဂလု တွားဒယ် ….

    ဂလု ဂလု ပလပ် ပလပ် … :mrgreen:

  • Ma Ma

    July 4, 2013 at 6:56 am

    ကိုပေါက်ရေ-
    ဒီအသက်အရွယ်ထိ ကိုယ်သွားချင်ရာသွား၊ လုပ်ချင်ရာ လုပ်နိုင်နေတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူး။
    ငွေရေးကြေးရေး အဆင်ပြေမှ။
    ငွေရေးကြေးရေး အဆင်ပြေတောင် အချိန်ရအုံးမှ။
    ငွေရော အချိန်ရော အဆင်ပြေတောင် ကျန်းမာရေးကောင်းအုံးမှ။
    အားကျပါတယ် ဗျို့။
    နောင်နှစ်ပေါင်းများစွာထိ အခုလိုပဲ စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။ 🙂

    • ko pauk mandalay

      July 4, 2013 at 8:55 am

      ဟုတ်ပါ့ မမရေ
      ကျနော်လဲ 1993ကနေ2003ခုလောက်ထိ ခရီးသွားခွင့်မရတဲ့ဘဝမှာ
      ချောင်ပိတ်မိဘူးပါတယ်။
      အခုတော့ ကံကောင်းထောက်မစွာနဲ့ လမ်းသလားခွင့်ရနေတာ။
      လမ်းသလားခွင့်ရတဲ့အချိန်မှ ကင်မရာကိုင်ဖြစ်တာ။
      အဲတော့ လက်ဆော့ မိတာပေါ့။
      ကျန်းမာရေးကောင်းအောင် တော့ သတိထားနေပါတယ်။
      ဒါမှ……………………………………………………..

  • surmi

    July 4, 2013 at 8:53 am

    ကိုကြီး​ပေါက်​​ရေ
    ကျန်​းကျန်​းမာမာ ချမ်​းချမ်​းသားသားနဲ့ အသက်​ရှည်​​ကြောင်​းဆု​တောင်​း​ပေးရင်​း
    ဆန္ဒနဲ့ ဘဝတစ်​ထပ်​တည်​း ရပါ​စေလို့ ….

    ဝင်​မရလို့ ​နောက်​ကျ​နေတာခွင်​့လွှတ်​ပါ အစ်​ကို​ရေ

  • ko pauk mandalay

    July 4, 2013 at 8:57 am

    အားလုံး ကျနော်ကိုသတိတရ ရှိကြတဲ့အတွက် ကျေးဇူးတင်ပါ၏
    ဝမ်းလဲသာပါ၏။

  • kyeemite

    July 4, 2013 at 8:58 am

    ကိုပေါက်ရေ..ဟိုမှာတောင်းထားတဲ့ဆုပဲပြန်တောင်းမယ်..
    ကိုပေါက်ရဲ့ မင်္ဂလာရှိသောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ဝါသနာပါရာအလုပ်ကို စဉ်ဆက်မပြတ်လုပ်နိုင်ပါစေသဒီး.. 🙂

  • kyaw hteik

    July 4, 2013 at 11:17 pm

    ​လေး​ပေါက်​ စိတ်​ချမ်​းသာလို့ ကိုယ်​ကျမ်​းမာပြီး ချစ်​တဲ့သူ​တွေနဲ့ ဘဝသက်​ဆုံး ​လျောက်​လှမ်​း
    နိုင်​ပါ​စေလို့ဆန္ဒပြုပါတယ်​ ခင်​ဗျာ။

  • Foreign Resident

    July 5, 2013 at 6:08 am

    Ko Pauk, Happy Birthday !!!

  • ဦးကြောင်ကြီး

    July 6, 2013 at 10:32 am

    ဦးပေါက်မွေးနေ့
    ထူးမြောက်တေးချွေ့
    ခူးသောက်ကျွေးစေ့
    ဖူးမောက်ကြေးပွေ့…

Leave a Reply